ချစ်မှရမယ် (Complete)
By Drabin-one
199K 4.3K 213
"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို န... More
PART 1❣️(Uni/Zaw)
PART2❣️(Uni/Zaw)
PART 3❣️(Uni/Zaw)
PART 4❣️(Uni/Zaw)
PART 5❣️(Uni/Zaw)
PART 6❣️(Uni/Zaw)
PART 7❣️(Uni/Zaw)
PART 8❣️(Uni/Zaw)
PART 9❣️(U/Z)
PART 10❣️(U/Z)
PART 11❣️(U/Z)
PART 12❣️(U/Z)
PART 13❣️(U/Zaw)
PART 14❣️(U/Z)
PART 15❣️(U/Z)
PART16❣️(U/Z)
PART17❣️(U/Z)
PART 18❣️(U/Z)
PART 19❣️(U/Z)
PART 20❣️(U/Z)
PART 22❣️(U/Z)
PART 23❣️(U/Z)
PART 24❣️(U/Z)
PART 25❣️(U/Z)
PART 26❣️(U/Z)
PART 27❣️(U/Z)
PART 28 Final❣️(U/Z)
PART 21❣️(U/Z)
5.7K 133 0
By Drabin-one
PART 21❣️
" နေရာနည်းနည်းပဲယူတာလေဗျာ"
"မရဘူး"
"ခင်ဗျားကျထိုးထားပြီး ကျွန်တော်လည်းထိုးချင်တာပေါ့"
"မရဘူးဆို မရဘူးဘဲကလေး "
သူရေချိုးတဲ့နေရာအထိကို အနောက်ကနေ တကောက်ကောက်လိုက်လာပြီး ရင်ဘက်ပေါ်က Phoenixတတ်တူးကို နမ်းလိုက်ကိုက်လိုက်နဲ့ကပ်ပါလာပြီး သူထိုးထားသလို ပုံသေးသေးလေးတစ်ခုလောက် ထိုးချင်လို့ပါဟု ဆန္ဒပြတောင်းဆိုနေလေရဲ့....
"မပေးထိုးရင် ခင်ဗျားကိုမချစ်တော့ဘူးဗျ"
"တကယ် မချစ်ဘဲနေနိုင်လား"
  မှန်ကနေနှစ်ယောက်လုံးပုံကို ကွင်းကွင်းကွက်ကွက်မြင်နေရသဖြင့်ပြုံးမိပြီးပြောလျှင် တိခနဲ့တိတ်ကျသွား၏။
ဆက်ခနဲ့ပြန်မော့လာပြီး စူးတောက်နေသောမျက်ဝန်းဟာစိတ်တိုနေမှန်းသိပေမယ့် ကြင်နာမှုတွေကိုမမေ့လျောနေဘူး မေဦးမောင်တို့....
  ပခုံးအထက် မေ့ဖျားအောက်လောက်ထိရှိသောအရပ်လေးဟာ ခြေဖျားထောက်လျှင်တော့ သူ့နှုတ်ခမ်းနဲ့တန်းခနဲ့ထိနိုင်သည်ကို သိသည့်သူမဟာ မော့လာပြီးလက်တလုံးခြားကပ်ချွဲနည်းနဲ့ ဖိကပ်လာသည်။
  သူ့လည်တိုင်ကိုဖက်သွယ်ထားပြီး သူ့ကိုယ်ပေါ်မှာ ကပ်ထိုင်ချင်နေ‌ပုံရသော ကလေးကို အနမ်းတွေမလစ်ဟင်းစေဘဲ သူပွေ့ချီလိုက်လျှင် သဘောကျသွားပုံရသောကြောင့် နှုတ်ခမ်းကအပေါ်ကိုတွန့်သွားသည်ကို ခံစားလိုက်ရ၏။
   အစကပန်းရောင်အနမ်း အနက်ရောင်နယ်မြေသို့စိတ်ကကျူးကျော်ပြောင်းလဲချင်လာသောအခါ ကလေးကို အောက်ချပေးလိုက်ရင်း ကြည်လဲ့တောက်ပနေသော မျက်လုံးတစ်ဖက်ကိုဖျက်ခနဲ့မှိက်ချလိုက်ပြီး....
