PART 14❣️
“ရှိတယ်"
“ရှိတယ်ဆိုပြောလေ"
“ကိုကိုပြောပြရင် ကိုကို့ယက ကိုကို့နေမီးကို မပြောပြရဘူးနော်"
“ပြောပါဆို ကိုသိမှဖြစ်မယ် ဒါမှဒီကောင်ရဲ့ အားနည်းချက်ကိုကိုင်ပေါက်ပြီး ရောက်လေရာအရပ်မှာ မင်းအစ်ကိုကိုအနိုင်ယူရမယ်၊ ငါ့အလှည့်တုန်းက အတော်ခံလိုက်ရတာ"
“ကြည့် စိတ်ပုပ်ပြီး "
“ပြောပါဆိုနေ မိန်းမကလည်း”
သူ့ပေါင်ပေါ်ထိုင်နေသော သူ့မိန်းမ၏လည်တိုင်ပေါ်အနမ်းတွေဖြန့်ကျက်နေရင်းနဲ့ နေမီးနဲ့ ဦးမောင်ကြားက လျှို့ဝှက်ချက်ကို သိချင်နေကြ၏။
ကျန်တဲ့ကောင်ဆို စိတ်ဝင်စားလား မဝင်စားလားဆို အပ်ကျသံတောင်မကြားဘူး အသံတိတ်ချက်နဲ့ သစ်ကုလားအုတ်လည်ပင်တွေနဲ့.....
နေမီးက တစ်ချိန်လုံးရုပ်တည်နဲ့ နေသောကြောင့် အားနည်းချက်မရှိဘူးထင်နေတာ ကိုကိုက မေဦးမောင်နဲ့နေမီးကြားမှာ တစ်ခုခုရှိတယ်ပြောလာသောအခါ သိချင်စိတ်တွေက ဟန်မဆောင်နိုင်။
“မောင်ရဲ့ အချစ်ဦးက ကိုကြီးလေ"
“ဟေ.....ဘယ်လို သူကမိန်းကလေးတွေကိုပဲ ကြိုက်တာမဟုတ်ဘူးလား"
အကုန်လုံးက အာမေဋိတ်တွေသံတွေထွက်လာလျှင် ကိုကိုမှာ ရယ်နေမိ၏။
“မဟုတ်ပါဘူး ကိုကိုမှတ်မိသေးတယ် ငယ်ငယ်တုန်းက လေးတန်းတုန်းကလားပဲ... ကိုကို့ဆီကို ကိုကြီးလာပြီး စာအုပ်အသစ်လာပေးတုန်းက ကိုကို့ဘေးမှာ ဦးမောင်ရှိတယ်လေ.... ကိုကို့ရဲ့ အစ်ကိုမှန်းသိသွားတဲ့နေ့ကစပြီး ဦးမောင်ကကိုကြီးရှိတဲ့ အတန်းမှာ သွားသွားချောင်းနေလို့ အတန်းပိုင်တီချယ်နဲ့အဆူခံထိသေးတယ်။ ကလေးပဲရှိသေးတာကို အတန်းကြီးဘက်သွားလို့ဆိုပြီးတော့”
“အဲ့လိုတွေရှိခဲ့တာလား ဒါကို နေမီးမသိဘူးလား မိန်းမ"
“မသိဘူး ကိုကြီးက ရန်ကုန်ရောက်သွားပြီး မကြာဘူးဦးမောင်နဲ့သူ့အဖေ အက်စီးဒန့်ဖြစ်သွားတဲ့နောက် ဦးမောင်စပြီးပြောင်းလဲသွားတာပဲလေ"
“ငါ့တုန်းက ငါ့ကိုမတူဘူး မတန်ဘူးတွေပြောခဲ့တဲ့ကောင် ကို့ယ်ကိုCrushခဲ့ဖူးတဲ့လူကို တပြန်ပြန်လိုက်နေတာ ခံစမ်း နေမီးပုံတို့”
မင်းယထိုသို့ပြောလျှင် အားလုံးကသဘောကျ၍ရယ်နေတဲ့အချိန်မှာပဲ နေမီးနဲ့ဦးမောင်တို့နှစ်ယောက်က အပြင်ကပြန်လာပြီး ကြောင်တောင်တောင်ရပ်ကြည့်နေ၏။
ထိုကြောင့် မင်းယဟာ ခပ်တည်တည်ပဲသူ့အစ်ကိုအရှေ့မှာ သူ့ညီမကိုမွှေးကြူလိုက်ပါတော့၏။
“ဒါကြောင့် ငါ့မိန်းမကို တအားချစ်တာဟွန့်...ဟွန့်... ဟွန့်...”
❣️
❣️
❣️
❣️
❣️
“ငါသေပြီ မေဦးမောင်”
လေးတန်းအရွယ်ကလေးက သေမယ့်အကြောင်းပြောရင်တော့ အခြားတော့မဟုတ် စာနဲ့ပတ်သက်ပြီး အပြစ်ရှိလို့သာ ဒီလိုဆိုနိုင်သည့်အရွယ်ကလေးတွေဖြစ်၏။
မနက်ကပဲကျောပိုးအိတ်ထဲကိုထည့်လာသည့် သူမအကြိုက်ဆုံးစာအုပ်တံဆိပ်ဖြစ်တဲ့စာမျက်နှာ200ပြည့် Top Choiceနက်ပြာရောင်စာအုပ်က အခုဘယ်ကိုခုန်ပေါက်ပျောက်သွားရသွားလဲ။
သင်္ချာစာအုပ်အဖြစ်ရည်ရွယ်ထားတာပျောက်သွားပြီး။ဆရာမလာရင် စာအုပ်မပါရင်လည်း အဆူခံရအုံးမည်။
“ငါ့စာအုပ်အသစ်မရှိတော့ဘူး မေဦးမောင်”
“ဟင့်...ဟင့်...”
အဆူခံရတော့မည်ဆိုတာကို ကြိုသိနေလျှင် ကြောက်စိတ်ကဝင်လာပြီး ကိုကိုမှာထိုင်ငိုပါတော့၏။ မေဦးမောင်မှာလည်း သူငယ်ချင်းကစာအုပ်မပါလာလို့ ငိုနေတာကို မျက်နှာငယ်လေးနဲ့ ထိုင်ကြည့်နေပြီ သူလဲမျက်ရည်တွေဝဲနေပြီ.....
“တီချယ်လာရင် ငါနင့်ကို ဝိုင်းကူပြောပေးမယ်လေ မငိုနဲ့တော့နော်”
“ငါတီချယ်ကိုကြောက်တယ် ဟင့်..ဟင့်”
မေဦးမောင်လည်း ကြံရာမရတဲ့အဆုံး သူမစာအုပ်ကို ကိုကိုအရှေ့မှာပင် ပြတင်းပေါက်ကနေပြစ်ချလိုက်ပြီး အပြုံးမျက်နှာလေးနဲ့လှည့်ကြည့်လာပြီး.....
“ဒါဆို ငါ့မှာလည်းမပါတော့ဘူးနော် ငါတို့အတူတူဖြစ်သွားပြီနော် မငိုနဲ့တော့ ချစ် လိမ္မာတယ်”
တိခနဲ့တိတ်ကျသွားပြီး သူငယ်ချင်းမလေးရဲ့အပြုအမှုကို ပြူးပြူးလေးနဲ့ကြောင်ကြည့်နေစဉ် ကိုကြီးက သူမတို့ဆီရောက်လာသည်။
“ကိုကိုလေး”
ကိုကြီးအသံကြောင့် တံခါးပေါက်ဝကို နှစ်ယောက်ပြိုင်တူကြည့်မိလျှင် ကိုကို့ရဲ့နေမီးကို စာအုပ်တစ်အုပ်နဲ့အတူ တွေ့လိုက်၏။
“ကိုကို့နေမီး”
“မနက်ကစာအုပ်ကျန်ခဲ့တယ်မလား ရော့"
သူ့ညီမရဲ့ခေါင်းကဆံပင်တွေကို ဖွပစ်ပြီး စာအုပ်ပေးနေစဉ် သူ့ညီမဘေးက ကောင်မလေးတစ်ယောက်က သူ့ကိုပြူးကြည့်နေသဖြင့် ရယ်ပြလိုက်လျှင် ပြန်ရယ်ပြလာတော့ ချစ်စရာကောင်းသားဟု တွေးမိ၏။
ကိုကိုကစာအုပ်ရသွားလို့ပျော်နေပေမယ့် မေဦးမောင်ရဲ့စာအုပ်ကတော့ ကျောင်းအောက်ထပ်ကမြေပြင်ပေါ်ကို ကျရောက်သွားပြီမလား...
