PART 15❣️
“နှိုင်း မင်းငါ့ကို တောင်းပန်ဖို့ရှိတယ်မလား”
“ဗျာ ဟုတ်ကဲ့”
မနဲ့ဖုန်းပြောဖို့ ဘယ်လောက်ခေါ်ခေါ် ပိတ်ထားသောဖုန်းကိုခေါ်နေရင်းမှ ကိုနေမီးအသံကြောင့် သောက်နေဆဲစီးကရက်ကို ပြာခွက်ထဲထိုးထည့်ပြီးမှ ခေါင်းညိတ်၏။
“ဘာဖြစ်လို့လဲဗျ"
“တောင်းပန်မယ့်အစား ငါ့ကို တစ်ခုကူညီပေး... ဦးမောင်ရဲ့ ငါမမြင်ရတဲ့တစ်ဖက်က သူ့အကြောင်းကို ငါ့ကိုပြောပြနိုင်မလား"
“ဘာလို့လဲ ကျွန်တော်မပြောပြနိုင်ဘူး သိချင်သူ့ကိုမေးကြည့်ပေါ့
သူနဲ့မင်းယလိုပဲ ဦးမောင်နဲ့နှိုင်းတို့ တစ်ဦးကိုတစ်ဦး ကာကွယ်ပေးတတ်ကြသည်ကို ခံစားမိလျှင် သူနဲ့မတွေ့ရခင်အထိ ဦးမောင်မှာ တွယ်တာရသည့်လူဟာနှိုင်းတစ်ယောက်ထဲသာဖြစ်နေပြီး သူပိုပြီးချစ်ပေးဖို့ဆုံးဖြတ်ချက်ကခိုင်မာလာ၏။
“ကိုကိုလေးပြောတော့ သူအရင်ကဒီလိုမဆိုးနေဘူးဆို"
”ဟုတ်မှာပေါ့"
နှိုင်းကလည်း လုံးဝမပြောဘဲ စကားရှောင်နေ၏။
“မင်းပြောရမယ် ဘာလို့လဲဆို မေဦးမောင်ကို ငါဖိုးဖိုးဆီက လက်ထပ်ခွင့်တောင်းထားပြီးသား ကလေးအကြောင်းကို ဘာပဲဖြစ်နေပါစေ ငါသိရမှဖြစ်မယ် အဲ့ဒါမှ မင်းသူငယ်ချင်းရဲ့ရင်ထဲကအစိုင်အခဲကို ငါကူညီနိုင်မှာ သူ့မှာမင်းလိုလူမျိုး နောက်ထပ်တစ်ယောက်လိုအပ်နေတယ် နှိုင်း..... ဒါကြောင့် မင်းလိုလူမျိုးဖြစ်ဖို့ကြိုးစားနေတဲ့ငါကို မင်းအခွင့်အရေးပေးပါ သူဘာလို့ဒီလိုဖြစ်နေလဲဆိုတာကို ပြောပြပေးပါ ပလိစ် ...."
ကိုနေမီးရဲ့တောင်းဆိုသံကို သူကြောင်၍ရပ်နားထောင်နေမိ၏။ ဦးမောင်ကို ကိုနေမီးက ဖိုးဖိုးတိုဆီမှာ လက်ထပ်ခွင့်တောင်းထားသည်တဲ့လား...
ဘယ်တုန်းကလဲ။ ကိုနေမီး သူ့ကိုပြဿနာမရှာတာက အစောကြီးထဲက ဦးမောင်အပေါ်ခံစားချက်ရှိနေတာလား...
ကိုနေမီးကိုရော သူယုံလို့ရပါ့မလား။
“မင်းသောက်မလား”
ကိုနေမီးကမ်းပေးလာသော ဘီယာဘူးကို ယူပြီးမှပြောသင့်မည့်အရာကိုပြောပြလိုက်၏။
ထိုနောက် နှိုင်း၏စကားလုံးတွေအောက်မှာ နေမီးတစ် ယောက်အသက်မရှူနိုင်ခဲ့....
❣️
❣️
❣️
❣️
❣️
“Happy Birthday to Me
Happy Birthday to Me...
Happy Birthday to Dear me......
Happy Birthday Happy Birthday to me........”
မေဦးမောင်နဲ့ ဒယ်ဒီမှာ မာမီနဲ့တွေ့ရင် သူမရဲ့မွေးနေ့ကို Happy Birthdayဂုဏ်ပြုသီချင်းကို ဝိုင်းဆိုကြရန် ကားပေါ်၌ကာရံညီအောင် လေ့ကျင့်နေ၏။
“ဒယ်ဒီကားမောင်းတာလည်း နှေးလိုက်တာ”
“သမီးရယ်.... မီးပွိုင့်မိနေလို့ပါ ဒယ်ဒီရဲ့သမီးသေးသေးလေးရယ်နော်... စိတ်မဆိုးနဲ့အုံး... သီချင်း အေးဆေးလေ့ကျင့်ချိန်ရတာပေါ့ မဟုတ်ဘူးလား”
“ဒယ်ဒီကိုယ်၌ကိုယ်က နှေးနေတာကို အားမရလိုက်တာ ဟွန့်”
“ဒယ်ဒီသမီးလေး ဒယ်ဒီမောင်းတာနှေးလားမနှေးလား သိချင် ဒယ်ဒီ့ဆီလာ လာမောင်းကြည့်”
“တကယ်နော်.... သမီး လေးလေးဆီမှာ သင်ဖူးတယ် သမီးဘယ်လောက်မောင်းကျွမ်းလဲဆိုတာ ဒယ်ဒီကြည့် နေမောင်းပြမယ်"
ကျောင်းပိတ်ရက် အားတဲ့အချိန်လေးတွေဆို လေးလေးက သူကိုယ်တိုင်ကားမောင်းသင်ပေးတာမို့လို့ မေဦးမောင်အတွက် ကားမောင်းတာသိပ်မစိမ်းနေ။
ဆယ်နှစ်သမီးလေးဖြစ်သော မေဦးမောင်မှာ တစ်အိမ်လုံးက အလိုလိုက်အကြိုက်ဆောင်ထားသော ကလေးဖြစ်နေသောကြောင့် အနည်းငယ်ဂျစ်ကန်ကန်နိုင်ကာ ခပ်ဆိုးဆိုးလေးစိတ်ရှိသည်။
ဒယ်ဒီပေါင်ပေါ်တတ်ထိုင်ကာ အပီအပြင်မောင်းဖို့ဟန်ပြင်နေသော သမီးငယ်ကြောင့် အဖေဖြစ်သူက သဘောကျ၍ ရယ်မောနေ၏။
“ဒယ်ဒီ့သမီးက ယောက်ျားလေးကျနေတာပဲကွာ ဘာမှကို မကြောက်တာ...”
“သမီးက ယောက်ျားပဲ ဒယ်ဒီ အေးဆေး"
ကား စီယာတိုင်လေးကိုတစ်ဖက်ကကိုင်ပြီး တစ်ဖက်က လက်တီးလက်မောင်းတန်းပြကာ ကြွက်သားမရှိသောသူ့လက်မောင်းသေးသေးဖြူဖြူလေးကို မေးဆက်ပြနေလေရဲ့....
တစ်အိမ်လုံးရဲ့ ဆည်းလည်းသံလေး ပီသပေစွ။
သူ့မာမီအလုပ်လုပ်နေသော ကုပ္မဏီကိုမသိအောင်သွားပြီး မေဦးမောင်ရဲ့မွေးနေ့မှာ မာမီကို စပရိုက်လုပ်မလို့တဲ့.....
သားအဖနှစ်ယောက် စကားလေးတပြောပြောနဲ့ ကားကိုဖြည်းဖြည်းမောင်း၍သင်နေစဉ် လမ်းမအကွေ့တစ်ခုက ကုန်ကားတစ်စီးကို မမြင်မိလိုက်။
“သမီး ကွေ့”
ဒယ်ဒီ၏ ‘ကွေ့’ဟု အော်သံကြောင့် မေဦးမောင်ကွေ့လိုက်သည့် ဦးတည်ချက်ဟာ အမှားတစ်ခု၏အစဖြစ်လာ၏။
ကျွီ....
ဂျိမ်း...
❣️
❣️
❣️
❣️
❣️
မေဦးမောင်သတိရလာသည့်အချိန်၌ ပတ်ဝန်းကျင်တစ်ခုလုံးက ဝီစီမှုတ်နေသည်ထင် အလွန်ဆူညံနေ၏....
ဝှီ...
ဆိုသည့်အသံကသာ သူ့နားထဲတွင် ကျယ်လောင်စွာမြည်ဟီနေသေးသည်.....
ထိုအခါမှာ သူသည် သူ့ဒယ်ဒီရဲ့ပေါင်ပေါ်မှာ မဟုတ်တော့ချေ....
သူ့ကိုလွှမ်းခြုံပတ်ပေးထားသော အဖြူရောင်တဘက်သည် ဟိုနားမှာ လှည်းတစ်ခုကရှိသည့်ဒယ်ဒီကိုကျအကုန်လုံးဖုံးအုပ်ထားသည်။သူ့လိုတောင် ဒယ်ဒီက မထိုင်နေပါ.....
