PART 13❣️
အသိစိတ်ကနိုးလာသည်နှင့် သူအသက်ရှုလိုက်လျှင် ရင်ဘက်နဲ့တစ်ခုခုကထောက်နေသောကြောင့် ငုံ့ကြည့်လိုက်ကာ ဖြတ်ခနဲ့မျက်နှာတစ်ခုကပေါ်လာသဖြင့် လန့်ဖျန့်သွား၏။
ညကအသိစိတ်ကင်းမဲ့နေခဲ့သဖြင့် သူဦးမောင်အပေါ် တွင် အမှားတစ်ခုခုကျူးလွန်းခဲ့မိလားဟု အသဲအသန်ပြန်စဉ်းစားနေရ၏။ လစ်မစ်ထက် သောက်ခဲ့သောကြောင့် ဦးနှောက်ကိုအလုပ်ပေးလျှင် ခေါင်းကကိုက်တစ်ဆစစ်ဆစ်ကိုက်လာ၏။
နမ်းရုံအပြင် ဘာမှမဖြစ်ခဲ့ဘူး.....
တော်သေးတယ် ကလေးမကြိုက်တဲ့ဟာကို သူလုပ်မိခဲ့မလို့။
ကလေးနိုးလာလျှင် အနေရခက်မည်ဆိုးသောကြောင့် ရင်ခွင်ထဲရှိနေသောကလေးနှဖူးကို ဖွဖွလေးခတ္တနမ်းပြီးမှ သူတိုးတိုးသာသာလေးအရင်ထလိုက်၏။
နောက်နေ့ နောက်နေ့တွေမှာလည်း သူ့ရဲ့မနက်တိုင်းမှာ ဒီလိုပုံစံလေးဖြစ်ရင် ရင်ခုန်ဖို့သိပ်ကောင်းမှာပဲဟုပြုံး၍ စိတ်ကူးယဉ်နေမိသေး၏။
နိုးလာတဲ့အခါ မနက်စာစားရန်အတွက် လုပ်ပေးရအုံးမည်။ ညကမူးမူးနဲ့ဝယ်လာသည့် ဦးမောင်စားရန် Rainbow Cakeတစ်လုံးနဲ့ ပေါင်မုန့်မီးကင်လေးခုကို အရင်ပြင်ထားပြီးမှ ရေသွားချိုး ကုပ္မဏီသွားရမည့်အဝတ်အစားကိုအမြန်ဝတ်ကာ သူ့ကိုယ်သူပြန်ဆန်းစစ်ရင်း အနက်ရောင် trend suitနဲ့ဟာ သူသည် ကလေးထကါများ အသက်ကွာနေသလိုများဖြစ်နေမလားဟုတွေးမိသွား၏။ ဒါပေမယ့် မင်းယနဲ့ကိုကိုလေးလဲ လေးနှစ်ကွာတာကမသိသာနေ။ သူနဲ့ဦးမောင်လည်း လေးနှစ်ကွာတာကို အရမ်းကွာတယ်ထင်နေသည့် ထိုအတွေးကိုမေ့ဖျောက်လိုက်၏။
မျက်နှာသစ်ပြီး မနက်စာစားဖို့ခေါ်ရန် ဦးမောင်ရှိရာအခန်းထဲဝင်လာလျှင် သကောင့်သားဟာနိုးနေပြီ စီးကရက်တစ်လိပ်နဲ့ ပြတင်းပေါက်ကနေအပြင်ရှူခင်းကို ငေးနေတာအခန့်သား.... ဟိုဟာဖြစ်နေပါတယ်ဆိုမှ နှုတ်ခမ်းမှာလဲ စီးကရက်နဲ့ကွာ...
ငါကသာတစ်ဖက်သတ်ဖြစ်သည်းနေတာ သင်းက သင်းခန္တာကိုယ်ကိုမှတ်တောင်မိရဲ့လားပဲ။
“ဦးမောင် မျက်နှာသစ်ပြီး မနက်စာစားရအောင် ကော်ဖီသောက်မယ်မလား”
“အင်း နို့လျှော့မယ် သကြား အားသားစိုက်နဲ့”
အောင်မာ...
ဘာလဲ ငါ့ကိုများ ကော်ဖီဆိုင်ကဝိတ်တာမှတ်နေလား သင်းလေးပြောပုံက....
ဒီအချိန်မှာဖက်နမ်းပြီး အပြစ်ပေးလိုက်လျှင် သူ့ပါးယောင်ကိုင်းလာအုံးမှာမို့ ငြိမ်လိုက်ရသည်။
“နေမကောင်းတာကို စီးကရက်နဲ့ နောက်ဒီလိုမလုပ်ရဘူးနော်”
လက်ထဲက စီးကရက်ကို အသာယူလိုက်တော့လည်း ကြည်ကြည်ဖြူဖြူနဲ့ပေးလာသောကြောင့် ဒင်းဟုတ်ရဲ့လားလို့ အံ့ဩသွားပြီး မနက်မှာကြည်လင်အုနုနေသော မျက်နှာလေးကို ငေးမဝနေစဉ်မှာပဲ ရေချိုးခန်းဘက်ကို ထွက်သွားတော့၏။
နို့လျှော့ သကြား other sideဆိုတော့လည်း မင်းရဲ့အမိန့်တော်အတိုင်းပါပဲ.....
ညက မတော်တဆလား တမင်တကာလား ဝေခွဲမရတဲ့ သူတို့နှစ်ယောက်ရဲ့အနမ်းအကြောင်းကို ပြောကြရင်ကောင်းမလားဟု တွေးနေစဉ် တီရှပ်အနက်အပွကို အောက်ကနက်ပြာရောင်ဘောင်းဘီတိုတိုပွပွလေးနဲ့ ခပ်တည်တည်ထွက်ချလာသည့်ပုံရိပ်ကိုကြည့်ကာ လူက ဒူးပါပျော့ခွေချင်လာ၏။
ရင်ခုန်လိုက်တာ ဦးမောင်ရာ.....
မင်းရဲ့ဒီပုံစံကို ငါဘာလို့သဘောကျပြီး မြတ်နိုးနေရလဲဆိုတာ ငါ့ကိုယ်ငါတောင်နားမလည်ဘူး။
နှုတ်ခမ်းစုလုံးပြီးထော်နေတာကိုမြင်လျှင် လျှာကိုအလိုလိုသပ်နေမိကာ သူ့လည်တိုင်က အငူကလည်းအပေါ်အောက်ပြေးလွှာနေပြီ......
အဲ့ဒီ တီရှပ်ပွပွအောက်ဗိုက်သားဖြူဖြူလေးပေါ်ကို ပြေးခိုလှုံခြင်လိုက်တာမှတအားပဲ.....
သူနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ပြီး မုန့်စားလိုက် ကော်ဖီသောက်လိုက်နဲ့ ခေါင်းတညိတ်ညိတ်လုပ်နေပုံက တကယ့်အူယားစရာလေး။
“ခင်ဗျား ဒီလိုပဲထိုင်ကြည့်နေမယ်ဆို ကျွန်တော်ပိတ်ထိုးမှာနော်"
ဦးမောင်သူ့ကိုသတိပေးလာတော့မှ သူမှာတွေးနေတဲ့ ရိုမန့်တစ်အတွေးလေးတွေတောင် အက်ရှင်ခန်းတွေဖြစ်ကုန်တော့၏။
“ညတုန်းက ငါ...."
“ကျွန်တော်အရင်စခဲ့တာမို့လို့ ခင်ဗျားဆက်မပြောနဲ့တော့... ကျွန်တော့်ကို တစ်ယောက်ယောက်လာချစ်ပေးတာကိုလည်းမလိုချင်ဘူး ကျွန်တော့်အတွက် အချစ်က သေဆုံးခြင်းနဲ့ ဆုံးရှုံးခြင်းတွေနဲ့ အဓိပ္ပါယ်အတူတူပဲ.... ကျွန်တော် ဒယ်ဒီကိုချစ်တယ် ဒါပေမယ့် ကျွန်တော့်လက်နဲ့ ကိုယ်တိုင်တောင်သတ်မိသွားတယ် မာမီကိုကျွန်တော်ချစ်တယ် ကျွန်တော့်အဖိုးရဲ့ မကြည်ဖြူခြင်း နယ်နှင်ဒဏ်ပေးခြင်း ခံရတယ် ။
ဒါကြောင့် ကျွန်တော်နားလည်တဲ့အချစ်က ကျွန်တော့်အတွက် ဘယ်တော့မှအနားမှာထားလို့မရတဲ့အရာတစ်ခုပါ ကိုနေမီး.... ကျွန်တော့်မှာ ခင်ဗျားကိုပြန်ချစ်ပေးနိုင်ဖို့လည်းအချစ်ရှိမနေဘူး၊ ခင်ဗျားအိမ်မှာနေပြီး ခင်ဗျားကိုဒီလိုပြောရတာ အားနာတယ် တကယ်ပါ ”
သူဘာစကားမှတောင်မဆိုနိုင်သည့်အထိ စွံ့အနေမိသည်....
စိတ်ထဲကပြောနိုင်တဲ့တစ်ခွန်းက ဦးမောင်မှာ အချစ်ဆိုတဲ့အရာက ဆယ်နှစ်သားထဲက သေဆုံးသွားနေသလားလို့ပဲ။
“ဘာလို့အားနာရမှာလဲ၊ သက်သာသလိုနေပါ”
Necktieကိုအကြောင်းပြချက်မရှိ ဆွဲလှည့်နေကာ ပြန်ပြောမိ၏။
“မင်းစိတ်ကြိုက် နေချင်သလိုနေလို့ရတယ်လို့ ငါပြောပြီးသား"
သူနာကျင်နေ၏။ ဒါပေမယ့် ဦးမောင်ကိုအဆင်မပြေမှာကြောက်နေတဲ့စိတ်က အရင်ဦးစားပေးမို့ ဦးမောင်၏ အနေရခက်သွားမှကိုမလိုချင်သဖြင့် သူကာပြောလိုက်၏။
သူငိုချင်လိုက်တာမှ။ ယောက်ျားတန်မဲ့ ငိုချင်လိုက်တာမှ....
‘အချစ်က ကျွန်တော့်အတွက် ဘယ်တော့မှအနားမှာထားလို့မရတဲ့အရာတစ်ခုပါ ကိုနေမီး’တဲ့။
တစ်ယောက်ယောက်ကို မချစ်ရဲတော့သည့် ဦးမောင်ရဲ့စိတ်ကို သူဘယ်လိုနှစ်သိမ့်ရမှန်းမသိနေဘူး။ ဘာလို့လဲဆို သူလည်းအခုမှ တစ်ယောက်ယောက်ကို စချစ်ဖူးတာမို့လို့ပဲ။
ဦးမောင်နဲ့အတူတူစားရတဲ့ မနက်စာတွေက သူ့အတွက် ခါးသက်ပြီး အဆိပ်သင့်နေတဲ့အစားအစာနဲ့တောင်တူလာပြီ။
“ဒါပေမယ့်ကျွန်တော်က မိန်းကလေးတွေကို.... ဟွန်”
“ခရင်မ်ပေနေလို့”
မိန်းကလေးအကြောင်းပြောလာတော့မယ့် နှုတ်ခမ်းကို သူ့လက်မနဲ့ဖိပိတ်ကပ်ကာ တားလိုက်ပြီး သူလိမ်လိုက်သည်။
သူ့ကိုကျမချစ်ဘူးဆိုပြီး မိန်းကလေးတွေကို ချစ်တတ်လိုက်တဲ့ကောင်စုတ်လေး။ ပြောတော့အချစ်မရှိဘူးတဲ့... နှာဘူးလေးလူညာမလေး။
“ဒီနေ့ အပြင်သွားစရာမရှိရင် အိမ်မှာနေ ညနေကျရင် မင်းသူငယ်ချင်း ကိုကိုလေးဆီသွားကြမလား ”
“ဟမ် တကယ်လား ညထဲကသွားချင်နေတာ”
အခြေအနေမကောင်းတဲ့ မနက်ခင်းမှာ ဦးမောင်စိတ်ညစ်စရာတွေတွေးနေမယ့်အဖြစ်ကို သူမလိုလားသဖြင့် မင်းယတို့ဆီသွားလည်ရန် စိတ်ကူးမိ၏။
“ညနေ ငါအလုပ်ကနေပြန်လာရင် ဝင်ခေါ်မယ် စောင့်နေ”
“အင်း”
ခေါင်းညိတ်ပြလိုက်သောအခါ ဦးခေါင်းလေးကိုချစ်စနိုးဖွကာ အခန်းပြင်ကိုထွက်ခါနီးတွင်....
