အမြတ်နိုးဆုံးဝမ်

By MaNganLay

53.9K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 28

1K 107 20
By MaNganLay

Part 28

"  မသက်ဆိုင်ဘူးဟုတ်လား
မင်းဘာစကားပြောတာလဲ "

  ကျန်းချန်သက်ပြင်းအရှည်ကြီးချပြီးမှ
စကားစလိုက်သည်။

" ငါဦးလေးက ဝမ်အိမ်တော်ရဲ့မိသားစုဆရာဝန်မို့လို့
ငါပါ အကြောင်းစုံသိနေတာပါ ငါသိတယ်ဆိုတာလည်းဝမ်သခင်လေးသိတယ် "

"  ငါကိုမြန်မြန်ပြောစမ်းပါ ဝမ်ကရှင်းလေးကို
ဒီလောက်ချစ်တာ သူတို့ကဘာကြောင့်
ဘာမှမဆိုင်တာလဲ "

" လူနာအေးဆေးနားပါစေ
ငါတို့မင်းစာကြည့်ခန်းမှာ စကားပြောရအောင် "

  ရှောင်ကျန့် ခေါင်းညိတ်ပြီး  ကျန်းချန်ကို
စာကြည့်ခန်းထဲသို့ ခေါ်လာလိုက်သည်။

" မြန်မြန်ပြော အားနင်ဆီက ဆက်သွယ်လာရင်
ရှင်းလေးဆီ ငါလိုက်သွားရမယ် "

" တိုတိုပြောရရင် ဝမ်ရိပေါ်က ဥက္ကဋ္ဌဝမ်ကျင်းရဲ့
အလုပ်သမားကမွေးတဲ့ကလေးပဲ "

" ဘာ! "

" ဝမ်ရိပေါ်အမေကမွေးမွေးချင်းဆုံးသွားသလို
ဝမ်ရိပေါ်အဖေကလည်း ဝမ်ရိပေါ်ဆယ်နှစ်အရွယ်မှာ
ယဥ်တိုက်မှုနဲ့ ဆုံးသွားလို့
ဥက္ကဋ္ဌက ဝမ်ရိပေါ်ကိုမွေးစားလိုက်တာပဲ "

" ဘာ!.."

" ဝမ်ရိပေါ်ကိုမွေးစားပြီးမှ
ဥက္ကဋ္ဌကတော်က ရှင်းလေးကို ကိုယ်ဝန်ရခဲ့တာ
ဥက္ကဋ္ဌတို့က အရမ်းစိတ်ထားကောင်းသလို
ဝမ်ရိပေါ်ကိုလည်း သားအရင်းလို့ချစ်ခဲ့တယ် "

" ရှင်း​လေးသိလား "

" ဘယ်လိုသိမှာလဲ ဝမ်သခင်လေးကို
သူ့အစ်ကိုရင်းလို့ထင်နေတာ "

ရှောင်ကျန့် ဝမ်ဘဝကိုကြားရတာ
အလွန်ဝမ်းနည်းမိသည်။

" မင်းဖုန်းမြည်နေတယ် "

ကျန်းချန်ပြောလိုက်တော့မှ
အသိဝင်ကာကိုင်လိုက်သည်။

" ကျန်းချန် ငါသွားမှဖြစ်မယ် "

  ရှောင်ကျန် ဖုန်းပြောပြီး
ကျန်းချန်ကို ဝမ်ကိုဂရုစိုက်ဖို့ မှာခဲ့ပြီး
မြန်မြန်ထွက်လာလိုက်သည်။

🌃

....တင်းတောင်

ဘဲတီးသံအကြား ရှောင်တင်းနီ သွား၍ဖွင့်ပေးလိုက်သည်။

" အစ်ကို ဝင်လာခဲ့ပါ "

" ရှင်းလေး ဘယ်မှာလဲ "

" အခန်းထဲမှာအိပ်နေတယ် "

" ဟမ်! "

" ဘားတစ်ခုမှာသောက်နေတာ
ကျွန်တော်ဖုန်းဆက်တော့
တော်တော်မူးနေတာကြောင့်
အိမ်ခေါ်လာခဲ့တာ "

" ကျေးဇူးတင်ပါတယ် တင်းနီ
နောက်မှအစ်ကို ကျေးဇူးပြန်ဆပ်မယ်
အခုတော့ အစ်ကိုချီပြီး ခေါ်သွားမှဖြစ်မယ် "

" ဟုတ်ကဲ့ အစ်ကို  ကျွန်တော်လည်းကူညီပေးပါမယ် "

" အစ်ကို့ကို ကားတံခါးပဲလိုက်ဖွင့်ပေးပါ "

" ဟုတ်ကဲ့ "

