PART 17❣️
“မေဦးမောင်"
“ဗျာ"
“ကို ကလေးရဲ့ ညှပ်ရိုးပေါ်မှာLove biteဆိုတဲ့အမှတ်အသားတစ်ခုလောက်ပေးချင်တယ် ရမလား”
ခွင့်တောင်းလာသောအရာကြောင့် ဦးမောင်မှာ မိုက်ခနဲ့ဖြစ်သွားရ၏။
ငါပဲ သူများကိုပေးခဲ့ဖူးတာ အခုတော့ ငါ့အလှည့်ကျပြီလား...
ဝဋ်လည်ပြီလား။
“တကယ်ကို တစ်ခုပဲတောင်းဆိုချင်တယ် ဒါကလည်း ဘဝမှာမိန်းကလေးတစ်ယောက်အပေါ်ပထမဆုံးအကြိမ်တောင်းဆိုဖူးသလို အဲ့တာကလည်း မင်းတစ်ယောက်ကိုပဲစိတ်ကလိုချင်နေတာ"
ဒီအတိုင်းယူလိုက်ရင် ပြီးနေတာကို လူကိုခွင့်လာတောင်းနေသဖြင့် တိုင်ပတ်ရချေပြီ။
ဒီလိုနူးညံ့နေသော လူသား၏ဝင်လေထွက်လေက သူ့လည်ပင်းမှာနွေးနေတော့ လူကဘာလုပ်ရမှန်းမသိ။
ဟူး.... ခေါင်းငုံ့၍သက်ပြင်းချမိသည်။
သူ့လုပ်ရပ်ကိုအဓိပ္ပါယ်တစ်မျိုးပေါက်သွားမှန်းမသိလိုက်စဉ် ကြံ့ခိုင်၍ ခန္တာကိုယ်ကြီးသောသူရဲ့ဘက်ကိုဆွဲလှည့်ခြင်းကိုခံလိုက်ရပြီး လည်ပင်းက အေးခနဲ့ခံစားလိုက်ရသဖြင့် လူကမော့သွား၏။
သဲနုရောင်အင်္ကျီလည်ဝိုင်းထဲကို လက်မနဲ့လက်ညိုးကို အပြင်ထုတ်ပြီး တစ်ဖက်လျှို၍ ဘေးသို့ ရွှေ့လိုက်လျှင် အစိမ်းနုရောင်သန်းနေသော သွေးကြောတို့နဲ့အပြိုင် သူ့ကိုစိတ်လှုပ်ရှားစေသဖြင့် အာခေါင်ခြောက်ကပ်လာသလိုလိုဖြစ်လာပြီး တံတွေးမသီးမိအောင် အသက်မနည်းရှူနေရသည်။
“မေဦးမောင်”
“ဟင်”
ရှက်လို့သေချင်နေပါတယ်ဆိုမှ လူကိုအတင်းခေါ်နေပြန်ပြီ လုပ်စရာရှိတာမြန်မြန်လုပ်တာမဟုတ်ဘူး။
ပိတ်ထိုးပစ်ရင် သေနေအုံးမယ်....
“ကို့ကို တကယ်ရော ခွင့်ပြုပေးမှာလား"
“လုပ်စရာရှိ မြန်မြန်လုပ်စမ်းပါဗျာ စိတ်တိုလာပြီ”
သူ့လက်ကိုပုတ်ထုတ်ပစ်ပြီး သူမကိုယ်တိုင် ညှပ်ရိုးပေါ်အောင် ဘေးတစ်စောင်းဆွဲချပစ်လိုက်ပြီး သူ့ကိုခွင့်ပြုနေပုံက တကယ့်ကိုချစ်မဝလေး။
နှုတ်ခမ်းနဲ့အသားထိတာနဲ့ သူ့သွေးတို့နွေးလာကာ နှလုံးအိမ်ကသွေးကြောတို့သည်ဦးနှောက်အထိကိုဒိန်းခနဲ့ ခုန်စောင့်တတ်သွားတာ ဘယ်အရာကိုမှမတွေးတောမစဉ်ခြင်နိုင်တဲ့အထိ တဒင်္ဂအထိမေ့မေ့မူးမူးရူးသွပ်သွားစေ၏။
တဆက်ဆက်တုန်နေသော လက်ဖျားတို့ကို ကျောပြင်မှာတင်းတင်းဖက်ထားပြီး တစ်ဖက်က သူမစောစောကအင်္ကျီကိုဖယ်ပေးထားသော လက်ပေါ်တင်ထားမိ၏။
မေဦးမောင်၏ပင်ကိုယ်ရနံ့သင်းသင်းလေးက သူ့နှုတ်ခမ်းထပ်၌ကိန်းအောင်ခိုဝင်နေပြီ....
ရှက်လာ၍ထင် ပူနွေးနေသောအရေပြားပေါ် ချွေးစက်တို့စိမ့်သက်လာသောအခါ သူ့နှုတ်ခမ်းနဲ့
ဖွဖွလေးထိရုံသာ သွားစွယ်နဲ့ပေးထိပြီးစုပ်ယူလိုက်လျှင်....
“အင့်"
အရောင်လေးပေါ်လာမှ သူရပ်လိုက်ပြီး တွန့်ခနဲ့ကျုံ့ဝင်သွားသော ကိုယ်လုံးလေးကို ပြေပြေလေးပြန်ဖက်ထားလိုက်၏။
“ကျေးဇူးတင်ပါတယ် ကလေး... မင်းအပေါ်တပ်မက်မှုကိုထိန်းလို့မရတဲ့အထိ ကို့ကိုထိခွင့်ပေးလို့ကျေးဇူးပဲ....အရမ်းချစ်တယ်”
သူမော့ကြည့်ပြီးပြောနေလျှင် မျက်ရည်လေးလက်ခနဲ့ဝဲနေသောသူမကြောင့် စိုးရိမ်သွားရကာ....
“ဟင် နာသွားလား ကလေး"
“မနာပါဘူးဆို”
ပထမဆုံး ဒီလိုခံလိုက်ရသောကြောင့် ထိုလူကို စိတ်ဆိုးချင်နေတာက ဘာဖြစ်ချင်နေမှန်းမသိတဲ့အထိပါပဲ....
အရာလေးတစ်ခုထဲနဲ့တင် သူဒီလောက်စိတ်လှုပ်ရှားနေတယ်ဆို သူမကိုပိုင်ဆိုင်ခွင့်သာရမယ်ဆို သူရူးသွားနိုင်လောက်တယ်။
“ကဲ့ သွားအိပ်ရအောင်"
သူက အပေါ်ဆုံးထပ်မှာနေပြီး ကလေးကို ဒုတိယထပ်ကိုပို့ပေးကာ ကလေးအိပ်ပျော်သွားသည့်အထိ အနားမှာ နေပေးပြီးမှ အပေါ်ကိုတတ်လာခဲ့ရသည်။ဒီလိုနေ့မျိုးမှာ သူအိပ်စက်နိုင်မယ်မထင်။ မပြယ်သေးသော ရင်ခုန်သံနှင့်အတူ စီးကရက်ကိုသာ အဖော်ထပ်ပြုနေခဲ့ရ၏။
❣️
❣️
❣️
❣️
❣️
“သမီးအပြင်မှာ သွားဝယ်ရင် ရှက်နေမှာဆိုးလို့ အန်တီကိုယ်တိုင် မှန်းပြီးဝယ်လာခဲ့တယ် သမီးသဘောမကျဘူးဆိုရင်လည်း ကျန်းမာရေးအတွက်လို့ စဉ်းစားပြီး ဝတ်ကြည့်နော်"
“ဟို ကျွန်တော့်အတွက် အခုလည်းကျွန်တော်အဆင်ပြေနေပါတယ်"
“မပြေပါဘူးကွယ်.... ဒီလောက်ကျပ်ထုတ်အောင်စည်းထားရတာ ကြာလာရင် နာကျင်ရုံနဲ့ဆိုဟုတ်ပေမယ့် ရင်သားကင်ဆာဖြစ်တာမျိုးလို့ ဖြစ်လာမှာဆိုးလို့.... ဒါကလည်း အုံမကြီးပါဘူး သမီးနဲ့ဆိုလည်းအနေတော်လောက်ပဲ အင်္ကျီကအပွဆိုတော့ မသိသာဘူးနော် ...အပြင်မသွားရဲရင်လည်း အိမ်မှာရှိတဲ့အချိန်စမ်းဝတ်ကြည့် နောက်ဆိုနေသားကျသွားမှာ"
ဟူး...