“ ဒါပေမယ့် ငါမင်းကို ဆက်ချစ်နေမှာနော် ဦးမောင်"
“အယ်.... ခင်ဗျားသဘောပဲလေဗျာ"
အဲ့လိုလေးလည်းပြန်ဖြေတတ်သေးသည်။ သေချာသည် ဦးမောင်မှာရှက်သည်းမှုတွေ ရှက်သွေးဖျာတွေ မရှိနေဘူးဆိုတာ။
နေမီး သူဝဋ်လည်နေတာ။ မင်းယကို ကိုကိုလေးနဲ့သဘောမတူခဲ့တာ ကိုကိုလေးကို သူငယ်ချင်းတွေမသိအောင်ဖွက်ထားခဲ့တာတွေကို ဦးမောင်က မင်းယအစား ပြန်ကလဲ့စားချေပေးနေသလား အောက်မေ့ရပါ၏။
❣️
❣️
❣️
❣️
❣️
မင်းယနဲ့ကိုကိုလေးတို့အိမ်တွင် သူတို့သူငယ်ချင်းတစ်စုရောက်နေကြကာ မနက်ကသူမှာလိုက်သောစကားကို ဦးမောင်တစ်ယောက် နားထောင်ရှာသားပဲဟု ကိုယ့်ဘာသာကိုရွဲ့ပြောနေ၏။
အိမ်မှာနေပါဆိုတာကို ‘ကျွန်တော်အပြင်တစ်ချက်သွားရင်းနဲ့ ကိုကိုတို့ဆီကိုဝင်လာခဲ့မယ်'ဆိုပြီး ဝင်လာသော မက်ဆေ့တစ်စောင်ကို ခဏခဏပြန်ကြည့်နေမိ၏။ အခုထိပြန်မရောက်သေးတာ ဘယ်ကိုသဝေထိုး အလေလိုက်နေမှန်းမသိဘူး။
“ခွီ...”
”ခီခီ..”
“ဟွန့် ဟွန့်”
ဖုန်းလေးကြည့်ပြီး ဖင်တကြွကြွဖြစ်နေသော နေမီးကို မင်းယနဲ့အသွင်တို့တစ်စုမှာ မရယ်ပဲမနေနိုင်။
သူ့ကောင်လေးအတုမလာသေးလို့ မျှော်နေတဲ့ပုံက လင်ပျောက်နေတဲ့အချိန်မှာ မီးကိုဖင်ခုထိုင်နေရတဲ့အတိုင်းပဲဖင်တကြွကြွနဲ့။
“ငါက အစကကောင်လေးလို့ပဲမှတ်နေတာ ကိုကိုပြောမှ သူငယ်တန်းထဲကပေါင်းလာတဲ့သူငယ်ချင်း မိန်းကလေးပါဆိုပြီးတော့ ချစ်စရာတော့ကောင်းသားပဲနော် နေမီး”
“နေမီး မင်းRoleမှားမယ်နော် အခုပုံနဲ့က”
“ငါတို့အလှည့်ကျတော့ဖွက်ထားတာ... ဖွက်ထားတာ ငါတို့မြင်မှာဆိုးလို့လေ၊ သူ့အလှည့်ကျ သူ့ညီမကမှ ပိုဆရာကျတယ် သူငယ်တန်းထဲကသူ့အကိုအတွက်ဖွက်ပေးထားတာကွာ ဟား.... ဟား"
မင်းယနဲ့အသွင်တို့ပြောသမျှကိုလည်း သူဂရုမစိုက်အား အပြင်မှာအတော်လေးမှောင်နေပြီကို အခုထိမရောက်လာသေး၍ အိမ်အပြင်ဘက်ကိုကြည့်ပြီး တမျှော်မျှော်နဲ့ ကြက်လည်လိမ်သလိုဖြစ်နေလို့ဖြစ်နေမှန်းမသိ။
“ဟိုတစ်ခါက မေပယ်ဆိုတဲ့ကောင်မလေး သူ့အနောက်ကို တကောက်ကောက်လိုက်တာကို ငါမှတ်မိသေးတယ်။ မိန်းကလေးတွေကို တကယ်ပဲမကြိုက်တာလားဆိုပြီး ငါသံသယဝင်သေးတယ် အခုတော့ဒီကောင်က ဟိုမရောက်ဒီမရောက်တဲ့ တန်းလန်းကိုမှ ကြိုက်တတ်မှန်းသိတော့တယ်”
“မင်းလူဖြစ်ဆန်းကြယ်တယ်နေမီး... မင်းအရှေ့မှာ ချောတဲ့မိန်းမတွေ လှတဲ့မိန်းမတွေအများကြီးရှိတာကို ဘယ်လိုဖြစ်ပြီး ဘဲကွဲကိုမှလည်းဆိုတာ ငါလည်းနားမလည်ဘူး”
“မင်းတို့နားလည်ဖို့မပြောနဲ့ငါတောင် ငါ့ကိုယ်ငါမသိနေတာကို"
နေမီးထိုသို့ပြောလျှင် အကုန်လုံးက အသံတိတ်၍ထောက်ခံပြီး ခိုးရယ်နေကြ၏။ အပီအပြင်မရယ်ရဲပါ နေမီးကအနေတည်တယ်ဆိုပေမယ့် သူ့ကိုစရင်တော့ တကယ်မကြိုက်တဲ့ကောင်မို့။ ထထိုးရင် နာရအုံးမယ်....
နေမီးက မိန်းကလေးတွေနဲ့ ကင်းကင်းရှင်းရှင်းနေတတ်သည်။ မင်းယတို့ နေနိုင်တို့ ရည်စားထားရင်လည်း သူမကြိုက်။ တွဲရင် ဒီတစ်ယောက်ကိုပဲ လက်ထပ်ပြီးရိုးမြကျပေါင်းနိုင်မှ ထားစေချင်သည့်အကျင့်မျိုးရှိသည်။
ပြောရမယ်ဆို တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်အဲ့လိုစိတ်မျိုးရှိတာ။ မင်းယက ရည်စားများတော့ သူတို့နှစ်ယောက်ကသိပ်မတည့်ချင်။နေနိုင်ကသာ ပိုးကလေးတစ်ယောက်နဲ့သာတွဲပြီး ပိုးကလေးနဲ့ယူဖြစ်တာ။ ကျန်တဲ့သူတို့တစ်ဖွဲ့က FA Lineတွေ။
အခု နေမီးကဘဲကွဲကို ခိုက်ကြွေနေတော့ သူတို့လည်းမကူညီပေးနိုင်။
ဘာလို့လဲဆို ဟိုဟာလေးငြင်းလိုက်ပြီလေ....
ပြီးတော့ မေပယ်ဖူးစုံဆိုလား နေမီးကိုတစ်ဖက်သတ်သဘောကျနေတဲ့ ကောင်မလေးကိုလည်းသွားဖွန်ကြောင်နေတာဆိုတော့ ဘယ်လိုမှကိုမကယ်နိုင်တော့တာက အဆိုးဆုံးအခြေအနေတစ်ခုပဲ နေမီးအတွက်က။
နေမီးမှာ မေပယ်နဲ့မတွေ့ရအောင်လည်း အိမ်မှာနှစ်ရက်လောက်ဖွက်ထားတယ်ဆိုပဲ။
မင်းယပေးတဲ့နေမီးရဲ့ဝဋ်တွေက မနည်းမနောဝဋ်တွေမဟုတ်ဘူး။
အိမ်ရှင်ဖြစ်တဲ့ ကိုကိုနဲ့မင်းယက အမြည်းပန်းကန်တွေကို စားပွဲခုံပေါ်အတန်းလိုက်ချနေစဉ်မှာပဲ တံခါးခြံဝကနေ ကားတစ်စီး၏အသံကြောင့် သူတို့ဘော်ဒါတွေ တစ်ယောက်မကျန်အကုန်ရောက်နေပြီသဖြင့် ဦးမောင်ဖြစ်ဟုထင်ကာ နေမီးသည်အိမ်အပြင်ဘက်ကို အပြေးအလွှားထွက်လာလျှင် သူထင်တဲ့အတိုင်းပါပဲ တက္ကဆီနဲ့လာတာ......
“ဘယ်တွေသွားနေလဲ”
“သူငယ်ချင်းတစ်ယောက်ဆီကို”
အဖြေသံနဲ့အတူလက်ထဲက ကိုင်လာသောပလပ်စတစ်အိပ်ကိုကြည့်လိုက်တာနဲ့လေးနေပုံက အရက်ပုလင်းတွေမှန်းသိလိုက်၏။ အိမ်ထဲကိုဝင်လာကာ ပခုံးပေါ်တင်ထားသောလက်နဲ့ဆံပင်တို့ကို ချစ်စနိုးဖွကာ.....
“မင်းနေမကောင်းဘူးမလား မသောက်ရဘူးနော်”
“ခင်ဗျားကလဲဗျား”
“မရဘူးဆို မရဘူး၊ ငါ့စကားနားထောင်"
“ဝယ်ထားတာ အလကားဖြစ်ကုန်မှာပေါ့”
“မဖြစ်စေရဘူး အထဲကကောင်တွေ တာဝန်ယူလိမ့်မယ်”
အခန်းတစ်ခုထဲကို ဝင်လာလျှင် နေမီးရဲ့ သူငယ်ချင်းတွေကို တွေ့လိုက်ရသည်။ ကိုမင်းယနဲ့ကိုကိုက သိထားပြီဆိုပေမယ့်ကျန်တဲ့လူတွေကို မသိသဖြင့် ရယ်ပြနှုတ်ဆက်လိုက်၏။
ဒီလိုကျတော့လည်း နှိုင်းနဲ့သက္က တော်ဝင်တို့ကို သတိရလိုက်တာ။
“မောင်ရေ ငါ့ကို လာဝိုင်းကူပေးပါအုံး"
“အယ် လာပြီ ချစ်... ဟွန့် ဟွန့်...”
ဦးမောင်နဲ့ ကိုကို၏အခေါ်အဝေါ်ကြောင့် မင်းယနဲ့နေမီးမှာ မထင်မှတ်ဘဲ ပြိုင်တူကြည့်မိသွားသည့်အထိပါပဲ။
မင်းယက သူ့မိန်းမကိုစနိုက်ကြော်သွားမှာဆိုးတာနဲ့ နေမီးကတော့ မင်းတော့ထိပြီဆိုသည့်မျက်နှာပေနဲ့.....
