ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

142K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-33

1.7K 172 8
By PrettiOcean

Chapter 33

“တကယ်တော့ ဂိတ်မှာ စောင့်ကြည့်ကင်မရာရှိတယ်။”

ဗီလာထဲသို့ ပြန်ဝင်လာပြီးနောက် မုထျန်းဟန်က ရေခဲသေတ္တာထဲမှ နို့တစ်ပုလင်းကို ယူကာ မိုက်ခရိုဝေ့ဖ်သို့ ထည့်လိုက်ကာ အပူပေးလိုက်သည်။

"စောင့်ကြည့်ကင်မရာ?"

မော့တိက ဆိုဖာပေါ်တွင် ထိုင်ကာ ကြောင်အအနှင့် မော့ကြည့်လိုက်သည်။

ဟုတ်ပါသည်။‌ မော့တိက ဗီလာအပြင်ဘက်ဤ စောင့်ကြည့် ကင်မရာရှိနေသည်ကို သိပါ၏။ မဟုတ်ပါက၊ သူသည်လည်း သူ့ငယ်ဘဝပုံပြင်များကို အထူးသွန်းလောင်းပြီး(ထုတ်ပြောပြီး) မော့မိသားစု၏ သူ့အပေါ် မလိုမုန်းထားမှုများကို မေးခွန်းထုတ်မည်မဟုတ်ပေ။ ယင်းက မော့များ၏ ဦးနှောက်ပတ်လမ်းများ မည်ကဲ့သို့ ကွဲပြားသည်ကို သာမန်လူများအား ထုတ်ဖော်ပြသရန် ဖြစ်သည်။ သို့မှသာ အသံသွင်းထားသည်ကို ကောင်းကောင်းအသုံးချနိုင်မှာဖြစ်၏။

"ဟုတ်တယ်။ ကိုယ် ဗီလာရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖြတ်တောက်လိုက်မယ်။"

မုထျန်းဟန် ရောက်လာပြီး မော့တိ နံဘေးမှာ ဝင်ထိုင်လိုက်သည်။

"ဒီဗီဒီယိုကို ကိုယ်တကယ်လို့ မော့မိသားစုနဲ့ ဆက်ဆံရေးဖြတ်ပြီးပြီးချင်း အွန်လိုင်းမှာ အချိန်မှန် တင်လိုက်ရင် ‌မင်းနာမည်ကိုဖျက်ဖို့ ကြိုးစားနေတဲ့ မော့မိသားစုရဲ့အကြံ ပျက်သွားလိမ့်မယ်။ တကယ်တော့ ဒီကမ္ဘာမှာ လောကအမြင်သုံးမျိုးကိုခွဲခြား မြင်တဲ့ လူတွေ ရှိသေးတယ်။ အများစုက မော့တွေရဲ့ ရယ်စရာကောင်းတဲ့ ရွံစရာ လော့ဂျစ်ကြီးနဲ့ အတွေးအခေါ်တွေကို သဘောကျကြမှာ မဟုတ်ဘူး။”

“ဒါပေမယ့် ပထမဆုံး မေးချင်တာက ကလေးလေး၊ မင်းဘာလိုချင်တာလဲ။ ဆက်ဆံရေးကို မဖြတ်တောက်ပဲ အိမ်ပြန်ချင်တယ်ဆိုရင်‌တော့ ၊ ဒီဗီဒီယိုကို ဖွင့်ချလိုက်လို့ မဖြစ်ဘူး။ ကိုယ်တို့နောက်ထပ်စဉ်းစားရမယ်…”

"ကျွန်တော် အိမ်မပြန်ချင်ဘူး။"

မော့တိ၏ မျက်လုံးများက နီရဲ‌နေပြီး လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ စကားပြောနေသော သူ့အသံမှာ အနည်းငယ်တုန်လှုပ်သွားသည်။ ထို့နောက် သူက ကျယ်လောင်သော အသံဖြင့် ဆိုလာသည်။

“ကျွန်တော် မပြန်ဘူး!”

“သူတို့က ကျွန်တော့်ကို မကြိုက်ဘူး။ ငယ်ငယ်ကတည်းက သူတို့က ကျွန်တော့်ကို မကြိုက်ဘူး၊ ကျွန်တော့်ကို ကြိမ်ဖန်များစွာ ဆဲဆိုကြိမ်းမောင်းတယ်။ တစ်နေ့တော့ သူတို့ ကျွန်တော့်ကို ချစ်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် အခုတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိပါပြီ"

မော့တိက သူ့မျက်လုံးတွေကို လက်နှစ်ဖက်နှင့် သုတ်လိုက်သည်။

"အခုတော့ ကျွန်တော်မေးခွန်းတွေဝယ်ပြီး လှည့်စားခဲ့ကြတယ်လို့ သူတို့ အခိုင်အမာ ယုံကြည်နေကြပြီ။ ကျွန်တော်မလုပ်ခဲ့တာကို ဝန်ခံစေချင်‌နေကြတယ်၊ ထောင်ထဲရောက်စေချင်‌နေကြတယ်။ ဒီလိုမိသားစုမျိုး မလိုချင်တော့ဘူး။ သူတို့က ကျွန်တော့်မိသားစုမဟုတ်ဘူး"

မုထျန်းဟန်က သူနှလုံးအိမ်ထံမှ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး‌ မော့တိကို သူ့ရင်ခွင်ထဲတွင် ထည့်၍ နှစ်သိမ့်ပေးရန်ဆန္ဒရှိသော်လည်း နောက်ဆုံးတွင် သူသည် မော့တိ၏ ပုခုံးကိုသာ အသာအယာ ဆုပ်ကိုင်လိုက်သည်။

“ကိုယ် သိပြီ”

"ကိုကို၊ အင်တာနက်ပေါ်ကလူတွေ ကျွန်တော့်ကိုဝေဖန်နေကြပြီလို့ထင်လား"

မော့တိက ခေါင်းကို ဆတ်ခနဲ မော့ကာ မုထျန်းဟန် ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

"ရဲတွေက ကျွန်တော့်ကို ဖမ်းဖို့ လာနေပြီလား။"

မုထျန်းဟန် စကားပြောသည်ကို မစောင့်ဘဲ မော့တိက ဆက်ပြောလေသည်။

“ကျွန်တော် စာမေးပွဲ အတွက် ကြိုးစား လေ့လာခဲ့တာ၊ အဲဒါက ကျွန်တော့်ရဲ့ ကြိုးစားမှု ။အားထုတ်မှုကြောင့်ပါ အဲဒီလူကို ကျွန်တော် တခါမှ မတွေ့ဖူးဘူး၊ မမြင်ဖူးပါဘူး”

မော့တိသည် စကားပြောရင်းနှင့် ရပ်လိုက်ပြီး အံ့အားသင့်ပုံပေါက်နေခဲ့သည်။ ငါးစက္ကန့်ခြောက်စက္ကန့်မျှကြာပြီးနောက် သူသည် မုထျန်းဟန်ကို လှည့်ကြည့်လိုက်သည်။

"ကိုကို၊ ကျွန်တော် အရင်က ကြည့်ရတာ ကျမ်းခွမ်းချန်ဆိုတဲ့လူနဲ့ တွေ့ဖူးပုံရတယ်။"

မုထျန်းဟန်က သူ၏ မထိန်းနိုင်လောက်သော ဒေါသနှင့် နှလုံးသားကို မော့တိ မမြင်မီ ဖုံးကွယ်ကာ ပြုံးလိုက်သည်။

"မင်း သူ့ကို အရင်က မြင်ဖူးတယ်ဆိုတာ သေချာလား"

"ဟုတ်...ကျွန်တော် သူနဲ့တွေ့ဖူးတာ မှတ်မိတယ်"

မော့တိက ခေါင်းညိတ်လိုက်သည်။

“ကိုကို ကျွန်တော့်အတွက် ငှားပေးထားတဲ့ တိုက်ခန်းမှာ နေတဲ့ ဒုတိယနေ့ကလို့ ထင်တယ်။ ကျောင်းမှာအတန်းပြီးလို့ အပြန် ဘတ်စ်ကားမှားလိုက်တာ၊ သတိထားမိတဲ့အချိန်ရောက်တော့ အရှေ့ဘက် ဆင်ခြေဖုံးကို ရောက်နေပြီ၊ အချိန်အတော်ကြာအောင် စောင့်ခဲ့ပေမယ့် အပြန်ဘတ်စ်ကား မလာဘူးလေ၊ ကျွန်တော် ဗိုက်ဆာနေပေမယ့် အနီးနားမှာလည်း အမြန်စာစတိုးဆိုင်မရှိဘူး၊ ဒါကြောင့် လမ်းဆုံမှာရှိတဲ့ မုန့်ဆိုင်ကိုသွားပြီး ဒိုးနပ်တွေသွား၀ယ်စားခဲ့တာ"

“ငွေရှင်းကောင်တာက ဝန်ထမ်း မှာထားတာတွေ ထုတ်ပေးတာစောင့်နေတုန်း၊ ရွှေချွမ် အဖွဲ့အစည်းလို့ခေါ်တဲ့ မုန့်ဆိုင်နဲ့ မျက်စောင်းထိုးမှာ ခရီးဆောင်သေတ္တာတွေ သယ်ထားတဲ့ လူတော်တော်များများ ထွက်လာတာကို တွေ့လိုက်ရတယ်၊ သူတို့ထဲက တစ်ယောက်က ကျန်းခွမ်းချန်နဲ့တူတယ်၊ သူ့ဘေးမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်လည်းပါတယ်၊ သူတို့ နဲ့အတူပါတဲ့ ခရီးဆောင်အိတ်တွေက တော်တော်ကြီးတယ်ဆိုပြီး ပိုကြာကြာ လိုက်ကြည့်မိလိုက်တာ”

"ရွှေချွမ်အဖွဲ့အစည်း...."

