☀️The Will Of The Heart🌻

By herennaykyar

1.1M 32.6K 3K

ဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်... More

☀️The Will OF The Heart🌻
🌻အခန်း(၁)🌻
🌻အခန်း(၂)🌻
☀️King&Nay🌻
🌻အခန်း(၃)🌻
🌻အခန်း(၄)🌻
🌻အခန်း(၅)🌻
🌻Nay Familyမှ နှစ်သစ်ဆုတောင်း🌻
🌻အခန်း(၆)🌻
🌻အခန်း(၇)🌻
🌻အခန်း(၈)🌻
☀️King☀️
🌻အခန်း(၉)🌻
🌻အခန်း(၁၀)🌻
☀️King&Nay🌻
🌻အခန်း(၁၁)🌻
🌻အခန်း(၁၂)🌻
☀️Starring🌻
🌻အခန်း(၁၃)🌻
🌻အခန်း(၁၄)🌻
🌻အခန်း(၁၅)🌻
🌞Funny🌞
🌻အခန်း(၁၆)🌻
🌻အခန်း(၁၇)🌻
🌻အခန်း(၁၈)🌻
🌻အခန်း(၁၉)🌻
☀️King&Nay🌻
🌻အခန်း(၂၀)🌻
🌻အခန်း(၂၁)🌻
🌻အခန်း(၂၂)🌻
🌻အခန်း(၂၃)🌻
🌻အခန်း(၂၄)🌻
🌻အခန်း(၂၅)🌻
🌻အခန်း(၂၆)🌻
🌻အခန်း(၂၇)🌻
☀️ပုံအပ်ဒိတ်🌻
🌻အခန်း(၂၈)🌻
🌻အခန်း(၂၉)🌻
🌻အခန်း(၃၀)🌻
🌻အခန်း(၃၁)🌻
🌻အခန်း(၃၂)🌻
🌻အခန်း(၃၄)🌻
🌻အခန်း(၃၅)🌻
🌻အခန်း(၃၆)🌻
🌻အခန်း(၃၇)🌻
☀️Photo Update🌻
🌻အခန်း(၃၈)🌻
🌻အခန်း(၃၉)🌻
🌻အခန်း(၄၀)🌻
🌻အခန်း(၄၁)🌻
🌻အခန်း(၄၂)🌻
☀️နေကင်းနှင့်အတ္တသစ္စာ🌻
🌻အခန်း(၄၃)🌻
🌻အခန်း(၄၄)🌻
🌻အခန်း(၄၅)🌻
🌻အခန်း(၄၆)🌻
🌻အခန်း(၄၇)(ဇာတ်သိမ်း)🌻
☀️စာဖတ်သူများသို့ ကျေးဇူးတင်လွှာ🌻
Just promotion
About selling PDF file

🌻အခန်း(၃၃)🌻

18.7K 567 90
By herennaykyar


'မာန်..စောင့်နေတာကြာပြီလား...'

နောက်ကျောဘက်မှ အသံကြောင့် မာန် လှည့်ကြည့်သည်။ နေက အိမ်နေရင်းပုံစံဖြင့် ထလာခဲ့ဟန်တူ၏။ ဂါဝန်ပွပွလေးပဲဝတ်ထားပြီး ပြင်ဆင်ခြယ်သခြင်းကင်းသည့်မျက်နှာလေးက ဆံပင်တွေကိုစည်းနှောင်ထားသဖြင့် ပြောင်ထင်းရှင်းလင်းနေသည်။ လည်ကုပ်စပ်မှ နေစက်ဝန်းပုံစံ တက်တူးလေးကို ထင်ရှားစွာမြင်နေရ၏။ သူမ ဘာမှပြင်ဆင်မလာဘဲ ဖိုသီဖတ်သီပုံစံဖြစ်နေခြင်းကပဲ လှပကြွရွစွာလိမ်းခြယ်ထားသည့် ကိုယ့်ကို တမင်ဒေါက်ဖြုတ်နေသကဲ့သို့ရှိ၏။

ထို့ပြင် နေစက်ကွင်းနှင့်ချွပ်စွပ်တူလွန်းသော မျက်နှာအမူအရာတွေကို အခုတော့ မရှုစိမ့်နိုင်တော့ပါ။ ကိုယ့်အိပ်မက်ထဲ စိတ်ကူးယဥ်ရုံမျှသာ တမ်းတခဲ့ရသော နေစက်ကွင်း၏ ဂရုစိုက်မှု၊ နူးညံ့ကြင်နာမှုအားလုံးကို ထိုသူမတစ်ယောက်တည်းကသာ လက်ခံရရှိနေပြန်သည်။ စက်နှင့်နေ ဆိုသည့်နှစ်ယောက်၏ သူငယ်ချင်းလောက်မက၊ ချစ်သူလောက်မကျ ဆက်ဆံရေးကို ဒီ့ထက်ပိုပြီး သည်းမခံနိုင်တော့ပါ။

'မကြာသေးပါဘူး bae...ထိုင်ဦးလေ..'

မာန့်အ​သံက နွေးထွေးမှုနည်းနေသည်ဟု နေ ခံစားမိလိုက်သည်။ မျက်နှာကလည်း ခါတိုင်းလိုမဟုတ်ဘဲ အပြုံးအရယ်မဲ့နေ၏။

'မာန်..မျက်နှာလည်းမကောင်းပါလား... နေမကောင်းဘူးလား..'

နေက မာန့်မျက်နှာကို သေချာအကဲခတ်၍ မေးသည်။ မာန်က ခေါင်းခါ၏။

'ဘာမှမဖြစ်ဘူး bae.. ဘာနဲ့လာတာလဲ..ကိုက baeကားကြောက်တတ်တဲ့အကြောင်း ပြောဖူးလို့..'

'Taxiနဲ့လာတာ မာန်.. သူ မသိဘူး၊ သူ့ကိုသွားမပြောနဲ့နော်..'

နေက မာန့်ကိုပါ နှုတ်ပိတ်ဖုံးဖိခိုင်းနေသေးသည်။ မာန်က မပွင့်တပွင့် ပြုံးလျက်..

'baeကို မာန် ပြောစရာရှိလို့ခေါ်တာ... ရှေ့မျက်နှာ နောက်ထားပြီး အားမနာတမ်းပြောရမှာပဲ..'

'အင်း..ပြောလေ မာန်..'

'baeနဲ့ကိုတို့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ...'

'ဟင်..'

မာန့်မေးခွန်းကြောင့် နေ ဟင်ခနဲဖြစ်သွားသည်။ မာန့်အကြည့်တွေ တစ်မျိုးဖြစ်နေတာကိုလည်း သဘောပေါက်သလိုရှိလာကာ..

'ဒီတိုင်း သူငယ်ချင်းမောင်နှမဆက်ဆံရေးပဲလေ မာန်..ဘာဖြစ်လို့ရုတ်တရက်ကြီးမေးတာလဲ...'

မာန် မဲ့ပြုံးတစ်ချက်မသိမသာဖြစ်သွား၏။ ဟိုတစ်နေ့က သူတို့နှစ်ယောက် ကူးလူးပူးယှက်နေတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရသည့်သူမကိုတောင် မှင်သေသေနှင့်ပြန်မေးနေပုံက အကယ်ဒမီရှော့ခ်ပင်။ ဘာမှမဖြစ်ခဲ့သည့်အတိုင်း မျက်နှာပြောင်လွန်းပါပေသည်။

'မာန်နဲ့ကို လက်ထပ်တော့မှာ bae.. မာန် ဒီနေ့ပဲ သူနဲ့လက်ထပ်တော့မယ့်အကြောင်း ဆိုရှယ်မီဒီယာမှာ အသိပေးတော့မှာ.. ဆိုတော့ baeနဲ့ကို ရုပ်ချင်းတူပေမဲ့ မောင်နှမအရင်းမဟုတ်ကြဘူးဆိုတာလည်း အတော်များများက သိကြမှာပဲ.. ဒါကြောင့် လက်ထပ်တော့မယ့်ယောက်ျားတစ်ယောက်နဲ့ ဒီ့ထက်ပိုပြီး closeမဖြစ်သင့်တော့ဘူးလေ.. baeတို့က ဘယ်လောက်ပဲရိုးသားပါတယ်ပြောပြော.. အများအမြင်မှာတော့ သို့လောသို့လော ထင်စရာဖြစ်နေလိမ့်မယ်.. အဲဒီတော့ မာန် publicချပြတဲ့အခါ baeတို့ဆက်ဆံရေးနဲ့ပတ်သက်ပြီး မာန့်ဘက်ကိုလည်း ဝေဖန်မှုတွေရှိလာနိုင်တယ်...'

မာန့်စကား မဆုံးသေးခင်မှာပဲ မာန်ပြောလိုသည့်အကြောင်းအရာကို နေ တပ်အပ်သိလိုက်ပြီဖြစ်၏။
ရင်ထဲမှာ နင့်သည်းသော ဝေဒနာတစ်ရပ်တိုးဝင်လာကာ နေ့မျက်နှာလေး အေးစက်သွားသည်။

'ကိုနဲ့bae သူငယ်ချင်းလို မောင်နှမလို ရင်းနှီးကြရင်တောင်မှ ဒီအချိန်မှာ baeကပဲ အလိုက်တသိရှောင်ပေးပါ ..မာန်နဲ့ဆက်ပြီး ခင်မင်သွားချင်သေးတယ်ဆိုရင်ပေါ့...'

မာန်က စကားကုန်ပြောထွက်ခဲ့ပြီ။ နေ မာန့်ကို ဟန်မပျက်ပြုံးပြရင်း..

'နောက်ဆုံးတော့ မာန်လည်း ကင်းရဲ့exတွေလိုပဲကိုး.. နေ ကင်းနဲ့ပတ်သက်ပြီး သူ့ရည်းစားတွေအကြောင်း ဘာတစ်ခုမှမဝေဖန်ခဲ့ဖူးဘူး.. သူတို့နဲ့လည်း မာန့်လို မရင်းနှီးခဲ့ဘူး... နေက မာန့်ကိုတကယ်ခင်ခဲ့တာပါ၊ နေနဲ့မာန်က သူငယ်ချင်းတွေမို့လို့ ကင်းနဲ့မာန် ဖြစ်သွားခဲ့ရင် ကင်းကိုစိတ်ချလက်ချထည့်ပေးလိုက်နိုင်မှာပဲလို့တွေးပြီး မာန်တို့နှစ်ယောက်ကိုပြေလည်စေချင်ခဲ့တယ်.. ဒါပေမဲ့ မာန် အခုလိုပြောလိုက်တော့ နေ ကြိုတွေးထားပြီးသားဆိုပေမဲ့လည်း နည်းနည်းအံ့သြသွားတယ်.. မာန့်ရဲ့စိတ်ရင်းကို သိလိုက်ရလို့ စိတ်မကောင်းဘူး...'

'baeရယ်.. ဘာသွေးသားဆက်နွှယ်မှုမှမရှိဘဲ လက်ပွန်းတတီး ထိတွေ့နီးကပ်နေတဲ့အဖြစ်ကို ဘယ်မိန်းမက သဘောထားကြီးပေးနိုင်မှာလဲ.. ဘေးလူတွေအမြင်မှာလည်း အနေအထိုင်မတတ်လိုက်တာလို့ ကဲ့ရဲ့စရာဖြစ်နေမှာပဲ...သူ့ရည်းစားဆိုတဲ့မိန်းမရဲ့ရင်ထဲဝင်ပြီး ကိုယ်ချင်းစာကြည့်ဦး..'

နေ့မျက်နှာ တစ်စတစ်စနီမြန်းလာသည်။ ယခင်ကလည်း အဲ့လိုမျိုး ခဏခဏအပြောခံရဖူးပေမဲ့ ဒီတစ်ခါ ကိုယ် စိတ်ရင်းနှင့်ခင်ခဲ့ရသည့်သူငယ်ချင်းက ပြောနေခြင်းဖြစ်၍ ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲမသိ၊ ပြောစရာစကားလုံးတွေ ပျောက်ဆုံးနေပြီးမှ..

'မာန်က နေနဲ့ကင်းကို ဝေးဝေးနေစေချင်တာမို့လား..ရတယ်..နေပေးပါ့မယ်.. ဒါပေမဲ့ မာန်ရယ်.. နေတို့နှစ်ယောက်က မွေးကတည်းက အတူရှင်သန်ကြီးပြင်းလာကြတာ.. တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ပယောဂကြောင့်နဲ့မှ ဝေးကွာသွားတာမျိုး ၊ အခေါ်အပြောမလုပ်ဘဲနေတာမျိုး မရှိခဲ့ဖူးဘူး၊ မာန်ပြောတဲ့ သွေးသားဆက်နွှယ်မှုထက်ကို နေတို့ဆက်ဆံရေးက လေးနက်ပါတယ်.. အချိန်တန်ရင် ကင်းက မိန်းမယူမှာပဲဆိုတာ နေက အရင်ကတည်းက နားလည်လက်ခံထားပြီးသားပါ.. ကင်းကို ဒီလိုပုံစံမျိုးနဲ့ရှောင်ဖယ်နေပေးရလိမ့်မယ်လို့တော့ တစ်ခါမှမတွေးခဲ့ဖူးဘူး...'

'ဟွန်း..တို့ကလည်း သူငယ်ချင်းမောင်နှမဆက်ဆံရေးဆိုပြီး ဖြည့်တွေးပေးချင်ပါတယ်...ကိုရာမရဲ့မွေးနေ့ညက လူချင်း ပလူးလိုက်နမ်းလိုက်လုပ်နေတာကို ကိုယ်တိုင် မျက်စိနဲ့မမြင်ခဲ့ရရင်ပေါ့...'

'ဟင်..'

နေ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မာန် ဘာပြောလိုက်တာလဲ။ ကင်းနှင့်သူမ ရာမမွေးနေ့မှာ ဘာဖြစ်ခဲ့သလဲ။ သူမ ဝိုင်တွေသောက်မိပြီး မူးမိုက်အိပ်ပျော်သွားခဲ့သည့်အဖြစ်ကိုပဲ မှတ်မိသည်။ မာန် ​အမြင်မတော်တာတွေ တွေ့သွားခဲ့တာလား။ တွေးရင်း နေ့မျက်နှာ ရှက်စိတ်ကြောင့် ထူပူနီရဲလာသည်။ မာန့်ကို ရှင်းရခက်ပြီမှန်းလည်း သိလိုက်၏။

'မာန်...အဲဒီ့ညက မာန် ဘာမြင်ခဲ့လဲ နေ တကယ်မမှတ်မိတာ..နေ နေ မူးနေခဲ့တာ..မာန် အမြင်မတော်တာတွေထိ ဖြစ်သွားခဲ့တာလား..မာန် ယုံမှာမဟုတ်ပေမဲ့ ဘာဖြစ်ခဲ့လဲ နေ မသိဘူး..တကယ်ပါ...နေက ကင်းနဲ့မာန့်ကို ပြေလည်စေချင်တာတော့ စိတ်ရင်းအမှန်ပါ..'

'ပြေလည်စေချင်တဲ့သူကပဲ နောက်ကျောကိုဓားနဲ့ထိုးနေတာလေ...'

​မာန့်အပြောတွေကြောင့် နေ မျက်ရည်ဝေ့လာတာကို မျက်တောင်တို့ဖြင့် ပုတ်ခတ်သိမ်းဆည်းလျက်..

'နေ့မှာ အဲ့လိုစိတ်မရှိဘူးမာန်... တကယ်တမ်းဝန်ခံရရင် ကင်းက နေ့အတွက်အရာရာပါပဲ... သူငယ်ချင်းဆိုလည်းဟုတ်၊ အစ်ကိုဆိုလည်း ဟုတ်၊ တစ်ချိန်တည်းမှာ မွေးခဲ့ကြတဲ့ဖွားဖက်လည်း ဖြစ်သေးတယ်.. နေ့ဘဝတစ်လျှောက်လုံး ကင်းနဲ့ပဲ အချိန်ကုန်ခဲ့ရတော့ နေ့မှာ ကင်းတစ်ယောက်ပဲ တွယ်တာစရာ ရှိတာပါ..ကင်းကို တခြားသူလက်ထဲ ထည့်မပေးလိုက်နိုင်တဲ့ နှမြောစိတ်တွေလည်း ရှိခဲ့တယ်..မာန်နဲ့ကျမှ နေ အဲဒီ့စိတ်ကို လွှတ်ချဖို့ဆုံးဖြတ်ခဲ့တာပါ..ဒါ မှန်သောစကားပါ..ကင်းကိုတကယ်ချစ်ရင် သူ့ခံစားချက်ကိုအရင်ပိုင်အောင် လုပ်ပါ.. ဒါ မာန့်အတွက်ပြောတာပါ..ကင်း မချစ်တတ်တာကိုသိနေလို့ မာန် ခံစားရမှာစိုးလို့ပါ..'

နောက်ဆုံးစကားက မာန့်အရှိုက်ကိုတည့်တည့်ထိစေသော စကားဖြစ်၏။ နေ့ကိုဖယ်ခွာစေချင်ဇောနှင့် ပြောခဲ့သော်ငြား နေစက်ကွင်း၏စိတ်ကို တစ်စက္ကန့်တောင် အစိုးမရနိုင်သည့်အဖြစ်ကြောင့် သိမ်ငယ်နာကျင်ရပေါင်း များလှပြီ။

'မာန် ကင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ နေဆုတောင်းပေးပါတယ်.. လူကိုရော ၊ စိတ်ကိုရောပေါ့...'