ထိုအခါမှာ မင်းယမှာ ကိုကို့နားကိုအပြေးသွားကာ ဟိုအကောင်တုလေးလုပ်ရမယ့်အလုပ်မှန်သမျှကို ဒိုင်ခံလုပ်ပါတော့၏။
အစားအသောက်တွေထပ်ချ အအေးတွေချပေး ဘီယာ အရက်တို့ကိုဝိုင်းချပေးရတော့၏။
တော်သေး ငါ့ကလေး ဘာမှလုပ်စရာမလိုတော့လို့...
“ချစ် ငါဒီညဒီမှာအိပ်မှာနော်"
“အေးပါ”
“ဟေ့ကောင် ငါ့မိန်းမကိုနော်”
“ခင်ဗျားကလဲည်းဗျား နှုတ်ကျိုးနေပြီကို ခေါ်တော့ဘာဖြစ်လဲဗျာ"
စကားလေးပြောရင်း ဘီယာဘူးဘက်ကိုလှမ်းနေသောလက်ကို နေမီးကဆက်ခနဲ့ရိုက်ချတော့ မျက်မှောင်လေးကုတ်ကျသွားပြီး အလိုမကျသည့်မျက်နှာနဲ့...
“ကိုယ့်ပါးစပ်နဲ့ ကိုယ့်ဗိုက်နဲ့သောက်တာဘာဖြစ်လဲဗျာ"
သူ့အခြေအနေကို သူမေ့နေသော သကောင့်နားရွက်နားတိုးကပ်သွားပြီး....
“နေမကောင်းဘူးမဟုတ်လား လုံးဝမသောက်ရဘူး”
သူပြောလိုက်လို့ နားရွက်ကုတ်လိုက် နှုတ်ခမ်းဆူလိုက်နဲ့ အချိုရည်ဘက်ကိုလက်လှမ်းပြီး မျက်လုံးတို့ကို မှေးကျဉ်းသွားသလိုလုပ်နေပြန်၏။ စိတ်တိုနေပေမယ့်လည်း တော်သေးတယ် သူ့စကားကို နားထောင်သွားလို့....
ချစ်ဖို့ကောင်းလိုက်တာနော်...
“အဲ့မျက်နှာက ဘာဖြစ်တာ လဒ"
နေနိုင်ဆီက အသံထွက်လာလျှင် ပြုံးဖြီးနေသော မျက်နှာက ရုတ်ခြည်တည်လိုက်ရ၏။ ငါအရမ်းများ အိုဗာဖြစ်သွားရလား?
“ကြည့်ကြပ်လုပ် မင်းဟာက အပေါ်နဲ့ အောက်နေရာမှားနေအုံးမယ်."
“ဘာမှမမှားဘူး အပေါ်ပဲဟေ့ကောင်”
နေနိုင်ပြောလည်းသူဂရုမစိုက်နေဘဲ ပြန်နောက်၏။သူချစ်နေရင်ပြီးတာပဲ။တစ်နေ့ ဦးမောင်သူ့ကို ပြန်ချစ်လာမှာပါ။
ဦးမောင်ဒီမှာအိပ်မှာဟုဆိုသဖြင့် သူလည်း ဒီမှာပဲတစ်ညအိပ်ဖို့ စိတ်ကူးလိုက်၏။
အစအနောက်သန်သော နေနိုင်က မင်းယနဲ့ နေမီးကို စနောက်ချင်သောကြောင့်.....
“ဦးမောင်လေး မင်း ကိုကိုလေးနဲ့.... ဟာကွာ မင်းတို့နှစ်ကောင်နာမည်ခေါ်ရတာလည်း ငါ့အဖိုးသူငယ်ချင်းနာမည်ကိုသွားခေါ်တာကျနေတာပဲ အဆင်မပြေလိုက်တာကွာ... ဟိုကလေးနှစ်ကောင် မင်းတို့ ငယ်ငယ်ထဲက သူငယ်ချင်းတွေဆို ဟုတ်လား”
“ဟုတ်တယ်လေ ကျွန်တော့်ရဲ့အချစ်ဦးက ချစ်လေဗျာ အဲ့တာကိုနေမီးက သူ့သူငယ်ချင်းကိုပေးလိုက်တော့ ကျွန်တော်အသဲကွဲကျန်ရစ်ခဲ့တာပေါ့ အဲ့လိုမှန်းသိ ရန်ကုန်မသွားခင်မှာ ချစ်ကိုခိုးပြေးသွားရင်တောင် ဟုတ်အုံးမယ် အခုတော့ အဝေးကပဲ မျှော်ကြည့်ရတဲ့ ဘဝရောက်သွားပြီ”
“ဟေ... ဟုတ်လား”
“မောင်နော် နင်တော့လုပ်တော့မယ် ငါ့ယောက်ျားမျက်နှာကိုကြည့်အုံး ဟိုမှာစိတ်ဆိုးတော့မယ်”
တကယ်ပါ ထိုစကားနဲ့ မင်းယရဲ့မျက်နှာက အတော်လေးပျက်နေသည်။
ပိုဆိုးတဲ့မျက်နှာနဲ့တစ်ယောက်လည်းရှိသေးသည်။
ပြုံးဖြီးနေတဲ့ ဦးမောင်ကတော့ ကိုကို့နားဘက်ကိုတိုးတိုးလေးနဲ့ လက်တစ်ဖက်က ပခုံးကိုဖက်ကာ တစ်ခွန်းပြောလိုက်သေး၏။
“အဲ့ဒါ ချစ်ရဲ့အစ်ကိုက ငါ့ကို အရက်မတိုက်လို့ပြောပစ်လိုက်တာ ဟီး ... စိတ်မဆိုးနဲ့နော်”
“နင်နော် ငါ့အစ်ကိုကိုနှိပ်စက်နေတာ တော်တော့”
နှစ်ယောက်သားတီးတိုးပြောနေစဉ် အသံကြီးတစ်ခုက ဝင်လာသည်။
“ဦးမောင် ငါဘာပြောထားလည်း ငါ့ညီမကို သူ့ယောကျာ်းရှေ့မှာ ချစ် ချစ် နဲ့ မ ခေါ်နဲ့လို့ ငါအတန်တန်မှာထားရက်နဲ့မင်းကွာ..."
ပူးကပ်နေသောအနေအထားကြောင့် နေမီး ဦးမောင်ပခုံးကို တွန်းဖယ်လိုက်ပြီး ထိုသို့ဝင်ပြောလျှင် ဦးမောင်က မင်းယ၏ပျက်ယွင်းနေသော မျက်နှာဘက်ကိုကြည့်လျှင် သူစနောက်တာ လွန်သွားမှန်းသိပေမယ့် ပြန်မဖြေရှင်းမိဘူး။
ဘာလို့လဲဆို သူတစ်ဦးဦးကို ပြန်ဖြေရှင်းပေးရမယ့်အလုပ်ကို စိတ်မဝင်စားတတ်တဲ့အကျင့်ဖြစ်နေလို့ပဲ.....
“ကိုကို့နေမီး ဦးမောင်ကိုအဲ့လိုမပြောပါနဲ့ သူစနောက်နေတာကို ကိုကိုလည်းသိနေတာပဲ လူကြားထဲအဲ့လိုမပြောပါနဲ့”
“ပြောနေတဲ့ပုံကစနောက်နေတာမှမဟုတ်တာ မေပယ့်ကိုလည်း သူဒီလိုပဲစိတ်မျိုးနဲ့....”
“ကိုကြီး..”
သူဆက်မပြောနိုင်။
မင်းယကဘာမှဝင်မပြောပေမယ့် နေမီးကသူ့ညီမကိုထိတော့ မာန်လိုက်ပြီးမှ မျက်နှာငယ်သွားသည့်အရိပ်ကြောင့် သူလွန်သွားမှန်းသိလိုက်၏။
“ရတယ် ချစ်...... မေချစ်သူကိုကို ငါပြန်တော့မယ်"
ဆက်ခနဲ့ထထွက်သွားသောအရိပ်ကို အကုန်လုံးက ကြောင်အစွာ ကြည့်နေကြ၏။
ပြီးမှနေမီးကို အမြန်ကြည့်ကြကာ တစ်ခုခုသွားပြောရန်တိုက်တွန်းလာလျှင်....
“ဘယ်ပြန်စရာရှိလို့ ပြန်ချင်ရတာလဲ"
“အဲ့ဒါ ခင်ဗျားနဲ့ ဘာဆိုင်လဲ"
“တောက်"
တတ် ခေါက်က်မိလိုက်သည်က ကိုယ့်ကိုယ်ကိုပဲ။ သူပြောလိုက်မိလို့ ဦးမောင်စိတ်ဆိုးသွားတာ။
အနောက်ကနေ အပြေးအလွှားလိုက်သွားလျှင် သူများအိမ်က အုတ်ခုံတစ်ခုပေါ်တွင် ထိုင်ပြီး တစ်ယောက်ယောက်ကိုဖုန်းဆက်နေ၏။
“မင်းလာခေါ် ငါ့မှာနေစရာနေရာမရှိဘူး"
အနားကို တိုးကပ်သွားပြီးမှ ကြားလိုက်သည့်စကားကြောင့် သူ့ရင်ဘက်မှာနာကျင်ခြင်းနဲ့ ငါဘာလို့ပြောခဲ့ပါလိမ့်ဆိုပြီး ဘဝင်မကျဖြစ်လာ၏။
“နှိုင်း မင်းကလွဲရင် ငါ့မှာတစ်ခြားအားကိုးရာမရှိဘူး။ ငါ့ဖြစ်တည်မှုတွေကို ခံစားပေးတတ်တဲ့လူလည်းမရှိဘူး၊ အကုန်လုံးက အလိမ်အညာတွေ လာခေါ်ပေးပါ ငါတောင်းဆိုပါတယ်ကွာ"
“ကလေးရယ်.."
လက်တစ်ဖက်ကိုမျက်ရည်သုတ်နေပြီး နှိုင်းဆီကိုရင်ဖွင့်၊ ပြောပြနေသော စကားလုံးတွေကို ဆက်နားထောင်နိုင်စွမ်းမရှိတော့သဖြင့် အုတ်ခုံပေါ်ထိုင်နေသော ကလေးကိုယ်လုံးကိုဖက်ထားကာ သူပါမျက်ရည်ဆို့တတ်လာမိ၏။
“ကိုမှားသွားတယ်ကလေးရယ် ကလေးကို ကိုသဝန်တိုမိလို့ လွှတ်ခနဲ့ပြောမိသွားတာပါနော် ကို့ဆီမှာပဲနေပါ ဘယ်မှမသွားပါနဲ့"
သူဖက်ထားသည့်အတိုင်းကလေးဟာ အသံတိတ်ငိုနေပြီး သူလည်းထိုမျက်ရည်တို့ကို ပွတ်သပ်ပေးနေလျှင် မျက်နှာတစ်ဖက်လှည့်၍ကြိတ်ခံစားနေသည့်ပုံနဲ့....
သူ့ကိုလည်း ဖယ်ဖို့သတိမရနေဘဲ ကြိတ်ငိုနေဆဲ...