ဒီကိုလာတာ အမှားကြီးကြီးမှားတယ်။
တစ်ခါမှစိတ်မကူးဘူးတဲ့အရှေ့က အဝတ်ပုံတွေကို ကြည့်ပြီး ဝတ်ရမယ်ဆိုပြီး ပြောနေသဖြင့် စိတ်ပျက်နေတာတော့အမှန်ပဲ။
“အန်တီက သမီးရဲ့ ဖြစ်တည်မှုကို မဖြစ်မနေပြောင်းရမယ် ပြောင်းကိုပြောင်းရမယ်ဆိုပြီး ဖိအားပေးတိုက်တွန်းနေတာမဟုတ်ပါဘူး။ စိတ်ရင်းနဲ့ သမီးရဲ့ ကျန်းမာရေးအတွက် အန်တီစိတ်ပူလို့ပါကွယ်”
မလိုချင်မှန်းသိ၍ မျက်နှာမကောင်းစွာနှင့် ဝယ်လာပေးသော Brandအစုံရှိသောအိတ်နှင့် ထွက်သွားဖို့လုပ်နေသည့် အန်တီရတနာပုံကြောင့် သူလည်းစိတ်အိုက်နေရ၏။
စိတ်ရင်းနဲ့စိုးရိမ်ပေးမှန်းသိပေမယ့် မိန်းကလေးအတွင်းခံအင်္ကျီကို ဝတ်ရမှာကို ဘယ်လိုမှစိတ်ကမရနေ။
ကုတင်ပေါ်ကနေအချိန်ကြာစဉ်းစားပြီးမှ အန်တီရတနာပုံဆီကို အားနာနာနဲ့ သွားပြီး တောင်းပန်ရမည်။
❣️
❣️
❣️
❣️
❣️
ဖေဖေသည် မန္တလေးကိုသွားရမည်မို့ သူလေဆိပ်ကို ပို့ပေးရသောအခါ အရင်တစ်ခါက ဦးမောင်ကိုလာကြိုရတဲ့နေ့ကို သတိရလိုက်လျှင် ပြုံးလိုက်မိ၏။
ဦးမောင်သာ ဒီကိုမလာလျှင် သူမန္တလေးကို တစ်နေ့တစ်ခေါက်များရောက်နေမလားဟု တွေးလိုက်မိ၏။
အချစ်ရဲ့စွမ်းအားတွေက ထူးဆန်းတယ်ဆိုတာ သူလက်တွေ့ခံစားရမှ ကိုယ်ချင်းစာတတ်လာသည်။
ဦးမောင်ကြိုက်သည့် စတော်ပယ်ရီကိတ်ကို ဝင်ဝယ်ခဲကာ စတော်ပယ်ရီထဲကအဖြူရောင်အူတိုင်ကိုပဲကြိုက်ပြီး အပြင်အခွံအနီရောင်က တစ်ယောက်ယောက်က ကြိုက်တာဆိုတာကို သတိရလာလျှင် ဘယ်သူလဲဆိုတာကို မေးကြည့်အုံးမှဆိုတဲ့အတွေးနဲ့အိမ်ကို အမြန်ပြန်လာရ၏။
အခုဆို သူ့ရဲ့အိမ်ပြန်ချိန်ဟာ စတော်ပယ်ရီလေးလို ချိုမြနေပါပြီ......
ကားပေါ်ကနေဆင်းလိုက်သည်နှင့် သူ့ကားကိုတွေ့လျှင် အနားရောက်လာပြီး သူ့အတွက်ဘာပါလာလဲဆိုပြီး မေးတတ်သည့်လူက အခုတော့ တွေ့တာနဲ့ မျက်နှာစူပုတ်ပုတ်နဲ့ သူ့ကိုတွေ့ရက်နဲ့ မမြင်ချင်ယောင်ဆောင်ပြီး အိမ်ထဲဝင်သွားသောကြောင့် တစ်ခုခုဖြစ်နေလားဟု စိတ်ပူသွားရကာ ကားကို Driverကိုမိုးကိုသာ ကားသွင်းခိုင်းကာ သူအိမ်ထဲကိုအမြန်ပြေးဝင်လာရ၏။
ပြေးဝင်ပြီးရှာလိုက်လျှင် ဒုတိယအထပ်က ဝရံတာမှာ ခေါင်းအုံးတစ်လုံးကိုပိုက်၍ထိုင်နေပြီး အပြင်ဘက်က်ု မျက်နှာမူထားသောကြောင့် သူမဘေးဝင်ထိုင်လျှင် ပါးကို လက်တစ်ချောင်းနဲ့တို့ထိကြည့်၍.....
“ဘာဖြစ်နေလဲ နေမကောင်းလို့လား.... ပျင်းနေပြီလား”
“မမေးစမ်းပါနဲ့ဗျာ ကိုယ့်ဘာသာ ကိုယ်လုပ်စရာရှိတာ လုပ်စမ်းပါ”
“ဒါ ကို့ကို မင်းစိတ်ဆိုးနေတဲ့အသံပဲလေ ဦးမောင်”
“မဟုတ်ပါဘူးဆိုမှ”
စိတ်ဆိုးနေတဲ့ပုံပေါက်ရက်သားနဲ့...
“မား ကလေးကို တစ်ခုခုပြောလိုက်သေးလား။ ဘာပြောလိုက်လဲ ဟမ်... ကလေး ”
ပုခုံးတစ်ဖက်ကို သူ့ဘက်ကိုဆွဲဖက်၍ မေးလျှင် သူ့ကို အားနဲ့ပြန်တွန်းထုတ်၏။
“ကျွန်တော့်ကို မထိနဲ့ အဆင်ပြေနေတာမဟုတ်ဘူး”
“ဟမ် ဘာကိုအဆင်မပြေတာလဲ.... ဒီမှာနေရတာအဆင်မပြေလို့လား၊ ဒါဆို ကိုတို့ကွန်ဒိုကို ပြောင်းကြမလား ဟုတ်တာပေါ့ ကလေးက လူများတာ သူစိမ်းများတာ နေမှမနေတတ်တာ မားတို့ကလူကြီးဆိုတော့”
တယ်....ဒီလူတော့ ငါပြောမိတော့မယ်.....
“လူကြီးတွေနဲ့လည်းမဆိုင်ဘူး။ ကွန်ဒိုမှာနေဖို့ အစောကြီးကတည်းက မပြောင်းရင် ခင်ဗျားကြောင့် ကျွန်တော် ဒီလိုတောင် ခေါင်းအုံးပိုက်နေစရာမလိုဘူး။
ခင်ဗျားကြောင့်.... နှိုင်းမိန်းမရတာလည်း ခင်ဗျားရဲ့စနက်ကြောင့်ပဲနေမယ် ကျွန်တော့်ကို ဒီလိုဖြစ်အောင်လုပ်တာလဲ ခင်ဗျားပဲ"
သူဘာမှမလုပ်ရဘဲ သူ့ကိုပဲအပြစ်တင်နေသောကြောင့် ခေါင်းအုံးဟု ပြောသံကြားသဖြင့် ဘာကြောင့်ပိုက်ထားလဲဆိုပြီး သူပြန်တွေးနေရ၏။
ဟုတ်သားပဲ ကလေးက သူ့အရှေ့မှာ ခေါင်းအုံးကို ထူးထူးဆန်းဆန်းပိုက်ထားသည်ပဲ။
“ဘာလို့ပိုက်ထားလဲ”
“ဖြေစရာလား”
“အင်း မဖြေနဲ့ ကိုယ့်ဘာသာ စဉ်းစားကြည့်လိုက်အုံးမယ်”
တကယ်လည်း သူမသိပါ။
“မစဉ်းစားနဲ့ ဒီနေ့ ခင်ဗျားကို ကျွန်တော်မတွေ့ချင်ဘူး ကိုနေမီး"
အမှန်အကန်စိတ်ဆိုးနေသောကြောင့် သူအနားကနေ ထွက်လာပေးရ၏။
အနားမှာ မရှိစေချင်သောကြောင့် သူ့အခန်းထဲဝင်သွားကာ ရေချိုးရင်းနဲ့စဉ်းစားနေမိ၏။ မနက်က သူအလုပ်သွားတာ အကောင်းကြီးပါ.....
မားနဲ့လည်း အဆင်ပြေနေတာပဲ။
အင်...သူများအိမ်ဆိုပြီး စိတ်ရှုပ်နေတာပဲဟု ဒီအထိပဲတွေးလိုက်ကာ ထမင်းစားရန်သွားခေါ်တော့လည်း စားပြီးပြီဆို၍ ထူးဆန်းသွားပြန်၏။
“မား မေဦးမောင်ဘာဖြစ်နေတာလဲ”
အိမ်အကူတွေမရှိတုန်း သူနဲ့မားနှစ်ယောက်သာ ထမင်းဝိုင်းတွင်ရှိနေသဖြင့် တိုးတိုးလေးမေးလျှင် မားက တစ်ခုခုကို သဘောကျ၍ ပြုံးနေ၏။
“အင်း....သမီးက သားကို ဘာပြောလဲ”
“ဘာမှတော့မပြောဘူး မားက သူ့ကို သမီးလို့ခေါ်တာကို မကြိုက်လို့လားဗျ”
“မဟုတ်ပါဘူးသားရယ် သမီးလို့ခေါ်တာ သူနေသားမကျဘူးပဲပြောတာ မခေါ်နဲ့လို့မပြောပါဘူး။ အခုသမီးဖြစ်နေတာက မားကြောင့်ပါ ထမင်းစားပြီးရင် မားအခန်းကိုလာခဲ့ ပြောပြမယ်”
❣️
❣️
❣️
❣️
❣️
“အဖြေက ဒီမှာပါရှင်"
“ဟ မားရာ"
သူ့မှာ မျက်နှာပူထူသွားရတယ်ဆိုပေမယ့် ဦးမောင်ဆို ဘယ်လိုတောင်စိတ်ညစ်နေမလဲဟု သနားသွားမိ၏။
မား ပေးလိုက်သော အတွင်းခံအင်္ကျီတံဆိပ်ကပ်လေးသုံးလေးခုက ဘာလဲဆိုတာသိသဖြင့် သူ့မှာဦးမောင်ကိုသာပိုတွေးပူနေရသည်။
ဒါကြောင့် သူ့ကို အနားကပ်ခွင့်မပေးနေတာကို နားလည်တော့သည်။
သူတောင်ဦးမောင်နဲ့တွေ့မှ မားနဲ့ဒီအထိ ပွင့်လင်းနေဖြစ် ကာ အမှန်ဆိုဒါတွေမြင်တောင်မမြင်ခဲ့ဖူးဘူး။
“ကျွန်တော်သွားချော့လိုက်အုံးမယ်”
“ မဖြစ်ဘူးလေ ဒီအချိန်မှာ သူရှက်နေမှာပေါ့သားရယ် လွှတ်ထားပေးလိုက်ပါ သူ့စိတ်တွေ ပြောင်းလဲလာလို့ မားသူ့ကိုပေးတာကို သူလက်ခံလိုက်တာ.... ဒါသူ့ကိုယ်သူပြောင်းလဲချင်တဲ့စိတ်ရှိလာတာ မကောင်းဘူးလား သားရယ် နော်.."
