ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

By Doh_Clover

519K 55K 419

. More

Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 29

5.7K 718 0
By Doh_Clover

စုလုရီ
အပိုင်း (၂၉) ကာကွယ်ပေးမှု


စာအုပ်နှင့် စာရွက်စာတမ်းများကို အနောက်ရှိ စာအုပ်စင်ပေါ်၌ တင်ထားလိုက်ကာ စားပွဲပေါ်၌ လှပသော ကမ္ဘာလုံးသာ ကျန်တော့၏။

အပြာရောင် ကမ္ဘာလုံးကြီးက ရွှေရောင် ထောက်တိုင်နှင့် မဟော်ဂနီ စားပွဲပေါ်တွင် ခန့်ညားထည်ဝါစွာ ရှိနေသည်။

စုလုရီက သူ၏ အစ်ကိုကြီး စိတ်ပြောင်းသွားသည့် အကြောင်းရင်းကို မသိသော်လည်း နေရာပြောင်းရမည့်ကိစ္စမှာ မဆိုးလှပေ။

ထို့နောက် စုချီ၏ ညွှန်ကြားချက်ကို မေးလိုက်သည်။

"ဒါရိုက်တာ စု၊ ဒီကမ္ဘာလုံးကို ဒီမှာပဲ ထားရမှာလား"

စုချီက မော့မကြည့်ဘဲ "စာအုပ်စင်မှာ တင်ထားလိုက်" ဟု ပြောလိုက်သည်။

စားပွဲမှာ ရှင်းလင်းသွားကာ ခုံ၌ ထိုင်မချခင်မှာပဲ စုချီက စာရွက်စာတမ်းများကို ကမ်းပေး၍ "ရော့၊ ဒါကို ပရောဂျက် ဌာနကို ယူသွားပြီး ပြန်ပြင်ခိုင်းလိုက်" ဟု စုလုရီကို ခိုင်းလိုက်၏။

စုလုရီက လှမ်းယူလိုက်ကာ "ပရောဂျက်ဌာနက ဘယ်မှာလဲ" ဟု မေးလိုက်သည်။

စုချီက ကွန်ပြူတာကို ကြည့်နေရင်း မော့ကြည့်လိုက်ကာ "လက်ထောက်က ဘယ်သူလဲ။ မင်းလား။ ငါလား" ဟု ပြန်မေးလိုက်၏။

စုလုရီက တိတ်ဆိတ်သွားသည်။ ထို့နောက် အတွင်းရေးမှူး ချင်ကို မေးရန်အတွက် တံခါးမှ မြန်မြန် ထွက်လာခဲ့လိုက်၏။

စုလုရီက ရုံးချုပ်၌ အလုပ်သင်အဖြစ် နှစ်လကြာဆင်းရမည် ဖြစ်သဖြင့် ရှောင်ချင်က ဝန်ထမ်းများနှင့် ရင်းနှီးစေရန်အတွက် လိုက်လံ မိတ်ဆက်ပေးလေ‌သည်။

ရှောင်ချင် - "ပရောဂျက် ဌာနက (၈) လွှာမှာ ရှိတယ်။

ပထမထပ်က ခန်းမကြီး၊ ဒုတိယထပ်မှာ ဆွေးနွေးခန်းနဲ့ ဧည့်ကြိုကောင်တာ ရှိတယ်။ (၃) လွှာမှာက စား‌ သောက်ခန်းနဲ့ မီးဖိုခန်းရှိတယ်။ ပြီးတော့ (၄) လွှာကနေ (၈) လွှာ အထိက ကုမ္ပဏီ အုပ်ချုပ်ရေး ဌာနတွေရှိတယ်။ (၉) လွှာကနေ (၁၁) လွှာအထိက အလုပ်အမှုဆောင် အဖွဲ့ဝင်တွေရဲ့ ရုံးခန်းရှိတယ်။ ပြီးတော့ (၁၂) လွှာမှာက သူဌေးရုံးခန်းနဲ့ အတွင်းရေးမှူး ရုံးခန်းပဲ ရှိတယ်"

ရှောင်ချင်က (၈) လွှာမှ (၉) လွှာကို တက်ရန်အတွက် ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်သည်။

ဓာ‌တ်လှေကားတံခါး ပွင့်သွားသောအခါ အသက် (၅၀) အရွယ်ရှိသော လူတစ်ယောက်က ဝင်လာခဲ့၏။

အတွင်းရေးမှူး ချင်ကို ထိုလူက မြင်လိုက်သောအခါ "ဟယ်လို အတွင်းရေးမှူး ချင်" ဟု နှုတ်ဆက်လိုက်သည်။

ရှောင်ချင်က ပြန်နှုတ်ဆက်ကာ "သူက သူဌေးရဲ့ လက်ထောက်အသစ်။ ဒီနေ့မှ ရုံးစတက်တာ။ ဒါကတော့ HR ဌာနက ဌာနမှူး ချန်" ဟု မိတ်ဆက်ပေးလိုက်၏။

စုလုရီက ခေါင်းကို ငုံ့ကာ "တွေ့ရတာ ဝမ်းသာပါတယ် ဌာနမှူး ချန်" ဟုနှုတ်ဆက်လိုက်သည်။

ဌာနမှူးချန်က "အင်း" ဟု လျင်မြန်စွာ ပြန်ပြောလိုက်သော်လည်း သူ၏ မျက်လုံးများကမူ စုလုရီကို စေ့စေ့စပ်စပ် လိုက်ကြည့်နေလေသည်။ (၁၁) လွှာ၌ ဓာတ်လှေကား ရပ်သွားမှသာ သူ့အကြည့်ကို ပြန်ရုတ်ပြီး ထွက်သွားတော့၏။

ဓာတ်လှေကား တံခါးပြန်ပိတ်သွားသောအခါ စုလုရီက ရှောင်ချင်ကို မေးလိုက်သည်။

"ကျွန်တော့် မျက်နှာပေါ်မှာ အမျိုးတွေလို့ ရေးထားလို့လား ရှောင်ချင်"

ရှောင်ချင်က " မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ ရေးထားတာ" ဟု ပြန်ပြောလိုက်သည်။

စုလုရီ - "ဝိုး..."

