ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

142K 15.1K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-28

1.6K 201 6
By PrettiOcean

Chapter 28

မုထျန်းဟန်သည် သူ၏မျက်လုံးများကို အနည်းငယ်မှေးစင်းထားပြီး ဆိုဖာပေါ်တွင် လှဲ‌နေသည်။ ဆယ်မိနစ်လောက်သာ ကြာမည်။ လူသွားစင်္ကြံလမ်းဘက်မှ မော့တိ ပန်းကန်ခွက်ယောက်ဆေးကြောပြီး မီးမှုတ်လိုက်သည့်အသံကို ကြားမိသောအခါ မုထျန်းဟန်သူ၏ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ တည့်မတ်လိုက်သည်။

သူ လုံးဝအိပ်မပျော်ခဲ့ပေ။ သူ၏ခေါင်းသည် အလွန်တရာ မူးနောက်နေခဲ့ပြီး ထိုကောင်လေးကိုလည်း မည့်သို့မည်ပုံရင်ဆိုင်ရမည်ဆိုသည်ကို မသိသောကြောင့်သာ တစ်မှေးအိပ်ပျော်သွားဟန် အယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကောင်ငယ်လေးဆီတွင် အနမ်းတစ်ပွင့်အခိုးခံလိုက်ရသည့် ဖြစ်စဉ်အစအဆုံးကို သူ အပြည့်အဝခံစားလိုက်ရမည်ဆိုသည်ကို မည်သူတွေးမိမည်နည်း။

စားပွဲပေါ်က ကြက်သီးနွေးစွပ်ပြုတ်ကိုကြည့်ရင်း စက္ကန့်အနည်းငယ် မတ်တပ်ရပ်နေလိုက်မိသည်။ နောက်ဆုံးတွင်တော့ စွပ်ပြုတ်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။

ထို့နောက် သူ မီးများပိတ်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။

တစ်ခါမှ မခံစားခဲ့ဖူးသော စိတ်ရှုပ်ထွေးမှုတို့က သူ၏ခေါင်းထဲတွင် ဝင်ရောက်နေရာယူထားကြသည်။ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲသို့ သွားချင်သော်လည်း သူကိုယ်တိုင် မသိလိုက်ခင်မှာပင် သူ၏စာကြည့်ခန်းထဲရှိ ကွန်ပျူတာရှေ့တွင် ထိုင်မိလျက်သား ဖြစ်နေသည်။ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် လွန်ခဲ့သောမိနစ်(၃၀)က ဧည့်ခန်းထဲရှိ စောင့်ကြည့်ကင်မရာမှတ်တမ်း ပေါ်နေသည်။

ဟုတ်ပါသည်။ ဒုတိယထပ်နှင့် တတိယထပ်ရှိ အိပ်ခန်းများမှလွဲ၍ ပထမထပ်ရှိဧည့်ခန်းနှင့် ကျန်ရှိသော အခန်းတိုင်းတွင် မောနီတာများကို တပ်ဆင်ထားသည်။

မုထျန်းဟန်သည် ကျဲ့ကျို့စွပ်ပြုတ်ပန်းကန်လုံးကိုင်ကာ ဧည့်ခန်းထဲသို့ဝင်လာသော မော့တိ၏ပုံရိပ်ပေါ်လာသည်အထိ မှတ်တမ်းကို ရှေ့သို့ပြန်ဆွဲလိုက်သည်။

ကျောင်းဝတ်စုံဝတ်ထားသော မော့တိလေးက စားပွဲပေါ်သို့ စွတ်ပြုတ်ပန်းကန်ချလိုက်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို သူ စောင့်ကြည့်နေမိသည်။ တစ်နေရာက စောင်အသေးတစ်ခု သွားယူလာပြီး ဂရုတစိုက်ဖြင့် သူ့ကိုလွှမ်းခြုံပေးသည်။ အဲဒီလိုလုပ်ပေးပြီးတာတောင် ကောင်လေးက ထွက်မသွားခဲ့ပေ။ သစ်အယ်သီးလာခိုးစားသည့် ကြောက်ရွံ့နေသော ရှဉ့်ငယ်လေးတစ်ကောင်ကဲ့သို့ သူ၏လက်များကို ဒူးခေါင်းပေါ်တွင် ကွေးဆုပ်ပြီး ဆိုဖာခုံရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဤကဲ့သို့ ချစ်စရာကောင်းပြီး နာခံကျိုးနွံတတ်သော အမူအရာကို စကားလုံးများဖြင့် ဖော်ပြရန်မစွမ်းသာချေ။

ပို၍ချစ်ဖို့ကောင်းသည်က ထိုကောင်လေးသည် သူ့ကိုဆယ်စက္ကန့်ကျော်လောက် ငေးစိုက်ကြည့်နေစဉ်တစ်လျှောက်လုံး သူ၏ပါးပြင်နှစ်ဖက်သည် တဖြည်းဖြည်း သွေးရောင်လွှမ်းလာပြီး သာမန်မျက်စိနှင့်ပင် မြင်နိုင်သောအတိုင်းအတာထိ ရဲတောက်လာခဲ့ခြင်းပင်။ သူ၏ခန္ဓာကိုယ်မှ ရှက်ရွံ့မှုအငွေ့အသက်တို့ ဖြာထွက်နေကြပြီး ဤသို့ဖြစ်ရခြင်းသည် အတွေ့အကြုံမရှိသော လူငယ်လေးနှင့် အချစ်ဦးရှိသူတို့မှ ခံစားဖူးသည့် စိုးရိမ်ပူပန်မှုတို့၏ တစ်မူထူးခြားသော အလေ့အထဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့ကိုယ်သူ အားတင်းလိုက်သည့်ပုံစံမျိုးဖြင့် လက်သီးဆုပ်လေးနှစ်ခုကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး မုထျန်းဟန်၏မျက်နှာပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။ ထို့နောက် အလျှင်အမြန်ပင် ပြေးထွက်သွားတော့သည်။

ဧည့်ခန်းအဆုံးတစ်ဖက်သို့ ရောက်သောအခါ စိတ်တွေလှုပ်ရှားလွန်း၍ ယိုင်တိယိုင်တိုင်ဖြစ်ပြီး ချော်တောင်လဲမိတော့မလိုပင် ဖြစ်သွားသေးသည်။

မုထျန်းဟန်သည် ဖန်သားပြင်ကို ငေးစိုက်ကြည့်ရင်း ကွန်ပျူတာရှေ့တွင် ထိုင်နေလေသည်။ သူ၏နှလုံးသား အထိန်းအကွပ်မဲ့ ထပ်ဖန်တလဲလဲ ခုန်ပေါက်နေသည်ကို ခံစားမိလိုက်သည်။ သူ၏နှလုံးသားမြစ်ဖျားတွင် နွေးထွေးခြင်းရေစီးကြောင်းတစ်စင်း ထွက်ပေါ်လာပြီး ကလူကျီစယ် ပျံ့နှံ့စီးဆင်းနေလေတော့သည်။