မုထျန်းဟန်၏မျက်လုံးများသည် အာရုံစူးစိုက်မှု အပြည့်ဖြစ်သွားသည်။

" ရွှေဟွိုက်လမ်း ပေါ်က ရွှေချွမ် အဖွဲ့အစည်း..."

“အင်း။”

မော့တိ ပြန်စဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။

“အိုး၊ မေ့တော့မလို့ ။”

မုထျန်းဟန် ရုတ်တရက် သက်ပြင်းချလိုက်ကာ ဧည့်ခန်းထဲမှ ထွက်လာသည်။ မီးဖိုချောင်ထဲဝင်လာရင်း ဖုန်းထဲက Weibo ကိုဖွင့်ကာ ရှာဖွေမှုအများဆုံး စာရင်းကို နှိပ်လိုက်သည် ။

ကျန်းခွမ်းချန်က ရွှေချွမ် အဖွဲ့အစည်းနှင့် ပက်သက်မှု ရှိ၊ မရှိကို သူ့အနေနှင့်သိလိုသည်။

ရွှေ ချွမ်အဖွဲ့အစည်းက အချို့သောပွဲများ၌ မုထျန်းဟန်ကြားသိခဲ့ရသ‌လောက်ဆိုပါက ၎င်းသည် မြို့တော်၏ အထက်အသိုင်းအ၀ိုင်းတွင် နာမည်ကောင်းရှိသည်။ ဤအဖွဲ့အစည်းသည် ချမ်းသာသောသူများနှင့် အစိုးရဌာနတွင် ရာထူးအနည်းငယ်ရှိသောသူများ၏ အငယ်အနှောင်းတို့အား ဖွက်ထားရာနေရာလည်းဖြစ်၏။

ထိုအငယ်အနှောင်း(အပျော်မယား)အချို့က များသောအားဖြင့် ဤအခွင့်ထူးခံပုဂ္ဂိုလ်များနှင့်ပတ်သက်သော လျှို့ဝှက်ချက်များများစွာကို သိကြလိမ့်မည်။

ဆောင်းပါးကို ရှာရန် အရှာဖွေဆုံးစာရင်းကို ရှာဖွေရန် များစွာအားမထုတ်လိုက်ရပေ။ ဖွင့်လိုက်သည်နှင့် တပြိုင်နက် “သတင်းထူး” ဟူသော စကားလုံးနှင့် ပူးတွဲပါရှိသည့် ပထမဆုံးပေါ်နေသော ခေါင်းစဉ်မှာ “ကောလိပ်ဝင်ခွင့်စာမေးပွဲ” ဟူသော စာတန်းပါသည့် ဆောင်းပါးဖြစ်သည်။

မုထျန်းဟန် က မှတ်ချက်တွေကို လျစ်လျူရှုပြီး ဗီဒီယိုကို တိုက်ရိုက်သွားကာ အစမှ အဆုံးထိ အမြန်ကြည့်လိုက်၏။

ကျန်းခွမ်းချန်ကို သူ့အငယ်အနှောင်း၏ နေရာ၌မဟုတ်ဘဲ နိုက်ကလပ်တွင် ဖမ်းဆီးမိခဲ့သည်။ ညသန်းခေါင်တွင် ဖမ်းမိခဲ့သည့်တိုင် တစ်နာရီအတွင်း ရဲတွေနှင့်ညှိနှိုင်းရာ၌ အသုံးပြုနေသည့် ငွေပေးငွေယူ မှတ်တမ်းများ၏ တည်နေရာမှလွဲ၍ အားလုံးနီးပါးကို ဖော်ထုတ်ခြင်းခံခဲ့ရသည်။

ဤအရာသည် အမှန်တကယ်ကိုသံသယဖြစ်စရာကောင်းလေသည်။

ထို့နောက် သူ့ကိုသူ့အငယ်အနှောင်း၏ နေရာ၌ ဖမ်းဆီးရမိခြင်းမဟုတ်ရကား ရွှေချွမ်အဖွဲ့အစည်းက အရေးကြီးသက်သေဖြစ်ကြောင်း ပြရပေမည်။

မုထျန်းဟန်က သူအလိုချင်ဆုံး အချက်အလက်များကို စုဆောင်းပြီးနောက် နို့ကို ဧည့်ခန်းသို့ ပြန်ယူသွားခဲ့သည်။ သူကပြန်လာပြီးနောက် မတ်တပ်ရပ်နေတဲ့ မော့တိကို ပြောလိုက်သည်။

“လာ၊ နို့လာသောက်။ ဒါပြီးရင်း ကိုကို မင်းကို တစ်နေရာ ခေါ်သွားမယ်။"

"ဘယ်ကို..."

"ရွှေချွမ် အဖွဲ့အစည်းကို။"

မော့တိက ကားထဲတွင် ထိုင်ကာ မုထျန်းဟန်၏ စိတ်နေစိတ်ထားနှင့် သူ၏ အတွေးကို နှိုင်းယှဥ်နိုင်လိုက်သည်။ သူတို့၏ နည်းလမ်းများက ကွဲပြားသောကြောင့် တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။ သူသည် ဟက်ခြင်းမှတစ်ဆင့် သူ၏ပန်းတိုင်ကို အရောက်လှမ်းလိုသော်လည်း မုထျန်းဟန်၏နည်းလမ်းများက ပို၍မြန်ဆန်သည်။

မည်သို့ပင်ဆိုစေကာမူ သူ့ခေါင်းထဲတွင် အရာအားလုံးကို သိနေသော်လည်း အပေါ်ယံတွင် မော့တိသည် ရှုပ်ထွေးနေဟန်ဆောင်လိုက်ကာ ဘာကြောင့် ရွှေချွမ် အဖွဲ့အစည်းကို သွားမှာလဲဟု မုထျန်းဟန် ကို မေးလိုက်သည်။ မုထျန်းဟန်က ထိုနေရာတွင် ကျန်းခွမ်းချန် နှင့်ပတ်သက်သော အရေးကြီးသောအချက်အလက်များရှိနိုင်ကြောင်း အတိုချုံးရှင်းပြခဲ့ပြီး ၎င်း အချက်အလက်များကို သူ့အနီးနားရှိသူတစ်ဦးကို ရှာဖွေပြီး အသေးစိတ်မေးမြန်းရန် လိုအပ်ကြောင်းပြောပြခဲ့သည်။

ထို့နောက် မော့တိသည် ဉာဏ်အလင်းရ သွားဟန်ဆောင်လိုက်သည်။

ရွှေချွမ်အဖွဲ့အစည်းသို့ရောက်ရှိပြီးနောက် မုထျန်းဟန်က မော့တိအား ကားထဲတွင် ထားခဲ့ကာ သဲလွန်စရှာဖွေရန် သွားခဲ့သည်။ သို့သော်လည်း သူ ကားထဲမှ ဆင်းလာချိန်မှာတော့ မော့တိက သူ့ကို အရူးအမူး လှမ်းဆွဲလိုက်သည်။ သူ့၏ အနားကပ်လာပြီး သူ့နားထဲကို တိုးတိုးလေးပြောလာခဲ့သည်။

“ကိုကို ကိုကို၊ နောက်ဆုံးတစ်ခေါက် ကျန်းခွမ်ချန် နဲ့ တွဲတွေ့ ခဲ့တဲ့ အမျိုးသမီးကို ကျွန်တော်တွေ့လိုက်တယ်။ သူမက ကျောက်တုံးကြီးဘေးနားမှာ။"