“ကိုကို့နေမီး သူ့စာအုပ်ကျောင်းအောက်ပြုက်ကျသွားပြီး သွားကောက်ပေးပါလားဟင်”
“ဟမ် ဟုတ်လား ကိုကြီးကောက်ပေးမယ် ခဏစောင့်”
ကိုကြီးထွက်သွားသည့်နောက်ကျောပြင်လေးကို ဦးမောင်က လိုက်ငေးနေ၏။
“အဲ့ဒါ ဘယ်သူလဲဟင်”
“ငါ့အစ်ကိုလေ”
ဪ......
ငါလည်း စာအုပ်ကောက်ပေးတဲ့အစ်ကိုလိုလူမျိုး အစ်ကိုတစ်ယောက်လိုချင်လိုက်တာ...
ထိုနေ့ကစ၍ မေဦးမောင်တို့ဟာ သူ့ထက်လေးနှစ်ကြီးသော ရှပ်လက်ရှည်အဖြူကို အစိမ်းရင့်ရောင်ယောပုဆိုးနဲ့ကိုကိုရဲ့ ကိုကို့နေမီးရဲ့မင်းသားလေးကို သွားသွားချောင်းပါတော့၏။
ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ မုန့်စားနေတဲ့ ကိုကိုရဲ့အစ်ကိုက ဘာလို့ ပြုံးလိုက်ရင် ငါကလိုချင်သွားရတာလဲ....
သူက ငါ့အစ်ကိုလည်းမဟုတ်ဘဲနဲ့......
❣️
❣️
❣️
❣️
❣️
မနေ့ညက ဦးမောင်ရဲ့ငိုသံကြောင့် ညတွင်းချင်း ရန်ကုန်ကိုလာခဲ့ရကာ ဦးမောင်နေနေသည့် ကိုနေမီးရဲ့အိမ်ကို သူ့မှာမျက်နှာပူပူနဲ့ရောက်ချလာရသည်။
မနဲ့သူ လက်ထပ်သွားပြီးနောက် ကိုနေမီးကိုတစ်ခေါက်မှလာမတွေ့သလို တောင်းပန်ရမှာကိုလဲ အခုထိမလုပ်ရသေး။
ကားပါကင်ကနေ ဦးမောင်အဆင်းကို ရင်ခုန်ပြီးထိုင် စောင့်နေ၏။ ကိုနေမီးမပါပါစေနဲ့ဟုသာ ဆုတောင်းနေမိ၏။
သူ့ဆုတောင်းကမပြည့်လာပါ။ ဒါပေမယ့် ထူးဆန်းနေတဲ့ အခြေအနေကိုတော့ သူမမှိတ်မတုတ်ကြည့်နေမိ၏။
ရုတ်တရက်တစ်ခုပဲ ခေါင်းထဲဝင်လာ၏။
ကိုနေမီးရဲ့ အကြံအစည်နဲ့များ သူမိန်းမရသွားတာပဲလားဟု....
မြင်လိုက်ရသောပုံရိပ်ကြောင့်ပဲ.....
သူ့ကုပ္မဏီကိုသွားဟန်ပြင်ထားသောအပြင်အဆင်နဲ့ အဖြူရောင်ရှပ်လက်ရှည်မှာ နက်ပြာရောင်နပ်တိုင်ကိုတပ်ထားပြီး ကုတ်ကတော့ ဦးမောင်ပခုံးကိုမဖက်ထားသော လက်တစ်ဖက်၌တင်ထား၏။
သူများတွေမြင်လိမ့်မယ် ညီအစ်ကိုလို့ သူကတော့ သိသည်။ ဒါဟာ ဘယ်လိုမှ ဘော်ဒါလိုလည်းမဟုတ်၊ ညီအစ်ကိုလည်းမဟုတ်ပါ...
“ဦးမောင်"
သူလှမ်းခေါ်လိုက်တော့မှ သူ့ကိုနှစ်ယောက်လုံးကမြင်သဖြင့် သူကားပေါ်ကနေဆင်းကာ ကိုနေမီးဆီကိုဦးတည်၍....
“ကျွန်တော် ကိုနေမီးကို တောင်းပန်စရာတွေရှိနေပါတယ် ဒီမှာတောင်းပန်လိုက်ရင် အစ်ကို့ကိုမလေးစားရာရောက်သွားမလားမသိဘူး ကျွန်တော်လက်ထပ်ပွဲနဲ့ အစ်ကို့ရဲ့နစ်နာသွားတဲ့အရာရာအတွက် တောင်းပန်ပါရစေ "
“ရတယ် ညီ.... အစ်ကိုလည်း ညီတို့ကြားမှာ ဘာတွေရှိလဲမသိလို့ ဒီလိုဖြစ်သွားရတာပဲ အချိန်ရတယ်မလား အစ်ကိုမင်းတို့ကို မုန့်ဝယ်ကျွေးမယ်"
သူ့ညီလိုသဘောထားသည့်အနေနဲ့ နှိုင်းနဲ့ဦးမောင် ကလေးနှစ်ယောက်ကို သူအလုပ်မသွားခင်မှာ တစ်ခုခုလုပ်ပေးချင်နေ၏။
“မင်းပဲစား ငါမစားတော့ဘူး ခဏကပဲ ပေါင်မုန့်သုံးခုနဲ့ကြိတ်ထားတာ ပြည့်နေပြီ"
“ ဘာပြည့်လဲ.... ပြီးရင် ကိုနေမီး ကျွန်တော်ဟိုကိတ်လေးစားရရင် စိတ်ကြည်သွားမှာ.... ကိုနေမီး ကျွန်တော်ဒီဖျော်ရည်သောက်လိုက်ရင် အိပ်ချင်စိတ်ပြေသွားမယ်... ကိုနေမီး ကျွန်တော်ဒါကို ရန်ကုန်ရောက်တုန်းစားရမှဖြစ်မယ်တို့ မင်းလုပ်နေအုံးမှာ...."
“ကျွန်တော့်မှာမှပိုက်ဆံမရှိတာ.... ခင်ဗျားပဲပြောတော့ မင်းတစ်ခုခုဖြစ်ရင် ဖုန်းလှမ်းဆက်လိုက် ငါလာခဲ့မယ်ဆိုပြီး အခုခင်ဗျားပိုက်ဆံနည်းနည်းထိတာနဲ့ ကျွန်တော့်ကိုနှင်ချင်နေပြီပဲ တော်သေးတာပေါ့ ငါ့သယ်ရင်းလေးအရောက်မြန်ပေလို့"
“ဦးမောင် အဲဒါဘာဖြစ်နေလဲ စောစောကအကောင်းကို ဒီလိုစနောက်တာတောင်မရဘူးလား"
“ခင်ဗျားပဲ ကျွန်တော့်ကိုအပြစ်ပြောနေပြီတော့"
“ငါ ဘယ်မှာအပြစ်ပြောလို့လဲ နောက်နေတာလို့ပြောနေတဲ့ဟာကို”
ဒီနှစ်ယောက်ကိုကြည့်ပြီး ဘယ်လိုမှ ဘော်ဒါလို သူမမြင်နိုင်တော့သဖြင့် ခေါင်းကိုခါရမ်းလိုက်၏။
ဒီဘဲကြီး ကွေးကွေးဂေးဂေးဖြစ်သွားပြီပဲ.......
“ကျွန်တော်နှိုင်းနဲ့ စကားပြောစရာရှိလို့ သွားတော့မယ် ညနေမှပြန်လာခဲ့မယ်”
“နှိုင်း မင်းကောဘယ်မှာနေနေလဲ”
သူငယ်ချင်းအတွက်နဲ့ ရောက်ချလာသောနှိုင်းနဲ့ကောင်းကောင်းမနှုတ်ဆက်ရသဖြင့် စိတ်ရင်းအတိုင်း မေးမိ၏။
“အမှန်က ကျွန်တော်က ဦးမောင်ရှိတဲ့နေရာမှာ နေမလို့ပါဘဲ အခုက ခင်ဗျားနဲ့သူနေနေတော့ ကျွန်တော်လည်းဖြစ်နိုင်ရင် အစ်ကို့ဆီမှာ...”
“အေး ငါ့ဆီမှာလာနေပါ ဒီမှာတော့မဟုတ်ဘူး ငါလည်းအိမ်ပြန်မှာဆိုတော့ အိမ်မှာနေကြရအောင်"
မင်းတို့နှစ်ကောင်ကို ငါ မားတို့အိမ်ကိုပဲ ပို့ပစ်မယ်.....