ဘယ်လိုလုပ်ကောင်းမှာလဲ။ မားကသာ ပြောင်းလဲလာတဲ့စိတ်ရှိတယ်ပြောနေတာ အခု အမြင်ကပ်ပြီး စိတ်ဆိုးနေတာက ဒေါ်ရတနာပုံကိုမှမဟုတ်တာ သူ့သားနေမီးပုံကိုလေ။
“ဟင်း...... ပထမဆုံးအပြောင်းအလဲမို့လို့ ဒီလောက်နဲ့ ကျေနပ်နေပါပြီ”
ယောက္ခမလောင်းက ချွေးမလောင်းလေးကို ဒီလိုပြောင်းလဲလာအောင်လုပ်နိုင်သည်ကို နေမီးမှာမယုံနိုင်သေး။
ကလေး မင်းကို့အတွက်နဲ့ပြောင်းလဲလာပေးလို့ ကိုမင်းကိုအများကြီးမြတ်နိုးပေးပြီး ချစ်ပေးပါ့မယ်.....
❣️
❣️
❣️
❣️
❣️
ဟော တွေ့တိုင်းပတ်ပြေးနေသောကြောင့် အိမ်ထဲမှာ မျက်နှာချင်းမဆိုင်တာ သုံးရက်ရှိပြီ။ မားက လွှတ်ထားလို့ပြောပေမယ့် သူက မတွေ့ရလေတွေ့ချင်နေတဲ့စိတ်က တော်တော်လေးကိုထိန်းချုပ်လို့မရတော့သဖြင့် ဒီနေ့တော့ ထိပ်တိုက်တွေ့ပြီး ရင်ဆိုင်ကြည့်အုံးမည်။
မားရဲ့ကိုယ်ပိုင်ခြံလေးလို ပန်းပင်တွေစိုက်ထားသည့် အိမ်ဘေးမြေကွက်ဘက်က ဥယျဉ်ငယ်လေးမှာ သူမနဲ့မားက ပန်းပင်တွေကို ပြင်နေသည့်အနားကို လျှိုးကြည့်လျှင်ပန်းအိုးထဲကို မြေကြီးနဲ့မြေဩဇာကိုရောထည့်နေပြီး ပန်းပါစိုက်နေသည်တဲ့။ မလိုက်ဖက်လိုက်တဲ့ မေဦးမောင်ပါပဲ.....
နှစ်ယောက်သားစကားပြောနေတာကို ခိုးနားထောင်ကြည့်လျှင်.....
“ကျွန်တော်က အပင်တို့ဆိုတစ်ခါမှမစိုက်ဖူးဘူး။ မဖြစ်မနေစိုက်ရမယ်ဆိုရင်လည်း ပန်းမပွင့်တဲ့အပင် ရေမလောင်းရတဲ့အပင်ပဲ စိုက်ဖြစ်မယ်ထင်တယ်။ပျင်းတာတော့မဟုတ်ဘူး စိုက်ချင်စိတ်ကိုမရှိခဲ့တာ။အခုလို အန်တီ့အပင်တွေကို ဝိုင်းလုပ်ပေးရင်းနဲ့ စိတ်ရှည်ချင်ရင် အပင်စိုက်ရမယ်ဆိုတဲ့စကားကို နားလည်လာတယ်ဗျာ.... ပန်းတွေပွင့်လာရင် အန်တီပျော်နေမှာနော်"
“ပန်းတွေပွင့်လာရင် အန်တီစိတ်ထဲမှာလေ ကိုယ့်သားသမီးကို ကိုယ့်ဝမ်းနဲ့မွေးလိုက်သလိုမျိုးကိုအတူတူ ခံစားရတာ...... ပန်းချစ်တော့လည်း အဲ့လိုခံစားချက်တွေဝင်လာတာပေါ့လေ... ပန်းတွေညိုးသွားတာတွေ့ရင် ရင် ကွဲမတတ်ကိုအရမ်းခံစားရတယ်။ ဒါကြောင့် သမီးရဲ့ ဦးဦးက ပန်းတွေကြွေကျနေတာ လွင့်ကျနေတာ ခြောက်နေတာတွေကို အန်တီမမြင်အောင်ခဏခဏလာသန့်ရှင်းရေးလုပ်ပေးတတ်တယ်။ အန်တီ့မှာ သမီးလေးတစ်ယောက်ရှိပေမယ့် အနားမှမထားခဲ့ရတော့ ဒီလို အပင်အတူတူစိုက်ဖို့ကိုတောင် အခွင့်အရေးမရခဲ့ဘူး...”
“ဒါတွေ ဒီနားမှာ ထားရမှာလား အန်တီ”
“ချထား ချထား မသယ်ပါနဲ့.... လူကသေးသေးလေးနဲ့ အိုးကအကြီးကြီးရယ်..... နေမီးပုံတို့သာ တွေ့လိုက်ရင် အန်တီကို သူ့ကလေးကိုသူမရှိတုန်းခိုင်းစားတယ်ဆိုပြီး အန်တီကိုဆူနေအုံးမယ် သူက သမီးကို တစ်ချက်မှအညှိုးမခံတာ”
“အာ မဟုတ်တာ အန်တီကလည်း ကျွန်တော်က အကောင်မသေးပါဘူး ဘီးကြီးတွေတောင် အေးဆေးစီးနိုင်တာကို ဟိုလူကသာသောက်ပိုပြောနေတာ "
“သမီး သားနဲ့စကားမပြောဘူးဆို သားကစိတ်မကောင်းဖြစ်နေတာ မျက်နှာဆိုလဲနှစ်ရက်နဲ့ချောင်ကျသွားတာပဲ"
“မကျပါဘူး ကျွန်တော့်တွေ့ပါတယ် အရင်အတိုင်းပါပဲ အဲ့ဘဲကြီး သက်သက်လျှောက်ပြောနေတာ”
“ဘယ်မှာလျှောက်ပြောနေလို့လဲ ကိုနဲ့ စကားမပြောဘဲ ရှောင်နေတာက ဘယ်သူလဲ”
ချောင်းနားထောင်နေရာကနေ သူ့အကြောင်းပါလာသောကြောင့် စကားဝိုင်းထဲကိုဝင်လာလျှင် ဟိုတကောင်ရဲ့မျက်နှာက ဆူပုတ်ပုတ်နဲ့ဖြစ်သွားပြန်....
“ဘယ်သူကရှောင်လို့လဲ လူမတွေ့လို့စကားမပြောဖြစ်တာပါ"
“စောစောကဘယ်သူပြောနေလဲ မကျပါဘူး ကျွန်တော့်တွေ့ပါတယ် အရင်အတိုင်းပါပဲဆိုပြီးတော့ မင်းမတွေ့ရင် အဲ့စကားပြောမလား ဆိုတဲ့သဘောက မင်းကို့ကို တစ်နေရာရာကနေ ပုန်းပြီးချောင်းကြည့်တာလား"
“ခင်ဗျားနော် မဟုတ်ကဟုတ်ကတွေ"
မြေကြီးတူးဆွထားသည့်ခရင်းခွနဲ့ သူ့ဆီကိုလာရန်တွေ့လျှင် မားက လက်ပေကြီးကြီးနဲ့ခါးထောက်၍ ရယ်မောနေ၏။
သူရောက်နေတာကို မားကတွေ့ပေမယ့် ဒင်းကမတွေ့ပဲ အတင်းအုပ်နေလေရဲ့။
သူ့ကိုရှောင်နေပေမယ့် သူ့ကိုတော့ လာချောင်းကြည့်သားပဲ။
မင်း ကို့ကို ချစ်နေတာပါ ကလေးရယ်....