သူမေ့သွားတာ ဦးမောင်ရဲ့ဂျစ်ကန်ကန်နိုင်စွမ်းရဲ့အနောက်မှာ ခံစားချက်တွေကိုမြိုသိပ်ထားတတ်တာကို။
“နောက်မပြောတော့ဘူးနော်... ကိုလေ မင်းကိုအရမ်းချစ်လို့ မေပယ့်ကိုတောင်မင်းနဲ့တွေ့ခွင့်မပေးနိုင်တဲ့အထိကို သဝန်တိုနေခဲ့တာပါ ကလေးရယ်”
“ကျွန်တော့်မရှိရင် ခင်ဗျားတို့ဘဝတွေ သာယာပြီးသားပါ ကျွန်တော့်ကိုတစ်ယောက်ထဲလွှတ်ထားပေးစမ်းပါဗျာ"
“မဟုတ်တာကွာ.... ဘယ်လိုပြောလိုက်တာလဲ ကလေးရာ"
လွှတ်ပေးထားစမ်းပါလို့သာပါးစပ်ကပြောနေတာ တကယ်က သူ့ခါးကိုတင်းတင်းဖက်ထားများ သူထွက်သွားမှာဆိုးလို့ကြောက်နေတာအသိသာကြီးရယ်။
“နှိုင်းဆီပဲသွားမယ် ခင်ဗျားဆီကိုလာခဲ့မိတာအရမ်းမှားတယ် အမှားကြီးမှားသွားတာပဲ”
ရင်နာစရာများဖြစ်သွားအောင် သူဘယ်လိုတောင်စိတ်ဒဏ်ရာပေးခဲ့ရတာလဲ။
“မသွားရပါဘူး ကို ဖိုးဖိုးဆီက ကလေးကိုကို့ဆီမှာနေဖို့ခွင့်တောင်းထားပြီးသားကို၊ ပြီးတော့ နှိုင်းက ကလေးနဲ့လျှောက်သွားနေရတော့မယ့်အနေအထားလည်းမဟုတ်တော့ဘူး။ ကိုနဲ့ပဲနေရမယ်နော်.... ဟုတ်ပြီလား”
ပါးဖောင်းဖောင်းလေးကရဲတွတ်နေပြီး နှာခေါင်းလေးကလဲ သူကြိုက်တဲ့ စတော်ပယ်ရီလေးလိုပဲ ရဲပတောင်းခက်နေတာပဲ။ ငိုနေတာတောင် ချစ်စရာကောင်းနေတဲ့ သူ့ကလေးပါပဲ။
အသံတိတ်ရှိုက်နေသော ကလေးရဲ့နှုတ်ခမ်းကို မရဲတရဲလေးဖိကပ်နမ်းလျှင် ထိုငိုရှိုက်သံလေးဟာ တိခနဲ့တိတ်ကျသွား၏။
ကလေးက သူ့အပေါ်နွေးထွေးပေးမယ့်လူကို လိုအပ်နေတာပါ။
သူ့ကိုမချစ်ပေမယ့် သူ့ကိုအနမ်းနဲ့တုံ့ပြန်လာသော ကလေးသည် သူ့လည်ပင်းပေါ်လက်ရောက်လာလျှင် ပွေ့ချီမလိုက်၏။
လမ်းမထပ်မှာဆိုပေမယ့် မရှက်နိုင်ဘူး။ သူ့ကလေးနဲ့ဆို ဘယ်နေရာမှာပဲနမ်းနမ်း နမ်းနေလို့ကိုအားမရနေဘူး။
သုံးအိမ်အကျော်လေးအထိရောက်သွားပြီး လူရှင်းလို့တော်သေးတာပေါ့။
ကလေးနှုတ်ခမ်းကစောစောက သောက်ထားသည့်အချိုရည်အတူချိုမြနေ၏။
“ကို့ကို ချစ်လာပြီလား"
“....."
ခေါင်းခါပြနေသောကြောင့် နည်းနည်းတော့ စိတ်ဆိုးချင်လာ၏။
“အဲ့ဒါဆို ကို့ကိုမနမ်းနဲ့လေ"
“နမ်းမှာပဲ"
တကယ်သူ့ကိုပလေးတဲ့ကလေးပါပဲ။ မချစ်ဘဲနဲ့ ဘယ်သူက နမ်းနေကျလို့လဲ။ လူလည်လေး။
“မချစ်ဘဲနဲ့ ဘယ်သူကနမ်းလို့လဲ"
“ ရှိတယ် ကျွန်တော်လေ”
“နောက်တစ်ခါမငိုရဘူး ယောက်ျားလေးလိုနေချင်ပြီး ငိုနေမယ်ဆို ယောက်ျားသိက္ခာကျတယ် ကြားလား”
အပြုံးတွေကြားက လက်ကျန်မျက်ရည်လေးကို သူသုတ်ပေးနေလျှင် မိန့်မိန့်ကြီးငြိမ်ပေးနေရှာပြန်၏။ သူ့လည်ပင်းကိုဖက်သွယ်ထားပြီး ရှိုက်လိုက်၊ သူ့နှုတ်ခမ်းကိုလာထိလိုက်နဲ့ ကလေးက သူ့ကို ကျီစယ်နေပြန်၏။ သူ့နှုတ်ခမ်းကို အတော်ကြိုက်နေပုံရသည်။ ဒါလေးကိုပဲ ရင်ခုန်နေပြီး ဒူးတုန်မတတ်ဖြစ်နေတာက နေမီးပုံဆိုတဲ့သူပါပဲ...
သူချော့ရင်ပျော့မဲ့ကလေးကို စကားလုံးကြမ်းကြမ်းတွေ သူသုံးခဲ့မိသည်။
“ပြီးတော့ နောက်ဆိုမိန်းကလေးတွေကို မကြိုက်ရတော့ဘူးနော်"
ပါးစပ်ကမပြောပေမယ့် ခေါင်းကတော့ ညိတ်ပေးရှာသည်။ ဒီလောက်နဲ့တင် သူ့ဘဝကပြည့်စုံနေပါပြီ....
“ပြန်ရအောင်"
နှဖူးလေးကိုနမ်းလိုက်လျှင် ဆက်ခနဲ့သူ့ဆီကခုန်ချသွားပြီး မတ်တပ်ရပ်ချလိုက်သောကလေးကြောင့် သူကြောင်သွား၏။ အုတ်ခုံရဲ့ကျေးဇူးနဲ့ ကလေးရဲ့ရင်ဘက်နဲ့သူနဲ့က Face to Faceဖြစ်သွားသောကြောင့် မျက်လုံးထဲပြန်မြင်ယောင်လာလျှင် ရင်ခုန်သံကပြေးလွှားနေပြီ.....
ကလေးရဲ့ ရင်ဘက်ကို နမ်းခဲ့တဲ့အကြောင်းကိုသူဝန်ခံလိုက်ရင်ကောင်းမလား...
ဒါဆို သူ့ကိုထိုးပစ်မှာ ကြိမ်းသေ၏။
“ချစ်ရှိတဲ့အိမ်ကိုလား ကိုနေမီးရဲ့အိမ်ကိုလား"
လာပြန်ပြီ ဒီချစ်နဲ့.... စောစောကပဲဆူလိုက်လို့ငိုသွားတာကို။ ဟိုမှာ ဟိုလင်မယားနှစ်ယောက်လည်း နောက်တစ်ပွဲဖြစ်နေပြီလားမသိဘူး။
“ကိုကိုလေးရှိတဲ့အိမ်”
“အဲ့ဒါဆို သွားမယ်"
ရုတ်တရက်သူ့ကျောဘက်ကိုလွှားခနဲ့ ခုန်တတ်လာသောကြောင့်လန့်သွားကာ ပြုတ်မကျအောင်အမြန်ထိန်းရတော့၏။ လုပ်လိုက်ရင် အမြဲအလန့်တကြားနဲ့....
“ကျွန်တော်စိတ်ဆိုးနေသေးတယ်နော် ကုန်းပိုးပေး"
ဆိုတဲ့သဘောကတော့ ဒီနည်းနဲ့ သူစိတ်ဆိုးပြေပေးမယ်ဆိုတာပေါ့။ မင်းကလူလည်ပါ မေဦးမောင်.....
ဘယ်သူပဲကြည့်ကြည့် သိသာနေတဲ့စုံတွဲလိုပုံစံဆိုတာပဲ....
ရှပ်အဖြူလက်ရှည်ကို တံတောင်းဆစ်အထိခေါက်တင်ထားပြီး အနက်ရောင်ပန်နဲ့ ရင့်မားသောယောက်ျားတစ်ယောက်က သူ့ထက်ငယ်တဲ့ကောင်လေးတစ်ယောက်ကို လမ်းလယ်ခေါင်မှာ အရှက်မရှိချီပိုးပေးနေပြီး ခန့်ချောပြီး၊ ယောက်ျားပီသပြီး ယောက်ျားဆန်တဲ့လူက ပိုပျော်နေတဲ့မျက်နှာနဲ့...
ပြေလည်သွားလို့ အိမ်ထဲကို ပြန်ဝင်လာလျှင် မင်းယနဲ့ကိုကိုလေးတို့တစ်ဖွဲ့လုံးက သူတို့ကိုကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ရှိသောကြောင့် ထူးဆန်းနေတာတော့အမှန်။ သူ ဦးမောင်ကို ချစ်တယ်ဆိုတာ အကုန်လုံးသိနေရက်သားနဲ့ ဘာအထူးအဆန်းထပ်ရှိနေသေးလဲ။
PART 14ဆက်ရန်......
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
မကောင်းမကန်းလေးကို ဒီအထိကို အားပေးတဲ့ စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်နော်။
အရေးအသားသိပ်မကောင်းခဲ့ရင်လဲ ကြိုပြီးအားနာရပါတယ်နော်😁
ထပ်ကြိုစားရေးသားနေပါတယ်လို့...
Drabin-one
.
.
.
.
.
.
.
PART 13❣️
အသိစိတ္ကႏိုးလာသည္ႏွင့္ သူအသက္ရႈလိုက္လွ်င္ ရင္ဘက္နဲ႔တစ္ခုခုကေထာက္ေနေသာေၾကာင့္ ငုံ႔ၾကည့္လိုက္ကာ ျဖတ္ခနဲ႔မ်က္ႏွာတစ္ခုကေပၚလာသျဖင့္ လန႔္ဖ်န႔္သြား၏။
ညကအသိစိတ္ကင္းမဲ့ေနခဲ့သျဖင့္ သူဦးေမာင္အေပၚ တြင္ အမွားတစ္ခုခုက်ဴးလြန္းခဲ့မိလားဟု အသဲအသန္ျပန္စဥ္းစားေနရ၏။ လစ္မစ္ထက္ ေသာက္ခဲ့ေသာေၾကာင့္ ဦးေႏွာက္ကိုအလုပ္ေပးလွ်င္ ေခါင္းကကိုက္တစ္ဆစစ္ဆစ္ကိုက္လာ၏။
နမ္း႐ုံအျပင္ ဘာမွမျဖစ္ခဲ့ဘူး.....