ဒယ်ဒီအနားကို ပြေးဆင်းလာပြီး ထိုအဝတ်ဖြူတဘက်ကို လှန်လိုက်လျှင် ပထမကြည့်တော့ ဒယ်ဒီနဲ့ မတူနေ......
ဒယ်ဒီ့မျက်နှာမှာ သူနောက်ဆုံးမြင်လိုက်တာက ဒီလို သွေးတွေမှမရှိတာ.... ဒယ်ဒီအိပ်နေတာလား..
မေဦးမောင်ရဲ့ တစ်ကိုယ်လုံးမှာလည်း သွေးတွေက ဟိုတစ်စဒီတစ်စနဲ့....
သူ့ မွေးနေ့ကိတ်မုန့်ကော ဘယ်မှာလဲ...
“ကလေး...သမီးလေး သမီးလေးတို့ ဘယ်မှာနေလဲ"
“ဒယ်ဒီ ဘာဖြစ်လို့လဲဟင် ဦးဦး...”
“သမီးရဲ့ ဒယ်ဒီက ဒီမှာအိပ်နေတယ် သမီးတို့အိမ်က ဖုန်းနံပါတ်လေး သမီးမှတ်မိလား”
လိမ္မော်ရောင်ဝတ်စုံနဲ့ ဦးဦးရဲ့စကားကြောင့် ဒယ်ဒီအိပ်နေသည်ဟုပဲ ထင်မှတ်လိုက်ကာ မေဦးမောင်သည် ကြေမွပျက်စီးနေသော ကားတစ်ခုကိုညွှန်ပြ၍...
“ကျောပိုးအိတ်ထဲမှာ မာမီရေးပေးထားတာရှိတယ် ဦးဦး”
“ကျေးဇူးတင်ပါတယ် သမီးလေး နော်... ရော့ သကြားလုံးလေးစားထား ကလေးလေးက အရမ်းလိမ္မာတာပဲ”
ခေါင်းကိုပုတ်ပြီး ဖက်ပေးသွားသေးသည်။
သူတို့မာမီဆီသွားရအုံးလေ ဒယ်ဒီက ဘာလို့အိပ်နေလဲ...
❣️
❣️
❣️
❣️
❣️
ဟိုဦးဦးပြောတော့ ဒယ်ဒီအိပ်နေတယ်တဲ့ တကယ်က ဒယ်ဒီသည်ဘယ်တော့မှ ပြန်မလာတော့တဲ့ရက်ဝေးတစ်နေရာကို သူ့လုပ်လို့သွားလိုက်ရတယ်ဆိုပြီးမမSweetက သူ့ကို လက်ညိုးထိုးပြီး အော်ပြောနေတာကို ကြောင်ပြီးကြည့်နေ၏.....
“မာမီသမီးလုပ်တို့ Sweetဒယ်ဒီသေရတယ် သူလုပ်လို့ သေရတယ် မေဦးမောင်လုပ်လို့ ဒယ်ဒီသေရတယ် ဟီးအီး..”
“နင့်ကြောင် ဒယ်ဒီသေရတယ် နင်သာ မာမီဆီကို မပို့ခိုင်းရင် ဒယ်ဒီသေမှာမဟုတ်ဘူး နင်သတ်တာ.....”
Sweet က ဦးမောင်၏ရင်ဘက်ကအင်္ကျီစကို ဆွဲ၍ အော်ဟစ်ငိုယိုနေ၏။
“မဟုတ်ပါဘူး သမီးSweetရယ် သမီးညီမကို အဲ့လိုမပြောရဘူးလေး ညီမလေးက မသိဘဲ..."
“ဘာမသိတာလဲ.... အရွယ်မရောက်သေးတဲ့ကလေးကို မင်းတို့တအားအလိုလိုက်လွန်းတယ် ဟန်နီဦး”
“မင်း ဒီကလေးကိုအလိုလိုက်လို့ ငါ့သားသေရတယ် မင်းတို့ သားအမိကြောင့် ငါ့သားသေရတယ်"
“ဖေဖေ ကျွန်မသမီးကိုဒီလိုမပြောပါကြနဲ့ တောင်းပန်ပါတယ်”
မာမီက သူ့နားရွက်နှစ်ဖက်ကို ပိတ်လိုက်သလိုလုပ်နေပေမယ့် သူအတိုင်းသားကြားနေရ၏။
ဝှီ...
ဝှီ...
ဝှီ...
ဘယ်သူမှလည်း ဝီစီမမှုတ်ဘဲ မေဦးမောင်၏နားထဲမှာ နောက်ထပ်ကျယ်ကျယ်လောင်လောင်ကြားရပြီးတဲ့နောက် ...
မာမီလည်းစကားပြောနေတာပဲ အသံလည်းမထွက်ဘူး...
ဖိုးဖိုးဆို အော်တောင်အော်နေတဲ့ပုံစံနဲ့ကိုဖြစ်နေတာကိုမြင်ရပေမယ့် အသံလည်းမထွက်ဘူး....
မမSweetဆို ငိုနေတာလေ အသံလည်းမထွက်ပြန်ဘူး....
ထို့ကြောင့် သူတို့ကို ရပ်ကြည့်နေသောမျက်နှာငယ်လေးနဲ့မေဦးမောင်သည် သူ့ပါးစပ်ကိုဖွင့်၍.....
“အာ အာ.."
ငါ့အသံလည်း ငါမကြားရဘူးပဲ...။
ထပ်ပြောကြည့်အုံးမှ...
“အာ အာ မေဦးမောင်!!!”
❣️
❣️
❣️
❣️
❣️
တံခါးစေ့ထားရုံနဲ့ စေ့ထားသည့်အခန်းထဲဝင်လာလျှင် သူ့စောင်ကိုခွဖက်ပြီးအိပ်ပျော်နေသော မေဦးမောင်....
သူထိုးမိတုန်းက နာလို့မျက်ရည်ကျရမယ့်အစား မဲ့ပြုံတစ်ခုသာ လုပ်တတ်တော့သည့်အကျင့်ရှိသည့်ကလေး....
နားမကြားခဲ့တုန်းက ဝမ်းနည်းပြီးနာကျင်စရာတွေခံစားရပြီး ငိုရင်ပြေးခိုလှုံစရာမရှိခဲ့သော အချိန်မှာသူငယ်ချင်းဖြစ်သူနှိုင်းစွယ်တော်က သူမအတွက် အားကိုရာ ပခုံးတစ်ဖက်ဖြစ်ခဲ့ပေးသည်။ နားရွက်တစ်ဖက်ဖြစ်ပေးခဲ့သည်။
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့အရှေ့မှာမှ မျက်ရည်မကျအောင် ကြိတ်မှိတ်ခံပြီးရင် နှိုင်းရှေ့မှာဆိုမှ မျက်ရည်ဖွင့်ချ ကျတတ်သည့်သူ့ကလေး....
မွေးနေ့မှာ မပျော်တော့သည့် သူ့ကလေး......
စတွေ့ထဲက တိတ်တခိုးရင်ခုန်ရခဲ့သော Mulletဆံပင်လေးကို တို့ထိကြည့်လျှင် သူ့ရင်ထဲမှာ အေးသွား၏။
မင်းအကြောင်းတွေကိုသိလာရတဲ့အခါ ကိုရင်ကွဲသလိုခံစားနေရတယ်လို့ပြောရင် မင်းခံစားခဲ့ရတဲ့ ခံစားချက်ရဲ့ ခြေဖဝါးအောက်က မြူတစ်မှုန်စာတောင်မရှိနေဘူးဆိုတာ နားလည်တယ်ကလေး.....
မျက်ခုံးမွှေးနက်နက်လေး ဆင်းရာအတိုင်း ဖွဖွလေး တို့ထိရွေ့လျားသွားကာ နားသယ်စပ်ကိုအရောက်တွင် နားရွယ်ဖျားရဲရဲလေးက ချစ်စရာလေး.....
နားသယ်မှစိမ်းမြနေသောနားသယ်မွှေးလေးကိုဖယ်ရှားလိုက်တာနဲ့အတူ အသားအိအိလေးနားရွယ်ဖျားလေးတွင် တန်းနေသောစိန့်ပွင့်လေးသုံးပွင့်နဲ့အတူ လက်ခနဲ့တွေ့လိုက်၏။
ဒီနားရွယ်လှလှလေးက သူ့ရဲ့စကားတွေကို ဘယ်တော့မှမကြားနိုင်တော့ဘူးတဲ့.....
ထိုနားရွက်ဖျားလေးကို ခပ်ဖွဖွလေးနမ်းကာ အသက်အောင့်၍ သက်ပြင်းချနေမိ၏။
နှိုင်းစွယ်တော်က မင်းရဲ့နားရွက်တစ်ဖက်ဆို နောက်တစ်ဖက်ကကိုဖြစ်ပါရစေ ကလေး။
ဦးမောင်တစ်ယောက်ထဲမအိပ်ရတဲ့အကြောင်းက သူတစ်ယောက်သာ သူ့ဒယ်ဒီရဲ့နောက်ဆုံးပုံရိပ်ကို မြင်ခဲ့တာမို့ပဲတဲ့......