“မားရေ မားရဲ့ဥယျာဉ်မှူးအသစ်ကို ကျွန်တော်ခေါ်သွားမယ်ဗျာ"
“သမီး ခြေလက်တွေ ဆေးအုံးနော်”
“ဟုတ်ကဲ့ဗျ”
“ဘာဟုတ်ကဲ့ဗျလဲ ဟုတ်ကဲ့ရှင့်လို့ တစ်ခါတစ်လေ စမ်းထူးကြည့်ပါလား”
“မထူးပါဘူး နုနုရွရွတွေမကြိုက်ဘူး မန္တလေးသားဗျ မန္တလေးလေသံနဲ့ပဲထူးမယ်”
သူဆွဲခေါ်ရာအတိုင်းအမှီလိုက်လာရပြီး ရေပန်းနားတွင် ခြေလက်တွေက်ု လိုက်ဆေးပေးသဖြင့် ပုတ်ထုတ်ရိုက်ပစ်လည်းမရ။
သူချစ်ရသော ဥယျာဉ်မှူးအသစ်လေးရဲ့လက်တွေကို တစ်ချောင်းချင်းသေသေချာချာလေး ဆပ်ပြာရည်လေးနဲ့ တိုက်ချွတ်ဆေးပေးနေလျှင် ဖြူဖြူလွလွအသားအရေလေးနဲ့ သွေးကြောစိမ်းစိမ်းလက်ချောင်းသွယ်သွယ်လေးက ချစ်စရာကောင်းနေလို့ အသဲယားနေ၏။
ရေဆေးနေရင်းနဲ့ သူ့လက်နဲ့ ဦးမောင်ရဲ့လက်တို့ပါ ယှက်ပြီးဆုတ်ကိုင်လိုက်ပြီး ရေဆိုအတိုင်းကို သူနမ်းရှိုက်လိုက်လျှင်အံ့ဩသွား၏။
“ကို့မျက်စိထဲမှာ ဒီလက်လေးတွေ အရမ်းလှတယ်"
သူ့လက်ချောင်းတွေလည်းလှနေတာပဲ။ ယောက်ျားလေးတစ်ယောက်ရဲ့လက်နဲ့တောင်မတူအောင်လှနေတာကို သူများကိုပဲ လာချီးမွမ်းနေတယ်။
“ပာ ခင်ဗျား မလုပ်နဲ့”
ရုတ်တရက်မုဆိုးဒူးထောက်ပြီး ဦးမောင်ရဲ့ရွံ့ပေနေသော ခြေထောက်တွေကို သူကိုင်ဆွဲပြီး ဆေးရန်လုပ်နေသောကြောင့် အမြန်တားလိုက်ပေမယ့် အားကြီးသောသူ့လက်တွေကြောင့် အရှုံးပေးလိုက်ရ၏။
မပေးရင် ဟိုကမလွှတ်ရင် နောက်လှန်ကျပြီးဦးနှောက်ပွင့်မှာက ချစ်စရာကောင်းပြီး စော်ကြည်တဲ့ကိုယ်ပဲလေ။
“မင်းလက်ကသန့်သွားပြီး ထပ်မထိနဲ့တော့ ကိုပဲဆေးပေးမယ်"
ရင်တွေခုန်လိုက်တာ....
အရင်က အစ်ကိုလို လိုချင်ခဲ့တာကို ဘာလို့အရောင်ဆိုးချင်နေတဲ့ အစ်ကိုဖြစ်ရတာလဲ..။
အင်္ကျီအဖြူလက်ရှည်ကို တံတောင်ဆစ်ထိ ဖြစ်သလိုလိပ်တင်ထားပြီး ကိုယ့်ခြေထောက်ကို ရေဆေးပေးနေတဲ့ ဒီလူသားကို ရင်မခုန်ဘူးလို့ပြောရင် ရိုင်းရာကျမှာပေါ့.....
ထူကဲပြီးနက်မှောင်တဲ့ သူ့မျက်ခုံးမွှေးနှစ်ဖက်က သူ့ရဲ့ ဩဇာတိက္ကမဆန်တဲ့မျက်ဝန်းကို ထောက်ပံ့ပေးနေသောအခါ ထိုလူက အရှိန်အဝါတစ်မျိုးကြီးနေသလို ခံစားစေရ၏။ နှာတန်ဆိုလည်းဆင်းပြီးပေါ်နေကာ သူ့မှာ ကိုယ့်အကြိုက်ဆုံး အသဲပုံပန်းရောင်နှုတ်ခမ်းလည်း ရှိနေ၏။
အရပ်ကလည်း ခြောက်ပေအထက်ဆိုတော့ ရှယ်ကြီးလေ....
ငုံ့ပြီးငမ်းနေတုန်း ရသွားပြီးဆိုတဲ့စကားကို မကြားလိုက်လို့ ဆက်ခနဲ့ထရပ်လာသော အရပ်ကြီးကြောင့် လူကလန့်သွားပြီး အနောက်ကိုဆုတ်လိုက်သလိုဖြစ်သွားလျှင် ခါးအထပ်တွင် ရေစိုနေသော လက်တစ်စုံက ဆွဲကိုင်ခြင်းကို ခံလိုက်ရပြီး လူပါသူ့ရင်ခွင်ထဲ ပစ်ဝင်ကပ်သွား၏။
မကြုံဖူးသည့်အထိအတွေ့တစ်ခုကြောင့် ဦးမောင်မှာ လန့်သွားပြီး ပူထူသွားကာ မော့ကြည့်လိုက်လျှင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင့်ကို လှစ်ခနဲ့တွေ့လိုက်လျှင်ကြောင်ငေးနေမိ၏။
“အင်း မားပြောတာ ဟုတ်သားပဲ"
“ ဘာ ဘာကိုလဲ”
“မင်းရဲ့ အပြောင်းအလဲကို ကိုခံစားမိလို့ လက်ခံတဲ့သဘောနဲ့ ကိုယ့်ဘာသာပြောနေတာ"
“ခင်ဗျား နှာဘူးမကျနဲ့နော်”
“မင်းပန်းပင်စိုက်နေတာကို ကိုပြောတာ”
“ကို ဘယ်မှာနှာဘူးကျနေလို့လဲ ကိုကမားကိုပြောချင်နေတာ မားမရှိလို့ ကိုယ့်ဘာသာ တစ်ယောက်ထဲ ပြောနေရတာကို မင်းကဘာကိုပြောချင်တာလဲ ကိုကနှာဘူးဆိုတာ ရှင်းပြပါအုံး သက်သေပြပါအုံး"
“ခင်ဗျားနော် ထိုးပစ်လိုက်လို့ ရေပန်းမှာစောက်ထိုးကျနေအုံးမယ်"
“ကလေးထိုးတာပဲ ကိုခံလိုက်မှာပေါ့ "
“လစ်တော့ဗျာ"
ဒါကို ထိလိုက်လို့ သူဒါကိုပြောနေတာကိုသိသဖြင့် ဒေါသထွက်ရအခက် ပြန်ပြောရလည်းအခက်နဲ့ စိတ်တိုသွား၍ အမြန်လစ်ထွက်လာခဲ့ရလျှင် ရယ်သံကြီးက ကြောက်စရာကောင်းလိုက်တာ.....
သူလည်းခံစားမိမှာပဲ ကိုယ်တောင် ထိတာနဲ့ သိသာနေတာကြီးကို....
လူညစ် လူယုတ်မာ လူနှာဘူးကြီး...
စိတ်ထဲကနေ အခါတစ်သောင်း တစ်သိန်းလောက် ဆဲပစ်လိုက်၏။
“မင်းက 34ပဲရှိတာ ကလေးရဲ့ ကိုတံဆိပ်တွေ့ထားပြီးသားပါကွာ"
ဟွန့်....
PART 18ဆက်ရန်.....
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one
.
.
.
.
.
.
.
PART 17❣️
“ေမဦးေမာင္"
“ဗ်ာ"
“ကို ကေလးရဲ႕ ညႇပ္႐ိုးေပၚမွာLove biteဆိုတဲ့အမွတ္အသားတစ္ခုေလာက္ေပးခ်င္တယ္ ရမလား”
ခြင့္ေတာင္းလာေသာအရာေၾကာင့္ ဦးေမာင္မွာ မိုက္ခနဲ႔ျဖစ္သြားရ၏။
ငါပဲ သူမ်ားကိုေပးခဲ့ဖူးတာ အခုေတာ့ ငါ့အလွည့္က်ၿပီလား...