သူ တစ်ခါမှ မခံစားခဲ့ရဖူးသည့် နားလည်ရခက်သော ခံစားချက်များဖြင့် ပြည့်ကျပ်နေသည်။ ထိုခံစားချက်သည် လူကို ပေါ့ပါးထုံထိုင်းစေသလောက် လေးလံပြင်းထန်သည်။ ထိုခံစားချက်သည် သူ၏သွေးကြောများထဲမှ တလိပ်လိပ်ထိုးထွက်လာပြီး သူ၏အသိတရားအာရုံကြောများဆီသို့ ရစ်ပတ်လွှမ်းခြုံသွားသည်။ ဆယ်ကျော်သက်အရွယ်ကို ပြန်ရောက်သွားသလားဟုပင် ခံစားလိုက်ရသည်။ အခုမှ အချစ်ကို စသိနားလည်သည့် လူငယ်လေးတစ်ယောက်ကဲ့သို့ သူ၏ဖြစ်တည်မှုသည် ချိုသာကြည်နူးရသောပျော်ရွှင်မှုများ၊ စိတ်ပင်ပန်းမှုများ လှည့်ပတ်စီးဝင်နေသကဲ့သို့ မျှော်လင့်ချက်များ၊ စိတ်ရှုပ်ထွေးမှုများကြောင့် ဖြစ်ပေါ်လာသည့် ဝရုန်းသုန်းကား နှလုံးခုန်နှုန်းများဖြင့် လှုပ်ရှားရိုက်ခတ်နေလေသည်။

သို့သော် တစ်ချိန်တည်းမှာပင် ပြောမထွက်နိုင်လောက်သော အပြစ်ရှိစိတ်နှင့် တားမြစ်ပိတ်ပင်ထားသည့် လူ့ကျင့်ဝတ်တို့ကလည်း ရှိနေပြန်သည်။

ယခုအချိန်တွင် ဒီ(၁၇)နှစ်အရွယ် ကောင်လေးကို သူ ချစ်မိသွားပြီဆိုသည်မှာ... သေချာသလောက်ပင် ရှိပြီ။

သူသည် အမှန်တကယ်ပင် သားရဲကြီးတစ်ကောင် ဖြစ်လေပြီ။

သို့သော် သူသည် ဤအချင်းအရာကို ပြင်ဆင်လိုစိတ် မရှိသလို ပြောင်းလဲချင်စိတ်လည်း မရှိပေ။

ဤကဲ့သို့ နှစ်လိုဖွယ်ကောင်းသောကောင်လေးက သူ့အပေါ်ကို နှစ်ခြိုက်သဘောကျပြီး သူ့ဘက်မှလည်း အလားတူခံစားချက်မျိုး ရှိနေသည်။ ထိုသို့ဆိုလျှင် သူသည် သားရဲကြီးတစ်ကောင်ဖြစ်လျှင်လည်း ဖြစ်စေတော့။ ဒီထက်ဆိုးတာ ဘာရှိဦးမည်လဲ။

မုထျန်းဟန် ရုတ်တရက် သူ၏ဆံပင်များကို ဆုပ်ဖွလိုက်သည့်အတွက် ဆံပင်လိပ်တချို့ ရှုပ်ပွကုန်သည်။

ဒီလိုအတွေးမျိုးပင် တွေးနိုင်နေပြီဆိုတော့ သူ တကယ် စိတ်လွတ်သွားပြီပဲ။

မုထျန်းဟန်သည် ရေချိုးခန်းသို့ဝင်ရန်အတွက် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ များမကြာမီ ရေချိုးခန်းထဲတွင် ပူနွေးစိုစွတ်သောရေငွေ့များဖြင့် ပိတ်ဖုံးလွှမ်းခြုံသွားတော့သည်။

ထိုအချိန်တွင် ဉာဏ်ကြီးရှင်မော့တိမှာတော့ အိပ်၍ပင်ပျော်နေလေပြီ။

မော့တိသည် အိမ်ပြောင်းလာပြီး ဒုတိယမြောက်နေ့တည်းက စံအိမ်ထဲတွင် စောင့်ကြည့်ကင်မရာများရှိနေကြောင်းကို သိထားပြီးဖြစ်သည်။ သူ၏အတိတ်ဘဝတွင်လည်း အချိန်အတော်ကြာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ခဲ့ရသည်။ လျှို့ဝှက်ကင်မရာများနှင့် အလားတူကိရိယာများကို သူသည် ချက်ချင်းမတွေ့မိလျှင်တောင် သတိပြုမိဖို့ အချိန်သိပ်မယူရပေ။

သို့သော် မုထျန်းဟန်သည် သူ့ကို အန္တရာယ်ပေးချင်သောကြောင့် မဟုတ်ဘဲ သတိဝီရိယရှိသောကြောင့်သာ ဤကဲ့သို့ တပ်ဆင်ထားခြင်းကို သူ သဘောပေါက်သည်။ ထို့ကြောင့် သူသည် ဤအချင်းအရာကို ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့သည်။

စားပွဲပေါ်သို့ စွပ်ပြုတ်ပန်းကန် ချလိုက်ပြီးသောအချိန်တွင် သူ၏စိတ်ထဲ၌ အစီအစဉ်တစ်ခု ပေါ်လာသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က မုထျန်းဟန်၏စိမ်းကားမှုကို ပြန်လည်ချေပနိုင်ပြီး တစ်စုံတစ်ရာသော ခံစားချက်ကို ဆွဲထုတ်လာနိုင်မည့် အစီအစဉ်တစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် မုထျန်းဟန် ဧည့်ခန်းထဲတွင် အိပ်ပျော်သွားတုန်း တစ်ခုခုဖြစ်သွားသလားဟူသော စိတ်ဖြင့် စောင့်ကြည့်ကင်မရာမှတ်တမ်း ပြန်စစ်ကြည့်ချိန်တွင် ဖြစ်စဉ်အစအဆုံးကို မျက်မြင်တွေ့ရှိစေရန် သူ တမင်စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒီကိစ္စသည် ဤညမဖြစ်လည်း နောက်နှစ်ရက်သုံးရက်နေရင် ဖြစ်လာတော့မည်ဆိုသည်ကို မော့တိ တွက်ထားပြီးသားပင်။ မော့တိနှင့်မတူညီစွာပင် မုထျန်းဟန်မှာတော့ ကင်မရာပေါ်ကတစ်ဆင့် အရာအားလုံးကို တွေ့မြင်လိုက်ရသည့်အတွက် ထိုညက တစ်ရေးမှ အိပ်မရခဲ့ပေ။

...