ကုမ္ပဏီ၏ ဌာနအသီးသီးကို နားလည်အောင် လိုက်လံ ကြည့်ရှုရသည်မှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။

ထို့နောက် အပေါ်ဆုံးထပ်သို့ နှစ်ယောက်သား အတူတူ ပြန်လာပြီး စုချီ၏ ရုံးခန်းသို့ လျှောက်လာခဲ့ကြ၏။

ရှောင်ချင်က ရုံးခန်း တံခါးကို ခေါက်လိုက်ပြီး ဝင်လိုက်သည်။

စုချီက နှစ်ယောက်သား အတူတူ ဝင်လာသည်ကို တွေ့လိုက်သော်လည်း ဘာမှ မပြော‌ချေ။ ထို့နောက် ရှောင်ချင့်ကို အလုပ်ကိစ္စများ ပြောကာ စုလုရီကို စာရွက်စာတမ်းများ ပြင်‌ဆင်ခိုင်းလိုက်၏။

ရုံးခန်း အကျယ်ကြီးထဲ၌ လူနှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

အရင်နေ့များတွင် ကီးဘုတ်ရိုက်သံတစ်ခုသာ ရှိသော်လည်း ယနေ့၌မူ တစ်ခုပိုလာလေသည်။

နှစ်ယောက်သားက ကိုယ့်အလုပ်သာကိုယ်လုပ်ကြ၍ အချင်းချင်း မနှောင့်ယှက်ကြပေ။

စုလုရီက ဌာနအသီးသီးမှ အစီရင်ခံစာများကို တစ်ခုစီစစ်ထုတ်၍ အရေးကြီးကိစ္စများကို သပ်သပ် ခွဲထားသည်။

ထို့နောက် စုချီထံသို့ တင်ပြရ၏။

မျက်နှာချင်းဆိုင်ရှိ ကွန်ပြူတာမှ အသံထွက်လာသောကြောင့် စုလုရီက လှမ်းကြည့်လိုက်သည်။

စုချီက သူ့ကို မကြည့်ဘဲ အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။ စုချီ၏ အလုပ်အပေါ် အာရုံစိုက်မှုမှာ အားကောင်းလှ၏။

အလုပ်၌ ပထမဆုံးနေ့ဖြစ်သဖြင့် စုလုရီမှာ လုပ်စရာ မရှိတော့ပေ။ စုလုရီက စားပွဲပေါ်သို့ မှောက်ချလိုက်ပြီး ဘာဆက်လုပ်ရမည်ကို မသိ။

စုချီ အလုပ်လုပ်နေပုံကို ကြည့်ပြီး သွား၍လည်း မမေးရဲချေ။

ခဏကြာပြီးနောက်မှသာ ရေတစ်ခွက်ကို ခပ်၍ စုချီစားပွဲပေါ်သို့ သွားပို့ပေးလိုက်သည်။

စုချီက စာရိုက်နေတာကို ရပ်၍ "အားလုံးပြီးသွားပြီ။ ငါ မင်းကို ပေးလိုက်မယ်။ ကျန်တာတွေကို မင်းစီစဉ်လိုက်" ဟု စုလုရီကို ပြောလိုက်၏။

ထို့နောက် ရေခွက်ကို ကြည့်ကာ "ရေခပ်ပေးတဲ့အလုပ်မျိုးတွေကို မင်းလုပ်စရာ မလိုဘူး" ဟု ပြောလိုက်သည်။

မနက်ပိုင်း အလုပ်လုပ်ချိန် ပြီးသောအခါ စုလုရီက စုချီနောက်မှ စားသောက်ခန်းသို့ လိုက်လာခဲ့သည်။

အတွင်းရေးမှူးရုံးခန်းသို့ ဖြတ်သွားသောအခါ အထဲ၌ တစ်ယောက်မှ မရှိသဖြင့် စုလုရီက "ရှောင်ချင်ရော ကျွန်တော်တို့နဲ့ အတူတူ နေ့လည်စာ မစားဘူးလား" ဟု မေးလိုက်သည်။

စုချီ - "မင်း အမြဲတမ်း ရှောင်ချင် ဘာလုပ်နေလဲဆိုတာကိုပဲ တွေးနေတာလား"

စုလုရီ - "ကျွန်တော် ဒီအတိုင်းပဲ မေးလိုက်တာပါ"

စကားစပြတ်သွားကြပြီး နှစ်ယောက်သား ဓာတ်လှေကား စီးကာ (၃) လွှာကို ဆင်းလာခဲ့ကြသည်။

စုချီက ဒါရိုက်တာ ဖြစ်သောကြောင့် ဝန်ထမ်းများ၏ အာရုံစိုက်မှုကို အခံရဆုံးလူဖြစ်၏။

သို့သော် ကြည့်ကောင်းသည့် လူငယ်လေးက ဒါရိုက်တာ စုနှင့် အတူတူ ဝင်လာသောကြောင့် အားလုံး၏ အကြည့်က စုလုရီထံ ရောက်လာကြသည်။

စုလုရီနှင့် စုချီတို့က စားစရာများကို ယူပြီးနောက် ထောင့်‌တစ်နေရာ၌ ထိုင်လိုက်ကြ၏။

စုလုရီက ထုံးစံအတိုင်း ပန်းကန်နှင့် မျက်နှာအပ်ပြီး စားနေချိန်တွင် တီးတိုးပြောသံ တစ်ချို့ကို ကြားလိုက်ရသည်။

"အဲ့ဒါ ဘယ်သူကြီးလဲ။ သူလည်း ကြည့်ကောင်းတာပဲ၊ ဒါပေမယ့် နည်းနည်းတော့ ထူးဆန်းတယ်"

"ငါ သူ့ကို တွေ့ဖူးသလိုပဲ။ သူအရင်က ငါတို့ ကုမ္ပဏီကို လာဖူးသေးလား"

"ဒါရိုက်တာ စုနဲ့တောင် အတူတူ ထိုင်စားနေတာဆိုတော့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်ပဲ ဖြစ်မှာပေါ့"

"ငါတော့ သူက လူသစ်လို့ ထင်တယ်။ အတွင်းရေးမှူး ချင်က ကုမ္ပဏီကို လိုက်ပြနေတာ ငါ တွေ့လိုက်တယ်"

စုလုရီက စားနေရာမှ ခေါင်းထောင်လာပြီး စုချီကို လှမ်းကြည့်လိုက်ရာ စုချီက မကြားချင်ယောင်ဆောင်ပြီး အေးဆေးဆက်စားနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် စုလုရီလည်း မကြားချင်ယောင်ဆောင်ကာ ဆက်စားနေလိုက်၏။

ထမင်းစားနေဆဲ၌ စုချီ၏ ဖုန်းမှ ထမြည်လာသည်။ စုချီက ဖုန်းကို ကိုင်ပြီး ထထွက်သွားသည်ကို တွေ့လိုက်ရသည်။

အခြားသောသူများက သူ့ကို ဝိုင်းကြည့်နေကြသည်ကို မြင်လိုက်ရပြီး သူ့ကို မကြိုက်သည်ကို ခံစားမိလိုက်ရ၏။

ခြောက်မိနစ်ခန့်ကြာပြီးနောက် စုချီက ပြန်လာခဲ့သည်။ ခုံကို ဆွဲကာ ဝင်ထိုင်လိုက်ပြီး "မင်း စားလို့ ပြီးသွားပြီလား" ဟု စုလုရီကို မေးလိုက်သည်။

စုလုရီက ငြိမ်ငြိမ်လေး ထိုင်နေကာ "မပြီးသေးဘူး။ အစ်ကိုကြီးကို စောင့်နေတာ" ဟု ပြောလိုက်သည်။

စုချီက စုလုရီ၏ ပန်းကန်ထဲ၌ ကျန်နေသော ပန်းပွင့်စိမ်း တစ်ခုကို ကြည့်လိုက်ပြီး "မင်း စောင့်နေတာကလည်း စိတ်မပါဘူး ထင်တယ်" ဟု ပြောလိုက်၏။