နေ ပြောပြီးသည်နှင့် ချာခနဲလှည့်ထွက်ခဲ့သည်။ ကင်းနှင့်ရန်ဖြစ်ထားသည့်နေရက်တိုင်းဟာ ပြဿဒါးများလား။ ရန်ဖြစ်ရသည့်အကြောင်းရင်းကလည်း မာန့်ကြောင့်ပဲဖြစ်ကာ အခုလည်း မာန့်ကြောင့်ပဲ ကင်းနှင့်ဝေးကွာဖို့ အကြောင်းဖန်လာခဲ့ပြီ။

အဖြူရောင်သံယောဇဥ်ကို အရောင်ပြောင်းလဲခဲ့မိသော အပြစ်ကြောင့် နာကျင်မှုက ပြင်းထန်လွန်းလှသည်။ ကင်းကိုလက်လွှတ်ရမည်ဆိုလျှင်တောင် သူနှင့်အနီးဆုံးမှာ အသက်ထက်ဆုံးရှိသွားချင်သည့်ဆန္ဒလေးတစ်ခုလည်း တိမ်လိုမျောလွင့်ပျောက်ကွယ်သွားတော့မည်လား။ 'ငါ နင့်ကိုချစ်မိနေပြီဆိုတာ သေချာသိလိုက်ချိန်မှာပဲ နင်နဲ့အဝေးဆုံးကိုရောက်ရတော့မယ်ကင်းရယ်...'။

နေ ဖြည်းလေးစွာ လျှောက်လာခဲ့ရင်း taxiတားဖို့ လမ်းကူးလိုက်စဥ် သူမဆီအတည့်ဝင်လာသည့်ကားတစ်စီးကြောင့် ရုတ်တရက် ကြောင်သွား၏။ ထိတ်လန့်စိတ်တွေ ငယ်ထိပ်ထိဆောင့်တက်၍ ဦးနှောက်အသိတွေခဏလွတ်သွားပြီထင်သည်။ သူမ ကားကိုရှောင်ဖို့ မေ့နေခဲ့၏။ ထိုကားသည် လမ်းကြောအတိုင်းမောင်းလာခြင်းမဟုတ်ဘဲ သူမဆီ ဦးတည်မောင်းလာနေခြင်းဖြစ်သည်။

မာန် ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ နှစ်ထောင်းအားရကြည့်နေ၏။ နေကြာရိုင်းဆိုသည့်မိန်းမ ကားအက်ဆီးဒန့်စ်ဖြစ်ခဲ့ဖူးသည့်အတိတ်ဆိုးကြောင့် ထရော်မာအကြီးစားရထားသူမို့ ကားကိုမြင်တိုင်း ရှော့ခ်ဖြစ်ပြီး တစ်ခါတည်းကိစ္စပြတ်သွားပါစေ။

'နေ့ ...'

နီးကပ်လာသည့်ကားက နေ့ကို အရှိန်နှင့်တိုက်ချဖို့ ဟန်ပြင်နေဆဲမှာပဲ နေ့တစ်ကိုယ်လုံးကိုဆွဲပွေ့ခံလိုက်ရသည်။

'နေ...အဆင်ပြေရဲ့လား...ငါ့ကိုကြည့်ပါဦး နေ...'

သူမပါးတွေ၊ မေးဖျားတွေကို အသာလှုပ်၍ စိုးရိမ်တကြီးမေးနေသူကိုမော့ကြည့်ရင်း နေ ကြောင်တောင်တောင်လေး ဖြစ်နေ၏။

'ကင်း...'

'ဟုတ်တယ်..ငါပါ.. နင့်ရဲ့ကင်းပါ.. နင် ဘာမှမဖြစ်ဘူးနော်...ငါရှိတယ်...သတိကပ်ထား နေ...'

'ကင်း... မာန်ကလေ.. မာန်က ငါ့ကို နင်နဲ့ဝေးဝေးနေတဲ့.. ငါတို့တကယ်ဝေးကြတော့မယ်ထင်တယ်..'

'ဟား..နေရာ... အဓိပ္ပါယ်မရှိတာတွေ.. သူ့စကား ဘာလို့စိတ်ထဲထားနေတာလဲ...'

နေ ပြန်မဖြေဘဲ ငြိမ်သွားတော့ သူ နေ့ကို ကားထဲပွေ့ခေါ်ခဲ့သည်။ နေ့ကိုတိုက်ဖို့ကြံရွယ်ခဲ့သည့် ကားသမားက ထွက်ပြေးသွားပြီမို့ ခုလေးတင်ပဲ သူ့လူတွေ ထိုကားနောက်သို့လိုက်သွားကြပြီဖြစ်၏။
သူ နေ့ကိုအိမ်ပြန်ခေါ်လာခဲ့ပြီး သူမအိမ်ဘက်မပို့ဘဲ သူ့အိမ်ဘက်မှာပဲ အခန်းပြင်ပေး၍ အနားယူစေသည်။ နေက တာကြီးယူလာပေးသည့် ရေနှင့်ဆေးကိုသောက်ပြီး မွေ့ရာထက်မှာ လှဲနေ၏။ သူ့ကိုလည်း မကြည့်ဘဲ မျက်လုံးလေးမှိတ်ထားသည်။ သူက နေ့ဆံစလေးတွေကိုသပ်တင်ပေးရင်း...

'နေ....ငါနဲ့နင်က တစ်သက်လုံး မခွဲမခွာ အတူရှိသွားကြရမယ့်လူတွေပဲ.. ဘယ်တော့မှ ဝေးကွာမသွားဘူး၊ ဝေးကွာသွားစေမယ့်အရာတွေကိုလည်း ငါ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး..'

ခပ်တိုးတိုးပြောရင်း နေ အိပ်ပျော်သွားတာကိုသတိထားမိလိုက်သည်။ သူ ခရီးသွားစရာ ရှိနေသည်မို့ တာကြီးကို နေ့ကိုဂရုစိုက်ပေးဖို့သေချာမှာခဲ့၏။ ခရီးမသွားခင် အပြတ်ရှင်းရမည့် ကိစ္စတစ်ခုကြောင့်...

'မာန်ရေ...ဧည့်သည်ရောက်နေတယ်..'

အမရာက မာန် အလှပြင်နေသည့်အခန်းထဲသို့ ဝင်လာပြီး အသိပေးလျှင် မာန့်မျက်ခုံးတွေတွန့်ကွေးသွားသည်။

'ဘယ်ကဧည့်သည်လဲ ..ခဏနေရင် မီဒီယာတွေလာတော့မှာကို..'

'နင့်ဘဲကြီး နေစက်ကွင်းဟေ့..'

'ဟင်..'

မာန် တအံ့တသြ ထရပ်မိလျက်..

'သေချာလို့လား..'

'မယုံရင် ထွက်ကြည့်..'

မာန် နှုတ်ခမ်းနီ ဆိုးမပြီးသေးဘဲ ဘူးကို စားပွဲပေါ်ပြန်တင်၍ အခန်းထဲမှ ထွက်လာခဲ့သည်။ စက်က ဆက်တီပေါ်မှာ ခြေချဲ၍ထိုင်နေပြီး မျက်နှာက အပြုံးအရယ်မရှိ၊ တည်ငြိမ်နေ၏။

'ကို မာန့်ဆီလာတယ်...ကျားသားမိုးကြိုး...'

မာန် သူ့ဘေး ထိုင်ခုံမှာ ဝင်ထိုင်၍ ဝမ်းသာအားရနှုတ်ဆက်သည်။ ခုနကမှ နေပြန်သွားသည်မို့ သီသီလေးကပ်လွဲသွားတာ ကံကောင်းလို့ပါလား။

'ကို့ကို မာန် ပြောချင်တာတွေရှိလို့ ကိုရောက်လာတာနဲ့အတော်ပဲ..'

'မင်းပြောချင်တာမပြောခင် ငါပြောစရာရှိတာ အရင်ပြောမယ်.. နားထောင်ပေးမလား မာန်...'

'ငါ' ဟု ပြောင်းလဲသွားသည့် သူ့အသုံးအနှုန်း​ကို သတိထားမိကာ မာန် ထိတ်ခနဲဖြစ်သွား၏။ စက်က မာန့်ကို အေးစက်စက်ကြည့်ရင်း..

'ငါတို့ လမ်းခွဲကြရအောင် မာန်..ဒီလောက်ပဲပေါ့..'

'ဘယ်လို...'

မာန့် နားထဲမှတစ်ဆင့် ရင်ဘတ်ထဲထိ အုန်းခနဲမြည်ဟီးသွား၏။

'ငါနဲ့မင်း တွဲခဲ့တယ်ဆိုတာ လူသိရုံပဲရှိတာပါ.. ဒီနေ့အထိ တစ်နာရီကြာအောင်ဖုန်းမပြောဖူးဘူး၊ လက်ချင်းတွဲပြီးတောင် မလျှောက်ဖူးသေးဘူး..ဟုတ်ရဲ့လား.. မင်းလည်း ငါ့စိတ်ကိုခံစားမိမှာပါ...'

'ကို ဘာတွေပြောနေတာလဲ.. မာန့်ကိုဘာလို့လမ်းခွဲချင်တာလဲ...'

မာန် စိုးရိမ်ထိတ်လန့်စ ပြုလာကာ တုန်လှုပ်စွာမေးသည်။

'ငါ မင်းကို ပြောခဲ့ဖူးပါတယ်.. နေနဲ့ပတ်သက်ပြီး မင်းဘက်က ဖြည့်တွေးမပေးနိုင်တော့တဲ့တစ်နေ့ လမ်းခွဲမယ်လို့လေ.. မင်းက ဖြည့်တွေးမပေးရုံတင်မကဘူး... မင်းကို တကယ်ခင်တွယ်ခဲ့တဲ့နေ့ကိုတောင် စိတ်ရင်းမှန်နဲ့မဆက်ဆံခဲ့ဘူး..မင်း မကျေနပ်တာတွေရှိနေရင်တောင်မှ နေက မင်းအပေါ် ဘာအမှားမှလုပ်ခဲ့တာမရှိဘူး... မင်း ငါ့ကိုခဏဘေးဖယ်ပြီး သူ့ခင်မင်မှုကိုငဲ့ဖို့ကောင်းတယ်..'

'ကို...ကို ဖြည့်တွေးခိုင်းတယ်ဆိုတဲ့အကြောင်းအရာက ဘာလဲ.. ကို သူ့ကိုပွေ့ဖက်ကြင်နာနေတာတွေ... ဂရုစိုက်အကဲပိုနေတာတွေလား.. ဒါကို ဘယ်ရည်းစားက ဖြည့်တွေးနိုင်မှာတဲ့လဲ.. ပြောပါဦး...'

'အဟွန်း.. မင်းနဲ့ငါ ရည်းစားအရာတောင်မမြောက်ခဲ့သေးတာ မင်းမေ့နေတယ်ထင်တယ်.. မင်းဘက်က လမ်းခွဲသည်ဖြစ်စေ၊ မခွဲဘူးပဲဖြစ်စေ ငါကတော့ ဘောင်ခတ်တာမကြိုက်တဲ့ကောင်မို့ မင်းကို လမ်းခွဲစကား ပြောစရာမလိုဘဲ ငါနဲ့နေ့ရဲ့ဆက်ဆံရေးကို မင်းကိုယ်တိုင်သိရှိနားလည်ပြီး အလိုအလျောက်ပြတ်စဲသွားမယ်ထင်ခဲ့တာ..ပထမဆုံးအကြိမ် ငါ့အထင်မှားသွားခဲ့တယ်.. ပြီးတော့ နေ့ကြောင့်... နေ့မျက်နှာကြောင့် နေ့သူငယ်ချင်းဖြစ်နေတဲ့မင်းကို ငါ့ဘက်ကစပြီး လမ်းခွဲစကားပြောမထွက်ခဲ့တာလည်းပါတယ်.. ဒါပေမဲ့ မင်းက ငါကိုယ်တိုင် တကူးတကလာပြောရတဲ့အခြေအနေရောက်လာတဲ့အထိ နေ့ကိုဖိအားပေးခဲ့ပြန်ပြီ..'

မာန် မယုံနိုင်ခြင်းများနှင့် မျက်ရည်ဝေ့လျက် အတန်ကြာ ဆွံ့အနေပြီးမှ..

'ဒါဆို ကိုက မာန့်ကို နည်းနည်းလေးတောင်မချစ်ဘဲ တွဲခဲ့တာပေါ့.. နည်းနည်းတောင်မှ စိတ်မဝင်စားခဲ့ဘူးပေါ့..'

'မာန်... ငါ ရည်းစားများတဲ့ရာဇဝင်ကို မင်းလည်းသိမှာပါ.. ငါက တွဲကြမလားလို့ မေးရုံနဲ့ မင်းနဲ့သူတို့အားလုံးက ခေါင်းညိတ်ခဲ့ကြတာချည်းပဲ.. အဲဒီ့တော့ ချစ်တယ်ဆိုတဲ့စကားကို ဘယ်ရည်းစားကိုမှမပြောခဲ့ဖူးဘူး.. ပြောဖို့ထိလည်း ငါ့အတွက်အရေးမပါဘူး.. တွဲကြတယ်..သိပ်မကြာခင်မှာပဲ ပြတ်စဲသွားတယ်.. ဒီလိုနဲ့ပဲ ငါက ရည်းစားများတဲ့ကောင်ဖြစ်လာတယ်.. ပလေးဘွိုင်းလို့ သမုတ်ခံရတယ်.. လမ်းခွဲပြတ်စဲရတဲ့အကြောင်းရင်းကို ဘယ်ရည်းစားကိုမှ ရေရေရာရာမပြောခဲ့ဖူးပေမဲ့ မင်းကတော့ သိသင့်တယ်ထင်လို့ပြောလိုက်မယ်.. ငါ့တစ်ဘဝလုံးမှာ အချစ်ရဆုံးမိန်းမဟာ နေပဲ.. နေက ငါ့ရဲ့အရာရာပဲ... နေ့ကို ငါ့အမေထက်တောင် ပိုပြီးလိုအပ်ခဲ့တာ..'

သူ့စကားများက မာန့်အသည်းနှလုံးကို ​ခြေမွလိုက်သကဲ့သို့ပင် တဆစ်ဆစ်နာကျင်စေ၏။

' ရှင် ငါ့စကားနွားရပြောလွန်းတယ်.. မာန့်ကိုဘာဖြစ်လို့တွဲခဲ့သေးလဲ..မာန့်ခံစားချက်တွေကို ဘာဖြစ်လို့ကစားခဲ့သေးလဲ..ရှင် တော်တော် မကောင်းတဲ့လူပဲ..'

မာန့်မေးသံက ကျယ်သွားကာ အခန်းပြင်ကဝန်ထမ်းတချို့ပါ စပ်စပ်စုစုကြည့်လာကြသည်။ စက်က မဲ့သည်ဆိုရုံမျှ နှုတ်ခမ်းလှုပ်ပြုံး၏။

'ကစားခံရတယ်ဆိုကတည်းက ယိမ်းယိုင်လွယ်လို့ပဲလေ.. စိတ်မခိုင်ဘဲ သာယာလွယ်တာမျိုးပေါ့.. တွဲကြမလားဆိုတဲ့စကားကိုလည်း မင်းဘက်ကပဲ စပြောခဲ့တာနော်...ငါ ဘယ်လိုကောင်မှန်း သိသိကြီးနဲ့ပျော်ဝင်ခဲ့တဲ့မင်းက ငါ့ကိုတွဲချိန်အထိ ဈာန်ရဲတိုက်ဆိုတဲ့ကောင်နဲ့ လမ်းမခွဲရသေးဘူး.. အဲဒီ့အဖြစ်တစ်ခုလုံးကို ဖုံးကွယ်ထားခဲ့တယ်..မင်းလည်း ငါ့ကိုမရိုးသားခဲ့ပါဘူး...'

သူ့စကားကြောင့် မာန့်မျက်လုံးတွေပြူးကျယ်ကုန်သည်။ ပျက်ကျသွားသည့်မျက်နှာကို ဘယ်လိုပြန်လည်ပြင်ဆင်ဖုံးဖိရမှန်းမသိခဲ့ဘဲ..

'အဲဒါ အဲဒါ.. ရှင့်ကို ပိုချစ်ခဲ့မိလို့ သူ့ကိုစွန့်လွှတ်ခဲ့တာ..'

'စိတ်မကောင်းပေမဲ့ ငါမင်းကိုတွဲခဲ့တဲ့အကြောင်းရင်းကတော့ အဲဒီ့ကောင်ကြောင့်ပဲ..ငါက မင်းကို အဲဒီ့ကောင်အရှိုက်ကိုထိဖို့ အသုံးချခဲ့ရုံပဲ...မင်းကိုလည်း ဈာန်ရဲတိုက်က ငါဘယ်လိုကောင်ပါလို့ သတိပေးခဲ့မှာပါ... သိသိကြီးနဲ့မိုက်မဲပြီး ရှေ့ဆက်တိုးခဲ့တာ မင်း..'