ကားလည်းမမောင်းရဲတော့သည့်ကလေးတဲ့.....
❣️
❣️
❣️
❣️
❣️
လာမယ်လို့အာချောင်သွားပြီး မလာတဲ့ကိုကိုတို့လင်မယားနှစ်ယောက်မရောက်လာသေးသဖြင့် ဦးမောင်နဲ့နှိုင်းမှာ ကိုယ်မသိတဲ့သူစိမ်းအိမ်မှာ သောင်တင်နေရတာကို စိတ်ပျက်နေပြီ....
သူတို့မိသားစုသုံးယောက်က ဖော်ရွယ်နေပေမယ့် ကိုယ်တွေက ဒီလိုဖော်ရွယ်မှုတွေနဲ့က အသားမကျနိုင်။ အိမ်မှာဆို တကျက်ကျက်ဖြစ်နေကျဆိုတော့....
“ကိုနေမီး ကျွန်တော်တို့ဒီနေ့ပြန်တော့မယ်နော်”
“နှိုင်းက သူ့မိန်းမရှိလို့ သူ့အိမ်သူပြန်ပေမယ့် မင်းက ဘယ်ကိုပြန်မှာလဲ"
သူ့အမေနဲ့အဖေရှိနေတဲ့ကြားမှာ အပြောခံလိုက်ရတော့ ဒေါသကနည်းနည်းလေးထောင်လာ၏။ လူကြားထဲမှာသူ့ဆိုဖဲ့ပြီး ကိုနေမီးတို့က.....
သူတို့မိသားစု မနက်စာအစာပြေဝိုင်းမှာ သူစိမ်းရှိနေသည်မို့ အစားအသောက်က အလျှံအပယ်နဲ့ကို ကျွေးတာ....
“ကျွန်တော့်မှာ အသိတွေပေါတယ်လေ တစ်အိမ်အိမ်မှာတော့”
“ကလေးက ဘယ်လိုဖြစ်လို့ အန်ကယ်နဲ့ကတောက်ကဆဖြစ်သွားလဲကွယ်”
တစ်ချိန်လုံးတိတ်ဆိတ်နေသော ကိုနေမီး၏အဖေကြောင့် ဦးမောင်မှာမဖြစ်မနေဖြေရတော့မည်။ထိုအခါ နှိုင်းကိုကြည့်မိလျှင် နှိုင်းက ခေါင်းညိတ်နေသောကြောင့်......
“ဟို...... ကျွန်တော် ကျွန်တော့်ကို...”
တစ်ယောက်ယောက်ကို ရှင်းပြနေဖို့ သူ့မှ အကျင့်မရှိသဖြင့် အာခေါင်မှာ စကားလုံးတွေက တစ်နေ၏။
“ကိုမေးမယ် မင်းလုပ်လား မလုပ်ဘူးလား”
ဦးမောင်မှာ ဖြေရခက်နေသောကြောင့် နေမီးကမေးလျှင် ကလေးခေါင်းခါသောကြောင့် သူသက်ပြင်းချကာ....
“နောက်မှ ကျွန်တော်ဖေဖေကို အကြောင်းစုံရှင်းပြမယ်။ လောလောဆယ် နှိုင်း မင်းကအိမ်ပြန်ပြီး လုပ်သင့်ရမယ့်အရာကိုလုပ်၊ ယဉ်သူမျိုးကို သူ မင်းကို အားကိုးရတဲ့ခင်ပွန်းတစ်ယောက်အဖြစ် ကြိုးစားပြလိုက်ပါ။ မင်းက ရင့်ကျက်သင့်ပြီ......
ဒီကောင်ကိုတော့ ငါတာဝန်ယူမှာမို့လို့ သူ့ရဲ့ Pillowကို ငါ့ဆီလွှဲထားလိုက်"
“ ဟေး... ဘာလို့ ခင်ဗျားကကျွန်တော့်ကို တာဝန်ယူရမှာလဲ ယောက်ျားအချင်းချင်းကိုဗျာ"
မေဦးမောင်ရဲ့စကားကြောင့် မိသားစုစားပွဲဝိုင်းမှာ သူ့မျက်နှာပျက်သွားရနေရင်းနဲ့ ဂရုမစိုက်ဘဲ ဦးမောင်သည်....
“အဲ့ဒီPillowလိုမျိုး နှိုင်းဆီကလွဲ ကျွန်တော်ဘယ်သူ့ကိုမှ ခွင့်မပြုပေးနိုင်ဘူး"
ဒီPillowလေးမှာ သူနဲ့နှိုင်းကြားကဖြစ်တည်လာတဲ့သံယောဇဉ်က နည်းတာမှမဟုတ်တာ။
တစ်ယောက်ယောက်ကို လှည့်မကြည့်ဘဲ ခေါ်မှန်းသိရအောင် လုပ်ပေးထားတဲ့နှိုင်းရဲ့ အခေါ်အဝေါ်ကို သူတစ်ခြားတစ်ယောက်ကိုမပေးနိုင်ဘူး။
နှိုင်းလိုလည်း သူ့ကိုအမြင်ကြည်ပေးပြီး သူ့ကို နားလည်ပေးနိုင်မှာ မဟုတ်ဘူး။
စိတ်ဆိုး၍ထွက်သွားသည့်နောက်ကျောကို သူအမှီပြေးလိုက်ကာ....
“မင်းရဲ့ နားရွက်တစ်ဖက်ကို ကိုဖြစ်ချင်တယ် မေဦးမောင်... မင်းမိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးလိုပဲနေနေ ကိုမင်းကိုချစ်တာမို့ ကို့ကို အားကိုးပေးဖို့တောင်းဆိုပါရစေ”
“ဟင့်အင်း ဘယ်သူ့ကိုမှအားကိုးဖို့အတွက်ဆိုပြီး မေဦးမောင်က ဒီနေ့ဒီအချိန်ထိ အသက်ရှင်ဖြစ်တည်နေတာမဟုတ်ဘူး"
“ကို အဲ့လိုပြောနေတာမဟုတ်ဘူး ကလေး... မင်းရဲ့ဖြစ်တည်မှုကို ကိုချစ်မြတ်နိုးတယ် မင်းဘာပဲလုပ်လုပ် ကိုချစ်တယ် ကိုက မင်းလိုအပ်နေတဲ့နှိုင်းလိုမျိုး မင်းကိုနွေးထွေးမှုပေးနိုင်တဲ့ နောက်ထပ်လူမျိုးဖြစ်ချင်တယ်။ ကို့ကိုခွင့်ပြုပေးပါ ဦးမောင်"
“ဟင့်အင်း... မပေးနိုင်ဘူး..... တစ်ယောက်ယောက်ကို အားကိုးဖို့ မာမီမသင်ပေးထားဘူး။ကျွန်တော်ဒီလိုမလုပ်ရင် အဝေးမှာရှိနေတဲ့မာမီကဘယ်တော့မှ ကျွန်တော့်ကို စိတ်ချနေမှာမဟုတ်တော့ဘူး ကျွန်တော်မိန်းကလေးဖြစ်နေရင် သူစိတ်ပူနေလိမ့်မယ် ဒါကြောင့်ကျွန်တော်သန်မာနေမှဖြစ်မယ်”
ဦးမောင်၏ပေါက်ကွဲရင်ဖွင့်လာသောအသံကြောင့် သူ့ရင်ခွင်ထဲစွဲသွင်းကာ တင်းတင်းကြပ်ကြပ်ကို ဖက်ထားမိကာ သူ့တစ်ကိုယ်လုံးကသွေးကြောတို့ပါ တုန်ခါနေသည်ထင် ရင်နာလိုက်တာကလေးရယ်.....
“မင်းနေချင်သလိုနေလို့ရတယ် ကို့ကိုမင်းအနားမှာ နေခွင့်ပေးပြီး မင်းနေချင်သလိုနေပါနော်.... ကိုဘာမှမတောင်းဆိုဘူး မင်းနားမှာနေပြီး မင်းကိုပဲချစ်ပါရစေ ကလေးရယ်နော်”
“အချစ်ဆိုတာကို သေခြင်းတရားနဲ့တူလို့ ကျွန်တော်အယုံအကြည်မရှိဘူး။ ကျွန်တော့်ဘက်မှာ နှိုင်းကလွဲပြီးမရှိဘူးကိုနေမီး"
အတိုင်းသားကြားနေရသော စကားကြောင့် လူကြီးနှစ်ယောက်မှာ စိတ်မကောင်းဖြစ်နေကြကာ အသံလည်းတိတ်နေ၏။
မိဘမေတ္တာဓါတ် မိသားစုနွေးထွေးမှုဓါတ်လိုအပ်နေသော မေဦးမောင်က မေချစ်သူကိုကိုဆိုတဲ့သူတို့သမီးရဲ့သူငယ်ချင်းဖြစ်နေရုံမက မေတ္တာလိုအပ်နေချင်းလဲ အတူတူဖြစ်နေကြသောကြောင့် ကိုယ်ချင်းစားမိ၏။
ဒီကလေးကို ကိုယ့်သားက မေတ္တာရှိနေသောကြောင့် သူတို့လူကြီးတွေကလည်း ဒီကလေးရဲ့ရင်ထဲကအပြစ်ရှိတယ်လို့ ခံစားနေရတဲ့ဒဏ်ရာကို နားလည်ပေးဖို့ကြိုးစားကြည့်ရအုံးမှာပေါ့လေ.....
