PART 11❣️
နှစ်နာရီလောက်ကြာတဲ့အထိ အထဲကပိတ်ထားသော အခန်းကိုမော့ကြည့်ပြီး Sweetမျက်ရည်တွေအခုထိမတိတ်သေးတာကို သတိရလိုက်လျှင် အမြန်သုတ်လိုက်၏။
ကျောက်ကုန်သည်တွေဖြစ်ကြသည့်အညီ နှိုင်းရဲ့အဖေနဲ့အမေတို့ အိမ်မှာမရှိတာနဲ့ သူလွတ်လပ်ရေးရနေကာ Sweetကိုအထဒဝင်ခွင့်မပေးတဲ့အပြင် နှိုင်းကသူဘာလုပ်နေတာလဲဆိုတာကိုပါ တစ်ခါတည်းပြောပြခဲ့သောကြောင့် ဒီမျက်ရည်တွေက ရပ်လို့မရတဲ့အထိ။
ဒီအချိန်မှာ ဘယ်သူ့ကို သူမအားကိုးပြီး ပြောပြရမလဲ။
“နှိုင်း”
“နှိုင်း.....နင်တံခါးမဖွင့်ရင် ငါအိမ်ပြန်လိုက်မှာနော်”
ကျွီ...
ဒီစကားတစ်ခွန်းဟာ နှိုင်းသူမကို တကယ်ပဲတံခါးဖွင့်ပေးလိုက်လျှင် စုတ်ဖွာနေသောဆံပင်ပွယောင်းယောင်းနဲ့ ရဲနေသောတည်ငြိမ်မှူမရှိသောမျက်ဝန်းတစ်စုံ.....
“ခင်ဗျား မပြန်ရဘူး”
“နင် ဘာတွေလုပ်နေလဲ ဟင်... ဘာလို့ဒီလိုလုပ်ရတာလဲ.....ဦးမောင်ရော နင့်လိုပဲသုံးနေလား”
ဘယ်လိုပဲမုန်းနေပါစေ ဦးမောင်လုပ်မိနေမှာကိုလည်းကြောက်နေမိ၏။
“အပိုတွေ ဒီအကြည့်တွေက ဦးမောင်ကိုစိုးရိမ်ပေးနေတဲ့အကြည့်နဲ့မတူဘူး ခင်ဗျားစိုးရိမ်ပေးလည်း ယုံမှာမဟုတ်ဘူး"
ခါးကနေ ကိုင်မြှောက်ခံလိုက်ရသောအခါ လန့်သွား၍ နီးရာတစ်ခုခုကိုအသဲအသန်အားကိုဆွဲလိုက်လျှင် Sweetသည် နှိုင်း၏ပခုံးကိုသာ အားကိုးလိုက်ရ၏။
“ငါ့ကို မနှိပ်စက်ပါနဲ့တော့ နှိုင်းရယ်”
“ဒီအထိအတွေ့တွေက နှိပ်စက်နေတာမဟုတ်ဘူး မ... ချစ်လို့ပါ”
ဦးမောင်နဲ့ပတ်သက်ရင် မကို ကြည့်မရပေမယ့် သူ့နှလုံးသားနဲ့ပတ်သက်ရင်တော့ မ ဟာသူ့ရဲ့နတ်ဖုရားလေးတစ်ပါး.....
နံရံဘက်ကိုကျောကပ်သွားသည့်အထိ နတ်ဘုရားမလေးကို တွန်းပို့လိုက်ပြီး....
“မောင့်စကားကိုနားထောင် ငြိမ်ငြိမ်နေနော်....”
ဒီအနမ်းတွေ ဒီအထိအတွေ့တွေကို ကြိုက်လည်းမကြိုက်ဘူး မုန်းလည်းမမုန်းဘူး ကြောက်နေတာ... နှိုင်းကိုလည်းကြောက်တယ်...
မရဲ့ ဆံနွယ်ကနေ ခြေဖျားအထိကို ချစ်တာပါမရယ်....
❣️
❣️
❣️
❣️
❣️
Phoenixမှာ meetingရှိနေတုန်း ဖုန်း Vibrationကြောင့် ငုံ့ကြည့်လိုက်လျှင် သူတစ်ခါမှ မမျှော်လင့်ထားသော နာမည်ဖြစ်နေကြောင့် အံ့ဩသွားရကာ ဆက်ခနဲ့မတ်တပ်ရပ်လိုက်သည့်အထိဖြစ်သွားလျှင် ဒါရိုက်တာတွေနဲ့ သူ့အဖေဥက္ကဌတို့ကပါ ကြောင်သွားစေ၏။ ပြီးမှ သူဦးညွှတ်တောင်းပန်လိုက်ပြီး answerနှိပ်ကာ အပြင်ဘက်ကိုလျှောက်လာရသည်။
မေဦးမောင်ရေ မင်းကြောင့် ငါဒီမှာဗျာများကုန်ပြီ....