သူက အညှာအတာမဲ့စွာ ပြော၍ ထရပ်သည်။ မာန်ကပါ လိုက်ထ၍ လက်သီးဆုပ်အံကြိတ်လျက်..

'ရှင် အတော့်ကိုကောက်ကျစ်ဉာဏ်များခဲ့တာပဲ..ရတယ်လေ..ကိစ္စမရှိဘူး..ဒါပေမဲ့ မာန့်ကို ဒီလိုပုံစံမျိုးနဲ့ဖြတ်ချခဲ့လို့မရဘူး ကိုစက်.. မီဒီယာရှေ့မှာ ကျွန်မချစ်သူက ရှင်ပါလို့ တိုင်းသိပြည်သိ ကြေညာမှာ..'

'လုပ်ရဲရင်လုပ်ကြည့်ပေါ့... လုပ်နိုင်စွမ်းရှိသမျှ အကုန်လုပ်.. လုပ်ခွင့်ပေးထားတဲ့အချိန်ပြည့်ရင် မင်းလုပ်ခဲ့သမျှအတွက် ပြန်လက်ခံရမယ့်ရလဒ်ကိုစောင့်နေ.. ငါက မင်းထင်ထားတာထက်ပိုပြီး ကောက်ကျစ်တဲ့ကောင်မို့လို့ သတိနဲ့နေပါ..ဒီနေ့ နေ့ကို မင်းဘာလုပ်ခဲ့တယ်ဆိုတာလည်း မမေ့နဲ့ဦး ..'

သူ့မျက်လုံးများက ချက်ချင်းပင် ရက်စက်သော ကျားရဲတစ်ကောင်၏အကြည့်များအသွင်သို့ ပြောင်းလဲသွားသည်ကို မာန် ထိတ်လန့်တုန်လှုပ်စွာ သတိထားမိလိုက်၏။ စက်က မာန့်ကိုနှုတ်မဆက်ဘဲ ထွက်လာခဲ့သည်။ သူတို့ပြောစကားများကို ကြားလိုက်သူတွေ၊ မြင်လိုက်သူတွေရှိတာကိုလည်း ဂရုမစိုက်ဘဲ သူ့ကိုစောင့်နေသည့်ကားဆီသို့ လျှောက်လာခဲ့ပြီး ကားထဲဝင်ထိုင်၏။

'စောစောက ကားသမားမိပြီလား ခရာ..'

'မိပါပြီ Lord.. သင်္ခယာကိုခေါ်သွားပါပြီ..'

ခရာက မဆိုင်းမတွဖြေသည်။

'မင်းရဲကိုဖမ်းသွားတဲ့ ဒုရဲအုပ်အကြောင်းရော စုံစမ်းခဲ့ပြီလား...'

'ဟုတ်ကဲ့ Lord..နေရပ်လိပ်စာအတိအကျနဲ့ သူ့အိမ်ပုံစံပါရခဲ့ပါတယ်...'

ခရာက သူ့ကိုဖိုင်တစ်အုပ်ကမ်းပေးသည်။ သူ ဖိုင်တွေကိုသေချာလှန်လှောစစ်ဆေးကြည့်ရင်း ကျေနပ်ပြုံးတစ်ချက် ဖြစ်ထွန်းသွား၏။

'အခုပဲ နေပြည်တော်ကိုသွားမယ်..'

'ဟုတ်ကဲ့ Lord..'

ခရာက သူ့စကားကိုတစ်သွေမတိမ်းနာခံ၍ ကားကိုအရှိန်မြှင့်မောင်းသည်။ သူ နေ့ကိုဂရုစိုက်ပေးဖို့ တာကြီးဆီဖုန်းဆက်၍ အိမ်ပြန်နောက်ကျမည့်အကြောင်းပါ ​အသိပေးလိုက်သည်။

နေပြည်တော်ရောက်သည့်အချိန်မှာ ည(၈)နာရီကျော်နေပြီ။ ခရာနှင့်လမ်းခွဲ၍ လူနေအိမ်ခြေတိတ်ဆိတ်ချောင်ကျသည့် ရပ်ကွက်တစ်ခုအတွင်းက ခြံတစ်ခြံသို့ ကားကိုဦးတည်မောင်းခဲ့သည်။
တံခါးပိတ်ထားသည့်ခြံက အုတ်နံရံထက်မှာ သံဆူးကြိုးတွေကာထား၏။ ပိတောက်ပင်ရှိသည့်နေရာမှလွဲ၍ အားလုံး သံဆူးကြိုးရံထားသည်ချည်းဖြစ်ကာ မီးရောင်က အိမ်ရှေ့မှာပဲ မှုန်ပျပျလင်းနေသည်။

သူ တံတိုင်းဘေး ပိတောက်ပင်ရိပ်မှာ ကားရပ်လိုက်ပြီး ကားအမိုးမှတစ်ဆင့် တံတိုင်းကိုခုန်ကျော်၍ ခြံထဲ ရောက်လာခဲ့သည်။ အိမ်၏ပုံစံငယ်ကိုအလွတ်မှတ်မိနေသည်မို့ ဘယ်နေရာမှာ ဘယ်အခန်းရှိသည်ဆိုတာကအစ သိနေပြီဖြစ်၍ အိမ်ထဲသို့ အလွယ်တကူပဲ ဝင်နိုင်ခဲ့သည်။

စာကြည့်ခန်းဟုထင်ရသည့် အခန်းတစ်ခန်း၏ ပြတင်းပေါက်က ပွင့်နေသည်ကို ခပ်မှိန်မှိန် မီးရောင်ဖြင့် မြင်လိုက်ရသဖြင့် သူ ထိုပြတင်းပေါက်မှတစ်ဆင့် ခုန်ဝင်၍ အခန်းထဲ ခြေချမိသွားသည်။ မီးပိတ်ထားသော်လည်း အလင်းပြန်နေသည့် တစ်ခန်းလုံးကို ပိုက်စိပ်တိုက်ဝေ့ကြည့်ပြီးမှ အသံလုံစေရန် ပြတင်းပေါက်ပိတ်လိုက်စဥ် အခန်းတစ်ခုလုံး မီးလင်းသွားကာ ချောက်ခနဲ အသံကိုပါ ကြားလိုက်ရသဖြင့် သူလှည့်ကြည့်၏။ လူတစ်ယောက်က သူ့ကို သေနတ်နှင့်ချိန်၍ အခန်းထဲဝင်လာသည်။

'ညကြီးအချိန်မတော် သူများအိမ်ထဲ ခိုးကြောင်ခိုးဝှက်ဝင်လာတာ ခင်ဗျားကို smartမဖြစ်စေဘူး ကိုယ့်လူ...'

သူ့အနားထိ တိုးကပ်လာပြီးမှ သေနတ်ကို သူ့ဝဲဘက်ရင်အုံခြမ်းသို့ အတည့်ပြောင်းချိန်၏။ သူက နှုတ်ခမ်းတစ်ဖက်တွန့်ပြုံး၍ ညာဘက်လက် ရုတ်တရက်လှုပ်ရှားသွားကာ ထိုလူ့လက်ထဲက သေနတ်ကို လျှပ်တစ်ပြက်ဆွဲယူလိုက်ပြီး ထိုလူ့ငယ်ထိပ်နေရာသို့ ပြန်လည်ချိန်ရွယ်လိုက်သည်။

'အလ္လာပ သလ္လာပစကားတွေ ပြောဖို့လာတဲ့ဧည့်သည်မဟုတ်တော့ လွယ်သလိုဝင်ခဲ့ရတာပေါ့.. တွေ့ရတာ ဝမ်းနည်းပါတယ်စစ်လုလင်.. ဒီကမ္ဘာပေါ်မှာ ငါ သောက်မြင်ကတ်ဆုံးက Law manတွေပဲ.. ငါ ဘယ်သူလဲ မင်းသိမှာပါ...'

ဒုရဲအုပ် စစ်လုလင်က သူ့အပြောကြောင့် တစ်ချက်ရယ်၏။

'အဟွန်း... ကိုယ်နေဟန်ထားနဲ့ မျက်လုံးတွေ..ပြောပုံဆိုပုံတွေကိုကြည့်ပြီး ခင်ဗျားဘယ်သူလဲဆိုတာ ခန့်မှန်းမိလိုက်ပါပြီ..ကျွန်တော်တို့လောကကို ပွက်လောရိုက်ကုန်လောက်အောင်ထိ နာမည်ကြီးတဲ့သူကို မသိဘဲ ရှိပါ့မလား..အဲဒီ့သေနတ်ကြီး အရင်ဖယ်လိုက်ပါ ကိုနေစက်ကွင်း...'

စစ်လုလင်က စာကြည့်စားပွဲဆီလျှောက်သွားကာ ရေဘူးထဲမှရေကို ဖန်ခွက်ထဲထည့်၍ မော့သောက်သည်။ သူ့ကိုပါ တစ်ခွက်ကမ်းပေး၍...

'ဧည့်သည်ဟုတ်ဟုတ် မဟုတ်ဟုတ် အိမ်ထိတောင်ရောက်လာပြီးပြီပဲ.. ရေလေးတော့သောက်ပါဦး...ဒါ ကျွန်တော့်အစ်ကိုယူလာတဲ့ တောင်ကျစမ်းရေဗျ..'

စက်က မငြင်းဘဲ ရေတစ်ကျိုက်မော့သောက်ပြီး ခွက်ပြန်ပေးသည်။

'ကျွန်တော့်အမေနဲ့ညီမလေး ရိပ်သာဝင်နေလို့ အိမ်မှာ ကျွန်တော်တစ်ယောက်ပဲရှိတာ တော်သေးတယ်ပြောရမယ်.. ခင်ဗျား ခိုးဝင်လာပုံနဲ့ ဘုရားခန်းကပတ်လာရင် သူတို့ လန့်ပြီးရှော့ခ်ဖြစ်သွားနိုင်တယ်..'

'မရည်ရွယ်ပါဘူး...Sorry'

စက် လက်ကာပြ၍ ဆောရီးလုပ်လိုက်ရသည်။

'ရွှေတြိဂံဒေသရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်.. လောင်းကစားပွဲတွေကနေ နယ်မြေအင်အားချဲ့ထွင်ဖြန့်ကြက်လာတဲ့သူ... ကျွန်တော်တို့လို ဥပဒေဘက်တော်သားတွေ လက်လှမ်းမမီနိုင်တဲ့ နေရာဒေသမှန်သမျှ ချုပ်ကိုင်လွှမ်းမိုးထားတဲ့ Sun Empireရဲ့ဘုရင် နေစက်ကွင်း.. ကျွန်တော့်အိမ်ကို ညဘက်ကြီး လူကိုယ်တိုင်တကူးတက ရောက်လာရတဲ့အကြောင်းရင်းကို ပြောပါခင်ဗျာ..'

စစ်လုလင်က သူ့အကြောင်းကို Detailကျကျ သိထားပုံရသည်။ သူလာရသည့်အကြောင်းရင်းကို ရည်မွန်ပြေပြစ်စွာပဲ မေး၏။

'ငါ လိုရင်းပဲပြောမယ် စစ်လုလင်.. မင်းမနေ့က ဟာဝိုင်ရီကလပ်မှာ ဖမ်းသွားခဲ့တဲ့ ငါ့လူကို ပြန်လွှတ်ပေးရမယ်.. မင်းရဲဆိုတဲ့တစ်ယောက်ပဲ.. မင်းရဲ့အထက်အရာ ရှိကို နည်းနည်းလောက်ကြပ်ပေးလိုက်ရင် ပြီးတဲ့ကိစ္စဆိုပေမဲ့ မင်းကဖမ်းခဲ့တာဆိုတော့ မင်းကိုယ်တိုင် ပြန်လွှတ်ပေးတာကိုပဲ ငါလိုချင်တယ်...'

'ဟား ဟား ဟား...'

စစ်လုလင်က သူ့စကားကိုသဘောကျသွားပုံဖြင့် ဟက်ဟက်ပက်ပက်ရယ်သည်။

'ကိုနေစက်ကွင်း..ခင်ဗျား လူကဲခတ်မှားနေပြီဗျ.. ကျွန်တော်က ခင်ဗျားသောက်မြင်ကတ်လှပါချေရဲ့ဆိုတဲ့ လောမန်းလေ.. ကျွန်တော့်တာဝန်နဲ့စည်းမျဥ်းစည်းကမ်းကိုပဲ ဦးထိပ်ပန်ဆင်ထားတဲ့သူ.. ခင်ဗျားရဲ့လူက ကျွန်တော့်မျက်စိရှေ့မှာတင် ရဲတစ်ယောက်ကိုပစ်ခတ်ခဲ့လို့ အဲဒီ့ရဲ အခုဆေးရုံရောက်နေတယ်..တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့တင် နှစ်ချီထောင်ချပစ်လို့ရတဲ့ကောင်.. တခြားမှာ သွားပြီးဖိအားပေးကြည့်ပါ..ကျွန်တော်ကတော့ very sorryပါပဲ..'

စက်က စစ်လုလင်၏ပြတ်သားစွာငြင်းဆန်မှုကို မဖြုံဘဲ မခိုးမခန့်ပြုံးသည်။

'ငါ ဘယ်တော့မှ လူကဲခတ်မမှားဖူးဘူး..ခုနကပဲ သတိကောင်းလှပါတယ်ဆိုတဲ့မင်းရဲ့လက်ထဲက သေနတ်ကို ငါရအောင်ယူပြီးပြီနော်... ငါ ဘယ်လိုကောင်လဲ..ဘာတွေလုပ်နိုင်သလဲ မင်းသိထားမှာပါ..ဒီတော့ ငါတို့ challengeတစ်ခုလုပ်ကြည့်ကြမလား...'

သူက မျက်စပစ်၍ မေးလျှင် စစ်လုလင်က စိတ်ဝင်စားဟန်ဖြင့် မေးဆတ်နားစွင့်နေ၏။

'မင်းက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ပုံပဲ..ငါနဲ့မင်း တစ်ပွဲတစ်လမ်း နွှဲကြတာပေါ့..ငါ ရှုံးရင် လှည့်ပြန်သွားမယ်.. မင်းရှုံးရင် ငါ့လူကိုမင်းကိုယ်တိုင် ခြွင်းချက်မရှိ ​ပြန်လွှတ်ပေးရမယ်.. ဘယ့်နှယ်လဲ လောမန်း.. သဘောတူသလား.. ငါ့လိုအမှောင်ထဲကကောင်ကိုရှုံးရင်တော့ မင်းရဲ့ဥပဒေမျက်နှာဖုံးကို ခဏတော့ ခွာချပေးရမှာပေါ့...'

စစ်လုလင်က ထီမထင်အပြုံးနှင့် လက်ညှိုးလက်မဝိုင်းပြ၏။

'အိုခေဗျာ...စလိုက်ကြတာပေါ့.. '

စစ်လုလင်က ခေါင်းညိတ်လက်ခံ၍ ချက်ချင်းတိုက်ကွက်စတော့သည်။ စာကြည့်ခန်းက အတော်အတန်ကျယ်ဝန်း၍ အသံလုံသည်မို့ သူတို့ သဲကြီးမဲကြီးတိုက်ခိုက်နေပေမဲ့ အသံဗလံတွေက အပြင်ဘက်ထိ မထိုးဖောက်နိုင်ပါ။ စစ်လုလင်က သူထင်ထားသည်ထက် တိုက်ရည်ခိုက်ရည်ပိုမြင့်နေသည်။ သူ တွေ့ခဲ့ဖူးသော ရဲများလိုမဟုတ်ဘဲ ဉာဏ်ပြေး၍ ကိုယ်ခံပညာပါ တစ်ဖက်ကမ်းခတ် ထူးချွန်မှန်း သိလိုက်ရသဖြင့် အံ့သြသွားမိသည်။ သူသတိကြီးစွာ ပြန်လည်ခုခံတိုက်ခိုက်ရင်း တိုက်ကွက်တွေပိုစိပ်လာ၏။
စစ်လုလင် ချုပ်ကိုင်ဖို့ကြိုးစားနေသမျှ ပေါ့ပါးဖျတ်လတ်စွာရှောင်တိမ်းရင်း ခံစစ်မှ တိုက်စစ်သို့ပြောင်းလဲလိုက်သည်။ ရန်သူကို ဘယ်တော့မှလျှော့မတွက်ခဲ့သော သူ့အားသာချက်ကြောင့် နံရံကို ကန်ထောက်၍ လှုပ်ရှားလိုက်သည့် နောက်ပြန်ခြေကန်ချက်က စစ်လုလင်၏ ဘယ်ဘက်ပခုံးကိုထိသွားကာ စစ်လုလင် ပခုံးကိုဖိ၍ ဒူးထောက်ကျသွား၏။ မျက်နှာမော့လာတော့ သူက နားထင်ကို သေနတ်နှင့် တေ့ပြီးသားဖြစ်လျက်..

