စုလုရီ
အပိုင်း (၃၃) သုံးပွင့်ဆိုင်
ထိုလူ၏ မျက်နှာကို မြင်လိုက်ရသောအခါ စုလုရီ ထိတ်လန့်သွားလေ၏။
တစ်ချိန်တည်း၌ စုချီကလည်း ရပ်တန့်သွားသည်။
လီရှင်းကျောင်းက သူတို့နှစ်ယောက်ကို သတိမထားမိဘဲ ရှေ့သို့လျှောက်သွားကာ "ရှောင်နျဲ့၊ ဒီနေ့ နေ့လည်စာအတွက် လူတွေ ပိုခေါ်လာလို့ ရတယ် မလား" ဟု မေးလိုက်၏။
နျဲ့ယီဟုက ပြုံးပြကာ "ရတာပေါ့။ ကျွန်တော် အဆင်ပြေပါတယ်" ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် စုလုရီဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်၏။ ထိုအခါ လီရှင်းကျောင်းက အံ့ဩသွားပြီး ... "မင်းတို့နှစ်ယောက်က သိနေကြတာလား" ဟု မေးလိုက်၏။
ထိုအခါ နျဲ့ယီဟုက "ကျွန်တော် မစ္စတာ စုနဲ့တော့ မရင်းနှီးသေးပါဘူး။ ဒါပေမယ့် ရှောင်ရီနဲ့တော့ အရမ်း ရင်းနှီးတယ်။ မစ္စတာ စုနဲ့လည်း နောက်ဆို ရင်းနှီးသွားမှာပါ" ဟု ပြောလိုက်သည်။
နျဲ့ယီဟုက စုလုရီကို ဝင်ရောနေသဖြင့် စုချီ မကြိုက်တော့ပေ။ ထိုအခါ စုလုရီက စုချီအနားသို့ ကပ်ကာ "ကျွန်တော်က လူမှုရေးညံ့လို့ ကျွန်တော် အစ်ကို စကားကိုပဲ နားထောင်တတ်တယ်" ဟု ပြောလိုက်လေ၏။
လီရှင်းကျောင်းက စုလုရီ၏ စကားကို ကြားလိုက်သောအခါ အံ့ဩသွားသည်။ အစပိုင်း၌ စုချီ၏ ဘေး၌ ပါလာသော စုလုရီကို သတိမထားမိသော်လည်း ယခုကဲ့သို့ ပြောလိုက်သောအခါ စုမိသားစု၏ အငယ်ဆုံးသား ဖြစ်နေသည်ကို သိသွား၏။
နျဲ့ယီဟုက ခဏကြာသောအခါ စုလုရီ ဘက်သို့ လှည့်ကာ "ဟိုတစ်ခါတုန်းက မစ္စတာ စုက အရှေ့တောင်အာရှ ဟင်းလျာတွေ ကြိုက်တယ်လို့ ပြောဖူးတယ်နော်။ ကျွန်တော်တို့ဆီက စားဖိုမှူးက အခု မီနူးအသစ် ထွင်ထားတယ်။ လိုက်ပြီးတော့ မြည်းကြည့်ပါလား" ဟု ဖိတ်ခေါ်လိုက်သည်။
ထိုအခါ စုလုရီက "ရပါတယ်။ မလိုက်တော့ပါဘူး။ မစ္စတာ နျဲ့တို့ဆိုင်က စားဖိုမှူးကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ" ဟု ပြန်ပြောလိုက်၏။