ဝဋ္လည္ၿပီလား။
“တကယ္ကို တစ္ခုပဲေတာင္းဆိုခ်င္တယ္ ဒါကလည္း ဘဝမွာမိန္းကေလးတစ္ေယာက္အေပၚပထမဆုံးအႀကိမ္ေတာင္းဆိုဖူးသလို အဲ့တာကလည္း မင္းတစ္ေယာက္ကိုပဲစိတ္ကလိုခ်င္ေနတာ"
ဒီအတိုင္းယူလိုက္ရင္ ၿပီးေနတာကို လူကိုခြင့္လာေတာင္းေနသျဖင့္ တိုင္ပတ္ရေခ်ၿပီ။
ဒီလိုႏူးညံ့ေနေသာ လူသား၏ဝင္ေလထြက္ေလက သူ႔လည္ပင္းမွာေႏြးေနေတာ့ လူကဘာလုပ္ရမွန္းမသိ။
ဟူး.... ေခါင္းငုံ႔၍သက္ျပင္းခ်မိသည္။
သူ႔လုပ္ရပ္ကိုအဓိပၸါယ္တစ္မ်ိဳးေပါက္သြားမွန္းမသိလိုက္စဥ္ ႀကံ့ခိုင္၍ ခႏၲာကိုယ္ႀကီးေသာသူရဲ႕ဘက္ကိုဆြဲလွည့္ျခင္းကိုခံလိုက္ရၿပီး လည္ပင္းက ေအးခနဲ႔ခံစားလိုက္ရသျဖင့္ လူကေမာ့သြား၏။
သဲႏုေရာင္အက်ႌလည္ဝိုင္းထဲကို လက္မနဲ႔လက္ညိဳးကို အျပင္ထုတ္ၿပီး တစ္ဖက္လွ်ိဳ၍ ေဘးသို႔ ေ႐ႊ႕လိုက္လွ်င္ အစိမ္းႏုေရာင္သန္းေနေသာ ေသြးေၾကာတို႔နဲ႔အၿပိဳင္ သူ႔ကိုစိတ္လႈပ္ရွားေစသျဖင့္ အာေခါင္ေျခာက္ကပ္လာသလိုလိုျဖစ္လာၿပီး တံေတြးမသီးမိေအာင္ အသက္မနည္းရွဴေနရသည္။
“ေမဦးေမာင္”
“ဟင္”
ရွက္လို႔ေသခ်င္ေနပါတယ္ဆိုမွ လူကိုအတင္းေခၚေနျပန္ၿပီ လုပ္စရာရွိတာျမန္ျမန္လုပ္တာမဟုတ္ဘူး။
ပိတ္ထိုးပစ္ရင္ ေသေနအုံးမယ္....
“ကို႔ကို တကယ္ေရာ ခြင့္ျပဳေပးမွာလား"
“လုပ္စရာရွိ ျမန္ျမန္လုပ္စမ္းပါဗ်ာ စိတ္တိုလာၿပီ”
သူ႔လက္ကိုပုတ္ထုတ္ပစ္ၿပီး သူမကိုယ္တိုင္ ညႇပ္႐ိုးေပၚေအာင္ ေဘးတစ္ေစာင္းဆြဲခ်ပစ္လိုက္ၿပီး သူ႔ကိုခြင့္ျပဳေနပုံက တကယ့္ကိုခ်စ္မဝေလး။
ႏႈတ္ခမ္းနဲ႔အသားထိတာနဲ႔ သူ႔ေသြးတို႔ေႏြးလာကာ ႏွလုံးအိမ္ကေသြးေၾကာတို႔သည္ဦးေႏွာက္အထိကိုဒိန္းခနဲ႔ ခုန္ေစာင့္တတ္သြားတာ ဘယ္အရာကိုမွမေတြးေတာမစဥ္ျခင္ႏိုင္တဲ့အထိ တဒဂၤအထိေမ့ေမ့မူးမူး႐ူးသြပ္သြားေစ၏။
တဆက္ဆက္တုန္ေနေသာ လက္ဖ်ားတို႔ကို ေက်ာျပင္မွာတင္းတင္းဖက္ထားၿပီး တစ္ဖက္က သူမေစာေစာကအက်ႌကိုဖယ္ေပးထားေသာ လက္ေပၚတင္ထားမိ၏။
ေမဦးေမာင္၏ပင္ကိုယ္ရနံ႔သင္းသင္းေလးက သူ႔ႏႈတ္ခမ္းထပ္၌ကိန္းေအာင္ခိုဝင္ေနၿပီ....
ရွက္လာ၍ထင္ ပူေႏြးေနေသာအေရျပားေပၚ ေခြၽးစက္တို႔စိမ့္သက္လာေသာအခါ သူ႔ႏႈတ္ခမ္းနဲ႔
ဖြဖြေလးထိ႐ုံသာ သြားစြယ္နဲ႔ေပးထိၿပီးစုပ္ယူလိုက္လွ်င္....
“အင့္"
အေရာင္ေလးေပၚလာမွ သူရပ္လိုက္ၿပီး တြန႔္ခနဲ႔က်ဳံ႔ဝင္သြားေသာ ကိုယ္လုံးေလးကို ေျပေျပေလးျပန္ဖက္ထားလိုက္၏။
“ေက်းဇူးတင္ပါတယ္ ကေလး... မင္းအေပၚတပ္မက္မႈကိုထိန္းလို႔မရတဲ့အထိ ကို႔ကိုထိခြင့္ေပးလို႔ေက်းဇူးပဲ....အရမ္းခ်စ္တယ္”
သူေမာ့ၾကည့္ၿပီးေျပာေနလွ်င္ မ်က္ရည္ေလးလက္ခနဲ႔ဝဲေနေသာသူမေၾကာင့္ စိုးရိမ္သြားရကာ....
“ဟင္ နာသြားလား ကေလး"
“မနာပါဘူးဆို”
ပထမဆုံး ဒီလိုခံလိုက္ရေသာေၾကာင့္ ထိုလူကို စိတ္ဆိုးခ်င္ေနတာက ဘာျဖစ္ခ်င္ေနမွန္းမသိတဲ့အထိပါပဲ....
အရာေလးတစ္ခုထဲနဲ႔တင္ သူဒီေလာက္စိတ္လႈပ္ရွားေနတယ္ဆို သူမကိုပိုင္ဆိုင္ခြင့္သာရမယ္ဆို သူ႐ူးသြားႏိုင္ေလာက္တယ္။
“ကဲ့ သြားအိပ္ရေအာင္"
သူက အေပၚဆုံးထပ္မွာေနၿပီး ကေလးကို ဒုတိယထပ္ကိုပို႔ေပးကာ ကေလးအိပ္ေပ်ာ္သြားသည့္အထိ အနားမွာ ေနေပးၿပီးမွ အေပၚကိုတတ္လာခဲ့ရသည္။ဒီလိုေန႔မ်ိဳးမွာ သူအိပ္စက္ႏိုင္မယ္မထင္။ မျပယ္ေသးေသာ ရင္ခုန္သံႏွင့္အတူ စီးကရက္ကိုသာ အေဖာ္ထပ္ျပဳေနခဲ့ရ၏။
❣️
❣️
❣️
❣️
❣️
“သမီးအျပင္မွာ သြားဝယ္ရင္ ရွက္ေနမွာဆိုးလို႔ အန္တီကိုယ္တိုင္ မွန္းၿပီးဝယ္လာခဲ့တယ္ သမီးသေဘာမက်ဘူးဆိုရင္လည္း က်န္းမာေရးအတြက္လို႔ စဥ္းစားၿပီး ဝတ္ၾကည့္ေနာ္"
“ဟို ကြၽန္ေတာ့္အတြက္ အခုလည္းကြၽန္ေတာ္အဆင္ေျပေနပါတယ္"
“မေျပပါဘူးကြယ္.... ဒီေလာက္က်ပ္ထုတ္ေအာင္စည္းထားရတာ ၾကာလာရင္ နာက်င္႐ုံနဲ႔ဆိုဟုတ္ေပမယ့္ ရင္သားကင္ဆာျဖစ္တာမ်ိဳးလို႔ ျဖစ္လာမွာဆိုးလို႔.... ဒါကလည္း အုံမႀကီးပါဘူး သမီးနဲ႔ဆိုလည္းအေနေတာ္ေလာက္ပဲ အက်ႌကအပြဆိုေတာ့ မသိသာဘူးေနာ္ ...အျပင္မသြားရဲရင္လည္း အိမ္မွာရွိတဲ့အခ်ိန္စမ္းဝတ္ၾကည့္ ေနာက္ဆိုေနသားက်သြားမွာ"
ဟူး...
