အမြတ်နိုးဆုံးဝမ်

By MaNganLay

56.5K 4.6K 342

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 25

1.2K 109 3
By MaNganLay

Part 25

" ဝမ်..ဝမ်ရိပေါ်!..."

မနက်မိုးလင်းလင်းချင်း ဝမ်ကိုနှိုးလို့မရတာကြောင့်
ရှောင်ကျန့်စိတ်ပူသွားပြီး ဆရာဝန်ကိုခေါ်လိုက်သည်။

" ငါဆေးထိုးပေးခဲ့တယ်
တစ်ခုခုထပ်ဖြစ်ရင် ငါဆီအချိန်မရွေးဖုန်းဆက်လိုက် "

" အင်း...ကျန်းချန်! "

" ဒါနဲ့ရှင်းလေးကော "

" အခုမှ၇နာရီထိုးသေး​တော့
အိပ်နေသေးတယ်ထင်တယ်
ဘာဖြစ်လို့လဲ ကျန်းချန်! "

" ရှင်းလေးကျန်းမာရေးကို
အားမရလို့ဆေးစစ်ချင်လို့ "

" ရှင်းလေးနေကောင်းပါတယ် ဆေးလည်းပုံမှန်သောက်နေတာ
မင်းကဒေါက်တာဖြစ်ပြီး လူတွေ့တာနဲ့
ဆေးစစ်ဖို့ပဲပြောနေတာ "

" လိုအပ်လို့ပေါ့ကွ..ရှောင်ကျန့် မင်းကတော့
ငါပြန်ပြီ "

" အင်း! "

  ရှောင်ဝမ် အောက်ထပ်မဆင်းခင်
ဒေါက်တာကိုတွေ့တာကြောင့် မေးလိုက်သည်။

" ဒေါက်တာ ဘယ်သူ့ဘာဖြစ်လို့လဲ "

" ဝမ်သခင်လေးဖျားတာပါ "

" ဗျာ!..ကျွန်တော်သွားကြည့် "

" သူတို့နှစ်ယောက်တည်းပဲ ထားလိုက်ပါ "

ဒေါက်တာပြောတာကြောင့် ရှောင်ဝမ် မနက်စောစော
ဝင်မကြည့်သင့်တာကြောင့် အောက်ထပ်ပဲ
ဆက်ဆင်းသွားလိုက်သည်။

  မနက်ရှစ်နာရီထိုးတော့ ဝမ်နိုးလာသည်။

" ရှင်းလေး!..ရှင်းလေး "

ရှင်းလေးကိုယောင်ရင်း တိတ်လန့်တကြားနိုးလာတဲ့ဝမ်ကိုဖက်ထားလိုက်သည်။

" ကိုယ်ရှီတယ်..ကိုယ်ရှီတယ် "

  ဝမ်ကျောကိုဖွဖွလေးပုတ်ကာ နှစ်သိမ့်လိုက်သည်။

" အဟွတ်..အဟွတ်! "

ဝမ်ရဲ့ချောင်းဆိုးသံကြောင့် ချက်ခြင်းနဖူးကိုစမ်းလိုက်သည်။

" ကိုယ်တွေပူနေသေးတယ် "

ဝမ်ရိပေါ်သည် ရှောင်ကျန့်လက်ကိုပုတ်ထုတ်ကာ
မေးလိုက်သည်။

" ဘယ်နှနာရီထိုးပြီလဲ "

" မနက်၈နာရီပဲရှီသေးတယ် ဆက်အိပ်လိုက်အုံး
ဒါမှမဟုတ် တစ်ခုခုစားပြီးမှ ပြန်အိပ်မလား "

" ရှင်းလေးနဲ့ မနက်စာ စားရအုံးမှာ ကျွန်တော်ရေချိုး.. "

ဝမ်ရိပေါ်စောင်ကိုဖယ် ကုတင်ပေါ်ကအဆင်း
ထရပ်လိုက်ပေမဲ့ အားနည်းနေတာကြောင့်
ခန္ဓာကိုယ်ယိုင်သွားသည်။

" ဝမ်!.."