'မင်းရှုံးသွားပြီဆိုတာ လက််ခံမယ်လို့ထင်ပါတယ် စစ်လုလင်.. စာအုပ်စိမ်းကြီးကို ခေါင်းပေါ်ရွက်ထားတဲ့လောမန်းဆို အထင်မကြီးတတ်တဲ့ငါ.. မင်းရဲ့ တိုက်ရည်ခိုက်ရည်ကို အံ့သြအသိအမှတ်ပြုမိပါတယ်.. ငါတွေ့ဖူးသမျှ ရဲတွေထဲမှာ မင်းက ဦးနှောက်အပြေးဆုံးနဲ့ ကိုယ်ခံပညာ အမြင့်ဆုံးကောင်ပဲ..ငါနဲ့ဆန့်ကျင်ဘက်အရပ်မှာ လောမန်းဖြစ်နေတာ နှမြောစရာပဲ..'

'ခင်ဗျားလိုလူက အမှောင်ဘက်ခြမ်းမှာရှိနေတာလည်း စိတ်မကောင်းစရာပါပဲ ကိုနေစက်ကွင်း..'

စစ်လုလင်က အရှုံးကိုကျေနပ်စွာလက်ခံ၍ ထရပ်ဖို့ပြင်လိုက်ပေမဲ့ ပခုံးကနာကျင်မှုကြောင့် မျက်နှာမဲ့၍ ပြန်ဒူးထောက်ကျသွားသည်။ စက်က သေနတ်နှင့်ချိန်ထားဆဲဖြစ်ကာ မောင်းခလုတ်ဆွဲလိုက်စဥ်မှာ သူ့လက်ထဲက သေနတ်က ရုတ်တရက် လေအဟုန်ကဲ့သို့လွင့်ပါသွားသဖြင့် သူ မျက်လုံးပြူးလျက် သေနတ်ကိုလိုက်ရှာလျှင် လူတစ်ယောက်က ထိုသေနတ်ကိုသူ့ဆီချိန်၍ အခန်းထဲတစ်လှမ်းချင်း လျှောက်လာသည်။

'ဟာ...ကိုကို့...'

စစ်လုလင် ဝမ်းသာအားရအသံထွက်ခေါ်လျှင် ထိုလူက စက်ကို သေနတ်နှင့်ချိန်ရွယ်ရင်း စစ်လုလင်ကို လက်တစ်ဖက်ကမ်း၍ တွဲထူသည်။ စက်က သေနတ်လုခံရသည့်လက်ကို ကွေးချည်ဖြန့်ချည် တစ်ချက်သပ်၍ ထိုလူစိမ်းကို အကဲခတ်သလို စူးစိုက်ကြည့်လာသည်။

ဆံပင်ရှည်ကောက်ကောက်၊ ပိန်ပိန်ပါးပါးပုံစံနှင့်ထိုလူစိမ်းက ခပ်မှိုင်းမှိုင်းဂျင်းဂျက်ကက်ဝတ်ထားပြီး ရုပ်ရည်က အနည်းငယ်ရင့်ရော်နေသည်။ အစိမ်းရောင်သမ်း၍ လက်တောက်နေသည့်မျက်ဝန်းများနှင့် သူ့ကို ပြန်ကြည့်နေပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

'လက်ထဲက သေနတ်ကို ပေနှစ်ဆယ်အကွာ တံခါးဝကနေ လှမ်းယူတယ်ဆိုတော့ Supernaturalလား..magicလား.. ဘယ်လိုအစွမ်းမျိုးလဲ...'

စားပွဲစောင်းကို ခပ်နွဲ့နွဲ့မှီ၍ လက်ပိုက်ရပ်ရင်း ခနဲ့တဲ့တဲ့မေးလျှင် ရေခဲငွေ့တွေလျှံထွက်နေသကဲ့သို့ အေးစက်စက်မျက်နှာနှင့်ထိုလူက မရယ်မပြုံးတည်တံ့နေဆဲဖြစ်ကာ..

'ငါသာ တစ်စက္ကန့်နောက်ကျသွားရင် ဒီနေရာက မင်းရဲ့သင်္ချိုင်းဖြစ်တော့မလို့ပဲ နေစက်ကွင်း.. '

'ဝိုး... နာမည်တောင်သိနေမှကိုး.. စိတ်ဝင်စားစရာပဲ.. အသက်မဲ့နေတဲ့ လူသေကောင်လိုမျက်နှာနဲ့ခင်ဗျားက စစ်လုလင်ရဲ့အစ်ကိုထင်တယ်..'

ရုပ်ချင်းဆင်နေသည်မို့ သူ့ထင်မြင်ချက် မမှားနိုင်ပါ။ သို့ပေမဲ့ ထိုလူစိမ်းက အရှိန်အဝါတစ်မျိုးနှင့် ဟိတ်အပြည့်ရှိသည့်ပုံစံဖြစ်ကာ စစ်လုလင်နှင့် ဆန့်ကျင်ဘက် ခံစားချက်မဲ့သည့်မျက်နှာမျိုး။

'ကိုကိုက တောင်ညိုကနေ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ..'

စစ်လုလင်က သူ့အစ်ကိုကို အံ့သြနေဆဲမျက်နှာနှင့်မေးသည်။ ထိုလူက စစ်လုလင်၏ လက်မောင်းကို နောက်ကျောဘက်ကနေ ဆွဲ့ဆန့်၍ ဘယ်ဘက်ပခုံးအဆစ်လွဲသွားတာကိုပြန်တည့်ပေးရင်း..

'မင်း သေနတ်စာမိပြီး သေတော့မှာကိုကြိုမြင်လို့လေ.. ဟောဒီ့ကောင်က Law man Phobia.. အသားလွတ်သောက်မြင်ကတ်ပုဒ်မနဲ့ မင်းကို လက်စတုံးဖို့ တစ်စက္ကန့်ပဲလိုတော့တာ..'

စက် ထိုလူပြောတာတွေနားထောင်ရင်း၊ စစ်လုလင်ကို ကုသပေးနေတာတွေ ရပ်ကြည့်ရင်း ထူးဆန်းထွေလာရှိုးကြည့်နေရသကဲ့သို့ မျက်ခုံးပင့်နေသည်။

'သိပ်ချစ်ကြတဲ့ညီအစ်ကိုတွေပါလား.. ခင်ဗျားညီက ခင်ဗျားကိုမြင်တာနဲ့ အမေကိုရှာတွေ့တဲ့ ကြက်ပေါက်လေးလို အားကိုးတကြီးပဲနော်.. ဒါမျိုးမြင်ကွင်းက ကျွန်တော်နဲ့စိမ်းသက်လို့ ထူးဆန်းနေတယ်.. တန်ဖိုးထားရတဲ့လူကို ကာကွယ်ပေးချင်တဲ့ ချစ်ခြင်းမေတ္တာမျိုး...'

စက်က မနေနိုင်မထိုင်နိုင် ရေရွတ်လျှင် ထိုရေခဲလူသား၏အကြည့်တွေ သူ့ဆီရောက်လာပြန်သည်။

'မင်းလည်း တန်ဖိုးထားရတဲ့လူကို ကာကွယ်ပေးချင်တဲ့ချစ်ခြင်းမေတ္တာမျိုး အပြည့်အဝရှိပါတယ် နေစက်ကွင်း.. မင်း ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ဘဝတစ်လျှောက်လုံးမှာ မင်းရဲ့ရွေးချယ်မှု၊ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်အားလုံးဟာ သူနဲ့ပဲသက်ဆိုင်ပြီး သူ့အတွက်ပဲ ဖြစ်တည်နေတာမျိုး... right?..'

မျက်ခုံးပင့်၍ မေးလိုက်သူကြောင့် စက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီလူ တကယ်စူပါနထရယ်လ်လား..ဘာလဲ။ ကိုယ့်အကြောင်းကို ဘယ်လိုများသိနေတာလဲ။ ပဟေဠိတွေဖြစ်နေရင်း အံ့သြနေတာကိုလည်း ဖုံးဖိဟန်လုပ်ဖို့သတိမရ။

'ကိုကိုက နေစက်ကွင်းကိုသိနေတာလား...'

စစ်လုလင်ကပါ အံ့သြမပြယ်သေးပုံဖြင့် ထပ်မေးသည်။

'ငါ့အာရုံတွေထဲ မြင်ရတဲ့အတိုင်းဆိုရင် ဒီကောင်က သူချစ်ရတဲ့မိန်းကလေးအတွက် အလင်းဘက်ခြမ်းကလူဖြစ်ပြီး မင်းလို လောမန်းတစ်ယောက်အတွက် ဗီလိန်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့ အမှောင်ဘက်ခြမ်းကလူပဲ.. .. မင်း သူ့ရဲ့လူယုံကိုဖမ်းထားတယ်ဆိုရင် လွှတ်ပေးလိုက်ပါ..မင်း ပြန်လွှတ်မပေးရင်တောင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ခေါ်ထုတ်မယ့်ကောင်မို့ သူ့ကိုသဘောမကျရင်တောင် သူ့ရန်သူမဖြစ်စေနဲ့ညီလေး..'

စက် မျက်နှာကြီး ကျေနပ်ပြုံးတစ်ချက် ထင်သွားသော်လည်း စစ်လုလင်က လက်မခံချင်သော မျက်နှာနှင့်အောင့်သက်သက် မျက်မှောင်ကြုတ်၏။

'ဒါပေမဲ့ ကိုကို..သူ့လူက ဥပဒေမဲ့လက်နက်ကိုင်ဆောင်...'

'ငါသိတယ်.. မင်း သူ့လူကို လွှတ်မပေးရင် ဖြစ်လာမယ့်အကျိုးဆက်ကိုပါ ကြိုသိနေလို့ ကိုကို့စကားနားထောင်...'

စစ်လုလင် စောဒကမတက်ဘဲ ငြိမ်သွား၏။ စက်က ညီအစ်ကိုနှစ်ယောက်လုံးကို မျက်လှည့်ပွဲလို ရင်သပ်ရှုမော ငေးကြည့်နေပြီးမှ..

'တကယ် Supernaturalပါပဲ.. ရှေ့ဖြစ်နောက်ဖြစ်ကိုကြိုမြင်နိုင်စွမ်းရှိတဲ့လူမျိုးထင်တယ်.. ကျွန်တော် အသက်တမျှချစ်ရတဲ့မိန်းကလေး ရှိနေတယ်ဆိုတာထိ သိနေတဲ့ခင်ဗျားကို နာမည်တောင် သိချင်သွားပြီ...'

'ငါက ပြာပုံထဲကနိုးထလာတဲ့ငှက်.. '

'ဖီးနစ်ငှက်ပေါ့..'

စက်က တစ်ချက်စဥ်းစား၍ မေးလျှင် ထိုလူက ခေါင်းညိတ်သည်။

'ဒါပေမဲ့ အခု ငါ့ဘဝက ပြာပုံအတိဖြစ်နေပြီ.. လောင်ကျွမ်းခဲ့တဲ့ကာလတစ်ခု ပြီးဆုံးသွားပြီဖြစ်လို့ နာမည်အရင်း နတ်စစ်သည်ပဲ ခေါ်လို့ရတယ်..'

'နာမည်ရော လူရော စိတ်ဝင်စားစရာပါပဲ.. တွေ့ရတာ ထူးဆန်း အံ့သြ ဝမ်းသာမိပါတယ်...'

စက်က ပြောရင်း ခါးကိုင်းခေါင်းညွှတ်လိုက်သေးသည်။

' မင်းလာတာ ကောင်းသောလာခြင်းမဟုတ်လို့ ငါကတော့ မင်းနဲ့တွေ့ရတာ ဝမ်းမသာဘူး...'

နတ်စစ်သည်ဆိုသော လူထူးဆန်း၏စကားကြောင့် စက် ဟက်ခနဲရယ်သည်။

'ခင်ဗျားရဲ့ညီနဲ့ ကျွန်တော့်ရဲ့ရေစက်က ဒီည ပထမဆုံးနဲ့နောက်ဆုံးဖြစ်မှာပဲ.. ဒါပေမဲ့ ထူးထူးဆန်းဆန်း ခင်ဗျားနဲ့တော့ နောက်ထပ်ရေစက်ဆုံချင်ပါသေးတယ်...'

စက်က လက်ကမ်းပေးလျှင် နတ်စစ်သည်က ပြန်လည်လက်ဆွဲနှုတ်ဆက်ရင်း..

'နောက်တစ်ခါ ရေစက်ဆုံချင်သေးရင် ကောင်းသောလာခြင်းဖြစ်ပါစေ..'

သူ့ကို လက်ဆွဲနှုတ်ဆက်သည့်တိုင်အောင် တစ်ချက်မှမပြုံးသည့် ထိုလူကို စက်က ရယ်မြူးရိပ်သန်းသော မျက်ဝန်းများနှင့်ကြည့်၍ ခေါင်းညိတ်သည်။

'Maybe.. ဒါနဲ့ ခင်ဗျားလိပ်စာက...'

'တောင်ညို သစ်တောကြိုးဝိုင်း..'

'Ok..ကျွန်တော်တို့ သေချာပေါက်ပြန်ဆုံကြဦးမှာပါ.. See you again နတ်စစ်သည်.. '

စက်က နတ်စစ်သည်ကို နှုတ်ဆက်၍ ဟူဒီအင်္ကျီခေါင်းစွပ် စွပ်လိုက်ပြီးမှ စစ်လုလင်ကို ဝေ့ကြည့်လာသည်။

'အားနာပေမဲ့ ငါ့လူကို မနက်ဖြန်ပြန်လွှတ်မပေးရင် မင်းရဲ့ရဲစခန်းတစ်ခုလုံးကို ဗုံးကြဲမှာ...'

အနားကပ်ကြိမ်း၍ ပြတင်းပေါက်မှခုန်ဆင်းသွားလျှင် လုလင် မခံမရပ်နိုင်ကျန်ရစ်ခဲ့သည်။

'ဒီလူ ခြိမ်းခြောက်ရတာ ဝါသနာပါပုံရတယ်...'

'ခြိမ်းခြောက်နေတာမဟုတ်ဘူး ညီလေး.. သူ့လူကိုပြန်လွှတ်ပေးလိုက်.. မဟုတ်ရင် အမှတ်(၁)ဌာနတစ်ခုလုံး ပြာကျလိမ့်မယ်...'

နတ်စစ်သည်စကားကြောင့် စစ်လုလင် အသံတိတ်နှုတ်ဆိတ်သွား၏။

'No man above the law'ဟူသည့် ဆောင်ပုဒ်ကိုလက်ကိုင်ထားခဲ့သည့်သူ နေစက်ကွင်းနှင့်ကျမှ ရာဇဝင်ပျက်ခဲ့ရပြီမို့ အောင့်သက်ခံပြင်းစိတ် တနုံ့နုံ့နှင့် အံကြိတ်မိရင်း...။

☀️To be continued🌻

နတ်စစ်သည်နဲ့စစ်လုလင် ညီအစ်ကိုနှစ်ယောက်က The Legend Of The Phoenixထဲက main leadတွေဖြစ်တဲ့အကြောင်း ဖီးနစ်ငှက်ကိုဖတ်ထားသူတွေ သိကြမှာပါ။ cameoပါလာတော့ အံ့သြသွားကြတယ်မလား😁
နေကင်း storylineက 2018နှစ်ကုန်နဲ့2019နှစ်စကြား ဖြစ်လို့ အခုဇာတ်ဝင်ခန်းက ဖီးနစ်ငှက် သူ့တာဝန်တွေကနေ နှုတ်ထွက်အနားယူသွားတဲ့timelineတစ်ခုမှာပါ..🤍

အောက်ကပုံတော့ နားလည်ကြမှာပါ😆

Zawgyi Version

'ႏွလံုးသားရဲ့အလိုေတာ္အတိုင္း'

🌻အခန္း(၃၃)🌻

'မာန္..ေစာင့္ေနတာၾကာၿပီလား...'

ေနာက္ေက်ာဘက္မွ အသံေၾကာင့္ မာန္ လွည့္ၾကည့္သည္။ ေနက အိမ္ေနရင္းပံုစံျဖင့္ ထလာခဲ့ဟန္တူ၏။ ဂါဝန္ပြပြေလးပဲဝတ္ထားၿပီး ျပင္ဆင္ျခယ္သျခင္းကင္းသည့္မ်က္ႏွာေလးက ဆံပင္ေတြကိုစည္းေနွာင္ထားသျဖင့္ ေျပာင္ထင္းရွင္းလင္းေနသည္။ လည္ကုပ္စပ္မွ ေနစက္ဝန္းပံုစံ တက္တူးေလးကို ထင္ရွားစြာျမင္ေနရ၏။ သူမ ဘာမျွပင္ဆင္မလာဘဲ ဖိုသီဖတ္သီပံုစံျဖစ္ေနျခင္းကပဲ လွပႂကြရြစြာလိမ္းျခယ္ထားသည့္ ကိုယ့္ကို တမင္ေဒါက္ျဖဳတ္ေနသကဲ့သို႔ရိွ၏။

ထို႔ျပင္ ေနစက္ကြင္းႏွင့္ခြၽပ္စြပ္တူလြန္းေသာ မ်က္ႏွာအမူအရာေတြကို အခုေတာ့ မရႈစိမ့္ႏိုင္ေတာ့ပါ။ ကိုယ့္အိပ္မက္ထဲ စိတ္ကူးယဥ္ရံုမ်ွသာ တမ္းတခဲ့ရေသာ ေနစက္ကြင္း၏ ဂရုစိုက္မႈ၊ ႏူးညံ့ၾကင္နာမႈအားလံုးကို ထိုသူမတစ္ေယာက္တည္းကသာ လက္ခံရရိွေနျပန္သည္။ စက္ႏွင့္ေန ဆိုသည့္ႏွစ္ေယာက္၏ သူငယ္ခ်င္းေလာက္မက၊ ခ်စ္သူေလာက္မက် ဆက္ဆံေရးကို ဒီ့ထက္ပိုၿပီး သည္းမခံႏိုင္ေတာ့ပါ။

'မၾကာေသးပါဘူး bae...ထိုင္ၪီးေလ..'