ဒီကိုလာတာ အမွားႀကီးႀကီးမွားတယ္။
တစ္ခါမွစိတ္မကူးဘူးတဲ့အေရွ႕က အဝတ္ပုံေတြကို ၾကည့္ၿပီး ဝတ္ရမယ္ဆိုၿပီး ေျပာေနသျဖင့္ စိတ္ပ်က္ေနတာေတာ့အမွန္ပဲ။
“အန္တီက သမီးရဲ႕ ျဖစ္တည္မႈကို မျဖစ္မေနေျပာင္းရမယ္ ေျပာင္းကိုေျပာင္းရမယ္ဆိုၿပီး ဖိအားေပးတိုက္တြန္းေနတာမဟုတ္ပါဘူး။ စိတ္ရင္းနဲ႔ သမီးရဲ႕ က်န္းမာေရးအတြက္ အန္တီစိတ္ပူလို႔ပါကြယ္”
မလိုခ်င္မွန္းသိ၍ မ်က္ႏွာမေကာင္းစြာႏွင့္ ဝယ္လာေပးေသာ Brandအစုံရွိေသာအိတ္ႏွင့္ ထြက္သြားဖို႔လုပ္ေနသည့္ အန္တီရတနာပုံေၾကာင့္ သူလည္းစိတ္အိုက္ေနရ၏။
စိတ္ရင္းနဲ႔စိုးရိမ္ေပးမွန္းသိေပမယ့္ မိန္းကေလးအတြင္းခံအက်ႌကို ဝတ္ရမွာကို ဘယ္လိုမွစိတ္ကမရေန။
ကုတင္ေပၚကေနအခ်ိန္ၾကာစဥ္းစားၿပီးမွ အန္တီရတနာပုံဆီကို အားနာနာနဲ႔ သြားၿပီး ေတာင္းပန္ရမည္။
❣️
❣️
❣️
❣️
❣️
ေဖေဖသည္ မႏၲေလးကိုသြားရမည္မို႔ သူေလဆိပ္ကို ပို႔ေပးရေသာအခါ အရင္တစ္ခါက ဦးေမာင္ကိုလာႀကိဳရတဲ့ေန႔ကို သတိရလိုက္လွ်င္ ၿပဳံးလိုက္မိ၏။
ဦးေမာင္သာ ဒီကိုမလာလွ်င္ သူမႏၲေလးကို တစ္ေန႔တစ္ေခါက္မ်ားေရာက္ေနမလားဟု ေတြးလိုက္မိ၏။
အခ်စ္ရဲ႕စြမ္းအားေတြက ထူးဆန္းတယ္ဆိုတာ သူလက္ေတြ႕ခံစားရမွ ကိုယ္ခ်င္းစာတတ္လာသည္။
ဦးေမာင္ႀကိဳက္သည့္ စေတာ္ပယ္ရီကိတ္ကို ဝင္ဝယ္ခဲကာ စေတာ္ပယ္ရီထဲကအျဖဴေရာင္အူတိုင္ကိုပဲႀကိဳက္ၿပီး အျပင္အခြံအနီေရာင္က တစ္ေယာက္ေယာက္က ႀကိဳက္တာဆိုတာကို သတိရလာလွ်င္ ဘယ္သူလဲဆိုတာကို ေမးၾကည့္အုံးမွဆိုတဲ့အေတြးနဲ႔အိမ္ကို အျမန္ျပန္လာရ၏။
အခုဆို သူ႔ရဲ႕အိမ္ျပန္ခ်ိန္ဟာ စေတာ္ပယ္ရီေလးလို ခ်ိဳျမေနပါၿပီ......
ကားေပၚကေနဆင္းလိုက္သည္ႏွင့္ သူ႔ကားကိုေတြ႕လွ်င္ အနားေရာက္လာၿပီး သူ႔အတြက္ဘာပါလာလဲဆိုၿပီး ေမးတတ္သည့္လူက အခုေတာ့ ေတြ႕တာနဲ႔ မ်က္ႏွာစူပုတ္ပုတ္နဲ႔ သူ႔ကိုေတြ႕ရက္နဲ႔ မျမင္ခ်င္ေယာင္ေဆာင္ၿပီး အိမ္ထဲဝင္သြားေသာေၾကာင့္ တစ္ခုခုျဖစ္ေနလားဟု စိတ္ပူသြားရကာ ကားကို Driverကိုမိုးကိုသာ ကားသြင္းခိုင္းကာ သူအိမ္ထဲကိုအျမန္ေျပးဝင္လာရ၏။
ေျပးဝင္ၿပီးရွာလိုက္လွ်င္ ဒုတိယအထပ္က ဝရံတာမွာ ေခါင္းအုံးတစ္လုံးကိုပိုက္၍ထိုင္ေနၿပီး အျပင္ဘက္က္ု မ်က္ႏွာမူထားေသာေၾကာင့္ သူမေဘးဝင္ထိုင္လွ်င္ ပါးကို လက္တစ္ေခ်ာင္းနဲ႔တို႔ထိၾကည့္၍.....
“ဘာျဖစ္ေနလဲ ေနမေကာင္းလို႔လား.... ပ်င္းေနၿပီလား”
“မေမးစမ္းပါနဲ႔ဗ်ာ ကိုယ့္ဘာသာ ကိုယ္လုပ္စရာရွိတာ လုပ္စမ္းပါ”
“ဒါ ကို႔ကို မင္းစိတ္ဆိုးေနတဲ့အသံပဲေလ ဦးေမာင္”
“မဟုတ္ပါဘူးဆိုမွ”
စိတ္ဆိုးေနတဲ့ပုံေပါက္ရက္သားနဲ႔...
“မား ကေလးကို တစ္ခုခုေျပာလိုက္ေသးလား။ ဘာေျပာလိုက္လဲ ဟမ္... ကေလး ”
ပုခုံးတစ္ဖက္ကို သူ႔ဘက္ကိုဆြဲဖက္၍ ေမးလွ်င္ သူ႔ကို အားနဲ႔ျပန္တြန္းထုတ္၏။
“ကြၽန္ေတာ့္ကို မထိနဲ႔ အဆင္ေျပေနတာမဟုတ္ဘူး”
“ဟမ္ ဘာကိုအဆင္မေျပတာလဲ.... ဒီမွာေနရတာအဆင္မေျပလို႔လား၊ ဒါဆို ကိုတို႔ကြန္ဒိုကို ေျပာင္းၾကမလား ဟုတ္တာေပါ့ ကေလးက လူမ်ားတာ သူစိမ္းမ်ားတာ ေနမွမေနတတ္တာ မားတို႔ကလူႀကီးဆိုေတာ့”
တယ္....ဒီလူေတာ့ ငါေျပာမိေတာ့မယ္.....
“လူႀကီးေတြနဲ႔လည္းမဆိုင္ဘူး။ ကြန္ဒိုမွာေနဖို႔ အေစာႀကီးကတည္းက မေျပာင္းရင္ ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ္ ဒီလိုေတာင္ ေခါင္းအုံးပိုက္ေနစရာမလိုဘူး။
ခင္ဗ်ားေၾကာင့္.... ႏႈိင္းမိန္းမရတာလည္း ခင္ဗ်ားရဲ႕စနက္ေၾကာင့္ပဲေနမယ္ ကြၽန္ေတာ့္ကို ဒီလိုျဖစ္ေအာင္လုပ္တာလဲ ခင္ဗ်ားပဲ"
သူဘာမွမလုပ္ရဘဲ သူ႔ကိုပဲအျပစ္တင္ေနေသာေၾကာင့္ ေခါင္းအုံးဟု ေျပာသံၾကားသျဖင့္ ဘာေၾကာင့္ပိုက္ထားလဲဆိုၿပီး သူျပန္ေတြးေနရ၏။
ဟုတ္သားပဲ ကေလးက သူ႔အေရွ႕မွာ ေခါင္းအုံးကို ထူးထူးဆန္းဆန္းပိုက္ထားသည္ပဲ။
“ဘာလို႔ပိုက္ထားလဲ”
“ေျဖစရာလား”
“အင္း မေျဖနဲ႔ ကိုယ့္ဘာသာ စဥ္းစားၾကည့္လိုက္အုံးမယ္”
တကယ္လည္း သူမသိပါ။
“မစဥ္းစားနဲ႔ ဒီေန႔ ခင္ဗ်ားကို ကြၽန္ေတာ္မေတြ႕ခ်င္ဘူး ကိုေနမီး"
အမွန္အကန္စိတ္ဆိုးေနေသာေၾကာင့္ သူအနားကေန ထြက္လာေပးရ၏။
အနားမွာ မရွိေစခ်င္ေသာေၾကာင့္ သူ႔အခန္းထဲဝင္သြားကာ ေရခ်ိဳးရင္းနဲ႔စဥ္းစားေနမိ၏။ မနက္က သူအလုပ္သြားတာ အေကာင္းႀကီးပါ.....
မားနဲ႔လည္း အဆင္ေျပေနတာပဲ။
အင္...သူမ်ားအိမ္ဆိုၿပီး စိတ္ရႈပ္ေနတာပဲဟု ဒီအထိပဲေတြးလိုက္ကာ ထမင္းစားရန္သြားေခၚေတာ့လည္း စားၿပီးၿပီဆို၍ ထူးဆန္းသြားျပန္၏။
“မား ေမဦးေမာင္ဘာျဖစ္ေနတာလဲ”
အိမ္အကူေတြမရွိတုန္း သူနဲ႔မားႏွစ္ေယာက္သာ ထမင္းဝိုင္းတြင္ရွိေနသျဖင့္ တိုးတိုးေလးေမးလွ်င္ မားက တစ္ခုခုကို သေဘာက်၍ ၿပဳံးေန၏။
“အင္း....သမီးက သားကို ဘာေျပာလဲ”
“ဘာမွေတာ့မေျပာဘူး မားက သူ႔ကို သမီးလို႔ေခၚတာကို မႀကိဳက္လို႔လားဗ်”
“မဟုတ္ပါဘူးသားရယ္ သမီးလို႔ေခၚတာ သူေနသားမက်ဘူးပဲေျပာတာ မေခၚနဲ႔လို႔မေျပာပါဘူး။ အခုသမီးျဖစ္ေနတာက မားေၾကာင့္ပါ ထမင္းစားၿပီးရင္ မားအခန္းကိုလာခဲ့ ေျပာျပမယ္”
❣️
❣️
❣️
❣️
❣️
“အေျဖက ဒီမွာပါရွင္"
“ဟ မားရာ"
သူ႔မွာ မ်က္ႏွာပူထူသြားရတယ္ဆိုေပမယ့္ ဦးေမာင္ဆို ဘယ္လိုေတာင္စိတ္ညစ္ေနမလဲဟု သနားသြားမိ၏။
မား ေပးလိုက္ေသာ အတြင္းခံအက်ႌတံဆိပ္ကပ္ေလးသုံးေလးခုက ဘာလဲဆိုတာသိသျဖင့္ သူ႔မွာဦးေမာင္ကိုသာပိုေတြးပူေနရသည္။
ဒါေၾကာင့္ သူ႔ကို အနားကပ္ခြင့္မေပးေနတာကို နားလည္ေတာ့သည္။
သူေတာင္ဦးေမာင္နဲ႔ေတြ႕မွ မားနဲ႔ဒီအထိ ပြင့္လင္းေနျဖစ္ ကာ အမွန္ဆိုဒါေတြျမင္ေတာင္မျမင္ခဲ့ဖူးဘူး။
“ကြၽန္ေတာ္သြားေခ်ာ့လိုက္အုံးမယ္”
“ မျဖစ္ဘူးေလ ဒီအခ်ိန္မွာ သူရွက္ေနမွာေပါ့သားရယ္ လႊတ္ထားေပးလိုက္ပါ သူ႔စိတ္ေတြ ေျပာင္းလဲလာလို႔ မားသူ႔ကိုေပးတာကို သူလက္ခံလိုက္တာ.... ဒါသူ႔ကိုယ္သူေျပာင္းလဲခ်င္တဲ့စိတ္ရွိလာတာ မေကာင္းဘူးလား သားရယ္ ေနာ္.."