ရှောင်ကျန့်ရင်ခွင်ထဲ ဝမ်ခန္ဓာကိုယ်ရောက်သွားသည်။

" ကျွန်တော်ကိုလွှတ်ပါ "

" ရေနွေးနွေးလေးနဲ့ ကိုယ်ချိုးပေးမယ် "

" လွှတ်ပါဆို! "

" ဝမ်ကိုယ့်စကားနားထောင်
မင်းထပ်မေ့မလဲချင်ရင် "

ကျွန်တော်မအော်ချင်ပေမဲ့ လေသံမာသွားသည်။
ဝမ်လည်း ငြိမ်သွားပြီး ခေါင်းညိတ်သည်။

" ကိုယ့်ရေသွားစပ်လိုက်အုံးမယ် "

ဝမ်ကို မွေ့ယာပေါ် ထိုင်ခိုင်းပြီး
ရေနွေးနွေးလေးစပ်လိုက်သည်။

" ကိုယ် အဝတ်အစားချွတ်ပေးမယ်နော် "

  ဝမ်အင်္ကျီကြယ်သီးဖြုတ်ကာ ဆိုလိုက်သည်။

" ဘာလို့ခွင့်တောင်းနေတာလဲ
ခင်ဗျားပဲ အတင်းအကျပ်ထိခဲ့ပြီးမှ "

" ကိုယ်တောင်းပန်ပါတယ် "

ဝမ်အဝတ်အစားကိုချွတ်ပြီး ပွေ့ချီကာ ရေထဲစိမ်လိုက်သည်။

" ကိုယ့်ဆပ်ပြာတိုက်ပေးမယ်
အကြာကြီးရေစိမ်လို့မရဘူး
ဝမ်ကိုယ်ပူနေတာ "

ရှောင်ကျန့်ပြောပြီး ကျွန်တော်ကို
သေချာဆပ်ပြာတိုက်ကာ
ရေချိုးပေးသည်။

" ဘာဝတ်ချင်လဲ ကိုယ်ထုတ်ပေးမယ် "

ဝမ်ခန္ဓာကိုယ်ကို သဘတ်နဲ့သုတ်ပေးပြီး
မေးလိုက်သည်။

" အပိုတွေ.."

ရှောင်ကျန့်ပြုံးပြီး ဆွယ်တာအပြာနဲ့
ဘောင်းဘီရှည်ထုတ်ကာ
ဝမ်ကိုဝတ်ဆင်ပေးလိုက်သည်။

" ကိုယ့် creamလိမ်းပေးမယ် "

" အင်း "

ဝမ်ကိုနေမကောင်းတဲ့သူနဲ့ မတူအောင်
လန်းဆန်းအောင်ပြင်ပေးလိုက်သည်။

"  မနက်စာစားရအောင် "

" အင်း.."

  အောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းထဲမှာ
ရှောင်ဝမ်ကိုတွေ့သည်။

" ပေါ်လေးနေမကောင်းဘူးဆိုလို့ ဆန်ပြုတ် ပြုတ်ထားတယ် "

" ရှင်းလေးမလာခင် ပြန်သိမ်းလိုက် "

" အစ်ကို! "

  ရှောင်ကျန့်ပြောတာမှန်တာကြောင့် ဝမ်ရိပေါ်
ခေါင်းညိတ်လိုက်သည်။

" ပြန်သိမ်းလိုက်ပါ "

" လူဆိုတာနေမကောင်းဖြစ်တက်တာပဲ
ရှင်းလေးကို ဖုန်းကွယ်ဖို့ လိုလို့လား ''

"  ပြန်သိမ်းလိုက်ပါ ရှောင်ဝမ်
မင်း င့ါညီအကြောင်းမသိပါဘူး "

ရိပေါ်ပြောပြီး အိမ်ကူတွေကို မြန်မြန်သိမ်းခိုင်းလိုက်သည်။

" ကိုကို ကျွန်တော်ဗိုက်ဆာနေပြီ "

   ကျောင်းယူနီဖောင်းအဆင့်သင့်ဝတ်ဆင်ထားပြီး
ရှင်းလေးက ဗိိုက်ကိုပွတ်ကာဆိုသည်။

"  ကိုကိုတို့အားလုံး ကလေးကိုစောင့်နေတာ "

ရှင်းလေးထိုင်ကာ ကော်ဖီအရင်သောက်သည်။

" အစာအရင်စား "

ရှင်းလေး အီတလီခေါက်ဆွဲကို
အားရပါး ဆွဲနေသည်။

" ဖြေးဖြေးစား "

