PART 28❣️(Final)
"ကလေး အလုပ်မှာ အဆင်ပြေရဲ့လား"
အိမ်ရောက်တာနဲ့ တီရှပ်အပွနဲ့ဘောင်းဘီအပွအတိုနဲ့ချောကလက်တစ်ခုကိုလည်း ပါးစပ်မှာပလုတ်ကပလောင်းနဲ့ဝ့းစားနေသည့် မိန်းမနားကို ကပ်လာလျှင် ကလေးက Laptopတစ်လုံးနဲ့ စာရင်းတစ်ခုကိုဆွဲနေပုံ....
"အင်း"
သူ့ကိုမကြည့်ဘဲ ဖြေနေသောပုံစံလေးက ညနေက ကိစ္စနဲ့ မကျေမနပ်ဖြစ်နေသောပုံကြောင့် သမီးတို့သည် သူတို့ဖိုးနဲ့ဘိုးကြားမှာသွားအိပ်သည့်ညကိုအသုံးချ၍ ကလေးကိုပေါင်ပေါ်ပွေ့ချီတင်လိုက်လျှင် သူ့ကိုမကြည့်ဘဲမျက်စောင်းထိုးနေသည်ကို မှန်ကနေတဆင့်မြင်နေရကာ အလိုလိုပြုံးသွားမိသည်။
"ကျွန်တော့်ကိုလာမထိနဲ့နော် တန်းတူအခွင့်အရေးသမားကြီးရဲ့ ဒီမှာစာရေးနေတာ မအားဘူး လာမနှောက်ယှက်နဲ့ "
"ထိပါရစေကလေးရာ..... သမီးလေးတို့မရှိတဲ့အချိန်မှဒီမိန်းမကို အပြည့်အဝချစ်ရတာကို .... အလုပ်ရှုပ်နေပြီးလား ကိုဘာဝိုင်းလုပ်ပေးရမလဲ"
တကယ်က ဦးမောင်အလုပ်မရှုပ်ပါ။ ဒီလူကိုကြည့်မရလို့ လျှောက်လုပ်နေတာ။
သူ့အပေါ်ကနေ မလှုပ်မယှက်နဲ့ စာရိုက်နေရသဖြင့် သူကLaptopကိုအကြည့်ရောက်သွားလျှင် Excel မှာ အကျအနရေးထားတာက...
'နေမီးပုံကိုမုန်းတယ် အမွှာကိုပိုချစ်တဲ့ အမွှာတို့ဖေဖေကိုမုန်းတယ်... ငါ့ကိုပိုချစ်ပေးမယ် မွေးသာမွေးဆိုတဲ့ လူယုတ်မာလူညာယောက်ျားကိုလည်းမုန်းတယ်'
ဟုဆိုတာကြီးကိုသာမြင်လျှင် သူမအောင့်နိုင်ပဲ ခေါင်းမော့၍ အားရပါးရယ်သံတို့ထွက်လာသည်။
မေဦးမောင်ဆိုတဲ့ကောင်မလေးက ဘယ်တော့များရင့်ကျက်မှာလဲ။
ထိုအခါသူရယ်နေလျှင် သူမကသူ့လည်ပင်းကိုကုန်းကိုက်နေပြီး သူ့ပေါ်ကနေ ရင်ဘက်ကိုအရှက်ပြေထုနေသောကြောင့် သူလည်းမျက်နှာလေးကို ဆွဲယူ၍ သတိရခြင်းအနမ်းအမှတ်အသားတွေ တသီးတသန်းပေးနေမိပါတော့၏။
ရက်ပိုင်းလေးဝေးသာနဲ့တင် ပြောမပြတတ်အောင် ဒီအမျိုးသမီးလေးကို အရမ်းလွမ်းနေရတာ။ သတိရနေခဲ့တာ....
"ကိုအရမ်းလွမ်းနေခဲ့တာ ချစ်လိုက်တာကလေးရယ်"
"ကလေးတွေရော"
"လေးလေးတို့ဆီမှာစုအိပ်နေကြတာ"
"သူတို့အဖေကို သူတို့လွမ်းနေတာကို ဘယ်လိုဖြစ်ပြီး အခုဟိုဘက်အခန်းမှာအိပ်ဖြစ်သွားတာလဲ ကြည့်စမ်း ခင်ဗျား စနက်တွေမလား"
"အင်း ကို့စနက်ကနည်းနည်း တည်မြဲလေးလည်းရှိနေတော့ ကလေးတွေကို စည်းစည်းလုံးလုံးရှိစေချင်လို့"
သူသမီးလေးတို့အိပ်ပျော်သွားမှ ဒီအခန်းထဲကိုဝင်လာသဖြင့် သမီးတို့ဝင်မလာတော့မှန်းသိ၍ ထိုတီရှပ်အနက်ကို ခါးစပ်ကနေဆွဲမချွတ်ပစ်လိုက်လျှင် မာကင်ရာရေးရေးတို့က ပေါ်လာတော့သည်။
"တတ်တူးထိုးရမယ့်အချိန်ရောက်ပြီနော် မိန်းမ"
"ခင်ဗျားနော် တစ်ခါလေးခွင့်တောင်းခဲ့မိတာကို မပြီးနိုင်မစီးနိုင်တော့ဘူး ဒီtattooအမှုကို "
စူပုတ်သွားပြီး သူ့ကိုမကျေမချမ်းနဲ့Laptopကို ကြမ်းပြင်ပေါ်တွင်ချထားလိုက်ပြီး ရင်ခွင်ထဲတိုးဝင်လာလျှင် သူတို့နှစ်ယောက်ကြားဝယ် သူမ၏ နောက်ထပ်အဝတ်တစ်ခုတည်းသာကျန်ခဲ့ရသည်ဟု ခံစားရလာလျှင် သူ့ရင်ခုန်တွေက ဒုန်းဆိုင်ပြေးနေတဲ့မြင်းရိုင်းတစ်ကောင်လို ဘာကိုမှမမြင်တော့သလို......
ထုံးဖွဲ့ထားသောဆံနွယ်ကို သူမဘာသာဖြည်ချလိုက်ပြီး သူ့ကိုမော့ကြည့်၍ဆွဲဆောင်မှုရှိသော မျက်ဝန်းနဲ့ကြည့်လာလျှင် သူ့ကိုတစ်ခုခုကိုပြောချင်နေမှန်း သိလိုက်သည်။
"ကိုနေမီး"
"ဟင်... ပြောလေ ကလေး"
"ကျွန်တော်လေ ခင်ဗျားကြောင့်မိန်းကလေးဆန်လာတာလား အမွှာတို့ကြောင့် မိန်းကလေးဆန်လာလား ဘယ်ဟာက ကျွန်တော့်ကို ဒီလိုပြောင်းလဲသွားနိုင်အောင် ပြုပြင်ခဲ့တယ်ဆိုတာ ခဏခဏတွေးကြည့်တယ်သိလား"
"ဟွန့်..... ပြောပါအုံး ဘယ်သူ့ကြောင့်လဲ"
ညှပ်ရိုးလေးကိုဖွဖွလေးငုံ့ကိုက်ပြီးမေးလျှင် သူမမှာ အနည်းငယ်လူးလွန့်သွားရပြီး နှုတ်ခမ်းလေးပါမော့သွားလျှင် သူထိုနှုတ်ခမ်းထော်ထော်လေးနောက်ကို ပြေးလိုက်မော့ပြီးနမ်းနေရသောကြောင့် သူမနာကျင်သွားသဖြင့် သူ့ကျောပေါ်တွင် လက်သည်းရာအသစ်က ထပ်တိုးလာပြန်သည်။
"ခင်ဗျားကြောင့်က 90ရာခိုင်နှုန်းလောက်ပါတယ်သိလား အမွှာတို့က နည်းနည်းလေးပဲပါတယ် ဟီး..."
"ဟက်.... ဒီအတွက်အရမ်းကျေးဇူးတင်နေတာ ဦးမောင်။ ကလေး ကို့ကိုကလေးရဲ့စိတ်နဲ့ ကလေးရဲ့ခံစားချက်အတိုင်းပြန်ချစ်ပေးခဲ့တာကို ပြန်တွေးကြည့်လိုက်တိုင်း ကိုအမြဲတမ်းပျော်ရတယ် တကယ်ပါ....
အရင်တုန်းက ကလေး ကို့ကိုပြန်မချစ်လောက်တော့ဘူးလို့ စိတ်ကူးထဲမှာ တွေးမိတိုင်းယောက်ျားတန်မဲ့ အကြိမ်ကြိမ်ဝမ်းနည်းခဲ့ဘူးတယ်။ အဲ့တုန်းက နာကျင်ခဲ့ရတာနဲ့ အခုနဲ့ကပြန်ယှဉ်ကြည့်ရင် စီးပွားရေးအရဆို ကိုမြတ်တယ်။ ကို Profitအတော်လေးရတယ်လို့ပြောလို့ရတယ်"
"ခင်ဗျား ကျွန်တော့်ကို စီးပွားရေးတစ်ခုလိုတွက်ပြီးယူခဲ့တာပေါ့လေ"
သူမက စိတ်တိုသွားသည့်မျက်ဝန်းနဲ့ကြည့်လာပြီး သူ့ပေါ်ကနေဆင်းဖို့လုပ်နေသဖြင့် သူအရှိန်တင်တိုးဝင်လိုက်ရင်း အသဲအသန်ရှင်းပြမှရတော့မည်......
"ကိုသဘောကိုပြောပြတာပါ မိန်းမ..... ကို ကလေးကို အစတည်းက ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ကလေးကိုပဲချစ်မှာ လက်ထပ်ရင်လည်းကလေးတစ်ယောက်ကိုပဲလက်ထပ်မယ်လို့ သန္တဌာန်ချမှတ်ထားပြီးသားကနေ ကလေးကမိန်းကလေးဆိုတော့ ကို့လောက်ပျော်သွားရှိအုံးမှာလားပြော လူဆိုးမလေး "
အတော်လေးခရီးဝေးသွားသဖြင့် သူ သူမကို မွေ့ယာပေါ်အသာအယာချ၍ လက်နှစ်ဖက်ကို တစ်ဖက်တစ်ချက်စီမှာထောက်ကာ သူ့ရင်ခွင်အောက် ဆွဲငင်အားကောင်းလှသောမိန်းမကို သွားဆွယ်လေးတွေပေါ်လာသည့်အထိပြုံးပြပြီး နှုတ်ခမ်းပေါ် နမ်းရှိုက်လျှင် သူမကသူ့လည်ပင်းကိုသိုင်းဖက်ထားပေးပြီးမှ သူခရီးပြန်ဆက်ရသည်။
"ကျွန်တော် ခင်ဗျားကိုအရမ်းချစ်တာပဲ ကိုနေမီး"
"ကိုလည်း မေဦးမောင်ဆိုတဲ့မိန်းမကို အရမ်းချစ်တာ.... ကို့ရဲ့မြတ်နိုးရာတွေ မနက်ဖြန်အနာဂါတ်တွေက မင်းပါကလေး"
"အမွှာနဲ့ ကျွန်တော့်ကိုဆိုရင်ရော "
သူမစိတ်အားငယ်တတ်တဲ့အချိန် တစ်ယောက်ယောက်က မချစ်တော့ဘူးဟု ထင်မှတ်တဲ့အချိန်ဆို သူမကသူ့တစ်ယောက်ထဲကိုပဲ ထိုသို့မေးတတ်သည်။
"ကလေးတွေ ကျွန်တော့်ကို ဒီလိုပုံစံပဲမေးလာရင်လည်း ကျွန်တော်က ခင်ဗျားကိုပိုချစ်တယ်လို့ လက်မနှေးပဲဖြေမှသိလား"
ဒီတစ်ခါတော့ သူမခံစားချက်တို့ကိုပါ ရင်ဖွင့်လာသဖြင့် သူသည်ကလေးကို သူ့လက်မောင်းပေါ်ခေါင်းအုံးစေ၍ ချွေးတို့ဆို့နေသော နားသယ်စပ်ကဆံနွယ်တို့ကိုဖယ်ရှားရင်း မျက်နှာအကြည်လေးကို ယုယစွာပွတ်သပ်နေကာ....
"ကလေးတောင်လက်မနှေးဘဲပြောနိုင်တာကို ကိုကဘာကြောင့်မပြောနိုင်ရမှာလဲ.... ကလေးထက်အရင်ကိုက ကလေးကိုအရင်ချစ်ခဲ့ရတာပါနော်"
"ဟင်း ဟင်း"
သူမလေးသဘောကျ၍ရယ်နေလျှင် သူသည်ပါးမို့မို့လေးကို နမ်းရှိုက်ပြီးနှဖူးပေါ်ဖိကပ်ပြီး နောက်တစ်ကြိမ်တစင်လာသောအခါ.......
"ကို့ရဲ့ပါရမီဖြည့်ဖက်ဖြစ်ခွင့်ပေးလို့ ကျေးဇူးတင်သလိုချစ်လည်းအရမ်းချစ်တယ် မိန်းမရယ်"
"ဟီး.... အမွှာတို့ ဒီလိုမမေးအောင် ကျွန်တော်တို့ စကားရှောင်မှဖြစ်မှာနော်... အဲ့အမွှာကောင်တွေနဲ့တစ်နေ့တစ်နေ့ပြိုင်နေရတာ ရန်သူတော်ကြီးဖြစ်တော့မယ်"
သူပဲလူကိုမေးခွန်းသတ်လိုက် မေးခွန်းသိမ်းလိုက်နှင့်ဇနီးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ လုပ်စရာရှိသမျှကိုလုပ်ပြီးမှ စောင်ခြုံ၍.....