" မနေနိုင်လို့ပေါ့ နော်"
"ကို့စကားနားထောင်ပါ ကလေးရယ်"
"အား နာတယ်ကလေး"
  သူ့နှုတ်ခမ်းကို အားကြီးနဲ့ကိုက်ချလိုက်သဖြင့် သူအတော်အီစိမ့်သွားပြီး ကလေးကိုဆွဲမကာ ရေချိုးခန်းအပြင်ဘက်ကို ခေါ်ထုတ်ရတော့၏။
"ပေးထိုးမှာလား မပေးထိုးဘူးလား ပြော"
"မရဘူး အခုနေလက်ထပ်ကြမယ်ဆိုလည်းမရဘူး ကလေးတစ်ယောက်ပါ မွေးပေးမယ်ဆိုလည်းမရဘူး ကလေးအသားနာမယ့်အလုပ်မျိုး ကိုခွင့်မပြုပေးနိုင်ဘူး"
"ဟွန့် သူများအခန်းကိုလည်း ရေလာချိုးသေးတယ် ခင်ဗျားလူညစ်ဗျာ တော်ပြီးနောက်နေ့ကိုယ့်အိမ်ကိုပြန်နေတော့"
"ပြန်သွားမှနောက်ကနေလိုက်မလာနဲ့"
  ရုပ်တည်ကြီးနဲ့ပြောပြီးရေချိုးခန်းတံခါးကိုပိတ်ချသွားသဖြင့် စိတ်တိုသွားတာအမှန်ပဲ။
သူ့ကိုချစ်လို့ သူနဲ့တူချင်လို့ပါဆိုနေမှ......
သူရေချိုးနေပြီဖြစ်သောကြောင့် အောက်ထပ်ကိုပြေးဆင်းလာလျှင် အာဒံနဲ့ဧဝတို့ရောက်နေကျကာ ဖိုးဖိုးရော လေးလေးတို့နဲ့အတူ စကားဝိုင်းဖွဲ့ကြနေ၏။
   ကိုနေမီး မန္တလေးလာတိုင်းသူတို့အိမ်မှာ အနေများနေခဲ့သလို အခုဆိုကိုနေမီးဟာ သူ့အဖွားအိမ်မှာ သွားမနေလို့ဆိုပြီး သူ့အဖွားကနဂိုမကြည်ပါဘူးဆိုနေမှ လိမ္မော်ရောင့်အဆင့်နဲ့ မျက်မုန်းကျိုးနေပြီလားမသိဘူး။
ဘယ်သူ့ကိုမှစကားပြောချင်စိတ်ရှိနေတာမဟုတ်တာမို့ နောင်တစ်ချိန်မှာကြိမ်းသေတော်ရတော့မည့်လင်တော်မောင်ကြီးအတွက် ကော်ဖီကိုသွားဖျော်ပေးရသေးသည်။
ခီး...
လင်တော်မောင်တဲ့....
ဟားဟား ဟီးဟီး
"ဟေ့ကောင် မင်းတစ်ကောင်ထဲ အဲ့မှာဘာထိုင်ခွီနေလဲ.... သောက်ပေါကြီးကျနေတာပဲ"
ကို့ယ်အတွေးနဲ့ကို ရယ်စရာ‌အကြောင်းတွေးနေတာကိုဖျက်လိုဖျက်ဆီး လုပ်နေတဲ့လောက်ကောင်ဘက်ကိုလှည့်၍ မျက်ခုံးတစ်ဖက်ပင့်ပြရင်း....
"ငါဘာသာငါပေါတာ မင်းသောက်ပူတစ်ပြားမှမပါဘူး.....မပြန်သေးဘဲဘာလုပ်နေလဲ ငါ့အိမ်ကနေလစ်တော့ ကြည့်လို့ရနေတာမဟုတ်ဘူး လောက်ကောင် "
"‌ဟ ဟား.... ကြည့်ရတာ မင်းဘဲကြီးအလိုမလိုက်လို့ စိတ်ကောက်နေတဲ့ရုပ်ကြီးကလည်းကွာ မလိုက်မဖက်နဲ့ ခွေးကောင်ရ"
"လိကိုစိတ်ကောက်.... သွားဖားမလို့ လောက်ကောင်ရဲ့"
  ဟုနှိုင်းကို မျက်စောင်းထိုးပြီး ကော်ဖီတစ်ခွက်ကို ရွှေတစ်ပိသာလို တန်ဖိုးထားသတ်မှတ်ကာ ကုန်းကုန်းကွကွဖျော်နေပြီး ယုယုယယလေးကိုင်၍ အိမ်ပေါ်ကိုပြန်တတ်သွားသောကြောင့် ဒီကောင် ကိုနေမီးကိုကပ်ချွဲပြီးတစ်ခုခုကိုဂျီကျနေပြီမှန်းသိလိုက်သည်။
  ကော်ဖီတစ်ခွက်ကိုများပန်းစည်းမှတ်နေလားမသိဘူး။သွားဖားမလို့တဲ့....