မုထျန်းဟန်၏ နားသည် မော့တိ၏ ရှူထုတ်လိုက်သော အပူငွေ့လေးတွေ ကြောင့် နားရွက်များ ထုံကျဉ်သလိုဖြစ်သွားပြီး သူ့နားရွက်အရိုးများသည် တခဏချင်း ပြတ်တောက်သွားသလိုခံစားလိုက်ရသည်။ သူက သဘာဝမကျစွာ ချောင်းတစ်ချက်ဟမ့်လိုက်ပြီး ပြောလာသည်။

“ဘယ်မှာလဲ”

"ဟိုမှာ။"

မော့တိက ထိုးပြလိုက်သည်။

မုထျန်းဟန်က မော့တိ၏လက်ညှိုးညွှန်ရာကို နောက်မှလိုက်ကြည့်လိုက်သောအခါ အိမ်ခြံမြေအဝင်ဝရှိ အအေးရောင်းစက်တွင်ရပ်နေသည့် အမျိုးသမီးတစ်ဦး၏ နောက်ကျောကို တွေ့လိုက်ရသည်။ သူမ၏ရုပ်ရည်ကိုကြည့်လျှင် အကြမ်းဖျင်းအားဖြင့် နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်ခန့်သာရှိပြီး ငယ်ရွယ်သေး၏။

ငယ်ရွယ်ခြင်းက ကောင်းပါသည်။ ယေဘူယျအားဖြင့် လူငယ်များသည် အလွန် 'နားလည်မှု' ရှိသည်။

မုထျန်းဟန်က စူးရှသောအကြည့်ဖြင့်ကြည့်လိုက်ပြီး‌ နောက်မှ မော့တိကို ထိုအမျိုးသမီးနှင့် စကားပြောဖို့ ခေါ်သွားရန်

မော့တိနှင့် မုထျန်းဟန် တို့သည် အင်တာနက်ပေါ်ရှိ အရာများ၏လည်ပတ်မှုကို သိပ်ဂရုမစိုက်ခဲ့ကြပေ။ ပထမ တစ်ချက်မှာ ထိုကဲ့ရဲ့ခြင်းနှင့် ကျိန်ဆဲခြင်းများကို ကြည့်ခြင်းသည် သူတို့အတွက် ဒေါသနှင့် ရွံရှာဖွယ်တို့ကိုသာ ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး သူ့အတွေးများအား များစွာ အကျိုးမရှိ‌စေပေ။ ဒုတိယကမူ ယခုအချိန်တွင် သူတို့၌ လိုက်လျောညီထွေလုပ်ရမည့် ကိစ္စရပ်တွေ ရှိနေသည်။ ထို့ကြောင့်၊ လောလောဆယ်တွင် မော့များက သူတို့၏ လုပ်ငန်းသုံးWeibo အကောင့်ကို အသုံးပြု၍ သတင်းတစ်ပုဒ်ကို ကြေညာခဲ့သည်ကို သူတို့ မသိခဲ့ကြပေ။

မော့တိက သူ့ အစ်မ၏ဂုဏ်သိက္ခာကို ထိခိုက်စေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း သူတို့ကဆိုသည်။ သူ့မိသားစုကိုလည်း ကဲ့ရဲ့ရှုံ့ချခဲ့ဖူးသည်။ သူသည် သူ့မိဘများကို သိက္ခာမဲ့ စေခဲ့သည်။ လိမ်ညာလှည့်ဖြားသည်အထိ မကောင်း သော လုပ်ရပ်ကိုလုပ်ခဲ့သည်။ မော့မိသားစုအား အချိန်နှင့်အမျှ စိတ်ပျက် စေခဲ့ရပြီး သူတို့၏ခံစားချက်များကို လုံးဝကြေမွသွား စေခဲ့သည်။ သူတို့သည်မော့တိနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် တရားဝင်နည်းလမ်းများကို အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။

အောက်တွင် စာတမ်းရှည်တစ်ခု ပူးတွဲပါရှိသည်။ ထိုအရာသည် တရားရုံးမှ ဆက်ဆံရေးကို ဖြတ်တောက်ရန် အတည်ပြုချက်လက်မှတ်နှင့် မော့မိသားစုထံမှ တင်သွင်းထားသော စွဲချက်တင်သည့် ဥပဒေကျမ်းလည်း ဖြစ်သည်။ အောက်ခြေညာဘက်ထောင့်ရှိ တင်သွင်းသောရက်စွဲမှာ လွန်ခဲ့သည့် ခြောက်ရက်လောက်ကတည်းကဖြစ်နေခဲ့သည်။

ကြေငြာချက်ထွက်လာသာအခါ၌ စိတ်အားထက်သန်နေသော အင်တာနက်သုံးစွဲသူတွေက မော့တိကို ရွှံ့နွံထဲ ဆွဲချပါတော့သည်။ လိမ်လည်လှည့်ဖျားတက်သော ဒုတိယမျိုးဆက်အား စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှိုက်အဖြစ် ကဲ့ရဲ့ပြစ်တင်ကြသည်။ အစ်မနှင့် မိဘတို့ကို နှိပ်စက်သည့် ညစ်ညမ်းသည့် သား၊ သူက အညစ်အကြေးများကြားတွင် အညစ်ညမ်းဆုံး အညစ်အကြေးဖြစ်ကာ သူ့ကို ကြီးပျင်းအောင်ကျွေးမွေးခြင်းသည် အစာကို ဖြုန်းတီးခြင်းသာဖြစ်ပြီး သူက လေထုကို ညစ်ညမ်းစေသည်၊၊ တစ်သက်တစ်ကျွန်းထောင်ဒဏ်က သူ့အတွက်လွယ်လွန်းနေသေးသည်။သူ့ကို သေဒဏ်ပေးသင့်၏။

ဤမှတ်ချက်အမျိုးအစားများသည် လျင်မြန်စွာ ထိပ်ဆုံးနေရာရသော ခေါင်းစဉ်ကြီးတစ်ခုဖြစ်လာခဲ့သည်။ သို့သော်လည်း မော့မိသားစု၏ အပြုအမူဟာ အလွန်ထူးဆန်းတယ်ဟု ပြောသူတွေလည်း ရှိခဲ့ပါသည်။ သူတို့သားလေး မှာဒုက္ခရောက်နေသည့် အချိန်တွင် အဆက်အသွယ်ဖြတ်သွားကြသည်။ ဤအဖြစ်အပျက်၏နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုရှိလောက်၏။ သို့သော်လည်း အဆိုပါမှတ်ချက်ကို အင်တာနက်အသုံးပြုသူ ထောင်ပေါင်းများစွာက ချက်ချင်း ရှုတ်ချခဲ့သည်။

မော့တိ၏ အတန်းဖော်များထံမှ သက်သေခံချက်များလည်း ရှိခဲ့သည်။

“‌မော့တိက အမြဲတမ်း ကြောင်သူတော်လိုပုံနဲ့တကယ့် ရွံဖို့ကောင်းတဲ့ လူပဲ။ သူ့အစ်မ မော့လျှိုကွေ့ကို ဒုက္ခပေးဖို့ ကြိုးစားရုံတင်ဘယ်ကမလဲ။ သူက အရမ်း သနားစရာကောင်းတဲ့ ပုံဖမ်းပြီး အမှားအမှန် ပြောင်းပြန်လှန်တတ်တဲ့လူ။ မကြာခင့ကတောင် သူ့အစ်မကို မူးလဲအောင်လုပ်လို့ ဆေးရုံတင်ထားရသေးတာ။ ဒါတောင် မော့လျှိုကွေ့က ကြင်နာတတ်ပြီး မော့တိကို နည်းနည်းမှ အပြစ်မတင်ဘူး။ မော့တိကတော့ ကြင်နာမှုကို အသိအမှတ်မပြုဘဲ အိမ်က ထွက်ပြေးသွားတဲ့ ခွေးတစ်ကောင်နဲ့တောင် တူတယ်။ မော့လျှိုကွေ့က သူ့ကိုရှာဖို့ အတန်းတွေတောင် လွတ်သွား သေးတယ်။ မဟုတ်ရင် သူမက တစ်မြို့လုံးမှာ အမှတ်အများဆုံး ၃ ယောက် ထဲက တစ်ယောက် ဖြစ်လာမှာ သေချာတယ်။”

…..