"အိပ်ရအောင်ကလေး.."
"အင်း"
သူ့ရင်ခွင်ထဲခိုဝင်လာသော ဇနီးလေးကို လိုအပ်သည်ဟူ၍မရှိစေရ လိုအပ်မှုမှန်သမျှဖြည့်ဆည်းပေးကာ နွေးထွေးပေးမှာ စိတ်လုံခြုံမှုရှိအောင် သူကာကွယ်ပေးမည်ဟု ကတိပေးနေမိ၏။
❣️
❣️
❣️
❣️
❣️
သားအမိသုံးယောက်တို့အခန်းထဲ၌မရှိသဖြင့် နေမီးသည်တစ်အိမ်လုံးအနှံ့လိုက်ရှာပေမယ့် မတွေ့။ အောက်ကိုဆင်းလာလျှင် မြက်ခင်းတစ်နေရာတွင် သားအမိသုံးယောက်သားအင်္ကျီဆင်တူတို့နဲ့ ခက်ရင်းခွ မြေကြီးဂေါ်သည့်ဂေါ်ပြားတို့နဲ့ ဘာကိုအလုပ်ရှုပ်နေသည်မသိ မြေကြီးကို တူးဆွနေကြ၏။
"ဟေ့ လေဒီတို့ ဘာလုပ်နေကြလဲ"
"အပင်စိုက်နေတာ ဖေဖေ"
"ဖေဖေ"
"သရက်ပင်စိုက်နေတာ ကိုနေမီး"
"ဟေ... ဘာစိတ်ကူးပေါက်ပြီး စိုက်နေကြလဲ လက်တွေမှာ မျက်နှာတွေမှာရော မြေကြီးတွေနဲ့ ပေလူးနေရောပဲကွာ.... ဖေဖေ့သမီးလေးတွေ"
"မေမေပြောတယ် အပင်စိုက်ရင် အသက်ရှည်တယ်တဲ့"
အသွက်ကလေးဖြစ်သောပုံလေးက ထိုသို့ပြောလျှင် သူရယ်ချင်သွားသည်။ မားပြောခဲ့သည့်စကားအချို့ကြောင့် သူ့ကလေးက လုပ်နေတာပဲ။ ဒါတောင်အပင်တစ်ပင်ပဲရှိသေးသည်။ သုံးယောက်က လူရုပ်မပေါက်တော့......
"တစ်ပင်ထဲပဲလား ကျန်တာမစိုက်တော့ဘူးလား"
အပင်ကိုမြေကြီးထဲထည့်ပြီး မြေဖို့နေသော ဦးမောင်နားကိုရောက်သွားပြီး ဝိုင်းဖို့ပေးရင်းနှင့်မေး၏။
"ဖြည်းဖြည်းချင်းစိုက်သွားမယ်လေ..... ကျွန်တော်တွေးမိတာတစ်ခုရှိလို့ စိုက်လိုက်တာ"
"ဘာကိုလည်း ကလေး"
ဦးမောင်က လက်အိပ်ချွတ်တော့ အမွှာတို့ကပါ လိုက်ချွတ်ကုန်ပြီ သူတို့မေမေပြောမည့်အကြောင်းအရာကို ဂရုတစိုက်နားစွင့်နေကြဆဲ.....
"အပင်တို့ရဲ့သဘောသဘာဝက အပင်စပေါက်တဲ့အခါမှာ သူတို့အမြစ်တွေက မခိုင်ခံ့နေဘူးလေ။ ဒါကဘာနဲ့တူလည်းဆို အချစ်တစ်ခုရဲ့အစမှလည်းအဲ့လိုပဲထင်တယ်.... စစတုန်းက ကျွန်တော်ခင်ဗျားအပေါ်မှာသိပ်အလေးအနက်မထားခဲ့ဘူး။
တဖြည်းဖြည်းနဲ့ကြာလာတော့ ခင်ဗျားကျွန်တော့်အပေါ်မှာထားတဲ့အချစ်တွေက ကျွန်တော့်ကိုအများကြီးပြောင်းလဲစေတယ်။ ခင်ဗျားနဲ့ဆို ဘဝတစ်ခုလုံးကိုပုံပေးပြီးချစ်လို့ရတယ်ဆိုတာ နားလည်လာတယ်။ အခုဆို ကျွန်တော်တို့အချစ်တွေက ပင်စည်လိုပဲထုထည်ကြီးမားလာပြီး အမြစ်တွယ်စရာ အမွှာလေးတွေလည်းရှိလာတယ်။ အဲ့လိုလေးတွေးမိလို့ စိုက်ကြည့်နေတာ"
ဦးမောင်ထိုသို့ပြုံး၍ပြောလျှင် သူရင်ခုန်နှုန်းကအဆမတန်ဖြစ်နေသောကြောင့် မပြုံးနိုင်သလို အမွှာတို့ကလည်းသူ့တို့ဖေဖေကို ပြန်ကြည့်နေကြ၏။
"အမွှာတို့ မျက်လုံးပိတ်ထားနော် ဖေဖေ မေမေ့ကို အာဘွာပေးတော့မှာမို့"
"ရေး"
"ရေး"
အမွှာတို့နှစ်ယောက်ကို သူ့ရင်ခွင်ထဲသွင်းလိုက်ပြီး အပေါ်စီးကနေသာ ဦးမောင်ကိုလှမ်းနမ်းရသည်။ကလေးတွေမြင်သွားမှာစိုးရိမ်သလို သူကိုယ်တိုင်လည်း ဦးမောင်ကိုတအားနမ်းချင်နေတာက ထိန်းထားလို့မရ....
မြေကြီးတို့ကပ်နေသော မျက်နှာလေးကို လက်နှစ်ဖက်နဲ့ပင့်မော့၍ ထော်နေသောနှုတ်ခမ်းကို စုပ်လုံးလေးလို ဝါးစားချင်လိုက်မှအူယားနေတာပဲ.....
ကလေးကလည်း ပြန်နမ်းလာလျှင်ဧရိယာကျူးကျော်ချင်လာသည့်အဆင့်ဖြစ်လာကာ သူကျူးလွန်သွားလျှင် သူမကအလိုက်သင့်သိမ်းယူပြန်သည်။ ဒီလိုအပေးအယူမျှလာလျှင် သူတို့ရပ်တန့်လို့မရတော့ဘူးဆိုတာသိသည်။
ဦးမောင်ရှက်လာတော့မှ သူ့ကိုတွန့်ဖယ်ပြီး ကလေးတို့နှင့် ခြေလက်ဆေးဖို့ပြေးသွားလျှင်သူသည်အနားကိုလာ၍တိုးတိုးလေးဝင်ပြောသွားသေးသည်။
Phoenix ကပျံမှရတော့မယ်တဲ့.....
❣️
❣️
❣️
❣️
❣️
"ဟ....ဟေ့ကောင် မင့်သားက ငါ့သမီးပစ္စည်းလုလို့ ဖြစ်တာလေ....ကလေးအချင်းချင်းဖြစ်တာကို မင်းကဘာဝင်နာနေတာလဲ"
"ဟေ့ကောင် အခုငါ့သားဒူးပြဲသွားတာလေ မင်းသမီးထိတုန်းက ဒီလေသံလား.... ငါ့ကိုလာမဖြောင်းဖျနဲ့ ။ပထမတစ်ခါတုန်းက မင်းပဲ ကလေးတွေကဘာသိမှာလဲ မှားတဲ့ကလေးကို လူကြီးကဆုံးမပိုင်ခွင့်ရှိတယ်ဆို မင်းတောင်တည်မြဲလေးကို ဆုံးမနေသေးတာပဲ အခုငါ့အလှည့် ငါဆုံးမရမယ့်အလှည့်ပဲ....ပုံလေးရေ လေးလေးဆီလာ"
"မလာနဲ့သမီး ရောက်တဲ့နေရာမှာပုန်းနေ မေမေကာကွယ်ပေးမယ်"
"ဪ မင်းအလှည့်ကျပုန်းနေပေါ့ဟုတ်လား..... "
"မင်းမတရားဆုံးမမှာလေ.... ငါ့သမီးက မှားမှမမှားတာ... မင်းဝယ်ပေးလို့အခုလိုပြသနာဖြစ်တာ ဝယ်ရင်လည်း သုံးယောက်လုံးဆင်တူဝယ်ပေးပေါ့ ငါ့ဆိုကြည့် သုံးယောက်လုံးလုနေမှာဆိုးလို့ ဝယ်ကိုမဝယ်ပေးတာရှင်းလား"
"မင်းပဲအမှန်တရားပေါ့...."
အမွှေစိန်အရုပ်လေးကို ပုံလေးနဲ့မီးမီးအတွက်ပဲမှန်းဝယ်ခဲ့ပြီး တည်မြဲကယောက်ျားလေးဆိုတော့ တစ်ခြားယောက်ျားလေးကြိုက်အရုပ်ဝယ်ခဲ့တာကို ဟိုအမွှာနှစ်ကောင်ကဆင်တူဖြစ်နေတော့ ကလေးသဘာဝသူလည်းဆော့ကစားချင်နေသဖြင့် ပုံလေးအကြောင်းကိုသိလို့ မီးမီးဆီကယူတာကို ပုံလေးက ပြန်ဆွဲလုနေရင်းနဲ့ နှစ်ယောက်သား မြေပြင်ပေါ်မှာ ဒူးပွန်းဒဏ်ရာရတွေဖြစ်ကုန်၏။
ဒါကို ဆိုင်ရာပိုင်ရာတွေက ပြသနာကိုဘယ်လိုဖြေရှင်းရမလဲမစဥ်းစားဘဲ သူတို့က ကလေးပြန်လုပ်ပြီး ရန်ရှာနေကြပြန်သဖြင့် ဘေးကလူတွေကနေ သကြားဓါတ်ကုန်နေပြီ......
Sweetနဲ့မယူခင် နေမီးပုံနဲ့မရခင်တုန်းကတော့ ဘယ်လိုခွဲခွဲမကွဲတဲ့သွေးသောက်တွေဖြစ်ခဲ့ပြီး ကလေးရလာတော့မှ ကလေးနဲ့အပြိုင်စကားတွေများလာကြတော့သည်။
ကလေးတွေကပဲသူတို့ကိုကြည့်ပြီး အချင်းချင်းပြန်တည့်သွားကြတာက များသည်။
"မေမေ "
"ပါးပါး ရန်မဖြစ်နဲ့တော့နော် "
"ပါးပါးတို့ ရန်မဖြစ်ပါဘူးသား သားရဲ့တီနဲ့ဆွေးနွေးနေတာနော်သား"
"ဟုတ်ပါးပါး"
"ဘာဆွေးနွေး ငါ့သမီးကို မင်းဆရာကြီးလုပ်ချင်နေလို့လေ"
" မင်းတောင်ငါ့သားကိုဆရာကြီးလုပ်ခဲ့တာပဲ.... ပုံလေးက ငါ့တူမငါ့မှာဆုံးမပိုင်ခွင့်ရှိတယ်....ဆုံးမသင့်ရင် ဆုံးမရမှာပေါ့"
"ကလေး"
အခုက ကလေးတွေကို ညှိနှိုင်းပေးရမလားမှတ်တယ်။ သင်းတို့က အာဏာလုနေကြမှန်းသဘောပေါက်လာသော နေမီးသည်ထိုနှစ်ယောက်ကြား ဝင်ဖြေရှင်းမှရတော့မည်။
"ကလေးတွေဖြစ်တာနည်းနည်း မင်းတို့ကများနေပြီ.... Sweetမင်းယောက်ျားကိုခေါ်သွားပြီး တုတ်နဲ့ပဲရိုက်ရိုက် ဓါးနဲ့ပဲထိုးထိုးလုပ်ပစ်လိုက် ဘယ်နဲ့ လူကြီးဖြစ်ပြီး ကလေးတွေရှေ့မှာမကြီးမငယ်ရန်ဖြစ်ရတယ်လို့"
"ခင်ဗျားလွှတ်နော်"
ဦးမောင်ကို အခန်းဘက်ကိုအေးဆေးပဲခေါ်လာတာက ကလေးတွေရှိနေသောကြောင့်....
"လွှတ်ပေးမယ် လာပါအုံး....ကလေးရယ် ဘာလို့ကလေးတွေရှေ့မှာ အချင်းချင်းစကားများရလဲ ဟွင်"
"ဟိုလေ ဟိုကောင် မဟုတ်တာတွေပြောနေလို့"
ကလေးကိုမွေ့ယာပေါ်ထိုင်စေပြီးသူသည်ကုတင်ဘေးက နေမုဆိုးဒူးထောက်သည့်အနေအထားနဲ့လက်လေးနှစ်ဖက်ကိုယုယစွာကိုင်ထားကာ စိတ်တိုလို့ရဲနေသောမျက်နှာလှလှလေးကိုမော့ကြည့်ရင်း......