အရင်Exတွေကို ချေခဲ့သမျှ အစစ်နဲ့တွေ့မှ ငြိမ်ဝပ်ပိပြားသွားတယ်ဆို မေဦးမောင်လိုကောင်မှာပဲရမယ်။
  အပြင်သွားရင်တောင် သူ့ဘဲနဲ့သူက ညီအစ်လိုလို ဘာလိုလိုနဲ့အချိုးနဲ့ကသူများတော့မသိ သူကတော့ ဒီလိုတွဲပြီးဖက်လိုက်နမ်းလိုက်နဲ့က တအားအူယားတာပဲ။
  ကိုနေမီးမို့လို့သာ အထင်ခံရလဲကိစ္စမရှိဘူး ဦးမောင်သဘောနေချင်သလိုနေဟုဆိုသောကြောင့် အံ့ဩနေသေး၏။
"နှိုင်း သားကိုလေးလေးက အားကိုးချင်တယ် သားအဆင်ပြေမယ်ဆို လေးလေးရဲ့ အလုပ်ကိုဝင်ပြီး ဦးစီးစေချင်တယ်"
  သူ့တို့လင်မယားနှစ်ယောက်ကိုပြောစရာရှိသည် တိုင်ပင်စရာရှိသည်ဟူ၍ ခေါ်ထားသည့်အကြောင်းအရာက ထိုသို့ဖြစ်နေသောကြောင့် ရုတ်တရက်သူလည်း ဘာဖြေပေးရမှန်းမသိဖြစ်သွားသည်။
"သားကို အလုပ်မရှိလို့ အထင်သေးလို့မဟုတ်သလို သားတို့ငယ်သေးမှန်းလည်းလေးလေးနားလည်တယ်....
သားမှာသားမိဘတွေရဲ့ပိုင်ဆိုင်မှုနဲ့တင် ပြည့်စုံနေတာကိုသိတယ်။ သားတို့ကို လေးလေးရဲ့အလုပ်ကိုဦးစီးစေချင်တာ တစ်ခုပဲ ကျန်တာဘာအကန့်မှမဟုတ်ဘူးသား"
"ကျွန်တော်နားလည်ပါတယ် လေးလေး..."
အမှန်ဆို သူက မိဘအလုပ်ဖြစ်သော ကျောက်နဲ့ပတ်သက်တာကိုသာ ပိုစိတ်ဝင်စားနေသဖြင့် ဒီလိုအုပ်ချုပ်စီမံရသောအလုပ်ကိုသဘောမကျနေပါ။
လေးလေးတို့ဘက်ကို ပြန်စဉ်းစားကြည့်လျှင် အခုချိန်မှာ သူ့ကိုသာ အမျိုးတော်ထားသဖြင့် သူ့ကိုအားကိုးနေမှန်းသိပေမယ့် အားနာနေမိ၏။
"လေးလေးပြောတာ ကျွန်တော်သဘောပေါက်တယ်။ ဒါပေမယ့် ကျွန်တော်ဒါကို တစ်ယောက်ထဲမလုပ်ချင်ဘူး"
"သားက ဘယ်လိုလုပ်စေချင်လဲ"
" ဦးမောင်နဲ့တွဲလုပ်ချင်တယ်"
"သားတို့နှစ်ယောက်ဆိုတော့ မျက်ခုံးကခပ်လှုပ်လှုပ်ပဲ Sweetရေ"
ဒီသူငယ်ချင်းနှစ်ယောက် လုံးဝကိုမကွဲကြဘူး။
❣️
❣️
❣️
❣️
❣️
  ဖျော်လာပေးသောကော်ဖီနဲ့ သူ့ကိုထိုင်စောင့်နေရင်း အေးသွားမှာဆိုး၍ သူ့မှာစာအုပ်အုပ်ထူတစ်အုပ်နဲ့ ဖုံးထားပြီးရေချိုးခန်းဘက်ကို ခဏခဏလည်လိမ်ထားရတာလည်းကြာလှပြီ။ အထဲမှာဘာတွေလုပ်နေလဲမသိဘူး.....