ဤသို့သော အတန်းဖော်များ၏ ထွက်ဆိုချက်များသည် အင်တာနက်သုံးစွဲသူတို့၏ ဒေါသကို ပိုတိုးစေခဲ့သည်။

အချိန်တိုလေးအတွင်းမှာ မော့တိဆီသို့ကျိန်ဆဲစာ၊ မော့မိသားစုအတွက် စာနာနားလည်မှု၊ ကြင်နာပြီး အနိုင်ကျင့်ခံရသည့်မိန်းကလေး မော့လျှိုကွေ့ အပေါ် စာနာမှုနှင့် ချစ်ခြင်းတို့သည် တစ်ချိန်လုံးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

"ဒီ‌မော့တိက ဘာလို့ဒီလောက်ရွံဖို့ကောင်း နေတာလဲ။ စာမေးပွဲမှာ လှည့်စားရဲတယ်။ နောက်ထပ် ဒုတိယမျိုးဆက် အညစ်အကြေးပဲ!”

“တကယ်ကြီးလား။ စာမေးပွဲမှာ လှည့်စားတာနဲ့တင် ရွံဖို့စရာကောင်းနေပြီ၊ သူကလည်း သိက္ခာမဲ့သေးတယ်။ ဒီလိုအစ်မကောင်းတစ်ယောက်ကို စော်ကားတယ်။ ဒီလိုကောင်မျိုးက အမှိုက်တွေထဲမှာ အညစ်ပတ်ဆုံးသူ ဖြစ်လာလိမ့်မယ်။ ငရဲကိုသာသွား!”

“သူ့အစ်မ မော့လျှိုကွေ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ သူ့ပတ်ဝန်းကျင်မှာ ပြီးပြည့်စုံနေပုံကို မြင်ရတော့လည်း သဘောကျတယ်။ ကြင်နာတယ်၊ လှတယ်၊ ဉာဏ်ကောင်းတယ်၊ သည်းခံတက်တယ်။ ဒီလို ပြီးပြည့်စုံတဲ့ မိန်းကလေး ဘယ်မှာရှိနိုင်မလဲ။ သူမက နူးညံ့သိမ်မွေ့လွန်းတယ်။ ဒီအမှိုက်လို မောင်ကတော့ ရွံစရာပဲ။ မမလေးရေ၊သူ့အပေါ်ကို ထပ်ပြီး မကောင်းပြပါနဲ့တော့ ။ မင်းကိုယ်မင်း နည်းနည်းလေး ပိုကောင်းအောင် ဆက်ဆံပါဦး။နာကျင်လိုက်တာ။ [ငို] [ပွေ့ဖက်]"

“တချို့ယောက်ျားတွေက အမှိုက်တွေချည်းပဲ။ အထူးသဖြင့် ဒီမော့တိ‌လိုကောင် ။ ဒီလို အစ်မကိုတောင် အနိုင်ကျင့်တယ်။ မုန်းစရာကောင်းလွန်းလို့ သူ့ကို သေစေချင်လိုက်တာ။ ဒါပေ့မယ် သူ့အစ်မကတော့ အရမ်းထက်မြက်ပြီး လှပတယ်၊ စရိုက်ကောင်းရှိပြီး သူမနဲ့ပတ်သက်တဲ့အရာအားလုံးက ပြီးပြည့်စုံတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက သူမကို မနာလိုဖြစ်ပြီး သိက္ခာချချင်တာနေမယ်။ စာမေးပွဲမှာ သူ့အစ်မကို ကျော်ချင်တာကြောင့်နဲ့ပဲ လှည့်စားခဲ့တယ်။ အိမ်ကနေ ထွက်ပြေးလာတဲ့အတွက် သူ့အစ်မက သူကို ရှာနေတဲ့ အချိန်မှာ သူမရဲ့ စာသင်ယူမှုကို ထိခိုက်ခဲ့ရတယ်။ ဒီမော့တိ ကအရမ်း ကြောက်စရာကောင်းလိုက်တာ။”

"မော့မိသားစုက အရမ်းသနားစရာကောင်းတယ်။ဒီလိုမျက်လုံးဖြူဝံပုလွေတစ်ကောင်ကို ကျွေးမွေးထားရတယ်။

“စာမေးပွဲမေးခွန်းတွေဝယ်တဲ့သူတွေ သေသင့်တယ်။ လွှတ် ပေးလိုက်တဲ့သူ တွေလည်း သေရမယ်!”

“လိမ်လည်လှည့်ဖြားမှုဖြစ်ရပ်ကနေ၊ မော့မိသားစုက ယောက်ျားကို မိန်းမထက် တန်ဖိုးထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီလိုမှမဟုတ်ရင် မော့တိက ဘယ်လိုများ ဒေါသကြီးသွားတာလဲ။ အစ်မဖြစ်သူက ကြင်နာတတ်တယ်၊ အရမ်းတော်တယ်၊ ဉာဏ်ကောင်းတယ်၊ အရမ်းလှတယ်၊ နှိမ့်ချတက်တယ်။ ဒီလိုအခြေအနေမျိုးမှာတောင် သူ့မောင်ဖို့ တွေးပေးနေတုန်းပဲ။ သေစမ်း! တကယ်ကို အစ်မကောင်းပဲ။ ဒီလို အစ်မမျိုး အနိုင်ကျင့်တဲ့သူတွေ သေသင့်တယ်!”

“အားလုံးပဲ။ အဲဒီအညစ်အကြေး မော့တိကို တစ်သက်လုံး ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ပုပ်ပွဖို့ ကျိန်ဆဲလိုက်ကြရအောင်။ သဘောတူရင် Like !!!!"

"Like!"

"+ 1"

"+ 10086"

“…”

Xxxxxxxx

Chapter 33

“တကယ္ေတာ့ ဂိတ္မွာ ေစာင့္ၾကည့္ကင္မရာရွိတယ္။”

ဗီလာထဲသို႔ ျပန္ဝင္လာၿပီးေနာက္ မုထ်န္းဟန္က ေရခဲေသတၱာထဲမွ ႏို႔တစ္ပုလင္းကို ယူကာ မိုက္ခ႐ိုေဝ့ဖ္သို႔ ထည့္လိုက္ကာ အပူေပးလိုက္သည္။

"ေစာင့္ၾကည့္ကင္မရာ?"

ေမာ့တိက ဆိုဖာေပၚတြင္ ထိုင္ကာ ေၾကာင္အအႏွင့္ ေမာ့ၾကည့္လိုက္သည္။

ဟုတ္ပါသည္။‌ ေမာ့တိက ဗီလာအျပင္ဘက္ဤ ေစာင့္ၾကည့္ ကင္မရာရွိေနသည္ကို သိပါ၏။ မဟုတ္ပါက၊ သူသည္လည္း သူ႔ငယ္ဘဝပုံျပင္မ်ားကို အထူးသြန္းေလာင္းၿပီး(ထုတ္ေျပာၿပီး) ေမာ့မိသားစု၏ သူ႔အေပၚ မလိုမုန္းထားမႈမ်ားကို ေမးခြန္းထုတ္မည္မဟုတ္ေပ။ ယင္းက ေမာ့မ်ား၏ ဦးေႏွာက္ပတ္လမ္းမ်ား မည္ကဲ့သို႔ ကြဲျပားသည္ကို သာမန္လူမ်ားအား ထုတ္ေဖာ္ျပသရန္ ျဖစ္သည္။ သို႔မွသာ အသံသြင္းထားသည္ကို ေကာင္းေကာင္းအသုံးခ်ႏိုင္မွာျဖစ္၏။

"ဟုတ္တယ္။ ကိုယ္ ဗီလာေရွ႕မွာ ျဖစ္ပ်က္ခဲ့တဲ့ ဗီဒီယိုဖိုင္ကို ျဖတ္ေတာက္လိုက္မယ္။"

မုထ်န္းဟန္ ေရာက္လာၿပီး ေမာ့တိ နံေဘးမွာ ဝင္ထိုင္လိုက္သည္။

"ဒီဗီဒီယိုကို ကိုယ္တကယ္လို႔ ေမာ့မိသားစုနဲ႔ ဆက္ဆံေရးျဖတ္ၿပီးၿပီးခ်င္း အြန္လိုင္းမွာ အခ်ိန္မွန္ တင္လိုက္ရင္ ‌မင္းနာမည္ကိုဖ်က္ဖို႔ ႀကိဳးစားေနတဲ့ ေမာ့မိသားစုရဲ႕အႀကံ ပ်က္သြားလိမ့္မယ္။ တကယ္ေတာ့ ဒီကမာၻမွာ ေလာကအျမင္သုံးမ်ိဳးကိုခြဲျခား ျမင္တဲ့ လူေတြ ရွိေသးတယ္။ အမ်ားစုက ေမာ့ေတြရဲ႕ ရယ္စရာေကာင္းတဲ့ ႐ြံစရာ ေလာ့ဂ်စ္ႀကီးနဲ႔ အေတြးအေခၚေတြကို သေဘာက်ၾကမွာ မဟုတ္ဘူး။”