"အခု သမီးနဲ့သားက တည့်သွားကြပြီမဟုတ်ဘူးလား... ပြီးတော့ ကို့မိန်းမက သမီးတို့မေမေဖြစ်နေပြီလေ နှိုင်းနဲ့အပြိုင်ရန်ဖြစ်ဖို့ထက် သမီးလေးတို့ရှေ့မှာ သူတို့မေမေရန်ဖြစ်စကားများနေတာကိုကြည့်ပြီး ပျော်နေမယ်လို့ထင်လား.....
ကို့ကလေး... နှိုင်းနဲ့စကားနိုင်လုတာကို အခုကလေးတွေငယ်နေတဲ့အချိန်မှာ ခဏလောက်ရပ်ထားပြီး ကလေးတွေနည်းနည်းကြီးလာတဲ့အချိန် နားလည်လာတဲ့အချိန်ကြမှ အရင်လိုပြန်ပြောကွာ.... နော်ကလေး"
"အခု ခင်ဗျားပြောနေတာ မသိရင်ကျွန်တော်ကလူဆိုးမကြနေတာပဲ။ ကလေးတွေရဲ့မေမေပါ ယောက်ျားလည်းရှိတယ် သိလား"
အောင်မယ်လေး.... ဒီလိုပုံစံနဲ့သူ့ကိုပါစိတ်ကောက်သွားရင်းဟု စိုးရိမ်သွားရကာ မိန်းမ၏ပါးဖောင်းဖောင်းလေးကို နစ်ဝင်သွားသည့်အထိနမ်းရှိုက်၍.....
"ကလေးတို့မေမေ ယောက်ျားရှိတဲ့ကို့အမျိုးသမီလေး..... နှိုင်းနဲ့ပြေလည်အောင်နေရမယ်နော်"
"အင်းပါ.... ပြေလည်အောင်နေပေးရင် ခင်ဗျားဆီကဘာရမှာလဲ"
ကြားထဲကစီးပွားရေးဆန်နေသောကလေးကို ပွေ့ချီပစ်၍ ပြတင်းပေါက်ဘောင်ပေါ်တင်လိုက်ပြီး သူခါးကနေထိန်းပေးကာ သူမ၏လည်တိုင်ကြားခေါင်းနှစ်ထားပြီး......
"ပြင်ဦးလွင်ကန်တော်ကြီးကို မိသားစုလိုက် အပန်းဖြေသွားမယ်ကွာ ပြီးရင် ကလော တောင်ကြီး မြစ်ကြီးနားတစ်လျှောက် ထောက်လျှောက်သွားမယ်"
"အဲ့တာဆို ကားမောင်းရမယ့်ယောက်ျားကပိုပင်ပန်းမှာ။ ကလေးတွေအရမ်းပင်ပန်းသွားလိမ့်မယ်။ ပြင်ဦးလွင်နဲ့ ကလောလောက်ဆိုရပြီ...... နှိုင်းတို့မိသားစုကိုပါခေါ်သွားရမလားဟင်"
"အင်းကလေးသဘော ကလေးကိုယ်တိုင်ခေါ်လိုက်နော် .... ကို မင်းယတို့မိသားစုကိုလှမ်းခေါ်လိုက်မယ်။ ဒီတစ်ပတ်အားအောင်လုပ်ကြည့်ပြီး ခရီးထွက်ကြမယ်နော်"
"အင်း"
ဘယ်နေရာသွားသွားနှိုင်းမပါရင် နေရာတော်တော်များကိုမသွားနိုင်ဘဲ သူ့ဘော်ဒါပါမှသွားတာကိုသိလို့စီစဉ်လိုက်ခြင်း။ နှစ်ယောက်လုံးကိုရင့်ကျက်စေချင်နေပါပြီ....
တော်သေးတာက ကလေးကသူပြောရင်တော်တော်များများကိုလက်ခံပေးပြီး နားလည်ပေးလို့သာ တော်တော့သည်။ နောက်မဟုတ်ဖြေရှင်းရမယ့်အမှုတွေက မနည်းမနော်......
"ကလေးရယ် လှလိုက်တာ..."
မိန်းကလေးဆန်နေသောမေဦးမောင်ကိုလွန်ခဲ့သော ငါးနှစ်ခန့်က ကောင်လေးတစ်ယောက်အသွင်ကိုပြန်မြင်ယောင်နေလျှင် အပြုံးတို့ကပေါ်ပေါက်လာသည်။
"ဘာရယ်တာလဲ"
"အင်း စစတွေ့တုန်းက ချောလိုက်တဲ့ကောင်လေး... ကို့ရဲ့Mulletလေးလို့ တိတ်တခိုး နာမည်ပေးခဲ့ဖူးတယ်။ အခုကောင်လေးလို့ထင်နေတဲ့ကောင်မလေးက ကို့မိန်းမအဖြစ်နဲ့ကို့ဘေးမှာ ကို့အနားမှာရှိနေပေးလို့ နေမီးပုံဆိုတဲ့ကောင်က အရမ်းကံကောင်းနေပါလားဆိုပြီး တွေးနေတာ"
"ဟွန့်....ကျွန်တော့်ကြောင့် ခင်ဗျား ကံကောင်းနေတာပေါ့"
"အင်း မှန်တယ် ကလေးကြောင့် ကို့ဘဝကပြည့်စုံနေတာ ဒါကြောင့်အများကြီးချစ်ပေးမယ်ဟုတ်ပြီလား"
"ဟီး..... ခင်ဗျားကိုချစ်ရတာ ကျွန်တော်လည်းအရမ်းကံကောင်းတယ်နော်"
သူ့ဆံနွယ်တို့ကိုကျေနပ်စွာဖွနေသော မျက်နှာကြည်ကြည်လေးဟာ ပြုံးလာပြီဆိုတော့ စိတ်ကောက်မှာမဟုတ်တော့သဖြင့် ကျေနပ်သွားရသည်။
မင်းစိတ်ချမ်းသာနေရင် ကိုပျော်နေပြီး မင်းဝမ်းနည်းနေရင် ကိုနာကျင်ရသလိုပဲကလေး ကိုတို့ ပျော်ရွှင်စရာကောင်းတဲ့မနက်ဖြန်ကိုပဲ ဖန်းတီးကြရအောင်.....
❣️
❣️
❣️
❣️
❣️
ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်......
ကားပါကင်၌ကားသုံးစင်းတို့ အသီးသီးနေရာယူကြပြီး လိုအပ်သည့်ပစ္စည်း ပစ္စယတို့ကို တစ်ယောက်စာနိုင်နင်းသည့်ဝန်ကို သယ်ပိုးကြကာ နေရာရှင်းသည့် အပင်အောက်အရိပ်တစ်ခုတွင်နေရာဝင်ယူကြသည်။
မိသားစုသုံးစုအပြင် လေးလေးရယ် ဖိုးဖိုးရယ်နဲ့ ဆောင်းမိုးခါးမှာ အပိုလိုက်လာသဖြင့် သူတို့နေရာယူထားတဲ့နေရာနဲ့က ပွဲခင်းထဲရောက်နေတဲ့အတိုင်း လူစည်နေသည်။
ကလေးတစ်သိုက်တို့က ဥယျာဉ်ထဲဝယ် ဘောလုံးတို့ ပူစီးပေါင်းတို့နှင့်မျောက်ရှုံးလောက်အောင်ဆော့နေကြသည်။ ကလေးထိန်းက ဦးဆောင်းမိုးခါးပေါ့။
လေးလေးနဲ့ဖိုးဖိုးက မရောက်ဖြစ်တာကြာသည်မို့ထင် ပန်းပင်တို့ကြား လမ်းလျှောက်နေကြကာ လက်ညိုးတစ်ထိုးထိုးနဲ့ရှိကြသည်။
အိမ်ကနေအသင့်လုပ်ထားသော စားစရာတို့ကို Sweetနှင့်ကိုကိုက ခင်းကျင်းပေးနေပြီး ဦးမောင်က ကလေးတွေအတွက် သီးသန့်ထည့်ပေးသည်။
နှိုင်း မင်းယနှင့် နေမီးတို့က ကင်မရာကိုယ်စီနဲ့သုံးယောက်သား ကလေးတွေဘက်ကိုဓါတ်ပုံရိုက်ပေးလိုက် ကလေးမေမေတို့ဘက်ရိုက်ပေးလိုက်နဲ့တိုင်ပတ်နေကြ၏။
ပြေးလွှားလှုပ်ရှားထားရသဖြင့် ဖန်ဂျားနဲ့အသင့်ယူလာသော သီးစုံအချိုရည်ကို လေးလေးနဲ့ဖိုးဖိုးကို အရင်ဦးချပြီးမှ ကလေးတို့အတွက်ထည့်ပေးရသည်။ မိဘတွေကတော့ အမြဲနောက်ဆုံးတွေပေါ့.........
"Dreamလေး ဒီနှစ်ကျောင်းတတ်ရပြီနော်ကိုကို"
မေအိပ်မက်ကိုကိုလေးက ပုံလေးတို့ထက် 1နှစ်ကျော်ကျော်ကြီးသဖြင့် ကျောင်းဖွင့်ရာသီရောက်လျှင်KGတတ်ရတော့မည်။ ဒုတိယအငယ်လေးဖြစ်သော မင်းအိပ်မက်ကိုကိုက ခုလမှ1နှစ်တင်းတင်းပြည့်ခဲ့သည်။
ကျန်သည့်သုံးကောင်တို့က သုံးနှစ်ကျော်တွေဆိုတော့ ကျောင်းမတတ်ရသေး။
"အေးဟယ်.... Dreamလေးကိုကျောင်းပို့ရ မင်းအိမ်လေးကိုဂရုစိုက်ရနဲ့ ငါတော့ရွာလည်တော့မှာပဲ"
"ဟွန့်.... ဒီလိုမျိုးကျငါကနှစ်ယောက်ဆိုပေမယ့် တစ်ချက်ခုတ်နှစ်ချက်ပြက်ပဲ အမွှာတွေမို့လို့ တော်သေးတယ်"
"မမSweetက တစ်ဦးတည်းသောဆိုတော့ ပိုသက်သာတာပေါ့"
"မထင်ပါနဲ့ကိုကိုရယ် တစ်ယောက်ထဲနဲ့က မျောက်ရှုံးလောက်အောင်သောင်းကျန်းတာ ဆယ်ယောက်ရှိတာထပ်ဆိုးတယ်.... ဖအေတူသားလေ"
"ဒါကြောင့် ပုံလေးနဲ့ ရန်ဘက်ဖြစ်ကြတာ မျောက်လောင်းနှစ်ကောင်ဆိုတော့ Dreamလေးက အမေတူသမီးဆို မင်းအိမ်လေးက အဖေတူသားဖြစ်မယ်ထင်တယ်.... ဘာလို့သားတွေက ဆိုးတဲ့အဖေနဲ့တူသွားကြလဲမသိဘူး"
ဟီး....
ကလေးတို့အကြောင်းပြောနေလျှင် ရွှေမျက်နှာတို့က ပြုံးရွှင်နေ၏။
ချလပ်...
ချလပ်....
နေမီးက မိခင်သုံးဦးပုံကိုရိုက်ပြီးမှ သူ့ကလေးလေးကို ဘေးသို့ကပ်စေပြီးတစ်ယောက်ထဲရိုက်နေလျှင် နှိုင်းကလည်း.....
"မိန်းမ မော့င်ဘက်လှည့်.........အိုကေ"
ချလပ်...
ဒါကိုနောက်ကျကျန်ခဲ့လျှင် သူ့ရဲ့ကိုကိုက စိတ်ကောက်သွားမှာဆိုး၍ မင်းအိမ်လေးကိုချီထားသည့်ကလေးတို့မေမေကိုလည်း....
"ကိုကို Heart Signလေးလုပ်ပါအုံး သားပါလုပ်ပေးအုံး...... အိုကေ ရိုက်ပြီ"
ကိုယ့်အချစ်တွေကို အပြိုင်အဆိုင်ဓါတ်ပုံလုရိုက်နေသောလင်မယားတို့အနားကို ကလေးတွေက ပြေးလာပြီးအလုအယက်နေရာဝင်ယူဖြစ်ကြပြီး ရိုက်နေကြပြန်သည်။
ဒီလိုလူစုံတတ်စုံရှိကြသော ခရီးလေးသည် တစ်ဘဝစာရဲ့ကောင်းမွန်သောအမှတ်တရတွေပါပဲ......
ပြေးလွှားဆော့ကစားလိုက် ဗိုက်ဆာလို့စားစရာတို့ကိုဝင်စားလိုက်နှင့်သာယာနေပါသည်။
ဦးမောင်သည် ကိုနေမီးပေါင်ပေါ်ခေါင်းအုံးထားရင်းနဲ့ သူ၏လက်ထပ်လက်စွပ်ဝတ်ထားသောလက်ချောင်းတို့ကို ဆော့ကစားနေရင်းမှ.....
"ကျွန်တော့်ကိုချစ်လား"
ထိုအခါ ဒါကိုကြားလိုက်သော Sweetပေါင်ပေါ်ခေါင်းအုံးထားသောနှိုင်းက ဆက်ခနဲ့ သူမဘက်ကိုလှည့်ကြည့်ပြီး ဟားတိုက်ရယ်နေပါတော့၏....