  လိုင်းသုံးလိုက်ဂိမ်းဆော့လိုက်နဲ့ အချိန်နည်းနည်းကြာမှ သူ့ရှုမဝဘဲကြီးရဲ့ ရေချိုးခန်းတံခါးပွင့်လာလျှင် ဖုန်းကိုပစ်ချ ရေစိုဆက်လက်နဲ့ အပေါ်ပိုင်းအဝတ်မဲ့နေသောခန္တာကိုယ်အနားကို အပြေးအလွှားသွားပြီး လက်မောင်းကိုဆွဲ၍ ကုတင်ပေါ်မှာထိုင်ချခိုင်း၍ Dryerကိုပလပ်ထိုးကာ ကုတင်ပေါ်တတ်လာပြီး ဆံပင်တွေခြောက်အောင်မှုတ်ပေး၏။
"ကျွန်တော် ခင်ဗျားအတွက် ကော်ဖီဖျော်ထားတယ်"
"ကို့ကို ထမင်းမကျွေးတော့ဘူးလား"
"ကော်ဖီပဲအရင်သောက် ကျွန်တော်ကိုယ်တိုင် လက်နဲ့ သေသေချာချာမွှေဖျော်ထားတာနော်"
  လိုချင်တာရှိလို့ ဒီလိုကပ်ချွဲနေတာကိုသိသောကြောင့် ရင်ထဲမှာမြူးနေသလောက် အပြင်ကို မျက်နှာအမူအယာမပြရဲပါ။ ချစ်ရသူက လူလည်ကျနေပြီသောကြောင့်....
  သူ့ကိုယ်သူဆံပင်ညှပ်ဆရာအထာနဲ့ မှုတ်ပေးနေတာကို ငြိမ်ငြိမ်လေးအလိုက်သင့်နေပေးပြီး အရှေ့ဆံပင်တို့ကိုလာမှုတ်ပေးတော့မှ ရင်ခွင်ထဲဆွဲချပစ်လိုက်ကာ ထိန်းချုပ်လို့မရသော ရင်ခုန်သံနဲ့ နမ်းရှိုက်မိလျှင် Dryerပလပ်ကြိုးကို နှစ်ဦးလုံးဖြုတ်ဖို့မေ့နေခဲ့သည်။
အနမ်းတို့ကထပ်တူကျ၏။
   အင်္ကျီမဝတ်ရသေးသော ခန္တာကိုယ်အေးအေးလေးရဲ့ရင်ဘက်ကိုလက်ထောက်မိလျှင် သူ့ဝဲဘက်ရင်အုံက တဒုန်းဒုန်းခုန်မြန်နေတာကို ခံစားမိလိုက်၏။ တော်သေးတာပေါ့အပေါ်ပိုင်းပဲအဝတ်မဲ့တာ။
ပါးရိုး‌သွယ်သွယ်လေးကို သူ့လက်နှစ်ဖက်နဲ့ပင့်မ၍ နဂိုထော်နေသောနှုတ်ခမ်းလေးက ပို၍စုထော်လာတဲ့အခါမှာ အသည်းယား၍ သူ့ဆီအကုန်ဝင်အောင်ငုံဆွဲနမ်းလျှင် တစ်ဖက်ကမျက်လုံးပြူးသွားသည်ထင် သူ့ကိုတွန်းထုတ်နေပေမယ် ဒီအကြံနဲ့နမ်းခဲ့တာမို့ သူ့လက်မှာအားအင်အပြည့်ရှိသောကြောင့် သူမမငြင်းဆန်နိုင်တော့....
  ရေချိုးပြီးစကို ပူအိုက်လာသည့်ခန္တာကိုယ်ဟာ မေဦးမောင်နဲ့ထိတွေ့တိုင်းမှာ ဒီလိုဖြစ်နေကျ။
မောဟိုက်လာသောကြောင့် သူအရှိန်လျှော့ပေးပြီး ခေါင်းလေးကိုအားပြု၍ ပြောင်းကိုင်လိုက်လျှင် ကလေးရဲ့ဆံပင်တွေရှည်နေပြီကို သတိထားမိလိုက်၏။
စည်းနှောင်းထားလို့ရသည့် အနေအထားကိုရောက်နေပြီ.....
  လှိုက်ခုန်တပ်မက်မှုစိတ်တို့ ဝင်လာသောအခါ လူချင်းခွာလျှင် ရဲထနေသောမျက်နှာနွေးနွေးလေးရဲ့ နှဖူးမှာ ခတ္တအဆုံးသတ်ပစ်လိုက်၏။
"နမ်းလို့ကိုမဝဘူးကွာ.... ကလေးကိုဘာကြောင့် ဒီလောက်ထိချစ်မိသွားလဲဆိုတာမသိဘူး။ သေချာတာကတော့ ကလေးနဲ့တွေ့မှအချစ်ဆိုတာကို ကိုသိခဲ့တယ်...