ရှောင်ဝမ် ပေနေသောရှင်းလေး ပါးစပ်ကို
သုတ်ပေးကာ ဆိုလိုက်သည်။

" စားချင်သေးတယ် "

ရှောင်ကျန့် စာဖိုးမှူးကို နောက်တစ်ပွဲ မြန်မြန်
လုပ်ခိုင်းလိုက်သည်။

" ကိုကိုပန်းကန်ထဲကခေါက်ဆွဲစား "

ရိပေါ် သူ့ပန်းကန်ကို ကလေးရှေ့ချပေးလိုက်သည်။

" ကိုကိုဟာက လျော့လည်းမလျော့ဘူး
ကိုကိုနေမကောင်းဘူးလား "

" ကောင်းပါတယ် ကိုကိုကကိတ်စားတာများသွားလို့ "

ရိရှင်း သူ့အစ်ကို့မျက်နှာကို သေချာကြည့်နေသည်။

" မျက်နှာမကောင်းသလိုပဲ "

" ကောင်းပါတယ် ညီဝအောင်စား
ရှောင်ဝမ် ညီကိုကျောင်းလိုက်ပို့ပေး "

" အင်း.."

ရှောင်ဝမ် အစ်ကိုဖြစ်သူကိုကြည့်လိုက်တော့
သူလိုက်ပို့မယ်လို့မ​ငြင်းတော့ပဲ
ကော်ဖီ အေးဆေးသောက်နေသည်။

" တာ့တာ👋 "

ရိပေါ် ညီလေးကိုပွေ့ဖက်ချင်ပေမဲ့
ကိုယ်ကပူနေတာ​ကြောင့် တာတာပဲပြလိုက်သည်။

" ပြန်ပြီအနားယူလိုက်ရအောင် ဝမ် "

" ကျွန်တော်အနားယူမှာပါ
ကျွန်တော်ဖျားရတာကိုမုန်းတယ်
ခင်ဗျား ကုမ္ပဏီသွားပါတော့ "

  ရှောင်ကျန့် ဝမ်ကိုယ်ကိုမကာ ချီလိုက်သည်။

" ခင်ဗျားဘာလုပ်တာလဲ "

" အိပ်ရာထဲပို့ပေးမလို့ ငြိမ်ငြမ်နေ "

ရိပေါ်ပြုတ်မကျအောင်ပဲ
ရှောင်ကျန့်ပုခုံးကိုဖက်ကာ ငြိမ်နေလိုက်သည်။
ဝမ်ကို မွေ့ယာပေါ်ချပေးပြီး ရှောင်ကျန့်
စောင်ခြုံပေးလိုက်သည်။ အိမ်စေက
ပဲနို့ခွက်ယူလာသည်။

" ပဲနို့သောက်ပြီး ဆေးသောက်ရအောင် "

" မသောက်ချင်ဘူး "

" ဝမ်ပဲနေမြန်မြန်ကောင်းချင်တယ်ဆို "

ရိပေါ်ယူပြီး မော့ချလိုက်သည်။ ရှောင်ကျန့်က
သူ့လက်ထဲဆေးပေးကာ သေချာတိုက်သည်။

" အိပ်ပျော်အောင်အိပ် "

" အင်း "

ရိပေါ်အိပ်ပျော်သွားလေသည်။ အိပ်စုံမှုန့်ဝါးနဲ့
မျက်လုံးဖွင့်ကြည့်တိုင်း ရှောင်ကျန့်ကိုတွေ့သည်။
မျက်လုံးပွင့်လာတိုင်း
သူက ဂရုစိုက်စွာမေးပေးမဲ့ ကြားတချက်
မကြားတချက်ဖြစ်ကာ ပြန်ပြန်အိပ်ပျော်သွားသည်။




Continue Reading

You'll Also Like

125K 23.1K 51
❤️.... සංසාර ගත වෛරයක් ...හ්ම්ම් ..එහෙම හිතමු... මම එහෙනම් ඔයාව දකින්න එනවා මිස්ටර් යීබෝ ... ලෑස්තිවෙලා ඉන්න මගේ අය වෙනුවෙන් විදවන්න්..... 💚...
77.9K 10.9K 46
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
24.8K 3.6K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
350K 64.5K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!