"ဟား ဟေ့ကောင် ဦးမောင် ရုပ်ကြမ်းကြီးနဲ့မနွဲ့စမ်းပါနဲ့... မင်းချွဲတာကြီးက ဘီလူးမသံပုရာသီးကိုက်လို့ထွက်လာတဲ့အသံကြနေတာပဲ ဟားဟား"
"ခွေးကောင်သူတောင်းစား ငါ့ယောက်ျားကို ငါမေးတာ မင်းနဲ့ဘာဆိုင်လဲ"
ဒီအချိန်မှာထပ်ဆဲချင်ပေမယ့်လည်း ယောက်ျားချောချောရဲ့မျက်နှာကြောင့် တစ်ထစ်လျှော့ထားရသည်။
တစ်နေ့တွေ့မယ် ခွေးကောင်နှိုင်းစုတ်ရဲ့...
နှိုင်းဘက်ကိုမျက်နှာမမူတော့ဘဲ ဒီဘက်လှည့်လာပြီး မေးဆက်၍ပြန်မေးသည်။
"အင်း.....အရမ်းချစ်တယ်"
ဦးမောင်တစ်ကိုယ်တည်းကြားစေရန်နားရွက်ဖျားနားကပ်၍ပြောလျှင် ပါးပြင်လေးဟာပန်းရောင်လေးဖြတ်ပြေးသွားသည်။
အခင်းပေါ်တွင်တန်းစီထိုင်သည့် မင်းယ နေမီးနဲ့Sweetတို့က ဟိုကလေးကြီးသုံးကောင်အိပ်နိုင်ရန် ခေါင်းအုံးသဖွယ်သူတို့ပေါင်တို့နဲ့ခုပေးအိပ်ထားရသည်။
မုန့်စားလိုက် စကားနိုင်လုနိုင်နဲ့ .....
"ကိုလည်း မင်းကိုချစ်တယ်ကိုကို"
"ဟီး.... ကိုကို့ယကိုအချစ်ဆုံးပဲ"
သားလေးမင်းအိမ်ကို သူမဘေးမှသိပ်နေရင်းနှင့်ဆိုလျှင် မင်းယသည်ကိုကို့ပါးလေးကို ခါးကိုင်း၍ငုံ့နမ်းလျှင် ကိုကိုမှာကိုကြီးရှေ့မှာမို့ လန့်သွားသည်။ ဒါပေမယ့် ကိုကြီးနဲ့မောင်က သူတို့ထပ်ပိုဆိုးနေသည်။
မဟုတ်ဘူး နှိုင်းနဲ့မမSweetကမှတကယ့်ပြောင်းပြန်.....
လင်မယားသုံးတွဲကိုကြည့်ပြီး ငါကဘာကိစ္စသူတို့ကလေးကိုလိုက်ထိန်းပေးရမှာလည်း သူတို့ဘာသာထိန်းဟုသွားပြောရန်ပြင်နေသောမိုးခါးသည် အတွဲတို့ရှိရာဖြတ်အလျှေက် သူတစ်စုံတစ်ခုနဲ့တိုက်မိသွားလျှင် အမြန်တောင်းပန်ရသည်။
"ဆောရီး"
"ဘာဆောရီးလဲ လူကိုမမြင်ရအောင် ခင်ဗျားကန်းနေလား ဦးလေးကြီး"
"ဘာ..."
အခုမှ 25ပဲရှိသေးတဲ့လူကို ဦးလေးကြီးဟု အခေါ်ခံလိုက်ရသောကြောင့် စိတ်ကတိုသွားရသည်။ကလေးထိန်းရလို့စိတ်ကုန်နေပါတယ်ဆိုမှ ဒီကောင်မလေးက အာရုံလာစားနေပြန်သည်။
"မြင်လို့ တမင်ဝင်တိုက်တာ ဟုတ်ပြီလား"
"ဦးလေးကြီးနော်"
ခြေလေးစောင့်အောင့်ပြီး နှုတ်ခမ်းလေးစူလာကာ သူ့ကို မီးတောက်မျက်ဝန်းတွေနဲ့ကြည့်လာသဖြင့် နည်းနည်းတော့လန့်သွားသည်။
"ဘာလဲ ဘာလဲ ဘာကြည့်တာလဲ"
"ဒီမှာကြည့် ခြေထောက်ပေသွားပြီ ပြန်လျောပေး"
လက်ဖြန့်၍ ပိုက်ဆံတောင်းနေသောပုံကြောင့် walletထဲက တစ်သောင်းတန်အချို့ကို ထုတ်ပေးလျှင် စူပုတ်သွားပြန်ပေမယ့် ဘာမှမပြောသဖြင့် သူထိုလက်ဖဝါးလေးပေါ်တင်ပေးလိုက်သည်။
"ရပြီလား"
"ဝါး ရှူးဂါးဒယ်ဒီtypeပဲ.....ရော့ နောက်ထပ်လျောကြေးအနေနဲ့ဖုန်းနံပါတ်ပါရေးပေး"
ဆိုသဖြင့် သူပတ်ဝန်ကျင်းကို ယောင်ယမ်းပြီးကြည့်ကာ ဖိနပ်လေးပေရုံကို ဒီလောက်ထိလျောကြေးပေးစရာလိုလို့လားဟု.....
ကောင်မလေးကလည်း ခပ်တည်တည်ပဲတောင်းနေသဖြင့် သူလည်းသူမဖုန်းထဲမှာရေးပေးလိုက်သည်။
မြင့်မိုရ်မိုးမိုး မှာ သူမလုပ်သမျှကို ကြောင်တောင်တောင်နဲ့လိုက်လျောပေးနေသော ကိုကြီးကို အနိုင်ကျင့်ရတာကိုပျော်နေသည်။
ရုပ်ချောချောလေးနဲ့ပြောသမျှ နားထောင်ပေးရှာသော လူကြီးကို မြင်မြင်ချင်း Crushနေပါပြီနော်......
"ရပြီ.....ထပ်မတောင်းနဲ့တော့ငါ့မှာပေးစရာမရှိတော့ဘူး"
"ရှိသေးတယ်လေ"
"ဘာ"
ဒီခဲရောင်ဟိုက်လိုက်ဖောက်ထားသောဆံနွယ်နဲ့ကောင်မလေးကတော့ ဓါးပြမလေးလား...
"ဒီရင်ဘက်ထဲက နှလုံးသားတစ်ခုကျန်သေးတယ် မိုရ်ကိုပေးမယ်မလားဟင်..... ပေးပါနော်"
မျက်လုံးလေးတစ်ဖက်ပါမှိတ်ပြပြီး ရဲတင်းစွာပြောလာသော ပေးပါလို့တောင်းဆိုနေတဲ့ကလေးမလေးရဲ့စကားကို သူ့ဝဲဘက်ကောင်ကနားလည်လို့ထင် ဒိန်းခနဲ့ဆောင့်ခုန်သွားပြီးနောက် အဆက်မပြက်မြန်နေတော့ဆဲ.....
ငါလည်း ဘာကိစ္စကလေးကလားနဲ့ ရေစီးကမ်းပြိုနေတာလဲဟု သတိပေးကာ...
"ကလေးက ကလေးလိုနေစမ်းပါ။ ငါ့ကို ဦးလေးကြီးလို့ခေါ်နေတာမဟုတ်ဘူးလား"
"အင်း အခု ကိုကိုဖြစ်သွားပြီ.... မလိုအပ်ပေမယ့် ကိုကိုပေးလို့ဒီပိုက်ဆံကိုယူပြီး ကိုကိုရှိတဲ့နေရာကို လိုက်ရှာမှာသိလား နောက်တစ်ခေါက်တွေ့မယ်နော်.... အဲ့အခါကျရင် ဒီရင်ဘက်ကိုလာယူဖို့ ခြေကြွခအနေနဲ့ ဘဝတစ်ခုလုံးကိုပေးရမယ်နော်သိလား သူများကိုမပေးနဲ့ မိုရ်ကိုပေး မိုရ်ကိုချစ်မှရမယ်နော်....."
ပိုက်ဆံလည်းပေးလိုက်ရ။ ဖုန်းနံပါတ်လည်းပေးလိုက်ရ။ နောက်လာရှာလို့ ပြန်တွေ့ရင် နှလုံးသားတစ်ခုကို လာယူဖို့အတွက် ခြေကြွခအနေနဲ့ဘဝတစ်ခုကိုလည်းပေးရအုံးမှာဆိုတော့ အရင်ဘဝက ငါကများဒီကလေးမဆီမှာ အကြွေးတွေဘယ်လောက်တောင်နစ်ခဲ့လို့လဲဟု ကိုယ့်ကိုယ်ကိုပြန်သနား နေမိသည်.......
အချစ်တို့က ဘယ်နေရာမှစတင်ခြင်းဟု မျှော်လင့်ထားလို့မရသလို တစ်ခါတစ်ရံမှာလည်းစတင်ခြင်းကိုသိနိုင်မှာမဟုတ်ပေ....
မင်းယနဲ့ကိုကိုတို့ရဲ့စတင်ခြင်းဟာ လမ်းမပေါ်၌ စတင်ခဲ့သလို နေမီးနဲ့ဦးမောင်ရဲ့အချစ်ကလည်း ကျောင်းသားဘဝကလို့ပြောနိုင်သလို မုန်းရင်းနဲ့ချစ်လာသည့် နှိုင်းနဲ့Sweetကလည်း စတင်ခြင်းကို ရှာလို့မတွေ့ခဲ့ပေမယ့် အဆုံးမဲ့အချစ်တွေတော့ ပိုင်ဆိုင်ထားကြသည်။ ဒီနေ့ မနက်ဖြန်အားလုံးမှာ အချစ်တွေနဲ့ပိုင်ဆိုင်ခွင့်ရပါစေသား.....
The End
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
ဦးမောင်တို့ကမ်းခြေသွားတဲ့အပိုင်းမှာထဲက ဇာတ်သိမ်းအဖြစ်လျာထားပေမယ့် ဦးမောင်ကို မိသားစုဘဝတစ်ခုပေးချင်တာ။ မိန်းကလေးတစ်ယောက်အဖြစ်ပြန်ပြောင်းလဲစေတာကို ကြည့်ချင်လို့ ဒီအထိဖြစ်သွားတယ် ။
ဒီအထိကိုစာဖတ်ပေးပြီးအားပေးတဲ့Readersတို့အရမ်းကျေးဇူးတင်ပါတယ်။ ကော့မန့်တွေကလည်း အင်အား ခွန်းအားဖြစ်စေပါတယ်။
Drabin-one (7.6.2023)
.
.
.
.
.
.
PART 28❣️(Final)
"ကေလး အလုပ္မွာ အဆင္ေျပရဲ႕လား"
အိမ္ေရာက္တာနဲ႔ တီရွပ္အပြနဲ႔ေဘာင္းဘီအပြအတိုနဲ႔ေခ်ာကလက္တစ္ခုကိုလည္း ပါးစပ္မွာပလုတ္ကပေလာင္းနဲ႔ဝ့းစားေနသည့္ မိန္းမနားကို ကပ္လာလွ်င္ ကေလးက Laptopတစ္လုံးနဲ႔ စာရင္းတစ္ခုကိုဆြဲေနပုံ....
"အင္း"
သူ႔ကိုမၾကည့္ဘဲ ေျဖေနေသာပုံစံေလးက ညေနက ကိစၥနဲ႔ မေက်မနပ္ျဖစ္ေနေသာပုံေၾကာင့္ သမီးတို႔သည္ သူတို႔ဖိုးနဲ႔ဘိုးၾကားမွာသြားအိပ္သည့္ညကိုအသုံးခ်၍ ကေလးကိုေပါင္ေပၚေပြ႕ခ်ီတင္လိုက္လွ်င္ သူ႔ကိုမၾကည့္ဘဲမ်က္ေစာင္းထိုးေနသည္ကို မွန္ကေနတဆင့္ျမင္ေနရကာ အလိုလိုၿပဳံးသြားမိသည္။
"ကြၽန္ေတာ့္ကိုလာမထိနဲ႔ေနာ္ တန္းတူအခြင့္အေရးသမားႀကီးရဲ႕ ဒီမွာစာေရးေနတာ မအားဘူး လာမေႏွာက္ယွက္နဲ႔ "
"ထိပါရေစကေလးရာ..... သမီးေလးတို႔မရွိတဲ့အခ်ိန္မွဒီမိန္းမကို အျပည့္အဝခ်စ္ရတာကို .... အလုပ္ရႈပ္ေနၿပီးလား ကိုဘာဝိုင္းလုပ္ေပးရမလဲ"
တကယ္က ဦးေမာင္အလုပ္မရႈပ္ပါ။ ဒီလူကိုၾကည့္မရလို႔ ေလွ်ာက္လုပ္ေနတာ။
သူ႔အေပၚကေန မလႈပ္မယွက္နဲ႔ စာ႐ိုက္ေနရသျဖင့္ သူကLaptopကိုအၾကည့္ေရာက္သြားလွ်င္ Excel မွာ အက်အနေရးထားတာက...