နောက်တစ်နေ့မနက်တွင် မော့တိသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သောကြောင့် စောစောစီးစီး အိပ်ယာနိုးလာသည်။

ကိုယ်လက်သန့်စင်ပြီး အိပ်ခန်းထဲမှ ထွက်လာသောအခါ စားဖိုမှူးသည် သူတို့အတွက် မနက်စာကို ချက်ပြုတ်ပြင်ဆင်ပြီးလေပြီ။ ဟင်းပွဲများပြင်ဆင်နေရာချနေသော စားဖိုမှူးဆီသို့ မော့တိ အလျင်အမြန်သွားကာ ကူညီပေးလိုက်သည်။

လိုင်သယ်စစ်ခမျာတော့ ထတောင်မထနိုင်ချေ။ မုထျန်းဟန်မှာတော့ အနည်းငယ် ပင်ပန်းသည့်ပုံပေါက်နေသည်ကလွဲ၍ ပုံမှန်ရက်တွေလိုပင် အချိန်မှန် အောက်ထပ်ဆင်းလာချိန်တွင် လိုင်သယ်စစ်သည် ကုလားသေကုလားမော အိပ်ပျော်နေသည်။

မော့တိသည် ဟင်းပွဲကူနေရာချထားပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ လှေကားပေါ်တွင် ရပ်နေသော မုထျန်းဟန်ကို တွေ့လေသည်။ မနေ့ညက ခိုးနမ်းမိသည့်ကိစ္စကို သတိရသွားသည့်အလား သူ၏မျက်နှာပေါ်တွင် နီဆွေးဆွေးအရောင်အသွေးတို့က ဖြတ်ပြေးသွားသည်။

"ကောင်း-ကောင်းသောမနက်ခင်းပါ ကိုကို"

နှုတ်ဆက်ပြီးနောက် လယ်ပိုင်ရှင်ဆီက ပိန်းဥခိုးစားမိတဲ့ ရူးကြောင်ကြောင် ကလေးတစ်ယောက်လို အပြစ်ရှိစိတ်ကို အတင်းကြိုးစားဖုံးကွယ်နေသည့်အလား တံတွေးတစ်ချက်မြိုချပြီး မျက်တောင် တဖျတ်ဖျတ်ခတ်နေလေသည်။

"ကိုကို၊ မနေ့က မူးလာတယ်။ ဘာ... ဘာဖြစ်လို့ ထပ်မအိပ်တော့တာလဲဟင်။"

မုထျန်းဟန်၏မျက်လုံးထဲတွင် မော့တိ၏ပုံပန်းသွင်ပြင်သည် ဘယ်လိုကြည့်ကြည့် ချစ်စရာကောင်းနေမြဲပင်ဖြစ်သည်။

ကောင်လေးသည် သူ၏စိတ်ကို မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး သူ၏တစ်ဖက်သတ်ခံစားချက်များမှာလည်း ထိန်းမရသိမ်းမရဖြစ်နေသည်မှာ သိသာလှသည်။ ကောင်လေး၏လှုပ်ရှားမှုတိုင်းသည် ဖော်ပြ၍မစွမ်းနိုင်သော ညှို့ချက်များ ဖြစ်နေကြသည်။ မုထျန်းဟန်၏နှလုံးသားသည် တဒုတ်ဒုတ် ခုန်မြည်နေပြီး တစ်ချိန်တည်းတွင် ရယ်လည်း ရယ်ချင်မိသည်။

"ဒီနေ့ ကိုယ် မင်းကို စာမေးပွဲဖြေမယ့်ဆီ လိုက်ပို့ပေးမယ်"

သို့သော် ထူးထူးခြားခြား တုံ့ပြန်မှုမျိုး မပေးဘဲ အလွန်အကြူး ရင်းနှီးကျွမ်းဝင်သည်ဟု မဆိုသာသော်လည်း နူးညံ့ညင်သာသော လေသံဖြင့် ပြောလိုက်သည်။

"ကိုကို၊ မလိုပါဘူး။ ကျွန်တော့်ဘာသာ သွားလို့ရပါတယ်။ ကိုကိုက အနားယူလိုက်ပါဦးနော်။"

"ကိစ္စမရှိဘူး။ ကိုယ် နားပြီးပြီ။ အိပ်ချင်လည်း အိပ်ပျော်မှာမှ မဟုတ်တာ။"

မုထျန်းဟန်သည် ထမင်းစားပွဲ၏မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် ဝင်ထိုင်လိုက်ပြီး တူကိုကောက်ကိုင်ပြီး ပုဇွန်စိတ်ပေါက်စီကို ကောက်ညှပ်လိုက်သည်။

"ဒီနှစ်ရက်အတောအတွင်းမှာ စိတ်အေးအေးထား။ စိတ်ဖိစီးမခံနဲ့။ မင်းလည်း မင်း တတ်နိုင်သလောက် လေ့လာပြီးသွားပြီ။ လိုအပ်တာတွေလည်း သင်ယူပြီးသွားပြီပဲ။ ရလဒ်ကောင်းကောင်း ထွက်မှာပါ။"

"အွန်း"

မော့တိသည် သူ၏မျက်လုံးများ ကွေးညွှတ်ကျသွားသည်အထိ ပြုံးပြလိုက်ပြီး ခေါင်းကိုလည်း အားတက်သရော ညိတ်ပြလိုက်သည်။

မုထျန်းဟန်၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပွင့်လန်းနေသော်လည်း သူ၏နှလုံးသားထဲတွင်တော့ သူ့ကိုယ်သူအတွက် သက်ပြင်းချမိနေတော့သည်။

အရင်သားရဲကောင်ကြီးဘဝကို ပြန်သွားသင့်သလားဆိုသည့် အချက်ကို တွေးတောခြင်းဖြင့် မနေ့ကညတစ်ညကို ကုန်ဆုံးခဲ့သည်။

သူကိုယ်တိုင်လည်း သူ၏နှလုံးသားကို မထိန်းချုပ်နိုင်ပေ။ သို့သော် အနည်းဆုံးတော့ လက်လွတ်စပယ် မဖြစ်စေရန် သူ၏လုပ်ရပ်များကို သတိကပ်ပြုမူရမည်ဖြစ်သည်။

ကောင်လေးက အတော်ငယ်သေးသည်။ ရင်ထဲက 'အကြိုက်' နှင့် 'အချစ်' ကို ခွဲခြားတတ်ဦးမည် မဟုတ်ချေ။

အရင်က မော့တိကို ဘယ်သူကမှ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ဖူးခြင်း မရှိတာလည်း ဖြစ်နိုင်သည်။ မော့တိအတွက် လိုအပ်နေသည့် ယုံကြည်အားကိုးရသော၊ ငဲ့ညှာထောက်ထားတတ်သော အခန်းကဏ္ဍကို သူဆိုသည့် မုထျန်းဟန်က ဖြည့်ဆည်းပေးလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မော့တိခံစားနေရသည့် 'အကြိုက်' သည် သဘောကျချစ်ခင်မှု၊ ကျေးဇူးသိတတ်မှုနှင့် သူ့ကို ဘေးကင်းလုံခြုံမှုပေးစွမ်းနိုင်သည့်ခံစားချက်များဖြင့် ရှုပ်ထွေးခံစားမိနေခြင်းလည်း ဖြစ်နိုင်သည်။

ကောင်လေးအရွယ်ရောက်လာသည့်အခါတွင်တော့ သူ့ထက်အသက်(၁၁)နှစ်ကြီးသော စီနီယာအစ်ကိုတစ်ယောက်ကို စင်စစ်နှစ်သက်မြတ်နိုးခဲ့ခြင်း မဟုတ်ဘဲ ငယ်ရွယ်ချိန် ပြုလုပ်ခဲ့မိသည့် အမှားတစ်ခုသာဖြစ်သည်ဟု သဘောပေါက်နားလည်လာမည့် နေ့တစ်နေ့လည်း ရောက်ချင်ရောက်လာနိုင်သည်