နျဲ့ယီဟုက ကြောင်သွားကာ "မဟုတ်ဘူး။ ကျွန်တော် ဖိတ်တာပါ" ဟု ပြောလိုက်လေသည်။
ထိုအခါ ကြားထဲမှ လီရှင်းကျောင်းက "ရှောင်နျဲ့ရေ၊ ဒီတစ်ခါက ကျွန်တော် ဖိတ်ကျွေးတာဆိုတော့ နောက်တစ်ခါမှ ထပ်ချိန်းလိုက်ကြပေါ့။ ဒီတစ်ခါတော့ ကျွန်တော် သွားမယ့်ဆိီကိုပဲ သွားကြတာပေါ့" ဟု ပြောလိုက်တော့၏။
"ဒါဆိုလည်း ကောင်းပါပြီဗျာ" ဟု နျဲ့ယီဟုက ပြန်ပြောလိုက်သည်။
"ဒါရိုက်တာ စုကရော ဘယ်လိုလဲ" ဟု လီရှင်းကျောင်းက မေးလိုက်သောအခါ စုချီက "ဒါရိုက်တာ လီ သဘောအတိုင်းပါပဲ" ဟု ပြန်ဖြေလိုက်လေ၏။
ထို့နောက် အားလုံးက ကုမ္ပဏီ ထွက်ပေါက်ဆီသို့ ဦးတည် လျှောက်လိုက်ကြသည်။
စုလုရီက လမ်းလျှောက်ရင်း စုချီ၏ အနီးမှ တဖြည်းဖြည်း ခွာခွာသွားသဖြင့် စုချီက စုလုရီ၏ ကျောကို ကိုင်ကာ သူ့အနီးသို့ ပြန်ဆွဲကပ်လိုက်သည်။
"ငါ့ အနားမှာပဲနေ။ မင်း ဘာလို့ ထွက်ပြေးနေတာလဲ" ဟုလည်း မေးလိုက်၏။
"အင်းပါ" ဟု စုလုရီက ခေါင်းငုံ့ကာ ဖြေလိုက်တော့သည်။
လီရှင်းကျောင်း ခေါ်သွားသော နေရာမှာ သူတို့ ကုမ္ပဏီဘေးရှိ ကြယ်လေးပွင့် ဟိုတယ်၏ စားသောက်ဆိုင် ဖြစ်၏။
စားသောက်ဆိုင်၏ အပြင်အဆင်မှာ ခမ်းနားလှသည်။ ဈေးနှုန်းမှာလည်း မနည်းလှသဖြင့် ဧည့်သည်များကို ဖိတ်ကျွေးရန် သင့်တော်သည့် နေရာကောင်းတစ်ခု ဖြစ်၏။
ထိုနေရာသို့ စုလုရီတို့ ရောက်သွားသောအခါ ဝန်ထမ်းမှ ကြိုတင် နေရာယူထားသော အခန်းဆီသို့ လမ်းပြပေးသည်။
အခန်းထဲသို့ ရောက်သောအခါ လီရှင်းကျောင်းမှ ဟင်းပွဲများကို မှာလိုက်၏။
စုလုရီက စုချီ၏ ဘေး၌ ဝင်ထိုင်လိုက်ပြီး နျဲ့ယီဟုက စုလုရီဘေးရှိ လွတ်နေသာ ခုံတွင် ဝင်ထိုင်ရန် ကြိုးပမ်းလိုက်သည်။
ထိုအခါ စုချီက ရှောင်ချင်ကို အချက်ပြလိုက်သဖြင့် ရှောင်ချင်က ဝင်တားကာ "အားတော့ နာပါတယ်၊ မစ္စတာ နျဲ့။ ကျွန်တော် သခင်လေးကို ဟင်းထည့်ပေးရမှာမို့ ကျွန်တော် ဒီမှာ ထိုင်မှ ရမှာမို့လို့ပါ" ဟု ပြောပြီး ဝင်ထိုင်လိုက်၏။
ဟင်းလျာများက လျင်မြန်စွာ ရောက်လာခဲ့သည်။