ေတာ္ေသးတယ္ ကေလးမႀကိဳက္တဲ့ဟာကို သူလုပ္မိခဲ့မလို႔။
ကေလးႏိုးလာလွ်င္ အေနရခက္မည္ဆိုးေသာေၾကာင့္ ရင္ခြင္ထဲရွိေနေသာကေလးႏွဖူးကို ဖြဖြေလးခတၱနမ္းၿပီးမွ သူတိုးတိုးသာသာေလးအရင္ထလိုက္၏။
ေနာက္ေန႔ ေနာက္ေန႔ေတြမွာလည္း သူ႔ရဲ႕မနက္တိုင္းမွာ ဒီလိုပုံစံေလးျဖစ္ရင္ ရင္ခုန္ဖို႔သိပ္ေကာင္းမွာပဲဟုၿပဳံး၍ စိတ္ကူးယဥ္ေနမိေသး၏။
ႏိုးလာတဲ့အခါ မနက္စာစားရန္အတြက္ လုပ္ေပးရအုံးမည္။ ညကမူးမူးနဲ႔ဝယ္လာသည့္ ဦးေမာင္စားရန္ Rainbow Cakeတစ္လုံးနဲ႔ ေပါင္မုန႔္မီးကင္ေလးခုကို အရင္ျပင္ထားၿပီးမွ ေရသြားခ်ိဳး ကုပၼဏီသြားရမည့္အဝတ္အစားကိုအျမန္ဝတ္ကာ သူ႔ကိုယ္သူျပန္ဆန္းစစ္ရင္း အနက္ေရာင္ trend suitနဲ႔ဟာ သူသည္ ကေလးထကါမ်ား အသက္ကြာေနသလိုမ်ားျဖစ္ေနမလားဟုေတြးမိသြား၏။ ဒါေပမယ့္ မင္းယနဲ႔ကိုကိုေလးလဲ ေလးႏွစ္ကြာတာကမသိသာေန။ သူနဲ႔ဦးေမာင္လည္း ေလးႏွစ္ကြာတာကို အရမ္းကြာတယ္ထင္ေနသည့္ ထိုအေတြးကိုေမ့ေဖ်ာက္လိုက္၏။
မ်က္ႏွာသစ္ၿပီး မနက္စာစားဖို႔ေခၚရန္ ဦးေမာင္ရွိရာအခန္းထဲဝင္လာလွ်င္ သေကာင့္သားဟာႏိုးေနၿပီ စီးကရက္တစ္လိပ္နဲ႔ ျပတင္းေပါက္ကေနအျပင္ရွဴခင္းကို ေငးေနတာအခန႔္သား.... ဟိုဟာျဖစ္ေနပါတယ္ဆိုမွ ႏႈတ္ခမ္းမွာလဲ စီးကရက္နဲ႔ကြာ...
ငါကသာတစ္ဖက္သတ္ျဖစ္သည္းေနတာ သင္းက သင္းခႏၲာကိုယ္ကိုမွတ္ေတာင္မိရဲ႕လားပဲ။
“ဦးေမာင္ မ်က္ႏွာသစ္ၿပီး မနက္စာစားရေအာင္ ေကာ္ဖီေသာက္မယ္မလား”
“အင္း ႏို႔ေလွ်ာ့မယ္ သၾကား အားသားစိုက္နဲ႔”
ေအာင္မာ...
ဘာလဲ ငါ့ကိုမ်ား ေကာ္ဖီဆိုင္ကဝိတ္တာမွတ္ေနလား သင္းေလးေျပာပုံက....
ဒီအခ်ိန္မွာဖက္နမ္းၿပီး အျပစ္ေပးလိုက္လွ်င္ သူ႔ပါးေယာင္ကိုင္းလာအုံးမွာမို႔ ၿငိမ္လိုက္ရသည္။
“ေနမေကာင္းတာကို စီးကရက္နဲ႔ ေနာက္ဒီလိုမလုပ္ရဘူးေနာ္”
လက္ထဲက စီးကရက္ကို အသာယူလိုက္ေတာ့လည္း ၾကည္ၾကည္ျဖဴျဖဴနဲ႔ေပးလာေသာေၾကာင့္ ဒင္းဟုတ္ရဲ႕လားလို႔ အံ့ဩသြားၿပီး မနက္မွာၾကည္လင္အုႏုေနေသာ မ်က္ႏွာေလးကို ေငးမဝေနစဥ္မွာပဲ ေရခ်ိဳးခန္းဘက္ကို ထြက္သြားေတာ့၏။
ႏို႔ေလွ်ာ့ သၾကား other sideဆိုေတာ့လည္း မင္းရဲ႕အမိန႔္ေတာ္အတိုင္းပါပဲ.....
ညက မေတာ္တဆလား တမင္တကာလား ေဝခြဲမရတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕အနမ္းအေၾကာင္းကို ေျပာၾကရင္ေကာင္းမလားဟု ေတြးေနစဥ္ တီရွပ္အနက္အပြကို ေအာက္ကနက္ျပာေရာင္ေဘာင္းဘီတိုတိုပြပြေလးနဲ႔ ခပ္တည္တည္ထြက္ခ်လာသည့္ပုံရိပ္ကိုၾကည့္ကာ လူက ဒူးပါေပ်ာ့ေခြခ်င္လာ၏။
ရင္ခုန္လိုက္တာ ဦးေမာင္ရာ.....
မင္းရဲ႕ဒီပုံစံကို ငါဘာလို႔သေဘာက်ၿပီး ျမတ္ႏိုးေနရလဲဆိုတာ ငါ့ကိုယ္ငါေတာင္နားမလည္ဘူး။
ႏႈတ္ခမ္းစုလုံးၿပီးေထာ္ေနတာကိုျမင္လွ်င္ လွ်ာကိုအလိုလိုသပ္ေနမိကာ သူ႔လည္တိုင္က အငူကလည္းအေပၚေအာက္ေျပးလႊာေနၿပီ......
အဲ့ဒီ တီရွပ္ပြပြေအာက္ဗိုက္သားျဖဴျဖဴေလးေပၚကို ေျပးခိုလႈံျခင္လိုက္တာမွတအားပဲ.....
သူနဲ႔မ်က္ႏွာခ်င္းဆိုင္ခုံမွာဝင္ထိုင္ၿပီး မုန႔္စားလိုက္ ေကာ္ဖီေသာက္လိုက္နဲ႔ ေခါင္းတညိတ္ညိတ္လုပ္ေနပုံက တကယ့္အူယားစရာေလး။
“ခင္ဗ်ား ဒီလိုပဲထိုင္ၾကည့္ေနမယ္ဆို ကြၽန္ေတာ္ပိတ္ထိုးမွာေနာ္"
ဦးေမာင္သူ႔ကိုသတိေပးလာေတာ့မွ သူမွာေတြးေနတဲ့ ႐ိုမန႔္တစ္အေတြးေလးေတြေတာင္ အက္ရွင္ခန္းေတြျဖစ္ကုန္ေတာ့၏။
“ညတုန္းက ငါ...."
“ကြၽန္ေတာ္အရင္စခဲ့တာမို႔လို႔ ခင္ဗ်ားဆက္မေျပာနဲ႔ေတာ့... ကြၽန္ေတာ့္ကို တစ္ေယာက္ေယာက္လာခ်စ္ေပးတာကိုလည္းမလိုခ်င္ဘူး ကြၽန္ေတာ့္အတြက္ အခ်စ္က ေသဆုံးျခင္းနဲ႔ ဆုံးရႈံးျခင္းေတြနဲ႔ အဓိပၸါယ္အတူတူပဲ.... ကြၽန္ေတာ္ ဒယ္ဒီကိုခ်စ္တယ္ ဒါေပမယ့္ ကြၽန္ေတာ့္လက္နဲ႔ ကိုယ္တိုင္ေတာင္သတ္မိသြားတယ္ မာမီကိုကြၽန္ေတာ္ခ်စ္တယ္ ကြၽန္ေတာ့္အဖိုးရဲ႕ မၾကည္ျဖဴျခင္း နယ္ႏွင္ဒဏ္ေပးျခင္း ခံရတယ္ ။
ဒါေၾကာင့္ ကြၽန္ေတာ္နားလည္တဲ့အခ်စ္က ကြၽန္ေတာ့္အတြက္ ဘယ္ေတာ့မွအနားမွာထားလို႔မရတဲ့အရာတစ္ခုပါ ကိုေနမီး.... ကြၽန္ေတာ့္မွာ ခင္ဗ်ားကိုျပန္ခ်စ္ေပးႏိုင္ဖို႔လည္းအခ်စ္ရွိမေနဘူး၊ ခင္ဗ်ားအိမ္မွာေနၿပီး ခင္ဗ်ားကိုဒီလိုေျပာရတာ အားနာတယ္ တကယ္ပါ ”
သူဘာစကားမွေတာင္မဆိုႏိုင္သည့္အထိ စြံ႕အေနမိသည္....
စိတ္ထဲကေျပာႏိုင္တဲ့တစ္ခြန္းက ဦးေမာင္မွာ အခ်စ္ဆိုတဲ့အရာက ဆယ္ႏွစ္သားထဲက ေသဆုံးသြားေနသလားလို႔ပဲ။
“ဘာလို႔အားနာရမွာလဲ၊ သက္သာသလိုေနပါ”
Necktieကိုအေၾကာင္းျပခ်က္မရွိ ဆြဲလွည့္ေနကာ ျပန္ေျပာမိ၏။
“မင္းစိတ္ႀကိဳက္ ေနခ်င္သလိုေနလို႔ရတယ္လို႔ ငါေျပာၿပီးသား"
သူနာက်င္ေန၏။ ဒါေပမယ့္ ဦးေမာင္ကိုအဆင္မေျပမွာေၾကာက္ေနတဲ့စိတ္က အရင္ဦးစားေပးမို႔ ဦးေမာင္၏ အေနရခက္သြားမွကိုမလိုခ်င္သျဖင့္ သူကာေျပာလိုက္၏။
သူငိုခ်င္လိုက္တာမွ။ ေယာက္်ားတန္မဲ့ ငိုခ်င္လိုက္တာမွ....
‘အခ်စ္က ကြၽန္ေတာ့္အတြက္ ဘယ္ေတာ့မွအနားမွာထားလို႔မရတဲ့အရာတစ္ခုပါ ကိုေနမီး’တဲ့။
တစ္ေယာက္ေယာက္ကို မခ်စ္ရဲေတာ့သည့္ ဦးေမာင္ရဲ႕စိတ္ကို သူဘယ္လိုႏွစ္သိမ့္ရမွန္းမသိေနဘူး။ ဘာလို႔လဲဆို သူလည္းအခုမွ တစ္ေယာက္ေယာက္ကို စခ်စ္ဖူးတာမို႔လို႔ပဲ။
ဦးေမာင္နဲ႔အတူတူစားရတဲ့ မနက္စာေတြက သူ႔အတြက္ ခါးသက္ၿပီး အဆိပ္သင့္ေနတဲ့အစားအစာနဲ႔ေတာင္တူလာၿပီ။
“ဒါေပမယ့္ကြၽန္ေတာ္က မိန္းကေလးေတြကို.... ဟြန္”
“ခရင္မ္ေပေနလို႔”
မိန္းကေလးအေၾကာင္းေျပာလာေတာ့မယ့္ ႏႈတ္ခမ္းကို သူ႔လက္မနဲ႔ဖိပိတ္ကပ္ကာ တားလိုက္ၿပီး သူလိမ္လိုက္သည္။
သူ႔ကိုက်မခ်စ္ဘူးဆိုၿပီး မိန္းကေလးေတြကို ခ်စ္တတ္လိုက္တဲ့ေကာင္စုတ္ေလး။ ေျပာေတာ့အခ်စ္မရွိဘူးတဲ့... ႏွာဘူးေလးလူညာမေလး။
“ဒီေန႔ အျပင္သြားစရာမရွိရင္ အိမ္မွာေန ညေနက်ရင္ မင္းသူငယ္ခ်င္း ကိုကိုေလးဆီသြားၾကမလား ”
“ဟမ္ တကယ္လား ညထဲကသြားခ်င္ေနတာ”
အေျခအေနမေကာင္းတဲ့ မနက္ခင္းမွာ ဦးေမာင္စိတ္ညစ္စရာေတြေတြးေနမယ့္အျဖစ္ကို သူမလိုလားသျဖင့္ မင္းယတို႔ဆီသြားလည္ရန္ စိတ္ကူးမိ၏။
“ညေန ငါအလုပ္ကေနျပန္လာရင္ ဝင္ေခၚမယ္ ေစာင့္ေန”
“အင္း”
ေခါင္းညိတ္ျပလိုက္ေသာအခါ ဦးေခါင္းေလးကိုခ်စ္စႏိုးဖြကာ အခန္းျပင္ကိုထြက္ခါနီးတြင္....