ထိုအကြောင်းအရာကိုတွေးမိလိုက်လျှင် မုထျန်းဟန်သည် သူ၏နှလုံးသားထဲတွင် အောင့်သက်သက်ဖြစ်သွားရသည်။ ကောင်လေးက သူ့ကို အချစ်စစ်၊ အချစ်မှန်နှင့် နှစ်သက်ပါစေဟုဆုတောင်းပြီး သားရဲကောင်ကြီး ဖြစ်လာသင့်သလား။ သို့မဟုတ် ကောင်လေး၏ခံစားချက်များက အထင်မှားခြင်းသက်သက်သာဖြစ်ပြီး သားရဲကောင်ကြီးဖြစ်မည့်အရေးမှ ဝေးဝေးပြေးရင်ကောင်းလိမ့်မည်လားဆိုသည်ကို မတွေးဆတတ်တော့ပေ။

မနက်စာစားပြီးနောက်တွင် မော့တိသည် သူ မှားဖြေခဲ့သော မေးခွန်းများကို ခဏကြာ ပြန်ကြည့်သည်။ ထို့နောက် မုထျန်းဟန်၏ကားထဲဝင်ထိုင်ပြီး စာမေးပွဲခန်းမသို့ သွားလေသည်။

ပထမဆုံး စစ်ဆေးရေးဝင်သည်။ ထို့နောက် ခန်းမထဲသို့ ဝင်ရပြီး အဖြေလွှာများကို ဝေပေးသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲ တရားဝင် စတင်ခဲ့လေပြီ။

...

စာမေးပွဲဖြေချိန်သည် အမြဲပင် မြန်မြန်ကုန်ဆုံးလေ့ရှိသည်။ စာမေးပွဲကို အခက်အခဲမရှိ တစ်ဘာသာပြီး တစ်ဘာသာ ဖြေပြီးခဲ့သည်။

စာမေးပွဲနောက်ဆုံးနေ့တွင် ရာသီဥတုသာယာနေသည်။ နေရောင်သည် ‌‌တောက်ပလင်းဖြာနေသော်လည်း နွေးနွေးလေးနှင့် တိမ်စိုင်တိမ်တိုက်များမှာလည်း ရွှေရောင်တို့ဟူးတုံးလေးများကဲ့သို့ ကောင်းကင်ယံတွင် ဟိုတစ်စုသည်တစ်စု ပြန့်ကြဲနေကြသည်။

‌မော့တိသည် အရင်ရက်များနှင့်မတူ ခံစားချက်ကောင်းနေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခြင်းနှင့်အတူ သူ၏အစီအစဉ်များကို နောက်တစ်ဆင့်အဖြစ်သို့ တရားဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး အလိုမရှိသော အထိတ်တလန့်ဖြစ်ရပ်များလည်း ဖြစ်လာနိုင်စရာအကြောင်း မရှိတော့ပေ။

မော့တိသည် သူ၏လွယ်အိတ်ကို ဆုပ်ကိုင်ပြီး ကျောင်းဂိတ်ဝသို့ ဦးတည်နေသော လူတန်းရှည်ကြီးအား အလျင်အမြန် ဖြတ်ထွက်၍သွားသည်။ အရင်က မုထျန်းဟန် ကားပါကင်ထိုးပြီး သူ့ကိုစောင့်နေကျနေရာကို ရောက်သောအခါ အတော်လေး ရင်စို့သွားရသည်။

လိုင်သယ်စစ်က သူ့ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်နေသည်။

"ညီလေး စာမေးပွဲ ပြီးပြီလား။ ကျွတ်လွတ်သွားပြီဆိုတော့ ဝမ်းသာပါတယ်ကွာ။"

"ကျေးဇူးတင်ပါတယ် အစ်ကိုလိုင်သယ်စစ်။ ကိုကိုမုအာ အလုပ်များနေလို့လားဟင်။"

မော့တိက ပြုံးပြုံးလေးဖြင့် လိုင်သယ်စစ်ကို မေးလိုက်သည်။

"ကိစ္စတစ်ခုဖြစ်လို့ မုအာက အမေရိကကို ပြန်သွားရတယ်။ ဒီအချိန်လောက်ဆို လေယာဉ်ပေါ်‌ရောက်နေ‌လောက်ပြီ ထင်တယ်။"

"ရုံးချုပ်မှာ ပြဿနာလေးတစ်ခု ရှိနေလို့။ သူ သွားဖြေရှင်းတယ်။"

လိုင်သယ်စစ်က ကားတံခါးဖွင့်ကာ ဝင်ထိုင်ပြီးနောက် ခါးပတ် ပတ်ရင်းပြောသည်။

"သူ ပြန်ရောလာမှာလားဟင်"

Xxxxxxxxx


Chapter 28

မုထ်န္းဟန္သည္ သူ၏မ်က္လုံးမ်ားကို အနည္းငယ္ေမွးစင္းထားၿပီး ဆိုဖာေပၚတြင္ လွဲေနသည္။ ဆယ္မိနစ္ေလာက္သာ ၾကာမည္။ လူသြားစၾကၤံလမ္းဘက္မွ ေမာ့တိ ပန္းကန္ခြက္ေယာက္ေဆးေၾကာၿပီး မီးမႈတ္လိုက္သည့္အသံကို ၾကားမိေသာအခါ မုထ်န္းဟန္သူ၏ခႏၶာကိုယ္ကို ျဖည္းညင္းစြာ တည့္မတ္လိုက္သည္။

သူ လုံးဝအိပ္မေပ်ာ္ခဲ့ေပ။ သူ၏ေခါင္းသည္ အလြန္တရာ မူးေနာက္ေနခဲ့ၿပီး ထိုေကာင္ေလးကိုလည္း မည့္သို႔မည္ပုံရင္ဆိုင္ရမည္ဆိုသည္ကို မသိေသာေၾကာင့္သာ တစ္ေမွးအိပ္ေပ်ာ္သြားဟန္ အေယာင္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ေကာင္ငယ္ေလးဆီတြင္ အနမ္းတစ္ပြင့္အခိုးခံလိုက္ရသည့္ ျဖစ္စဥ္အစအဆုံးကို သူ အျပည့္အဝခံစားလိုက္ရမည္ဆိုသည္ကို မည္သူေတြးမိမည္နည္း။

စားပြဲေပၚက ၾကက္သီးႏြေးစြပ္ျပဳတ္ကိုၾကည့္ရင္း စကၠန႔္အနည္းငယ္ မတ္တပ္ရပ္ေနလိုက္မိသည္။ ေနာက္ဆုံးတြင္ေတာ့ စြပ္ျပဳတ္ပန္းကန္ကို ေကာက္ကိုင္လိုက္ၿပီး တစ္က်ိဳက္တည္း ေမာ့ေသာက္ပစ္လိုက္သည္။