ဘယ်နှယ့် တစိတ်ရှိငါ့အိမ်ကိုမျက်စောင်းထိုးနေကျတာ အဆောင်မှတ်နေလားမသိဘူး။
ဟိုတယ်တွေပိုင်တဲ့ကောင်ရဲ့အိမ်မှာ လာကပ်နေကြသဖြင့် အရေးထဲစီးပွားရေးပျက်ကိန်းစိုက်တော့မလိုဖြစ်နေပြီ။
❣️
❣️
❣️
❣️
❣️
❣️
တစ်ယောက်ပခုံးကိုတစ်ယောက်တိုက်ပြီး အိမ်ထဲကို ဝင်ဖို့က လက်တွန့်နေကြ၏။
“မင်းလာလို့ ငါကွန်ဒိုက ကန်ချခံရတာ "
“မင်းအော်ငိုပြီးခေါ်လို့ငါလာရတာလည်း ထည့်ပြောအုံး"
“ဘာဖြစ်ဖြစ် အခုတော့ ဒီဘဲကြီး ငါတို့ကိုကန်ချလိုက်တာပဲလေ”
ဒါလား ဘဲကြီးက သူ့ကိုချစ်တယ်လို့ပြောနေတာ။ဟွန့် ရယ်စရာဟာသပဲ။
“မင်းနဲ့ဘဲကြီးက တအားခင်တာဆိုတော့ မင်းပဲအရင်ဝင်"
“မဟုတ်တာ မင်းက သူ့သတိုးသမီးကိုဖြတ်ခုတ်သွားတာဆိုတော့ မင်းပဲအရင်ဝင်"
“မင်းတို့ကနမ်းဖူးတာဆိုတော့ မင်းပဲဝင်"
“နမ်းတာက နမ်းတာပဲ မင်းပဲအရင်ဝင်"
“တွေ့လား တွေ့လား... ထင်သားပဲ မင်းတို့နှစ်ယောက်မရိုးသားဘူးဆိုတာ အဟက်.... ဘယ်လိုလဲ သူခိုးလူမိပြီး ခွေးကောင် ဦးမောင် မင်းနဲ့ဒီဘဲက ဘာအခြေအနေလဲပြောစမ်း ငါ့ကို”
ငြင်းနေရင်းနဲ့ နှိုင်း၏လူလည်ကျရောက်မှုကြောင့် ဦးမောင်မျက်နှာမှာ စတော်ပယ်ရီတစ်ခင်းစာ ပြန့်ကြဲလာတော့၏။
“ ဘာအခြေအနေမှမရောက်ဘူး အဲ့ဘဲနှုတ်ခမ်းကို ကြိုက်လို့ ငါလည်းမနေနိုင်ဘဲ နမ်းမိသွားတာကွာ ငါသူ့ကို မကြိုက်ပါဘူး"
“ဘာ မင်းက အရင်သွားနမ်းတယ်ပေါ့ဟုတ်လား?"
“အေးကွာ စိတ်မထိန်းနိုင်လို့ တော်သေးတယ် ငါအရင်တစ်ခါကလိုအထိုးမခံလိုက်ရလို့"
ယောက်ျားတစ်ယောက်ကို နမ်းဖူးသာဆိုလို့ ကိုနေမီးတစ်ယောက်ပဲရှိ၏။ မိန်းကလေးတွေကတော့ ပြောမနေနဲ့ သူလည်း မရယ်ထားလို့ မမှတ်မိတော့ဘူး။
“မင်း.... မိန်းမစိတ်ဝင်နေပြီလား”
“ဝင်စရာလား လီးကိုဝင်စရာလား”
နှိုင်းကစလိုက်ပေမယ့် ဦးမောင်က အတည်နဲ့ အသဲအသန်ငြင်းဆိုတော့၏။ မိန်းကလေးဖြစ်သွားမှာ အင်မတန်ကြောက်ရွံ့နေသည့် သူ့သူငယ်ချင်းပါပဲ.....
“မဖြစ်ဘူးဆိုလည်း ထားလိုက်တော့ မင်းအိမ်မပြန်ရင် သူ့အိမ်မှာနေရမှာဆိုတော့ မင်းနေနိုင်လား သူစိမ်းအိမ်မှာနေတတ်တာလည်းမဟုတ်ဘဲနဲ့ ဒါမဟုတ် ဟိုတယ်သွားကြရင်ကောင်းမယ် သူ့ဟိုတယ်မှာ သွားတည်းလိုက်ရင်...."
“ဘယ်မှသွားဖို့ စိတ်မကူးကြနဲ့ နှစ်ကောင်လုံး ဆင်းလာ ငါပြောစရာရှိလို့ခေါ်ထားတာ"
သူတို့နှစ်ယောက်ကားထဲမှာ အခြေအတင်စကားများနေတုန်း မနက်ထဲကထွက်သွားသည့်ကိုနေမီးပြန်ရောက်လာကာ တစ်ခါတည်း ရာဇာသံချလိုက်လေသည်။
နှစ်ကောင်လုံးကုပ်ကုပ် ကုပ်ကုပ်နဲ့ဝင်သွားရလျှင် အိမ်ထဲမှာ သူတို့မိသားစုတစ်ခုလုံးက ထိုင်နေကြသောကြောင့် ဦးမောင်နဲ့နှိုင်းမှာ အလိုလိုရောက်တဲ့နေရာမှာ ရပ်နေမိကြ၏။
နေမီးခါးနောက်က အင်္ကျီစကိုဆွဲထားသော ဦးမောင်။ဦးမောင်၏အင်္ကျီကို ဆွဲထားသည့်နှိုင်းဆွယ်တော်။ကိုယ့်အိမ်ကလူတွေနဲ့သာ အိမ်ကျယ်တာ သူများအိမ်ဆို ငြိမ်ဝပ်ပိပြားနေရော။သူ့အနောက်က နှစ်ကောင်က.....
မိန်းမရသွားတဲ့ကောင်ကလည်း အခုထိမရင့်ကျက်သေးပါလား......
“ဪ သားဧည့်သည်တွေ ရောက်လာပြီလား မားကမျှော်နေတာ ကလေးတွေလာကြလေ"
သူမနက်က မားတို့ကို အကျိုးအကြောင်းလှမ်းပြောထားရသေးသည်။ ဦးမောင်ကို သူဖိုးဖိုးဦးကျော်ဇင်မောင်တို့ဆီမှာ သွားတောင်းထားတဲ့အကြောင်းကို မသိသလိုနေပေးပြီး ဦးမောင်ကို သူတို့မိသားစုနဲ့ရင်းနီးစေပြီးမှ သူဖွင့်ပြောပြမည်ဟု။ ဘွားမရှိလို့တော်သေးသည်။ ဖွားက ဦးမောင်ကို သဘောမကျပေမယ့် သူကြောင့်မို့လို့သာ အလိုလိုက်ပေးရှာ၏။မားတို့ကဖွားထပ်မဆိုး။
ဒေါ်ရတနာပုံမှာလည်း သူမသားရဲ့ ချစ်နေရသော ကလေးကိုမြင်လျှင် နည်းနည်းသဘောမကျပေမယ့် ကိုယ်သိနေတဲ့အသိုင်းအဝိုင်းထဲက ကလေးမို့လို့ရယ် သားကပြောထားသောကြောင့် ထိုကလေးက ကိုကိုလေးရဲ့သူငယ်ချင်းအဖြစ်နဲ့သာ စောင့်ကြည့်နေမိ၏။
“မေဦးမောင်လေး ကလေးလာလေ ထိုင် ကိုကိုလေးနဲ့ သူငယ်ချင်းတွေဆို”
“ဟုတ်ကဲ့ဗျ”
“ဒီသားလေးရောလား”
နှိုင်းဘက်ကိုမေးလျှင် နှိုင်းကလည်း ပါးစပ်ကအာစေးနေသလိုနဲ့ ခေါင်းညိတ်ပြနေ၏။
ယဉ်ကျေးနေရတာ အဆင်မပြေနေ။ ငြိမ်ငြိမ်လေးထိုင်နေရတာလည်း ဖင်ကယားကျိကျိလိုပဲ ခံစားနေရသည်။
ယဉ်ကျေးခြင်း လိမ္မာခြင်းတွေက ကိုယ်နဲ့ဆန့်ကျင့်ဘက် အလာဂျစ်လိုမျိုးဖြစ်နေသောကြောင့် စိတ်ကအဆင်မပြေနေ။
“အန်တီက ကိုကိုလေးနဲ့အတူတူမနေဖူးတော့ သမီးရဲ့သူငယ်ချင်းတွေနဲ့လည်းမသိရှာဘူးကွယ် သားရဲ့သူငယ်ချင်းတွေက အိမ်လာနေကြဆိုတော့ ရင်းနှီးနေပြီးသားကွယ် အခုဆို သားသူငယ်ချင်းကိုတောင် သားမက်တော်ထားသေးတယ် ဟီး ဟင်း....."