မာန္႔အ​သံက ေနြးေထြးမႈနည္းေနသည္ဟု ေန ခံစားမိလိုက္သည္။ မ်က္ႏွာကလည္း ခါတိုင္းလိုမဟုတ္ဘဲ အၿပံဳးအရယ္မဲ့ေန၏။

'မာန္..မ်က္ႏွာလည္းမေကာင္းပါလား... ေနမေကာင္းဘူးလား..'

ေနက မာန္႔မ်က္ႏွာကို ေသခ်ာအကဲခတ္၍ ေမးသည္။ မာန္က ေခါင္းခါ၏။

'ဘာမွမျဖစ္ဘူး bae.. ဘာနဲ႔လာတာလဲ..ကိုက baeကားေၾကာက္တတ္တဲ့အေၾကာင္း ေျပာဖူးလို႔..'

'Taxiနဲ႔လာတာ မာန္.. သူ မသိဘူး၊ သူ႔ကိုသြားမေျပာနဲ႔ေနာ္..'

ေနက မာန္႔ကိုပါ ႏႈတ္ပိတ္ဖံုးဖိခိုင္းေနေသးသည္။ မာန္က မပြင့္တပြင့္ ၿပံဳးလ်က္..

'baeကို မာန္ ေျပာစရာရိွလို႔ေခၚတာ... ေရ႔ွမ်က္ႏွာ ေနာက္ထားၿပီး အားမနာတမ္းေျပာရမွာပဲ..'

'အင္း..ေျပာေလ မာန္..'

'baeနဲ႔ကိုတို႔ ဆက္ဆံေရးက ဘယ္လိုမ်ိဳးလဲ...'

'ဟင္..'

မာန္႔ေမးခြန္းေၾကာင့္ ေန ဟင္ခနဲျဖစ္သြားသည္။ မာန္႔အၾကည့္ေတြ တစ္မ်ိဳးျဖစ္ေနတာကိုလည္း သေဘာေပါက္သလိုရိွလာကာ..

'ဒီတိုင္း သူငယ္ခ်င္းေမာင္ႏွမဆက္ဆံေရးပဲေလ မာန္..ဘာျဖစ္လို႔ရုတ္တရက္ႀကီးေမးတာလဲ...'

မာန္ မဲ့ၿပံဳးတစ္ခ်က္မသိမသာျဖစ္သြား၏။ ဟိုတစ္ေန့က သူတို႔ႏွစ္ေယာက္ ကူးလူးပူးယွက္ေနတာကို မ်က္ဝါးထင္ထင္ျမင္ခဲ့ရသည့္သူမကိုေတာင္ မွင္ေသေသႏွင့္ျပန္ေမးေနပံုက အကယ္ဒမီေရွာ့ခ္ပင္။ ဘာမွမျဖစ္ခဲ့သည့္အတိုင္း မ်က္ႏွာေျပာင္လြန္းပါေပသည္။

'မာန္နဲ႔ကို လက္ထပ္ေတာ့မွာ bae.. မာန္ ဒီေန့ပဲ သူနဲ႔လက္ထပ္ေတာ့မယ့္အေၾကာင္း ဆိုရွယ္မီဒီယာမွာ အသိေပးေတာ့မွာ.. ဆိုေတာ့ baeနဲ႔ကို ရုပ္ခ်င္းတူေပမဲ့ ေမာင္ႏွမအရင္းမဟုတ္ၾကဘူးဆိုတာလည္း အေတာ္မ်ားမ်ားက သိၾကမွာပဲ.. ဒါေၾကာင့္ လက္ထပ္ေတာ့မယ့္ေယာက္်ားတစ္ေယာက္နဲ႔ ဒီ့ထက္ပိုၿပီး closeမျဖစ္သင့္ေတာ့ဘူးေလ.. baeတို႔က ဘယ္ေလာက္ပဲရိုးသားပါတယ္ေျပာေျပာ.. အမ်ားအျမင္မွာေတာ့ သို႔ေလာသို႔ေလာ ထင္စရာျဖစ္ေနလိမ့္မယ္.. အဲဒီေတာ့ မာန္ publicခ်ျပတဲ့အခါ baeတို႔ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး မာန္႔ဘက္ကိုလည္း ေဝဖန္မႈေတြရိွလာႏိုင္တယ္...'

မာန္႔စကား မဆံုးေသးခင္မွာပဲ မာန္ေျပာလိုသည့္အေၾကာင္းအရာကို ေန တပ္အပ္သိလိုက္ၿပီျဖစ္၏။
ရင္ထဲမွာ နင့္သည္းေသာ ေဝဒနာတစ္ရပ္တိုးဝင္လာကာ ေန့မ်က္ႏွာေလး ေအးစက္သြားသည္။

'ကိုနဲ႔bae သူငယ္ခ်င္းလို ေမာင္ႏွမလို ရင္းႏွီးၾကရင္ေတာင္မွ ဒီအခ်ိန္မွာ baeကပဲ အလိုက္တသိေရွာင္ေပးပါ ..မာန္နဲ႔ဆက္ၿပီး ခင္မင္သြားခ်င္ေသးတယ္ဆိုရင္ေပါ့...'

မာန္က စကားကုန္ေျပာထြက္ခဲ့ၿပီ။ ေန မာန္႔ကို ဟန္မပ်က္ၿပံဳးျပရင္း..

'ေနာက္ဆံုးေတာ့ မာန္လည္း ကင္းရဲ့exေတြလိုပဲကိုး.. ေန ကင္းနဲ႔ပတ္သက္ၿပီး သူ႔ရည္းစားေတြအေၾကာင္း ဘာတစ္ခုမွမေဝဖန္ခဲ့ဖူးဘူး.. သူတို႔နဲ႔လည္း မာန္႔လို မရင္းႏွီးခဲ့ဘူး... ေနက မာန္႔ကိုတကယ္ခင္ခဲ့တာပါ၊ ေနနဲ႔မာန္က သူငယ္ခ်င္းေတြမို႔လို႔ ကင္းနဲ႔မာန္ ျဖစ္သြားခဲ့ရင္ ကင္းကိုစိတ္ခ်လက္ခ်ထည့္ေပးလိုက္ႏိုင္မွာပဲလို႔ေတြးၿပီး မာန္တို႔ႏွစ္ေယာက္ကိုေျပလည္ေစခ်င္ခဲ့တယ္.. ဒါေပမဲ့ မာန္ အခုလိုေျပာလိုက္ေတာ့ ေန ႀကိဳေတြးထားၿပီးသားဆိုေပမဲ့လည္း နည္းနည္းအံ့ၾသသြားတယ္.. မာန္႔ရဲ့စိတ္ရင္းကို သိလိုက္ရလို႔ စိတ္မေကာင္းဘူး...'

'baeရယ္.. ဘာေသြးသားဆက္ႏႊယ္မႈမွမရိွဘဲ လက္ပြန္းတတီး ထိေတြ့နီးကပ္ေနတဲ့အျဖစ္ကို ဘယ္မိန္းမက သေဘာထားႀကီးေပးႏိုင္မွာလဲ.. ေဘးလူေတြအျမင္မွာလည္း အေနအထိုင္မတတ္လိုက္တာလို႔ ကဲ့ရဲ့စရာျဖစ္ေနမွာပဲ...သူ႔ရည္းစားဆိုတဲ့မိန္းမရဲ့ရင္ထဲဝင္ၿပီး ကိုယ္ခ်င္းစာၾကည့္ၪီး..'

ေန့မ်က္ႏွာ တစ္စတစ္စနီျမန္းလာသည္။ ယခင္ကလည္း အဲ့လိုမ်ိဳး ခဏခဏအေျပာခံရဖူးေပမဲ့ ဒီတစ္ခါ ကိုယ္ စိတ္ရင္းႏွင့္ခင္ခဲ့ရသည့္သူငယ္ခ်င္းက ေျပာေနျခင္းျဖစ္၍ ဘယ္လိုတံု႔ျပန္ေျပာဆိုရမလဲမသိ၊ ေျပာစရာစကားလံုးေတြ ေပ်ာက္ဆံုးေနၿပီးမွ..

'မာန္က ေနနဲ႔ကင္းကို ေဝးေဝးေနေစခ်င္တာမို႔လား..ရတယ္..ေနေပးပါ့မယ္.. ဒါေပမဲ့ မာန္ရယ္.. ေနတို႔ႏွစ္ေယာက္က ေမြးကတည္းက အတူရွင္သန္ႀကီးျပင္းလာၾကတာ.. တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္သူ႔ပေယာဂေၾကာင့္နဲ႔မွ ေဝးကြာသြားတာမ်ိဳး ၊ အေခၚအေျပာမလုပ္ဘဲေနတာမ်ိဳး မရိွခဲ့ဖူးဘူး၊ မာန္ေျပာတဲ့ ေသြးသားဆက္ႏႊယ္မႈထက္ကို ေနတို႔ဆက္ဆံေရးက ေလးနက္ပါတယ္.. အခ်ိန္တန္ရင္ ကင္းက မိန္းမယူမွာပဲဆိုတာ ေနက အရင္ကတည္းက နားလည္လက္ခံထားၿပီးသားပါ.. ကင္းကို ဒီလိုပံုစံမ်ိဳးနဲ႔ေရွာင္ဖယ္ေနေပးရလိမ့္မယ္လို႔ေတာ့ တစ္ခါမွမေတြးခဲ့ဖူးဘူး...'

'ဟြန္း..တို႔ကလည္း သူငယ္ခ်င္းေမာင္ႏွမဆက္ဆံေရးဆိုၿပီး ျဖည့္ေတြးေပးခ်င္ပါတယ္...ကိုရာမရဲ့ေမြးေန့ညက လူခ်င္း ပလူးလိုက္နမ္းလိုက္လုပ္ေနတာကို ကိုယ္တိုင္ မ်က္စိနဲ႔မျမင္ခဲ့ရရင္ေပါ့...'

'ဟင္..'

ေန ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ မာန္ ဘာေျပာလိုက္တာလဲ။ ကင္းႏွင့္သူမ ရာမေမြးေန့မွာ ဘာျဖစ္ခဲ့သလဲ။ သူမ ဝိုင္ေတြေသာက္မိၿပီး မူးမိုက္အိပ္ေပ်ာ္သြားခဲ့သည့္အျဖစ္ကိုပဲ မွတ္မိသည္။ မာန္ ​အျမင္မေတာ္တာေတြ ေတြ့သြားခဲ့တာလား။ ေတြးရင္း ေန့မ်က္ႏွာ ရွက္စိတ္ေၾကာင့္ ထူပူနီရဲလာသည္။ မာန္႔ကို ရွင္းရခက္ၿပီမွန္းလည္း သိလိုက္၏။

'မာန္...အဲဒီ့ညက မာန္ ဘာျမင္ခဲ့လဲ ေန တကယ္မမွတ္မိတာ..ေန ေန မူးေနခဲ့တာ..မာန္ အျမင္မေတာ္တာေတြထိ ျဖစ္သြားခဲ့တာလား..မာန္ ယံုမွာမဟုတ္ေပမဲ့ ဘာျဖစ္ခဲ့လဲ ေန မသိဘူး..တကယ္ပါ...ေနက ကင္းနဲ႔မာန္႔ကို ေျပလည္ေစခ်င္တာေတာ့ စိတ္ရင္းအမွန္ပါ..'

'ေျပလည္ေစခ်င္တဲ့သူကပဲ ေနာက္ေက်ာကိုဓားနဲ႔ထိုးေနတာေလ...'

​မာန္႔အေျပာေတြေၾကာင့္ ေန မ်က္ရည္ေဝ့လာတာကို မ်က္ေတာင္တို႔ျဖင့္ ပုတ္ခတ္သိမ္းဆည္းလ်က္..

'ေန့မွာ အဲ့လိုစိတ္မရိွဘူးမာန္... တကယ္တမ္းဝန္ခံရရင္ ကင္းက ေန့အတြက္အရာရာပါပဲ... သူငယ္ခ်င္းဆိုလည္းဟုတ္၊ အစ္ကိုဆိုလည္း ဟုတ္၊ တစ္ခ်ိန္တည္းမွာ ေမြးခဲ့ၾကတဲ့ဖြားဖက္လည္း ျဖစ္ေသးတယ္.. ေန့ဘဝတစ္ေလ်ွာက္လံုး ကင္းနဲ႔ပဲ အခ်ိန္ကုန္ခဲ့ရေတာ့ ေန့မွာ ကင္းတစ္ေယာက္ပဲ တြယ္တာစရာ ရိွတာပါ..ကင္းကို တျခားသူလက္ထဲ ထည့္မေပးလိုက္ႏိုင္တဲ့ ႏွေျမာစိတ္ေတြလည္း ရိွခဲ့တယ္..မာန္နဲ႔က်မွ ေန အဲဒီ့စိတ္ကို လႊတ္ခ်ဖို႔ဆံုးျဖတ္ခဲ့တာပါ..ဒါ မွန္ေသာစကားပါ..ကင္းကိုတကယ္ခ်စ္ရင္ သူ႔ခံစားခ်က္ကိုအရင္ပိုင္ေအာင္ လုပ္ပါ.. ဒါ မာန္႔အတြက္ေျပာတာပါ..ကင္း မခ်စ္တတ္တာကိုသိေနလို႔ မာန္ ခံစားရမွာစိုးလို႔ပါ..'

ေနာက္ဆံုးစကားက မာန္႔အရိႈက္ကိုတည့္တည့္ထိေစေသာ စကားျဖစ္၏။ ေန့ကိုဖယ္ခြာေစခ်င္ေဇာႏွင့္ ေျပာခဲ့ေသာ္ျငား ေနစက္ကြင္း၏စိတ္ကို တစ္စကၠန္႔ေတာင္ အစိုးမရႏိုင္သည့္အျဖစ္ေၾကာင့္ သိမ္ငယ္နာက်င္ရေပါင္း မ်ားလွၿပီ။

'မာန္ ကင္းကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ေနဆုေတာင္းေပးပါတယ္.. လူကိုေရာ ၊ စိတ္ကိုေရာေပါ့...'

ေန ေျပာၿပီးသည္ႏွင့္ ခ်ာခနဲလွည့္ထြက္ခဲ့သည္။ ကင္းႏွင့္ရန္ျဖစ္ထားသည့္ေနရက္တိုင္းဟာ ျပႆဒါးမ်ားလား။ ရန္ျဖစ္ရသည့္အေၾကာင္းရင္းကလည္း မာန္႔ေၾကာင့္ပဲျဖစ္ကာ အခုလည္း မာန္႔ေၾကာင့္ပဲ ကင္းႏွင့္ေဝးကြာဖို႔ အေၾကာင္းဖန္လာခဲ့ၿပီ။

အျဖဴေရာင္သံေယာဇဥ္ကို အေရာင္ေျပာင္းလဲခဲ့မိေသာ အျပစ္ေၾကာင့္ နာက်င္မႈက ျပင္းထန္လြန္းလွသည္။ ကင္းကိုလက္လႊတ္ရမည္ဆိုလ်ွင္ေတာင္ သူႏွင့္အနီးဆံုးမွာ အသက္ထက္ဆံုးရိွသြားခ်င္သည့္ဆႏၵေလးတစ္ခုလည္း တိမ္လိုေမ်ာလြင့္ေပ်ာက္ကြယ္သြားေတာ့မည္လား။ 'ငါ နင့္ကိုခ်စ္မိေနၿပီဆိုတာ ေသခ်ာသိလိုက္ခ်ိန္မွာပဲ နင္နဲ႔အေဝးဆံုးကိုေရာက္ရေတာ့မယ္ကင္းရယ္...'။

ေန ျဖည္းေလးစြာ ေလ်ွာက္လာခဲ့ရင္း taxiတားဖို႔ လမ္းကူးလိုက္စဥ္ သူမဆီအတည့္ဝင္လာသည့္ကားတစ္စီးေၾကာင့္ ရုတ္တရက္ ေၾကာင္သြား၏။ ထိတ္လန္႔စိတ္ေတြ ငယ္ထိပ္ထိေဆာင့္တက္၍ ၪီးေနွာက္အသိေတြခဏလြတ္သြားၿပီထင္သည္။ သူမ ကားကိုေရွာင္ဖို႔ ေမ့ေနခဲ့၏။ ထိုကားသည္ လမ္းေၾကာအတိုင္းေမာင္းလာျခင္းမဟုတ္ဘဲ သူမဆီ ၪီးတည္ေမာင္းလာေနျခင္းျဖစ္သည္။

မာန္ ထိုျမင္ကြင္းကို ခပ္လွမ္းလွမ္းမွ ႏွစ္ေထာင္းအားရၾကည့္ေန၏။ ေနၾကာရိုင္းဆိုသည့္မိန္းမ ကားအက္ဆီးဒန္႔စ္ျဖစ္ခဲ့ဖူးသည့္အတိတ္ဆိုးေၾကာင့္ ထေရာ္မာအႀကီးစားရထားသူမို႔ ကားကိုျမင္တိုင္း ေရွာ့ခ္ျဖစ္ၿပီး တစ္ခါတည္းကိစၥျပတ္သြားပါေစ။

'ေန့ ...'