လီရှင်းကျောင်း၊ စုချီနှင့် နျဲ့ယီဟုတို့က အလုပ်ကိစ္စများကို ဆွေးနွေးနေကြသည်။
စုလုရီက အစပိုင်းတွင် ရှက်နေသော်လည်း နောက်ပိုင်း စုချီတို့ စကားပြောနေသည့် အချိန်၌ ခေါင်းမဖော်တမ်း စားလေတော့၏။
ဘေးနားမှနေကာ ဟင်းထည့်ပေးနေသော ရှောင်ချင်မှာလည်း လက်မလည်တော့ပေ။
စားသောက်ပြီးနောက် ဟိုတယ်မှ ထွက်လာခဲ့ကြသည်။
လီရှင်းကျောင်းက တစ်ယောက်ချင်းဆီကို လက်ဆွဲနှုတ်ဆက်လိုက်၏။
နျဲ့ယီဟုက စုလုရီထံ ချဉ်းကပ်ကာ "ကျွန်တော်တို့ ခဏခဏ တွေ့နေတာတောင် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် မရှိသေးဘူးနော်။ ဒါဆို ဒီလို လုပ်ပါလား။ Wechat မှာ အပ်ထားကြမယ်လေ" ဟု ပြောပြီး စုလုရီထံ ဖုန်းထိုးပေးလိုက်သည်။
စုလုရီကလည်း တုန်တုန်ရီရီဖြင့် ဖုန်းကို ထုတ်ကာ အပ်လိုက်ပြီး "ဟု" ဟူသော နာမည်ဖြင့် မှတ်ထားလိုက်၏။
ထိုအခါ နျဲ့ယီဟုက မြင်သွားပြီး "ကျွန်တော့် မျိုးရိုးနာမည်က နျဲ့" ဟု ပြောလိုက်သည်။
စုလုရီက လူမိသွားသဖြင့် လန့်သွားကာ "ဒါဆို မစ္စတာ နျဲ့ရဲ့ နာမည် အပြည့်အစုံက ဘာလဲ" ဟု မေးလိုက်လေ၏။
နျဲ့ယီဟုက အလုပ် လိပ်စာကဒ်ကို စုလုရီထံပေးလိုက်ပြီး "ဒါ ကျွန်တော့် နာမည်" ဟု ပြောလိုက်သည်။
လိပ်စာကဒ်ပေါ်၌ ရေးထားသော နာမည် စာလုံးများမှာ တွန့်လိမ်နေသည့်အပြင် စုချီ၏ အကြည့်ကို ကြောက်နေသဖြင့် စုလုရီက "နျဲ့ချီကျီ" ဟု မှတ်လိုက်လေတော့၏။
နျဲ့ယီဟုမှာ ဘာမှ ဆက်မပြောနိုင်တော့ပေ။
စုချီနှင့် စုလုရီတို့ ကုမ္ပဏီသို့ ပြန်ရောက်သောအခါ စုချီက "မင်း ဒီနေ့လည်ခင်း နားလိုက်တော့" ဟု ပြောလိုက်သည်။
"ဘာလို့လဲ ဟင်"
"မင်း အပြောအဆို တတ်လို့ ဆုချတာ"
စုချီ၏ စကားကို နားမလည်သော်လည်း စုလုရီက ဆုချသည် ဆိုသဖြင့် လက်ခံလိုက်တော့သည်။
ထို့နောက် ရုံးဆင်းချိန်သို့ ရောက်လာကာ အတူတူ ရုံးဆင်းခဲ့ကြ၏။
စုလုရီက စုချီ၏ ကားပေါ်၌ ထိုင်နေရင်း ကျောယားလာသဖြင့် လှုပ်လှုပ်ရွရွ ဖြစ်လာတော့သည်။