အယ်...
နှစ်ကောင်သား တစ်ယောက်မျက်နှာတစ်ယောက်မကြည့်မိအောင် လက်ကိုပေါင်ပေါ်မှာ ကုပ်မိနေ၏။
ဒါဘာလဲ ဒါဘာလဲ သမီးရဲ့ သူငယ်ချင်းကိုလည်း ဒီအန်တီ အမျိုးတော်ချင်နေတဲ့သဘောလား...
သူ့ကိုကြည့်ပြီး ဘာကိုဆိုလိုနေမှန်းမသိသော အန်တီကို ကိုနေမီးများတစ်ခုခုပြောထားလားဟု သိချင်လာ၏။
‘အန်တီ ကျွန်တော်ယောက်ျားလေးပါ'ဟု ပါးစပ်ကပြောချင်တာ အာယားနေတာပဲ။
“ခဏနေကျရင် သမီးတို့လင်မယားနှစ်ယောက်လုံးလာကြမယ်ဆိုတော့ သူငယ်ချင်းတွေစုံတုန်း ပျော်ပျော်နေကြနော် လွတ်လွတ်လပ်လပ်နေ အန်တီတို့ရှိလို့ စိတ်ကြိုက်မပျော်ရဘူးဆိုပြီး အဲ့ဒီလိုပုံစံနဲ့ ကလေးတို့အိမ်ပြန်သွားရရင် အန်တီစိတ်ကောင်းမှာမဟုတ်ဘူး နော်"
“အာ ရပါတယ်အန်တီ သားတို့နေတတ်ပါတယ် သားတို့ပဲ ပြန်အားနာနေရမှာပါ ကိုနေမီးကိုဆီကိုလာတာ အလုပ်ရှုပ်ကုန်ပြီ"
”မရှုပ်ပါဘူးကွယ်... လူဆိုတာ အပေါင်းအဖော်တွေနဲ့အတူရှင်သန်ကြတယ်မဟုတ်လား လူငယ်သဘာဝအန်တီတို့နားလည်ပါတယ် နားကြအုံး ”
“သားနေမီး ကလေးတွေအတွက် အခန်းစီစဉ်ပေးလိုက်အုံး မားတို့အပြင်ခနသွားမယ်"
“အင်း”
ဟူး....
“စိတ်မောလိုက်တာ.... ငါ့မှာယောက္ခမရှိလို့ ကျေးဇူးပဲ ဦးမောင်”
အန်တီရတနာပုံနဲ့ စကားတစ်ခွန်းပဲပြောရသေးတဲ့နှိုင်းကတော့ မရှိတဲ့ယောက်ခမကို ကျေးဇူးတွေ ဇွတ်တင်နေပြီ.....
သူတို့ဘေးမှာနေပြီး သူတို့နှစ်ယောက်ကို ပြုံးပြုံးကြည့်နေသောနေမီးပုံကို ဦးမောင်မှာပိတ်ထိုးချင်နေတာတအားပဲ။
အန်တီရတနာပုံနဲ့ သူ့ကို ဘာကြောင့်ထိပ်တိုက်တွေ့ခိုင်းနေရတာလဲ။ လူက သူ့ကိုချစ်နေတာမှမဟုတ်တာကို။ မချစ်ဘူးလို့ပြောပြီးသားကို.....
“ခင်ဗျားဘာလို့ ကျွန်တော်တို့နှစ်ယောက်ကို ကွန်ဒိုမှာ မနေခိုင်းလဲ"
“အခန်းကျဉ်းလို့လေ”
အိပ်ခန်းနှစ်ခန်းတောင်ရှိတာကို ဘာကိုကျဉ်းလဲ။
ချွေးမလောင်းလေးရဲ့ ယောက်ျာဆန်နေပုံကို မြင်ချင်လို့တဲ့ မေဦးမောင်ရေ......
နှိုင်းအတွက် အခန်းတစ်ခုပေးပြီးမှ နေမီးသည် သူ့အခန်းဘက်ကို ဦးမောင်လက်ကိုဆွဲကာ ခေါ်လာပြီး အထဲကနေ တံခါးပိတ်လိုက်ပြီး ဒီနေ့ တစ်နေ့လုံးသူ့ကလေးကိုလွမ်းနေသောကြောင့် ကောက်ချီလိုက်ကာ ကုတင်ပေါ်တတ်လာ၍....
“ဒီနေ့ အလုပ်မှာစိတ်မရောက်ဘဲ မင်းကိုပဲတစ်ချိန်လုံးသတိရနေတာ ဦးမောင်”
“အဲ့တာ ခင်ဗျားအကြောင်းလေ ကျွန်တော့်ကိုလွှတ်ဗျာ”
မနက်ကနဲ့တောင်မတူတော့သည့်စိတ်အခြေအနေကြောင့် ဦးမောင်သူ့ကို စိတ်ဆိုးနေလားဟု တွေးမိလျှင်...
“ငါ့ကို စိတ်ဆိုးနေလား"
“ခင်ဗျားကို စိတ်မဆိုးပါဘူး ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက ချစ်သူလည်းမဟုတ်ဘူး ဘော်ဒါလည်းမဟုတ်ဘူးဖြစ်နေလို့ စိတ်ရှုပ်နေတာပါကိုနေမီး..... ခင်ဗျားကို ကျွန်တော်မချစ်ဘူးဆိုတာက ကျွန်တော်အတည်ပြောနေတာပါ... နမ်းတာကနမ်းတာပဲ”
”ကလေး မင်းတစ်ခုခုဖြစ်နေတယ်”
“ဘာမှမဖြစ်ဘူး ကျွန်တော် ယောက်ျားပါ မလိမ်တတ်ဘူး။ ဘယ်မှာလဲ ကျွန်တော့်အတွက် အခန်းက”
“မင်း ဒီအခန်းမှာနေ ကိုတစ်ခြားခန်းသွားမယ်”
သေချာတယ် သူ့ကလေးတစ်ခုခုဖြစ်နေပြီဆိုတာ......
မနေ့တုန်းကတောင် သူတို့နှစ်ယောက် ကြည်ဖြူခြင်းတွေနဲ့ နမ်းနေခဲ့ကြတာကို ဒီနေ့နှိုင်းရောက်လာမှသူ့ကို ခပ်တန်းတန်းနေဖြစ်နေတာ.....
ဘာဖြစ်သွားလဲဆိုတာ ငါ နှိုင်းကို မေးရမယ်...
PART 15ဆက်ရန်.....
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one
.
.
.
.
.
.
PART 14❣️
“ရွိတယ္"
“ရွိတယ္ဆိုေျပာေလ"
“ကိုကိုေျပာျပရင္ ကိုကို႔ယက ကိုကို႔ေနမီးကို မေျပာျပရဘူးေနာ္"
“ေျပာပါဆို ကိုသိမွျဖစ္မယ္ ဒါမွဒီေကာင္ရဲ႕ အားနည္းခ်က္ကိုကိုင္ေပါက္ၿပီး ေရာက္ေလရာအရပ္မွာ မင္းအစ္ကိုကိုအႏိုင္ယူရမယ္၊ ငါ့အလွည့္တုန္းက အေတာ္ခံလိုက္ရတာ"
“ၾကည့္ စိတ္ပုပ္ၿပီး "
“ေျပာပါဆိုေန မိန္းမကလည္း”
သူ႔ေပါင္ေပၚထိုင္ေနေသာ သူ႔မိန္းမ၏လည္တိုင္ေပၚအနမ္းေတြျဖန႔္က်က္ေနရင္းနဲ႔ ေနမီးနဲ႔ ဦးေမာင္ၾကားက လွ်ိဳ႕ဝွက္ခ်က္ကို သိခ်င္ေနၾက၏။
က်န္တဲ့ေကာင္ဆို စိတ္ဝင္စားလား မဝင္စားလားဆို အပ္က်သံေတာင္မၾကားဘူး အသံတိတ္ခ်က္နဲ႔ သစ္ကုလားအုတ္လည္ပင္ေတြနဲ႔.....