ထို႔ေနာက္ သူ မီးမ်ားပိတ္ကာ အေပၚထပ္သို႔ တက္သြားေတာ့သည္။

တစ္ခါမွ မခံစားခဲ့ဖူးေသာ စိတ္ရႈပ္ေထြးမႈတို႔က သူ၏ေခါင္းထဲတြင္ ဝင္ေရာက္ေနရာယူထားၾကသည္။ ကိုယ္လက္သန႔္စင္ဖို႔ ေရခ်ိဳးခန္းထဲသို႔ သြားခ်င္ေသာ္လည္း သူကိုယ္တိုင္ မသိလိုက္ခင္မွာပင္ သူ၏စာၾကည့္ခန္းထဲရွိ ကြန္ပ်ဴတာေရွ႕တြင္ ထိုင္မိလ်က္သား ျဖစ္ေနသည္။ ကြန္ပ်ဴတာဖန္သားျပင္ေပၚတြင္ လြန္ခဲ့ေသာမိနစ္(၃၀)က ဧည့္ခန္းထဲရွိ ေစာင့္ၾကည့္ကင္မရာမွတ္တမ္း ေပၚေနသည္။

ဟုတ္ပါသည္။ ဒုတိယထပ္ႏွင့္ တတိယထပ္ရွိ အိပ္ခန္းမ်ားမွလြဲ၍ ပထမထပ္ရွိဧည့္ခန္းႏွင့္ က်န္ရွိေသာ အခန္းတိုင္းတြင္ ေမာနီတာမ်ားကို တပ္ဆင္ထားသည္။

မုထ်န္းဟန္သည္ က်ဲ့က်ိဳ႕စြပ္ျပဳတ္ပန္းကန္လုံးကိုင္ကာ ဧည့္ခန္းထဲသို႔ဝင္လာေသာ ေမာ့တိ၏ပုံရိပ္ေပၚလာသည္အထိ မွတ္တမ္းကို ေရွ႕သို႔ျပန္ဆြဲလိုက္သည္။

ေက်ာင္းဝတ္စုံဝတ္ထားေသာ ေမာ့တိေလးက စားပြဲေပၚသို႔ စြတ္ျပဳတ္ပန္းကန္ခ်လိဳက္ၿပီး ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္ကို သူ ေစာင့္ၾကည့္ေနမိသည္။ တစ္ေနရာက ေစာင္အေသးတစ္ခု သြားယူလာၿပီး ဂ႐ုတစိုက္ျဖင့္ သူ႕ကိုလႊမ္းၿခဳံေပးသည္။ အဲဒီလိုလုပ္ေပးၿပီးတာေတာင္ ေကာင္ေလးက ထြက္မသြားခဲ့ေပ။ သစ္အယ္သီးလာခိုးစားသည့္ ေၾကာက္႐ြံ႕ေနေသာ ရွဉ့္ငယ္ေလးတစ္ေကာင္ကဲ့သို႔ သူ၏လက္မ်ားကို ဒူးေခါင္းေပၚတြင္ ေကြးဆုပ္ၿပီး ဆိုဖာခုံေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။ ဤကဲ့သို႔ ခ်စ္စရာေကာင္းၿပီး နာခံက်ိဳးႏြံတတ္ေသာ အမူအရာကို စကားလုံးမ်ားျဖင့္ ေဖာ္ျပရန္မစြမ္းသာေခ်။

ပို၍ခ်စ္ဖို႔ေကာင္းသည္က ထိုေကာင္ေလးသည္ သူ႕ကိုဆယ္စကၠန႔္ေက်ာ္ေလာက္ ေငးစိုက္ၾကည့္ေနစဥ္တစ္ေလွ်ာက္လုံး သူ၏ပါးျပင္ႏွစ္ဖက္သည္ တျဖည္းျဖည္း ေသြးေရာင္လႊမ္းလာၿပီး သာမန္မ်က္စိႏွင့္ပင္ ျမင္နိုင္ေသာအတိုင္းအတာထိ ရဲေတာက္လာခဲ့ျခင္းပင္။ သူ၏ခႏၶာကိုယ္မွ ရွက္႐ြံ႕မႈအေငြ႕အသက္တို႔ ျဖာထြက္ေနၾကၿပီး ဤသို႔ျဖစ္ရျခင္းသည္ အေတြ႕အႀကဳံမရွိေသာ လူငယ္ေလးႏွင့္ အခ်စ္ဦးရွိသူတို႔မွ ခံစားဖူးသည့္ စိုးရိမ္ပူပန္မႈတို႔၏ တစ္မူထူးျခားေသာ အေလ့အထျဖစ္သည္။ စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ သူ႕ကိုယ္သူ အားတင္းလိုက္သည့္ပုံစံမ်ိဳးျဖင့္ လက္သီးဆုပ္ေလးႏွစ္ခုကို က်စ္က်စ္ပါေအာင္ဆုပ္ကာ ခႏၶာကိုယ္ကို ေကြးၫႊတ္ၿပီး မုထ်န္းဟန္၏မ်က္ႏွာေပၚသို႔ အနမ္းတစ္ပြင့္ ေႁခြခ်လိဳက္သည္။ ထို႔ေနာက္ အလွ်င္အျမန္ပင္ ေျပးထြက္သြားေတာ့သည္။

ဧည့္ခန္းအဆုံးတစ္ဖက္သို႔ ေရာက္ေသာအခါ စိတ္ေတြလႈပ္ရွားလြန္း၍ ယိုင္တိယိုင္တိုင္ျဖစ္ၿပီး ေခ်ာ္ေတာင္လဲမိေတာ့မလိုပင္ ျဖစ္သြားေသးသည္။

မုထ်န္းဟန္သည္ ဖန္သားျပင္ကို ေငးစိုက္ၾကည့္ရင္း ကြန္ပ်ဴတာေရွ႕တြင္ ထိုင္ေနေလသည္။ သူ၏ႏွလုံးသား အထိန္းအကြပ္မဲ့ ထပ္ဖန္တလဲလဲ ခုန္ေပါက္ေနသည္ကို ခံစားမိလိုက္သည္။ သူ၏ႏွလုံးသားျမစ္ဖ်ားတြင္ ႏြေးေထြးျခင္းေရစီးေၾကာင္းတစ္စင္း ထြက္ေပၚလာၿပီး ကလူက်ီစယ္ ပ်ံ့ႏွံ႕စီးဆင္းေနေလေတာ့သည္။

သူ တစ္ခါမွ မခံစားခဲ့ရဖူးသည့္ နားလည္ရခက္ေသာ ခံစားခ်က္မ်ားျဖင့္ ျပည့္က်ပ္ေနသည္။ ထိုခံစားခ်က္သည္ လူကို ေပါ့ပါးထုံထိုင္းေစသေလာက္ ေလးလံျပင္းထန္သည္။ ထိုခံစားခ်က္သည္ သူ၏ေသြးေၾကာမ်ားထဲမွ တလိပ္လိပ္ထိုးထြက္လာၿပီး သူ၏အသိတရားအာ႐ုံေၾကာမ်ားဆီသို႔ ရစ္ပတ္လႊမ္းၿခဳံသြားသည္။ ဆယ္ေက်ာ္သက္အ႐ြယ္ကို ျပန္ေရာက္သြားသလားဟုပင္ ခံစားလိုက္ရသည္။ အခုမွ အခ်စ္ကို စသိနားလည္သည့္ လူငယ္ေလးတစ္ေယာက္ကဲ့သို႔ သူ၏ျဖစ္တည္မႈသည္ ခ်ိဳသာၾကည္ႏူးရေသာေပ်ာ္႐ႊင္မႈမ်ား၊ စိတ္ပင္ပန္းမႈမ်ား လွည့္ပတ္စီးဝင္ေနသကဲ့သို႔ ေမွ်ာ္လင့္ခ်က္မ်ား၊ စိတ္ရႈပ္ေထြးမႈမ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ ဝ႐ုန္းသုန္းကား ႏွလုံးခုန္ႏႈန္းမ်ားျဖင့္ လႈပ္ရွားရိုက္ခတ္ေနေလသည္။

သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ ေျပာမထြက္နိုင္ေလာက္ေသာ အျပစ္ရွိစိတ္ႏွင့္ တားျမစ္ပိတ္ပင္ထားသည့္ လူ႕က်င့္ဝတ္တို႔ကလည္း ရွိေနျပန္သည္။

ယခုအခ်ိန္တြင္ ဒီ(၁၇)ႏွစ္အ႐ြယ္ ေကာင္ေလးကို သူ ခ်စ္မိသြားၿပီဆိုသည္မွာ... ေသခ်ာသေလာက္ပင္ ရွိၿပီ။

သူသည္ အမွန္တကယ္ပင္ သားရဲႀကီးတစ္ေကာင္ ျဖစ္ေလၿပီ။

သို႔ေသာ္ သူသည္ ဤအခ်င္းအရာကို ျပင္ဆင္လိုစိတ္ မရွိသလို ေျပာင္းလဲခ်င္စိတ္လည္း မရွိေပ။

ဤကဲ့သို႔ ႏွစ္လိုဖြယ္ေကာင္းေသာေကာင္ေလးက သူ႕အေပၚကို ႏွစ္ၿခိဳက္သေဘာက်ၿပီး သူ႕ဘက္မွလည္း အလားတူခံစားခ်က္မ်ိဳး ရွိေနသည္။ ထိုသို႔ဆိုလွ်င္ သူသည္ သားရဲႀကီးတစ္ေကာင္ျဖစ္လွ်င္လည္း ျဖစ္ေစေတာ့။ ဒီထက္ဆိုးတာ ဘာရွိဦးမည္လဲ။

မုထ်န္းဟန္ ႐ုတ္တရက္ သူ၏ဆံပင္မ်ားကို ဆုပ္ဖြလိုက္သည့္အတြက္ ဆံပင္လိပ္တခ်ိဳ႕ ရႈပ္ပြကုန္သည္။

ဒီလိုအေတြးမ်ိဳးပင္ ေတြးနိုင္ေနၿပီဆိုေတာ့ သူ တကယ္ စိတ္လြတ္သြားၿပီပဲ။

မုထ်န္းဟန္သည္ ေရခ်ိဳးခန္းသို႔ဝင္ရန္အတြက္ ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္သည္။ မ်ားမၾကာမီ ေရခ်ိဳးခန္းထဲတြင္ ပူႏြေးစိုစြတ္ေသာေရေငြ႕မ်ားျဖင့္ ပိတ္ဖုံးလႊမ္းၿခဳံသြားေတာ့သည္။

ထိုအခ်ိန္တြင္ ဉာဏ္ႀကီးရွင္ေမာ့တိမွာေတာ့ အိပ္၍ပင္ေပ်ာ္ေနေလၿပီ။

ေမာ့တိသည္ အိမ္ေျပာင္းလာၿပီး ဒုတိယေျမာက္ေန႕တည္းက စံအိမ္ထဲတြင္ ေစာင့္ၾကည့္ကင္မရာမ်ားရွိေနေၾကာင္းကို သိထားၿပီးျဖစ္သည္။ သူ၏အတိတ္ဘဝတြင္လည္း အခ်ိန္အေတာ္ၾကာ ပုန္းလွ်ိုးကြယ္လွ်ိုး ေနထိုင္ခဲ့ရသည္။ လွ်ို႔ဝွက္ကင္မရာမ်ားႏွင့္ အလားတူကိရိယာမ်ားကို သူသည္ ခ်က္ခ်င္းမေတြ႕မိလွ်င္ေတာင္ သတိျပဳမိဖို႔ အခ်ိန္သိပ္မယူရေပ။

သို႔ေသာ္ မုထ်န္းဟန္သည္ သူ႕ကို အႏၱရာယ္ေပးခ်င္ေသာေၾကာင့္ မဟုတ္ဘဲ သတိဝီရိယရွိေသာေၾကာင့္သာ ဤကဲ့သို႔ တပ္ဆင္ထားျခင္းကို သူ သေဘာေပါက္သည္။ ထို႔ေၾကာင့္ သူသည္ ဤအခ်င္းအရာကို ေပါ့ေပါ့တန္တန္သာ သေဘာထားခဲ့သည္။

စားပြဲေပၚသို႔ စြပ္ျပဳတ္ပန္းကန္ ခ်လိဳက္ၿပီးေသာအခ်ိန္တြင္ သူ၏စိတ္ထဲ၌ အစီအစဥ္တစ္ခု ေပၚလာသည္။ လြန္ခဲ့သည့္ရက္အနည္းငယ္က မုထ်န္းဟန္၏စိမ္းကားမႈကို ျပန္လည္ေခ်ပနိုင္ၿပီး တစ္စုံတစ္ရာေသာ ခံစားခ်က္ကို ဆြဲထုတ္လာနိုင္မည့္ အစီအစဥ္တစ္ခုပင္ ျဖစ္သည္။

ထို႔ေၾကာင့္ မုထ်န္းဟန္ ဧည့္ခန္းထဲတြင္ အိပ္ေပ်ာ္သြားတုန္း တစ္ခုခုျဖစ္သြားသလားဟူေသာ စိတ္ျဖင့္ ေစာင့္ၾကည့္ကင္မရာမွတ္တမ္း ျပန္စစ္ၾကည့္ခ်ိန္တြင္ ျဖစ္စဥ္အစအဆုံးကို မ်က္ျမင္ေတြ႕ရွိေစရန္ သူ တမင္စီစဥ္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ဒီကိစၥသည္ ဤညမျဖစ္လည္း ေနာက္ႏွစ္ရက္သုံးရက္ေနရင္ ျဖစ္လာေတာ့မည္ဆိုသည္ကို ေမာ့တိ တြက္ထားၿပီးသားပင္။ ေမာ့တိႏွင့္မတူညီစြာပင္ မုထ်န္းဟန္မွာေတာ့ ကင္မရာေပၚကတစ္ဆင့္ အရာအားလုံးကို ေတြ႕ျမင္လိုက္ရသည့္အတြက္ ထိုညက တစ္ေရးမွ အိပ္မရခဲ့ေပ။

ေနာက္တစ္ေန႕မနက္တြင္ ေမာ့တိသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ခဲ့ေသာေၾကာင့္ ေစာေစာစီးစီး အိပ္ယာနိုးလာသည္။

ကိုယ္လက္သန႔္စင္ၿပီး အိပ္ခန္းထဲမွ ထြက္လာေသာအခါ စားဖိုမႉးသည္ သူတို႔အတြက္ မနက္စာကို ခ်က္ျပဳတ္ျပင္ဆင္ၿပီးေလၿပီ။ ဟင္းပြဲမ်ားျပင္ဆင္ေနရာခ်ေနေသာ စားဖိုမႉးဆီသို႔ ေမာ့တိ အလ်င္အျမန္သြားကာ ကူညီေပးလိုက္သည္။