ထိုအခါ စုချီက သတိထားမိသွားကာ ကားကို လမ်းဘေးသို့ ချရပ်လိုက်၏။
"မင်း ဘာဖြစ်လို့ လှုပ်ရွနေတာလဲ"
"ယားလို့ အစ်ကိုကြီး"
"ဓာတ်မတည့်တာ ဖြစ်နေတာလား"
"ဟင်"
စုချီက ဘာမှ ဆက်မပြောတော့ဘဲ ကားကို ဆေးရုံသို့ မောင်းသွားလိုက်သည်။
ဆေးရုံသို့ ရောက်သောအခါ စုချီက ကြိုဖုန်းဆက်ထားသဖြင့် ဆရာဝန် အခန်းသို့ တန်းဝင်သွားရ၏။
ဆရာဝန်က စစ်ဆေးမှုတွေ လုပ်ပြီးနောက် "မင်း ရေညှိနဲ့ ဓာတ်မတည့်လို့ ဖြစ်သွားတာ။ အခုက အစဆိုတော့ သိပ် မစိုးရိမ်ရပေမယ့် နောက်ပိုင်း ပိုဆိုးလာရင် အသက် အန္တရာယ်တောင် ရှိနိုင်တယ်။ အခုတော့ သောက်ဆေး ညွှန်းပေးလိုက်မယ်။ ဆေးသောက်လိုက်ရင် သက်သာသွားလိမ့်မယ်" ဟု ပြောလိုက်၏။
စုချီက အိမ်ပြန်နောက်ကျမည် ဖြစ်ကြောင်းကို အိမ်သို့ ဖုန်းဆက်ကာ အကျိုးအကြောင်း ရှင်းပြလိုက်သည်။
စုလုရီက ဆေးရုံအပြင်၌ စောင့်နေလိုက်ပြီး စုချီက ဆေးထုပ်ကို ကိုင်ကာ ဆေးရုံမှ ထွက်လာခဲ့၏။
ထို့နောက် စိတ်တိုနေသော မျက်နှာဖြင့် ဆေးထုပ်ကို ပစ်ပေးကာ "ရော့၊ မင်း ဘာနဲ့ မတည့်ဘူးလဲ ဆိုတာကိုတောင် မသိဘူးလား။ ပြီးတော့ မင်း အဲ့ဒါတွေ အများကြီး စားလာတာ သေချင်လို့လား" ဟု ပြောလိုက်သည်။
စုလုရီက စုချီ ဤကဲ့သို့ ဒေါသထွက်နေသည့်ပုံစံကို မမြင်ဖူးသဖြင့် ကြောင်သွားလေ၏။
ခဏကြာပြီးနောက် စုချီက "ငါ မင်း ရေညှိနဲ့ ဓာတ်မတည့်တာကို မသိခဲ့ဘူး" ဟု လေသံပျော့နှင့် ပြောလိုက်သည်။
ထိုအခါမှသာ စုလုရီက သူ၏ အစ်ကိုကြီးက သူ့ကိုယ်သူ အပြစ်တင်နေကြောင်းကို သိလိုက်လေ၏။
အိမ်သို့ ရောက်သည့်တိုင်အောင် စကားထပ် မပြောကြတော့ဘဲ ကားမောင်းလာခဲ့ကြသည်။
အိမ်သို့ ပြန်ရောက်သောအခါ စုကျစ်ထုံ၊ ယုရှင်းရန်နှင့် စုကျန်းချန်တို့က စုလုရီ၏ သတင်းကို ကြားပြီး စောင့်နေကြသည်ကို တွေ့လိုက်ရ၏။
စုချီက ဘာမှ မပြောဘဲ အပေါ်ထပ်သို့ တန်းတက်သွားလေသည်။
...…….................................
.........................................