“ ဒါေပမယ့္ ငါမင္းကို ဆက္ခ်စ္ေနမွာေနာ္ ဦးေမာင္"
“အယ္.... ခင္ဗ်ားသေဘာပဲေလဗ်ာ"
အဲ့လိုေလးလည္းျပန္ေျဖတတ္ေသးသည္။ ေသခ်ာသည္ ဦးေမာင္မွာရွက္သည္းမႈေတြ ရွက္ေသြးဖ်ာေတြ မရွိေနဘူးဆိုတာ။
ေနမီး သူဝဋ္လည္ေနတာ။ မင္းယကို ကိုကိုေလးနဲ႔သေဘာမတူခဲ့တာ ကိုကိုေလးကို သူငယ္ခ်င္းေတြမသိေအာင္ဖြက္ထားခဲ့တာေတြကို ဦးေမာင္က မင္းယအစား ျပန္ကလဲ့စားေခ်ေပးေနသလား ေအာက္ေမ့ရပါ၏။
❣️
❣️
❣️
❣️
❣️
မင္းယနဲ႔ကိုကိုေလးတို႔အိမ္တြင္ သူတို႔သူငယ္ခ်င္းတစ္စုေရာက္ေနၾကကာ မနက္ကသူမွာလိုက္ေသာစကားကို ဦးေမာင္တစ္ေယာက္ နားေထာင္ရွာသားပဲဟု ကိုယ့္ဘာသာကို႐ြဲ႕ေျပာေန၏။
အိမ္မွာေနပါဆိုတာကို ‘ကြၽန္ေတာ္အျပင္တစ္ခ်က္သြားရင္းနဲ႔ ကိုကိုတို႔ဆီကိုဝင္လာခဲ့မယ္'ဆိုၿပီး ဝင္လာေသာ မက္ေဆ့တစ္ေစာင္ကို ခဏခဏျပန္ၾကည့္ေနမိ၏။ အခုထိျပန္မေရာက္ေသးတာ ဘယ္ကိုသေဝထိုး အေလလိုက္ေနမွန္းမသိဘူး။
“ခြီ...”
”ခီခီ..”
“ဟြန႔္ ဟြန႔္”
ဖုန္းေလးၾကည့္ၿပီး ဖင္တႂကြႂကြျဖစ္ေနေသာ ေနမီးကို မင္းယနဲ႔အသြင္တို႔တစ္စုမွာ မရယ္ပဲမေနႏိုင္။
သူ႔ေကာင္ေလးအတုမလာေသးလို႔ ေမွ်ာ္ေနတဲ့ပုံက လင္ေပ်ာက္ေနတဲ့အခ်ိန္မွာ မီးကိုဖင္ခုထိုင္ေနရတဲ့အတိုင္းပဲဖင္တႂကြႂကြနဲ႔။
“ငါက အစကေကာင္ေလးလို႔ပဲမွတ္ေနတာ ကိုကိုေျပာမွ သူငယ္တန္းထဲကေပါင္းလာတဲ့သူငယ္ခ်င္း မိန္းကေလးပါဆိုၿပီးေတာ့ ခ်စ္စရာေတာ့ေကာင္းသားပဲေနာ္ ေနမီး”
“ေနမီး မင္းRoleမွားမယ္ေနာ္ အခုပုံနဲ႔က”
“ငါတို႔အလွည့္က်ေတာ့ဖြက္ထားတာ... ဖြက္ထားတာ ငါတို႔ျမင္မွာဆိုးလို႔ေလ၊ သူ႔အလွည့္က် သူ႔ညီမကမွ ပိုဆရာက်တယ္ သူငယ္တန္းထဲကသူ႔အကိုအတြက္ဖြက္ေပးထားတာကြာ ဟား.... ဟား"
မင္းယနဲ႔အသြင္တို႔ေျပာသမွ်ကိုလည္း သူဂ႐ုမစိုက္အား အျပင္မွာအေတာ္ေလးေမွာင္ေနၿပီကို အခုထိမေရာက္လာေသး၍ အိမ္အျပင္ဘက္ကိုၾကည့္ၿပီး တေမွ်ာ္ေမွ်ာ္နဲ႔ ၾကက္လည္လိမ္သလိုျဖစ္ေနလို႔ျဖစ္ေနမွန္းမသိ။
“ဟိုတစ္ခါက ေမပယ္ဆိုတဲ့ေကာင္မေလး သူ႔အေနာက္ကို တေကာက္ေကာက္လိုက္တာကို ငါမွတ္မိေသးတယ္။ မိန္းကေလးေတြကို တကယ္ပဲမႀကိဳက္တာလားဆိုၿပီး ငါသံသယဝင္ေသးတယ္ အခုေတာ့ဒီေကာင္က ဟိုမေရာက္ဒီမေရာက္တဲ့ တန္းလန္းကိုမွ ႀကိဳက္တတ္မွန္းသိေတာ့တယ္”
“မင္းလူျဖစ္ဆန္းၾကယ္တယ္ေနမီး... မင္းအေရွ႕မွာ ေခ်ာတဲ့မိန္းမေတြ လွတဲ့မိန္းမေတြအမ်ားႀကီးရွိတာကို ဘယ္လိုျဖစ္ၿပီး ဘဲကြဲကိုမွလည္းဆိုတာ ငါလည္းနားမလည္ဘူး”
“မင္းတို႔နားလည္ဖို႔မေျပာနဲ႔ငါေတာင္ ငါ့ကိုယ္ငါမသိေနတာကို"
ေနမီးထိုသို႔ေျပာလွ်င္ အကုန္လုံးက အသံတိတ္၍ေထာက္ခံၿပီး ခိုးရယ္ေနၾက၏။ အပီအျပင္မရယ္ရဲပါ ေနမီးကအေနတည္တယ္ဆိုေပမယ့္ သူ႔ကိုစရင္ေတာ့ တကယ္မႀကိဳက္တဲ့ေကာင္မို႔။ ထထိုးရင္ နာရအုံးမယ္....
ေနမီးက မိန္းကေလးေတြနဲ႔ ကင္းကင္းရွင္းရွင္းေနတတ္သည္။ မင္းယတို႔ ေနႏိုင္တို႔ ရည္စားထားရင္လည္း သူမႀကိဳက္။ တြဲရင္ ဒီတစ္ေယာက္ကိုပဲ လက္ထပ္ၿပီး႐ိုးျမက်ေပါင္းႏိုင္မွ ထားေစခ်င္သည့္အက်င့္မ်ိဳးရွိသည္။
ေျပာရမယ္ဆို တစ္ေယာက္ဆိုတစ္ေယာက္ ပိေတာက္ဆိုပိေတာက္အဲ့လိုစိတ္မ်ိဳးရွိတာ။ မင္းယက ရည္စားမ်ားေတာ့ သူတို႔ႏွစ္ေယာက္ကသိပ္မတည့္ခ်င္။ေနႏိုင္ကသာ ပိုးကေလးတစ္ေယာက္နဲ႔သာတြဲၿပီး ပိုးကေလးနဲ႔ယူျဖစ္တာ။ က်န္တဲ့သူတို႔တစ္ဖြဲ႕က FA Lineေတြ။
အခု ေနမီးကဘဲကြဲကို ခိုက္ေႂကြေနေတာ့ သူတို႔လည္းမကူညီေပးႏိုင္။
ဘာလို႔လဲဆို ဟိုဟာေလးျငင္းလိုက္ၿပီေလ....
ၿပီးေတာ့ ေမပယ္ဖူးစုံဆိုလား ေနမီးကိုတစ္ဖက္သတ္သေဘာက်ေနတဲ့ ေကာင္မေလးကိုလည္းသြားဖြန္ေၾကာင္ေနတာဆိုေတာ့ ဘယ္လိုမွကိုမကယ္ႏိုင္ေတာ့တာက အဆိုးဆုံးအေျခအေနတစ္ခုပဲ ေနမီးအတြက္က။
ေနမီးမွာ ေမပယ္နဲ႔မေတြ႕ရေအာင္လည္း အိမ္မွာႏွစ္ရက္ေလာက္ဖြက္ထားတယ္ဆိုပဲ။
မင္းယေပးတဲ့ေနမီးရဲ႕ဝဋ္ေတြက မနည္းမေနာဝဋ္ေတြမဟုတ္ဘူး။
အိမ္ရွင္ျဖစ္တဲ့ ကိုကိုနဲ႔မင္းယက အျမည္းပန္းကန္ေတြကို စားပြဲခုံေပၚအတန္းလိုက္ခ်ေနစဥ္မွာပဲ တံခါးၿခံဝကေန ကားတစ္စီး၏အသံေၾကာင့္ သူတို႔ေဘာ္ဒါေတြ တစ္ေယာက္မက်န္အကုန္ေရာက္ေနၿပီသျဖင့္ ဦးေမာင္ျဖစ္ဟုထင္ကာ ေနမီးသည္အိမ္အျပင္ဘက္ကို အေျပးအလႊားထြက္လာလွ်င္ သူထင္တဲ့အတိုင္းပါပဲ တကၠဆီနဲ႔လာတာ......
“ဘယ္ေတြသြားေနလဲ”
“သူငယ္ခ်င္းတစ္ေယာက္ဆီကို”
အေျဖသံနဲ႔အတူလက္ထဲက ကိုင္လာေသာပလပ္စတစ္အိပ္ကိုၾကည့္လိုက္တာနဲ႔ေလးေနပုံက အရက္ပုလင္းေတြမွန္းသိလိုက္၏။ အိမ္ထဲကိုဝင္လာကာ ပခုံးေပၚတင္ထားေသာလက္နဲ႔ဆံပင္တို႔ကို ခ်စ္စႏိုးဖြကာ.....
“မင္းေနမေကာင္းဘူးမလား မေသာက္ရဘူးေနာ္”
“ခင္ဗ်ားကလဲဗ်ား”
“မရဘူးဆို မရဘူး၊ ငါ့စကားနားေထာင္"
“ဝယ္ထားတာ အလကားျဖစ္ကုန္မွာေပါ့”
“မျဖစ္ေစရဘူး အထဲကေကာင္ေတြ တာဝန္ယူလိမ့္မယ္”
အခန္းတစ္ခုထဲကို ဝင္လာလွ်င္ ေနမီးရဲ႕ သူငယ္ခ်င္းေတြကို ေတြ႕လိုက္ရသည္။ ကိုမင္းယနဲ႔ကိုကိုက သိထားၿပီဆိုေပမယ့္က်န္တဲ့လူေတြကို မသိသျဖင့္ ရယ္ျပႏႈတ္ဆက္လိုက္၏။
ဒီလိုက်ေတာ့လည္း ႏႈိင္းနဲ႔သကၠ ေတာ္ဝင္တို႔ကို သတိရလိုက္တာ။
“ေမာင္ေရ ငါ့ကို လာဝိုင္းကူေပးပါအုံး"
“အယ္ လာၿပီ ခ်စ္... ဟြန႔္ ဟြန႔္...”
ဦးေမာင္နဲ႔ ကိုကို၏အေခၚအေဝၚေၾကာင့္ မင္းယနဲ႔ေနမီးမွာ မထင္မွတ္ဘဲ ၿပိဳင္တူၾကည့္မိသြားသည့္အထိပါပဲ။
မင္းယက သူ႔မိန္းမကိုစႏိုက္ေၾကာ္သြားမွာဆိုးတာနဲ႔ ေနမီးကေတာ့ မင္းေတာ့ထိၿပီဆိုသည့္မ်က္ႏွာေပနဲ႔.....