  ရှင်းလေးကိုတွေ့မှပဲ ရှောင်ကျန့်စိတ်ချမ်းသာရသည်။
ကောင်စုတ်လေး မသောက်စဖူး သောက်ရတယ်လို့

" သခင်လေး ကျွန်တော်ချီပါမယ် "

အိမ်ရောက်တော့ ကျင်းရီကပြောတာကြောင့်

" အခန်းတံခါးပဲဖွင့်ပေးပါ "

" ဟုတ် "

ရှင်းလေးကို ကုတင်ပေါ်သိပ်ပြီး

" ကျန်းချန်ပြန်သွားပြီလား "

" ဟုတ် ဆေးရုံကအရေးတကြီးဖုန်းဆက်လာတာကြောင့်
ပြန်သွားပါတယ် "

" ရှင်းလေးနိုးလာရင် ခေါင်းကိုက်မှာ
အမူးပြေဟင်းရည် လုပ်ခိုင်းထား "

" ဟုတ်ကဲ့ "

ကျင်းရီသခင်လေးကို စိတ်မချမ်းသာစွာကြည့်လိုက်သည်။

🌃

....❤️

" ရှင်းလေး! "

ဝမ်သတိရလာပြီး ရှင်းလေးကိုခေါ်နေသည်။

" ရှင်းလေးရှီပါတယ် အခန်းထဲမှာအိပ်နေတယ် "

" ဟုတ်လို့လား "

"  ကိုယ်တကယ်ပြောတာပါ ပြန်လှဲလိုက်နော် "

" သွားကြည့်ချင်တယ် "

" ဆေးသွင်းပြီးတဲ့အထိ နားလိုက်ပါ
ကိုယ်တောင်းပန်ပါတယ်ဝမ်
ရှင်းလေးအတွက် မပူပါနဲ့ "

" ညီ  ထမင်းစားပြီးပြီလား "

" ရှင်းလေးကအိပ်နေတယ် "

" ဘာလို့အိပ်တာလဲ အစောကြီးရှီသေးတယ်
နေမကောင်းလို့လား "

" မဟုတ်ပါဘူး ဝမ်လှဲနေနော်
ဗိုက်ကောအောင့်သေးလား "

ရိပေါ်ခေါင်းရမ်းလိုက်သည်။
ရှောင်ကျန့် ဝမ်နောက်ကျောမှာခေါင်းအုံခုကာ
မှီစေလိုက်သည်။

" အားရှီအောင် ငှက်သိုက်သောက်ရအောင်
ကိုယ်ခွံကျွေးမယ် " 

အိမ်ကူလာပေးတော့ ငှက်သိုက်ကို
ဝမ်ကိုခွံလိုက်သည်။

" ရှင်းလေးနဲ့ဘာဖြစ်တာလဲ ကိုယ့်ကိုပြောချင်လား "

ရိပေါ် ရှောင်ကျန့်ကိုကြည့်လိုက်သည်။

" ကိုယ်ဝမ်ကို အသက်ထက်မကချစ်တယ်
ဝမ်ဖြစ်ချင်တာ ကိုယ်အားလုံးလုပ်ပေးမယ်
ဘာက ဝမ်ကိုစိတ်ဖိစီးစေတာလဲ ကိုယ်ကိုပြောပါလား
ကိုယ်ဖြေရှင်းပေးမယ်လေ "

" ကိုကိုဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး "

" ကိုကို.."

ဝမ် ကျွန်တော်ကိုခေါ်လိုက်တာ ကိုကိုတဲ့
ကျွန်တော်အရမ်းဝမ်းသာသွားပြီး ဝမ်နှုတ်ခမ်းကို
နမ်းလိုက်သည်။

" ကိုယ့်ကိုစိတ်ဆိုးပြေသွားပြီလား "

" ကျွန်တော်ကိုလှည့်ဖျားခဲ့လို့ မုန်းပေမဲ့
ကျွန်တော်အားငယ်တိုင်း ကိုကို့ကိုသတိရတယ် "

" ဝမ်ရယ်! "

ရှောင်ကျန့် ဝမ်ကိုဖက်ထားလိုက်သည်။

" ကိုယ်ကအားဖြစ်စေပါမယ်  ကိုယ်ကဝမ်ရဲ့
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဝမ်ကိုအရမ်းချစ်တာပါ "

" ကိုကို.."

ကိုကိုပုခုံးထက်မှာနားရင်း စိတ်ပင်ပန်းမှုကို
လျော့ချလိုက်သည်။ ကျွန်တော်ကိုအရမ်းချစ်လို့
ကျေးဇူးတင်ပါတယ် ကိုကို။

 

Continue Reading

You'll Also Like

618K 59.1K 36
Taekook 💜 ( Own Creation )
228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
233K 22.9K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
177K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."