စုလုရီက တူကို ကောက်ကိုင်ကာ ပန်းပွင့်စိမ်းကို ကောက်စားလိုက်ပြီး "ဒါ နောက်ဆုံးအလုတ်လေ" ဟု ပြန်ဖြေလိုက်သည်။

နေ့လည်စာစားပြီးနောက် နှစ်နာရီ နားချိန်ရ၏။

စုအဖွဲ့အစည်းမှာ အလုပ်များသော်လည်း ဝန်ထမ်းများကို ကောင်းကောင်း ဆက်ဆံပေးသည်။

နားချိန်တွင် အပြည့်အဝ နားခိုင်း၍ အလုပ်ချိန်ကျော်လျှင်လည်း အချိန်ပိုကြေးပေး၏။

စုလုရီက စုချီနှင့် အတူတူ ရုံးခန်းသို့ ပြန်လာခဲ့သည်။

ဓာတ်လှေကား တံခါးပိတ်သွားသောအခါ စုချီက ဇာတ်ကြောကို ဖိလိုက်ပြီး "မင်း အိပ်ချင်ရင် နားနေခန်းကို သွားပြီး အိပ်လို့ရတယ်" ဟု စုလုရီကို ပြောလိုက်၏။

သူဌေးရုံးခန်းအတွင်းရှိ နားနေခန်းမှာ အိပ်ယာ၊ အဝတ်ဗီဒိုနှင့် သန့်စင်ခန်းများပါ ရှိသည်။

အလုပ်နောက်ကျမှ ဆင်းရသည့် အခါမျိုး၌ ဖြစ်စေ၊ အဝတ်လဲရန် အတွက် ဖြစ်စေ နားနေခန်းကို အသုံးပြုနိုင်ရန် အတွက် ဖြစ်၏။

စုလုရီ - "အစ်ကိုကြီးရော မအိပ်ဘူးလား"

စုချီ - "မင်းဘာသာမင်းပဲ အိပ်။ မင်း အိပ်ငိုက်ပြီး အမှားလုပ်မိရင် ငါ တစ်ည ထပ်ကုန်ရဦးမယ်"

စုလုရီ - "ဒါမှ အစ်ကိုကြီးပဲ" ဟု တွေးလိုက်၏။

နားနေခန်းရှိ အိပ်ယာမှာ သက်တောင့်သက်သာ ရှိလှသည်။ သူလည်း အိပ်ချင်နေသဖြင့် အလျင်အမြန်ပင် အိပ်ပျော်သွားတော့၏။

.........

စုလုရီက အကြာကြီး အိပ်မိသော ခံစားချက်ဖြင့် နိုးလာသဖြင့် အချိန်ကို ကြည့်လိုက်ရာ တစ်နာရီခွဲသာ ရှိသေးသည်။

သူ ထထိုင်လိုက်ပြီး တံခါးမှ ထွက်လာခဲ့တော့ စုချီ ဆိုဖာပေါ်၌ လှဲနေသည်ကို တွေ့လိုက်ရ၏။

စုလုရီက နားနေခန်းသို့ ပြန်သွားပြီး ဗီဒိုထဲမှ စောင်ကို ထုတ်လာခဲ့လိုက်သည်။

ထို့နောက် စုချီကို ခြုံပေးလိုက်၏။ စုချီက စောင်နှင့်ထိပြီး နိုးလာသောအခါ နှစ်ယောက်သား ခဏကြာ အကြည့်ချင်းဆုံသွားခဲ့ကြသည်။

ထို့နောက်တွင် စုချီက စကားစကာ "မင်း မအိပ်ဘူးလား" ဟု မေးလိုက်၏။

"ကောင်းကောင်း အိပ်ထားတယ်" ဟု ပြောကာ စုချီကို စောင်ဖြင့် ထုတ်ကာ ပတ်လိုက်သည်။

စုလုရီက "ဘာလို့ ထမှာလဲ။ ခဏလောက် ဒီလိုလေးနေပါဦး အစ်ကိုကြီးရယ်။ နှစ်နာရီထိုးရင် ကျွန်တော် ပြောပေးပါ့မယ်" ဟု ပြောလိုက်၏။

စောင်က သေးနေသဖြင့် စုချီ၏ လည်ပင်း၌ ကြီးမားသော သရေခံကြီး ပတ်ပေးထားသလို ဖြစ်နေလေသည်။

စုချီက "မအိပ်တော့ဘူး" ဟု ပြောကာ နားထင်ကို လက်ဖြင့် ဖိပြီး ထလာတော့၏။

စောင်ကို ဖယ်ကာ ပြန်ခေါက်လိုက်ပြီး အလုပ်စားပွဲသို့ လျှောက်သွားလိုက်သည်။

စုလုရီက သူ၏ အစ်ကိုကြီးကို ဆိုဖာပေါ်၌ အမြဲတမ်း မအိပ်စေချင်သဖြင့် "အစ်ကိုကြီး၊ နောက်တစ်ခါ အတူတူ အိပ်ကြမယ်လေ" ဟု ပြောလိုက်၏။

စုချီက အံ့ဩသွားကာ "ဒါဆို အတူတူထပြီး တူတူ အလုပ်လုပ်ကြမှာပေါ့၊ ဟုတ်လား" ဟု မေးလိုက်သည်။

စုလုရီ ပြန်မပြောနိုင်တော့ပေ။

နေ့လည်ခင်း၌ စုချီက အစီအစဉ်ရေးဆွဲမှု ဌာနနှင့် အစည်းအဝေး လုပ်ရမည် ဖြစ်သည်။

ရှောင်ချင်က အရင် ဆင်းသွားပြီး အစည်းအဝေးခန်းကို သွားပြင်နေလေသည်။ စုချီကလည်း ကွန်ပြူတာကို ပြင်ဆင်နေသည်ကို တွေ့သဖြင့် စုလုရီက "အစ်ကိုကြီး...အဲ ဒါရိုက်တာ စု၊ ကျွန်တော် လိုက်ဖို့လိုသေးလား" ဟု မေးလိုက်၏။

စုလုရီက စုချီကို နားချိန်၌ အစ်ကိုကြီးဟု ခေါ်၍ အလုပ်ချိန်၌ ဒါရိုက်တာစု ဟုခေါ်သည်။ အလုပ်၌
စည်းကမ်းကြီးသော စုချီထံ၌ ပြဿနာ မလုပ်မိစေရန် ဖြစ်၏။

"မင်း လိုက်ပြီး ဘာလုပ်မှာလဲ" စုချီက ပစ္စည်းများကို သယ်ပြီး ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။

ထို့နောက် ပြန်လှည့်လာကာ "မင်း ဒီမှာနေခဲ့ပြီးစာအုပ်စင်ရဲ့ ဒုတိယတန်းက ပထမဆုံးစာအုပ်ကို ဖတ်နေလိုက်" ဟု ပြောသွားခဲ့၏။

စုလုရီ - "ဟုတ်"

စုလုရီက စုချီ၏ မှာကြားမှုအတိုင်း စာအုပ်စင်မှ "ရှင်းဟွာ အဘိဓာန်" စာအုပ်ကို ယူကာ ဖတ်နေလိုက်သည်။