ကိုယ်တွေလိုလူကြီးတောင် ဒီလိုစိတ်ဒဏ်ရာမျိုးမရခဲ့ဖူး၍ မသိပေမယ့် စိတ်ဒဏ်ရာရနေတဲ့ကလေးကိုဒီအတိုင်းမပြစ်ပယ်နိုင်....
“ကလေးရယ် ဘယ်လိုဒဏ်ရာတွေရခဲ့လို သေခြင်းတရားဆိုတဲ့ဒီစကားတွေတောင် ငယ်ငယ်လေးနဲ့ပြောထွက်နိုင်ရတာလဲကွယ်”
မားက ကလေးကို သူ့ဆီကယူလိုက်ပြီး အမေက သမီးတစ်ယောက်ကို ပွေ့ဖက်ထားသလိုမျိုးနဲ့နှစ်သိမ့်ပေးနေလျှင် ဦးမောင်သည် မာမီကိုပို၍သတိရလာကာ ထိုအန်တီ၏ရင်ခွင်ထဲ အသံတိတ်ငိုပါတော့၏။
“ဒယ်ဒီက ကျွန်တော်ကြောင့်သေရတယ်လို့ ပြောကြတယ် သူ့သားကိုကျွန်တော်သတ်လို့သေရတယ်တဲ့....”
ရင်ထဲမှာရှိနေသောအစိုင်အခဲကို ဖွင့်အံထုတ်၍ငိုရင်းပြောကာ ရင်ထဲမှာပေါ့မလာပဲပို၍သာ အံကြိတ်၍ငိုကြွေးနေမိ၏။
“ဟင့်...ဟင့်.."
တစ်ဆက်ဆက်တုန်နေသောကလေးရဲ့ကျောလေးကို မားကနှစ်သိမ့်ပေးနေတာကို သူကော ဖေဖေကော နှိုင်းပါ စိတ်မကောင်းဖြစ်ရပြီး နှိုင်းကတော့ အတွင်းသိ အဆင်းသိသူပီပီ အတိတ်တွေကိုပြန်မြင်ယောင်လာကာမျက်ရည်လိမ့်ဆင်းကျလာ၏.....
“ကလေး အိမ်မပြန်ချင်ဘူးဆိုလည်း အန်တီတို့ဆီမှာ ကြိုက်သလောက်နေ အန်တီကကလေးကို သားလိုလည်းချစ်ပေးမယ် သမီးလေးလိုလည်းချစ်ပေးမယ် ဟုတ်ပြီလား။
အန်တီဆီမှာကသန်မာနေဖို့လည့်မလိုဘူး ကိုယ့်ရဲ့စိတ်ရှိတဲ့အတိုင်းနေတတ်သလိုသာနေ။ ဒါပေမယ့် ကလေးရဲ့ ကိုကြီးနေမီးရဲ့စကားတွေကိုတော့ နားထောင်ပေးလိုက်ပါနော်.... သားက ကလေးကိုအရမ်းချစ်မှန်း ကလေးလည်းခံစားမိတယ်မလား”
“ဟုတ်"
မားက ကလေးရဲ့မျက်နှာသေးသေးလေးဆီက မျက်ရည်တွေကို သုတ်ပေးရင်း ချော့၍သိမ်းသွင်းလျှင် ကလေးက ခေါင်းညိတ်ပေးရှာ၏။ မိခင်မ္တောလိုအပ်နေသည့်ကလေး။ နွေးထွေးမှုကို လိုအပ်တောင်းတနေသည့်ကလေး...
မားတို့ရှေ့မှာသာ အလွယ်တကူခေါင်းညိတ်ပေးပြီး နောက်ကွယ်မှာ သူ့ကိုငြင်းဆန်သွားနိုင်သောကြောင့်....
“နှိုင်း မင်းငါ့ကို ဝိုင်းပြောပေးအုံးကွာ"
ဒီကလေး သူ့ကိုချစ်နေပြီဆိုတာသိပေမယ့် သူ့ကိုငြင်းမှာကို အရမ်းကြောက်နေမိပြန်၏။
“တလောကလုံးကလူတွေ မင်းကိုအပြစ်တင်နေရင်တောင် ကိုနေမီးက မင်းမှန်တယ်လို့ ကာကွယ်ပေးမယ့်လူမျိုးပါ ဦးမောင်.....
ငါလည်း မင်းကိုမစွန့်လွှတ်ဘူး အဲ့တာဘယ်တော့မှမပြောင်းလဲတဲ့ ငါနဲ့မင်းရဲ့ကြားက ချစ်ခြင်းတရားပဲ။ သူလည်း မင်းကိုဘယ်တော့မှ စွန့်ပစ်သွားမယ့် လူမဟုတ်ဘူးဆိုတာ မင်းငါ့ကိုယုံကြည်သလိုမျိုး ငါလဲသူ့ကို ယုံကြည်တယ် သူမင်းကို ချစ်နေတာကို ခံစားမိတယ်ဆိုရင် သူ့ကိုချစ်ကြည့်ပါ မင်းမသန်မာလည်းရတယ် ငါတို့ မင်းကို ကာကွယ်ပေးမယ်”
နှိုင်းစကားနဲ့ မားဆီကထွက်လာပြီး သူ့ကိုပိုတိုးပြီးဖက်လာသဖြင့် သူပျော်သွားသလို ဦးမောင်ခေါင်းကို ပုခုံးပေါ်တင်ကာ တင်းတင်းပြန်ဖက်ထား၍....
“ချစ်တယ် ကို့ကလေးရယ် ကို့ကိုချစ်မှရတော့မယ်နော် နှိုင်းကော မားကောပြောတာ ကြားတယ်မလား"”
“ကိုနေမီး"
“အင်း ပြော”
“ကိုနေမီး... ခင်ဗျားကို ကျွန်တော် ရင်မခုန်နိုင်သေးဘူး ဒါပေမယ့် ချစ်မှရမယ်ဆိုတော့လည်း ချစ်ကြည့်မယ် ရတယ်မလား ”
မျက်မှောင်လေးကျုံ၍ ဆိုနေသောပုံရိပ်က ဘယ်လောက်အူယားစရာကောင်းနေတာပါလိမ့်.....
“လုံးဝနောင်တမရစေရဘူးကလေး ကိုကတိပေးတယ်”
မားနဲ့နှိုင်းရဲ့တို့နှစ်ယောက်ရဲ့အင်အားကြောင့် သူသည် မေဦးမောင်ရဲ့လက်ခံမှုကို ရပါတော့၏။
PART 16ဆက်ရန်.......
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
ဒီအပိုင်းကိုရေးတာ ဦးမောင်ကြောင့် တစ်နေ့ကုန်ထမင်းမစားဖြစ်တာနဲ့တစ်ညလုံးမအိပ်လိုက်ရဘူး....
တယောက်ထဲကြိတ်ငိုနေခဲ့တာ ဦးမောင်ကိုသနားလွန်းလို့.....
ဒါကြောင့် ရှေ့ဆက်ဝမ်းနည်းစရာတွေမရှိအောင် နေမီးကို ဂရုစိုက်ခိုင်းတော့မယ်....
Drabin-one
.
.
.
.
.
.
PART 15❣️
“ႏႈိင္း မင္းငါ့ကို ေတာင္းပန္ဖို႔ရွိတယ္မလား”
“ဗ်ာ ဟုတ္ကဲ့”
မနဲ႔ဖုန္းေျပာဖို႔ ဘယ္ေလာက္ေခၚေခၚ ပိတ္ထားေသာဖုန္းကိုေခၚေနရင္းမွ ကိုေနမီးအသံေၾကာင့္ ေသာက္ေနဆဲစီးကရက္ကို ျပာခြက္ထဲထိုးထည့္ၿပီးမွ ေခါင္းညိတ္၏။
“ဘာျဖစ္လို႔လဲဗ်"
“ေတာင္းပန္မယ့္အစား ငါ့ကို တစ္ခုကူညီေပး... ဦးေမာင္ရဲ႕ ငါမျမင္ရတဲ့တစ္ဖက္က သူ႔အေၾကာင္းကို ငါ့ကိုေျပာျပႏိုင္မလား"
“ဘာလို႔လဲ ကြၽန္ေတာ္မေျပာျပႏိုင္ဘူး သိခ်င္သူ႔ကိုေမးၾကည့္ေပါ့
သူနဲ႔မင္းယလိုပဲ ဦးေမာင္နဲ႔ႏႈိင္းတို႔ တစ္ဦးကိုတစ္ဦး ကာကြယ္ေပးတတ္ၾကသည္ကို ခံစားမိလွ်င္ သူနဲ႔မေတြ႕ရခင္အထိ ဦးေမာင္မွာ တြယ္တာရသည့္လူဟာႏႈိင္းတစ္ေယာက္ထဲသာျဖစ္ေနၿပီး သူပိုၿပီးခ်စ္ေပးဖို႔ဆုံးျဖတ္ခ်က္ကခိုင္မာလာ၏။
“ကိုကိုေလးေျပာေတာ့ သူအရင္ကဒီလိုမဆိုးေနဘူးဆို"
”ဟုတ္မွာေပါ့"
ႏႈိင္းကလည္း လုံးဝမေျပာဘဲ စကားေရွာင္ေန၏။
“မင္းေျပာရမယ္ ဘာလို႔လဲဆို ေမဦးေမာင္ကို ငါဖိုးဖိုးဆီက လက္ထပ္ခြင့္ေတာင္းထားၿပီးသား ကေလးအေၾကာင္းကို ဘာပဲျဖစ္ေနပါေစ ငါသိရမွျဖစ္မယ္ အဲ့ဒါမွ မင္းသူငယ္ခ်င္းရဲ႕ရင္ထဲကအစိုင္အခဲကို ငါကူညီႏိုင္မွာ သူ႔မွာမင္းလိုလူမ်ိဳး ေနာက္ထပ္တစ္ေယာက္လိုအပ္ေနတယ္ ႏႈိင္း..... ဒါေၾကာင့္ မင္းလိုလူမ်ိဳးျဖစ္ဖို႔ႀကိဳးစားေနတဲ့ငါကို မင္းအခြင့္အေရးေပးပါ သူဘာလို႔ဒီလိုျဖစ္ေနလဲဆိုတာကို ေျပာျပေပးပါ ပလိစ္ ...."