ေနမီးက တစ္ခ်ိန္လုံး႐ုပ္တည္နဲ႔ ေနေသာေၾကာင့္ အားနည္းခ်က္မရွိဘူးထင္ေနတာ ကိုကိုက ေမဦးေမာင္နဲ႔ေနမီးၾကားမွာ တစ္ခုခုရွိတယ္ေျပာလာေသာအခါ သိခ်င္စိတ္ေတြက ဟန္မေဆာင္ႏိုင္။
“ေမာင္ရဲ႕ အခ်စ္ဦးက ကိုႀကီးေလ"
“ေဟ.....ဘယ္လို သူကမိန္းကေလးေတြကိုပဲ ႀကိဳက္တာမဟုတ္ဘူးလား"
အကုန္လုံးက အာေမဋိတ္ေတြသံေတြထြက္လာလွ်င္ ကိုကိုမွာ ရယ္ေနမိ၏။
“မဟုတ္ပါဘူး ကိုကိုမွတ္မိေသးတယ္ ငယ္ငယ္တုန္းက ေလးတန္းတုန္းကလားပဲ... ကိုကို႔ဆီကို ကိုႀကီးလာၿပီး စာအုပ္အသစ္လာေပးတုန္းက ကိုကို႔ေဘးမွာ ဦးေမာင္ရွိတယ္ေလ.... ကိုကို႔ရဲ႕ အစ္ကိုမွန္းသိသြားတဲ့ေန႔ကစၿပီး ဦးေမာင္ကကိုႀကီးရွိတဲ့ အတန္းမွာ သြားသြားေခ်ာင္းေနလို႔ အတန္းပိုင္တီခ်ယ္နဲ႔အဆူခံထိေသးတယ္။ ကေလးပဲရွိေသးတာကို အတန္းႀကီးဘက္သြားလို႔ဆိုၿပီးေတာ့”
“အဲ့လိုေတြရွိခဲ့တာလား ဒါကို ေနမီးမသိဘူးလား မိန္းမ"
“မသိဘူး ကိုႀကီးက ရန္ကုန္ေရာက္သြားၿပီး မၾကာဘူးဦးေမာင္နဲ႔သူ႔အေဖ အက္စီးဒန႔္ျဖစ္သြားတဲ့ေနာက္ ဦးေမာင္စၿပီးေျပာင္းလဲသြားတာပဲေလ"
“ငါ့တုန္းက ငါ့ကိုမတူဘူး မတန္ဘူးေတြေျပာခဲ့တဲ့ေကာင္ ကို႔ယ္ကိုCrushခဲ့ဖူးတဲ့လူကို တျပန္ျပန္လိုက္ေနတာ ခံစမ္း ေနမီးပုံတို႔”
မင္းယထိုသို႔ေျပာလွ်င္ အားလုံးကသေဘာက်၍ရယ္ေနတဲ့အခ်ိန္မွာပဲ ေနမီးနဲ႔ဦးေမာင္တို႔ႏွစ္ေယာက္က အျပင္ကျပန္လာၿပီး ေၾကာင္ေတာင္ေတာင္ရပ္ၾကည့္ေန၏။
ထိုေၾကာင့္ မင္းယဟာ ခပ္တည္တည္ပဲသူ႔အစ္ကိုအေရွ႕မွာ သူ႔ညီမကိုေမႊးၾကဴလိုက္ပါေတာ့၏။
“ဒါေၾကာင့္ ငါ့မိန္းမကို တအားခ်စ္တာဟြန႔္...ဟြန႔္... ဟြန႔္...”
❣️
❣️
❣️
❣️
❣️
“ငါေသၿပီ ေမဦးေမာင္”
ေလးတန္းအ႐ြယ္ကေလးက ေသမယ့္အေၾကာင္းေျပာရင္ေတာ့ အျခားေတာ့မဟုတ္ စာနဲ႔ပတ္သက္ၿပီး အျပစ္ရွိလို႔သာ ဒီလိုဆိုႏိုင္သည့္အ႐ြယ္ကေလးေတြျဖစ္၏။
မနက္ကပဲေက်ာပိုးအိတ္ထဲကိုထည့္လာသည့္ သူမအႀကိဳက္ဆုံးစာအုပ္တံဆိပ္ျဖစ္တဲ့စာမ်က္ႏွာ200ျပည့္ Top Choiceနက္ျပာေရာင္စာအုပ္က အခုဘယ္ကိုခုန္ေပါက္ေပ်ာက္သြားရသြားလဲ။
သခ်ၤာစာအုပ္အျဖစ္ရည္႐ြယ္ထားတာေပ်ာက္သြားၿပီး။ဆရာမလာရင္ စာအုပ္မပါရင္လည္း အဆူခံရအုံးမည္။
“ငါ့စာအုပ္အသစ္မရွိေတာ့ဘူး ေမဦးေမာင္”
“ဟင့္...ဟင့္...”
အဆူခံရေတာ့မည္ဆိုတာကို ႀကိဳသိေနလွ်င္ ေၾကာက္စိတ္ကဝင္လာၿပီး ကိုကိုမွာထိုင္ငိုပါေတာ့၏။ ေမဦးေမာင္မွာလည္း သူငယ္ခ်င္းကစာအုပ္မပါလာလို႔ ငိုေနတာကို မ်က္ႏွာငယ္ေလးနဲ႔ ထိုင္ၾကည့္ေနၿပီ သူလဲမ်က္ရည္ေတြဝဲေနၿပီ.....
“တီခ်ယ္လာရင္ ငါနင့္ကို ဝိုင္းကူေျပာေပးမယ္ေလ မငိုနဲ႔ေတာ့ေနာ္”
“ငါတီခ်ယ္ကိုေၾကာက္တယ္ ဟင့္..ဟင့္”
ေမဦးေမာင္လည္း ႀကံရာမရတဲ့အဆုံး သူမစာအုပ္ကို ကိုကိုအေရွ႕မွာပင္ ျပတင္းေပါက္ကေနျပစ္ခ်လိုက္ၿပီး အၿပဳံးမ်က္ႏွာေလးနဲ႔လွည့္ၾကည့္လာၿပီး.....
“ဒါဆို ငါ့မွာလည္းမပါေတာ့ဘူးေနာ္ ငါတို႔အတူတူျဖစ္သြားၿပီေနာ္ မငိုနဲ႔ေတာ့ ခ်စ္ လိမၼာတယ္”
တိခနဲ႔တိတ္က်သြားၿပီး သူငယ္ခ်င္းမေလးရဲ႕အျပဳအမႈကို ျပဴးျပဴးေလးနဲ႔ေၾကာင္ၾကည့္ေနစဥ္ ကိုႀကီးက သူမတို႔ဆီေရာက္လာသည္။
“ကိုကိုေလး”
ကိုႀကီးအသံေၾကာင့္ တံခါးေပါက္ဝကို ႏွစ္ေယာက္ၿပိဳင္တူၾကည့္မိလွ်င္ ကိုကို႔ရဲ႕ေနမီးကို စာအုပ္တစ္အုပ္နဲ႔အတူ ေတြ႕လိုက္၏။
“ကိုကို႔ေနမီး”
“မနက္ကစာအုပ္က်န္ခဲ့တယ္မလား ေရာ့"
သူ႔ညီမရဲ႕ေခါင္းကဆံပင္ေတြကို ဖြပစ္ၿပီး စာအုပ္ေပးေနစဥ္ သူ႔ညီမေဘးက ေကာင္မေလးတစ္ေယာက္က သူ႔ကိုျပဴးၾကည့္ေနသျဖင့္ ရယ္ျပလိုက္လွ်င္ ျပန္ရယ္ျပလာေတာ့ ခ်စ္စရာေကာင္းသားဟု ေတြးမိ၏။
ကိုကိုကစာအုပ္ရသြားလို႔ေပ်ာ္ေနေပမယ့္ ေမဦးေမာင္ရဲ႕စာအုပ္ကေတာ့ ေက်ာင္းေအာက္ထပ္ကေျမျပင္ေပၚကို က်ေရာက္သြားၿပီမလား...
“ကိုကို႔ေနမီး သူ႔စာအုပ္ေက်ာင္းေအာက္ျပဳက္က်သြားၿပီး သြားေကာက္ေပးပါလားဟင္”
“ဟမ္ ဟုတ္လား ကိုႀကီးေကာက္ေပးမယ္ ခဏေစာင့္”
ကိုႀကီးထြက္သြားသည့္ေနာက္ေက်ာျပင္ေလးကို ဦးေမာင္က လိုက္ေငးေန၏။
“အဲ့ဒါ ဘယ္သူလဲဟင္”
“ငါ့အစ္ကိုေလ”
ဪ......