'ေနမီးပုံကိုမုန္းတယ္ အမႊာကိုပိုခ်စ္တဲ့ အမႊာတို႔ေဖေဖကိုမုန္းတယ္... ငါ့ကိုပိုခ်စ္ေပးမယ္ ေမြးသာေမြးဆိုတဲ့ လူယုတ္မာလူညာေယာက္်ားကိုလည္းမုန္းတယ္'
ဟုဆိုတာႀကီးကိုသာျမင္လွ်င္ သူမေအာင့္ႏိုင္ပဲ ေခါင္းေမာ့၍ အားရပါးရယ္သံတို႔ထြက္လာသည္။
ေမဦးေမာင္ဆိုတဲ့ေကာင္မေလးက ဘယ္ေတာ့မ်ားရင့္က်က္မွာလဲ။
ထိုအခါသူရယ္ေနလွ်င္ သူမကသူ႔လည္ပင္းကိုကုန္းကိုက္ေနၿပီး သူ႔ေပၚကေန ရင္ဘက္ကိုအရွက္ေျပထုေနေသာေၾကာင့္ သူလည္းမ်က္ႏွာေလးကို ဆြဲယူ၍ သတိရျခင္းအနမ္းအမွတ္အသားေတြ တသီးတသန္းေပးေနမိပါေတာ့၏။
ရက္ပိုင္းေလးေဝးသာနဲ႔တင္ ေျပာမျပတတ္ေအာင္ ဒီအမ်ိဳးသမီးေလးကို အရမ္းလြမ္းေနရတာ။ သတိရေနခဲ့တာ....
"ကိုအရမ္းလြမ္းေနခဲ့တာ ခ်စ္လိုက္တာကေလးရယ္"
"ကေလးေတြေရာ"
"ေလးေလးတို႔ဆီမွာစုအိပ္ေနၾကတာ"
"သူတို႔အေဖကို သူတို႔လြမ္းေနတာကို ဘယ္လိုျဖစ္ၿပီး အခုဟိုဘက္အခန္းမွာအိပ္ျဖစ္သြားတာလဲ ၾကည့္စမ္း ခင္ဗ်ား စနက္ေတြမလား"
"အင္း ကို႔စနက္ကနည္းနည္း တည္ၿမဲေလးလည္းရွိေနေတာ့ ကေလးေတြကို စည္းစည္းလုံးလုံးရွိေစခ်င္လို႔"
သူသမီးေလးတို႔အိပ္ေပ်ာ္သြားမွ ဒီအခန္းထဲကိုဝင္လာသျဖင့္ သမီးတို႔ဝင္မလာေတာ့မွန္းသိ၍ ထိုတီရွပ္အနက္ကို ခါးစပ္ကေနဆြဲမခြၽတ္ပစ္လိုက္လွ်င္ မာကင္ရာေရးေရးတို႔က ေပၚလာေတာ့သည္။
"တတ္တူးထိုးရမယ့္အခ်ိန္ေရာက္ၿပီေနာ္ မိန္းမ"
"ခင္ဗ်ားေနာ္ တစ္ခါေလးခြင့္ေတာင္းခဲ့မိတာကို မၿပီးႏိုင္မစီးႏိုင္ေတာ့ဘူး ဒီtattooအမႈကို "
စူပုတ္သြားၿပီး သူ႔ကိုမေက်မခ်မ္းနဲ႔Laptopကို ၾကမ္းျပင္ေပၚတြင္ခ်ထားလိုက္ၿပီး ရင္ခြင္ထဲတိုးဝင္လာလွ်င္ သူတို႔ႏွစ္ေယာက္ၾကားဝယ္ သူမ၏ ေနာက္ထပ္အဝတ္တစ္ခုတည္းသာက်န္ခဲ့ရသည္ဟု ခံစားရလာလွ်င္ သူ႔ရင္ခုန္ေတြက ဒုန္းဆိုင္ေျပးေနတဲ့ျမင္း႐ိုင္းတစ္ေကာင္လို ဘာကိုမွမျမင္ေတာ့သလို......
ထုံးဖြဲ႕ထားေသာဆံႏြယ္ကို သူမဘာသာျဖည္ခ်လိုက္ၿပီး သူ႔ကိုေမာ့ၾကည့္၍ဆြဲေဆာင္မႈရွိေသာ မ်က္ဝန္းနဲ႔ၾကည့္လာလွ်င္ သူ႔ကိုတစ္ခုခုကိုေျပာခ်င္ေနမွန္း သိလိုက္သည္။
"ကိုေနမီး"
"ဟင္... ေျပာေလ ကေလး"
"ကြၽန္ေတာ္ေလ ခင္ဗ်ားေၾကာင့္မိန္းကေလးဆန္လာတာလား အမႊာတို႔ေၾကာင့္ မိန္းကေလးဆန္လာလား ဘယ္ဟာက ကြၽန္ေတာ့္ကို ဒီလိုေျပာင္းလဲသြားႏိုင္ေအာင္ ျပဳျပင္ခဲ့တယ္ဆိုတာ ခဏခဏေတြးၾကည့္တယ္သိလား"
"ဟြန္႔..... ေျပာပါအုံး ဘယ္သူ႔ေၾကာင့္လဲ"
ညႇပ္႐ိုးေလးကိုဖြဖြေလးငုံ႔ကိုက္ၿပီးေမးလွ်င္ သူမမွာ အနည္းငယ္လူးလြန႔္သြားရၿပီး ႏႈတ္ခမ္းေလးပါေမာ့သြားလွ်င္ သူထိုႏႈတ္ခမ္းေထာ္ေထာ္ေလးေနာက္ကို ေျပးလိုက္ေမာ့ၿပီးနမ္းေနရေသာေၾကာင့္ သူမနာက်င္သြားသျဖင့္ သူ႔ေက်ာေပၚတြင္ လက္သည္းရာအသစ္က ထပ္တိုးလာျပန္သည္။
"ခင္ဗ်ားေၾကာင့္က 90ရာခိုင္ႏႈန္းေလာက္ပါတယ္သိလား အမႊာတို႔က နည္းနည္းေလးပဲပါတယ္ ဟီး..."
"ဟက္.... ဒီအတြက္အရမ္းေက်းဇူးတင္ေနတာ ဦးေမာင္။ ကေလး ကို႔ကိုကေလးရဲ႕စိတ္နဲ႔ ကေလးရဲ႕ခံစားခ်က္အတိုင္းျပန္ခ်စ္ေပးခဲ့တာကို ျပန္ေတြးၾကည့္လိုက္တိုင္း ကိုအၿမဲတမ္းေပ်ာ္ရတယ္ တကယ္ပါ....
အရင္တုန္းက ကေလး ကို႔ကိုျပန္မခ်စ္ေလာက္ေတာ့ဘူးလို႔ စိတ္ကူးထဲမွာ ေတြးမိတိုင္းေယာက္်ားတန္မဲ့ အႀကိမ္ႀကိမ္ဝမ္းနည္းခဲ့ဘူးတယ္။ အဲ့တုန္းက နာက်င္ခဲ့ရတာနဲ႔ အခုနဲ႔ကျပန္ယွဥ္ၾကည့္ရင္ စီးပြားေရးအရဆို ကိုျမတ္တယ္။ ကို Profitအေတာ္ေလးရတယ္လို႔ေျပာလို႔ရတယ္"
"ခင္ဗ်ား ကြၽန္ေတာ့္ကို စီးပြားေရးတစ္ခုလိုတြက္ၿပီးယူခဲ့တာေပါ့ေလ"
သူမက စိတ္တိုသြားသည့္မ်က္ဝန္းနဲ႔ၾကည့္လာၿပီး သူ႔ေပၚကေနဆင္းဖို႔လုပ္ေနသျဖင့္ သူအရွိန္တင္တိုးဝင္လိုက္ရင္း အသဲအသန္ရွင္းျပမွရေတာ့မည္......
"ကိုသေဘာကိုေျပာျပတာပါ မိန္းမ..... ကို ကေလးကို အစတည္းက ဘယ္လိုပုံစံနဲ႔ပဲျဖစ္ျဖစ္ ကေလးကိုပဲခ်စ္မွာ လက္ထပ္ရင္လည္းကေလးတစ္ေယာက္ကိုပဲလက္ထပ္မယ္လို႔ သႏၲဌာန္ခ်မွတ္ထားၿပီးသားကေန ကေလးကမိန္းကေလးဆိုေတာ့ ကို႔ေလာက္ေပ်ာ္သြားရွိအုံးမွာလားေျပာ လူဆိုးမေလး "
အေတာ္ေလးခရီးေဝးသြားသျဖင့္ သူ သူမကို ေမြ႕ယာေပၚအသာအယာခ်၍ လက္ႏွစ္ဖက္ကို တစ္ဖက္တစ္ခ်က္စီမွာေထာက္ကာ သူ႔ရင္ခြင္ေအာက္ ဆြဲငင္အားေကာင္းလွေသာမိန္းမကို သြားဆြယ္ေလးေတြေပၚလာသည့္အထိၿပဳံးျပၿပီး ႏႈတ္ခမ္းေပၚ နမ္းရႈိက္လွ်င္ သူမကသူ႔လည္ပင္းကိုသိုင္းဖက္ထားေပးၿပီးမွ သူခရီးျပန္ဆက္ရသည္။
"ကြၽန္ေတာ္ ခင္ဗ်ားကိုအရမ္းခ်စ္တာပဲ ကိုေနမီး"
"ကိုလည္း ေမဦးေမာင္ဆိုတဲ့မိန္းမကို အရမ္းခ်စ္တာ.... ကို႔ရဲ႕ျမတ္ႏိုးရာေတြ မနက္ျဖန္အနာဂါတ္ေတြက မင္းပါကေလး"
"အမႊာနဲ႔ ကြၽန္ေတာ့္ကိုဆိုရင္ေရာ "
သူမစိတ္အားငယ္တတ္တဲ့အခ်ိန္ တစ္ေယာက္ေယာက္က မခ်စ္ေတာ့ဘူးဟု ထင္မွတ္တဲ့အခ်ိန္ဆို သူမကသူ႔တစ္ေယာက္ထဲကိုပဲ ထိုသို႔ေမးတတ္သည္။
"ကေလးေတြ ကြၽန္ေတာ့္ကို ဒီလိုပုံစံပဲေမးလာရင္လည္း ကြၽန္ေတာ္က ခင္ဗ်ားကိုပိုခ်စ္တယ္လို႔ လက္မေႏွးပဲေျဖမွသိလား"
ဒီတစ္ခါေတာ့ သူမခံစားခ်က္တို႔ကိုပါ ရင္ဖြင့္လာသျဖင့္ သူသည္ကေလးကို သူ႔လက္ေမာင္းေပၚေခါင္းအုံးေစ၍ ေခြၽးတို႔ဆို႔ေနေသာ နားသယ္စပ္ကဆံႏြယ္တို႔ကိုဖယ္ရွားရင္း မ်က္ႏွာအၾကည္ေလးကို ယုယစြာပြတ္သပ္ေနကာ....
"ကေလးေတာင္လက္မေႏွးဘဲေျပာႏိုင္တာကို ကိုကဘာေၾကာင့္မေျပာႏိုင္ရမွာလဲ.... ကေလးထက္အရင္ကိုက ကေလးကိုအရင္ခ်စ္ခဲ့ရတာပါေနာ္"
"ဟင္း ဟင္း"
သူမေလးသေဘာက်၍ရယ္ေနလွ်င္ သူသည္ပါးမို႔မို႔ေလးကို နမ္းရႈိက္ၿပီးႏွဖူးေပၚဖိကပ္ၿပီး ေနာက္တစ္ႀကိမ္တစင္လာေသာအခါ.......
"ကို႔ရဲ႕ပါရမီျဖည့္ဖက္ျဖစ္ခြင့္ေပးလို႔ ေက်းဇူးတင္သလိုခ်စ္လည္းအရမ္းခ်စ္တယ္ မိန္းမရယ္"
"ဟီး.... အမႊာတို႔ ဒီလိုမေမးေအာင္ ကြၽန္ေတာ္တို႔ စကားေရွာင္မွျဖစ္မွာေနာ္... အဲ့အမႊာေကာင္ေတြနဲ႔တစ္ေန႔တစ္ေန႔ၿပိဳင္ေနရတာ ရန္သူေတာ္ႀကီးျဖစ္ေတာ့မယ္"
သူပဲလူကိုေမးခြန္းသတ္လိုက္ ေမးခြန္းသိမ္းလိုက္ႏွင့္ဇနီးေလးကို ရင္ခြင္ထဲဆြဲသြင္းကာ လုပ္စရာရွိသမွ်ကိုလုပ္ၿပီးမွ ေစာင္ၿခဳံ၍.....
"အိပ္ရေအာင္ကေလး.."