ကိုေနမီးရဲ႕ေတာင္းဆိုသံကို သူေၾကာင္၍ရပ္နားေထာင္ေနမိ၏။ ဦးေမာင္ကို ကိုေနမီးက ဖိုးဖိုးတိုဆီမွာ လက္ထပ္ခြင့္ေတာင္းထားသည္တဲ့လား...
ဘယ္တုန္းကလဲ။ ကိုေနမီး သူ႔ကိုျပႆနာမရွာတာက အေစာႀကီးထဲက ဦးေမာင္အေပၚခံစားခ်က္ရွိေနတာလား...
ကိုေနမီးကိုေရာ သူယုံလို႔ရပါ့မလား။
“မင္းေသာက္မလား”
ကိုေနမီးကမ္းေပးလာေသာ ဘီယာဘူးကို ယူၿပီးမွေျပာသင့္မည့္အရာကိုေျပာျပလိုက္၏။
ထိုေနာက္ ႏႈိင္း၏စကားလုံးေတြေအာက္မွာ ေနမီးတစ္ ေယာက္အသက္မရွဴႏိုင္ခဲ့....
❣️
❣️
❣️
❣️
❣️
“Happy Birthday to Me
Happy Birthday to Me...
Happy Birthday to Dear me......
Happy Birthday Happy Birthday to me........”
ေမဦးေမာင္နဲ႔ ဒယ္ဒီမွာ မာမီနဲ႔ေတြ႕ရင္ သူမရဲ႕ေမြးေန႔ကို Happy Birthdayဂုဏ္ျပဳသီခ်င္းကို ဝိုင္းဆိုၾကရန္ ကားေပၚ၌ကာရံညီေအာင္ ေလ့က်င့္ေန၏။
“ဒယ္ဒီကားေမာင္းတာလည္း ေႏွးလိုက္တာ”
“သမီးရယ္.... မီးပြိဳင့္မိေနလို႔ပါ ဒယ္ဒီရဲ႕သမီးေသးေသးေလးရယ္ေနာ္... စိတ္မဆိုးနဲ႔အုံး... သီခ်င္း ေအးေဆးေလ့က်င့္ခ်ိန္ရတာေပါ့ မဟုတ္ဘူးလား”
“ဒယ္ဒီကိုယ္၌ကိုယ္က ေႏွးေနတာကို အားမရလိုက္တာ ဟြန႔္”
“ဒယ္ဒီသမီးေလး ဒယ္ဒီေမာင္းတာေႏွးလားမေႏွးလား သိခ်င္ ဒယ္ဒီ့ဆီလာ လာေမာင္းၾကည့္”
“တကယ္ေနာ္.... သမီး ေလးေလးဆီမွာ သင္ဖူးတယ္ သမီးဘယ္ေလာက္ေမာင္းကြၽမ္းလဲဆိုတာ ဒယ္ဒီၾကည့္ ေနေမာင္းျပမယ္"
ေက်ာင္းပိတ္ရက္ အားတဲ့အခ်ိန္ေလးေတြဆို ေလးေလးက သူကိုယ္တိုင္ကားေမာင္းသင္ေပးတာမို႔လို႔ ေမဦးေမာင္အတြက္ ကားေမာင္းတာသိပ္မစိမ္းေန။
ဆယ္ႏွစ္သမီးေလးျဖစ္ေသာ ေမဦးေမာင္မွာ တစ္အိမ္လုံးက အလိုလိုက္အႀကိဳက္ေဆာင္ထားေသာ ကေလးျဖစ္ေနေသာေၾကာင့္ အနည္းငယ္ဂ်စ္ကန္ကန္ႏိုင္ကာ ခပ္ဆိုးဆိုးေလးစိတ္ရွိသည္။
ဒယ္ဒီေပါင္ေပၚတတ္ထိုင္ကာ အပီအျပင္ေမာင္းဖို႔ဟန္ျပင္ေနေသာ သမီးငယ္ေၾကာင့္ အေဖျဖစ္သူက သေဘာက်၍ ရယ္ေမာေန၏။
“ဒယ္ဒီ့သမီးက ေယာက္်ားေလးက်ေနတာပဲကြာ ဘာမွကို မေၾကာက္တာ...”
“သမီးက ေယာက္်ားပဲ ဒယ္ဒီ ေအးေဆး"
ကား စီယာတိုင္ေလးကိုတစ္ဖက္ကကိုင္ၿပီး တစ္ဖက္က လက္တီးလက္ေမာင္းတန္းျပကာ ႂကြက္သားမရွိေသာသူ႔လက္ေမာင္းေသးေသးျဖဴျဖဴေလးကို ေမးဆက္ျပေနေလရဲ႕....
တစ္အိမ္လုံးရဲ႕ ဆည္းလည္းသံေလး ပီသေပစြ။
သူ႔မာမီအလုပ္လုပ္ေနေသာ ကုပၼဏီကိုမသိေအာင္သြားၿပီး ေမဦးေမာင္ရဲ႕ေမြးေန႔မွာ မာမီကို စပ႐ိုက္လုပ္မလို႔တဲ့.....
သားအဖႏွစ္ေယာက္ စကားေလးတေျပာေျပာနဲ႔ ကားကိုျဖည္းျဖည္းေမာင္း၍သင္ေနစဥ္ လမ္းမအေကြ႕တစ္ခုက ကုန္ကားတစ္စီးကို မျမင္မိလိုက္။
“သမီး ေကြ႕”
ဒယ္ဒီ၏ ‘ေကြ႕’ဟု ေအာ္သံေၾကာင့္ ေမဦးေမာင္ေကြ႕လိုက္သည့္ ဦးတည္ခ်က္ဟာ အမွားတစ္ခု၏အစျဖစ္လာ၏။
ကြၽီ....
ဂ်ိမ္း...
❣️
❣️
❣️
❣️
❣️
ေမဦးေမာင္သတိရလာသည့္အခ်ိန္၌ ပတ္ဝန္းက်င္တစ္ခုလုံးက ဝီစီမႈတ္ေနသည္ထင္ အလြန္ဆူညံေန၏....
ဝွီ...
ဆိုသည့္အသံကသာ သူ႔နားထဲတြင္ က်ယ္ေလာင္စြာျမည္ဟီေနေသးသည္.....
ထိုအခါမွာ သူသည္ သူ႔ဒယ္ဒီရဲ႕ေပါင္ေပၚမွာ မဟုတ္ေတာ့ေခ်....
သူ႔ကိုလႊမ္းၿခဳံပတ္ေပးထားေသာ အျဖဴေရာင္တဘက္သည္ ဟိုနားမွာ လွည္းတစ္ခုကရွိသည့္ဒယ္ဒီကိုက်အကုန္လုံးဖုံးအုပ္ထားသည္။သူ႔လိုေတာင္ ဒယ္ဒီက မထိုင္ေနပါ.....
ဒယ္ဒီအနားကို ေျပးဆင္းလာၿပီး ထိုအဝတ္ျဖဴတဘက္ကို လွန္လိုက္လွ်င္ ပထမၾကည့္ေတာ့ ဒယ္ဒီနဲ႔ မတူေန......
ဒယ္ဒီ့မ်က္ႏွာမွာ သူေနာက္ဆုံးျမင္လိုက္တာက ဒီလို ေသြးေတြမွမရွိတာ.... ဒယ္ဒီအိပ္ေနတာလား..
ေမဦးေမာင္ရဲ႕ တစ္ကိုယ္လုံးမွာလည္း ေသြးေတြက ဟိုတစ္စဒီတစ္စနဲ႔....
သူ႔ ေမြးေန႔ကိတ္မုန႔္ေကာ ဘယ္မွာလဲ...
“ကေလး...သမီးေလး သမီးေလးတို႔ ဘယ္မွာေနလဲ"
“ဒယ္ဒီ ဘာျဖစ္လို႔လဲဟင္ ဦးဦး...”