နီးကပ္လာသည့္ကားက ေန့ကို အရိွန္ႏွင့္တိုက္ခ်ဖို႔ ဟန္ျပင္ေနဆဲမွာပဲ ေန့တစ္ကိုယ္လံုးကိုဆြဲေပြ့ခံလိုက္ရသည္။

'ေန...အဆင္ေျပရဲ့လား...ငါ့ကိုၾကည့္ပါၪီး ေန...'

သူမပါးေတြ၊ ေမးဖ်ားေတြကို အသာလႈပ္၍ စိုးရိမ္တႀကီးေမးေနသူကိုေမာ့ၾကည့္ရင္း ေန ေၾကာင္ေတာင္ေတာင္ေလး ျဖစ္ေန၏။

'ကင္း...'

'ဟုတ္တယ္..ငါပါ.. နင့္ရဲ့ကင္းပါ.. နင္ ဘာမွမျဖစ္ဘူးေနာ္...ငါရိွတယ္...သတိကပ္ထား ေန...'

'ကင္း... မာန္ကေလ.. မာန္က ငါ့ကို နင္နဲ႔ေဝးေဝးေနတဲ့.. ငါတို႔တကယ္ေဝးၾကေတာ့မယ္ထင္တယ္..'

'ဟား..ေနရာ... အဓိပၸါယ္မရိွတာေတြ.. သူ႔စကား ဘာလို႔စိတ္ထဲထားေနတာလဲ...'

ေန ျပန္မေျဖဘဲ ၿငိမ္သြားေတာ့ သူ ေန့ကို ကားထဲေပြ့ေခၚခဲ့သည္။ ေန့ကိုတိုက္ဖို႔ႀကံရြယ္ခဲ့သည့္ ကားသမားက ထြက္ေျပးသြားၿပီမို႔ ခုေလးတင္ပဲ သူ႔လူေတြ ထိုကားေနာက္သို႔လိုက္သြားၾကၿပီျဖစ္၏။
သူ ေန့ကိုအိမ္ျပန္ေခၚလာခဲ့ၿပီး သူမအိမ္ဘက္မပို႔ဘဲ သူ႔အိမ္ဘက္မွာပဲ အခန္းျပင္ေပး၍ အနားယူေစသည္။ ေနက တာႀကီးယူလာေပးသည့္ ေရႏွင့္ေဆးကိုေသာက္ၿပီး ေမြ့ရာထက္မွာ လွဲေန၏။ သူ႔ကိုလည္း မၾကည့္ဘဲ မ်က္လံုးေလးမိွတ္ထားသည္။ သူက ေန့ဆံစေလးေတြကိုသပ္တင္ေပးရင္း...

'ေန....ငါနဲ႔နင္က တစ္သက္လံုး မခြဲမခြာ အတူရိွသြားၾကရမယ့္လူေတြပဲ.. ဘယ္ေတာ့မွ ေဝးကြာမသြားဘူး၊ ေဝးကြာသြားေစမယ့္အရာေတြကိုလည္း ငါ ဘယ္ေတာ့မွ ခြင့္ျပဳမွာမဟုတ္ဘူး..'

ခပ္တိုးတိုးေျပာရင္း ေန အိပ္ေပ်ာ္သြားတာကိုသတိထားမိလိုက္သည္။ သူ ခရီးသြားစရာ ရိွေနသည္မို႔ တာႀကီးကို ေန့ကိုဂရုစိုက္ေပးဖို႔ေသခ်ာမွာခဲ့၏။ ခရီးမသြားခင္ အျပတ္ရွင္းရမည့္ ကိစၥတစ္ခုေၾကာင့္...

'မာန္ေရ...ဧည့္သည္ေရာက္ေနတယ္..'

အမရာက မာန္ အလျွပင္ေနသည့္အခန္းထဲသို႔ ဝင္လာၿပီး အသိေပးလ်ွင္ မာန္႔မ်က္ခံုးေတြတြန္႔ေကြးသြားသည္။

'ဘယ္ကဧည့္သည္လဲ ..ခဏေနရင္ မီဒီယာေတြလာေတာ့မွာကို..'

'နင့္ဘဲႀကီး ေနစက္ကြင္းေဟ့..'

'ဟင္..'

မာန္ တအံ့တၾသ ထရပ္မိလ်က္..

'ေသခ်ာလို႔လား..'

'မယံုရင္ ထြက္ၾကည့္..'

မာန္ ႏႈတ္ခမ္းနီ ဆိုးမၿပီးေသးဘဲ ဘူးကို စားပြဲေပၚျပန္တင္၍ အခန္းထဲမွ ထြက္လာခဲ့သည္။ စက္က ဆက္တီေပၚမွာ ေျခခ်ဲ၍ထိုင္ေနၿပီး မ်က္ႏွာက အၿပံဳးအရယ္မရိွ၊ တည္ၿငိမ္ေန၏။

'ကို မာန္႔ဆီလာတယ္...က်ားသားမိုးႀကိဳး...'

မာန္ သူ႔ေဘး ထိုင္ခံုမွာ ဝင္ထိုင္၍ ဝမ္းသာအားရႏႈတ္ဆက္သည္။ ခုနကမွ ေနျပန္သြားသည္မို႔ သီသီေလးကပ္လြဲသြားတာ ကံေကာင္းလို႔ပါလား။

'ကို႔ကို မာန္ ေျပာခ်င္တာေတြရိွလို႔ ကိုေရာက္လာတာနဲ႔အေတာ္ပဲ..'

'မင္းေျပာခ်င္တာမေျပာခင္ ငါေျပာစရာရိွတာ အရင္ေျပာမယ္.. နားေထာင္ေပးမလား မာန္...'

'ငါ' ဟု ေျပာင္းလဲသြားသည့္ သူ႔အသံုးအႏႈန္း​ကို သတိထားမိကာ မာန္ ထိတ္ခနဲျဖစ္သြား၏။ စက္က မာန္႔ကို ေအးစက္စက္ၾကည့္ရင္း..

'ငါတို႔ လမ္းခြဲၾကရေအာင္ မာန္..ဒီေလာက္ပဲေပါ့..'

'ဘယ္လို...'

မာန္႔ နားထဲမွတစ္ဆင့္ ရင္ဘတ္ထဲထိ အုန္းခနဲျမည္ဟီးသြား၏။

'ငါနဲ႔မင္း တြဲခဲ့တယ္ဆိုတာ လူသိရံုပဲရိွတာပါ.. ဒီေန့အထိ တစ္နာရီၾကာေအာင္ဖုန္းမေျပာဖူးဘူး၊ လက္ခ်င္းတြဲၿပီးေတာင္ မေလ်ွာက္ဖူးေသးဘူး..ဟုတ္ရဲ့လား.. မင္းလည္း ငါ့စိတ္ကိုခံစားမိမွာပါ...'

'ကို ဘာေတြေျပာေနတာလဲ.. မာန္႔ကိုဘာလို႔လမ္းခြဲခ်င္တာလဲ...'

မာန္ စိုးရိမ္ထိတ္လန္႔စ ျပဳလာကာ တုန္လႈပ္စြာေမးသည္။

'ငါ မင္းကို ေျပာခဲ့ဖူးပါတယ္.. ေနနဲ႔ပတ္သက္ၿပီး မင္းဘက္က ျဖည့္ေတြးမေပးႏိုင္ေတာ့တဲ့တစ္ေန့ လမ္းခြဲမယ္လို႔ေလ.. မင္းက ျဖည့္ေတြးမေပးရံုတင္မကဘူး... မင္းကို တကယ္ခင္တြယ္ခဲ့တဲ့ေန့ကိုေတာင္ စိတ္ရင္းမွန္နဲ႔မဆက္ဆံခဲ့ဘူး..မင္း မေက်နပ္တာေတြရိွေနရင္ေတာင္မွ ေနက မင္းအေပၚ ဘာအမွားမွလုပ္ခဲ့တာမရိွဘူး... မင္း ငါ့ကိုခဏေဘးဖယ္ၿပီး သူ႔ခင္မင္မႈကိုငဲ့ဖို႔ေကာင္းတယ္..'

'ကို...ကို ျဖည့္ေတြးခိုင္းတယ္ဆိုတဲ့အေၾကာင္းအရာက ဘာလဲ.. ကို သူ႔ကိုေပြ့ဖက္ၾကင္နာေနတာေတြ... ဂရုစိုက္အကဲပိုေနတာေတြလား.. ဒါကို ဘယ္ရည္းစားက ျဖည့္ေတြးႏိုင္မွာတဲ့လဲ.. ေျပာပါၪီး...'

'အဟြန္း.. မင္းနဲ႔ငါ ရည္းစားအရာေတာင္မေျမာက္ခဲ့ေသးတာ မင္းေမ့ေနတယ္ထင္တယ္.. မင္းဘက္က လမ္းခြဲသည္ျဖစ္ေစ၊ မခြဲဘူးပဲျဖစ္ေစ ငါကေတာ့ ေဘာင္ခတ္တာမႀကိဳက္တဲ့ေကာင္မို႔ မင္းကို လမ္းခြဲစကား ေျပာစရာမလိုဘဲ ငါနဲ႔ေန့ရဲ့ဆက္ဆံေရးကို မင္းကိုယ္တိုင္သိရိွနားလည္ၿပီး အလိုအေလ်ာက္ျပတ္စဲသြားမယ္ထင္ခဲ့တာ..ပထမဆံုးအႀကိမ္ ငါ့အထင္မွားသြားခဲ့တယ္.. ၿပီးေတာ့ ေန့ေၾကာင့္... ေန့မ်က္ႏွာေၾကာင့္ ေန့သူငယ္ခ်င္းျဖစ္ေနတဲ့မင္းကို ငါ့ဘက္ကစၿပီး လမ္းခြဲစကားေျပာမထြက္ခဲ့တာလည္းပါတယ္.. ဒါေပမဲ့ မင္းက ငါကိုယ္တိုင္ တကူးတကလာေျပာရတဲ့အေျခအေနေရာက္လာတဲ့အထိ ေန့ကိုဖိအားေပးခဲ့ျပန္ၿပီ..'

မာန္ မယံုႏိုင္ျခင္းမ်ားႏွင့္ မ်က္ရည္ေဝ့လ်က္ အတန္ၾကာ ဆြံ႔အေနၿပီးမွ..

'ဒါဆို ကိုက မာန္႔ကို နည္းနည္းေလးေတာင္မခ်စ္ဘဲ တြဲခဲ့တာေပါ့.. နည္းနည္းေတာင္မွ စိတ္မဝင္စားခဲ့ဘူးေပါ့..'

'မာန္... ငါ ရည္းစားမ်ားတဲ့ရာဇဝင္ကို မင္းလည္းသိမွာပါ.. ငါက တြဲၾကမလားလို႔ ေမးရံုနဲ႔ မင္းနဲ႔သူတို႔အားလံုးက ေခါင္းညိတ္ခဲ့ၾကတာခ်ည္းပဲ.. အဲဒီ့ေတာ့ ခ်စ္တယ္ဆိုတဲ့စကားကို ဘယ္ရည္းစားကိုမွမေျပာခဲ့ဖူးဘူး.. ေျပာဖို႔ထိလည္း ငါ့အတြက္အေရးမပါဘူး.. တြဲၾကတယ္..သိပ္မၾကာခင္မွာပဲ ျပတ္စဲသြားတယ္.. ဒီလိုနဲ႔ပဲ ငါက ရည္းစားမ်ားတဲ့ေကာင္ျဖစ္လာတယ္.. ပေလးဘြိုင္းလို႔ သမုတ္ခံရတယ္.. လမ္းခြဲျပတ္စဲရတဲ့အေၾကာင္းရင္းကို ဘယ္ရည္းစားကိုမွ ေရေရရာရာမေျပာခဲ့ဖူးေပမဲ့ မင္းကေတာ့ သိသင့္တယ္ထင္လို႔ေျပာလိုက္မယ္.. ငါ့တစ္ဘဝလံုးမွာ အခ်စ္ရဆံုးမိန္းမဟာ ေနပဲ.. ေနက ငါ့ရဲ့အရာရာပဲ... ေန့ကို ငါ့အေမထက္ေတာင္ ပိုၿပီးလိုအပ္ခဲ့တာ..'

သူ႔စကားမ်ားက မာန္႔အသည္းႏွလံုးကို ​ေျခမြလိုက္သကဲ့သို႔ပင္ တဆစ္ဆစ္နာက်င္ေစ၏။

' ရွင္ ငါ့စကားႏြားရေျပာလြန္းတယ္.. မာန္႔ကိုဘာျဖစ္လို႔တြဲခဲ့ေသးလဲ..မာန္႔ခံစားခ်က္ေတြကို ဘာျဖစ္လို႔ကစားခဲ့ေသးလဲ..ရွင္ ေတာ္ေတာ္ မေကာင္းတဲ့လူပဲ..'

မာန္႔ေမးသံက က်ယ္သြားကာ အခန္းျပင္ကဝန္ထမ္းတခ်ိဳ႕ပါ စပ္စပ္စုစုၾကည့္လာၾကသည္။ စက္က မဲ့သည္ဆိုရံုမ်ွ ႏႈတ္ခမ္းလႈပ္ၿပံဳး၏။

'ကစားခံရတယ္ဆိုကတည္းက ယိမ္းယိုင္လြယ္လို႔ပဲေလ.. စိတ္မခိုင္ဘဲ သာယာလြယ္တာမ်ိဳးေပါ့.. တြဲၾကမလားဆိုတဲ့စကားကိုလည္း မင္းဘက္ကပဲ စေျပာခဲ့တာေနာ္...ငါ ဘယ္လိုေကာင္မွန္း သိသိႀကီးနဲ႔ေပ်ာ္ဝင္ခဲ့တဲ့မင္းက ငါ့ကိုတြဲခ်ိန္အထိ ဈာန္ရဲတိုက္ဆိုတဲ့ေကာင္နဲ႔ လမ္းမခြဲရေသးဘူး.. အဲဒီ့အျဖစ္တစ္ခုလံုးကို ဖံုးကြယ္ထားခဲ့တယ္..မင္းလည္း ငါ့ကိုမရိုးသားခဲ့ပါဘူး...'

သူ႔စကားေၾကာင့္ မာန္႔မ်က္လံုးေတျြပဴးက်ယ္ကုန္သည္။ ပ်က္က်သြားသည့္မ်က္ႏွာကို ဘယ္လိုျပန္လည္ျပင္ဆင္ဖံုးဖိရမွန္းမသိခဲ့ဘဲ..

'အဲဒါ အဲဒါ.. ရွင့္ကို ပိုခ်စ္ခဲ့မိလို႔ သူ႔ကိုစြန္႔လႊတ္ခဲ့တာ..'

'စိတ္မေကာင္းေပမဲ့ ငါမင္းကိုတြဲခဲ့တဲ့အေၾကာင္းရင္းကေတာ့ အဲဒီ့ေကာင္ေၾကာင့္ပဲ..ငါက မင္းကို အဲဒီ့ေကာင္အရိႈက္ကိုထိဖို႔ အသံုးခ်ခဲ့ရံုပဲ...မင္းကိုလည္း ဈာန္ရဲတိုက္က ငါဘယ္လိုေကာင္ပါလို႔ သတိေပးခဲ့မွာပါ... သိသိႀကီးနဲ႔မိုက္မဲၿပီး ေရ႔ွဆက္တိုးခဲ့တာ မင္း..'

သူက အၫွာအတာမဲ့စြာ ေျပာ၍ ထရပ္သည္။ မာန္ကပါ လိုက္ထ၍ လက္သီးဆုပ္အံႀကိတ္လ်က္..

'ရွင္ အေတာ့္ကိုေကာက္က်စ္ဉာဏ္မ်ားခဲ့တာပဲ..ရတယ္ေလ..ကိစၥမရိွဘူး..ဒါေပမဲ့ မာန္႔ကို ဒီလိုပံုစံမ်ိဳးနဲ႔ျဖတ္ခ်ခဲ့လို႔မရဘူး ကိုစက္.. မီဒီယာေရ႔ွမွာ ကြၽန္မခ်စ္သူက ရွင္ပါလို႔ တိုင္းသိျပည္သိ ေၾကညာမွာ..'

'လုပ္ရဲရင္လုပ္ၾကည့္ေပါ့... လုပ္ႏိုင္စြမ္းရိွသမ်ွ အကုန္လုပ္.. လုပ္ခြင့္ေပးထားတဲ့အခ်ိန္ျပည့္ရင္ မင္းလုပ္ခဲ့သမ်ွအတြက္ ျပန္လက္ခံရမယ့္ရလဒ္ကိုေစာင့္ေန.. ငါက မင္းထင္ထားတာထက္ပိုၿပီး ေကာက္က်စ္တဲ့ေကာင္မို႔လို႔ သတိနဲ႔ေနပါ..ဒီေန့ ေန့ကို မင္းဘာလုပ္ခဲ့တယ္ဆိုတာလည္း မေမ့နဲ႔ၪီး ..'