"အင္း"
သူ႔ရင္ခြင္ထဲခိုဝင္လာေသာ ဇနီးေလးကို လိုအပ္သည္ဟူ၍မရွိေစရ လိုအပ္မႈမွန္သမွ်ျဖည့္ဆည္းေပးကာ ေႏြးေထြးေပးမွာ စိတ္လုံၿခဳံမႈရွိေအာင္ သူကာကြယ္ေပးမည္ဟု ကတိေပးေနမိ၏။
❣️
❣️
❣️
❣️
❣️
သားအမိသုံးေယာက္တို႔အခန္းထဲ၌မရွိသျဖင့္ ေနမီးသည္တစ္အိမ္လုံးအႏွံ႔လိုက္ရွာေပမယ့္ မေတြ႕။ ေအာက္ကိုဆင္းလာလွ်င္ ျမက္ခင္းတစ္ေနရာတြင္ သားအမိသုံးေယာက္သားအက်ႌဆင္တူတို႔နဲ႔ ခက္ရင္းခြ ေျမႀကီးေဂၚသည့္ေဂၚျပားတို႔နဲ႔ ဘာကိုအလုပ္ရႈပ္ေနသည္မသိ ေျမႀကီးကို တူးဆြေနၾက၏။
"ေဟ့ ေလဒီတို႔ ဘာလုပ္ေနၾကလဲ"
"အပင္စိုက္ေနတာ ေဖေဖ"
"ေဖေဖ"
"သရက္ပင္စိုက္ေနတာ ကိုေနမီး"
"ေဟ... ဘာစိတ္ကူးေပါက္ၿပီး စိုက္ေနၾကလဲ လက္ေတြမွာ မ်က္ႏွာေတြမွာေရာ ေျမႀကီးေတြနဲ႔ ေပလူးေနေရာပဲကြာ.... ေဖေဖ့သမီးေလးေတြ"
"ေမေမေျပာတယ္ အပင္စိုက္ရင္ အသက္ရွည္တယ္တဲ့"
အသြက္ကေလးျဖစ္ေသာပုံေလးက ထိုသို႔ေျပာလွ်င္ သူရယ္ခ်င္သြားသည္။ မားေျပာခဲ့သည့္စကားအခ်ိဳ႕ေၾကာင့္ သူ႔ကေလးက လုပ္ေနတာပဲ။ ဒါေတာင္အပင္တစ္ပင္ပဲရွိေသးသည္။ သုံးေယာက္က လူ႐ုပ္မေပါက္ေတာ့......
"တစ္ပင္ထဲပဲလား က်န္တာမစိုက္ေတာ့ဘူးလား"
အပင္ကိုေျမႀကီးထဲထည့္ၿပီး ေျမဖို႔ေနေသာ ဦးေမာင္နားကိုေရာက္သြားၿပီး ဝိုင္းဖို႔ေပးရင္းႏွင့္ေမး၏။
"ျဖည္းျဖည္းခ်င္းစိုက္သြားမယ္ေလ..... ကြၽန္ေတာ္ေတြးမိတာတစ္ခုရွိလို႔ စိုက္လိုက္တာ"
"ဘာကိုလည္း ကေလး"
ဦးေမာင္က လက္အိပ္ခြၽတ္ေတာ့ အမႊာတို႔ကပါ လိုက္ခြၽတ္ကုန္ၿပီ သူတို႔ေမေမေျပာမည့္အေၾကာင္းအရာကို ဂ႐ုတစိုက္နားစြင့္ေနၾကဆဲ.....
"အပင္တို႔ရဲ႕သေဘာသဘာဝက အပင္စေပါက္တဲ့အခါမွာ သူတို႔အျမစ္ေတြက မခိုင္ခံ့ေနဘူးေလ။ ဒါကဘာနဲ႔တူလည္းဆို အခ်စ္တစ္ခုရဲ႕အစမွလည္းအဲ့လိုပဲထင္တယ္.... စစတုန္းက ကြၽန္ေတာ္ခင္ဗ်ားအေပၚမွာသိပ္အေလးအနက္မထားခဲ့ဘူး။
တျဖည္းျဖည္းနဲ႔ၾကာလာေတာ့ ခင္ဗ်ားကြၽန္ေတာ့္အေပၚမွာထားတဲ့အခ်စ္ေတြက ကြၽန္ေတာ့္ကိုအမ်ားႀကီးေျပာင္းလဲေစတယ္။ ခင္ဗ်ားနဲ႔ဆို ဘဝတစ္ခုလုံးကိုပုံေပးၿပီးခ်စ္လို႔ရတယ္ဆိုတာ နားလည္လာတယ္။ အခုဆို ကြၽန္ေတာ္တို႔အခ်စ္ေတြက ပင္စည္လိုပဲထုထည္ႀကီးမားလာၿပီး အျမစ္တြယ္စရာ အမႊာေလးေတြလည္းရွိလာတယ္။ အဲ့လိုေလးေတြးမိလို႔ စိုက္ၾကည့္ေနတာ"
ဦးေမာင္ထိုသို႔ၿပဳံး၍ေျပာလွ်င္ သူရင္ခုန္ႏႈန္းကအဆမတန္ျဖစ္ေနေသာေၾကာင့္ မၿပဳံးႏိုင္သလို အမႊာတို႔ကလည္းသူ႔တို႔ေဖေဖကို ျပန္ၾကည့္ေနၾက၏။
"အမႊာတို႔ မ်က္လုံးပိတ္ထားေနာ္ ေဖေဖ ေမေမ့ကို အာဘြာေပးေတာ့မွာမို႔"
"ေရး"
"ေရး"
အမႊာတို႔ႏွစ္ေယာက္ကို သူ႔ရင္ခြင္ထဲသြင္းလိုက္ၿပီး အေပၚစီးကေနသာ ဦးေမာင္ကိုလွမ္းနမ္းရသည္။ကေလးေတြျမင္သြားမွာစိုးရိမ္သလို သူကိုယ္တိုင္လည္း ဦးေမာင္ကိုတအားနမ္းခ်င္ေနတာက ထိန္းထားလို႔မရ....
ေျမႀကီးတို႔ကပ္ေနေသာ မ်က္ႏွာေလးကို လက္ႏွစ္ဖက္နဲ႔ပင့္ေမာ့၍ ေထာ္ေနေသာႏႈတ္ခမ္းကို စုပ္လုံးေလးလို ဝါးစားခ်င္လိုက္မွအူယားေနတာပဲ.....
ကေလးကလည္း ျပန္နမ္းလာလွ်င္ဧရိယာက်ဴးေက်ာ္ခ်င္လာသည့္အဆင့္ျဖစ္လာကာ သူက်ဴးလြန္သြားလွ်င္ သူမကအလိုက္သင့္သိမ္းယူျပန္သည္။ ဒီလိုအေပးအယူမွ်လာလွ်င္ သူတို႔ရပ္တန႔္လို႔မရေတာ့ဘူးဆိုတာသိသည္။
ဦးေမာင္ရွက္လာေတာ့မွ သူ႔ကိုတြန႔္ဖယ္ၿပီး ကေလးတို႔ႏွင့္ ေျခလက္ေဆးဖို႔ေျပးသြားလွ်င္သူသည္အနားကိုလာ၍တိုးတိုးေလးဝင္ေျပာသြားေသးသည္။
Phoenix ကပ်ံမွရေတာ့မယ္တဲ့.....
❣️
❣️
❣️
❣️
❣️
"ဟ....ေဟ့ေကာင္ မင့္သားက ငါ့သမီးပစၥည္းလုလို႔ ျဖစ္တာေလ....ကေလးအခ်င္းခ်င္းျဖစ္တာကို မင္းကဘာဝင္နာေနတာလဲ"
"ေဟ့ေကာင္ အခုငါ့သားဒူးၿပဲသြားတာေလ မင္းသမီးထိတုန္းက ဒီေလသံလား.... ငါ့ကိုလာမေျဖာင္းဖ်နဲ႔ ။ပထမတစ္ခါတုန္းက မင္းပဲ ကေလးေတြကဘာသိမွာလဲ မွားတဲ့ကေလးကို လူႀကီးကဆုံးမပိုင္ခြင့္ရွိတယ္ဆို မင္းေတာင္တည္ၿမဲေလးကို ဆုံးမေနေသးတာပဲ အခုငါ့အလွည့္ ငါဆုံးမရမယ့္အလွည့္ပဲ....ပုံေလးေရ ေလးေလးဆီလာ"
"မလာနဲ႔သမီး ေရာက္တဲ့ေနရာမွာပုန္းေန ေမေမကာကြယ္ေပးမယ္"
"ဪ မင္းအလွည့္က်ပုန္းေနေပါ့ဟုတ္လား..... "
"မင္းမတရားဆုံးမမွာေလ.... ငါ့သမီးက မွားမွမမွားတာ... မင္းဝယ္ေပးလို႔အခုလိုျပသနာျဖစ္တာ ဝယ္ရင္လည္း သုံးေယာက္လုံးဆင္တူဝယ္ေပးေပါ့ ငါ့ဆိုၾကည့္ သုံးေယာက္လုံးလုေနမွာဆိုးလို႔ ဝယ္ကိုမဝယ္ေပးတာရွင္းလား"
"မင္းပဲအမွန္တရားေပါ့...."
အေမႊစိန္အ႐ုပ္ေလးကို ပုံေလးနဲ႔မီးမီးအတြက္ပဲမွန္းဝယ္ခဲ့ၿပီး တည္ၿမဲကေယာက္်ားေလးဆိုေတာ့ တစ္ျခားေယာက္်ားေလးႀကိဳက္အ႐ုပ္ဝယ္ခဲ့တာကို ဟိုအမႊာႏွစ္ေကာင္ကဆင္တူျဖစ္ေနေတာ့ ကေလးသဘာဝသူလည္းေဆာ့ကစားခ်င္ေနသျဖင့္ ပုံေလးအေၾကာင္းကိုသိလို႔ မီးမီးဆီကယူတာကို ပုံေလးက ျပန္ဆြဲလုေနရင္းနဲ႔ ႏွစ္ေယာက္သား ေျမျပင္ေပၚမွာ ဒူးပြန္းဒဏ္ရာရေတြျဖစ္ကုန္၏။
ဒါကို ဆိုင္ရာပိုင္ရာေတြက ျပသနာကိုဘယ္လိုေျဖရွင္းရမလဲမစဥ္းစားဘဲ သူတို႔က ကေလးျပန္လုပ္ၿပီး ရန္ရွာေနၾကျပန္သျဖင့္ ေဘးကလူေတြကေန သၾကားဓါတ္ကုန္ေနၿပီ......
Sweetနဲ႔မယူခင္ ေနမီးပုံနဲ႔မရခင္တုန္းကေတာ့ ဘယ္လိုခြဲခြဲမကြဲတဲ့ေသြးေသာက္ေတြျဖစ္ခဲ့ၿပီး ကေလးရလာေတာ့မွ ကေလးနဲ႔အၿပိဳင္စကားေတြမ်ားလာၾကေတာ့သည္။
ကေလးေတြကပဲသူတို႔ကိုၾကည့္ၿပီး အခ်င္းခ်င္းျပန္တည့္သြားၾကတာက မ်ားသည္။
"ေမေမ "
"ပါးပါး ရန္မျဖစ္နဲ႔ေတာ့ေနာ္ "
"ပါးပါးတို႔ ရန္မျဖစ္ပါဘူးသား သားရဲ႕တီနဲ႔ေဆြးေႏြးေနတာေနာ္သား"
"ဟုတ္ပါးပါး"
"ဘာေဆြးေႏြး ငါ့သမီးကို မင္းဆရာႀကီးလုပ္ခ်င္ေနလို႔ေလ"
" မင္းေတာင္ငါ့သားကိုဆရာႀကီးလုပ္ခဲ့တာပဲ.... ပုံေလးက ငါ့တူမငါ့မွာဆုံးမပိုင္ခြင့္ရွိတယ္....ဆုံးမသင့္ရင္ ဆုံးမရမွာေပါ့"
"ကေလး"
အခုက ကေလးေတြကို ညႇိႏႈိင္းေပးရမလားမွတ္တယ္။ သင္းတို႔က အာဏာလုေနၾကမွန္းသေဘာေပါက္လာေသာ ေနမီးသည္ထိုႏွစ္ေယာက္ၾကား ဝင္ေျဖရွင္းမွရေတာ့မည္။
"ကေလးေတြျဖစ္တာနည္းနည္း မင္းတို႔ကမ်ားေနၿပီ.... Sweetမင္းေယာက္်ားကိုေခၚသြားၿပီး တုတ္နဲ႔ပဲ႐ိုက္႐ိုက္ ဓါးနဲ႔ပဲထိုးထိုးလုပ္ပစ္လိုက္ ဘယ္နဲ႔ လူႀကီးျဖစ္ၿပီး ကေလးေတြေရွ႕မွာမႀကီးမငယ္ရန္ျဖစ္ရတယ္လို႔"
"ခင္ဗ်ားလႊတ္ေနာ္"
ဦးေမာင္ကို အခန္းဘက္ကိုေအးေဆးပဲေခၚလာတာက ကေလးေတြရွိေနေသာေၾကာင့္....
"လႊတ္ေပးမယ္ လာပါအုံး....ကေလးရယ္ ဘာလို႔ကေလးေတြေရွ႕မွာ အခ်င္းခ်င္းစကားမ်ားရလဲ ဟြင္"
"ဟိုေလ ဟိုေကာင္ မဟုတ္တာေတြေျပာေနလို႔"
ကေလးကိုေမြ႕ယာေပၚထိုင္ေစၿပီးသူသည္ကုတင္ေဘးက ေနမုဆိုးဒူးေထာက္သည့္အေနအထားနဲ႔လက္ေလးႏွစ္ဖက္ကိုယုယစြာကိုင္ထားကာ စိတ္တိုလို႔ရဲေနေသာမ်က္ႏွာလွလွေလးကိုေမာ့ၾကည့္ရင္း......