ငါလည္း စာအုပ္ေကာက္ေပးတဲ့အစ္ကိုလိုလူမ်ိဳး အစ္ကိုတစ္ေယာက္လိုခ်င္လိုက္တာ...
ထိုေန႔ကစ၍ ေမဦးေမာင္တို႔ဟာ သူ႔ထက္ေလးႏွစ္ႀကီးေသာ ရွပ္လက္ရွည္အျဖဴကို အစိမ္းရင့္ေရာင္ေယာပုဆိုးနဲ႔ကိုကိုရဲ႕ ကိုကို႔ေနမီးရဲ႕မင္းသားေလးကို သြားသြားေခ်ာင္းပါေတာ့၏။
ကန္တင္းမွာ သူငယ္ခ်င္းေတြနဲ႔ မုန႔္စားေနတဲ့ ကိုကိုရဲ႕အစ္ကိုက ဘာလို႔ ၿပဳံးလိုက္ရင္ ငါကလိုခ်င္သြားရတာလဲ....
သူက ငါ့အစ္ကိုလည္းမဟုတ္ဘဲနဲ႔......
❣️
❣️
❣️
❣️
❣️
မေန႔ညက ဦးေမာင္ရဲ႕ငိုသံေၾကာင့္ ညတြင္းခ်င္း ရန္ကုန္ကိုလာခဲ့ရကာ ဦးေမာင္ေနေနသည့္ ကိုေနမီးရဲ႕အိမ္ကို သူ႔မွာမ်က္ႏွာပူပူနဲ႔ေရာက္ခ်လာရသည္။
မနဲ႔သူ လက္ထပ္သြားၿပီးေနာက္ ကိုေနမီးကိုတစ္ေခါက္မွလာမေတြ႕သလို ေတာင္းပန္ရမွာကိုလဲ အခုထိမလုပ္ရေသး။
ကားပါကင္ကေန ဦးေမာင္အဆင္းကို ရင္ခုန္ၿပီးထိုင္ ေစာင့္ေန၏။ ကိုေနမီးမပါပါေစနဲ႔ဟုသာ ဆုေတာင္းေနမိ၏။
သူ႔ဆုေတာင္းကမျပည့္လာပါ။ ဒါေပမယ့္ ထူးဆန္းေနတဲ့ အေျခအေနကိုေတာ့ သူမမွိတ္မတုတ္ၾကည့္ေနမိ၏။
႐ုတ္တရက္တစ္ခုပဲ ေခါင္းထဲဝင္လာ၏။
ကိုေနမီးရဲ႕ အႀကံအစည္နဲ႔မ်ား သူမိန္းမရသြားတာပဲလားဟု....
ျမင္လိုက္ရေသာပုံရိပ္ေၾကာင့္ပဲ.....
သူ႔ကုပၼဏီကိုသြားဟန္ျပင္ထားေသာအျပင္အဆင္နဲ႔ အျဖဴေရာင္ရွပ္လက္ရွည္မွာ နက္ျပာေရာင္နပ္တိုင္ကိုတပ္ထားၿပီး ကုတ္ကေတာ့ ဦးေမာင္ပခုံးကိုမဖက္ထားေသာ လက္တစ္ဖက္၌တင္ထား၏။
သူမ်ားေတြျမင္လိမ့္မယ္ ညီအစ္ကိုလို႔ သူကေတာ့ သိသည္။ ဒါဟာ ဘယ္လိုမွ ေဘာ္ဒါလိုလည္းမဟုတ္၊ ညီအစ္ကိုလည္းမဟုတ္ပါ...
“ဦးေမာင္"
သူလွမ္းေခၚလိုက္ေတာ့မွ သူ႔ကိုႏွစ္ေယာက္လုံးကျမင္သျဖင့္ သူကားေပၚကေနဆင္းကာ ကိုေနမီးဆီကိုဦးတည္၍....
“ကြၽန္ေတာ္ ကိုေနမီးကို ေတာင္းပန္စရာေတြရွိေနပါတယ္ ဒီမွာေတာင္းပန္လိုက္ရင္ အစ္ကို႔ကိုမေလးစားရာေရာက္သြားမလားမသိဘူး ကြၽန္ေတာ္လက္ထပ္ပြဲနဲ႔ အစ္ကို႔ရဲ႕နစ္နာသြားတဲ့အရာရာအတြက္ ေတာင္းပန္ပါရေစ "
“ရတယ္ ညီ.... အစ္ကိုလည္း ညီတို႔ၾကားမွာ ဘာေတြရွိလဲမသိလို႔ ဒီလိုျဖစ္သြားရတာပဲ အခ်ိန္ရတယ္မလား အစ္ကိုမင္းတို႔ကို မုန႔္ဝယ္ေကြၽးမယ္"
သူ႔ညီလိုသေဘာထားသည့္အေနနဲ႔ ႏႈိင္းနဲ႔ဦးေမာင္ ကေလးႏွစ္ေယာက္ကို သူအလုပ္မသြားခင္မွာ တစ္ခုခုလုပ္ေပးခ်င္ေန၏။
“မင္းပဲစား ငါမစားေတာ့ဘူး ခဏကပဲ ေပါင္မုန႔္သုံးခုနဲ႔ႀကိတ္ထားတာ ျပည့္ေနၿပီ"
“ ဘာျပည့္လဲ.... ၿပီးရင္ ကိုေနမီး ကြၽန္ေတာ္ဟိုကိတ္ေလးစားရရင္ စိတ္ၾကည္သြားမွာ.... ကိုေနမီး ကြၽန္ေတာ္ဒီေဖ်ာ္ရည္ေသာက္လိုက္ရင္ အိပ္ခ်င္စိတ္ေျပသြားမယ္... ကိုေနမီး ကြၽန္ေတာ္ဒါကို ရန္ကုန္ေရာက္တုန္းစားရမွျဖစ္မယ္တို႔ မင္းလုပ္ေနအုံးမွာ...."
“ကြၽန္ေတာ့္မွာမွပိုက္ဆံမရွိတာ.... ခင္ဗ်ားပဲေျပာေတာ့ မင္းတစ္ခုခုျဖစ္ရင္ ဖုန္းလွမ္းဆက္လိုက္ ငါလာခဲ့မယ္ဆိုၿပီး အခုခင္ဗ်ားပိုက္ဆံနည္းနည္းထိတာနဲ႔ ကြၽန္ေတာ့္ကိုႏွင္ခ်င္ေနၿပီပဲ ေတာ္ေသးတာေပါ့ ငါ့သယ္ရင္းေလးအေရာက္ျမန္ေပလို႔"
“ဦးေမာင္ အဲဒါဘာျဖစ္ေနလဲ ေစာေစာကအေကာင္းကို ဒီလိုစေနာက္တာေတာင္မရဘူးလား"
“ခင္ဗ်ားပဲ ကြၽန္ေတာ့္ကိုအျပစ္ေျပာေနၿပီေတာ့"
“ငါ ဘယ္မွာအျပစ္ေျပာလို႔လဲ ေနာက္ေနတာလို႔ေျပာေနတဲ့ဟာကို”
ဒီႏွစ္ေယာက္ကိုၾကည့္ၿပီး ဘယ္လိုမွ ေဘာ္ဒါလို သူမျမင္ႏိုင္ေတာ့သျဖင့္ ေခါင္းကိုခါရမ္းလိုက္၏။
ဒီဘဲႀကီး ေကြးေကြးေဂးေဂးျဖစ္သြားၿပီပဲ.......
“ကြၽန္ေတာ္ႏႈိင္းနဲ႔ စကားေျပာစရာရွိလို႔ သြားေတာ့မယ္ ညေနမွျပန္လာခဲ့မယ္”
“ႏႈိင္း မင္းေကာဘယ္မွာေနေနလဲ”
သူငယ္ခ်င္းအတြက္နဲ႔ ေရာက္ခ်လာေသာႏႈိင္းနဲ႔ေကာင္းေကာင္းမႏႈတ္ဆက္ရသျဖင့္ စိတ္ရင္းအတိုင္း ေမးမိ၏။
“အမွန္က ကြၽန္ေတာ္က ဦးေမာင္ရွိတဲ့ေနရာမွာ ေနမလို႔ပါဘဲ အခုက ခင္ဗ်ားနဲ႔သူေနေနေတာ့ ကြၽန္ေတာ္လည္းျဖစ္ႏိုင္ရင္ အစ္ကို႔ဆီမွာ...”
“ေအး ငါ့ဆီမွာလာေနပါ ဒီမွာေတာ့မဟုတ္ဘူး ငါလည္းအိမ္ျပန္မွာဆိုေတာ့ အိမ္မွာေနၾကရေအာင္"
မင္းတို႔ႏွစ္ေကာင္ကို ငါ မားတို႔အိမ္ကိုပဲ ပို႔ပစ္မယ္.....