  ကလေးအပေါ်ကို အများကြီးကောင်းပေးမယ် အလိုလိုက်ဂရုစိုက်ပေးမယ်။ ကလေးကို ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး။ ကလေးရဲ့ပျော်ရွှင်ခြင်းဟာ ကို့ရဲ့အနာဂတ်တွေဖြစ်ပြီး ကလေးရဲ့ဝမ်းနည်းခြင်းဟာ ကို့ကို ဘုရားကပေးတဲ့ပြစ်ဒဏ်ပဲ"
"ကော်ဖီသောက်ရအုံးမယ်"
"အင်းကိုသောက်မယ် အခုဒီလိုခဏနေချင်သေးတယ်။ ကလေးနဲ့လူချင်းမတွေ့တာ တစ်ပတ်ပြည့်တော့အရမ်းလွမ်းနေတာ..... ကို့ကလေးရဲ့ကိုယ်သင်းနံ့လေးကိုလွမ်းနေတာကွာ မွှေးလိုက်တာ အခုမှ အမောပြေသွားသလိုပဲ"
  ဘောင်းဘီအတိုအပွပဲဝတ်နေကျမို့လို့ သူ့ကိုခွဖက်ထားသောကိုယ့်ရဲ့ ပေါင်တံသွယ်သွယ်က လက်ခနဲ့ပေါ်လာသလို ထိုလူရဲ့လက်ကလည်း အဲ့ဒီကိုတန်းရောက်သွားလျှင် လူကကြက်သီးမွှေးညင်းတို့ထလာပေမယ့် ထိုလူကသတိမထားမိ။ ထိုမျှ သူမကိုစွမ်းဆောင်နေသောလူရဲ့ရင်ခွင်ထဲကို ပိုတိုးကပ်ပစ်လိုက်ပြီး သိုင်းဖက်ထားပစ်လိုက်၏။
"ကျွန်တော်လည်း ခင်ဗျားကိုအရမ်းချစ်တယ် ကိုနေမီး"
အကြည့်ချင်းပြန်ဆုံလာသောအခါ ချစ်စကားတို့ကိုဆိုဖို့မေ့နေခဲ့၏။
ကလေးရဲ့ကြည်လဲနေသော မျက်ဝန်းဝိုင်းဝိုင်းထဲက သူ့ပုံရိပ်ကိုရှာတွေ့လျှင်.....
"ဒီလိုမျက်ဝန်းတွေနဲ့မကြည့်နဲ့နော် ကြာရင်စိတ်ထိန်းနိုင်မှာမဟုတ်ဘူး"
"ချစ်တဲ့စိတ်နဲ့ကြည့်တာလေ မကြည့်ချင်စေချင်ရင် ခင်ဗျားမျက်လုံးပဲမှိတ်ထား ကျွန်တော်ကတော့ကြည့်မှာပဲ"
"ကလေး မင်းကထူးဆန်းတယ်သိလား... ဆိုးလား အကုန်လာထား မကောင်းမှန်သမျှအကုန်လုပ်တယ် ။ လိမ္မာလား ဒါလည်းရတာပဲ ကပ်ချွဲနေလိုက်တာများ သုံးနှစ်သမီးလေးကျနေတာပဲ ဘာလို့အကုန်တတ်နေရလဲ ဟွင်"
"ခင်ဗျားနဲ့တွေ့လို့ လူကနေခွေးလိုလိုဖြစ်လာတာ ကိုယ့်ဘာသာဆို နှိုင်းနဲ့အကုန်လုပ်လို့ရတယ် ခွင့်ပြုချက် ခွင့်တောင်းချက်လည်းတောင်းစရာမလိုဘူး။ ခင်ဗျားနဲ့မှ အကုန်လိုက်တောင်းနေရတယ် တကယ်ပဲ"
" ဒါဆို ကို့ကိုမကျေနပ်နေဘူးပေါ့"
"ကျေနပ်ပါတယ် ခင်ဗျားနဲ့ဆို အကုန်ကျေနပ်တယ်"
"ကိုပြောရင် နားထောင်မှာပေါ့"
"အင်း"
"ဒါဆို တတ်တူးလုံးဝမထိုးရဘူး"
"ဒါတော့မရဘူးလေဗျ"
ညစ်ကျယ်ကျယ်လုပ်နေသောထိုလူရင်ခွင်ထဲကနေထွက်လာပြီး သူ့ဝတ်မယ့်အင်္ကျီကို ဗီဒိုထဲကနေယူပေးပြီး အပြင်ကိုပြန်ထွက်လာရသည်။
'ဒီတတ်တူးလေးတစ်ခုကို ဘာလို့ကြီးကြီးကျယ်ကျယ်စိုးရိမ်နေရတာလဲ'စိတ်ထဲကနေ ပြောဆိုနေမိကာ သူထမင်းစားရမည်ကိုသတိရလိုက်လျှင် ဝတ္တရားအရ သွားခူးပေးရအုံးမည်။