သူ႔မ်က္လံုးမ်ားက ခ်က္ခ်င္းပင္ ရက္စက္ေသာ က်ားရဲတစ္ေကာင္၏အၾကည့္မ်ားအသြင္သို႔ ေျပာင္းလဲသြားသည္ကို မာန္ ထိတ္လန္႔တုန္လႈပ္စြာ သတိထားမိလိုက္၏။ စက္က မာန္႔ကိုႏႈတ္မဆက္ဘဲ ထြက္လာခဲ့သည္။ သူတို႔ေျပာစကားမ်ားကို ၾကားလိုက္သူေတြ၊ ျမင္လိုက္သူေတြရိွတာကိုလည္း ဂရုမစိုက္ဘဲ သူ႔ကိုေစာင့္ေနသည့္ကားဆီသို႔ ေလ်ွာက္လာခဲ့ၿပီး ကားထဲဝင္ထိုင္၏။

'ေစာေစာက ကားသမားမိၿပီလား ခရာ..'

'မိပါၿပီ Lord.. သခၤယာကိုေခၚသြားပါၿပီ..'

ခရာက မဆိုင္းမတြေျဖသည္။

'မင္းရဲကိုဖမ္းသြားတဲ့ ဒုရဲအုပ္အေၾကာင္းေရာ စံုစမ္းခဲ့ၿပီလား...'

'ဟုတ္ကဲ့ Lord..ေနရပ္လိပ္စာအတိအက်နဲ႔ သူ႔အိမ္ပံုစံပါရခဲ့ပါတယ္...'

ခရာက သူ႔ကိုဖိုင္တစ္အုပ္ကမ္းေပးသည္။ သူ ဖိုင္ေတြကိုေသခ်ာလွန္ေလွာစစ္ေဆးၾကည့္ရင္း ေက်နပ္ၿပံဳးတစ္ခ်က္ ျဖစ္ထြန္းသြား၏။

'အခုပဲ ေနျပည္ေတာ္ကိုသြားမယ္..'

'ဟုတ္ကဲ့ Lord..'

ခရာက သူ႔စကားကိုတစ္ေသြမတိမ္းနာခံ၍ ကားကိုအရိွန္ျမႇင့္ေမာင္းသည္။ သူ ေန့ကိုဂရုစိုက္ေပးဖို႔ တာႀကီးဆီဖုန္းဆက္၍ အိမ္ျပန္ေနာက္က်မည့္အေၾကာင္းပါ ​အသိေပးလိုက္သည္။

ေနျပည္ေတာ္ေရာက္သည့္အခ်ိန္မွာ ည(၈)နာရီေက်ာ္ေနၿပီ။ ခရာႏွင့္လမ္းခြဲ၍ လူေနအိမ္ေျခတိတ္ဆိတ္ေခ်ာင္က်သည့္ ရပ္ကြက္တစ္ခုအတြင္းက ၿခံတစ္ၿခံသို႔ ကားကိုၪီးတည္ေမာင္းခဲ့သည္။
တံခါးပိတ္ထားသည့္ၿခံက အုတ္နံရံထက္မွာ သံဆူးႀကိဳးေတြကာထား၏။ ပိေတာက္ပင္ရိွသည့္ေနရာမွလြဲ၍ အားလံုး သံဆူးႀကိဳးရံထားသည္ခ်ည္းျဖစ္ကာ မီးေရာင္က အိမ္ေရ႔ွမွာပဲ မႈန္ပ်ပ်လင္းေနသည္။

သူ တံတိုင္းေဘး ပိေတာက္ပင္ရိပ္မွာ ကားရပ္လိုက္ၿပီး ကားအမိုးမွတစ္ဆင့္ တံတိုင္းကိုခုန္ေက်ာ္၍ ၿခံထဲ ေရာက္လာခဲ့သည္။ အိမ္၏ပံုစံငယ္ကိုအလြတ္မွတ္မိေနသည္မို႔ ဘယ္ေနရာမွာ ဘယ္အခန္းရိွသည္ဆိုတာကအစ သိေနၿပီျဖစ္၍ အိမ္ထဲသို႔ အလြယ္တကူပဲ ဝင္ႏိုင္ခဲ့သည္။

စာၾကည့္ခန္းဟုထင္ရသည့္ အခန္းတစ္ခန္း၏ ျပတင္းေပါက္က ပြင့္ေနသည္ကို ခပ္မိွန္မိွန္ မီးေရာင္ျဖင့္ ျမင္လိုက္ရသျဖင့္ သူ ထိုျပတင္းေပါက္မွတစ္ဆင့္ ခုန္ဝင္၍ အခန္းထဲ ေျခခ်မိသြားသည္။ မီးပိတ္ထားေသာ္လည္း အလင္းျပန္ေနသည့္ တစ္ခန္းလံုးကို ပိုက္စိပ္တိုက္ေဝ့ၾကည့္ၿပီးမွ အသံလံုေစရန္ ျပတင္းေပါက္ပိတ္လိုက္စဥ္ အခန္းတစ္ခုလံုး မီးလင္းသြားကာ ေခ်ာက္ခနဲ အသံကိုပါ ၾကားလိုက္ရသျဖင့္ သူလွည့္ၾကည့္၏။ လူတစ္ေယာက္က သူ႔ကို ေသနတ္ႏွင့္ခ်ိန္၍ အခန္းထဲဝင္လာသည္။

'ညႀကီးအခ်ိန္မေတာ္ သူမ်ားအိမ္ထဲ ခိုးေၾကာင္ခိုးဝွက္ဝင္လာတာ ခင္ဗ်ားကို smartမျဖစ္ေစဘူး ကိုယ့္လူ...'

သူ႔အနားထိ တိုးကပ္လာၿပီးမွ ေသနတ္ကို သူ႔ဝဲဘက္ရင္အံုျခမ္းသို႔ အတည့္ေျပာင္းခ်ိန္၏။ သူက ႏႈတ္ခမ္းတစ္ဖက္တြန္႔ၿပံဳး၍ ညာဘက္လက္ ရုတ္တရက္လႈပ္ရွားသြားကာ ထိုလူ႔လက္ထဲက ေသနတ္ကို လ်ွပ္တစ္ျပက္ဆြဲယူလိုက္ၿပီး ထိုလူ႔ငယ္ထိပ္ေနရာသို႔ ျပန္လည္ခ်ိန္ရြယ္လိုက္သည္။

'အလႅာပ သလႅာပစကားေတြ ေျပာဖို႔လာတဲ့ဧည့္သည္မဟုတ္ေတာ့ လြယ္သလိုဝင္ခဲ့ရတာေပါ့.. ေတြ့ရတာ ဝမ္းနည္းပါတယ္စစ္လုလင္.. ဒီကမ႓ာေပၚမွာ ငါ ေသာက္ျမင္ကတ္ဆံုးက Law manေတြပဲ.. ငါ ဘယ္သူလဲ မင္းသိမွာပါ...'

ဒုရဲအုပ္ စစ္လုလင္က သူ႔အေျပာေၾကာင့္ တစ္ခ်က္ရယ္၏။

'အဟြန္း... ကိုယ္ေနဟန္ထားနဲ႔ မ်က္လံုးေတြ..ေျပာပံုဆိုပံုေတြကိုၾကည့္ၿပီး ခင္ဗ်ားဘယ္သူလဲဆိုတာ ခန္႔မွန္းမိလိုက္ပါၿပီ..ကြၽန္ေတာ္တို႔ေလာကကို ပြက္ေလာရိုက္ကုန္ေလာက္ေအာင္ထိ နာမည္ႀကီးတဲ့သူကို မသိဘဲ ရိွပါ့မလား..အဲဒီ့ေသနတ္ႀကီး အရင္ဖယ္လိုက္ပါ ကိုေနစက္ကြင္း...'

စစ္လုလင္က စာၾကည့္စားပြဲဆီေလ်ွာက္သြားကာ ေရဘူးထဲမွေရကို ဖန္ခြက္ထဲထည့္၍ ေမာ့ေသာက္သည္။ သူ႔ကိုပါ တစ္ခြက္ကမ္းေပး၍...

'ဧည့္သည္ဟုတ္ဟုတ္ မဟုတ္ဟုတ္ အိမ္ထိေတာင္ေရာက္လာၿပီးၿပီပဲ.. ေရေလးေတာ့ေသာက္ပါၪီး...ဒါ ကြၽန္ေတာ့္အစ္ကိုယူလာတဲ့ ေတာင္က်စမ္းေရဗ်..'

စက္က မျငင္းဘဲ ေရတစ္က်ိဳက္ေမာ့ေသာက္ၿပီး ခြက္ျပန္ေပးသည္။

'ကြၽန္ေတာ့္အေမနဲ႔ညီမေလး ရိပ္သာဝင္ေနလို႔ အိမ္မွာ ကြၽန္ေတာ္တစ္ေယာက္ပဲရိွတာ ေတာ္ေသးတယ္ေျပာရမယ္.. ခင္ဗ်ား ခိုးဝင္လာပံုနဲ႔ ဘုရားခန္းကပတ္လာရင္ သူတို႔ လန္႔ၿပီးေရွာ့ခ္ျဖစ္သြားႏိုင္တယ္..'

'မရည္ရြယ္ပါဘူး...Sorry'

စက္ လက္ကာျပ၍ ေဆာရီးလုပ္လိုက္ရသည္။

'ေရႊႀတိဂံေဒသရဲ့ အာဏာအရိွဆံုး ပုဂၢိုလ္ေတြထဲက တစ္ေယာက္.. ေလာင္းကစားပြဲေတြကေန နယ္ေျမအင္အားခ်ဲ့ထြင္ျဖန္႔ၾကက္လာတဲ့သူ... ကြၽန္ေတာ္တို႔လို ဥပေဒဘက္ေတာ္သားေတြ လက္လွမ္းမမီႏိုင္တဲ့ ေနရာေဒသမွန္သမ်ွ ခ်ဳပ္ကိုင္လႊမ္းမိုးထားတဲ့ Sun Empireရဲ့ဘုရင္ ေနစက္ကြင္း.. ကြၽန္ေတာ့္အိမ္ကို ညဘက္ႀကီး လူကိုယ္တိုင္တကူးတက ေရာက္လာရတဲ့အေၾကာင္းရင္းကို ေျပာပါခင္ဗ်ာ..'

စစ္လုလင္က သူ႔အေၾကာင္းကို Detailက်က် သိထားပံုရသည္။ ရည္မြန္ေျပျပစ္စြာပဲ ေမး၏။

'ငါ လိုရင္းပဲေျပာမယ္ စစ္လုလင္.. မင္းမေန့က ဟာဝိုင္ရီကလပ္မွာ ဖမ္းသြားခဲ့တဲ့ ငါ့လူကို ျပန္လႊတ္ေပးရမယ္.. မင္းရဲဆိုတဲ့တစ္ေယာက္ပဲ.. မင္းရဲ့အထက္အရာ ရိွကို နည္းနည္းေလာက္ၾကပ္ေပးလိုက္ရင္ ၿပီးတဲ့ကိစၥဆိုေပမဲ့ မင္းကဖမ္းခဲ့တာဆိုေတာ့ မင္းကိုယ္တိုင္ ျပန္လႊတ္ေပးတာကိုပဲ ငါလိုခ်င္တယ္...'

'ဟား ဟား ဟား...'

စစ္လုလင္က သူ႔စကားကိုသေဘာက်သြားပံုျဖင့္ ဟက္ဟက္ပက္ပက္ရယ္သည္။

'ကိုေနစက္ကြင္း..ခင္ဗ်ား လူကဲခတ္မွားေနၿပီဗ်.. ကြၽန္ေတာ္က ခင္ဗ်ားေသာက္ျမင္ကတ္လွပါေခ်ရဲ့ဆိုတဲ့ ေလာမန္းေလ.. ကြၽန္ေတာ့္တာဝန္နဲ႔စည္းမ်ဥ္းစည္းကမ္းကိုပဲ ၪီးထိပ္ပန္ဆင္ထားတဲ့သူ.. ခင္ဗ်ားရဲ့လူက ကြၽန္ေတာ့္မ်က္စိေရ႔ွမွာတင္ ရဲတစ္ေယာက္ကိုပစ္ခတ္ခဲ့လို႔ အဲဒီ့ရဲ အခုေဆးရံုေရာက္ေနတယ္..တရားမဝင္လက္နက္ကိုင္ေဆာင္မႈနဲ႔တင္ ႏွစ္ခ်ီေထာင္ခ်ပစ္လို႔ရတဲ့ေကာင္.. တျခားမွာ သြားၿပီးဖိအားေပးၾကည့္ပါ..ကြၽန္ေတာ္ကေတာ့ very sorryပါပဲ..'

စက္က စစ္လုလင္၏ျပတ္သားစြာျငင္းဆန္မႈကို မၿဖံဳဘဲ မခိုးမခန္႔ၿပံဳးသည္။

'ငါ ဘယ္ေတာ့မွ လူကဲခတ္မမွားဖူးဘူး..ခုနကပဲ သတိေကာင္းလွပါတယ္ဆိုတဲ့မင္းရဲ့လက္ထဲက ေသနတ္ကို ငါရေအာင္ယူၿပီးၿပီေနာ္... ငါ ဘယ္လိုေကာင္လဲ..ဘာေတြလုပ္ႏိုင္သလဲ မင္းသိထားမွာပါ..ဒီေတာ့ ငါတို႔ challengeတစ္ခုလုပ္ၾကည့္ၾကမလား...'

သူက မ်က္စပစ္၍ ေမးလ်ွင္ စစ္လုလင္က စိတ္ဝင္စားဟန္ျဖင့္ ေမးဆတ္နားစြင့္ေန၏။

'မင္းက တိုက္ရည္ခိုက္ရည္ေကာင္းတဲ့ပံုပဲ..ငါနဲ႔မင္း တစ္ပြဲတစ္လမ္း ႏႊဲၾကတာေပါ့..ငါ ရႈံးရင္ လွည့္ျပန္သြားမယ္.. မင္းရႈံးရင္ ငါ့လူကိုမင္းကိုယ္တိုင္ ႁခြင္းခ်က္မရိွ ​ျပန္လႊတ္ေပးရမယ္.. ဘယ့္ႏွယ္လဲ ေလာမန္း.. သေဘာတူသလား.. ငါ့လိုအေမွာင္ထဲကေကာင္ကိုရႈံးရင္ေတာ့ မင္းရဲ့ဥပေဒမ်က္ႏွာဖံုးကို ခဏေတာ့ ခြာခ်ေပးရမွာေပါ့...'

စစ္လုလင္က ထီမထင္အၿပံဳးႏွင့္ လက္ၫွိုးလက္မဝိုင္းျပ၏။

'အိုေခဗ်ာ...စလိုက္ၾကတာေပါ့.. '

စစ္လုလင္က ေခါင္းညိတ္လက္ခံ၍ ခ်က္ခ်င္းတိုက္ကြက္စေတာ့သည္။ စာၾကည့္ခန္းက အေတာ္အတန္က်ယ္ဝန္း၍ အသံလံုသည္မို႔ သူတို႔ သဲႀကီးမဲႀကီးတိုက္ခိုက္ေနေပမဲ့ အသံဗလံေတြက အျပင္ဘက္ထိ မထိုးေဖာက္ႏိုင္ပါ။ စစ္လုလင္က သူထင္ထားသည္ထက္ တိုက္ရည္ခိုက္ရည္ပိုျမင့္ေနသည္။ သူ ေတြ့ခဲ့ဖူးေသာ ရဲမ်ားလိုမဟုတ္ဘဲ ဉာဏ္ေျပး၍ ကိုယ္ခံပညာပါ တစ္ဖက္ကမ္းခတ္ ထူးခြၽန္မွန္း သိလိုက္ရသျဖင့္ အံ့ၾသသြားမိသည္။ သူသတိႀကီးစြာ ျပန္လည္ခုခံတိုက္ခိုက္ရင္း တိုက္ကြက္ေတြပိုစိပ္လာ၏။
စစ္လုလင္ ခ်ဳပ္ကိုင္ဖို႔ႀကိဳးစားေနသမ်ွ ေပါ့ပါးဖ်တ္လတ္စြာေရွာင္တိမ္းရင္း ခံစစ္မွ တိုက္စစ္သို႔ေျပာင္းလဲလိုက္သည္။ ရန္သူကို ဘယ္ေတာ့မွေလ်ွာ့မတြက္ခဲ့ေသာ သူ႔အားသာခ်က္ေၾကာင့္ နံရံကို ကန္ေထာက္၍ လႈပ္ရွားလိုက္သည့္ ေနာက္ျပန္ေျခကန္ခ်က္က စစ္လုလင္၏ ဘယ္ဘက္ပခံုးကိုထိသြားကာ စစ္လုလင္ ပခံုးကိုဖိ၍ ဒူးေထာက္က်သြား၏။ မ်က္ႏွာေမာ့လာေတာ့ သူက နားထင္ကို ေသနတ္ႏွင့္ ေတ့ၿပီးသားျဖစ္လ်က္..