ခဏကြာပြီးနောက် တံခါးခေါက်သံ ကြားလိုက်ရ၏။

"ဝင်လာခဲ့ပါ"

စုလုရီက ခေါင်းကိုမော့ပြီး ပြောလိုက်သည်။

တံခါး ပွင့်သွားပြီး ဌာနမှူးချန်က အထဲသို့ ဝင်လာခဲ့သည်။

"ဒါရိုက်တာ စုက အစည်းအဝေးလုပ်နေပါတယ်။ ဘာကိစ္စရှိလို့ပါလဲ၊ မစ္စတာ ချန်" ဟု စုလုရီက မတ်တတ်ထရပ်ကာ ပြောလိုက်၏။

ဌာနမှူး ချန်က သူ့လက်ထဲရှိ "ရှင်းဟွာ အဘိဓာန်" စာအုပ်ကို တွေ့သွားကာ မျက်နှာအမူအရာ ပြောင်းသွားပြီး "ငါ ဒါရိုက်တာ စုနဲ့ ပြောစရာရှိလို့လာတာ။ ထားလိုက်ပါတော့" ဟု ပြောကာ ထွက်သွားခဲ့သည်။

နှစ်နာရီကြာပြီး‌နောက် အစည်းအဝေး ပြီးသွားခဲ့သည်။ စုချီက သူ၏အင်္ကျီကို လက်တစ်ဖက်ပေါ်တင်ပြီး နောက်လက်တစ်ဖက်က လက်တော့ကို ကိုင်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။

ထို့နောက် စုလုရီကို အလုပ်သစ်တစ်ခု ပေးလိုက်၏။

"ရှောင်ချင်ကို အစည်းအဝေး အကြောင်းအရာတွေ ပြုစုဖို့ ကူညီပေးလိုက်" ဟု စုလုရီကို ပြောလိုက်သည်။

"ဟုတ်ကဲ့" စုလုရီက အဘိဓာန်ကို ချကာ ထွက်သွားလိုက်၏။

စုလုရီက ရှောင်ချင်ထံ ရောက်သောအခါ "ဌာနမှူး ချင် လာသွားသေးတယ်။ ဒါရိုက်တာ စုကို ပြောဖို့လိုသေးလား" ဟု မေးလိုက်သည်။

ရှောင်ချင် - "အစည်းအဝေး ပြီးပြီဆိုတာ သိရင် သူထပ်လာလိမ့်မယ်"

စုလုရီ - "အင်း။ ဒါနဲ့ ရှောင်ချင်။ ဌာနမှူး ချင်က ကျွန်တော့်ကို သိပ်မကြိုက်သလိုပဲ။ ကျွန်တော်က အမျိုးဖြစ်နေလို့များလား"

ရှောင်ချင် - "တစ်စိတ်တစ်ပိုင်းတော့ ဟုတ်လောက်မယ်"

စုလုရီ - "ဘာလို့လဲ"

ရှောင်ချင် - "အရင်လတုန်းက ဌာနမှူး ချန်က သူ့တူကို သူဌေးလက်ထောက်အနေနဲ့ ကမ်းလှမ်းတာ ဒါရိုက်တာ စုက အသုံးမဝင်တဲ့ အမျိုးတွေ သူ့အနားမှာ မထားဘူးလို့ပြောပြီး ငြင်းလိုက်တယ်လေ"

စုလုရီက သက်ပြင်းချလိုက်ကာ " ခင်ဗျား အလုပ် နေရာ ပြောင်းမလျှောက်ချင်ဘူးလား။ ကျွန်တော် အစ်ကိုကြီး ကဒ်ကို ခိုးပြီး လစာပေးမယ်လေ" ဟု ပြောလိုက်၏။

ရှောင်ချင် - "မလုပ်ပါနဲ့ဗျာ။ ကျွန်တော် ခိုးထားတဲ့ ပိုက်ဆံတွေကို လက်မခံရဲပါဘူး။ ပြီးတော့ ဒီစာရွက်စာတမ်းကို ထုတ်ပြီး ဒါရိုက်တာ စုဆီ သွားပေးပေးပါ"

စုလုရီက သဘောတူကာ စာရွက်ပေးရန် သူဌေး ရုံးခန်းသို့ လျှောက်လာခဲ့သည်။

တံခါးဝ အရောက်၌ အထဲမှ စကားပြောသံများကို ကြားလိုက်ရ၏။

ဌာနမှူး ချန် -"ကျွန်တော် ခုနက ရောက်လာတုန်းက ဒါရိုက်တာစုရဲ့ လက်ထောက်က အဘိဓာန် ဖတ်နေတာ တွေ့တယ်။ သူက နိုင်ငံခြားက ရောက်လာတဲ့ ထူးချွန်ကျောင်းသားပဲ ဖြစ်ရမယ်။ သူက ဘာမေဂျာကို ယူထားတာလဲ"

စုချီက လေသံအေးအေးလေးဖြင့် -"အင်း၊ သူက စည်းကမ်း လိုက်နာတဲ့ ကျောင်းသားတစ်ယောက်။ ပြီးတော့ စွမ်းအင် သုတေသနပညာရှင်" ဟု ပြောလိုက်သည်။


...…….................................
.........................................

အပိုင်း (၂၉) ပြီးပါပြီ။

Zawgyi

စုလုရီ
အပိုင္း (၂၉) ကာကြယ္ေပးမႈ


စာအုပ္ႏွင့္ စာ႐ြက္စာတမ္းမ်ားကို အေနာက္ရွိ စာအုပ္စင္ေပၚ၌ တင္ထားလိုက္ကာ စားပြဲေပၚ၌ လွပေသာ ကမာၻလုံးသာ က်န္ေတာ့၏။

အျပာေရာင္ ကမာၻလုံးႀကီးက ေ႐ႊေရာင္ ေထာက္တိုင္ႏွင့္ မေဟာ္ဂနီ စားပြဲေပၚတြင္ ခန႔္ညားထည္ဝါစြာ ရွိေနသည္။

စုလုရီက သူ၏ အစ္ကိုႀကီး စိတ္ေျပာင္းသြားသည့္ အေၾကာင္းရင္းကို မသိေသာ္လည္း ေနရာေျပာင္းရမည့္ကိစၥမွာ မဆိုးလွေပ။

ထို႔ေနာက္ စုခ်ီ၏ ၫႊန္ၾကားခ်က္ကို ေမးလိုက္သည္။

"ဒါရိုက္တာ စု၊ ဒီကမာၻလုံးကို ဒီမွာပဲ ထားရမွာလား"

စုခ်ီက ေမာ့မၾကည့္ဘဲ "စာအုပ္စင္မွာ တင္ထားလိုက္" ဟု ေျပာလိုက္သည္။

စားပြဲမွာ ရွင္းလင္းသြားကာ ခုံ၌ ထိုင္မခ်ခင္မွာပဲ စုခ်ီက စာ႐ြက္စာတမ္းမ်ားကို ကမ္းေပး၍ "ေရာ့၊ ဒါကို ပေရာဂ်က္ ဌာနကို ယူသြားၿပီး ျပန္ျပင္ခိုင္းလိုက္" ဟု စုလုရီကို ခိုင္းလိုက္၏။