  နောက်ဆိုဒီလူကိုမခေါ်ထားတော့ဘူး သူ့ကိုအကုန်လုပ်ပေးနေရတယ် တကယ်ပါပဲ။
"ကလေး နေနေ မကြီး ခူးပေးမယ် ထိုင်နှင့်"
မကြီးမခိုင် ကမန်းကတမ်းဝင်လာပြီး စူပုတ်နေသောမျက်နှာလေးကိုအကဲခက်ကြည့်လျှင် အရင်လိုဆိုးနေတာမဟုတ်တော့ကြောင့် ပြုံးမိသွား၏။
  အရင်ကဂျစ်ကန်လေးက သူကြိုက်တဲ့အစားအသောက်ပုံစံမျိုးမဟုတ်ရင် လှည့်တောင်မကြည့်တဲ့ကလေး အခုဆိုမကြိုက်ရင် ဟိုလိုချက်ပေးရင် ကျွန်တော်ကြိုက်တယ်သိလားနှင့်ဖြစ်နေပြီ။
"ရတယ် မကြီး....သွားနားတော့ ပြီးရင်လည်း ကျွန်တော့်ဘာသာဆေးလိုက်မယ်.... ဗိုက်ဆာနေပြီကို ဘာလို့ကြာနေလဲမသိဘူး ကိုကြာကြီးက"
ပြောပြီး ကိုယ့်ဘာသာခူးနေစဉ် ရင်းနှီးနေကြအနံ့သင်းသင်းလေးက ကိုယ့်နားမှာကျီစယ်နေသောကြောင့်ထိုလူရောက်နေမှန်းသိလိုက်၏။
ဂျိုးတွေ ရွေးထည့်ပစ်မယ်.....
ကို့ရဲ့အိမ်ရှင်မဖြစ်ချင်တယ်မလားလို့မေးရင်လည်း မကြိုက်ဘူး။ လုပ်နေတာတွေက အဲ့ဒါတွေဆိုတာ မသိလေရော့လား....
"ကလေးဖျော်တဲ့ကော်ဖီးအေးသွားမှာဆိုးလို့ အကုန်မော့သောက်နေရတာ"
ထမင်းစားပြီးမှ ကော်ဖီသောက်ရမယ့်ဟာကို သူ့ကိုအဖားလွန်ပြီး ကော်ဖီတိုက်ပြီးမှထမင်းစားခိုင်းနေသည်။ ဘယ်လိုအူကြောင်ကြောင်လေးမှန်းမသိ။
သူကပိုကြောင်တာပါ သိသိကြီးနဲ့ဆိုးသမျှခံပေးနေတာ.....
သူချစ်တယ်ဆိုတာထက် ဦးမောင်ကသူ့ကိုပိုချစ်နေသလိုဟု တစ်ခါတစ်လေခံစားမိတဲ့အခိုက်အတန့်တွေလည်းရှိတတ်၏။
❣️
❣️
❣️
❣️
❣️
"Sweet သား ဦးမောင်နဲ့အလုပ်လုပ်မှဆိုတော့ မောင်မရှိတဲ့နေ့ဘက်တွေမှာ တစ်ယောက်ထဲပျင်းကျန်ခဲ့ရမှာနော်.... ပြီးတော့အိမ်မှာ တစ်ယောက်ထဲနေခဲ့ရမှာကိုလည်းစိတ်မချဘူး။ ဒီလိုလုပ် မောင်မရှိတဲ့အချိန်တွေကို ဖိုးဖိုးဆီကို လာကြည့်ပြီး ညနေပိုင်းကျရင် မောင်လာကြိုမယ်ဆိုဖြစ်လား"
"ရပါတယ်.... နင်အဆင်ပြေလောက်မဲ့ဟာအတိုင်း ငါသဘောတူမယ်လေ... ဖိုးဖိုးလည်းကျန်းမာရေးအရမ်းကောင်းတဲ့လူမဟုတ်တော့ သူ့အနားမှာငါရှိမှအဆင်ပြေမှာကို ငါကမလိမ္မာတဲ့မြေးဖြစ်နေပြီး... ဦးမောင်က ကလေးဆိုတော့ လူကြီးတွေရဲ့အကျင့်ကို သူနားလည်တာမဟုတ်ဘူး။ နှိုင်း နင်လည်းရင့်ကျက်နေပြီနော် ဒီလိုတွေတောင် တွေးတတ်နေပြီ"
"မောင်မရင့်ကျက်သေးပါဘူး မရယ်..... မောင်လည်း မနားမှာ တစ်ချိန်လုံးကပ်နေလို့မှမဖြစ်တာ... သူများမြေးမလေးကို ယူထားရမှတော့ အလုပ်လုပ်ပြီးရှာဖွေကျွေးမွေးရမှာပေါ့..... အရင်လို ဟိုခွေးကောင်နဲ့နှစ်ပါးသွားနေလို့မှမရတော့တာ...."