“ဒါေပမယ့္ ပထမဆုံး ေမးခ်င္တာက ကေလးေလး၊ မင္းဘာလိုခ်င္တာလဲ။ ဆက္ဆံေရးကို မျဖတ္ေတာက္ပဲ အိမ္ျပန္ခ်င္တယ္ဆိုရင္‌ေတာ့ ၊ ဒီဗီဒီယိုကို ဖြင့္ခ်လိုက္လို႔ မျဖစ္ဘူး။ ကိုယ္တို႔ေနာက္ထပ္စဥ္းစားရမယ္…”

"ကြၽန္ေတာ္ အိမ္မျပန္ခ်င္ဘူး။"

ေမာ့တိ၏ မ်က္လုံးမ်ားက နီရဲ‌ေနၿပီး လက္ႏွစ္ဖက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည္။ စကားေျပာေနေသာ သူ႔အသံမွာ အနည္းငယ္တုန္လႈပ္သြားသည္။ ထို႔ေနာက္ သူက က်ယ္ေလာင္ေသာ အသံျဖင့္ ဆိုလာသည္။

“ကြၽန္ေတာ္ မျပန္ဘူး!”

“သူတို႔က ကြၽန္ေတာ့္ကို မႀကိဳက္ဘူး။ ငယ္ငယ္ကတည္းက သူတို႔က ကြၽန္ေတာ့္ကို မႀကိဳက္ဘူး၊ ကြၽန္ေတာ့္ကို ႀကိမ္ဖန္မ်ားစြာ ဆဲဆိုႀကိမ္းေမာင္းတယ္။ တစ္ေန႔ေတာ့ သူတို႔ ကြၽန္ေတာ့္ကို ခ်စ္လာလိမ့္မယ္လို႔ စိတ္ကူးယဥ္ခဲ့ဖူးေပမယ့္ အခုေတာ့ မျဖစ္ႏိုင္ဘူးဆိုတာ ကြၽန္ေတာ္သိပါၿပီ"

ေမာ့တိက သူ႔မ်က္လုံးေတြကို လက္ႏွစ္ဖက္ႏွင့္ သုတ္လိုက္သည္။

"အခုေတာ့ ကြၽန္ေတာ္ေမးခြန္းေတြဝယ္ၿပီး လွည့္စားခဲ့ၾကတယ္လို႔ သူတို႔ အခိုင္အမာ ယုံၾကည္ေနၾကၿပီ။ ကြၽန္ေတာ္မလုပ္ခဲ့တာကို ဝန္ခံေစခ်င္‌ေနၾကတယ္၊ ေထာင္ထဲေရာက္ေစခ်င္‌ေနၾကတယ္။ ဒီလိုမိသားစုမ်ိဳး မလိုခ်င္ေတာ့ဘူး။ သူတို႔က ကြၽန္ေတာ့္မိသားစုမဟုတ္ဘူး"

မုထ်န္းဟန္က သူႏွလုံးအိမ္ထံမွ နာက်င္ကိုက္ခဲမႈကို ခံစားလိုက္ရၿပီး‌ ေမာ့တိကို သူ႔ရင္ခြင္ထဲတြင္ ထည့္၍ ႏွစ္သိမ့္ေပးရန္ဆႏၵရွိေသာ္လည္း ေနာက္ဆုံးတြင္ သူသည္ ေမာ့တိ၏ ပုခုံးကိုသာ အသာအယာ ဆုပ္ကိုင္လိုက္သည္။

“ကိုယ္ သိၿပီ”

"ကိုကို၊ အင္တာနက္ေပၚကလူေတြ ကြၽန္ေတာ့္ကိုေဝဖန္ေနၾကၿပီလို႔ထင္လား"

ေမာ့တိက ေခါင္းကို ဆတ္ခနဲ ေမာ့ကာ မုထ်န္းဟန္ ကို ေၾကာက္လန႔္တၾကား ၾကည့္လိုက္သည္။

"ရဲေတြက ကြၽန္ေတာ့္ကို ဖမ္းဖို႔ လာေနၿပီလား။"

မုထ်န္းဟန္ စကားေျပာသည္ကို မေစာင့္ဘဲ ေမာ့တိက ဆက္ေျပာေလသည္။

“ကြၽန္ေတာ္ စာေမးပြဲ အတြက္ ႀကိဳးစား ေလ့လာခဲ့တာ၊ အဲဒါက ကြၽန္ေတာ့္ရဲ႕ ႀကိဳးစားမႈ ။အားထုတ္မႈေၾကာင့္ပါ အဲဒီလူကို ကြၽန္ေတာ္ တခါမွ မေတြ႕ဖူးဘူး၊ မျမင္ဖူးပါဘူး”

ေမာ့တိသည္ စကားေျပာရင္းႏွင့္ ရပ္လိုက္ၿပီး အံ့အားသင့္ပုံေပါက္ေနခဲ့သည္။ ငါးစကၠန႔္ေျခာက္စကၠန႔္မွ်ၾကာၿပီးေနာက္ သူသည္ မုထ်န္းဟန္ကို လွည့္ၾကည့္လိုက္သည္။

"ကိုကို၊ ကြၽန္ေတာ္ အရင္က ၾကည့္ရတာ က်မ္းခြမ္းခ်န္ဆိုတဲ့လူနဲ႔ ေတြ႕ဖူးပုံရတယ္။"

မုထ်န္းဟန္က သူ၏ မထိန္းႏိုင္ေလာက္ေသာ ေဒါသႏွင့္ ႏွလုံးသားကို ေမာ့တိ မျမင္မီ ဖုံးကြယ္ကာ ၿပဳံးလိုက္သည္။

"မင္း သူ႔ကို အရင္က ျမင္ဖူးတယ္ဆိုတာ ေသခ်ာလား"

"ဟုတ္...ကြၽန္ေတာ္ သူနဲ႔ေတြ႕ဖူးတာ မွတ္မိတယ္"

ေမာ့တိက ေခါင္းညိတ္လိုက္သည္။

“ကိုကို ကြၽန္ေတာ့္အတြက္ ငွားေပးထားတဲ့ တိုက္ခန္းမွာ ေနတဲ့ ဒုတိယေန႔ကလို႔ ထင္တယ္။ ေက်ာင္းမွာအတန္းၿပီးလို႔ အျပန္ ဘတ္စ္ကားမွားလိုက္တာ၊ သတိထားမိတဲ့အခ်ိန္ေရာက္ေတာ့ အေရွ႕ဘက္ ဆင္ေျခဖုံးကို ေရာက္ေနၿပီ၊ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ခဲ့ေပမယ့္ အျပန္ဘတ္စ္ကား မလာဘူးေလ၊ ကြၽန္ေတာ္ ဗိုက္ဆာေနေပမယ့္ အနီးနားမွာလည္း အျမန္စာစတိုးဆိုင္မရွိဘူး၊ ဒါေၾကာင့္ လမ္းဆုံမွာရွိတဲ့ မုန႔္ဆိုင္ကိုသြားၿပီး ဒိုးနပ္ေတြသြား၀ယ္စားခဲ့တာ"

“ေငြရွင္းေကာင္တာက ဝန္ထမ္း မွာထားတာေတြ ထုတ္ေပးတာေစာင့္ေနတုန္း၊ ေ႐ႊခြၽမ္ အဖြဲ႕အစည္းလို႔ေခၚတဲ့ မုန႔္ဆိုင္နဲ႔ မ်က္ေစာင္းထိုးမွာ ခရီးေဆာင္ေသတၱာေတြ သယ္ထားတဲ့ လူေတာ္ေတာ္မ်ားမ်ား ထြက္လာတာကို ေတြ႕လိုက္ရတယ္၊ သူတို႔ထဲက တစ္ေယာက္က က်န္းခြမ္းခ်န္နဲ႔တူတယ္၊ သူ႔ေဘးမွာ ေယာက္်ားတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္လည္းပါတယ္၊ သူတို႔ နဲ႔အတူပါတဲ့ ခရီးေဆာင္အိတ္ေတြက ေတာ္ေတာ္ႀကီးတယ္ဆိုၿပီး ပိုၾကာၾကာ လိုက္ၾကည့္မိလိုက္တာ”

"ေ႐ႊခြၽမ္အဖြဲ႕အစည္း...."

