အမြတ်နိုးဆုံးဝမ်

By MaNganLay

53.9K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 30

1.1K 110 6
By MaNganLay

Part 30

ရိပေါ်နိုးနိုးချင်း ရှင်းလေးအခန်းထဲသို့ပြေးကြည့်မိသည်။

" ရှင်းလေး! "

ရှင်းလေးကိုမတွေ့တာကြောင့် စိတ်ပူစွာ
အိမ်အောက်ထပ်သို့ ပြေးဆင်းလာမိသည်။

" သခင်လေး..သခင်ငယ်လေးတို့က
ထမင်းစားခန်းထဲမှာပါ "

ဝမ်ချက်ခြင်း ထမင်းစားခန်းထဲပြေးဝင်လာလိုက်သည်။

" အိပ်ပုတ်လေး နိုးပြီလား "

ကိုကိုကရှင်းလေးနဲ့ ထမင်းစားနေရင်းက
ထလာကာ ကျွန်တော်ကိုနှုတ်ဆက်သည်။

" ရှင်းလေး!..ကိုကိုက "

ရိပေါ် ကလေးနဲ့မျက်နှာခြင်းဆိုင်ခုံမှာထိုင်လိုက်သည်။

"ကျွန်တော်စားလို့ပြီးပြီ "

ရှင်းလေးကကျွန်တော်ကိုမမြင်ချင်လို့ထင်တယ်
ထထွက်သွားသည်။

" ရှင်းလေး! "

ရှောင်ကျန့် ဝမ်လက်ကိုဆုတ်ကိုင်ထားလိုက်သည်။

" ဝမ်ဘာမှမစားရသေးဘူး
ထမင်းအရင်စားရအောင် "

" ကျွန်တော်မစားချင်ဘူး ရှင်းလေးနောက်လိုက်ပြီး
ရှင်းပြရအုံးမယ် "

" ဝမ်ဘယ်လိုရှင်းပြမလို့လဲ  ပါ
ပါးရဲ့သေတမ်းစာကြောင့်
မဖြစ်မနေပို့ရတယ်လို့ ထပ်ပြောမလို့လား "

" ကိုကို! "

  ရိပေါ် ကိုကို့ကိုအံသြစွာကြည့်လိုက်သည်။

" ထမင်းအရင်စားရအောင် ကိုယ်ခွံမယ် "

ရှောင်ကျန့် ထမင်းစားခန်းထဲက ဝန်ထမ်းတွေကို
အပြင်ထွက်ခိုင်းလိုက်သည်။

" ပါးစပ်ဟ..အာ! "

" ကိုကို.."

" ပါးစပ်ဟပါဆို ကိုယ်ဝါးပြီးခွံကြွေးရမှာလား "

ရိပေါ် ပါးစပ်ဟပေးလိုက်သည်။

" ဘယ်လိုလဲစားကောင်းလား "

" မကောင်းဘူး "

" ဟားဟား ကိုယ်ယောက်ကျားကခွံရင်
ဟင်းမကောင်းလည်း
အရသာရှီတယ်ပြောရမှာကိုး "

" ကိုကို.."

ရိပေါ်ဆူပုတ်ပြီး အပေါ်တက်သွားသည်။

" အိမ်တော်ထိန်း! "

အိမ်တော်ထိန်းက ထမင်းစားခန်းထဲ
မြန်မြန်ရောက်လာသည်။

" သခင်လေး ဘာခိုင်းမလို့လဲ "

" စာဖိုမှူးကို စွပ်ပြုတ်မြန်မြန်ပို့ခိုင်းပြီး အပေါ်ပို့ခိုင်းလိုက်ပါ "

" ဟုတ်ကဲ့ သခင်လေး! "

  ရိပေါ်အခန်းထဲရောက်ရောက်ချင်း
စားပွဲပေါ်ကဖုန်းမြည်သံကြောင့် ယူကိုင်လိုက်သည်။

" ဝမ်ရိပေါ်စကားပြောနေပါတယ် "

" ငါပါ လုရီ "

" ဦးလေး ကျွန်တော်ညီလေးကိုမပေးနိုင်သေးဘူး
အဖေသေတမ်းစာကို ဂရုမစိုက်တာမဟုတ်ပေမဲ့..."