အပိုင်း (၃၃) ပြီးပါပြီ။
Zawgyi
စုလုရီ
အပိုင္း (၃၃) သုံးပြင့္ဆိုင္
ထိုလူ၏ မ်က္ႏွာကို ျမင္လိုက္ရေသာအခါ စုလုရီ ထိတ္လန႔္သြားေလ၏။
တစ္ခ်ိန္တည္း၌ စုခ်ီကလည္း ရပ္တန႔္သြားသည္။
လီရွင္းေက်ာင္းက သူတို႔ႏွစ္ေယာက္ကို သတိမထားမိဘဲ ေရွ႕သို႔ေလွ်ာက္သြားကာ "ေရွာင္န်ဲ့၊ ဒီေန႕ ေန႕လည္စာအတြက္ လူေတြ ပိုေခၚလာလို႔ ရတယ္ မလား" ဟု ေမးလိုက္၏။
န်ဲ့ယီဟုက ၿပဳံးျပကာ "ရတာေပါ့။ ကြၽန္ေတာ္ အဆင္ေျပပါတယ္" ဟု ျပန္ေျဖလိုက္သည္။
ထို႔ေနာက္ စုလုရီဘက္သို႔ လွည့္ကာ ႏႈတ္ဆက္လိုက္၏။ ထိုအခါ လီရွင္းေက်ာင္းက အံ့ဩသြားၿပီး ... "မင္းတို႔ႏွစ္ေယာက္က သိေနၾကတာလား" ဟု ေမးလိုက္၏။
ထိုအခါ န်ဲ့ယီဟုက "ကြၽန္ေတာ္ မစၥတာ စုနဲ႕ေတာ့ မရင္းႏွီးေသးပါဘူး။ ဒါေပမယ့္ ေရွာင္ရီနဲ႕ေတာ့ အရမ္း ရင္းႏွီးတယ္။ မစၥတာ စုနဲ႕လည္း ေနာက္ဆို ရင္းႏွီးသြားမွာပါ" ဟု ေျပာလိုက္သည္။
န်ဲ့ယီဟုက စုလုရီကို ဝင္ေရာေနသျဖင့္ စုခ်ီ မႀကိဳက္ေတာ့ေပ။ ထိုအခါ စုလုရီက စုခ်ီအနားသို႔ ကပ္ကာ "ကြၽန္ေတာ္က လူမႈေရးညံ့လို႔ ကြၽန္ေတာ္ အစ္ကို စကားကိုပဲ နားေထာင္တတ္တယ္" ဟု ေျပာလိုက္ေလ၏။
လီရွင္းေက်ာင္းက စုလုရီ၏ စကားကို ၾကားလိုက္ေသာအခါ အံ့ဩသြားသည္။ အစပိုင္း၌ စုခ်ီ၏ ေဘး၌ ပါလာေသာ စုလုရီကို သတိမထားမိေသာ္လည္း ယခုကဲ့သို႔ ေျပာလိုက္ေသာအခါ စုမိသားစု၏ အငယ္ဆုံးသား ျဖစ္ေနသည္ကို သိသြား၏။
န်ဲ့ယီဟုက ခဏၾကာေသာအခါ စုလုရီ ဘက္သို႔ လွည့္ကာ "ဟိုတစ္ခါတုန္းက မစၥတာ စုက အေရွ႕ေတာင္အာရွ ဟင္းလ်ာေတြ ႀကိဳက္တယ္လို႔ ေျပာဖူးတယ္ေနာ္။ ကြၽန္ေတာ္တို႔ဆီက စားဖိုမႉးက အခု မီႏူးအသစ္ ထြင္ထားတယ္။ လိုက္ၿပီးေတာ့ ျမည္းၾကည့္ပါလား" ဟု ဖိတ္ေခၚလိုက္သည္။
ထိုအခါ စုလုရီက "ရပါတယ္။ မလိုက္ေတာ့ပါဘူး။ မစၥတာ န်ဲ့တို႔ဆိုင္က စားဖိုမႉးႀကီးကို ေက်းဇူးတင္ပါတယ္လို႔ ေျပာေပးပါ" ဟု ျပန္ေျပာလိုက္၏။
န်ဲ့ယီဟုက ေၾကာင္သြားကာ "မဟုတ္ဘူး။ ကြၽန္ေတာ္ ဖိတ္တာပါ" ဟု ေျပာလိုက္ေလသည္။