“သမီးရဲ႕ ဒယ္ဒီက ဒီမွာအိပ္ေနတယ္ သမီးတို႔အိမ္က ဖုန္းနံပါတ္ေလး သမီးမွတ္မိလား”
လိေမၼာ္ေရာင္ဝတ္စုံနဲ႔ ဦးဦးရဲ႕စကားေၾကာင့္ ဒယ္ဒီအိပ္ေနသည္ဟုပဲ ထင္မွတ္လိုက္ကာ ေမဦးေမာင္သည္ ေၾကမြပ်က္စီးေနေသာ ကားတစ္ခုကိုၫႊန္ျပ၍...
“ေက်ာပိုးအိတ္ထဲမွာ မာမီေရးေပးထားတာရွိတယ္ ဦးဦး”
“ေက်းဇူးတင္ပါတယ္ သမီးေလး ေနာ္... ေရာ့ သၾကားလုံးေလးစားထား ကေလးေလးက အရမ္းလိမၼာတာပဲ”
ေခါင္းကိုပုတ္ၿပီး ဖက္ေပးသြားေသးသည္။
သူတို႔မာမီဆီသြားရအုံးေလ ဒယ္ဒီက ဘာလို႔အိပ္ေနလဲ...
❣️
❣️
❣️
❣️
❣️
ဟိုဦးဦးေျပာေတာ့ ဒယ္ဒီအိပ္ေနတယ္တဲ့ တကယ္က ဒယ္ဒီသည္ဘယ္ေတာ့မွ ျပန္မလာေတာ့တဲ့ရက္ေဝးတစ္ေနရာကို သူ႔လုပ္လို႔သြားလိုက္ရတယ္ဆိုၿပီးမမSweetက သူ႔ကို လက္ညိဳးထိုးၿပီး ေအာ္ေျပာေနတာကို ေၾကာင္ၿပီးၾကည့္ေန၏.....
“မာမီသမီးလုပ္တို႔ Sweetဒယ္ဒီေသရတယ္ သူလုပ္လို႔ ေသရတယ္ ေမဦးေမာင္လုပ္လို႔ ဒယ္ဒီေသရတယ္ ဟီးအီး..”
“နင့္ေၾကာင္ ဒယ္ဒီေသရတယ္ နင္သာ မာမီဆီကို မပို႔ခိုင္းရင္ ဒယ္ဒီေသမွာမဟုတ္ဘူး နင္သတ္တာ.....”
Sweet က ဦးေမာင္၏ရင္ဘက္ကအက်ႌစကို ဆြဲ၍ ေအာ္ဟစ္ငိုယိုေန၏။
“မဟုတ္ပါဘူး သမီးSweetရယ္ သမီးညီမကို အဲ့လိုမေျပာရဘူးေလး ညီမေလးက မသိဘဲ..."
“ဘာမသိတာလဲ.... အ႐ြယ္မေရာက္ေသးတဲ့ကေလးကို မင္းတို႔တအားအလိုလိုက္လြန္းတယ္ ဟန္နီဦး”
“မင္း ဒီကေလးကိုအလိုလိုက္လို႔ ငါ့သားေသရတယ္ မင္းတို႔ သားအမိေၾကာင့္ ငါ့သားေသရတယ္"
“ေဖေဖ ကြၽန္မသမီးကိုဒီလိုမေျပာပါၾကနဲ႔ ေတာင္းပန္ပါတယ္”
မာမီက သူ႔နား႐ြက္ႏွစ္ဖက္ကို ပိတ္လိုက္သလိုလုပ္ေနေပမယ့္ သူအတိုင္းသားၾကားေနရ၏။
ဝွီ...
ဝွီ...
ဝွီ...
ဘယ္သူမွလည္း ဝီစီမမႈတ္ဘဲ ေမဦးေမာင္၏နားထဲမွာ ေနာက္ထပ္က်ယ္က်ယ္ေလာင္ေလာင္ၾကားရၿပီးတဲ့ေနာက္ ...
မာမီလည္းစကားေျပာေနတာပဲ အသံလည္းမထြက္ဘူး...
ဖိုးဖိုးဆို ေအာ္ေတာင္ေအာ္ေနတဲ့ပုံစံနဲ႔ကိုျဖစ္ေနတာကိုျမင္ရေပမယ့္ အသံလည္းမထြက္ဘူး....
မမSweetဆို ငိုေနတာေလ အသံလည္းမထြက္ျပန္ဘူး....
ထို႔ေၾကာင့္ သူတို႔ကို ရပ္ၾကည့္ေနေသာမ်က္ႏွာငယ္ေလးနဲ႔ေမဦးေမာင္သည္ သူ႔ပါးစပ္ကိုဖြင့္၍.....
“အာ အာ.."
ငါ့အသံလည္း ငါမၾကားရဘူးပဲ...။
ထပ္ေျပာၾကည့္အုံးမွ...
“အာ အာ ေမဦးေမာင္!!!”
❣️
❣️
❣️
❣️
❣️
တံခါးေစ့ထား႐ုံနဲ႔ ေစ့ထားသည့္အခန္းထဲဝင္လာလွ်င္ သူ႔ေစာင္ကိုခြဖက္ၿပီးအိပ္ေပ်ာ္ေနေသာ ေမဦးေမာင္....
သူထိုးမိတုန္းက နာလို႔မ်က္ရည္က်ရမယ့္အစား မဲ့ၿပဳံတစ္ခုသာ လုပ္တတ္ေတာ့သည့္အက်င့္ရွိသည့္ကေလး....
နားမၾကားခဲ့တုန္းက ဝမ္းနည္းၿပီးနာက်င္စရာေတြခံစားရၿပီး ငိုရင္ေျပးခိုလႈံစရာမရွိခဲ့ေသာ အခ်ိန္မွာသူငယ္ခ်င္းျဖစ္သူႏႈိင္းစြယ္ေတာ္က သူမအတြက္ အားကိုရာ ပခုံးတစ္ဖက္ျဖစ္ခဲ့ေပးသည္။ နား႐ြက္တစ္ဖက္ျဖစ္ေပးခဲ့သည္။
ဘယ္သူတစ္ဦးတစ္ေယာက္ရဲ႕အေရွ႕မွာမွ မ်က္ရည္မက်ေအာင္ ႀကိတ္မွိတ္ခံၿပီးရင္ ႏႈိင္းေရွ႕မွာဆိုမွ မ်က္ရည္ဖြင့္ခ် က်တတ္သည့္သူ႔ကေလး....
ေမြးေန႔မွာ မေပ်ာ္ေတာ့သည့္ သူ႔ကေလး......
စေတြ႕ထဲက တိတ္တခိုးရင္ခုန္ရခဲ့ေသာ Mulletဆံပင္ေလးကို တို႔ထိၾကည့္လွ်င္ သူ႔ရင္ထဲမွာ ေအးသြား၏။
မင္းအေၾကာင္းေတြကိုသိလာရတဲ့အခါ ကိုရင္ကြဲသလိုခံစားေနရတယ္လို႔ေျပာရင္ မင္းခံစားခဲ့ရတဲ့ ခံစားခ်က္ရဲ႕ ေျခဖဝါးေအာက္က ျမဴတစ္မႈန္စာေတာင္မရွိေနဘူးဆိုတာ နားလည္တယ္ကေလး.....
မ်က္ခုံးေမႊးနက္နက္ေလး ဆင္းရာအတိုင္း ဖြဖြေလး တို႔ထိေ႐ြ႕လ်ားသြားကာ နားသယ္စပ္ကိုအေရာက္တြင္ နား႐ြယ္ဖ်ားရဲရဲေလးက ခ်စ္စရာေလး.....
နားသယ္မွစိမ္းျမေနေသာနားသယ္ေမႊးေလးကိုဖယ္ရွားလိုက္တာနဲ႔အတူ အသားအိအိေလးနား႐ြယ္ဖ်ားေလးတြင္ တန္းေနေသာစိန႔္ပြင့္ေလးသုံးပြင့္နဲ႔အတူ လက္ခနဲ႔ေတြ႕လိုက္၏။
ဒီနား႐ြယ္လွလွေလးက သူ႔ရဲ႕စကားေတြကို ဘယ္ေတာ့မွမၾကားႏိုင္ေတာ့ဘူးတဲ့.....
ထိုနား႐ြက္ဖ်ားေလးကို ခပ္ဖြဖြေလးနမ္းကာ အသက္ေအာင့္၍ သက္ျပင္းခ်ေနမိ၏။
ႏႈိင္းစြယ္ေတာ္က မင္းရဲ႕နား႐ြက္တစ္ဖက္ဆို ေနာက္တစ္ဖက္ကကိုျဖစ္ပါရေစ ကေလး။
ဦးေမာင္တစ္ေယာက္ထဲမအိပ္ရတဲ့အေၾကာင္းက သူတစ္ေယာက္သာ သူ႔ဒယ္ဒီရဲ႕ေနာက္ဆုံးပုံရိပ္ကို ျမင္ခဲ့တာမို႔ပဲတဲ့......