" ငါလည်းဇွတ်မခေါ်တော့ပါဘူး "

" ဗျာ! "

" ငါရှင်းလေးကိုစောင့်မယ် ဇွတ်မခေါ်ဘူး "

" ဗျာ!..တကယ်ပြောတာလား "

" ငါလူကြီး စကား၂ခါမပြောဘူး ရှင်းလေးကို
ငါနဲ့လိုက်ချင်အောင် ငါအရင်ကြိုးစားသင့်တယ်
မင်းယောက်ကျားပြောတာမှန်တယ် "

" ကျွန်တော်ယောက်ကျား "

"ဝမ်ရိပေါ် မင်းက ကျိကျိတက်ချမ်းသာတဲ့
သူဌေးကိုရထားတဲ့အပြင် မေတ္တာတရားပြည့်ဝတဲ့
ခင်ပွန်းကိုပါ ရထားတာပဲ အဲ့တာကြောင့်
မင်းဘဝအမှန်ကိုပြောပြီး လက်ထပ်ခဲ့တာကိုး
မင်းကိုဘာကြောင့် ငါ့အစ်ကိုက သားကြီးတစ်ယောက်လို့
ချစ်ပြီး အားကိုးခဲ့လဲဆိုတာ ငါနားလည်ပါပြီ "

ဦးလေးနဲ့ဖုန်းပြောပြီး ကိုကိုဆီသွားဖို့အလုပ်
ကိုကိုဝင်လာသည်။

" ကိုကိုက ကျွန်တော်မွေးစားသားဆိုတာ သိနေခဲ့တာလား "

" ကိုယ်သိမနေခဲ့ပါဘူး ဝမ်မေ့လဲသွားတဲ့နေကြမှ
ကျန်းချန်ဆီကတဆင့် သိခဲ့ရတာပါ
ပြီးတော့ ရှင်းလေးဆီကတဆင့် ဝမ်ရဲ့ဦးလေးအကြောင်း
သိခဲ့ရတာပါ "

" အဲ့ဒါနဲ့ ဦးလေးကို သွားတွေ့ခဲ့တာပေါ့ "

" အင်း ကိုယ်မှားသွားပြန်ပြီးလားဟင်
မှားခဲ့ရင်လည်း ကိုယ်ဝမ်ကိုချစ်..."

ဝမ်သူကိုပြေးလာဖက်သည်။

" ကျွန်တော်ကိုတော်တော်ချစ်တာပဲလားဟင်
ဝမ်လုပ်ငန်းစုရဲ့ သားမဟုတ်တာတောင်
သိသိချည်းနဲ့လေ "

" ကိုယ်ချစ်တာ ဝမ်ရဲ့အသိုင်းအဝိုင်း
ဝမ်ရဲ့မျိုးရိုးဂုဏ်
ဝမ်ရဲ့စည်းစိမ်မှမဟုတ်တာ ဒီအတိုင်း
ဝမ်ရိပေါ်ဆိုတဲ့ ဟော့ဒီလူသားလေးကိုး
အရမ်းမြတ်နိုးပြီးချစ်တယ် "

ရှောင်ကျန့်ပြောပြီး ဖက်ထားရာကနေခွာကာ
ဝမ်နှုတ်ခမ်းကို နမ်းလိုက်သည်။

ဒေါက်..ဒေါက်

တံခါးခေါက်သံကြောင့် နမ်းနေရာကခွာကာ
အော်လိုက်သည်။

" ဝင်ခဲ့ "

အိမ်ကူတစ်ယောက်ဝင်လာပြီး စားပွဲပေါ်
စွပ်ပြုတ်တင်ကာ ထွက်သွားသည်။

" လာထိုင်လှည့် ကိုယ့်ခွံမယ် "

ဝမ်ရိပေါ် ခုံမှာလာထိုင်သည်။

" ဝမ်ထမင်းသိပ်မစားလို့ စွပ်ပြုတ်လုပ်ခိုင်းထားတာ
ဒါတော့ ကုန်အောင်သောက်ရမယ်နော် "

" ဟုတ်ကဲ့ "

လိမ်မာသွားတဲ့အသဲတုံးလေးကို ရှောင်ကျန့်
ခွံကြွေးလိုက်သည်။

"  ဝမ်ကအရမ်းလိမ်မာတာပဲ ကုန်သွားပြီ "

ရှောင်ကျန့်ပြောပြီးထရပ်တာကြောင့်

" ကိုကိုဘယ်သွားမလို့လဲ "

" ဒီကအသဲတုံးကြီးကို ခွံပြီးပြီဆိုတော့
ကိုယ်တို့ရဲ့ ကလေးလေးကို သွားခွံကျွေးရအုံးမယ်လေ
အခုလောက်ဆို ကလေးအခန်းထဲ စွပ်ပြုတ်ရောက်နေလောက်ပြီ ကိုကိုသွားလိုက်အုံးမယ်နော် "