"အခု သမီးနဲ႔သားက တည့္သြားၾကၿပီမဟုတ္ဘူးလား... ၿပီးေတာ့ ကို႔မိန္းမက သမီးတို႔ေမေမျဖစ္ေနၿပီေလ ႏႈိင္းနဲ႔အၿပိဳင္ရန္ျဖစ္ဖို႔ထက္ သမီးေလးတို႔ေရွ႕မွာ သူတို႔ေမေမရန္ျဖစ္စကားမ်ားေနတာကိုၾကည့္ၿပီး ေပ်ာ္ေနမယ္လို႔ထင္လား.....
ကို႔ကေလး... ႏႈိင္းနဲ႔စကားႏိုင္လုတာကို အခုကေလးေတြငယ္ေနတဲ့အခ်ိန္မွာ ခဏေလာက္ရပ္ထားၿပီး ကေလးေတြနည္းနည္းႀကီးလာတဲ့အခ်ိန္ နားလည္လာတဲ့အခ်ိန္ၾကမွ အရင္လိုျပန္ေျပာကြာ.... ေနာ္ကေလး"
"အခု ခင္ဗ်ားေျပာေနတာ မသိရင္ကြၽန္ေတာ္ကလူဆိုးမၾကေနတာပဲ။ ကေလးေတြရဲ႕ေမေမပါ ေယာက္်ားလည္းရွိတယ္ သိလား"
ေအာင္မယ္ေလး.... ဒီလိုပုံစံနဲ႔သူ႔ကိုပါစိတ္ေကာက္သြားရင္းဟု စိုးရိမ္သြားရကာ မိန္းမ၏ပါးေဖာင္းေဖာင္းေလးကို နစ္ဝင္သြားသည့္အထိနမ္းရႈိက္၍.....
"ကေလးတို႔ေမေမ ေယာက္်ားရွိတဲ့ကို႔အမ်ိဳးသမီေလး..... ႏႈိင္းနဲ႔ေျပလည္ေအာင္ေနရမယ္ေနာ္"
"အင္းပါ.... ေျပလည္ေအာင္ေနေပးရင္ ခင္ဗ်ားဆီကဘာရမွာလဲ"
ၾကားထဲကစီးပြားေရးဆန္ေနေသာကေလးကို ေပြ႕ခ်ီပစ္၍ ျပတင္းေပါက္ေဘာင္ေပၚတင္လိုက္ၿပီး သူခါးကေနထိန္းေပးကာ သူမ၏လည္တိုင္ၾကားေခါင္းႏွစ္ထားၿပီး......
"ျပင္ဦးလြင္ကန္ေတာ္ႀကီးကို မိသားစုလိုက္ အပန္းေျဖသြားမယ္ကြာ ၿပီးရင္ ကေလာ ေတာင္ႀကီး ျမစ္ႀကီးနားတစ္ေလွ်ာက္ ေထာက္ေလွ်ာက္သြားမယ္"
"အဲ့တာဆို ကားေမာင္းရမယ့္ေယာက္်ားကပိုပင္ပန္းမွာ။ ကေလးေတြအရမ္းပင္ပန္းသြားလိမ့္မယ္။ ျပင္ဦးလြင္နဲ႔ ကေလာေလာက္ဆိုရၿပီ...... ႏႈိင္းတို႔မိသားစုကိုပါေခၚသြားရမလားဟင္"
"အင္းကေလးသေဘာ ကေလးကိုယ္တိုင္ေခၚလိုက္ေနာ္ .... ကို မင္းယတို႔မိသားစုကိုလွမ္းေခၚလိုက္မယ္။ ဒီတစ္ပတ္အားေအာင္လုပ္ၾကည့္ၿပီး ခရီးထြက္ၾကမယ္ေနာ္"
"အင္း"
ဘယ္ေနရာသြားသြားႏႈိင္းမပါရင္ ေနရာေတာ္ေတာ္မ်ားကိုမသြားႏိုင္ဘဲ သူ႔ေဘာ္ဒါပါမွသြားတာကိုသိလို႔စီစဥ္လိုက္ျခင္း။ ႏွစ္ေယာက္လုံးကိုရင့္က်က္ေစခ်င္ေနပါၿပီ....
ေတာ္ေသးတာက ကေလးကသူေျပာရင္ေတာ္ေတာ္မ်ားမ်ားကိုလက္ခံေပးၿပီး နားလည္ေပးလို႔သာ ေတာ္ေတာ့သည္။ ေနာက္မဟုတ္ေျဖရွင္းရမယ့္အမႈေတြက မနည္းမေနာ္......
"ကေလးရယ္ လွလိုက္တာ..."
မိန္းကေလးဆန္ေနေသာေမဦးေမာင္ကိုလြန္ခဲ့ေသာ ငါးႏွစ္ခန႔္က ေကာင္ေလးတစ္ေယာက္အသြင္ကိုျပန္ျမင္ေယာင္ေနလွ်င္ အၿပဳံးတို႔ကေပၚေပါက္လာသည္။
"ဘာရယ္တာလဲ"
"အင္း စစေတြ႕တုန္းက ေခ်ာလိုက္တဲ့ေကာင္ေလး... ကို႔ရဲ႕Mulletေလးလို႔ တိတ္တခိုး နာမည္ေပးခဲ့ဖူးတယ္။ အခုေကာင္ေလးလို႔ထင္ေနတဲ့ေကာင္မေလးက ကို႔မိန္းမအျဖစ္နဲ႔ကို႔ေဘးမွာ ကို႔အနားမွာရွိေနေပးလို႔ ေနမီးပုံဆိုတဲ့ေကာင္က အရမ္းကံေကာင္းေနပါလားဆိုၿပီး ေတြးေနတာ"
"ဟြန႔္....ကြၽန္ေတာ့္ေၾကာင့္ ခင္ဗ်ား ကံေကာင္းေနတာေပါ့"
"အင္း မွန္တယ္ ကေလးေၾကာင့္ ကို႔ဘဝကျပည့္စုံေနတာ ဒါေၾကာင့္အမ်ားႀကီးခ်စ္ေပးမယ္ဟုတ္ၿပီလား"
"ဟီး..... ခင္ဗ်ားကိုခ်စ္ရတာ ကြၽန္ေတာ္လည္းအရမ္းကံေကာင္းတယ္ေနာ္"
သူ႔ဆံႏြယ္တို႔ကိုေက်နပ္စြာဖြေနေသာ မ်က္ႏွာၾကည္ၾကည္ေလးဟာ ၿပဳံးလာၿပီဆိုေတာ့ စိတ္ေကာက္မွာမဟုတ္ေတာ့သျဖင့္ ေက်နပ္သြားရသည္။
မင္းစိတ္ခ်မ္းသာေနရင္ ကိုေပ်ာ္ေနၿပီး မင္းဝမ္းနည္းေနရင္ ကိုနာက်င္ရသလိုပဲကေလး ကိုတို႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့မနက္ျဖန္ကိုပဲ ဖန္းတီးၾကရေအာင္.....
❣️
❣️
❣️
❣️
❣️
ျပင္ဦးလြင္ ကန္ေတာ္ႀကီးဥယ်ာဥ္......
ကားပါကင္၌ကားသုံးစင္းတို႔ အသီးသီးေနရာယူၾကၿပီး လိုအပ္သည့္ပစၥည္း ပစၥယတို႔ကို တစ္ေယာက္စာႏိုင္နင္းသည့္ဝန္ကို သယ္ပိုးၾကကာ ေနရာရွင္းသည့္ အပင္ေအာက္အရိပ္တစ္ခုတြင္ေနရာဝင္ယူၾကသည္။
မိသားစုသုံးစုအျပင္ ေလးေလးရယ္ ဖိုးဖိုးရယ္နဲ႔ ေဆာင္းမိုးခါးမွာ အပိုလိုက္လာသျဖင့္ သူတို႔ေနရာယူထားတဲ့ေနရာနဲ႔က ပြဲခင္းထဲေရာက္ေနတဲ့အတိုင္း လူစည္ေနသည္။
ကေလးတစ္သိုက္တို႔က ဥယ်ာဥ္ထဲဝယ္ ေဘာလုံးတို႔ ပူစီးေပါင္းတို႔ႏွင့္ေမ်ာက္ရႈံးေလာက္ေအာင္ေဆာ့ေနၾကသည္။ ကေလးထိန္းက ဦးေဆာင္းမိုးခါးေပါ့။
ေလးေလးနဲ႔ဖိုးဖိုးက မေရာက္ျဖစ္တာၾကာသည္မို႔ထင္ ပန္းပင္တို႔ၾကား လမ္းေလွ်ာက္ေနၾကကာ လက္ညိဳးတစ္ထိုးထိုးနဲ႔ရွိၾကသည္။
အိမ္ကေနအသင့္လုပ္ထားေသာ စားစရာတို႔ကို Sweetႏွင့္ကိုကိုက ခင္းက်င္းေပးေနၿပီး ဦးေမာင္က ကေလးေတြအတြက္ သီးသန႔္ထည့္ေပးသည္။
ႏႈိင္း မင္းယႏွင့္ ေနမီးတို႔က ကင္မရာကိုယ္စီနဲ႔သုံးေယာက္သား ကေလးေတြဘက္ကိုဓါတ္ပုံ႐ိုက္ေပးလိုက္ ကေလးေမေမတို႔ဘက္႐ိုက္ေပးလိုက္နဲ႔တိုင္ပတ္ေနၾက၏။
ေျပးလႊားလႈပ္ရွားထားရသျဖင့္ ဖန္ဂ်ားနဲ႔အသင့္ယူလာေသာ သီးစုံအခ်ိဳရည္ကို ေလးေလးနဲ႔ဖိုးဖိုးကို အရင္ဦးခ်ၿပီးမွ ကေလးတို႔အတြက္ထည့္ေပးရသည္။ မိဘေတြကေတာ့ အၿမဲေနာက္ဆုံးေတြေပါ့.........
"Dreamေလး ဒီႏွစ္ေက်ာင္းတတ္ရၿပီေနာ္ကိုကို"
ေမအိပ္မက္ကိုကိုေလးက ပုံေလးတို႔ထက္ 1ႏွစ္ေက်ာ္ေက်ာ္ႀကီးသျဖင့္ ေက်ာင္းဖြင့္ရာသီေရာက္လွ်င္KGတတ္ရေတာ့မည္။ ဒုတိယအငယ္ေလးျဖစ္ေသာ မင္းအိပ္မက္ကိုကိုက ခုလမွ1ႏွစ္တင္းတင္းျပည့္ခဲ့သည္။
က်န္သည့္သုံးေကာင္တို႔က သုံးႏွစ္ေက်ာ္ေတြဆိုေတာ့ ေက်ာင္းမတတ္ရေသး။
"ေအးဟယ္.... Dreamေလးကိုေက်ာင္းပို႔ရ မင္းအိမ္ေလးကိုဂ႐ုစိုက္ရနဲ႔ ငါေတာ့႐ြာလည္ေတာ့မွာပဲ"
"ဟြန႔္.... ဒီလိုမ်ိဳးက်ငါကႏွစ္ေယာက္ဆိုေပမယ့္ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပက္ပဲ အမႊာေတြမို႔လို႔ ေတာ္ေသးတယ္"
"မမSweetက တစ္ဦးတည္းေသာဆိုေတာ့ ပိုသက္သာတာေပါ့"
"မထင္ပါနဲ႔ကိုကိုရယ္ တစ္ေယာက္ထဲနဲ႔က ေမ်ာက္ရႈံးေလာက္ေအာင္ေသာင္းက်န္းတာ ဆယ္ေယာက္ရွိတာထပ္ဆိုးတယ္.... ဖေအတူသားေလ"
"ဒါေၾကာင့္ ပုံေလးနဲ႔ ရန္ဘက္ျဖစ္ၾကတာ ေမ်ာက္ေလာင္းႏွစ္ေကာင္ဆိုေတာ့ Dreamေလးက အေမတူသမီးဆို မင္းအိမ္ေလးက အေဖတူသားျဖစ္မယ္ထင္တယ္.... ဘာလို႔သားေတြက ဆိုးတဲ့အေဖနဲ႔တူသြားၾကလဲမသိဘူး"
ဟီး....
ကေလးတို႔အေၾကာင္းေျပာေနလွ်င္ ေ႐ႊမ်က္ႏွာတို႔က ၿပဳံး႐ႊင္ေန၏။
ခ်လပ္...
ခ်လပ္....
ေနမီးက မိခင္သုံးဦးပုံကို႐ိုက္ၿပီးမွ သူ႔ကေလးေလးကို ေဘးသို႔ကပ္ေစၿပီးတစ္ေယာက္ထဲ႐ိုက္ေနလွ်င္ ႏႈိင္းကလည္း.....
"မိန္းမ ေမာ့င္ဘက္လွည့္.........အိုေက"
ခ်လပ္...
ဒါကိုေနာက္က်က်န္ခဲ့လွ်င္ သူ႔ရဲ႕ကိုကိုက စိတ္ေကာက္သြားမွာဆိုး၍ မင္းအိမ္ေလးကိုခ်ီထားသည့္ကေလးတို႔ေမေမကိုလည္း....