စုလုရီက လွမ္းယူလိုက္ကာ "ပေရာဂ်က္ဌာနက ဘယ္မွာလဲ" ဟု ေမးလိုက္သည္။

စုခ်ီက ကြန္ျပဴတာကို ၾကည့္ေနရင္း ေမာ့ၾကည့္လိုက္ကာ "လက္ေထာက္က ဘယ္သူလဲ။ မင္းလား။ ငါလား" ဟု ျပန္ေမးလိုက္၏။

စုလုရီက တိတ္ဆိတ္သြားသည္။ ထို႔ေနာက္ အတြင္းေရးမႉး ခ်င္ကို ေမးရန္အတြက္ တံခါးမွ ျမန္ျမန္ ထြက္လာခဲ့လိုက္၏။

စုလုရီက ႐ုံးခ်ဳပ္၌ အလုပ္သင္အျဖစ္ ႏွစ္လၾကာဆင္းရမည္ ျဖစ္သျဖင့္ ေရွာင္ခ်င္က ဝန္ထမ္းမ်ားႏွင့္ ရင္းႏွီးေစရန္အတြက္ လိုက္လံ မိတ္ဆက္ေပးေလ‌သည္။

ေရွာင္ခ်င္ - "ပေရာဂ်က္ ဌာနက (၈) လႊာမွာ ရွိတယ္။

ပထမထပ္က ခန္းမႀကီး၊ ဒုတိယထပ္မွာ ေဆြးေႏြးခန္းနဲ႕ ဧည့္ႀကိဳေကာင္တာ ရွိတယ္။ (၃) လႊာမွာက စား‌ ေသာက္ခန္းနဲ႕ မီးဖိုခန္းရွိတယ္။ ၿပီးေတာ့ (၄) လႊာကေန (၈) လႊာ အထိက ကုမၸဏီ အုပ္ခ်ဳပ္ေရး ဌာနေတြရွိတယ္။ (၉) လႊာကေန (၁၁) လႊာအထိက အလုပ္အမႈေဆာင္ အဖြဲ႕ဝင္ေတြရဲ႕ ႐ုံးခန္းရွိတယ္။ ၿပီးေတာ့ (၁၂) လႊာမွာက သူေဌး႐ုံးခန္းနဲ႕ အတြင္းေရးမႉး ႐ုံးခန္းပဲ ရွိတယ္"

ေရွာင္ခ်င္က (၈) လႊာမွ (၉) လႊာကို တက္ရန္အတြက္ ဓာတ္ေလွကား ခလုတ္ကို ႏွိပ္လိုက္သည္။

ဓာ‌တ္ေလွကားတံခါး ပြင့္သြားေသာအခါ အသက္ (၅၀) အ႐ြယ္ရွိေသာ လူတစ္ေယာက္က ဝင္လာခဲ့၏။

အတြင္းေရးမႉး ခ်င္ကို ထိုလူက ျမင္လိုက္ေသာအခါ "ဟယ္လို အတြင္းေရးမႉး ခ်င္" ဟု ႏႈတ္ဆက္လိုက္သည္။

ေရွာင္ခ်င္က ျပန္ႏႈတ္ဆက္ကာ "သူက သူေဌးရဲ႕ လက္ေထာက္အသစ္။ ဒီေန႕မွ ႐ုံးစတက္တာ။ ဒါကေတာ့ HR ဌာနက ဌာနမႉး ခ်န္" ဟု မိတ္ဆက္ေပးလိုက္၏။

စုလုရီက ေခါင္းကို ငုံ႕ကာ "ေတြ႕ရတာ ဝမ္းသာပါတယ္ ဌာနမႉး ခ်န္" ဟုႏႈတ္ဆက္လိုက္သည္။

ဌာနမႉးခ်န္က "အင္း" ဟု လ်င္ျမန္စြာ ျပန္ေျပာလိုက္ေသာ္လည္း သူ၏ မ်က္လုံးမ်ားကမူ စုလုရီကို ေစ့ေစ့စပ္စပ္ လိုက္ၾကည့္ေနေလသည္။ (၁၁) လႊာ၌ ဓာတ္ေလွကား ရပ္သြားမွသာ သူ႕အၾကည့္ကို ျပန္႐ုတ္ၿပီး ထြက္သြားေတာ့၏။

ဓာတ္ေလွကား တံခါးျပန္ပိတ္သြားေသာအခါ စုလုရီက ေရွာင္ခ်င္ကို ေမးလိုက္သည္။

"ကြၽန္ေတာ့္ မ်က္ႏွာေပၚမွာ အမ်ိဳးေတြလို႔ ေရးထားလို႔လား ေရွာင္ခ်င္"

ေရွာင္ခ်င္က " မဟုတ္ပါဘူး။ ခႏၶာကိုယ္တစ္ခုလုံးေပၚမွာ ေရးထားတာ" ဟု ျပန္ေျပာလိုက္သည္။

စုလုရီ - "ဝိုး..."

ကုမၸဏီ၏ ဌာနအသီးသီးကို နားလည္ေအာင္ လိုက္လံ ၾကည့္ရႈရသည္မွာ တစ္နာရီနီးပါး ၾကာျမင့္ခဲ့သည္။

ထို႔ေနာက္ အေပၚဆုံးထပ္သို႔ ႏွစ္ေယာက္သား အတူတူ ျပန္လာၿပီး စုခ်ီ၏ ႐ုံးခန္းသို႔ ေလွ်ာက္လာခဲ့ၾက၏။

ေရွာင္ခ်င္က ႐ုံးခန္း တံခါးကို ေခါက္လိုက္ၿပီး ဝင္လိုက္သည္။

စုခ်ီက ႏွစ္ေယာက္သား အတူတူ ဝင္လာသည္ကို ေတြ႕လိုက္ေသာ္လည္း ဘာမွ မေျပာ‌ေခ်။ ထို႔ေနာက္ ေရွာင္ခ်င့္ကို အလုပ္ကိစၥမ်ား ေျပာကာ စုလုရီကို စာ႐ြက္စာတမ္းမ်ား ျပင္‌ဆင္ခိုင္းလိုက္၏။

႐ုံးခန္း အက်ယ္ႀကီးထဲ၌ လူႏွစ္ေယာက္က တစ္ေယာက္ႏွင့္ တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကသည္။

အရင္ေန႕မ်ားတြင္ ကီးဘုတ္ရိုက္သံတစ္ခုသာ ရွိေသာ္လည္း ယေန႕၌မူ တစ္ခုပိုလာေလသည္။

ႏွစ္ေယာက္သားက ကိုယ့္အလုပ္သာကိုယ္လုပ္ၾက၍ အခ်င္းခ်င္း မေႏွာင့္ယွက္ၾကေပ။

စုလုရီက ဌာနအသီးသီးမွ အစီရင္ခံစာမ်ားကို တစ္ခုစီစစ္ထုတ္၍ အေရးႀကီးကိစၥမ်ားကို သပ္သပ္ ခြဲထားသည္။