'မင္းရႈံးသြားၿပီဆိုတာ လက္္ခံမယ္လို႔ထင္ပါတယ္ စစ္လုလင္.. စာအုပ္စိမ္းႀကီးကို ေခါင္းေပၚရြက္ထားတဲ့ေလာမန္းဆို အထင္မႀကီးတတ္တဲ့ငါ.. မင္းရဲ့ တိုက္ရည္ခိုက္ရည္ကို အံ့ၾသအသိအမွတ္ျပဳမိပါတယ္.. ငါေတြ့ဖူးသမ်ွ ရဲေတြထဲမွာ မင္းက ၪီးေနွာက္အေျပးဆံုးနဲ႔ ကိုယ္ခံပညာ အျမင့္ဆံုးေကာင္ပဲ..ငါနဲ႔ဆန္႔က်င္ဘက္အရပ္မွာ ေလာမန္းျဖစ္ေနတာ ႏွေျမာစရာပဲ..'

'ခင္ဗ်ားလိုလူက အေမွာင္ဘက္ျခမ္းမွာရိွေနတာလည္း စိတ္မေကာင္းစရာပါပဲ ကိုေနစက္ကြင္း..'

စစ္လုလင္က အရႈံးကိုေက်နပ္စြာလက္ခံ၍ ထရပ္ဖို႔ျပင္လိုက္ေပမဲ့ ပခံုးကနာက်င္မႈေၾကာင့္ မ်က္ႏွာမဲ့၍ ျပန္ဒူးေထာက္က်သြားသည္။ စက္က ေသနတ္ႏွင့္ခ်ိန္ထားဆဲျဖစ္ကာ ေမာင္းခလုတ္ဆြဲလိုက္စဥ္မွာ သူ႔လက္ထဲက ေသနတ္က ရုတ္တရက္ ေလအဟုန္ကဲ့သို႔လြင့္ပါသြားသျဖင့္ သူ မ်က္လံုးျပဴးလ်က္ ေသနတ္ကိုလိုက္ရွာလ်ွင္ လူတစ္ေယာက္က ထိုေသနတ္ကိုသူ႔ဆီခ်ိန္၍ အခန္းထဲတစ္လွမ္းခ်င္း ေလ်ွာက္လာသည္။

'ဟာ...ကိုကို႔...'

စစ္လုလင္ ဝမ္းသားအားရအသံထြက္ေခၚလ်ွင္ ထိုလူက စက္ကို ေသနတ္ႏွင့္ခ်ိန္ရြယ္ရင္း စစ္လုလင္ကို လက္တစ္ဖက္ကမ္း၍ တြဲထူသည္။ စက္က ေသနတ္လုခံရသည့္လက္ကို ေကြးခ်ည္ျဖန္႔ခ်ည္ တစ္ခ်က္သပ္၍ ထိုလူစိမ္းကို အကဲခတ္သလို စူးစိုက္ၾကည့္လာသည္။

ဆံပင္ရွည္ေကာက္ေကာက္၊ ပိန္ပိန္ပါးပါးပံုစံႏွင့္ထိုလူစိမ္းက ခပ္မိႈင္းမိႈင္းဂ်င္းဂ်က္ကက္ဝတ္ထားၿပီး ရုပ္ရည္က အနည္းငယ္ရင့္ေရာ္ေနသည္။ အစိမ္းေရာင္သမ္း၍ လက္ေတာက္ေနသည့္မ်က္ဝန္းမ်ားႏွင့္ သူ႔ကို ျပန္ၾကည့္ေနၿပီး ႏႈတ္ခမ္းမ်ားကို တင္းတင္းေစ့ထားသည္။

'လက္ထဲက ေသနတ္ကို ေပႏွစ္ဆယ္အကြာ တံခါးဝကေန လွမ္းယူတယ္ဆိုေတာ့ Supernaturalလား..magicလား.. ဘယ္လိုအစြမ္းမ်ိဳးလဲ...'

စားပြဲေစာင္းကို ခပ္ႏြဲ႔ႏြဲ့မွီ၍ လက္ပိုက္ရပ္ရင္း ခနဲ႔တဲ့တဲ့ေမးလ်ွင္ ေရခဲေငြ့ေတြလ်ွံထြက္ေနသကဲ့သို႔ ေအးစက္စက္မ်က္ႏွာႏွင့္ထိုလူက မရယ္မၿပံဳးတည္တံ့ေနဆဲျဖစ္ကာ..

'ငါသာ တစ္စကၠန္႔ေနာက္က်သြားရင္ ဒီေနရာက မင္းရဲ့သခ်ၤိဳင္းျဖစ္ေတာ့မလို႔ပဲ ေနစက္ကြင္း.. '

'ဝိုး... နာမည္ေတာင္သိေနမွကိုး.. စိတ္ဝင္စားစရာပဲ.. အသက္မဲ့ေနတဲ့ လူေသေကာင္လိုမ်က္ႏွာနဲ႔ခင္ဗ်ားက စစ္လုလင္ရဲ့အစ္ကိုထင္တယ္..'

ရုပ္ခ်င္းဆင္ေနသည္မို႔ သူ႔ထင္ျမင္ခ်က္ မမွားႏိုင္ပါ။ သို႔ေပမဲ့ ထိုလူစိမ္းက အရိွန္အဝါတစ္မ်ိဳးႏွင့္ ဟိတ္အျပည့္ရိွသည့္ပံုစံျဖစ္ကာ စစ္လုလင္ႏွင့္ ဆန္႔က်င္ဘက္ ခံစားခ်က္မဲ့သည့္မ်က္ႏွာမ်ိဳး။

'ကိုကိုက ေတာင္ညိုကေန ဘယ္လိုျဖစ္ၿပီး ဒီကိုေရာက္လာတာလဲ..'

စစ္လုလင္က သူ႔အစ္ကိုကို အံ့ၾသေနဆဲမ်က္ႏွာႏွင့္ေမးသည္။ ထိုလူက စစ္လုလင္၏ လက္ေမာင္းကို ေနာက္ေက်ာဘက္ကေန ဆြဲ႔ဆန္႔၍ ဘယ္ဘက္ပခံုးအဆစ္လြဲသြားတာကိုျပန္တည့္ေပးရင္း..

'မင္း ေသနတ္စာမိၿပီး ေသေတာ့မွာကိုႀကိဳျမင္လို႔ေလ.. ေဟာဒီ့ေကာင္က Law man Phobia.. အသားလြတ္ေသာက္ျမင္ကတ္ပုဒ္မနဲ႔ မင္းကို လက္စတံုးဖို႔ တစ္စကၠန္႔ပဲလိုေတာ့တာ..'

စက္ ထိုလူေျပာတာေတြနားေထာင္ရင္း၊ စစ္လုလင္ကို ကုသေပးေနတာေတြ ရပ္ၾကည့္ရင္း ထူးဆန္းေထြလာရိႈးၾကည့္ေနရသကဲ့သို႔ မ်က္ခံုးပင့္ေနသည္။

'သိပ္ခ်စ္ၾကတဲ့ညီအစ္ကိုေတြပါလား.. ခင္ဗ်ားညီက ခင္ဗ်ားကိုျမင္တာနဲ႔ အေမကိုရွာေတြ့တဲ့ ၾကက္ေပါက္ေလးလို အားကိုးတႀကီးပဲေနာ္.. ဒါမ်ိဳးျမင္ကြင္းက ကြၽန္ေတာ္နဲ႔စိမ္းသက္လို႔ ထူးဆန္းေနတယ္.. တန္ဖိုးထားရတဲ့လူကို ကာကြယ္ေပးခ်င္တဲ့ ခ်စ္ျခင္းေမတၲာမ်ိဳး...'

စက္က မေနႏိုင္မထိုင္ႏိုင္ ေရရြတ္လ်ွင္ ထိုေရခဲလူသား၏အၾကည့္ေတြ သူ႔ဆီေရာက္လာျပန္သည္။

'မင္းလည္း တန္ဖိုးထားရတဲ့လူကို ကာကြယ္ေပးခ်င္တဲ့ခ်စ္ျခင္းေမတၲာမ်ိဳး အျပည့္အဝရိွပါတယ္ ေနစက္ကြင္း.. မင္း က်င္လည္ျဖတ္သန္းခဲ့ရတဲ့ဘဝတစ္ေလ်ွာက္လံုးမွာ မင္းရဲ့ေရြးခ်ယ္မႈ၊ စိတ္ဆႏၵ၊ ရည္ရြယ္ခ်က္အားလံုးဟာ သူနဲ႔ပဲသက္ဆိုင္ၿပီး သူ႔အတြက္ပဲ ျဖစ္တည္ေနတာမ်ိဳး... right?..'

မ်က္ခံုးပင့္၍ ေမးလိုက္သူေၾကာင့္ စက္ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ ဒီလူ တကယ္စူပါနထရယ္လ္လား..ဘာလဲ။ ကိုယ့္အေၾကာင္းကို ဘယ္လိုမ်ားသိေနတာလဲ။ ပေဟဠိေတျြဖစ္ေနရင္း အံ့ၾသေနတာကိုလည္း ဖံုးဖိဟန္လုပ္ဖို႔သတိမရ။

'ကိုကိုက ေနစက္ကြင္းကိုသိေနတာလား...'

စစ္လုလင္ကပါ အံ့ၾသမျပယ္ေသးပံုျဖင့္ ထပ္ေမးသည္။

'ငါ့အာရံုေတြထဲ ျမင္ရတဲ့အတိုင္းဆိုရင္ ဒီေကာင္က သူခ်စ္ရတဲ့မိန္းကေလးအတြက္ အလင္းဘက္ျခမ္းကလူျဖစ္ၿပီး မင္းလို ေလာမန္းတစ္ေယာက္အတြက္ ဗီလိန္ေတြထက္ ပိုၿပီးေၾကာက္စရာေကာင္းတဲ့ အေမွာင္ဘက္ျခမ္းကလူပဲ.. .. မင္း သူ႔ရဲ့လူယံုကိုဖမ္းထားတယ္ဆိုရင္ လႊတ္ေပးလိုက္ပါ..မင္း ျပန္လႊတ္မေပးရင္ေတာင္ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ရေအာင္ေခၚထုတ္မယ့္ေကာင္မို႔ သူ႔ကိုသေဘာမက်ရင္ေတာင္ သူ႔ရန္သူမျဖစ္ေစနဲ႔ညီေလး..'

စက္ မ်က္ႏွာႀကီး ေက်နပ္ၿပံဳးတစ္ခ်က္ ထင္သြားေသာ္လည္း စစ္လုလင္က လက္မခံခ်င္ေသာ မ်က္ႏွာႏွင့္ေအာင့္သက္သက္ မ်က္ေမွာင္ၾကဳတ္၏။

'ဒါေပမဲ့ ကိုကို..သူ႔လူက ဥပေဒမဲ့လက္နက္ကိုင္ေဆာင္...'

'ငါသိတယ္.. မင္း သူ႔လူကို လႊတ္မေပးရင္ ျဖစ္လာမယ့္အက်ိဳးဆက္ကိုပါ ႀကိဳသိေနလို႔ ကိုကို႔စကားနားေထာင္...'

စစ္လုလင္ ေစာဒကမတက္ဘဲ ၿငိမ္သြား၏။ စက္က ညီအစ္ကိုႏွစ္ေယာက္လံုးကို မ်က္လွည့္ပြဲလို ရင္သပ္ရႈေမာ ေငးၾကည့္ေနၿပီးမွ..

'တကယ္ Supernaturalပါပဲ.. ေရ႔ျွဖစ္ေနာက္ျဖစ္ကိုႀကိဳျမင္ႏိုင္စြမ္းရိွတဲ့လူမ်ိဳးထင္တယ္.. ကြၽန္ေတာ္ အသက္တမ်ွခ်စ္ရတဲ့မိန္းကေလး ရိွေနတယ္ဆိုတာထိ သိေနတဲ့ခင္ဗ်ားကို နာမည္ေတာင္ သိခ်င္သြားၿပီ...'

'ငါက ျပာပံုထဲကႏိုးထလာတဲ့ငွက္.. '

'ဖီးနစ္ငွက္ေပါ့..'

စက္က တစ္ခ်က္စဥ္းစား၍ ေမးလ်ွင္ ထိုလူက ေခါင္းညိတ္သည္။

'ဒါေပမဲ့ အခု ငါ့ဘဝက ျပာပံုအတိျဖစ္ေနၿပီ.. ေလာင္ကြၽမ္းခဲ့တဲ့ကာလတစ္ခု ၿပီးဆံုးသြားၿပီျဖစ္လို႔ နာမည္အရင္း နတ္စစ္သည္ပဲ ေခၚလို႔ရတယ္..'

'နာမည္ေရာ လူေရာ စိတ္ဝင္စားစရာပါပဲ.. ေတြ့ရတာ ထူးဆန္း အံ့ၾသ ဝမ္းသာမိပါတယ္...'

စက္က ေျပာရင္း ခါးကိုင္းေခါင္းၫႊတ္လိုက္ေသးသည္။

' မင္းလာတာ ေကာင္းေသာလာျခင္းမဟုတ္လို႔ ငါကေတာ့ မင္းနဲ႔ေတြ့ရတာ ဝမ္းမသာဘူး...'

နတ္စစ္သည္ဆိုေသာ လူထူးဆန္း၏စကားေၾကာင့္ စက္ ဟက္ခနဲရယ္သည္။

'ခင္ဗ်ားရဲ့ညီနဲ႔ ကြၽန္ေတာ့္ရဲ့ေရစက္က ဒီည ပထမဆံုးနဲ႔ေနာက္ဆံုးျဖစ္မွာပဲ.. ဒါေပမဲ့ ထူးထူးဆန္းဆန္း ခင္ဗ်ားနဲ႔ေတာ့ ေနာက္ထပ္ေရစက္ဆံုခ်င္ပါေသးတယ္...'

စက္က လက္ကမ္းေပးလ်ွင္ နတ္စစ္သည္က ျပန္လည္လက္ဆြဲႏႈတ္ဆက္ရင္း..

'ေနာက္တစ္ခါ ေရစက္ဆံုခ်င္ေသးရင္ ေကာင္းေသာလာျခင္းျဖစ္ပါေစ..'

သူ႔ကို လက္ဆြဲႏႈတ္ဆက္သည့္တိုင္ေအာင္ တစ္ခ်က္မွမၿပံဳးသည့္ ထိုလူကို စက္က ရယ္ျမဴးရိပ္သန္းေသာ မ်က္ဝန္းမ်ားႏွင့္ၾကည့္၍ ေခါင္းညိတ္သည္။

'Maybe.. ဒါနဲ႔ ခင္ဗ်ားလိပ္စာက...'

'ေတာင္ညို သစ္ေတာႀကိဳးဝိုင္း..'

'Ok..ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ျပန္ဆံုၾကၪီးမွာပါ.. See you again နတ္စစ္သည္.. '

စက္က နတ္စစ္သည္ကို ႏႈတ္ဆက္၍ ဟူဒီအက်ႌေခါင္းစြပ္ စြပ္လိုက္ၿပီးမွ စစ္လုလင္ကို ေဝ့ၾကည့္လာသည္။

'အားနာေပမဲ့ ငါ့လူကို မနက္ျဖန္ျပန္လႊတ္မေပးရင္ မင္းရဲ့ရဲစခန္းတစ္ခုလံုးကို ဗံုးႀကဲမွာ...'

အနားကပ္ႀကိမ္း၍ ျပတင္းေပါက္မွခုန္ဆင္းသြားလ်ွင္ လုလင္ မခံမရပ္ႏိုင္က်န္ရစ္ခဲ့သည္။

'ဒီလူ ၿခိမ္းေျခာက္ရတာ ဝါသနာပါပံုရတယ္...'

'ၿခိမ္းေျခာက္ေနတာမဟုတ္ဘူး ညီေလး.. သူ႔လူကိုျပန္လႊတ္ေပးလိုက္.. မဟုတ္ရင္ အမွတ္(၁)ဌာနတစ္ခုလံုး ျပာက်လိမ့္မယ္...'

နတ္စစ္သည္စကားေၾကာင့္ စစ္လုလင္ အသံတိတ္ႏႈတ္ဆိတ္သြား၏။

'No man above the law'ဟူသည့္ ေဆာင္ပုဒ္ကိုလက္ကိုင္ထားခဲ့သည့္သူ ေနစက္ကြင္းႏွင့္က်မွ ရာဇဝင္ပ်က္ခဲ့ရၿပီမို႔ ေအာင့္သက္ခံျပင္းစိတ္ တႏံု႔ႏံု့ႏွင့္ အံႀကိတ္မိရင္း...။

☀️To be continued🌻

နတ္စစ္သည္နဲ႔စစ္လုလင္ ညီအစ္ကိုႏွစ္ေယာက္က The Legend Of The Phoenixထဲက main leadေတျြဖစ္တဲ့အေၾကာင္း ဖီးနစ္ငွက္ကိုဖတ္ထားသူေတြ သိၾကမွာပါ။ cameoပါလာေတာ့ အံ့ၾသသြားၾကတယ္မလား😁
ေနကင္း storylineက 2018ႏွစ္ကုန္နဲ႔2019ႏွစ္စၾကား ျဖစ္လို႔ အခုဇာတ္ဝင္ခန္းက ဖီးနစ္ငွက္ သူ႔တာဝန္ေတြကေန ႏႈတ္ထြက္အနားယူသြားတဲ့timelineတစ္ခုမွာပါ..🤍

Continue Reading

You'll Also Like

75.2K 2.8K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
1.6M 67.3K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
277K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...