ကားလည္းမေမာင္းရဲေတာ့သည့္ကေလးတဲ့.....
❣️
❣️
❣️
❣️
❣️
လာမယ္လို႔အာေခ်ာင္သြားၿပီး မလာတဲ့ကိုကိုတို႔လင္မယားႏွစ္ေယာက္မေရာက္လာေသးသျဖင့္ ဦးေမာင္နဲ႔ႏႈိင္းမွာ ကိုယ္မသိတဲ့သူစိမ္းအိမ္မွာ ေသာင္တင္ေနရတာကို စိတ္ပ်က္ေနၿပီ....
သူတို႔မိသားစုသုံးေယာက္က ေဖာ္႐ြယ္ေနေပမယ့္ ကိုယ္ေတြက ဒီလိုေဖာ္႐ြယ္မႈေတြနဲ႔က အသားမက်ႏိုင္။ အိမ္မွာဆို တက်က္က်က္ျဖစ္ေနက်ဆိုေတာ့....
“ကိုေနမီး ကြၽန္ေတာ္တို႔ဒီေန႔ျပန္ေတာ့မယ္ေနာ္”
“ႏႈိင္းက သူ႔မိန္းမရွိလို႔ သူ႔အိမ္သူျပန္ေပမယ့္ မင္းက ဘယ္ကိုျပန္မွာလဲ"
သူ႔အေမနဲ႔အေဖရွိေနတဲ့ၾကားမွာ အေျပာခံလိုက္ရေတာ့ ေဒါသကနည္းနည္းေလးေထာင္လာ၏။ လူၾကားထဲမွာသူ႔ဆိုဖဲ့ၿပီး ကိုေနမီးတို႔က.....
သူတို႔မိသားစု မနက္စာအစာေျပဝိုင္းမွာ သူစိမ္းရွိေနသည္မို႔ အစားအေသာက္က အလွ်ံအပယ္နဲ႔ကို ေကြၽးတာ....
“ကြၽန္ေတာ့္မွာ အသိေတြေပါတယ္ေလ တစ္အိမ္အိမ္မွာေတာ့”
“ကေလးက ဘယ္လိုျဖစ္လို႔ အန္ကယ္နဲ႔ကေတာက္ကဆျဖစ္သြားလဲကြယ္”
တစ္ခ်ိန္လုံးတိတ္ဆိတ္ေနေသာ ကိုေနမီး၏အေဖေၾကာင့္ ဦးေမာင္မွာမျဖစ္မေနေျဖရေတာ့မည္။ထိုအခါ ႏႈိင္းကိုၾကည့္မိလွ်င္ ႏႈိင္းက ေခါင္းညိတ္ေနေသာေၾကာင့္......
“ဟို...... ကြၽန္ေတာ္ ကြၽန္ေတာ့္ကို...”
တစ္ေယာက္ေယာက္ကို ရွင္းျပေနဖို႔ သူ႔မွ အက်င့္မရွိသျဖင့္ အာေခါင္မွာ စကားလုံးေတြက တစ္ေန၏။
“ကိုေမးမယ္ မင္းလုပ္လား မလုပ္ဘူးလား”
ဦးေမာင္မွာ ေျဖရခက္ေနေသာေၾကာင့္ ေနမီးကေမးလွ်င္ ကေလးေခါင္းခါေသာေၾကာင့္ သူသက္ျပင္းခ်ကာ....
“ေနာက္မွ ကြၽန္ေတာ္ေဖေဖကို အေၾကာင္းစုံရွင္းျပမယ္။ ေလာေလာဆယ္ ႏႈိင္း မင္းကအိမ္ျပန္ၿပီး လုပ္သင့္ရမယ့္အရာကိုလုပ္၊ ယဥ္သူမ်ိဳးကို သူ မင္းကို အားကိုးရတဲ့ခင္ပြန္းတစ္ေယာက္အျဖစ္ ႀကိဳးစားျပလိုက္ပါ။ မင္းက ရင့္က်က္သင့္ၿပီ......
ဒီေကာင္ကိုေတာ့ ငါတာဝန္ယူမွာမို႔လို႔ သူ႔ရဲ႕ Pillowကို ငါ့ဆီလႊဲထားလိုက္"
“ ေဟး... ဘာလို႔ ခင္ဗ်ားကကြၽန္ေတာ့္ကို တာဝန္ယူရမွာလဲ ေယာက္်ားအခ်င္းခ်င္းကိုဗ်ာ"
ေမဦးေမာင္ရဲ႕စကားေၾကာင့္ မိသားစုစားပြဲဝိုင္းမွာ သူ႔မ်က္ႏွာပ်က္သြားရေနရင္းနဲ႔ ဂ႐ုမစိုက္ဘဲ ဦးေမာင္သည္....
“အဲ့ဒီPillowလိုမ်ိဳး ႏႈိင္းဆီကလြဲ ကြၽန္ေတာ္ဘယ္သူ႔ကိုမွ ခြင့္မျပဳေပးႏိုင္ဘူး"
ဒီPillowေလးမွာ သူနဲ႔ႏႈိင္းၾကားကျဖစ္တည္လာတဲ့သံေယာဇဥ္က နည္းတာမွမဟုတ္တာ။
တစ္ေယာက္ေယာက္ကို လွည့္မၾကည့္ဘဲ ေခၚမွန္းသိရေအာင္ လုပ္ေပးထားတဲ့ႏႈိင္းရဲ႕ အေခၚအေဝၚကို သူတစ္ျခားတစ္ေယာက္ကိုမေပးႏိုင္ဘူး။
ႏႈိင္းလိုလည္း သူ႔ကိုအျမင္ၾကည္ေပးၿပီး သူ႔ကို နားလည္ေပးႏိုင္မွာ မဟုတ္ဘူး။
စိတ္ဆိုး၍ထြက္သြားသည့္ေနာက္ေက်ာကို သူအမွီေျပးလိုက္ကာ....
“မင္းရဲ႕ နား႐ြက္တစ္ဖက္ကို ကိုျဖစ္ခ်င္တယ္ ေမဦးေမာင္... မင္းမိန္းကေလးပဲျဖစ္ျဖစ္ ေယာက္်ားေလးလိုပဲေနေန ကိုမင္းကိုခ်စ္တာမို႔ ကို႔ကို အားကိုးေပးဖို႔ေတာင္းဆိုပါရေစ”
“ဟင့္အင္း ဘယ္သူ႔ကိုမွအားကိုးဖို႔အတြက္ဆိုၿပီး ေမဦးေမာင္က ဒီေန႔ဒီအခ်ိန္ထိ အသက္ရွင္ျဖစ္တည္ေနတာမဟုတ္ဘူး"
“ကို အဲ့လိုေျပာေနတာမဟုတ္ဘူး ကေလး... မင္းရဲ႕ျဖစ္တည္မႈကို ကိုခ်စ္ျမတ္ႏိုးတယ္ မင္းဘာပဲလုပ္လုပ္ ကိုခ်စ္တယ္ ကိုက မင္းလိုအပ္ေနတဲ့ႏႈိင္းလိုမ်ိဳး မင္းကိုေႏြးေထြးမႈေပးႏိုင္တဲ့ ေနာက္ထပ္လူမ်ိဳးျဖစ္ခ်င္တယ္။ ကို႔ကိုခြင့္ျပဳေပးပါ ဦးေမာင္"
“ဟင့္အင္း... မေပးႏိုင္ဘူး..... တစ္ေယာက္ေယာက္ကို အားကိုးဖို႔ မာမီမသင္ေပးထားဘူး။ကြၽန္ေတာ္ဒီလိုမလုပ္ရင္ အေဝးမွာရွိေနတဲ့မာမီကဘယ္ေတာ့မွ ကြၽန္ေတာ့္ကို စိတ္ခ်ေနမွာမဟုတ္ေတာ့ဘူး ကြၽန္ေတာ္မိန္းကေလးျဖစ္ေနရင္ သူစိတ္ပူေနလိမ့္မယ္ ဒါေၾကာင့္ကြၽန္ေတာ္သန္မာေနမွျဖစ္မယ္”
ဦးေမာင္၏ေပါက္ကြဲရင္ဖြင့္လာေသာအသံေၾကာင့္ သူ႔ရင္ခြင္ထဲစြဲသြင္းကာ တင္းတင္းၾကပ္ၾကပ္ကို ဖက္ထားမိကာ သူ႔တစ္ကိုယ္လုံးကေသြးေၾကာတို႔ပါ တုန္ခါေနသည္ထင္ ရင္နာလိုက္တာကေလးရယ္.....