"ကိုကို Heart Signေလးလုပ္ပါအုံး သားပါလုပ္ေပးအုံး...... အိုေက ႐ိုက္ၿပီ"
ကိုယ့္အခ်စ္ေတြကို အၿပိဳင္အဆိုင္ဓါတ္ပုံလု႐ိုက္ေနေသာလင္မယားတို႔အနားကို ကေလးေတြက ေျပးလာၿပီးအလုအယက္ေနရာဝင္ယူျဖစ္ၾကၿပီး ႐ိုက္ေနၾကျပန္သည္။
ဒီလိုလူစုံတတ္စုံရွိၾကေသာ ခရီးေလးသည္ တစ္ဘဝစာရဲ႕ေကာင္းမြန္ေသာအမွတ္တရေတြပါပဲ......
ေျပးလႊားေဆာ့ကစားလိုက္ ဗိုက္ဆာလို႔စားစရာတို႔ကိုဝင္စားလိုက္ႏွင့္သာယာေနပါသည္။
ဦးေမာင္သည္ ကိုေနမီးေပါင္ေပၚေခါင္းအုံးထားရင္းနဲ႔ သူ၏လက္ထပ္လက္စြပ္ဝတ္ထားေသာလက္ေခ်ာင္းတို႔ကို ေဆာ့ကစားေနရင္းမွ.....
"ကြၽန္ေတာ့္ကိုခ်စ္လား"
ထိုအခါ ဒါကိုၾကားလိုက္ေသာ Sweetေပါင္ေပၚေခါင္းအုံးထားေသာႏႈိင္းက ဆက္ခနဲ႔ သူမဘက္ကိုလွည့္ၾကည့္ၿပီး ဟားတိုက္ရယ္ေနပါေတာ့၏....
"ဟား ေဟ့ေကာင္ ဦးေမာင္ ႐ုပ္ၾကမ္းႀကီးနဲ႔မႏြဲ႕စမ္းပါနဲ႔... မင္းခြၽဲတာႀကီးက ဘီလူးမသံပုရာသီးကိုက္လို႔ထြက္လာတဲ့အသံၾကေနတာပဲ ဟားဟား"
"ေခြးေကာင္သူေတာင္းစား ငါ့ေယာက္်ားကို ငါေမးတာ မင္းနဲ႔ဘာဆိုင္လဲ"
ဒီအခ်ိန္မွာထပ္ဆဲခ်င္ေပမယ့္လည္း ေယာက္်ားေခ်ာေခ်ာရဲ႕မ်က္ႏွာေၾကာင့္ တစ္ထစ္ေလွ်ာ့ထားရသည္။
တစ္ေန႔ေတြ႕မယ္ ေခြးေကာင္ႏႈိင္းစုတ္ရဲ႕...
ႏႈိင္းဘက္ကိုမ်က္ႏွာမမူေတာ့ဘဲ ဒီဘက္လွည့္လာၿပီး ေမးဆက္၍ျပန္ေမးသည္။
"အင္း.....အရမ္းခ်စ္တယ္"
ဦးေမာင္တစ္ကိုယ္တည္းၾကားေစရန္နား႐ြက္ဖ်ားနားကပ္၍ေျပာလွ်င္ ပါးျပင္ေလးဟာပန္းေရာင္ေလးျဖတ္ေျပးသြားသည္။
အခင္းေပၚတြင္တန္းစီထိုင္သည့္ မင္းယ ေနမီးနဲ႔Sweetတို႔က ဟိုကေလးႀကီးသုံးေကာင္အိပ္ႏိုင္ရန္ ေခါင္းအုံးသဖြယ္သူတို႔ေပါင္တို႔နဲ႔ခုေပးအိပ္ထားရသည္။
မုန႔္စားလိုက္ စကားႏိုင္လုႏိုင္နဲ႔ .....
"ကိုလည္း မင္းကိုခ်စ္တယ္ကိုကို"
"ဟီး.... ကိုကို႔ယကိုအခ်စ္ဆုံးပဲ"
သားေလးမင္းအိမ္ကို သူမေဘးမွသိပ္ေနရင္းႏွင့္ဆိုလွ်င္ မင္းယသည္ကိုကို႔ပါးေလးကို ခါးကိုင္း၍ငုံ႔နမ္းလွ်င္ ကိုကိုမွာကိုႀကီးေရွ႕မွာမို႔ လန႔္သြားသည္။ ဒါေပမယ့္ ကိုႀကီးနဲ႔ေမာင္က သူတို႔ထပ္ပိုဆိုးေနသည္။
မဟုတ္ဘူး ႏႈိင္းနဲ႔မမSweetကမွတကယ့္ေျပာင္းျပန္.....
လင္မယားသုံးတြဲကိုၾကည့္ၿပီး ငါကဘာကိစၥသူတို႔ကေလးကိုလိုက္ထိန္းေပးရမွာလည္း သူတို႔ဘာသာထိန္းဟုသြားေျပာရန္ျပင္ေနေသာမိုးခါးသည္ အတြဲတို႔ရွိရာျဖတ္အေလွ်က္ သူတစ္စုံတစ္ခုနဲ႔တိုက္မိသြားလွ်င္ အျမန္ေတာင္းပန္ရသည္။
"ေဆာရီး"
"ဘာေဆာရီးလဲ လူကိုမျမင္ရေအာင္ ခင္ဗ်ားကန္းေနလား ဦးေလးႀကီး"
"ဘာ..."
အခုမွ 25ပဲရွိေသးတဲ့လူကို ဦးေလးႀကီးဟု အေခၚခံလိုက္ရေသာေၾကာင့္ စိတ္ကတိုသြားရသည္။ကေလးထိန္းရလို႔စိတ္ကုန္ေနပါတယ္ဆိုမွ ဒီေကာင္မေလးက အာ႐ုံလာစားေနျပန္သည္။
"ျမင္လို႔ တမင္ဝင္တိုက္တာ ဟုတ္ၿပီလား"
"ဦးေလးႀကီးေနာ္"
ေျခေလးေစာင့္ေအာင့္ၿပီး ႏႈတ္ခမ္းေလးစူလာကာ သူ႔ကို မီးေတာက္မ်က္ဝန္းေတြနဲ႔ၾကည့္လာသျဖင့္ နည္းနည္းေတာ့လန႔္သြားသည္။
"ဘာလဲ ဘာလဲ ဘာၾကည့္တာလဲ"
"ဒီမွာၾကည့္ ေျခေထာက္ေပသြားၿပီ ျပန္ေလ်ာေပး"
လက္ျဖန႔္၍ ပိုက္ဆံေတာင္းေနေသာပုံေၾကာင့္ walletထဲက တစ္ေသာင္းတန္အခ်ိဳ႕ကို ထုတ္ေပးလွ်င္ စူပုတ္သြားျပန္ေပမယ့္ ဘာမွမေျပာသျဖင့္ သူထိုလက္ဖဝါးေလးေပၚတင္ေပးလိုက္သည္။
"ရၿပီလား"
"ဝါး ရွဴးဂါးဒယ္ဒီtypeပဲ.....ေရာ့ ေနာက္ထပ္ေလ်ာေၾကးအေနနဲ႔ဖုန္းနံပါတ္ပါေရးေပး"
ဆိုသျဖင့္ သူပတ္ဝန္က်င္းကို ေယာင္ယမ္းၿပီးၾကည့္ကာ ဖိနပ္ေလးေပ႐ုံကို ဒီေလာက္ထိေလ်ာေၾကးေပးစရာလိုလို႔လားဟု.....
ေကာင္မေလးကလည္း ခပ္တည္တည္ပဲေတာင္းေနသျဖင့္ သူလည္းသူမဖုန္းထဲမွာေရးေပးလိုက္သည္။
ျမင့္မိုရ္မိုးမိုး မွာ သူမလုပ္သမွ်ကို ေၾကာင္ေတာင္ေတာင္နဲ႔လိုက္ေလ်ာေပးေနေသာ ကိုႀကီးကို အႏိုင္က်င့္ရတာကိုေပ်ာ္ေနသည္။
႐ုပ္ေခ်ာေခ်ာေလးနဲ႔ေျပာသမွ် နားေထာင္ေပးရွာေသာ လူႀကီးကို ျမင္ျမင္ခ်င္း Crushေနပါၿပီေနာ္......
"ရၿပီ.....ထပ္မေတာင္းနဲ႔ေတာ့ငါ့မွာေပးစရာမရွိေတာ့ဘူး"
"ရွိေသးတယ္ေလ"
"ဘာ"
ဒီခဲေရာင္ဟိုက္လိုက္ေဖာက္ထားေသာဆံႏြယ္နဲ႔ေကာင္မေလးကေတာ့ ဓါးျပမေလးလား...
"ဒီရင္ဘက္ထဲက ႏွလုံးသားတစ္ခုက်န္ေသးတယ္ မိုရ္ကိုေပးမယ္မလားဟင္..... ေပးပါေနာ္"
မ်က္လုံးေလးတစ္ဖက္ပါမွိတ္ျပၿပီး ရဲတင္းစြာေျပာလာေသာ ေပးပါလို႔ေတာင္းဆိုေနတဲ့ကေလးမေလးရဲ႕စကားကို သူ႔ဝဲဘက္ေကာင္ကနားလည္လို႔ထင္ ဒိန္းခနဲ႔ေဆာင့္ခုန္သြားၿပီးေနာက္ အဆက္မျပက္ျမန္ေနေတာ့ဆဲ.....
ငါလည္း ဘာကိစၥကေလးကလားနဲ႔ ေရစီးကမ္းၿပိဳေနတာလဲဟု သတိေပးကာ...
"ကေလးက ကေလးလိုေနစမ္းပါ။ ငါ့ကို ဦးေလးႀကီးလို႔ေခၚေနတာမဟုတ္ဘူးလား"
"အင္း အခု ကိုကိုျဖစ္သြားၿပီ.... မလိုအပ္ေပမယ့္ ကိုကိုေပးလို႔ဒီပိုက္ဆံကိုယူၿပီး ကိုကိုရွိတဲ့ေနရာကို လိုက္ရွာမွာသိလား ေနာက္တစ္ေခါက္ေတြ႕မယ္ေနာ္.... အဲ့အခါက်ရင္ ဒီရင္ဘက္ကိုလာယူဖို႔ ေျခႂကြခအေနနဲ႔ ဘဝတစ္ခုလုံးကိုေပးရမယ္ေနာ္သိလား သူမ်ားကိုမေပးနဲ႔ မိုရ္ကိုေပး မိုရ္ကိုခ်စ္မွရမယ္ေနာ္....."
ပိုက္ဆံလည္းေပးလိုက္ရ။ ဖုန္းနံပါတ္လည္းေပးလိုက္ရ။ ေနာက္လာရွာလို႔ ျပန္ေတြ႕ရင္ ႏွလုံးသားတစ္ခုကို လာယူဖို႔အတြက္ ေျခႂကြခအေနနဲ႔ဘဝတစ္ခုကိုလည္းေပးရအုံးမွာဆိုေတာ့ အရင္ဘဝက ငါကမ်ားဒီကေလးမဆီမွာ အေႂကြးေတြဘယ္ေလာက္ေတာင္နစ္ခဲ့လို႔လဲဟု ကိုယ့္ကိုယ္ကိုျပန္သနား ေနမိသည္.......
အခ်စ္တို႔က ဘယ္ေနရာမွစတင္ျခင္းဟု ေမွ်ာ္လင့္ထားလို႔မရသလို တစ္ခါတစ္ရံမွာလည္းစတင္ျခင္းကိုသိႏိုင္မွာမဟုတ္ေပ....
မင္းယနဲ႔ကိုကိုတို႔ရဲ႕စတင္ျခင္းဟာ လမ္းမေပၚ၌ စတင္ခဲ့သလို ေနမီးနဲ႔ဦးေမာင္ရဲ႕အခ်စ္ကလည္း ေက်ာင္းသားဘဝကလို႔ေျပာႏိုင္သလို မုန္းရင္းနဲ႔ခ်စ္လာသည့္ ႏႈိင္းနဲ႔Sweetကလည္း စတင္ျခင္းကို ရွာလို႔မေတြ႕ခဲ့ေပမယ့္ အဆုံးမဲ့အခ်စ္ေတြေတာ့ ပိုင္ဆိုင္ထားၾကသည္။ ဒီေန႔ မနက္ျဖန္အားလုံးမွာ အခ်စ္ေတြနဲ႔ပိုင္ဆိုင္ခြင့္ရပါေစသား.....
The End
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
ဦးေမာင္တို႔ကမ္းေျခသြားတဲ့အပိုင္းမွာထဲက ဇာတ္သိမ္းအျဖစ္လ်ာထားေပမယ့္ ဦးေမာင္ကို မိသားစုဘဝတစ္ခုေပးခ်င္တာ။ မိန္းကေလးတစ္ေယာက္အျဖစ္ျပန္ေျပာင္းလဲေစတာကို ၾကည့္ခ်င္လို႔ ဒီအထိျဖစ္သြားတယ္ ။
ဒီအထိကိုစာဖတ္ေပးၿပီးအားေပးတဲ့Readersတို႔အရမ္းေက်းဇူးတင္ပါတယ္။ ေကာ့မန႔္ေတြကလည္း အင္အား ခြန္းအားျဖစ္ေစပါတယ္။
Drabin-one (7.6.2023)