ထို႔ေနာက္ စုခ်ီထံသို႔ တင္ျပရ၏။

မ်က္ႏွာခ်င္းဆိုင္ရွိ ကြန္ျပဴတာမွ အသံထြက္လာေသာေၾကာင့္ စုလုရီက လွမ္းၾကည့္လိုက္သည္။

စုခ်ီက သူ႕ကို မၾကည့္ဘဲ အလုပ္ကိုသာ ဆက္လုပ္ေနခဲ့သည္။ စုခ်ီ၏ အလုပ္အေပၚ အာ႐ုံစိုက္မႈမွာ အားေကာင္းလွ၏။

အလုပ္၌ ပထမဆုံးေန႕ျဖစ္သျဖင့္ စုလုရီမွာ လုပ္စရာ မရွိေတာ့ေပ။ စုလုရီက စားပြဲေပၚသို႔ ေမွာက္ခ်လိဳက္ၿပီး ဘာဆက္လုပ္ရမည္ကို မသိ။

စုခ်ီ အလုပ္လုပ္ေနပုံကို ၾကည့္ၿပီး သြား၍လည္း မေမးရဲေခ်။

ခဏၾကာၿပီးေနာက္မွသာ ေရတစ္ခြက္ကို ခပ္၍ စုခ်ီစားပြဲေပၚသို႔ သြားပို႔ေပးလိုက္သည္။

စုခ်ီက စာရိုက္ေနတာကို ရပ္၍ "အားလုံးၿပီးသြားၿပီ။ ငါ မင္းကို ေပးလိုက္မယ္။ က်န္တာေတြကို မင္းစီစဥ္လိုက္" ဟု စုလုရီကို ေျပာလိုက္၏။

ထို႔ေနာက္ ေရခြက္ကို ၾကည့္ကာ "ေရခပ္ေပးတဲ့အလုပ္မ်ိဳးေတြကို မင္းလုပ္စရာ မလိုဘူး" ဟု ေျပာလိုက္သည္။

မနက္ပိုင္း အလုပ္လုပ္ခ်ိန္ ၿပီးေသာအခါ စုလုရီက စုခ်ီေနာက္မွ စားေသာက္ခန္းသို႔ လိုက္လာခဲ့သည္။

အတြင္းေရးမႉး႐ုံးခန္းသို႔ ျဖတ္သြားေသာအခါ အထဲ၌ တစ္ေယာက္မွ မရွိသျဖင့္ စုလုရီက "ေရွာင္ခ်င္ေရာ ကြၽန္ေတာ္တို႔နဲ႕ အတူတူ ေန႕လည္စာ မစားဘူးလား" ဟု ေမးလိုက္သည္။

စုခ်ီ - "မင္း အၿမဲတမ္း ေရွာင္ခ်င္ ဘာလုပ္ေနလဲဆိုတာကိုပဲ ေတြးေနတာလား"

စုလုရီ - "ကြၽန္ေတာ္ ဒီအတိုင္းပဲ ေမးလိုက္တာပါ"

စကားစျပတ္သြားၾကၿပီး ႏွစ္ေယာက္သား ဓာတ္ေလွကား စီးကာ (၃) လႊာကို ဆင္းလာခဲ့ၾကသည္။

စုခ်ီက ဒါရိုက္တာ ျဖစ္ေသာေၾကာင့္ ဝန္ထမ္းမ်ား၏ အာ႐ုံစိုက္မႈကို အခံရဆုံးလူျဖစ္၏။

သို႔ေသာ္ ၾကည့္ေကာင္းသည့္ လူငယ္ေလးက ဒါရိုက္တာ စုႏွင့္ အတူတူ ဝင္လာေသာေၾကာင့္ အားလုံး၏ အၾကည့္က စုလုရီထံ ေရာက္လာၾကသည္။

စုလုရီႏွင့္ စုခ်ီတို႔က စားစရာမ်ားကို ယူၿပီးေနာက္ ေထာင့္‌တစ္ေနရာ၌ ထိုင္လိုက္ၾက၏။

စုလုရီက ထုံးစံအတိုင္း ပန္းကန္ႏွင့္ မ်က္ႏွာအပ္ၿပီး စားေနခ်ိန္တြင္ တီးတိုးေျပာသံ တစ္ခ်ိဳ႕ကို ၾကားလိုက္ရသည္။

"အဲ့ဒါ ဘယ္သူႀကီးလဲ။ သူလည္း ၾကည့္ေကာင္းတာပဲ၊ ဒါေပမယ့္ နည္းနည္းေတာ့ ထူးဆန္းတယ္"

"ငါ သူ႕ကို ေတြ႕ဖူးသလိုပဲ။ သူအရင္က ငါတို႔ ကုမၸဏီကို လာဖူးေသးလား"

"ဒါရိုက္တာ စုနဲ႕ေတာင္ အတူတူ ထိုင္စားေနတာဆိုေတာ့ သူငယ္ခ်င္း ဒါမွမဟုတ္ မိသားစုဝင္ပဲ ျဖစ္မွာေပါ့"

"ငါေတာ့ သူက လူသစ္လို႔ ထင္တယ္။ အတြင္းေရးမႉး ခ်င္က ကုမၸဏီကို လိုက္ျပေနတာ ငါ ေတြ႕လိုက္တယ္"

စုလုရီက စားေနရာမွ ေခါင္းေထာင္လာၿပီး စုခ်ီကို လွမ္းၾကည့္လိုက္ရာ စုခ်ီက မၾကားခ်င္ေယာင္ေဆာင္ၿပီး ေအးေဆးဆက္စားေနသည္ကို ေတြ႕လိုက္ရသည္။

ထို႔ေၾကာင့္ စုလုရီလည္း မၾကားခ်င္ေယာင္ေဆာင္ကာ ဆက္စားေနလိုက္၏။

ထမင္းစားေနဆဲ၌ စုခ်ီ၏ ဖုန္းမွ ထျမည္လာသည္။ စုခ်ီက ဖုန္းကို ကိုင္ၿပီး ထထြက္သြားသည္ကို ေတြ႕လိုက္ရသည္။

အျခားေသာသူမ်ားက သူ႕ကို ဝိုင္းၾကည့္ေနၾကသည္ကို ျမင္လိုက္ရၿပီး သူ႕ကို မႀကိဳက္သည္ကို ခံစားမိလိုက္ရ၏။

ေျခာက္မိနစ္ခန႔္ၾကာၿပီးေနာက္ စုခ်ီက ျပန္လာခဲ့သည္။ ခုံကို ဆြဲကာ ဝင္ထိုင္လိုက္ၿပီး "မင္း စားလို႔ ၿပီးသြားၿပီလား" ဟု စုလုရီကို ေမးလိုက္သည္။

စုလုရီက ၿငိမ္ၿငိမ္ေလး ထိုင္ေနကာ "မၿပီးေသးဘူး။ အစ္ကိုႀကီးကို ေစာင့္ေနတာ" ဟု ေျပာလိုက္သည္။