ထိုအခါ ၾကားထဲမွ လီရွင္းေက်ာင္းက "ေရွာင္န်ဲ့ေရ၊ ဒီတစ္ခါက ကြၽန္ေတာ္ ဖိတ္ေကြၽးတာဆိုေတာ့ ေနာက္တစ္ခါမွ ထပ္ခ်ိန္းလိုက္ၾကေပါ့။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္ သြားမယ့္ဆိီကိုပဲ သြားၾကတာေပါ့" ဟု ေျပာလိုက္ေတာ့၏။
"ဒါဆိုလည္း ေကာင္းပါၿပီဗ်ာ" ဟု န်ဲ့ယီဟုက ျပန္ေျပာလိုက္သည္။
"ဒါရိုက္တာ စုကေရာ ဘယ္လိုလဲ" ဟု လီရွင္းေက်ာင္းက ေမးလိုက္ေသာအခါ စုခ်ီက "ဒါရိုက္တာ လီ သေဘာအတိုင္းပါပဲ" ဟု ျပန္ေျဖလိုက္ေလ၏။
ထို႔ေနာက္ အားလုံးက ကုမၸဏီ ထြက္ေပါက္ဆီသို႔ ဦးတည္ ေလွ်ာက္လိုက္ၾကသည္။
စုလုရီက လမ္းေလွ်ာက္ရင္း စုခ်ီ၏ အနီးမွ တျဖည္းျဖည္း ခြာခြာသြားသျဖင့္ စုခ်ီက စုလုရီ၏ ေက်ာကို ကိုင္ကာ သူ႕အနီးသို႔ ျပန္ဆြဲကပ္လိုက္သည္။
"ငါ့ အနားမွာပဲေန။ မင္း ဘာလို႔ ထြက္ေျပးေနတာလဲ" ဟုလည္း ေမးလိုက္၏။
"အင္းပါ" ဟု စုလုရီက ေခါင္းငုံ႕ကာ ေျဖလိုက္ေတာ့သည္။
လီရွင္းေက်ာင္း ေခၚသြားေသာ ေနရာမွာ သူတို႔ ကုမၸဏီေဘးရွိ ၾကယ္ေလးပြင့္ ဟိုတယ္၏ စားေသာက္ဆိုင္ ျဖစ္၏။
စားေသာက္ဆိုင္၏ အျပင္အဆင္မွာ ခမ္းနားလွသည္။ ေဈးႏႈန္းမွာလည္း မနည္းလွသျဖင့္ ဧည့္သည္မ်ားကို ဖိတ္ေကြၽးရန္ သင့္ေတာ္သည့္ ေနရာေကာင္းတစ္ခု ျဖစ္၏။
ထိုေနရာသို႔ စုလုရီတို႔ ေရာက္သြားေသာအခါ ဝန္ထမ္းမွ ႀကိဳတင္ ေနရာယူထားေသာ အခန္းဆီသို႔ လမ္းျပေပးသည္။
အခန္းထဲသို႔ ေရာက္ေသာအခါ လီရွင္းေက်ာင္းမွ ဟင္းပြဲမ်ားကို မွာလိုက္၏။
စုလုရီက စုခ်ီ၏ ေဘး၌ ဝင္ထိုင္လိုက္ၿပီး န်ဲ့ယီဟုက စုလုရီေဘးရွိ လြတ္ေနသာ ခုံတြင္ ဝင္ထိုင္ရန္ ႀကိဳးပမ္းလိုက္သည္။
ထိုအခါ စုခ်ီက ေရွာင္ခ်င္ကို အခ်က္ျပလိုက္သျဖင့္ ေရွာင္ခ်င္က ဝင္တားကာ "အားေတာ့ နာပါတယ္၊ မစၥတာ န်ဲ့။ ကြၽန္ေတာ္ သခင္ေလးကို ဟင္းထည့္ေပးရမွာမို႔ ကြၽန္ေတာ္ ဒီမွာ ထိုင္မွ ရမွာမို႔လို႔ပါ" ဟု ေျပာၿပီး ဝင္ထိုင္လိုက္၏။
ဟင္းလ်ာမ်ားက လ်င္ျမန္စြာ ေရာက္လာခဲ့သည္။