“မင္းေနခ်င္သလိုေနလို႔ရတယ္ ကို႔ကိုမင္းအနားမွာ ေနခြင့္ေပးၿပီး မင္းေနခ်င္သလိုေနပါေနာ္.... ကိုဘာမွမေတာင္းဆိုဘူး မင္းနားမွာေနၿပီး မင္းကိုပဲခ်စ္ပါရေစ ကေလးရယ္ေနာ္”
“အခ်စ္ဆိုတာကို ေသျခင္းတရားနဲ႔တူလို႔ ကြၽန္ေတာ္အယုံအၾကည္မရွိဘူး။ ကြၽန္ေတာ့္ဘက္မွာ ႏႈိင္းကလြဲၿပီးမရွိဘူးကိုေနမီး"
အတိုင္းသားၾကားေနရေသာ စကားေၾကာင့္ လူႀကီးႏွစ္ေယာက္မွာ စိတ္မေကာင္းျဖစ္ေနၾကကာ အသံလည္းတိတ္ေန၏။
မိဘေမတၱာဓါတ္ မိသားစုေႏြးေထြးမႈဓါတ္လိုအပ္ေနေသာ ေမဦးေမာင္က ေမခ်စ္သူကိုကိုဆိုတဲ့သူတို႔သမီးရဲ႕သူငယ္ခ်င္းျဖစ္ေန႐ုံမက ေမတၱာလိုအပ္ေနခ်င္းလဲ အတူတူျဖစ္ေနၾကေသာေၾကာင့္ ကိုယ္ခ်င္းစားမိ၏။
ဒီကေလးကို ကိုယ့္သားက ေမတၱာရွိေနေသာေၾကာင့္ သူတို႔လူႀကီးေတြကလည္း ဒီကေလးရဲ႕ရင္ထဲကအျပစ္ရွိတယ္လို႔ ခံစားေနရတဲ့ဒဏ္ရာကို နားလည္ေပးဖို႔ႀကိဳးစားၾကည့္ရအုံးမွာေပါ့ေလ.....
ကိုယ္ေတြလိုလူႀကီးေတာင္ ဒီလိုစိတ္ဒဏ္ရာမ်ိဳးမရခဲ့ဖူး၍ မသိေပမယ့္ စိတ္ဒဏ္ရာရေနတဲ့ကေလးကိုဒီအတိုင္းမျပစ္ပယ္ႏိုင္....
“ကေလးရယ္ ဘယ္လိုဒဏ္ရာေတြရခဲ့လို ေသျခင္းတရားဆိုတဲ့ဒီစကားေတြေတာင္ ငယ္ငယ္ေလးနဲ႔ေျပာထြက္ႏိုင္ရတာလဲကြယ္”
မားက ကေလးကို သူ႔ဆီကယူလိုက္ၿပီး အေမက သမီးတစ္ေယာက္ကို ေပြ႕ဖက္ထားသလိုမ်ိဳးနဲ႔ႏွစ္သိမ့္ေပးေနလွ်င္ ဦးေမာင္သည္ မာမီကိုပို၍သတိရလာကာ ထိုအန္တီ၏ရင္ခြင္ထဲ အသံတိတ္ငိုပါေတာ့၏။
“ဒယ္ဒီက ကြၽန္ေတာ္ေၾကာင့္ေသရတယ္လို႔ ေျပာၾကတယ္ သူ႔သားကိုကြၽန္ေတာ္သတ္လို႔ေသရတယ္တဲ့....”
ရင္ထဲမွာရွိေနေသာအစိုင္အခဲကို ဖြင့္အံထုတ္၍ငိုရင္းေျပာကာ ရင္ထဲမွာေပါ့မလာပဲပို၍သာ အံႀကိတ္၍ငိုေႂကြးေနမိ၏။
“ဟင့္...ဟင့္.."
တစ္ဆက္ဆက္တုန္ေနေသာကေလးရဲ႕ေက်ာေလးကို မားကႏွစ္သိမ့္ေပးေနတာကို သူေကာ ေဖေဖေကာ ႏႈိင္းပါ စိတ္မေကာင္းျဖစ္ရၿပီး ႏႈိင္းကေတာ့ အတြင္းသိ အဆင္းသိသူပီပီ အတိတ္ေတြကိုျပန္ျမင္ေယာင္လာကာမ်က္ရည္လိမ့္ဆင္းက်လာ၏.....
“ကေလး အိမ္မျပန္ခ်င္ဘူးဆိုလည္း အန္တီတို႔ဆီမွာ ႀကိဳက္သေလာက္ေန အန္တီကကေလးကို သားလိုလည္းခ်စ္ေပးမယ္ သမီးေလးလိုလည္းခ်စ္ေပးမယ္ ဟုတ္ၿပီလား။
အန္တီဆီမွာကသန္မာေနဖို႔လည့္မလိုဘူး ကိုယ့္ရဲ႕စိတ္ရွိတဲ့အတိုင္းေနတတ္သလိုသာေန။ ဒါေပမယ့္ ကေလးရဲ႕ ကိုႀကီးေနမီးရဲ႕စကားေတြကိုေတာ့ နားေထာင္ေပးလိုက္ပါေနာ္.... သားက ကေလးကိုအရမ္းခ်စ္မွန္း ကေလးလည္းခံစားမိတယ္မလား”
“ဟုတ္"
မားက ကေလးရဲ႕မ်က္ႏွာေသးေသးေလးဆီက မ်က္ရည္ေတြကို သုတ္ေပးရင္း ေခ်ာ့၍သိမ္းသြင္းလွ်င္ ကေလးက ေခါင္းညိတ္ေပးရွာ၏။ မိခင္ေမၱာလိုအပ္ေနသည့္ကေလး။ ေႏြးေထြးမႈကို လိုအပ္ေတာင္းတေနသည့္ကေလး...
မားတို႔ေရွ႕မွာသာ အလြယ္တကူေခါင္းညိတ္ေပးၿပီး ေနာက္ကြယ္မွာ သူ႔ကိုျငင္းဆန္သြားႏိုင္ေသာေၾကာင့္....
“ႏႈိင္း မင္းငါ့ကို ဝိုင္းေျပာေပးအုံးကြာ"
ဒီကေလး သူ႔ကိုခ်စ္ေနၿပီဆိုတာသိေပမယ့္ သူ႔ကိုျငင္းမွာကို အရမ္းေၾကာက္ေနမိျပန္၏။
“တေလာကလုံးကလူေတြ မင္းကိုအျပစ္တင္ေနရင္ေတာင္ ကိုေနမီးက မင္းမွန္တယ္လို႔ ကာကြယ္ေပးမယ့္လူမ်ိဳးပါ ဦးေမာင္.....
ငါလည္း မင္းကိုမစြန႔္လႊတ္ဘူး အဲ့တာဘယ္ေတာ့မွမေျပာင္းလဲတဲ့ ငါနဲ႔မင္းရဲ႕ၾကားက ခ်စ္ျခင္းတရားပဲ။ သူလည္း မင္းကိုဘယ္ေတာ့မွ စြန႔္ပစ္သြားမယ့္ လူမဟုတ္ဘူးဆိုတာ မင္းငါ့ကိုယုံၾကည္သလိုမ်ိဳး ငါလဲသူ႔ကို ယုံၾကည္တယ္ သူမင္းကို ခ်စ္ေနတာကို ခံစားမိတယ္ဆိုရင္ သူ႔ကိုခ်စ္ၾကည့္ပါ မင္းမသန္မာလည္းရတယ္ ငါတို႔ မင္းကို ကာကြယ္ေပးမယ္”
ႏႈိင္းစကားနဲ႔ မားဆီကထြက္လာၿပီး သူ႔ကိုပိုတိုးၿပီးဖက္လာသျဖင့္ သူေပ်ာ္သြားသလို ဦးေမာင္ေခါင္းကို ပုခုံးေပၚတင္ကာ တင္းတင္းျပန္ဖက္ထား၍....
“ခ်စ္တယ္ ကို႔ကေလးရယ္ ကို႔ကိုခ်စ္မွရေတာ့မယ္ေနာ္ ႏႈိင္းေကာ မားေကာေျပာတာ ၾကားတယ္မလား"”
“ကိုေနမီး"
“အင္း ေျပာ”
“ကိုေနမီး... ခင္ဗ်ားကို ကြၽန္ေတာ္ ရင္မခုန္ႏိုင္ေသးဘူး ဒါေပမယ့္ ခ်စ္မွရမယ္ဆိုေတာ့လည္း ခ်စ္ၾကည့္မယ္ ရတယ္မလား ”
မ်က္ေမွာင္ေလးက်ဳံ၍ ဆိုေနေသာပုံရိပ္က ဘယ္ေလာက္အူယားစရာေကာင္းေနတာပါလိမ့္.....
“လုံးဝေနာင္တမရေစရဘူးကေလး ကိုကတိေပးတယ္”
မားနဲ႔ႏႈိင္းရဲ႕တို႔ႏွစ္ေယာက္ရဲ႕အင္အားေၾကာင့္ သူသည္ ေမဦးေမာင္ရဲ႕လက္ခံမႈကို ရပါေတာ့၏။
PART 16ဆက္ရန္.......
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
ဒီအပိုင္းကိုေရးတာ ဦးေမာင္ေၾကာင့္ တစ္ေန႔ကုန္ထမင္းမစားျဖစ္တာနဲ႔တစ္ညလုံးမအိပ္လိုက္ရဘူး....
တေယာက္ထဲႀကိတ္ငိုေနခဲ့တာ ဦးေမာင္ကိုသနားလြန္းလို႔.....
ဒါေၾကာင့္ ေရွ႕ဆက္ဝမ္းနည္းစရာေတြမရွိေအာင္ ေနမီးကို ဂ႐ုစိုက္ခိုင္းေတာ့မယ္....
Drabin-one