ဘယ္လိုလုပ္ေကာင္းမွာလဲ။ မားကသာ ေျပာင္းလဲလာတဲ့စိတ္ရွိတယ္ေျပာေနတာ အခု အျမင္ကပ္ၿပီး စိတ္ဆိုးေနတာက ေဒၚရတနာပုံကိုမွမဟုတ္တာ သူ႔သားေနမီးပုံကိုေလ။
“ဟင္း...... ပထမဆုံးအေျပာင္းအလဲမို႔လို႔ ဒီေလာက္နဲ႔ ေက်နပ္ေနပါၿပီ”
ေယာကၡမေလာင္းက ေခြၽးမေလာင္းေလးကို ဒီလိုေျပာင္းလဲလာေအာင္လုပ္ႏိုင္သည္ကို ေနမီးမွာမယုံႏိုင္ေသး။
ကေလး မင္းကို႔အတြက္နဲ႔ေျပာင္းလဲလာေပးလို႔ ကိုမင္းကိုအမ်ားႀကီးျမတ္ႏိုးေပးၿပီး ခ်စ္ေပးပါ့မယ္.....
❣️
❣️
❣️
❣️
❣️
ေဟာ ေတြ႕တိုင္းပတ္ေျပးေနေသာေၾကာင့္ အိမ္ထဲမွာ မ်က္ႏွာခ်င္းမဆိုင္တာ သုံးရက္ရွိၿပီ။ မားက လႊတ္ထားလို႔ေျပာေပမယ့္ သူက မေတြ႕ရေလေတြ႕ခ်င္ေနတဲ့စိတ္က ေတာ္ေတာ္ေလးကိုထိန္းခ်ဳပ္လို႔မရေတာ့သျဖင့္ ဒီေန႔ေတာ့ ထိပ္တိုက္ေတြ႕ၿပီး ရင္ဆိုင္ၾကည့္အုံးမည္။
မားရဲ႕ကိုယ္ပိုင္ၿခံေလးလို ပန္းပင္ေတြစိုက္ထားသည့္ အိမ္ေဘးေျမကြက္ဘက္က ဥယ်ဥ္ငယ္ေလးမွာ သူမနဲ႔မားက ပန္းပင္ေတြကို ျပင္ေနသည့္အနားကို လွ်ိဳးၾကည့္လွ်င္ပန္းအိုးထဲကို ေျမႀကီးနဲ႔ေျမဩဇာကိုေရာထည့္ေနၿပီး ပန္းပါစိုက္ေနသည္တဲ့။ မလိုက္ဖက္လိုက္တဲ့ ေမဦးေမာင္ပါပဲ.....
ႏွစ္ေယာက္သားစကားေျပာေနတာကို ခိုးနားေထာင္ၾကည့္လွ်င္.....
“ကြၽန္ေတာ္က အပင္တို႔ဆိုတစ္ခါမွမစိုက္ဖူးဘူး။ မျဖစ္မေနစိုက္ရမယ္ဆိုရင္လည္း ပန္းမပြင့္တဲ့အပင္ ေရမေလာင္းရတဲ့အပင္ပဲ စိုက္ျဖစ္မယ္ထင္တယ္။ပ်င္းတာေတာ့မဟုတ္ဘူး စိုက္ခ်င္စိတ္ကိုမရွိခဲ့တာ။အခုလို အန္တီ့အပင္ေတြကို ဝိုင္းလုပ္ေပးရင္းနဲ႔ စိတ္ရွည္ခ်င္ရင္ အပင္စိုက္ရမယ္ဆိုတဲ့စကားကို နားလည္လာတယ္ဗ်ာ.... ပန္းေတြပြင့္လာရင္ အန္တီေပ်ာ္ေနမွာေနာ္"
“ပန္းေတြပြင့္လာရင္ အန္တီစိတ္ထဲမွာေလ ကိုယ့္သားသမီးကို ကိုယ့္ဝမ္းနဲ႔ေမြးလိုက္သလိုမ်ိဳးကိုအတူတူ ခံစားရတာ...... ပန္းခ်စ္ေတာ့လည္း အဲ့လိုခံစားခ်က္ေတြဝင္လာတာေပါ့ေလ... ပန္းေတြညိဳးသြားတာေတြ႕ရင္ ရင္ ကြဲမတတ္ကိုအရမ္းခံစားရတယ္။ ဒါေၾကာင့္ သမီးရဲ႕ ဦးဦးက ပန္းေတြေႂကြက်ေနတာ လြင့္က်ေနတာ ေျခာက္ေနတာေတြကို အန္တီမျမင္ေအာင္ခဏခဏလာသန႔္ရွင္းေရးလုပ္ေပးတတ္တယ္။ အန္တီ့မွာ သမီးေလးတစ္ေယာက္ရွိေပမယ့္ အနားမွမထားခဲ့ရေတာ့ ဒီလို အပင္အတူတူစိုက္ဖို႔ကိုေတာင္ အခြင့္အေရးမရခဲ့ဘူး...”
“ဒါေတြ ဒီနားမွာ ထားရမွာလား အန္တီ”
“ခ်ထား ခ်ထား မသယ္ပါနဲ႔.... လူကေသးေသးေလးနဲ႔ အိုးကအႀကီးႀကီးရယ္..... ေနမီးပုံတို႔သာ ေတြ႕လိုက္ရင္ အန္တီကို သူ႔ကေလးကိုသူမရွိတုန္းခိုင္းစားတယ္ဆိုၿပီး အန္တီကိုဆူေနအုံးမယ္ သူက သမီးကို တစ္ခ်က္မွအညႇိဳးမခံတာ”
“အာ မဟုတ္တာ အန္တီကလည္း ကြၽန္ေတာ္က အေကာင္မေသးပါဘူး ဘီးႀကီးေတြေတာင္ ေအးေဆးစီးႏိုင္တာကို ဟိုလူကသာေသာက္ပိုေျပာေနတာ "
“သမီး သားနဲ႔စကားမေျပာဘူးဆို သားကစိတ္မေကာင္းျဖစ္ေနတာ မ်က္ႏွာဆိုလဲႏွစ္ရက္နဲ႔ေခ်ာင္က်သြားတာပဲ"
“မက်ပါဘူး ကြၽန္ေတာ့္ေတြ႕ပါတယ္ အရင္အတိုင္းပါပဲ အဲ့ဘဲႀကီး သက္သက္ေလွ်ာက္ေျပာေနတာ”
“ဘယ္မွာေလွ်ာက္ေျပာေနလို႔လဲ ကိုနဲ႔ စကားမေျပာဘဲ ေရွာင္ေနတာက ဘယ္သူလဲ”
ေခ်ာင္းနားေထာင္ေနရာကေန သူ႔အေၾကာင္းပါလာေသာေၾကာင့္ စကားဝိုင္းထဲကိုဝင္လာလွ်င္ ဟိုတေကာင္ရဲ႕မ်က္ႏွာက ဆူပုတ္ပုတ္နဲ႔ျဖစ္သြားျပန္....
“ဘယ္သူကေရွာင္လို႔လဲ လူမေတြ႕လို႔စကားမေျပာျဖစ္တာပါ"
“ေစာေစာကဘယ္သူေျပာေနလဲ မက်ပါဘူး ကြၽန္ေတာ့္ေတြ႕ပါတယ္ အရင္အတိုင္းပါပဲဆိုၿပီးေတာ့ မင္းမေတြ႕ရင္ အဲ့စကားေျပာမလား ဆိုတဲ့သေဘာက မင္းကို႔ကို တစ္ေနရာရာကေန ပုန္းၿပီးေခ်ာင္းၾကည့္တာလား"
“ခင္ဗ်ားေနာ္ မဟုတ္ကဟုတ္ကေတြ"
ေျမႀကီးတူးဆြထားသည့္ခရင္းခြနဲ႔ သူ႔ဆီကိုလာရန္ေတြ႕လွ်င္ မားက လက္ေပႀကီးႀကီးနဲ႔ခါးေထာက္၍ ရယ္ေမာေန၏။
သူေရာက္ေနတာကို မားကေတြ႕ေပမယ့္ ဒင္းကမေတြ႕ပဲ အတင္းအုပ္ေနေလရဲ႕။
သူ႔ကိုေရွာင္ေနေပမယ့္ သူ႔ကိုေတာ့ လာေခ်ာင္းၾကည့္သားပဲ။
မင္း ကို႔ကို ခ်စ္ေနတာပါ ကေလးရယ္....