" ဖြောင်း"
သူ့ဇတ်ကို အုပ်ခံလိုက်ရသောကြောင့် ဆနာက်လှန်ကြည့်လျှင် ခွေးသားလေး ယောက်ျားယူမဲ့ကောင်ကို တွေ့လိုက်ရသည်။
"လောက်သားလေး.... ငါလစ်ရင်လစ်သလို ငါ့အတင်းတုပ်တယ်နော် တစ်ချိန်ကသွေးသောက်တွေလိုနေလာခဲ့ပြီး အခုမှငါ့ရန်သူဖြစ်ချင်နေပြီလား"
  လင်မယားနှစ်ယောက်တစ်တူတူးနေတဲ့အချိန်မှာ နှိုင်းနောက်ကနေ လည်ဂုတ်ကို အုပ်ချခံလိုက်ရသောကြောင့် ဆက်ခနဲ့ဒေါသထွက်လာပေမယ့် ဟိုကောင်ဖြစ်နေသောကြောင့် တိုနေတဲ့စိတ်တောင်ပျောက်သွား၏။
"မင်းကြောင့် ငါလည်းဆုံးရှုံးခဲ့တာများပြီသိလား ခွေးကောင်"
"မင်းက ဘာကိုဆုံးရှုံးရမှာ... မိန်းမလည်းရတယ် အလိုလိုက်လည်းခံရနေရတယ် ပြောစမ်းပါအုံး"
အောင်မယ်လေးနော်.....
ပြောရင်လည်းမကောင်းဘူး။ အလိုလိုက်ခံရလည်း လိုချင်တာ၊ စားချင်တာမစားရဘူးဆိုတာမသိဘူးလား...
"အလိုမလိုက်ခံရလို့ ငါ့ကိုအားကျနေပြီလား... ဟွင်... မင်း မဒီတွေကို ပြောင်းရွေးဖို့အချိန်ရှိသေးတယ်နော်"
  နှိုင်းနဲ့Sweetတို့က ဒါန်းပေါ်မှာဖက်ထားကြကာ ဦးမောင်က ဂျပန်မြက်ခင်းစိမ်းပေါ်မှာ လှဲချပြီး ကောင်းကင်ပေါ်က တလက်လက်တောက်ပနေသောကြယ်တို့ကို လက်ပေါ်ခေါင်းတင်၍မော့ကြည့်၏။ သူ့အတွက်နေရာမှမရှိတော့တာ။ ဒီအောက်မှာပဲနေရတာပေါ့....
သူတို့ကြားသွားဝင်တိုးရင် ကိုယ်ပါမွကျိခံရမှာဆိုးလို့....
"နှိုင်း မင်းခဏလာ"
"မလာဘူး ငါ့မိန်းမနားပဲကပ်မယ်"
"ကပ်ပါးကောင်"
"မိန်းမနားကပ်ပြီး ပါးနမ်းလိုက်၊ တစ်ကိုယ်လုံးနမ်းတဲ့ကောင်မို့လို့ ကပ်ပါးကောင်လို့ခေါ်လိုက်တာလားယောက်ဖလေး ဒါဆိုကျေးဇူးပဲနော်"
"စိတ်ဓါတ်တွေက အရင်လိုတောင်မဟုတ်တော့တာကို အံ့ဩလိုက်တာ.... ဪ ငါ့ဘဝမှာလည်း လူလိမ် လူညာတွေများလိုက်တာ"
  သူ့ကိုယ်သူတရားကျနေသော ဦးမောင်အနားကို ကိုနေမီးရောက်နေတာကိုတောင် သတိမထားပဲ ကောာင်းကင်ပေါ်ကိုမော့ကြည့်ပြီး ဖီးလ်နေသော ကောင်ကိုစနောက်ချင်သောကြောင့်.....