ဘယ္ႏွယ့္ တစိတ္ရွိငါ့အိမ္ကိုမ်က္ေစာင္းထိုးေနက်တာ အေဆာင္မွတ္ေနလားမသိဘူး။
ဟိုတယ္ေတြပိုင္တဲ့ေကာင္ရဲ႕အိမ္မွာ လာကပ္ေနၾကသျဖင့္ အေရးထဲစီးပြားေရးပ်က္ကိန္းစိုက္ေတာ့မလိုျဖစ္ေနၿပီ။
❣️
❣️
❣️
❣️
❣️
❣️
တစ္ေယာက္ပခုံးကိုတစ္ေယာက္တိုက္ၿပီး အိမ္ထဲကို ဝင္ဖို႔က လက္တြန႔္ေနၾက၏။
“မင္းလာလို႔ ငါကြန္ဒိုက ကန္ခ်ခံရတာ "
“မင္းေအာ္ငိုၿပီးေခၚလို႔ငါလာရတာလည္း ထည့္ေျပာအုံး"
“ဘာျဖစ္ျဖစ္ အခုေတာ့ ဒီဘဲႀကီး ငါတို႔ကိုကန္ခ်လိုက္တာပဲေလ”
ဒါလား ဘဲႀကီးက သူ႔ကိုခ်စ္တယ္လို႔ေျပာေနတာ။ဟြန႔္ ရယ္စရာဟာသပဲ။
“မင္းနဲ႔ဘဲႀကီးက တအားခင္တာဆိုေတာ့ မင္းပဲအရင္ဝင္"
“မဟုတ္တာ မင္းက သူ႔သတိုးသမီးကိုျဖတ္ခုတ္သြားတာဆိုေတာ့ မင္းပဲအရင္ဝင္"
“မင္းတို႔ကနမ္းဖူးတာဆိုေတာ့ မင္းပဲဝင္"
“နမ္းတာက နမ္းတာပဲ မင္းပဲအရင္ဝင္"
“ေတြ႕လား ေတြ႕လား... ထင္သားပဲ မင္းတို႔ႏွစ္ေယာက္မ႐ိုးသားဘူးဆိုတာ အဟက္.... ဘယ္လိုလဲ သူခိုးလူမိၿပီး ေခြးေကာင္ ဦးေမာင္ မင္းနဲ႔ဒီဘဲက ဘာအေျခအေနလဲေျပာစမ္း ငါ့ကို”
ျငင္းေနရင္းနဲ႔ ႏႈိင္း၏လူလည္က်ေရာက္မႈေၾကာင့္ ဦးေမာင္မ်က္ႏွာမွာ စေတာ္ပယ္ရီတစ္ခင္းစာ ျပန႔္ႀကဲလာေတာ့၏။
“ ဘာအေျခအေနမွမေရာက္ဘူး အဲ့ဘဲႏႈတ္ခမ္းကို ႀကိဳက္လို႔ ငါလည္းမေနႏိုင္ဘဲ နမ္းမိသြားတာကြာ ငါသူ႔ကို မႀကိဳက္ပါဘူး"
“ဘာ မင္းက အရင္သြားနမ္းတယ္ေပါ့ဟုတ္လား?"
“ေအးကြာ စိတ္မထိန္းႏိုင္လို႔ ေတာ္ေသးတယ္ ငါအရင္တစ္ခါကလိုအထိုးမခံလိုက္ရလို႔"
ေယာက္်ားတစ္ေယာက္ကို နမ္းဖူးသာဆိုလို႔ ကိုေနမီးတစ္ေယာက္ပဲရွိ၏။ မိန္းကေလးေတြကေတာ့ ေျပာမေနနဲ႔ သူလည္း မရယ္ထားလို႔ မမွတ္မိေတာ့ဘူး။
“မင္း.... မိန္းမစိတ္ဝင္ေနၿပီလား”
“ဝင္စရာလား လီးကိုဝင္စရာလား”
ႏႈိင္းကစလိုက္ေပမယ့္ ဦးေမာင္က အတည္နဲ႔ အသဲအသန္ျငင္းဆိုေတာ့၏။ မိန္းကေလးျဖစ္သြားမွာ အင္မတန္ေၾကာက္႐ြံ႕ေနသည့္ သူ႔သူငယ္ခ်င္းပါပဲ.....
“မျဖစ္ဘူးဆိုလည္း ထားလိုက္ေတာ့ မင္းအိမ္မျပန္ရင္ သူ႔အိမ္မွာေနရမွာဆိုေတာ့ မင္းေနႏိုင္လား သူစိမ္းအိမ္မွာေနတတ္တာလည္းမဟုတ္ဘဲနဲ႔ ဒါမဟုတ္ ဟိုတယ္သြားၾကရင္ေကာင္းမယ္ သူ႔ဟိုတယ္မွာ သြားတည္းလိုက္ရင္...."
“ဘယ္မွသြားဖို႔ စိတ္မကူးၾကနဲ႔ ႏွစ္ေကာင္လုံး ဆင္းလာ ငါေျပာစရာရွိလို႔ေခၚထားတာ"
သူတို႔ႏွစ္ေယာက္ကားထဲမွာ အေျခအတင္စကားမ်ားေနတုန္း မနက္ထဲကထြက္သြားသည့္ကိုေနမီးျပန္ေရာက္လာကာ တစ္ခါတည္း ရာဇာသံခ်လိုက္ေလသည္။
ႏွစ္ေကာင္လုံးကုပ္ကုပ္ ကုပ္ကုပ္နဲ႔ဝင္သြားရလွ်င္ အိမ္ထဲမွာ သူတို႔မိသားစုတစ္ခုလုံးက ထိုင္ေနၾကေသာေၾကာင့္ ဦးေမာင္နဲ႔ႏႈိင္းမွာ အလိုလိုေရာက္တဲ့ေနရာမွာ ရပ္ေနမိၾက၏။
ေနမီးခါးေနာက္က အက်ႌစကိုဆြဲထားေသာ ဦးေမာင္။ဦးေမာင္၏အက်ႌကို ဆြဲထားသည့္ႏႈိင္းဆြယ္ေတာ္။ကိုယ့္အိမ္ကလူေတြနဲ႔သာ အိမ္က်ယ္တာ သူမ်ားအိမ္ဆို ၿငိမ္ဝပ္ပိျပားေနေရာ။သူ႔အေနာက္က ႏွစ္ေကာင္က.....
မိန္းမရသြားတဲ့ေကာင္ကလည္း အခုထိမရင့္က်က္ေသးပါလား......
“ဪ သားဧည့္သည္ေတြ ေရာက္လာၿပီလား မားကေမွ်ာ္ေနတာ ကေလးေတြလာၾကေလ"
သူမနက္က မားတို႔ကို အက်ိဳးအေၾကာင္းလွမ္းေျပာထားရေသးသည္။ ဦးေမာင္ကို သူဖိုးဖိုးဦးေက်ာ္ဇင္ေမာင္တို႔ဆီမွာ သြားေတာင္းထားတဲ့အေၾကာင္းကို မသိသလိုေနေပးၿပီး ဦးေမာင္ကို သူတို႔မိသားစုနဲ႔ရင္းနီးေစၿပီးမွ သူဖြင့္ေျပာျပမည္ဟု။ ဘြားမရွိလို႔ေတာ္ေသးသည္။ ဖြားက ဦးေမာင္ကို သေဘာမက်ေပမယ့္ သူေၾကာင့္မို႔လို႔သာ အလိုလိုက္ေပးရွာ၏။မားတို႔ကဖြားထပ္မဆိုး။
ေဒၚရတနာပုံမွာလည္း သူမသားရဲ႕ ခ်စ္ေနရေသာ ကေလးကိုျမင္လွ်င္ နည္းနည္းသေဘာမက်ေပမယ့္ ကိုယ္သိေနတဲ့အသိုင္းအဝိုင္းထဲက ကေလးမို႔လို႔ရယ္ သားကေျပာထားေသာေၾကာင့္ ထိုကေလးက ကိုကိုေလးရဲ႕သူငယ္ခ်င္းအျဖစ္နဲ႔သာ ေစာင့္ၾကည့္ေနမိ၏။
“ေမဦးေမာင္ေလး ကေလးလာေလ ထိုင္ ကိုကိုေလးနဲ႔ သူငယ္ခ်င္းေတြဆို”
“ဟုတ္ကဲ့ဗ်”
“ဒီသားေလးေရာလား”
ႏႈိင္းဘက္ကိုေမးလွ်င္ ႏႈိင္းကလည္း ပါးစပ္ကအာေစးေနသလိုနဲ႔ ေခါင္းညိတ္ျပေန၏။
ယဥ္ေက်းေနရတာ အဆင္မေျပေန။ ၿငိမ္ၿငိမ္ေလးထိုင္ေနရတာလည္း ဖင္ကယားက်ိက်ိလိုပဲ ခံစားေနရသည္။
ယဥ္ေက်းျခင္း လိမၼာျခင္းေတြက ကိုယ္နဲ႔ဆန႔္က်င့္ဘက္ အလာဂ်စ္လိုမ်ိဳးျဖစ္ေနေသာေၾကာင့္ စိတ္ကအဆင္မေျပေန။
“အန္တီက ကိုကိုေလးနဲ႔အတူတူမေနဖူးေတာ့ သမီးရဲ႕သူငယ္ခ်င္းေတြနဲ႔လည္းမသိရွာဘူးကြယ္ သားရဲ႕သူငယ္ခ်င္းေတြက အိမ္လာေနၾကဆိုေတာ့ ရင္းႏွီးေနၿပီးသားကြယ္ အခုဆို သားသူငယ္ခ်င္းကိုေတာင္ သားမက္ေတာ္ထားေသးတယ္ ဟီး ဟင္း....."