ရိပေါ်ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ကိုကိုက အရမ်းချစ်တက်ပြီး နှလုံးသားပြည့်ဝတဲ့သူပဲ
ရိပေါ် ကိုကိုအပေါ် ဒီထက်ပိုပြီးကောင်းဖို့ ဆုံးဖြတ်လိုက်သည်။

" ဝမ်က ရှင်းလေးကို အရမ်းချစ်တာ "

စွပ်ပြုတ်ခွံကျွေးရင်း ကလေးကိုပြောလိုက်သည်။

" ယောက်ဖ ကိုကိုဘက်က လိုက်ပြောပေးမနေပါနဲ့
ယောက်ဖလည်းမကောင်းဘူး
ကိုကိုဘက်ကပါပြီး ကျွန်တော်စိတ်ကို လျစ်လျူရှုတယ် "

" ရှင်းလေး..."

" တော်ပြီမစားတော့ဘူး "

ရှင်းလေး တဖက်ကိုလှည့်ပြီး Gameဆော့သွားသည်။

" အစ်ကိုက ဝမ်ဘက်ကပါတာမဟုတ်ပါဘူး
အစ်ကိုကရှင်းလေးကို ကိုယ့်ညီအရင်းတစ်ယောက်လို
သားတစ်ယောက်လို ချစ်တာပါ "

" မဟုတ်ပဲနဲ့ "

ရှောင်ကျန့် ရှင်းလေးခုံကို သူဘက်လှည့်လိုက်သည်။

" ဝမ်ဗိုက်ခဏခဏအောင့်နေတာကြာနေပြီ "

" ဟမ်! "

" အဲ့ဒါစိတ်ဖိစီးနေတာ သူ့ညီကိုလည်းအရမ်းချစ်တယ်
ပါပါးရဲ့သေတမ်းစာကိုလည်း ဂရုစိုက်တယ် "

" လာပြန်ပြီ ပါပါးကိုလွဲချပြန်ပြီ "

" တကယ်ပြောနေတာပါ အစ်ကိုကိုယ်တိုင်
ဦးလေးလုရီကိုတွေ့ခဲ့တာ "

" ပါပါးကဘာလို့အဲ့လိုလုပ်တာလဲ အဓိပ္ပာယ်မရှီဘူး
အစ်ကိုနဲ့ စိတ်မချဘူးလား "

" ရှင်းလေးပါပါးကလည်း ရှင်းလေးကိုအရမ်းချစ်လို
ဆုံးဖြတ်ခဲ့တာပါ ဝမ်ကိုလည်စအထင်မလွဲပါနဲ့
ဝမ်ကပိုင်ဆိုင်မှုတွေအကုန်လုံး
ရှင်းလေးကိုပေးဆိုလည်း ပေးမဲ့သူပါ "

" ကျွန်တော်လိုချင်တာ အဲ့ဒါမဟုတ်ဘူး
ဒီအတိုင်းပဲပြောမိတာ "

" ဟင် ရှင်း​လေးက ဝမ်ကို အဲ့လိုပြောမိတာလား "

" ကိုကိုပြောလို့ယောက်ဖသိတာမဟုတ်ဘူးလား "

" ဝမ်ကဘာမှမပြောပါဘူး အစ်ကိုက
ဝမ်စိတ်ကိုပြောပြတာပါ ရှင်းလေးအခုပျော်သလိုနေ
အစ်ကိုတို့က ကာကွယ်ပေးမယ် ဦးလေးကလည်း
ဇွတ်စီစဥ်တော့မှာမဟုတ်ဘူး "

" တကယ်လား "

" အစ်ကိုတကယ်ပြောတာပါ
ရှင်းလေးစိတ်မညစ်နဲ့နော်
အစ်ကိုက ရှင်းလေးကို ပျော်အောင်ထားမယ် "

" အင်း "

ရှင်းလေးကျွန်တော်ကိုလာဖက်တာကြောင့်
ကျွန်တော်ရှင်းလေးကို ပြန်ဖက်ထားလိုက်သည်။
ကျွန်တော်တို့ကမိသားစုတွေ တစ်ယောက်စိတ်မချမ်းသာရင်
ကျန်နှစ်ယောက်က မပျော်ရွှင်နိုင်ဘူးလေ။
ဝမ်နဲ့ ရှင်းလေးကိုကျွန်တော်အတက်နိုင်ဆုံး
ကာကွယ်မှာပါ။

Continue Reading

You'll Also Like

44.5K 3.1K 72
ဖတ်ကြည့်နော်😉😉
16.4K 3.5K 51
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
37.6K 5.6K 37
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
177K 16.7K 91
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...