ထိုအခါမွာ မင္းယမွာ ကိုကို႔နားကိုအေျပးသြားကာ ဟိုအေကာင္တုေလးလုပ္ရမယ့္အလုပ္မွန္သမွ်ကို ဒိုင္ခံလုပ္ပါေတာ့၏။
အစားအေသာက္ေတြထပ္ခ် အေအးေတြခ်ေပး ဘီယာ အရက္တို႔ကိုဝိုင္းခ်ေပးရေတာ့၏။
ေတာ္ေသး ငါ့ကေလး ဘာမွလုပ္စရာမလိုေတာ့လို႔...
“ခ်စ္ ငါဒီညဒီမွာအိပ္မွာေနာ္"
“ေအးပါ”
“ေဟ့ေကာင္ ငါ့မိန္းမကိုေနာ္”
“ခင္ဗ်ားကလဲည္းဗ်ား ႏႈတ္က်ိဳးေနၿပီကို ေခၚေတာ့ဘာျဖစ္လဲဗ်ာ"
စကားေလးေျပာရင္း ဘီယာဘူးဘက္ကိုလွမ္းေနေသာလက္ကို ေနမီးကဆက္ခနဲ႔႐ိုက္ခ်ေတာ့ မ်က္ေမွာင္ေလးကုတ္က်သြားၿပီး အလိုမက်သည့္မ်က္ႏွာနဲ႔...
“ကိုယ့္ပါးစပ္နဲ႔ ကိုယ့္ဗိုက္နဲ႔ေသာက္တာဘာျဖစ္လဲဗ်ာ"
သူ႔အေျခအေနကို သူေမ့ေနေသာ သေကာင့္နား႐ြက္နားတိုးကပ္သြားၿပီး....
“ေနမေကာင္းဘူးမဟုတ္လား လုံးဝမေသာက္ရဘူး”
သူေျပာလိုက္လို႔ နား႐ြက္ကုတ္လိုက္ ႏႈတ္ခမ္းဆူလိုက္နဲ႔ အခ်ိဳရည္ဘက္ကိုလက္လွမ္းၿပီး မ်က္လုံးတို႔ကို ေမွးက်ဥ္းသြားသလိုလုပ္ေနျပန္၏။ စိတ္တိုေနေပမယ့္လည္း ေတာ္ေသးတယ္ သူ႔စကားကို နားေထာင္သြားလို႔....
ခ်စ္ဖို႔ေကာင္းလိုက္တာေနာ္...
“အဲ့မ်က္ႏွာက ဘာျဖစ္တာ လဒ"
ေနႏိုင္ဆီက အသံထြက္လာလွ်င္ ၿပဳံးၿဖီးေနေသာ မ်က္ႏွာက ႐ုတ္ျခည္တည္လိုက္ရ၏။ ငါအရမ္းမ်ား အိုဗာျဖစ္သြားရလား?
“ၾကည့္ၾကပ္လုပ္ မင္းဟာက အေပၚနဲ႔ ေအာက္ေနရာမွားေနအုံးမယ္."
“ဘာမွမမွားဘူး အေပၚပဲေဟ့ေကာင္”
ေနႏိုင္ေျပာလည္းသူဂ႐ုမစိုက္ေနဘဲ ျပန္ေနာက္၏။သူခ်စ္ေနရင္ၿပီးတာပဲ။တစ္ေန႔ ဦးေမာင္သူ႔ကို ျပန္ခ်စ္လာမွာပါ။
ဦးေမာင္ဒီမွာအိပ္မွာဟုဆိုသျဖင့္ သူလည္း ဒီမွာပဲတစ္ညအိပ္ဖို႔ စိတ္ကူးလိုက္၏။
အစအေနာက္သန္ေသာ ေနႏိုင္က မင္းယနဲ႔ ေနမီးကို စေနာက္ခ်င္ေသာေၾကာင့္.....
“ဦးေမာင္ေလး မင္း ကိုကိုေလးနဲ႔.... ဟာကြာ မင္းတို႔ႏွစ္ေကာင္နာမည္ေခၚရတာလည္း ငါ့အဖိုးသူငယ္ခ်င္းနာမည္ကိုသြားေခၚတာက်ေနတာပဲ အဆင္မေျပလိုက္တာကြာ... ဟိုကေလးႏွစ္ေကာင္ မင္းတို႔ ငယ္ငယ္ထဲက သူငယ္ခ်င္းေတြဆို ဟုတ္လား”
“ဟုတ္တယ္ေလ ကြၽန္ေတာ့္ရဲ႕အခ်စ္ဦးက ခ်စ္ေလဗ်ာ အဲ့တာကိုေနမီးက သူ႔သူငယ္ခ်င္းကိုေပးလိုက္ေတာ့ ကြၽန္ေတာ္အသဲကြဲက်န္ရစ္ခဲ့တာေပါ့ အဲ့လိုမွန္းသိ ရန္ကုန္မသြားခင္မွာ ခ်စ္ကိုခိုးေျပးသြားရင္ေတာင္ ဟုတ္အုံးမယ္ အခုေတာ့ အေဝးကပဲ ေမွ်ာ္ၾကည့္ရတဲ့ ဘဝေရာက္သြားၿပီ”
“ေဟ... ဟုတ္လား”
“ေမာင္ေနာ္ နင္ေတာ့လုပ္ေတာ့မယ္ ငါ့ေယာက္်ားမ်က္ႏွာကိုၾကည့္အုံး ဟိုမွာစိတ္ဆိုးေတာ့မယ္”
တကယ္ပါ ထိုစကားနဲ႔ မင္းယရဲ႕မ်က္ႏွာက အေတာ္ေလးပ်က္ေနသည္။
ပိုဆိုးတဲ့မ်က္ႏွာနဲ႔တစ္ေယာက္လည္းရွိေသးသည္။
ၿပဳံးၿဖီးေနတဲ့ ဦးေမာင္ကေတာ့ ကိုကို႔နားဘက္ကိုတိုးတိုးေလးနဲ႔ လက္တစ္ဖက္က ပခုံးကိုဖက္ကာ တစ္ခြန္းေျပာလိုက္ေသး၏။
“အဲ့ဒါ ခ်စ္ရဲ႕အစ္ကိုက ငါ့ကို အရက္မတိုက္လို႔ေျပာပစ္လိုက္တာ ဟီး ... စိတ္မဆိုးနဲ႔ေနာ္”
“နင္ေနာ္ ငါ့အစ္ကိုကိုႏွိပ္စက္ေနတာ ေတာ္ေတာ့”
ႏွစ္ေယာက္သားတီးတိုးေျပာေနစဥ္ အသံႀကီးတစ္ခုက ဝင္လာသည္။
“ဦးေမာင္ ငါဘာေျပာထားလည္း ငါ့ညီမကို သူ႔ေယာက်ာ္းေရွ႕မွာ ခ်စ္ ခ်စ္ နဲ႔ မ ေခၚနဲ႔လို႔ ငါအတန္တန္မွာထားရက္နဲ႔မင္းကြာ..."
ပူးကပ္ေနေသာအေနအထားေၾကာင့္ ေနမီး ဦးေမာင္ပခုံးကို တြန္းဖယ္လိုက္ၿပီး ထိုသို႔ဝင္ေျပာလွ်င္ ဦးေမာင္က မင္းယ၏ပ်က္ယြင္းေနေသာ မ်က္ႏွာဘက္ကိုၾကည့္လွ်င္ သူစေနာက္တာ လြန္သြားမွန္းသိေပမယ့္ ျပန္မေျဖရွင္းမိဘူး။
ဘာလို႔လဲဆို သူတစ္ဦးဦးကို ျပန္ေျဖရွင္းေပးရမယ့္အလုပ္ကို စိတ္မဝင္စားတတ္တဲ့အက်င့္ျဖစ္ေနလို႔ပဲ.....
“ကိုကို႔ေနမီး ဦးေမာင္ကိုအဲ့လိုမေျပာပါနဲ႔ သူစေနာက္ေနတာကို ကိုကိုလည္းသိေနတာပဲ လူၾကားထဲအဲ့လိုမေျပာပါနဲ႔”
“ေျပာေနတဲ့ပုံကစေနာက္ေနတာမွမဟုတ္တာ ေမပယ့္ကိုလည္း သူဒီလိုပဲစိတ္မ်ိဳးနဲ႔....”
“ကိုႀကီး..”
သူဆက္မေျပာႏိုင္။
မင္းယကဘာမွဝင္မေျပာေပမယ့္ ေနမီးကသူ႔ညီမကိုထိေတာ့ မာန္လိုက္ၿပီးမွ မ်က္ႏွာငယ္သြားသည့္အရိပ္ေၾကာင့္ သူလြန္သြားမွန္းသိလိုက္၏။
“ရတယ္ ခ်စ္...... ေမခ်စ္သူကိုကို ငါျပန္ေတာ့မယ္"
ဆက္ခနဲ႔ထထြက္သြားေသာအရိပ္ကို အကုန္လုံးက ေၾကာင္အစြာ ၾကည့္ေနၾက၏။
ၿပီးမွေနမီးကို အျမန္ၾကည့္ၾကကာ တစ္ခုခုသြားေျပာရန္တိုက္တြန္းလာလွ်င္....
“ဘယ္ျပန္စရာရွိလို႔ ျပန္ခ်င္ရတာလဲ"
“အဲ့ဒါ ခင္ဗ်ားနဲ႔ ဘာဆိုင္လဲ"
“ေတာက္"
တတ္ ေခါက္က္မိလိုက္သည္က ကိုယ့္ကိုယ္ကိုပဲ။ သူေျပာလိုက္မိလို႔ ဦးေမာင္စိတ္ဆိုးသြားတာ။
အေနာက္ကေန အေျပးအလႊားလိုက္သြားလွ်င္ သူမ်ားအိမ္က အုတ္ခုံတစ္ခုေပၚတြင္ ထိုင္ၿပီး တစ္ေယာက္ေယာက္ကိုဖုန္းဆက္ေန၏။
“မင္းလာေခၚ ငါ့မွာေနစရာေနရာမရွိဘူး"
အနားကို တိုးကပ္သြားၿပီးမွ ၾကားလိုက္သည့္စကားေၾကာင့္ သူ႔ရင္ဘက္မွာနာက်င္ျခင္းနဲ႔ ငါဘာလို႔ေျပာခဲ့ပါလိမ့္ဆိုၿပီး ဘဝင္မက်ျဖစ္လာ၏။
“ႏႈိင္း မင္းကလြဲရင္ ငါ့မွာတစ္ျခားအားကိုးရာမရွိဘူး။ ငါ့ျဖစ္တည္မႈေတြကို ခံစားေပးတတ္တဲ့လူလည္းမရွိဘူး၊ အကုန္လုံးက အလိမ္အညာေတြ လာေခၚေပးပါ ငါေတာင္းဆိုပါတယ္ကြာ"
“ကေလးရယ္.."
လက္တစ္ဖက္ကိုမ်က္ရည္သုတ္ေနၿပီး ႏႈိင္းဆီကိုရင္ဖြင့္၊ ေျပာျပေနေသာ စကားလုံးေတြကို ဆက္နားေထာင္ႏိုင္စြမ္းမရွိေတာ့သျဖင့္ အုတ္ခုံေပၚထိုင္ေနေသာ ကေလးကိုယ္လုံးကိုဖက္ထားကာ သူပါမ်က္ရည္ဆို႔တတ္လာမိ၏။
“ကိုမွားသြားတယ္ကေလးရယ္ ကေလးကို ကိုသဝန္တိုမိလို႔ လႊတ္ခနဲ႔ေျပာမိသြားတာပါေနာ္ ကို႔ဆီမွာပဲေနပါ ဘယ္မွမသြားပါနဲ႔"
သူဖက္ထားသည့္အတိုင္းကေလးဟာ အသံတိတ္ငိုေနၿပီး သူလည္းထိုမ်က္ရည္တို႔ကို ပြတ္သပ္ေပးေနလွ်င္ မ်က္ႏွာတစ္ဖက္လွည့္၍ႀကိတ္ခံစားေနသည့္ပုံနဲ႔....