အယ္...
ႏွစ္ေကာင္သား တစ္ေယာက္မ်က္ႏွာတစ္ေယာက္မၾကည့္မိေအာင္ လက္ကိုေပါင္ေပၚမွာ ကုပ္မိေန၏။
ဒါဘာလဲ ဒါဘာလဲ သမီးရဲ႕ သူငယ္ခ်င္းကိုလည္း ဒီအန္တီ အမ်ိဳးေတာ္ခ်င္ေနတဲ့သေဘာလား...
သူ႔ကိုၾကည့္ၿပီး ဘာကိုဆိုလိုေနမွန္းမသိေသာ အန္တီကို ကိုေနမီးမ်ားတစ္ခုခုေျပာထားလားဟု သိခ်င္လာ၏။
‘အန္တီ ကြၽန္ေတာ္ေယာက္်ားေလးပါ'ဟု ပါးစပ္ကေျပာခ်င္တာ အာယားေနတာပဲ။
“ခဏေနက်ရင္ သမီးတို႔လင္မယားႏွစ္ေယာက္လုံးလာၾကမယ္ဆိုေတာ့ သူငယ္ခ်င္းေတြစုံတုန္း ေပ်ာ္ေပ်ာ္ေနၾကေနာ္ လြတ္လြတ္လပ္လပ္ေန အန္တီတို႔ရွိလို႔ စိတ္ႀကိဳက္မေပ်ာ္ရဘူးဆိုၿပီး အဲ့ဒီလိုပုံစံနဲ႔ ကေလးတို႔အိမ္ျပန္သြားရရင္ အန္တီစိတ္ေကာင္းမွာမဟုတ္ဘူး ေနာ္"
“အာ ရပါတယ္အန္တီ သားတို႔ေနတတ္ပါတယ္ သားတို႔ပဲ ျပန္အားနာေနရမွာပါ ကိုေနမီးကိုဆီကိုလာတာ အလုပ္ရႈပ္ကုန္ၿပီ"
”မရႈပ္ပါဘူးကြယ္... လူဆိုတာ အေပါင္းအေဖာ္ေတြနဲ႔အတူရွင္သန္ၾကတယ္မဟုတ္လား လူငယ္သဘာဝအန္တီတို႔နားလည္ပါတယ္ နားၾကအုံး ”
“သားေနမီး ကေလးေတြအတြက္ အခန္းစီစဥ္ေပးလိုက္အုံး မားတို႔အျပင္ခနသြားမယ္"
“အင္း”
ဟူး....
“စိတ္ေမာလိုက္တာ.... ငါ့မွာေယာကၡမရွိလို႔ ေက်းဇူးပဲ ဦးေမာင္”
အန္တီရတနာပုံနဲ႔ စကားတစ္ခြန္းပဲေျပာရေသးတဲ့ႏႈိင္းကေတာ့ မရွိတဲ့ေယာက္ခမကို ေက်းဇူးေတြ ဇြတ္တင္ေနၿပီ.....
သူတို႔ေဘးမွာေနၿပီး သူတို႔ႏွစ္ေယာက္ကို ၿပဳံးၿပဳံးၾကည့္ေနေသာေနမီးပုံကို ဦးေမာင္မွာပိတ္ထိုးခ်င္ေနတာတအားပဲ။
အန္တီရတနာပုံနဲ႔ သူ႔ကို ဘာေၾကာင့္ထိပ္တိုက္ေတြ႕ခိုင္းေနရတာလဲ။ လူက သူ႔ကိုခ်စ္ေနတာမွမဟုတ္တာကို။ မခ်စ္ဘူးလို႔ေျပာၿပီးသားကို.....
“ခင္ဗ်ားဘာလို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ကြန္ဒိုမွာ မေနခိုင္းလဲ"
“အခန္းက်ဥ္းလို႔ေလ”
အိပ္ခန္းႏွစ္ခန္းေတာင္ရွိတာကို ဘာကိုက်ဥ္းလဲ။
ေခြၽးမေလာင္းေလးရဲ႕ ေယာက္်ာဆန္ေနပုံကို ျမင္ခ်င္လို႔တဲ့ ေမဦးေမာင္ေရ......
ႏႈိင္းအတြက္ အခန္းတစ္ခုေပးၿပီးမွ ေနမီးသည္ သူ႔အခန္းဘက္ကို ဦးေမာင္လက္ကိုဆြဲကာ ေခၚလာၿပီး အထဲကေန တံခါးပိတ္လိုက္ၿပီး ဒီေန႔ တစ္ေန႔လုံးသူ႔ကေလးကိုလြမ္းေနေသာေၾကာင့္ ေကာက္ခ်ီလိုက္ကာ ကုတင္ေပၚတတ္လာ၍....
“ဒီေန႔ အလုပ္မွာစိတ္မေရာက္ဘဲ မင္းကိုပဲတစ္ခ်ိန္လုံးသတိရေနတာ ဦးေမာင္”
“အဲ့တာ ခင္ဗ်ားအေၾကာင္းေလ ကြၽန္ေတာ့္ကိုလႊတ္ဗ်ာ”
မနက္ကနဲ႔ေတာင္မတူေတာ့သည့္စိတ္အေျခအေနေၾကာင့္ ဦးေမာင္သူ႔ကို စိတ္ဆိုးေနလားဟု ေတြးမိလွ်င္...
“ငါ့ကို စိတ္ဆိုးေနလား"
“ခင္ဗ်ားကို စိတ္မဆိုးပါဘူး ဒါေပမယ့္ ခင္ဗ်ားနဲ႔ ကြၽန္ေတာ့္ရဲ႕ဆက္ဆံေရးက ခ်စ္သူလည္းမဟုတ္ဘူး ေဘာ္ဒါလည္းမဟုတ္ဘူးျဖစ္ေနလို႔ စိတ္ရႈပ္ေနတာပါကိုေနမီး..... ခင္ဗ်ားကို ကြၽန္ေတာ္မခ်စ္ဘူးဆိုတာက ကြၽန္ေတာ္အတည္ေျပာေနတာပါ... နမ္းတာကနမ္းတာပဲ”
”ကေလး မင္းတစ္ခုခုျဖစ္ေနတယ္”
“ဘာမွမျဖစ္ဘူး ကြၽန္ေတာ္ ေယာက္်ားပါ မလိမ္တတ္ဘူး။ ဘယ္မွာလဲ ကြၽန္ေတာ့္အတြက္ အခန္းက”
“မင္း ဒီအခန္းမွာေန ကိုတစ္ျခားခန္းသြားမယ္”
ေသခ်ာတယ္ သူ႔ကေလးတစ္ခုခုျဖစ္ေနၿပီဆိုတာ......
မေန႔တုန္းကေတာင္ သူတို႔ႏွစ္ေယာက္ ၾကည္ျဖဴျခင္းေတြနဲ႔ နမ္းေနခဲ့ၾကတာကို ဒီေန႔ႏႈိင္းေရာက္လာမွသူ႔ကို ခပ္တန္းတန္းေနျဖစ္ေနတာ.....
ဘာျဖစ္သြားလဲဆိုတာ ငါ ႏႈိင္းကို ေမးရမယ္...
PART 15ဆက္ရန္.....
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one