စုခ်ီက စုလုရီ၏ ပန္းကန္ထဲ၌ က်န္ေနေသာ ပန္းပြင့္စိမ္း တစ္ခုကို ၾကည့္လိုက္ၿပီး "မင္း ေစာင့္ေနတာကလည္း စိတ္မပါဘူး ထင္တယ္" ဟု ေျပာလိုက္၏။

စုလုရီက တူကို ေကာက္ကိုင္ကာ ပန္းပြင့္စိမ္းကို ေကာက္စားလိုက္ၿပီး "ဒါ ေနာက္ဆုံးအလုတ္ေလ" ဟု ျပန္ေျဖလိုက္သည္။

ေန႕လည္စာစားၿပီးေနာက္ ႏွစ္နာရီ နားခ်ိန္ရ၏။

စုအဖြဲ႕အစည္းမွာ အလုပ္မ်ားေသာ္လည္း ဝန္ထမ္းမ်ားကို ေကာင္းေကာင္း ဆက္ဆံေပးသည္။

နားခ်ိန္တြင္ အျပည့္အဝ နားခိုင္း၍ အလုပ္ခ်ိန္ေက်ာ္လွ်င္လည္း အခ်ိန္ပိုေၾကးေပး၏။

စုလုရီက စုခ်ီႏွင့္ အတူတူ ႐ုံးခန္းသို႔ ျပန္လာခဲ့သည္။

ဓာတ္ေလွကား တံခါးပိတ္သြားေသာအခါ စုခ်ီက ဇာတ္ေၾကာကို ဖိလိုက္ၿပီး "မင္း အိပ္ခ်င္ရင္ နားေနခန္းကို သြားၿပီး အိပ္လို႔ရတယ္" ဟု စုလုရီကို ေျပာလိုက္၏။

သူေဌး႐ုံးခန္းအတြင္းရွိ နားေနခန္းမွာ အိပ္ယာ၊ အဝတ္ဗီဒိုႏွင့္ သန႔္စင္ခန္းမ်ားပါ ရွိသည္။

အလုပ္ေနာက္က်မွ ဆင္းရသည့္ အခါမ်ိဳး၌ ျဖစ္ေစ၊ အဝတ္လဲရန္ အတြက္ ျဖစ္ေစ နားေနခန္းကို အသုံးျပဳနိုင္ရန္ အတြက္ ျဖစ္၏။

စုလုရီ - "အစ္ကိုႀကီးေရာ မအိပ္ဘူးလား"

စုခ်ီ - "မင္းဘာသာမင္းပဲ အိပ္။ မင္း အိပ္ငိုက္ၿပီး အမွားလုပ္မိရင္ ငါ တစ္ည ထပ္ကုန္ရဦးမယ္"

စုလုရီ - "ဒါမွ အစ္ကိုႀကီးပဲ" ဟု ေတြးလိုက္၏။

နားေနခန္းရွိ အိပ္ယာမွာ သက္ေတာင့္သက္သာ ရွိလွသည္။ သူလည္း အိပ္ခ်င္ေနသျဖင့္ အလ်င္အျမန္ပင္ အိပ္ေပ်ာ္သြားေတာ့၏။

.........

စုလုရီက အၾကာႀကီး အိပ္မိေသာ ခံစားခ်က္ျဖင့္ နိုးလာသျဖင့္ အခ်ိန္ကို ၾကည့္လိုက္ရာ တစ္နာရီခြဲသာ ရွိေသးသည္။

သူ ထထိုင္လိုက္ၿပီး တံခါးမွ ထြက္လာခဲ့ေတာ့ စုခ်ီ ဆိုဖာေပၚ၌ လွဲေနသည္ကို ေတြ႕လိုက္ရ၏။

စုလုရီက နားေနခန္းသို႔ ျပန္သြားၿပီး ဗီဒိုထဲမွ ေစာင္ကို ထုတ္လာခဲ့လိုက္သည္။

ထို႔ေနာက္ စုခ်ီကို ၿခဳံေပးလိုက္၏။ စုခ်ီက ေစာင္ႏွင့္ထိၿပီး နိုးလာေသာအခါ ႏွစ္ေယာက္သား ခဏၾကာ အၾကည့္ခ်င္းဆုံသြားခဲ့ၾကသည္။

ထို႔ေနာက္တြင္ စုခ်ီက စကားစကာ "မင္း မအိပ္ဘူးလား" ဟု ေမးလိုက္၏။

"ေကာင္းေကာင္း အိပ္ထားတယ္" ဟု ေျပာကာ စုခ်ီကို ေစာင္ျဖင့္ ထုတ္ကာ ပတ္လိုက္သည္။

စုလုရီက "ဘာလို႔ ထမွာလဲ။ ခဏေလာက္ ဒီလိုေလးေနပါဦး အစ္ကိုႀကီးရယ္။ ႏွစ္နာရီထိုးရင္ ကြၽန္ေတာ္ ေျပာေပးပါ့မယ္" ဟု ေျပာလိုက္၏။

ေစာင္က ေသးေနသျဖင့္ စုခ်ီ၏ လည္ပင္း၌ ႀကီးမားေသာ သေရခံႀကီး ပတ္ေပးထားသလို ျဖစ္ေနေလသည္။

စုခ်ီက "မအိပ္ေတာ့ဘူး" ဟု ေျပာကာ နားထင္ကို လက္ျဖင့္ ဖိၿပီး ထလာေတာ့၏။

ေစာင္ကို ဖယ္ကာ ျပန္ေခါက္လိုက္ၿပီး အလုပ္စားပြဲသို႔ ေလွ်ာက္သြားလိုက္သည္။

စုလုရီက သူ၏ အစ္ကိုႀကီးကို ဆိုဖာေပၚ၌ အၿမဲတမ္း မအိပ္ေစခ်င္သျဖင့္ "အစ္ကိုႀကီး၊ ေနာက္တစ္ခါ အတူတူ အိပ္ၾကမယ္ေလ" ဟု ေျပာလိုက္၏။

စုခ်ီက အံ့ဩသြားကာ "ဒါဆို အတူတူထၿပီး တူတူ အလုပ္လုပ္ၾကမွာေပါ့၊ ဟုတ္လား" ဟု ေမးလိုက္သည္။

စုလုရီ ျပန္မေျပာနိုင္ေတာ့ေပ။

ေန႕လည္ခင္း၌ စုခ်ီက အစီအစဥ္ေရးဆြဲမႈ ဌာနႏွင့္ အစည္းအေဝး လုပ္ရမည္ ျဖစ္သည္။

ေရွာင္ခ်င္က အရင္ ဆင္းသြားၿပီး အစည္းအေဝးခန္းကို သြားျပင္ေနေလသည္။ စုခ်ီကလည္း ကြန္ျပဴတာကို ျပင္ဆင္ေနသည္ကို ေတြ႕သျဖင့္ စုလုရီက "အစ္ကိုႀကီး...အဲ ဒါရိုက္တာ စု၊ ကြၽန္ေတာ္ လိုက္ဖို႔လိုေသးလား" ဟု ေမးလိုက္၏။