သူ႔ကိုလည္း ဖယ္ဖို႔သတိမရေနဘဲ ႀကိတ္ငိုေနဆဲ...
သူေမ့သြားတာ ဦးေမာင္ရဲ႕ဂ်စ္ကန္ကန္ႏိုင္စြမ္းရဲ႕အေနာက္မွာ ခံစားခ်က္ေတြကိုၿမိဳသိပ္ထားတတ္တာကို။
“ေနာက္မေျပာေတာ့ဘူးေနာ္... ကိုေလ မင္းကိုအရမ္းခ်စ္လို႔ ေမပယ့္ကိုေတာင္မင္းနဲ႔ေတြ႕ခြင့္မေပးႏိုင္တဲ့အထိကို သဝန္တိုေနခဲ့တာပါ ကေလးရယ္”
“ကြၽန္ေတာ့္မရွိရင္ ခင္ဗ်ားတို႔ဘဝေတြ သာယာၿပီးသားပါ ကြၽန္ေတာ့္ကိုတစ္ေယာက္ထဲလႊတ္ထားေပးစမ္းပါဗ်ာ"
“မဟုတ္တာကြာ.... ဘယ္လိုေျပာလိုက္တာလဲ ကေလးရာ"
လႊတ္ေပးထားစမ္းပါလို႔သာပါးစပ္ကေျပာေနတာ တကယ္က သူ႔ခါးကိုတင္းတင္းဖက္ထားမ်ား သူထြက္သြားမွာဆိုးလို႔ေၾကာက္ေနတာအသိသာႀကီးရယ္။
“ႏႈိင္းဆီပဲသြားမယ္ ခင္ဗ်ားဆီကိုလာခဲ့မိတာအရမ္းမွားတယ္ အမွားႀကီးမွားသြားတာပဲ”
ရင္နာစရာမ်ားျဖစ္သြားေအာင္ သူဘယ္လိုေတာင္စိတ္ဒဏ္ရာေပးခဲ့ရတာလဲ။
“မသြားရပါဘူး ကို ဖိုးဖိုးဆီက ကေလးကိုကို႔ဆီမွာေနဖို႔ခြင့္ေတာင္းထားၿပီးသားကို၊ ၿပီးေတာ့ ႏႈိင္းက ကေလးနဲ႔ေလွ်ာက္သြားေနရေတာ့မယ့္အေနအထားလည္းမဟုတ္ေတာ့ဘူး။ ကိုနဲ႔ပဲေနရမယ္ေနာ္.... ဟုတ္ၿပီလား”
ပါးေဖာင္းေဖာင္းေလးကရဲတြတ္ေနၿပီး ႏွာေခါင္းေလးကလဲ သူႀကိဳက္တဲ့ စေတာ္ပယ္ရီေလးလိုပဲ ရဲပေတာင္းခက္ေနတာပဲ။ ငိုေနတာေတာင္ ခ်စ္စရာေကာင္းေနတဲ့ သူ႔ကေလးပါပဲ။
အသံတိတ္ရႈိက္ေနေသာ ကေလးရဲ႕ႏႈတ္ခမ္းကို မရဲတရဲေလးဖိကပ္နမ္းလွ်င္ ထိုငိုရႈိက္သံေလးဟာ တိခနဲ႔တိတ္က်သြား၏။
ကေလးက သူ႔အေပၚေႏြးေထြးေပးမယ့္လူကို လိုအပ္ေနတာပါ။
သူ႔ကိုမခ်စ္ေပမယ့္ သူ႔ကိုအနမ္းနဲ႔တုံ႔ျပန္လာေသာ ကေလးသည္ သူ႔လည္ပင္းေပၚလက္ေရာက္လာလွ်င္ ေပြ႕ခ်ီမလိုက္၏။
လမ္းမထပ္မွာဆိုေပမယ့္ မရွက္ႏိုင္ဘူး။ သူ႔ကေလးနဲ႔ဆို ဘယ္ေနရာမွာပဲနမ္းနမ္း နမ္းေနလို႔ကိုအားမရေနဘူး။
သုံးအိမ္အေက်ာ္ေလးအထိေရာက္သြားၿပီး လူရွင္းလို႔ေတာ္ေသးတာေပါ့။
ကေလးႏႈတ္ခမ္းကေစာေစာက ေသာက္ထားသည့္အခ်ိဳရည္အတူခ်ိဳျမေန၏။
“ကို႔ကို ခ်စ္လာၿပီလား"
“....."
ေခါင္းခါျပေနေသာေၾကာင့္ နည္းနည္းေတာ့ စိတ္ဆိုးခ်င္လာ၏။
“အဲ့ဒါဆို ကို႔ကိုမနမ္းနဲ႔ေလ"
“နမ္းမွာပဲ"
တကယ္သူ႔ကိုပေလးတဲ့ကေလးပါပဲ။ မခ်စ္ဘဲနဲ႔ ဘယ္သူက နမ္းေနက်လို႔လဲ။ လူလည္ေလး။
“မခ်စ္ဘဲနဲ႔ ဘယ္သူကနမ္းလို႔လဲ"
“ ရွိတယ္ ကြၽန္ေတာ္ေလ”
“ေနာက္တစ္ခါမငိုရဘူး ေယာက္်ားေလးလိုေနခ်င္ၿပီး ငိုေနမယ္ဆို ေယာက္်ားသိကၡာက်တယ္ ၾကားလား”
အၿပဳံးေတြၾကားက လက္က်န္မ်က္ရည္ေလးကို သူသုတ္ေပးေနလွ်င္ မိန႔္မိန႔္ႀကီးၿငိမ္ေပးေနရွာျပန္၏။ သူ႔လည္ပင္းကိုဖက္သြယ္ထားၿပီး ရႈိက္လိုက္၊ သူ႔ႏႈတ္ခမ္းကိုလာထိလိုက္နဲ႔ ကေလးက သူ႔ကို က်ီစယ္ေနျပန္၏။ သူ႔ႏႈတ္ခမ္းကို အေတာ္ႀကိဳက္ေနပုံရသည္။ ဒါေလးကိုပဲ ရင္ခုန္ေနၿပီး ဒူးတုန္မတတ္ျဖစ္ေနတာက ေနမီးပုံဆိုတဲ့သူပါပဲ...
သူေခ်ာ့ရင္ေပ်ာ့မဲ့ကေလးကို စကားလုံးၾကမ္းၾကမ္းေတြ သူသုံးခဲ့မိသည္။
“ၿပီးေတာ့ ေနာက္ဆိုမိန္းကေလးေတြကို မႀကိဳက္ရေတာ့ဘူးေနာ္"
ပါးစပ္ကမေျပာေပမယ့္ ေခါင္းကေတာ့ ညိတ္ေပးရွာသည္။ ဒီေလာက္နဲ႔တင္ သူ႔ဘဝကျပည့္စုံေနပါၿပီ....
“ျပန္ရေအာင္"
ႏွဖူးေလးကိုနမ္းလိုက္လွ်င္ ဆက္ခနဲ႔သူ႔ဆီကခုန္ခ်သြားၿပီး မတ္တပ္ရပ္ခ်လိုက္ေသာကေလးေၾကာင့္ သူေၾကာင္သြား၏။ အုတ္ခုံရဲ႕ေက်းဇူးနဲ႔ ကေလးရဲ႕ရင္ဘက္နဲ႔သူနဲ႔က Face to Faceျဖစ္သြားေသာေၾကာင့္ မ်က္လုံးထဲျပန္ျမင္ေယာင္လာလွ်င္ ရင္ခုန္သံကေျပးလႊားေနၿပီ.....
ကေလးရဲ႕ ရင္ဘက္ကို နမ္းခဲ့တဲ့အေၾကာင္းကိုသူဝန္ခံလိုက္ရင္ေကာင္းမလား...
ဒါဆို သူ႔ကိုထိုးပစ္မွာ ႀကိမ္းေသ၏။
“ခ်စ္ရွိတဲ့အိမ္ကိုလား ကိုေနမီးရဲ႕အိမ္ကိုလား"
လာျပန္ၿပီ ဒီခ်စ္နဲ႔.... ေစာေစာကပဲဆူလိုက္လို႔ငိုသြားတာကို။ ဟိုမွာ ဟိုလင္မယားႏွစ္ေယာက္လည္း ေနာက္တစ္ပြဲျဖစ္ေနၿပီလားမသိဘူး။
“ကိုကိုေလးရွိတဲ့အိမ္”
“အဲ့ဒါဆို သြားမယ္"
႐ုတ္တရက္သူ႔ေက်ာဘက္ကိုလႊားခနဲ႔ ခုန္တတ္လာေသာေၾကာင့္လန႔္သြားကာ ျပဳတ္မက်ေအာင္အျမန္ထိန္းရေတာ့၏။ လုပ္လိုက္ရင္ အၿမဲအလန႔္တၾကားနဲ႔....
“ကြၽန္ေတာ္စိတ္ဆိုးေနေသးတယ္ေနာ္ ကုန္းပိုးေပး"
ဆိုတဲ့သေဘာကေတာ့ ဒီနည္းနဲ႔ သူစိတ္ဆိုးေျပေပးမယ္ဆိုတာေပါ့။ မင္းကလူလည္ပါ ေမဦးေမာင္.....
ဘယ္သူပဲၾကည့္ၾကည့္ သိသာေနတဲ့စုံတြဲလိုပုံစံဆိုတာပဲ....
ရွပ္အျဖဴလက္ရွည္ကို တံေတာင္းဆစ္အထိေခါက္တင္ထားၿပီး အနက္ေရာင္ပန္နဲ႔ ရင့္မားေသာေယာက္်ားတစ္ေယာက္က သူ႔ထက္ငယ္တဲ့ေကာင္ေလးတစ္ေယာက္ကို လမ္းလယ္ေခါင္မွာ အရွက္မရွိခ်ီပိုးေပးေနၿပီး ခန္႔ေခ်ာၿပီး၊ ေယာက္်ားပီသၿပီး ေယာက္်ားဆန္တဲ့လူက ပိုေပ်ာ္ေနတဲ့မ်က္ႏွာနဲ႔...
ေျပလည္သြားလို႔ အိမ္ထဲကို ျပန္ဝင္လာလွ်င္ မင္းယနဲ႔ကိုကိုေလးတို႔တစ္ဖြဲ႕လုံးက သူတို႔ကိုၾကည့္ၿပီး ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ရွိေသာေၾကာင့္ ထူးဆန္းေနတာေတာ့အမွန္။ သူ ဦးေမာင္ကို ခ်စ္တယ္ဆိုတာ အကုန္လုံးသိေနရက္သားနဲ႔ ဘာအထူးအဆန္းထပ္ရွိေနေသးလဲ။
PART 14ဆက္ရန္......
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
မေကာင္းမကန္းေလးကို ဒီအထိကို အားေပးတဲ့ စာဖတ္သူတစ္ဦးခ်င္းစီကို ေက်းဇူးတင္ပါတယ္ေနာ္။
အေရးအသားသိပ္မေကာင္းခဲ့ရင္လဲ ႀကိဳၿပီးအားနာရပါတယ္ေနာ္😁
ထပ္ႀကိဳစားေရးသားေနပါတယ္လို႔...
Drabin-one