မုထ်န္းဟန္၏မ်က္လုံးမ်ားသည္ အာ႐ုံစူးစိုက္မႈ အျပည့္ျဖစ္သြားသည္။

" ေ႐ႊဟြိဳက္လမ္း ေပၚက ေ႐ႊခြၽမ္ အဖြဲ႕အစည္း..."

“အင္း။”

ေမာ့တိ ျပန္စဥ္းစားၿပီး ေခါင္းညိတ္လိုက္တယ္။

“အိုး၊ ေမ့ေတာ့မလို႔ ။”

မုထ်န္းဟန္ ႐ုတ္တရက္ သက္ျပင္းခ်လိုက္ကာ ဧည့္ခန္းထဲမွ ထြက္လာသည္။ မီးဖိုေခ်ာင္ထဲဝင္လာရင္း ဖုန္းထဲက Weibo ကိုဖြင့္ကာ ရွာေဖြမႈအမ်ားဆုံး စာရင္းကို ႏွိပ္လိုက္သည္ ။

က်န္းခြမ္းခ်န္က ေ႐ႊခြၽမ္ အဖြဲ႕အစည္းႏွင့္ ပက္သက္မႈ ရွိ၊ မရွိကို သူ႔အေနႏွင့္သိလိုသည္။

ေ႐ႊ ခြၽမ္အဖြဲ႕အစည္းက အခ်ိဳ႕ေသာပြဲမ်ား၌ မုထ်န္းဟန္ၾကားသိခဲ့ရသ‌ေလာက္ဆိုပါက ၎သည္ ၿမိဳ႕ေတာ္၏ အထက္အသိုင္းအ၀ိုင္းတြင္ နာမည္ေကာင္းရွိသည္။ ဤအဖြဲ႕အစည္းသည္ ခ်မ္းသာေသာသူမ်ားႏွင့္ အစိုးရဌာနတြင္ ရာထူးအနည္းငယ္ရွိေသာသူမ်ား၏ အငယ္အေႏွာင္းတို႔အား ဖြက္ထားရာေနရာလည္းျဖစ္၏။

ထိုအငယ္အေႏွာင္း(အေပ်ာ္မယား)အခ်ိဳ႕က မ်ားေသာအားျဖင့္ ဤအခြင့္ထူးခံပုဂၢိဳလ္မ်ားႏွင့္ပတ္သက္ေသာ လွ်ိဳ႕ဝွက္ခ်က္မ်ားမ်ားစြာကို သိၾကလိမ့္မည္။

ေဆာင္းပါးကို ရွာရန္ အရွာေဖြဆုံးစာရင္းကို ရွာေဖြရန္ မ်ားစြာအားမထုတ္လိုက္ရေပ။ ဖြင့္လိုက္သည္ႏွင့္ တၿပိဳင္နက္ “သတင္းထူး” ဟူေသာ စကားလုံးႏွင့္ ပူးတြဲပါရွိသည့္ ပထမဆုံးေပၚေနေသာ ေခါင္းစဥ္မွာ “ေကာလိပ္ဝင္ခြင့္စာေမးပြဲ” ဟူေသာ စာတန္းပါသည့္ ေဆာင္းပါးျဖစ္သည္။

မုထ်န္းဟန္ က မွတ္ခ်က္ေတြကို လ်စ္လ်ဴရႈၿပီး ဗီဒီယိုကို တိုက္႐ိုက္သြားကာ အစမွ အဆုံးထိ အျမန္ၾကည့္လိုက္၏။

က်န္းခြမ္းခ်န္ကို သူ႔အငယ္အေႏွာင္း၏ ေနရာ၌မဟုတ္ဘဲ ႏိုက္ကလပ္တြင္ ဖမ္းဆီးမိခဲ့သည္။ ညသန္းေခါင္တြင္ ဖမ္းမိခဲ့သည့္တိုင္ တစ္နာရီအတြင္း ရဲေတြႏွင့္ညႇိႏႈိင္းရာ၌ အသုံးျပဳေနသည့္ ေငြေပးေငြယူ မွတ္တမ္းမ်ား၏ တည္ေနရာမွလြဲ၍ အားလုံးနီးပါးကို ေဖာ္ထုတ္ျခင္းခံခဲ့ရသည္။

ဤအရာသည္ အမွန္တကယ္ကိုသံသယျဖစ္စရာေကာင္းေလသည္။

ထို႔ေနာက္ သူ႔ကိုသူ႔အငယ္အေႏွာင္း၏ ေနရာ၌ ဖမ္းဆီးရမိျခင္းမဟုတ္ရကား ေ႐ႊခြၽမ္အဖြဲ႕အစည္းက အေရးႀကီးသက္ေသျဖစ္ေၾကာင္း ျပရေပမည္။

မုထ်န္းဟန္က သူအလိုခ်င္ဆုံး အခ်က္အလက္မ်ားကို စုေဆာင္းၿပီးေနာက္ ႏို႔ကို ဧည့္ခန္းသို႔ ျပန္ယူသြားခဲ့သည္။ သူကျပန္လာၿပီးေနာက္ မတ္တပ္ရပ္ေနတဲ့ ေမာ့တိကို ေျပာလိုက္သည္။

“လာ၊ ႏို႔လာေသာက္။ ဒါၿပီးရင္း ကိုကို မင္းကို တစ္ေနရာ ေခၚသြားမယ္။"

"ဘယ္ကို..."

"ေ႐ႊခြၽမ္ အဖြဲ႕အစည္းကို။"

ေမာ့တိက ကားထဲတြင္ ထိုင္ကာ မုထ်န္းဟန္၏ စိတ္ေနစိတ္ထားႏွင့္ သူ၏ အေတြးကို ႏႈိင္းယွဥ္ႏိုင္လိုက္သည္။ သူတို႔၏ နည္းလမ္းမ်ားက ကြဲျပားေသာေၾကာင့္ တိတ္တဆိတ္ စိတ္သက္သာရာ ရသြားသည္။ သူသည္ ဟက္ျခင္းမွတစ္ဆင့္ သူ၏ပန္းတိုင္ကို အေရာက္လွမ္းလိုေသာ္လည္း မုထ်န္းဟန္၏နည္းလမ္းမ်ားက ပို၍ျမန္ဆန္သည္။

မည္သို႔ပင္ဆိုေစကာမူ သူ႔ေခါင္းထဲတြင္ အရာအားလုံးကို သိေနေသာ္လည္း အေပၚယံတြင္ ေမာ့တိသည္ ရႈပ္ေထြးေနဟန္ေဆာင္လိုက္ကာ ဘာေၾကာင့္ ေ႐ႊခြၽမ္ အဖြဲ႕အစည္းကို သြားမွာလဲဟု မုထ်န္းဟန္ ကို ေမးလိုက္သည္။ မုထ်န္းဟန္က ထိုေနရာတြင္ က်န္းခြမ္းခ်န္ ႏွင့္ပတ္သက္ေသာ အေရးႀကီးေသာအခ်က္အလက္မ်ားရွိႏိုင္ေၾကာင္း အတိုခ်ဳံးရွင္းျပခဲ့ၿပီး ၎ အခ်က္အလက္မ်ားကို သူ႔အနီးနားရွိသူတစ္ဦးကို ရွာေဖြၿပီး အေသးစိတ္ေမးျမန္းရန္ လိုအပ္ေၾကာင္းေျပာျပခဲ့သည္။

ထို႔ေနာက္ ေမာ့တိသည္ ဉာဏ္အလင္းရ သြားဟန္ေဆာင္လိုက္သည္။

ေ႐ႊခြၽမ္အဖြဲ႕အစည္းသို႔ေရာက္ရွိၿပီးေနာက္ မုထ်န္းဟန္က ေမာ့တိအား ကားထဲတြင္ ထားခဲ့ကာ သဲလြန္စရွာေဖြရန္ သြားခဲ့သည္။ သို႔ေသာ္လည္း သူ ကားထဲမွ ဆင္းလာခ်ိန္မွာေတာ့ ေမာ့တိက သူ႔ကို အ႐ူးအမူး လွမ္းဆြဲလိုက္သည္။ သူ႔၏ အနားကပ္လာၿပီး သူ႔နားထဲကို တိုးတိုးေလးေျပာလာခဲ့သည္။

“ကိုကို ကိုကို၊ ေနာက္ဆုံးတစ္ေခါက္ က်န္းခြမ္ခ်န္ နဲ႔ တြဲေတြ႕ ခဲ့တဲ့ အမ်ိဳးသမီးကို ကြၽန္ေတာ္ေတြ႕လိုက္တယ္။ သူမက ေက်ာက္တုံးႀကီးေဘးနားမွာ။"