လီရွင္းေက်ာင္း၊ စုခ်ီႏွင့္ န်ဲ့ယီဟုတို႔က အလုပ္ကိစၥမ်ားကို ေဆြးေႏြးေနၾကသည္။
စုလုရီက အစပိုင္းတြင္ ရွက္ေနေသာ္လည္း ေနာက္ပိုင္း စုခ်ီတို႔ စကားေျပာေနသည့္ အခ်ိန္၌ ေခါင္းမေဖာ္တမ္း စားေလေတာ့၏။
ေဘးနားမွေနကာ ဟင္းထည့္ေပးေနေသာ ေရွာင္ခ်င္မွာလည္း လက္မလည္ေတာ့ေပ။
စားေသာက္ၿပီးေနာက္ ဟိုတယ္မွ ထြက္လာခဲ့ၾကသည္။
လီရွင္းေက်ာင္းက တစ္ေယာက္ခ်င္းဆီကို လက္ဆြဲႏႈတ္ဆက္လိုက္၏။
န်ဲ့ယီဟုက စုလုရီထံ ခ်ဥ္းကပ္ကာ "ကြၽန္ေတာ္တို႔ ခဏခဏ ေတြ႕ေနတာေတာင္ ဆက္သြယ္လို႔ရမယ့္ ဖုန္းနံပါတ္ မရွိေသးဘူးေနာ္။ ဒါဆို ဒီလို လုပ္ပါလား။ Wechat မွာ အပ္ထားၾကမယ္ေလ" ဟု ေျပာၿပီး စုလုရီထံ ဖုန္းထိုးေပးလိုက္သည္။
စုလုရီကလည္း တုန္တုန္ရီရီျဖင့္ ဖုန္းကို ထုတ္ကာ အပ္လိုက္ၿပီး "ဟု" ဟူေသာ နာမည္ျဖင့္ မွတ္ထားလိုက္၏။
ထိုအခါ န်ဲ့ယီဟုက ျမင္သြားၿပီး "ကြၽန္ေတာ့္ မ်ိဳးရိုးနာမည္က န်ဲ့" ဟု ေျပာလိုက္သည္။
စုလုရီက လူမိသြားသျဖင့္ လန႔္သြားကာ "ဒါဆို မစၥတာ န်ဲ့ရဲ႕ နာမည္ အျပည့္အစုံက ဘာလဲ" ဟု ေမးလိုက္ေလ၏။
န်ဲ့ယီဟုက အလုပ္ လိပ္စာကဒ္ကို စုလုရီထံေပးလိုက္ၿပီး "ဒါ ကြၽန္ေတာ့္ နာမည္" ဟု ေျပာလိုက္သည္။
လိပ္စာကဒ္ေပၚ၌ ေရးထားေသာ နာမည္ စာလုံးမ်ားမွာ တြန႔္လိမ္ေနသည့္အျပင္ စုခ်ီ၏ အၾကည့္ကို ေၾကာက္ေနသျဖင့္ စုလုရီက "န်ဲ့ခ်ီက်ီ" ဟု မွတ္လိုက္ေလေတာ့၏။
န်ဲ့ယီဟုမွာ ဘာမွ ဆက္မေျပာနိုင္ေတာ့ေပ။
စုခ်ီႏွင့္ စုလုရီတို႔ ကုမၸဏီသို႔ ျပန္ေရာက္ေသာအခါ စုခ်ီက "မင္း ဒီေန႕လည္ခင္း နားလိုက္ေတာ့" ဟု ေျပာလိုက္သည္။
"ဘာလို႔လဲ ဟင္"
"မင္း အေျပာအဆို တတ္လို႔ ဆုခ်တာ"
စုခ်ီ၏ စကားကို နားမလည္ေသာ္လည္း စုလုရီက ဆုခ်သည္ ဆိုသျဖင့္ လက္ခံလိုက္ေတာ့သည္။
ထို႔ေနာက္ ႐ုံးဆင္းခ်ိန္သို႔ ေရာက္လာကာ အတူတူ ႐ုံးဆင္းခဲ့ၾက၏။
စုလုရီက စုခ်ီ၏ ကားေပၚ၌ ထိုင္ေနရင္း ေက်ာယားလာသျဖင့္ လႈပ္လႈပ္႐ြ႐ြ ျဖစ္လာေတာ့သည္။
ထိုအခါ စုခ်ီက သတိထားမိသြားကာ ကားကို လမ္းေဘးသို႔ ခ်ရပ္လိုက္၏။