“မားေရ မားရဲ႕ဥယ်ာဥ္မႉးအသစ္ကို ကြၽန္ေတာ္ေခၚသြားမယ္ဗ်ာ"
“သမီး ေျခလက္ေတြ ေဆးအုံးေနာ္”
“ဟုတ္ကဲ့ဗ်”
“ဘာဟုတ္ကဲ့ဗ်လဲ ဟုတ္ကဲ့ရွင့္လို႔ တစ္ခါတစ္ေလ စမ္းထူးၾကည့္ပါလား”
“မထူးပါဘူး ႏုႏု႐ြ႐ြေတြမႀကိဳက္ဘူး မႏၲေလးသားဗ် မႏၲေလးေလသံနဲ႔ပဲထူးမယ္”
သူဆြဲေခၚရာအတိုင္းအမွီလိုက္လာရၿပီး ေရပန္းနားတြင္ ေျခလက္ေတြက္ု လိုက္ေဆးေပးသျဖင့္ ပုတ္ထုတ္႐ိုက္ပစ္လည္းမရ။
သူခ်စ္ရေသာ ဥယ်ာဥ္မႉးအသစ္ေလးရဲ႕လက္ေတြကို တစ္ေခ်ာင္းခ်င္းေသေသခ်ာခ်ာေလး ဆပ္ျပာရည္ေလးနဲ႔ တိုက္ခြၽတ္ေဆးေပးေနလွ်င္ ျဖဴျဖဴလြလြအသားအေရေလးနဲ႔ ေသြးေၾကာစိမ္းစိမ္းလက္ေခ်ာင္းသြယ္သြယ္ေလးက ခ်စ္စရာေကာင္းေနလို႔ အသဲယားေန၏။
ေရေဆးေနရင္းနဲ႔ သူ႔လက္နဲ႔ ဦးေမာင္ရဲ႕လက္တို႔ပါ ယွက္ၿပီးဆုတ္ကိုင္လိုက္ၿပီး ေရဆိုအတိုင္းကို သူနမ္းရႈိက္လိုက္လွ်င္အံ့ဩသြား၏။
“ကို႔မ်က္စိထဲမွာ ဒီလက္ေလးေတြ အရမ္းလွတယ္"
သူ႔လက္ေခ်ာင္းေတြလည္းလွေနတာပဲ။ ေယာက္်ားေလးတစ္ေယာက္ရဲ႕လက္နဲ႔ေတာင္မတူေအာင္လွေနတာကို သူမ်ားကိုပဲ လာခ်ီးမြမ္းေနတယ္။
“ပာ ခင္ဗ်ား မလုပ္နဲ႔”
႐ုတ္တရက္မုဆိုးဒူးေထာက္ၿပီး ဦးေမာင္ရဲ႕႐ြံ႕ေပေနေသာ ေျခေထာက္ေတြကို သူကိုင္ဆြဲၿပီး ေဆးရန္လုပ္ေနေသာေၾကာင့္ အျမန္တားလိုက္ေပမယ့္ အားႀကီးေသာသူ႔လက္ေတြေၾကာင့္ အရႈံးေပးလိုက္ရ၏။
မေပးရင္ ဟိုကမလႊတ္ရင္ ေနာက္လွန္က်ၿပီးဦးေႏွာက္ပြင့္မွာက ခ်စ္စရာေကာင္းၿပီး ေစာ္ၾကည္တဲ့ကိုယ္ပဲေလ။
“မင္းလက္ကသန႔္သြားၿပီး ထပ္မထိနဲ႔ေတာ့ ကိုပဲေဆးေပးမယ္"
ရင္ေတြခုန္လိုက္တာ....
အရင္က အစ္ကိုလို လိုခ်င္ခဲ့တာကို ဘာလို႔အေရာင္ဆိုးခ်င္ေနတဲ့ အစ္ကိုျဖစ္ရတာလဲ..။
အက်ႌအျဖဴလက္ရွည္ကို တံေတာင္ဆစ္ထိ ျဖစ္သလိုလိပ္တင္ထားၿပီး ကိုယ့္ေျခေထာက္ကို ေရေဆးေပးေနတဲ့ ဒီလူသားကို ရင္မခုန္ဘူးလို႔ေျပာရင္ ႐ိုင္းရာက်မွာေပါ့.....
ထူကဲၿပီးနက္ေမွာင္တဲ့ သူ႔မ်က္ခုံးေမႊးႏွစ္ဖက္က သူ႔ရဲ႕ ဩဇာတိကၠမဆန္တဲ့မ်က္ဝန္းကို ေထာက္ပံ့ေပးေနေသာအခါ ထိုလူက အရွိန္အဝါတစ္မ်ိဳးႀကီးေနသလို ခံစားေစရ၏။ ႏွာတန္ဆိုလည္းဆင္းၿပီးေပၚေနကာ သူ႔မွာ ကိုယ့္အႀကိဳက္ဆုံး အသဲပုံပန္းေရာင္ႏႈတ္ခမ္းလည္း ရွိေန၏။
အရပ္ကလည္း ေျခာက္ေပအထက္ဆိုေတာ့ ရွယ္ႀကီးေလ....
ငုံ႔ၿပီးငမ္းေနတုန္း ရသြားၿပီးဆိုတဲ့စကားကို မၾကားလိုက္လို႔ ဆက္ခနဲ႔ထရပ္လာေသာ အရပ္ႀကီးေၾကာင့္ လူကလန႔္သြားၿပီး အေနာက္ကိုဆုတ္လိုက္သလိုျဖစ္သြားလွ်င္ ခါးအထပ္တြင္ ေရစိုေနေသာ လက္တစ္စုံက ဆြဲကိုင္ျခင္းကို ခံလိုက္ရၿပီး လူပါသူ႔ရင္ခြင္ထဲ ပစ္ဝင္ကပ္သြား၏။
မႀကဳံဖူးသည့္အထိအေတြ႕တစ္ခုေၾကာင့္ ဦးေမာင္မွာ လန႔္သြားၿပီး ပူထူသြားကာ ေမာ့ၾကည့္လိုက္လွ်င္ ဆြဲေဆာင္မႈရွိေသာ အၿပဳံးတစ္ပြင့္ကို လွစ္ခနဲ႔ေတြ႕လိုက္လွ်င္ေၾကာင္ေငးေနမိ၏။
“အင္း မားေျပာတာ ဟုတ္သားပဲ"
“ ဘာ ဘာကိုလဲ”
“မင္းရဲ႕ အေျပာင္းအလဲကို ကိုခံစားမိလို႔ လက္ခံတဲ့သေဘာနဲ႔ ကိုယ့္ဘာသာေျပာေနတာ"
“ခင္ဗ်ား ႏွာဘူးမက်နဲ႔ေနာ္”
“မင္းပန္းပင္စိုက္ေနတာကို ကိုေျပာတာ”
“ကို ဘယ္မွာႏွာဘူးက်ေနလို႔လဲ ကိုကမားကိုေျပာခ်င္ေနတာ မားမရွိလို႔ ကိုယ့္ဘာသာ တစ္ေယာက္ထဲ ေျပာေနရတာကို မင္းကဘာကိုေျပာခ်င္တာလဲ ကိုကႏွာဘူးဆိုတာ ရွင္းျပပါအုံး သက္ေသျပပါအုံး"
“ခင္ဗ်ားေနာ္ ထိုးပစ္လိုက္လို႔ ေရပန္းမွာေစာက္ထိုးက်ေနအုံးမယ္"
“ကေလးထိုးတာပဲ ကိုခံလိုက္မွာေပါ့ "
“လစ္ေတာ့ဗ်ာ"
ဒါကို ထိလိုက္လို႔ သူဒါကိုေျပာေနတာကိုသိသျဖင့္ ေဒါသထြက္ရအခက္ ျပန္ေျပာရလည္းအခက္နဲ႔ စိတ္တိုသြား၍ အျမန္လစ္ထြက္လာခဲ့ရလွ်င္ ရယ္သံႀကီးက ေၾကာက္စရာေကာင္းလိုက္တာ.....
သူလည္းခံစားမိမွာပဲ ကိုယ္ေတာင္ ထိတာနဲ႔ သိသာေနတာႀကီးကို....
လူညစ္ လူယုတ္မာ လူႏွာဘူးႀကီး...
စိတ္ထဲကေန အခါတစ္ေသာင္း တစ္သိန္းေလာက္ ဆဲပစ္လိုက္၏။
“မင္းက 34ပဲရွိတာ ကေလးရဲ႕ ကိုတံဆိပ္ေတြ႕ထားၿပီးသားပါကြာ"
ဟြန႔္....
PART 18ဆက္ရန္.....
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one