မုထ်န္းဟန္၏ နားသည္ ေမာ့တိ၏ ရွဴထုတ္လိုက္ေသာ အပူေငြ႕ေလးေတြ ေၾကာင့္ နား႐ြက္မ်ား ထုံက်ဥ္သလိုျဖစ္သြားၿပီး သူ႔နား႐ြက္အ႐ိုးမ်ားသည္ တခဏခ်င္း ျပတ္ေတာက္သြားသလိုခံစားလိုက္ရသည္။ သူက သဘာဝမက်စြာ ေခ်ာင္းတစ္ခ်က္ဟမ့္လိုက္ၿပီး ေျပာလာသည္။

“ဘယ္မွာလဲ”

"ဟိုမွာ။"

ေမာ့တိက ထိုးျပလိုက္သည္။

မုထ်န္းဟန္က ေမာ့တိ၏လက္ညႇိဳးၫႊန္ရာကို ေနာက္မွလိုက္ၾကည့္လိုက္ေသာအခါ အိမ္ၿခံေျမအဝင္ဝရွိ အေအးေရာင္းစက္တြင္ရပ္ေနသည့္ အမ်ိဳးသမီးတစ္ဦး၏ ေနာက္ေက်ာကို ေတြ႕လိုက္ရသည္။ သူမ၏႐ုပ္ရည္ကိုၾကည့္လွ်င္ အၾကမ္းဖ်င္းအားျဖင့္ ႏွစ္ဆယ့္ခုနစ္ႏွစ္ သို႔မဟုတ္ ႏွစ္ဆယ့္ရွစ္ႏွစ္ခန႔္သာရွိၿပီး ငယ္႐ြယ္ေသး၏။

ငယ္႐ြယ္ျခင္းက ေကာင္းပါသည္။ ေယဘူယ်အားျဖင့္ လူငယ္မ်ားသည္ အလြန္ 'နားလည္မႈ' ရွိသည္။

မုထ်န္းဟန္က စူးရွေသာအၾကည့္ျဖင့္ၾကည့္လိုက္ၿပီး‌ ေနာက္မွ ေမာ့တိကို ထိုအမ်ိဳးသမီးႏွင့္ စကားေျပာဖို႔ ေခၚသြားရန္

ေမာ့တိႏွင့္ မုထ်န္းဟန္ တို႔သည္ အင္တာနက္ေပၚရွိ အရာမ်ား၏လည္ပတ္မႈကို သိပ္ဂ႐ုမစိုက္ခဲ့ၾကေပ။ ပထမ တစ္ခ်က္မွာ ထိုကဲ့ရဲ႕ျခင္းႏွင့္ က်ိန္ဆဲျခင္းမ်ားကို ၾကည့္ျခင္းသည္ သူတို႔အတြက္ ေဒါသႏွင့္ ႐ြံရွာဖြယ္တို႔ကိုသာ ေဆာင္ၾကဥ္းေပးမည္ ျဖစ္ၿပီး သူ႔အေတြးမ်ားအား မ်ားစြာ အက်ိဳးမရွိ‌ေစေပ။ ဒုတိယကမူ ယခုအခ်ိန္တြင္ သူတို႔၌ လိုက္ေလ်ာညီေထြလုပ္ရမည့္ ကိစၥရပ္ေတြ ရွိေနသည္။ ထို႔ေၾကာင့္၊ ေလာေလာဆယ္တြင္ ေမာ့မ်ားက သူတို႔၏ လုပ္ငန္းသုံးWeibo အေကာင့္ကို အသုံးျပဳ၍ သတင္းတစ္ပုဒ္ကို ေၾကညာခဲ့သည္ကို သူတို႔ မသိခဲ့ၾကေပ။

ေမာ့တိက သူ႔ အစ္မ၏ဂုဏ္သိကၡာကို ထိခိုက္ေစရန္ႏွင့္ ဂုဏ္သိကၡာက်ဆင္းေစရန္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေၾကာင္း သူတို႔ကဆိုသည္။ သူ႔မိသားစုကိုလည္း ကဲ့ရဲ႕ရႈံ႕ခ်ခဲ့ဖူးသည္။ သူသည္ သူ႔မိဘမ်ားကို သိကၡာမဲ့ ေစခဲ့သည္။ လိမ္ညာလွည့္ျဖားသည္အထိ မေကာင္း ေသာ လုပ္ရပ္ကိုလုပ္ခဲ့သည္။ ေမာ့မိသားစုအား အခ်ိန္ႏွင့္အမွ် စိတ္ပ်က္ ေစခဲ့ရၿပီး သူတို႔၏ခံစားခ်က္မ်ားကို လုံးဝေၾကမြသြား ေစခဲ့သည္။ သူတို႔သည္ေမာ့တိႏွင့္ ဆက္ဆံေရးကို ျဖတ္ေတာက္ရန္ တရားဝင္နည္းလမ္းမ်ားကို အသုံးျပဳရန္ ဆုံးျဖတ္လိုက္ၾကသည္။

ေအာက္တြင္ စာတမ္းရွည္တစ္ခု ပူးတြဲပါရွိသည္။ ထိုအရာသည္ တရား႐ုံးမွ ဆက္ဆံေရးကို ျဖတ္ေတာက္ရန္ အတည္ျပဳခ်က္လက္မွတ္ႏွင့္ ေမာ့မိသားစုထံမွ တင္သြင္းထားေသာ စြဲခ်က္တင္သည့္ ဥပေဒက်မ္းလည္း ျဖစ္သည္။ ေအာက္ေျခညာဘက္ေထာင့္ရွိ တင္သြင္းေသာရက္စြဲမွာ လြန္ခဲ့သည့္ ေျခာက္ရက္ေလာက္ကတည္းကျဖစ္ေနခဲ့သည္။

ေၾကျငာခ်က္ထြက္လာသာအခါ၌ စိတ္အားထက္သန္ေနေသာ အင္တာနက္သုံးစြဲသူေတြက ေမာ့တိကို ႐ႊံ႕ႏြံထဲ ဆြဲခ်ပါေတာ့သည္။ လိမ္လည္လွည့္ဖ်ားတက္ေသာ ဒုတိယမ်ိဳးဆက္အား စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေသာ အမႈိက္အျဖစ္ ကဲ့ရဲ႕ျပစ္တင္ၾကသည္။ အစ္မႏွင့္ မိဘတို႔ကို ႏွိပ္စက္သည့္ ညစ္ညမ္းသည့္ သား၊ သူက အညစ္အေၾကးမ်ားၾကားတြင္ အညစ္ညမ္းဆုံး အညစ္အေၾကးျဖစ္ကာ သူ႔ကို ႀကီးပ်င္းေအာင္ေကြၽးေမြးျခင္းသည္ အစာကို ျဖဳန္းတီးျခင္းသာျဖစ္ၿပီး သူက ေလထုကို ညစ္ညမ္းေစသည္၊၊ တစ္သက္တစ္ကြၽန္းေထာင္ဒဏ္က သူ႔အတြက္လြယ္လြန္းေနေသးသည္။သူ႔ကို ေသဒဏ္ေပးသင့္၏။

ဤမွတ္ခ်က္အမ်ိဳးအစားမ်ားသည္ လ်င္ျမန္စြာ ထိပ္ဆုံးေနရာရေသာ ေခါင္းစဥ္ႀကီးတစ္ခုျဖစ္လာခဲ့သည္။ သို႔ေသာ္လည္း ေမာ့မိသားစု၏ အျပဳအမူဟာ အလြန္ထူးဆန္းတယ္ဟု ေျပာသူေတြလည္း ရွိခဲ့ပါသည္။ သူတို႔သားေလး မွာဒုကၡေရာက္ေနသည့္ အခ်ိန္တြင္ အဆက္အသြယ္ျဖတ္သြားၾကသည္။ ဤအျဖစ္အပ်က္၏ေနာက္ကြယ္တြင္ လွ်ိဳ႕ဝွက္ခ်က္တစ္ခုရွိေလာက္၏။ သို႔ေသာ္လည္း အဆိုပါမွတ္ခ်က္ကို အင္တာနက္အသုံးျပဳသူ ေထာင္ေပါင္းမ်ားစြာက ခ်က္ခ်င္း ရႈတ္ခ်ခဲ့သည္။