လိုင္သယ္စစ္ခမ်ာေတာ့ ထေတာင္မထနိုင္ေခ်။ မုထ်န္းဟန္မွာေတာ့ အနည္းငယ္ ပင္ပန္းသည့္ပုံေပါက္ေနသည္ကလြဲ၍ ပုံမွန္ရက္ေတြလိုပင္ အခ်ိန္မွန္ ေအာက္ထပ္ဆင္းလာခ်ိန္တြင္ လိုင္သယ္စစ္သည္ ကုလားေသကုလားေမာ အိပ္ေပ်ာ္ေနသည္။

ေမာ့တိသည္ ဟင္းပြဲကူေနရာခ်ထားၿပီးေနာက္ ေခါင္းေမာ့ၾကည့္လိုက္ရာ ေလွကားေပၚတြင္ ရပ္ေနေသာ မုထ်န္းဟန္ကို ေတြ႕ေလသည္။ မေန႕ညက ခိုးနမ္းမိသည့္ကိစၥကို သတိရသြားသည့္အလား သူ၏မ်က္ႏွာေပၚတြင္ နီေဆြးေဆြးအေရာင္အေသြးတို႔က ျဖတ္ေျပးသြားသည္။

ေကာင္း-ေကာင္းေသာမနက္ခင္းပါ ကိုကို

ႏႈတ္ဆက္ၿပီးေနာက္ လယ္ပိုင္ရွင္ဆီက ပိန္းဥခိုးစားမိတဲ့ ႐ူးေၾကာင္ေၾကာင္ ကေလးတစ္ေယာက္လို အျပစ္ရွိစိတ္ကို အတင္းႀကိဳးစားဖုံးကြယ္ေနသည့္အလား တံေတြးတစ္ခ်က္ၿမိဳခ်ၿပီး မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္ေနေလသည္။

ကိုကို၊ မေန႕က မူးလာတယ္။ ဘာ... ဘာျဖစ္လို႔ ထပ္မအိပ္ေတာ့တာလဲဟင္။

မုထ်န္းဟန္၏မ်က္လုံးထဲတြင္ ေမာ့တိ၏ပုံပန္းသြင္ျပင္သည္ ဘယ္လိုၾကည့္ၾကည့္ ခ်စ္စရာေကာင္းေနၿမဲပင္ျဖစ္သည္။

ေကာင္ေလးသည္ သူ၏စိတ္ကို မဖုံးနိုင္မဖိနိုင္ျဖစ္ၿပီး သူ၏တစ္ဖက္သတ္ခံစားခ်က္မ်ားမွာလည္း ထိန္းမရသိမ္းမရျဖစ္ေနသည္မွာ သိသာလွသည္။ ေကာင္ေလး၏လႈပ္ရွားမႈတိုင္းသည္ ေဖာ္ျပ၍မစြမ္းနိုင္ေသာ ညွို႔ခ်က္မ်ား ျဖစ္ေနၾကသည္။ မုထ်န္းဟန္၏ႏွလုံးသားသည္ တဒုတ္ဒုတ္ ခုန္ျမည္ေနၿပီး တစ္ခ်ိန္တည္းတြင္ ရယ္လည္း ရယ္ခ်င္မိသည္။

ဒီေန႕ ကိုယ္ မင္းကို စာေမးပြဲေျဖမယ့္ဆီ လိုက္ပို႔ေပးမယ္

သို႔ေသာ္ ထူးထူးျခားျခား တုံ႕ျပန္မႈမ်ိဳး မေပးဘဲ အလြန္အၾကဴး ရင္းႏွီးကြၽမ္းဝင္သည္ဟု မဆိုသာေသာ္လည္း ႏူးညံ့ညင္သာေသာ ေလသံျဖင့္ ေျပာလိုက္သည္။

ကိုကို၊ မလိုပါဘူး။ ကြၽန္ေတာ့္ဘာသာ သြားလို႔ရပါတယ္။ ကိုကိုက အနားယူလိုက္ပါဦးေနာ္။

ကိစၥမရွိဘူး။ ကိုယ္ နားၿပီးၿပီ။ အိပ္ခ်င္လည္း အိပ္ေပ်ာ္မွာမွ မဟုတ္တာ။

မုထ်န္းဟန္သည္ ထမင္းစားပြဲ၏မ်က္ႏွာခ်င္းဆိုင္ဘက္ျခမ္းတြင္ ဝင္ထိုင္လိုက္ၿပီး တူကိုေကာက္ကိုင္ၿပီး ပုဇြန္စိတ္ေပါက္စီကို ေကာက္ညွပ္လိုက္သည္။

ဒီႏွစ္ရက္အေတာအတြင္းမွာ စိတ္ေအးေအးထား။ စိတ္ဖိစီးမခံနဲ႕။ မင္းလည္း မင္း တတ္နိုင္သေလာက္ ေလ့လာၿပီးသြားၿပီ။ လိုအပ္တာေတြလည္း သင္ယူၿပီးသြားၿပီပဲ။ ရလဒ္ေကာင္းေကာင္း ထြက္မွာပါ။

အြန္း

ေမာ့တိသည္ သူ၏မ်က္လုံးမ်ား ေကြးၫႊတ္က်သြားသည္အထိ ၿပဳံးျပလိုက္ၿပီး ေခါင္းကိုလည္း အားတက္သေရာ ညိတ္ျပလိုက္သည္။

မုထ်န္းဟန္၏မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ပြင့္ ပြင့္လန္းေနေသာ္လည္း သူ၏ႏွလုံးသားထဲတြင္ေတာ့ သူ႕ကိုယ္သူအတြက္ သက္ျပင္းခ်မိေနေတာ့သည္။

အရင္သားရဲေကာင္ႀကီးဘဝကို ျပန္သြားသင့္သလားဆိုသည့္ အခ်က္ကို ေတြးေတာျခင္းျဖင့္ မေန႕ကညတစ္ညကို ကုန္ဆုံးခဲ့သည္။

သူကိုယ္တိုင္လည္း သူ၏ႏွလုံးသားကို မထိန္းခ်ဳပ္နိုင္ေပ။ သို႔ေသာ္ အနည္းဆုံးေတာ့ လက္လြတ္စပယ္ မျဖစ္ေစရန္ သူ၏လုပ္ရပ္မ်ားကို သတိကပ္ျပဳမူရမည္ျဖစ္သည္။

ေကာင္ေလးက အေတာ္ငယ္ေသးသည္။ ရင္ထဲက အႀကိဳက္ ႏွင့္ အခ်စ္ ကို ခြဲျခားတတ္ဦးမည္ မဟုတ္ေခ်။

အရင္က ေမာ့တိကို ဘယ္သူကမွ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့ဖူးျခင္း မရွိတာလည္း ျဖစ္နိုင္သည္။ ေမာ့တိအတြက္ လိုအပ္ေနသည့္ ယုံၾကည္အားကိုးရေသာ၊ ငဲ့ညွာေထာက္ထားတတ္ေသာ အခန္းက႑ကို သူဆိုသည့္ မုထ်န္းဟန္က ျဖည့္ဆည္းေပးလိုက္ျခင္းေၾကာင့္လည္း ျဖစ္နိုင္သည္။ ေမာ့တိခံစားေနရသည့္ အႀကိဳက္ သည္ သေဘာက်ခ်စ္ခင္မႈ၊ ေက်းဇူးသိတတ္မႈႏွင့္ သူ႕ကို ေဘးကင္းလုံၿခဳံမႈေပးစြမ္းနိုင္သည့္ခံစားခ်က္မ်ားျဖင့္ ရႈပ္ေထြးခံစားမိေနျခင္းလည္း ျဖစ္နိုင္သည္။