"ဟေ့ကောင် မင်း ကိုနေမီးနဲ့ပတ်သက်ပြီး ငိုဖူးလား"
"ငိုတာ.... ဘာလို့ငိုရမှာ ငါ့ကိုငိုအောင်လုပ်လို့ကတော့ ယောက်ျားမယူဘဲ မိန်းမယူပစ်လိုက်မယ် ဘာမှတ်နေလဲ"
"တကယ်လား"
"တကယ်....အယ် မဟုတ်ဘူး စတာ စဝာာပါဗျာ ဟီးဟီး"
  နှိုင်းအမှတ်နဲ့ဖြေနေရင်း ဘဲကြီးရဲ့အသံကြောင့်လန့်သွားကာ အမှီပြန်ဖြေရသေးသည်။ ဒီနှိုင်းစုတ်နှိုင်းပြက်တစ်ကောင်ကတော့.......
တကယ်ဆိုငိုဖူးပါတယ် မိုးရွာတဲ့ညတုန်းက။
"ကို့နားလာ"
"အင်း ခင်ဗျားနဲ့ဒီလိုနေရတာတအားကြိုက်တာပဲ"
သူပါ ဦးမောင်လှဲနေသော မြက်ခင်းပေါ်ကိုလှဲချပြီး ဦးမောင်ခေါင်းအောက်လက်လျှိုသွင်း‌ပေးလိုက်ကာ ခေါင်းအုံးစေ၏။
ဦးမောင်သည် ကိုနေမီး၏ရင်ခွင်ကြားထဲကပ်နေရင်း သူ့ခေါင်းရင်းမှာ သဲသဲကဲကဲဖြစ်နေသော ကပ်ပါးကောင်ကို ကြွားချင်သောကြောင့်....
"ဟေ့ကောင်တွေ့လား ဒီမှာရိုတယ်ဆိုတာ ဒါကိုပြောတာ မင်းလိုတဏှာနဲ့ရိုနေတဲ့ကောင်မဟုတ်ဘူး သဘောပေါက်လား နော်"
နှိုင်းကိုဖဲ့ရင်း သူ့ကိုပါအပါခေါ်နေသောကြောင့် ခေါင်းညိတ်၍ သဘောတူသလိုနဲ့ သူ့ရင်ဘက်နဲ့အနီးဆုံးခေါင်းတင်ထားစေပြီး သူမခြေထောက်တို့ကိုပါ သူ့ပေါ်တင်ထားစေလျှင် သူမတစ်ကိုယ်လုံးလှုပ်၍ အူလှိုက်သည်းလှိုက်ရယ်ပြီး သဘောကျနေ၏။
ဒါကိုမြင်ပြီးနှိုင်းကလည်းအမြင်ကပ်စွာ...
"Sweet ယောက်ျားကိုနမ်းပါအုံး"
"ကိုနေမီး ကျွန်တော့်ကိုနမ်းပါအုံး"
  သူနဲ့ယဉ်သူမျိုးဟာ 5နှစ်သားလေးတွေရဲ့လက်ထဲမှာ ဘဝတစ်ခုစီကို ရူးသွပ်စွာ ပုံအပ်ထားကြသည်ပဲ။
PART 22ဆက်ရန်....
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one (27.5.2023)
.
.
.
.
.
.
  PART 21❣️
"မရဘူး"
"မရဘူးဆို မရဘူးဘဲကလေး "
"အား နာတယ်ကလေး"
ခီး...
လင်တော်မောင်တဲ့....
ဟားဟား ဟီးဟီး
❣️
❣️
❣️
❣️
❣️
အနမ်းတို့ကထပ်တူကျ၏။
"ကော်ဖီသောက်ရအုံးမယ်"
"အင်း"
"ဒါတော့မရဘူးလေဗျ"
❣️
❣️
❣️
❣️
❣️
" ဖြောင်း"
အောင်မယ်လေးနော်.....
"နှိုင်း မင်းခဏလာ"
"ကပ်ပါးကောင်"
"တကယ်လား"
"ကို့နားလာ"
PART 22ဆက်ရန်....
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one (27.5.2023)
Continue Reading
You'll Also Like
310K 33.5K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
448K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
206K 20.5K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)