ေမာ့တိ၏ အတန္းေဖာ္မ်ားထံမွ သက္ေသခံခ်က္မ်ားလည္း ရွိခဲ့သည္။

“‌ေမာ့တိက အၿမဲတမ္း ေၾကာင္သူေတာ္လိုပုံနဲ႔တကယ့္ ႐ြံဖို႔ေကာင္းတဲ့ လူပဲ။ သူ႔အစ္မ ေမာ့လွ်ိဳေကြ႕ကို ဒုကၡေပးဖို႔ ႀကိဳးစား႐ုံတင္ဘယ္ကမလဲ။ သူက အရမ္း သနားစရာေကာင္းတဲ့ ပုံဖမ္းၿပီး အမွားအမွန္ ေျပာင္းျပန္လွန္တတ္တဲ့လူ။ မၾကာခင့ကေတာင္ သူ႔အစ္မကို မူးလဲေအာင္လုပ္လို႔ ေဆး႐ုံတင္ထားရေသးတာ။ ဒါေတာင္ ေမာ့လွ်ိဳေကြ႕က ၾကင္နာတတ္ၿပီး ေမာ့တိကို နည္းနည္းမွ အျပစ္မတင္ဘူး။ ေမာ့တိကေတာ့ ၾကင္နာမႈကို အသိအမွတ္မျပဳဘဲ အိမ္က ထြက္ေျပးသြားတဲ့ ေခြးတစ္ေကာင္နဲ႔ေတာင္ တူတယ္။ ေမာ့လွ်ိဳေကြ႕က သူ႔ကိုရွာဖို႔ အတန္းေတြေတာင္ လြတ္သြား ေသးတယ္။ မဟုတ္ရင္ သူမက တစ္ၿမိဳ႕လုံးမွာ အမွတ္အမ်ားဆုံး ၃ ေယာက္ ထဲက တစ္ေယာက္ ျဖစ္လာမွာ ေသခ်ာတယ္။”

…..

ဤသို႔ေသာ အတန္းေဖာ္မ်ား၏ ထြက္ဆိုခ်က္မ်ားသည္ အင္တာနက္သုံးစြဲသူတို႔၏ ေဒါသကို ပိုတိုးေစခဲ့သည္။

အခ်ိန္တိုေလးအတြင္းမွာ ေမာ့တိဆီသို႔က်ိန္ဆဲစာ၊ ေမာ့မိသားစုအတြက္ စာနာနားလည္မႈ၊ ၾကင္နာၿပီး အႏိုင္က်င့္ခံရသည့္မိန္းကေလး ေမာ့လွ်ိဳေကြ႕ အေပၚ စာနာမႈႏွင့္ ခ်စ္ျခင္းတို႔သည္ တစ္ခ်ိန္လုံးမွာ အထြတ္အထိပ္သို႔ ေရာက္ရွိသြားခဲ့သည္။

"ဒီ‌ေမာ့တိက ဘာလို႔ဒီေလာက္႐ြံဖို႔ေကာင္း ေနတာလဲ။ စာေမးပြဲမွာ လွည့္စားရဲတယ္။ ေနာက္ထပ္ ဒုတိယမ်ိဳးဆက္ အညစ္အေၾကးပဲ!”

“တကယ္ႀကီးလား။ စာေမးပြဲမွာ လွည့္စားတာနဲ႔တင္ ႐ြံဖို႔စရာေကာင္းေနၿပီ၊ သူကလည္း သိကၡာမဲ့ေသးတယ္။ ဒီလိုအစ္မေကာင္းတစ္ေယာက္ကို ေစာ္ကားတယ္။ ဒီလိုေကာင္မ်ိဳးက အမႈိက္ေတြထဲမွာ အညစ္ပတ္ဆုံးသူ ျဖစ္လာလိမ့္မယ္။ ငရဲကိုသာသြား!”

“သူ႔အစ္မ ေမာ့လွ်ိဳေကြ႕အတြက္ စိတ္မေကာင္းျဖစ္ရတယ္။ သူ႔ပတ္ဝန္းက်င္မွာ ၿပီးျပည့္စုံေနပုံကို ျမင္ရေတာ့လည္း သေဘာက်တယ္။ ၾကင္နာတယ္၊ လွတယ္၊ ဉာဏ္ေကာင္းတယ္၊ သည္းခံတက္တယ္။ ဒီလို ၿပီးျပည့္စုံတဲ့ မိန္းကေလး ဘယ္မွာရွိႏိုင္မလဲ။ သူမက ႏူးညံ့သိမ္ေမြ႕လြန္းတယ္။ ဒီအမႈိက္လို ေမာင္ကေတာ့ ႐ြံစရာပဲ။ မမေလးေရ၊သူ႔အေပၚကို ထပ္ၿပီး မေကာင္းျပပါနဲ႔ေတာ့ ။ မင္းကိုယ္မင္း နည္းနည္းေလး ပိုေကာင္းေအာင္ ဆက္ဆံပါဦး။နာက်င္လိုက္တာ။ [ငို] [ေပြ႕ဖက္]"

“တခ်ိဳ႕ေယာက္်ားေတြက အမႈိက္ေတြခ်ည္းပဲ။ အထူးသျဖင့္ ဒီေမာ့တိ‌လိုေကာင္ ။ ဒီလို အစ္မကိုေတာင္ အႏိုင္က်င့္တယ္။ မုန္းစရာေကာင္းလြန္းလို႔ သူ႔ကို ေသေစခ်င္လိုက္တာ။ ဒါေပ့မယ္ သူ႔အစ္မကေတာ့ အရမ္းထက္ျမက္ၿပီး လွပတယ္၊ စ႐ိုက္ေကာင္းရွိၿပီး သူမနဲ႔ပတ္သက္တဲ့အရာအားလုံးက ၿပီးျပည့္စုံတာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ သူက သူမကို မနာလိုျဖစ္ၿပီး သိကၡာခ်ခ်င္တာေနမယ္။ စာေမးပြဲမွာ သူ႔အစ္မကို ေက်ာ္ခ်င္တာေၾကာင့္နဲ႔ပဲ လွည့္စားခဲ့တယ္။ အိမ္ကေန ထြက္ေျပးလာတဲ့အတြက္ သူ႔အစ္မက သူကို ရွာေနတဲ့ အခ်ိန္မွာ သူမရဲ႕ စာသင္ယူမႈကို ထိခိုက္ခဲ့ရတယ္။ ဒီေမာ့တိ ကအရမ္း ေၾကာက္စရာေကာင္းလိုက္တာ။”

"ေမာ့မိသားစုက အရမ္းသနားစရာေကာင္းတယ္။ဒီလိုမ်က္လုံးျဖဴဝံပုေလြတစ္ေကာင္ကို ေကြၽးေမြးထားရတယ္။

“စာေမးပြဲေမးခြန္းေတြဝယ္တဲ့သူေတြ ေသသင့္တယ္။ လႊတ္ ေပးလိုက္တဲ့သူ ေတြလည္း ေသရမယ္!”

“လိမ္လည္လွည့္ျဖားမႈျဖစ္ရပ္ကေန၊ ေမာ့မိသားစုက ေယာက္်ားကို မိန္းမထက္ တန္ဖိုးထားတယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလား။ ဒီလိုမွမဟုတ္ရင္ ေမာ့တိက ဘယ္လိုမ်ား ေဒါသႀကီးသြားတာလဲ။ အစ္မျဖစ္သူက ၾကင္နာတတ္တယ္၊ အရမ္းေတာ္တယ္၊ ဉာဏ္ေကာင္းတယ္၊ အရမ္းလွတယ္၊ ႏွိမ့္ခ်တက္တယ္။ ဒီလိုအေျခအေနမ်ိဳးမွာေတာင္ သူ႔ေမာင္ဖို႔ ေတြးေပးေနတုန္းပဲ။ ေသစမ္း! တကယ္ကို အစ္မေကာင္းပဲ။ ဒီလို အစ္မမ်ိဳး အႏိုင္က်င့္တဲ့သူေတြ ေသသင့္တယ္!”

“အားလုံးပဲ။ အဲဒီအညစ္အေၾကး ေမာ့တိကို တစ္သက္လုံး ေထာင္ထဲမွာ ညႇဥ္းပန္းႏွိပ္စက္ခံရၿပီး ပုပ္ပြဖို႔ က်ိန္ဆဲလိုက္ၾကရေအာင္။ သေဘာတူရင္ Like !!!!"

"Like!"

"+ 1"

"+ 10086"

“…”

Xxxxxxxx

Continue Reading

You'll Also Like

223K 7.2K 21
Who thought it would end like this? Who thought you would love a....a human. Should you reveal the truth? Or should you not? A/n, I know Juuzou probe...
190K 32.8K 122
story title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator
19.4K 1.7K 10
အာဏာရှင်ဧကရာဇ်၏ ဧကရီမိဖုရား Associated Names 嫁给暴君的男人[穿书] Author 乔柚 English Title: The man who married Tyrant Status in COO 88 Chapters + 26 Extras အ...