ေကာင္ေလးအ႐ြယ္ေရာက္လာသည့္အခါတြင္ေတာ့ သူ႕ထက္အသက္(၁၁)ႏွစ္ႀကီးေသာ စီနီယာအစ္ကိုတစ္ေယာက္ကို စင္စစ္ႏွစ္သက္ျမတ္နိုးခဲ့ျခင္း မဟုတ္ဘဲ ငယ္႐ြယ္ခ်ိန္ ျပဳလုပ္ခဲ့မိသည့္ အမွားတစ္ခုသာျဖစ္သည္ဟု သေဘာေပါက္နားလည္လာမည့္ ေန႕တစ္ေန႕လည္း ေရာက္ခ်င္ေရာက္လာနိုင္သည္

ထိုအေၾကာင္းအရာကိုေတြးမိလိုက္လွ်င္ မုထ်န္းဟန္သည္ သူ၏ႏွလုံးသားထဲတြင္ ေအာင့္သက္သက္ျဖစ္သြားရသည္။ ေကာင္ေလးက သူ႕ကို အခ်စ္စစ္၊ အခ်စ္မွန္ႏွင့္ ႏွစ္သက္ပါေစဟုဆုေတာင္းၿပီး သားရဲေကာင္ႀကီး ျဖစ္လာသင့္သလား။ သို႔မဟုတ္ ေကာင္ေလး၏ခံစားခ်က္မ်ားက အထင္မွားျခင္းသက္သက္သာျဖစ္ၿပီး သားရဲေကာင္ႀကီးျဖစ္မည့္အေရးမွ ေဝးေဝးေျပးရင္ေကာင္းလိမ့္မည္လားဆိုသည္ကို မေတြးဆတတ္ေတာ့ေပ။

မနက္စာစားၿပီးေနာက္တြင္ ေမာ့တိသည္ သူ မွားေျဖခဲ့ေသာ ေမးခြန္းမ်ားကို ခဏၾကာ ျပန္ၾကည့္သည္။ ထို႔ေနာက္ မုထ်န္းဟန္၏ကားထဲဝင္ထိုင္ၿပီး စာေမးပြဲခန္းမသို႔ သြားေလသည္။

ပထမဆုံး စစ္ေဆးေရးဝင္သည္။ ထို႔ေနာက္ ခန္းမထဲသို႔ ဝင္ရၿပီး အေျဖလႊာမ်ားကို ေဝေပးသည္။

ေကာလိပ္ဝင္ခြင့္စာေမးပြဲ တရားဝင္ စတင္ခဲ့ေလၿပီ။

စာေမးပြဲေျဖခ်ိန္သည္ အၿမဲပင္ ျမန္ျမန္ကုန္ဆုံးေလ့ရွိသည္။ စာေမးပြဲကို အခက္အခဲမရွိ တစ္ဘာသာၿပီး တစ္ဘာသာ ေျဖၿပီးခဲ့သည္။

စာေမးပြဲေနာက္ဆုံးေန႕တြင္ ရာသီဥတုသာယာေနသည္။ ေနေရာင္သည္ ေတာက္ပလင္းျဖာေနေသာ္လည္း ႏြေးႏြေးေလးႏွင့္ တိမ္စိုင္တိမ္တိုက္မ်ားမွာလည္း ေ႐ႊေရာင္တို႔ဟူးတုံးေလးမ်ားကဲ့သို႔ ေကာင္းကင္ယံတြင္ ဟိုတစ္စုသည္တစ္စု ျပန႔္ႀကဲေနၾကသည္။

ေမာ့တိသည္ အရင္ရက္မ်ားႏွင့္မတူ ခံစားခ်က္ေကာင္းေနသည္။ ေကာလိပ္ဝင္ခြင့္စာေမးပြဲ ျမန္ျမန္ဆန္ဆန္ ၿပီးဆုံးသြားျခင္းႏွင့္အတူ သူ၏အစီအစဥ္မ်ားကို ေနာက္တစ္ဆင့္အျဖစ္သို႔ တရားဝင္တက္ေရာက္နိုင္မည္ျဖစ္ၿပီး အလိုမရွိေသာ အထိတ္တလန႔္ျဖစ္ရပ္မ်ားလည္း ျဖစ္လာနိုင္စရာအေၾကာင္း မရွိေတာ့ေပ။

ေမာ့တိသည္ သူ၏လြယ္အိတ္ကို ဆုပ္ကိုင္ၿပီး ေက်ာင္းဂိတ္ဝသို႔ ဦးတည္ေနေသာ လူတန္းရွည္ႀကီးအား အလ်င္အျမန္ ျဖတ္ထြက္၍သြားသည္။ အရင္က မုထ်န္းဟန္ ကားပါကင္ထိုးၿပီး သူ႕ကိုေစာင့္ေနက်ေနရာကို ေရာက္ေသာအခါ အေတာ္ေလး ရင္စို႔သြားရသည္။

လိုင္သယ္စစ္က သူ႕ကို လက္ေဝွ႕ယမ္းကာ ႏႈတ္ဆက္ေနသည္။

ညီေလး စာေမးပြဲ ၿပီးၿပီလား။ ကြၽတ္လြတ္သြားၿပီဆိုေတာ့ ဝမ္းသာပါတယ္ကြာ။

ေက်းဇူးတင္ပါတယ္ အစ္ကိုလိုင္သယ္စစ္။ ကိုကိုမုအာ အလုပ္မ်ားေနလို႔လားဟင္။

ေမာ့တိက ၿပဳံးၿပဳံးေလးျဖင့္ လိုင္သယ္စစ္ကို ေမးလိုက္သည္။

ကိစၥတစ္ခုျဖစ္လို႔ မုအာက အေမရိကကို ျပန္သြားရတယ္။ ဒီအခ်ိန္ေလာက္ဆို ေလယာဥ္ေပၚေရာက္ေနေလာက္ၿပီ ထင္တယ္။

႐ုံးခ်ဳပ္မွာ ျပႆနာေလးတစ္ခု ရွိေနလို႔။ သူ သြားေျဖရွင္းတယ္။

လိုင္သယ္စစ္က ကားတံခါးဖြင့္ကာ ဝင္ထိုင္ၿပီးေနာက္ ခါးပတ္ ပတ္ရင္းေျပာသည္။

သူ ျပန္ေရာလာမွာလားဟင္

Xxxxxxxxx

Continue Reading

You'll Also Like

4.1K 388 25
သွမ့်ရွေ့xသွမ့်ရန် အရိုးစစ်
238K 11.9K 91
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
299K 5.7K 29
{COMPLETE} A high school romance about a girl and a guy who find a new path to start their love. Hot bad boy jungkook meets new y/n at school and sta...