"မင္း ဘာျဖစ္လို႔ လႈပ္႐ြေနတာလဲ"
"ယားလို႔ အစ္ကိုႀကီး"
"ဓာတ္မတည့္တာ ျဖစ္ေနတာလား"
"ဟင္"
စုခ်ီက ဘာမွ ဆက္မေျပာေတာ့ဘဲ ကားကို ေဆး႐ုံသို႔ ေမာင္းသြားလိုက္သည္။
ေဆး႐ုံသို႔ ေရာက္ေသာအခါ စုခ်ီက ႀကိဳဖုန္းဆက္ထားသျဖင့္ ဆရာဝန္ အခန္းသို႔ တန္းဝင္သြားရ၏။
ဆရာဝန္က စစ္ေဆးမႈေတြ လုပ္ၿပီးေနာက္ "မင္း ေရညွိနဲ႕ ဓာတ္မတည့္လို႔ ျဖစ္သြားတာ။ အခုက အစဆိုေတာ့ သိပ္ မစိုးရိမ္ရေပမယ့္ ေနာက္ပိုင္း ပိုဆိုးလာရင္ အသက္ အႏၲရာယ္ေတာင္ ရွိနိုင္တယ္။ အခုေတာ့ ေသာက္ေဆး ၫႊန္းေပးလိုက္မယ္။ ေဆးေသာက္လိုက္ရင္ သက္သာသြားလိမ့္မယ္" ဟု ေျပာလိုက္၏။
စုခ်ီက အိမ္ျပန္ေနာက္က်မည္ ျဖစ္ေၾကာင္းကို အိမ္သို႔ ဖုန္းဆက္ကာ အက်ိဳးအေၾကာင္း ရွင္းျပလိုက္သည္။
စုလုရီက ေဆး႐ုံအျပင္၌ ေစာင့္ေနလိုက္ၿပီး စုခ်ီက ေဆးထုပ္ကို ကိုင္ကာ ေဆး႐ုံမွ ထြက္လာခဲ့၏။
ထို႔ေနာက္ စိတ္တိုေနေသာ မ်က္ႏွာျဖင့္ ေဆးထုပ္ကို ပစ္ေပးကာ "ေရာ့၊ မင္း ဘာနဲ႕ မတည့္ဘူးလဲ ဆိုတာကိုေတာင္ မသိဘူးလား။ ၿပီးေတာ့ မင္း အဲ့ဒါေတြ အမ်ားႀကီး စားလာတာ ေသခ်င္လို႔လား" ဟု ေျပာလိုက္သည္။
စုလုရီက စုခ်ီ ဤကဲ့သို႔ ေဒါသထြက္ေနသည့္ပုံစံကို မျမင္ဖူးသျဖင့္ ေၾကာင္သြားေလ၏။
ခဏၾကာၿပီးေနာက္ စုခ်ီက "ငါ မင္း ေရညွိနဲ႕ ဓာတ္မတည့္တာကို မသိခဲ့ဘူး" ဟု ေလသံေပ်ာ့ႏွင့္ ေျပာလိုက္သည္။
ထိုအခါမွသာ စုလုရီက သူ၏ အစ္ကိုႀကီးက သူ႕ကိုယ္သူ အျပစ္တင္ေနေၾကာင္းကို သိလိုက္ေလ၏။
အိမ္သို႔ ေရာက္သည့္တိုင္ေအာင္ စကားထပ္ မေျပာၾကေတာ့ဘဲ ကားေမာင္းလာခဲ့ၾကသည္။
အိမ္သို႔ ျပန္ေရာက္ေသာအခါ စုက်စ္ထုံ၊ ယုရွင္းရန္ႏွင့္ စုက်န္းခ်န္တို႔က စုလုရီ၏ သတင္းကို ၾကားၿပီး ေစာင့္ေနၾကသည္ကို ေတြ႕လိုက္ရ၏။
စုခ်ီက ဘာမွ မေျပာဘဲ အေပၚထပ္သို႔ တန္းတက္သြားေလသည္။
...…….................................
.........................................
အပိုင္း (၃၃) ၿပီးပါၿပီ။