စုလုရီက စုခ်ီကို နားခ်ိန္၌ အစ္ကိုႀကီးဟု ေခၚ၍ အလုပ္ခ်ိန္၌ ဒါရိုက္တာစု ဟုေခၚသည္။ အလုပ္၌
စည္းကမ္းႀကီးေသာ စုခ်ီထံ၌ ျပႆနာ မလုပ္မိေစရန္ ျဖစ္၏။

"မင္း လိုက္ၿပီး ဘာလုပ္မွာလဲ" စုခ်ီက ပစၥည္းမ်ားကို သယ္ၿပီး ထြက္သြားဖို႔ ျပင္ဆင္လိုက္သည္။

ထို႔ေနာက္ ျပန္လွည့္လာကာ "မင္း ဒီမွာေနခဲ့ၿပီးစာအုပ္စင္ရဲ႕ ဒုတိယတန္းက ပထမဆုံးစာအုပ္ကို ဖတ္ေနလိုက္" ဟု ေျပာသြားခဲ့၏။

စုလုရီ - "ဟုတ္"

စုလုရီက စုခ်ီ၏ မွာၾကားမႈအတိုင္း စာအုပ္စင္မွ "ရွင္းဟြာ အဘိဓာန္" စာအုပ္ကို ယူကာ ဖတ္ေနလိုက္သည္။

ခဏၾကာၿပီးေနာက္ တံခါးေခါက္သံ ၾကားလိုက္ရ၏။

"ဝင္လာခဲ့ပါ"

စုလုရီက ေခါင္းကိုေမာ့ၿပီး ေျပာလိုက္သည္။

တံခါး ပြင့္သြားၿပီး ဌာနမႉးခ်န္က အထဲသို႔ ဝင္လာခဲ့သည္။

"ဒါရိုက္တာ စုက အစည္းအေဝးလုပ္ေနပါတယ္။ ဘာကိစၥရွိလို႔ပါလဲ၊ မစၥတာ ခ်န္" ဟု စုလုရီက မတ္တတ္ထရပ္ကာ ေျပာလိုက္၏။

ဌာနမႉး ခ်န္က သူ႕လက္ထဲရွိ "ရွင္းဟြာ အဘိဓာန္" စာအုပ္ကို ေတြ႕သြားကာ မ်က္ႏွာအမူအရာ ေျပာင္းသြားၿပီး "ငါ ဒါရိုက္တာ စုနဲ႕ ေျပာစရာရွိလို႔လာတာ။ ထားလိုက္ပါေတာ့" ဟု ေျပာကာ ထြက္သြားခဲ့သည္။

ႏွစ္နာရီၾကာၿပီး‌ေနာက္ အစည္းအေဝး ၿပီးသြားခဲ့သည္။ စုခ်ီက သူ၏အကၤ်ီကို လက္တစ္ဖက္ေပၚတင္ၿပီး ေနာက္လက္တစ္ဖက္က လက္ေတာ့ကို ကိုင္ကာ အခန္းထဲသို႔ ဝင္လာခဲ့သည္။

ထို႔ေနာက္ စုလုရီကို အလုပ္သစ္တစ္ခု ေပးလိုက္၏။

"ေရွာင္ခ်င္ကို အစည္းအေဝး အေၾကာင္းအရာေတြ ျပဳစုဖို႔ ကူညီေပးလိုက္" ဟု စုလုရီကို ေျပာလိုက္သည္။

"ဟုတ္ကဲ့" စုလုရီက အဘိဓာန္ကို ခ်ကာ ထြက္သြားလိုက္၏။

စုလုရီက ေရွာင္ခ်င္ထံ ေရာက္ေသာအခါ "ဌာနမႉး ခ်င္ လာသြားေသးတယ္။ ဒါရိုက္တာ စုကို ေျပာဖို႔လိုေသးလား" ဟု ေမးလိုက္သည္။

ေရွာင္ခ်င္ - "အစည္းအေဝး ၿပီးၿပီဆိုတာ သိရင္ သူထပ္လာလိမ့္မယ္"

စုလုရီ - "အင္း။ ဒါနဲ႕ ေရွာင္ခ်င္။ ဌာနမႉး ခ်င္က ကြၽန္ေတာ့္ကို သိပ္မႀကိဳက္သလိုပဲ။ ကြၽန္ေတာ္က အမ်ိဳးျဖစ္ေနလို႔မ်ားလား"

ေရွာင္ခ်င္ - "တစ္စိတ္တစ္ပိုင္းေတာ့ ဟုတ္ေလာက္မယ္"

စုလုရီ - "ဘာလို႔လဲ"

ေရွာင္ခ်င္ - "အရင္လတုန္းက ဌာနမႉး ခ်န္က သူ႕တူကို သူေဌးလက္ေထာက္အေနနဲ႕ ကမ္းလွမ္းတာ ဒါရိုက္တာ စုက အသုံးမဝင္တဲ့ အမ်ိဳးေတြ သူ႕အနားမွာ မထားဘူးလို႔ေျပာၿပီး ျငင္းလိုက္တယ္ေလ"

စုလုရီက သက္ျပင္းခ်လိဳက္ကာ " ခင္ဗ်ား အလုပ္ ေနရာ ေျပာင္းမေလွ်ာက္ခ်င္ဘူးလား။ ကြၽန္ေတာ္ အစ္ကိုႀကီး ကဒ္ကို ခိုးၿပီး လစာေပးမယ္ေလ" ဟု ေျပာလိုက္၏။

ေရွာင္ခ်င္ - "မလုပ္ပါနဲ႕ဗ်ာ။ ကြၽန္ေတာ္ ခိုးထားတဲ့ ပိုက္ဆံေတြကို လက္မခံရဲပါဘူး။ ၿပီးေတာ့ ဒီစာ႐ြက္စာတမ္းကို ထုတ္ၿပီး ဒါရိုက္တာ စုဆီ သြားေပးေပးပါ"

စုလုရီက သေဘာတူကာ စာ႐ြက္ေပးရန္ သူေဌး ႐ုံးခန္းသို႔ ေလွ်ာက္လာခဲ့သည္။

တံခါးဝ အေရာက္၌ အထဲမွ စကားေျပာသံမ်ားကို ၾကားလိုက္ရ၏။

ဌာနမႉး ခ်န္ -"ကြၽန္ေတာ္ ခုနက ေရာက္လာတုန္းက ဒါရိုက္တာစုရဲ႕ လက္ေထာက္က အဘိဓာန္ ဖတ္ေနတာ ေတြ႕တယ္။ သူက နိုင္ငံျခားက ေရာက္လာတဲ့ ထူးခြၽန္ေက်ာင္းသားပဲ ျဖစ္ရမယ္။ သူက ဘာေမဂ်ာကို ယူထားတာလဲ"

စုခ်ီက ေလသံေအးေအးေလးျဖင့္ -"အင္း၊ သူက စည္းကမ္း လိုက္နာတဲ့ ေက်ာင္းသားတစ္ေယာက္။ ၿပီးေတာ့ စြမ္းအင္ သုေတသနပညာရွင္" ဟု ေျပာလိုက္သည္။


...…….................................
.........................................

အပိုင္း (၂၉) ၿပီးပါၿပီ။

Continue Reading

You'll Also Like

2.4M 175K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
130K 16.1K 118
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...