ရင်ဘက်တစ်ခုလုံးဂာ လှိုက်ခနဲ့တုန်ခါပြီး အမြန်ခုန်နေသောကြောင့် သူ့မှာအသက်ကိုမနည်းရှုသွင်းရှူထုတ်လုပ်နေရသည်။
ဒီတစ်ယောက်ဆီက ပထမဆုံးဖုန်းဝင်လာတာကို ဘာလို့ ဒီလောက်ရင်ခုန်ဖို့ကောင်းနေမှန်းမသိ။ အသံကိုအတတ်နိုင်ဆုံးထိန်း၍....
“ဟဲလို”
“အော် ဘဲကြီးမှန်း ဟုတ်သားပဲ..... ကျွန်တော် ရန်ကုန်လာနေတာမို့လို့ လေယာဉ်ကွင်းကို လာကြိုပေးလို့ရမလား... ပြီးတော့ ကျွန်တော့်မှာနေစရာနေရာလည်းမရှိဘူး ကိုကိုတို့အိမ်မှာကျတော့ အဆင်မပြေလို့လေ ရတယ်မလား”
“အေးလာခဲ့ လာကြိုမယ်”
ကြည့် ပြောလိုက်ရင် တစ်စက်မှအချိုးမပြေတဲ့စကားလုံးတွေ ဒီကလေးတော့....
မသိရင် သူနဲ့ ငယ်ပေါင်းကြီးဖော်တွေကြနေတာပဲ သူ့ဦးမောင်က....
မပေးနေပြန်တော့ သူကပဲလူဆိုးကောင်ဖြစ်နေရအုံးမှ။ ပေးနေပြန်တော့လည်း သင့်တော်ပါ့မလား။ မားတို့ရော လက်ခံပါ့မလား။ မားတို့သာ ဦးမောင်ကို မိန်းကလေးမှန်းသိနေလျှင် နောက်ဆုံးမှာ ဦးမောင်များနေရခက်မလားဟုတွေးမိကာ မင်းယသူ့ညီမနဲ့အိမ်ထောင်ကျသွားတဲ့နောက် သူတို့သူငယ်ချင်းတစ်ဖွဲ့နဲ့အားတဲ့အချိန်အနားယူရအောင် သူ့အိမ်ကလူတွေမသိအောင် ဝယ်ထားသောအပိုကွန်ဒိုတစ်ခုကို သတိရလိုက်လျှင် ထိုနေရာက ဦးမောင်အတွက် စိတ်ချရသည့်နေရာတစ်ခုမို့ ပေးနေရန် ဆုံးဖြတ်လိုက်၏။
Meetingကိုဖြတ်ကာ သူလေယာဉ်ကွင်းကို ပြေးလွှားသွားရတော့၏။
Terminal လှေခါးကနေဆင်းလာသည့် သူ့ကလေးဟာ တကယ့်ကို ချစ်စရာကောင်းနေသည့်ပုံလေး။
Mulletဆံပင်စတိုင်လေးနဲ့ တီရှပ်အဝါပွပွလေးနဲ့ အနက်ရောင်ဒူးအထက်ဘောင်းဘီအတိုပွပွလေးနဲ့။ လူတွေအိမ်ပေါ်ကဆင်းလာလျှင် မပါမဖြစ်အဓိကဖြစ်တဲ့ အိတ်တစ်လုံးနဲ့။
ကျောပိုးအိတ်ပုံစံက ပြားကပ်နေသောကြောင့် အင်္ကျီတွေမပါလာမှန်းသိကာ သူ့ဆီက ကုန်းဆင်းအုံးမယ်ပုံပဲ။ ဆိုဒ်တူတာကျလို့။
သူ့ကိုတွေ့လိုက်လို့ ခုန်ပေါက်လက်လှမ်းပြနေတဲ့ပုံက အရင်ကတွေ့နေကြပုံစံနဲ့မတူနေသဖြင့် နည်းနည်းတော့အံ့ဩသွား၏.....
သူနဲ့ဘယ်တုန်းက တအားတည့်သွားရတာလဲ သူလည်းမသိလိုက်ပါလား။
ဒါသူ့ကိုသပ်သပ်မဲ့ အချိုသတ်နေတဲ့ရုပ်ကြီးမှန်းသိသာနေသဖြင့် သဘောကျ၍ပြုံးနေမိကာ ဦးမောင်ကို လက်လှမ်းပြလိုက်သေး၏။
သူဟာ ကလေးထိပ်ထားစံဖြစ်လို့ဖြစ်မှန်းမသိဖြစ်နေပါပြီ....
အနားကိုပြေးလွှားရောက်လာပြီ အရှိန်ထိန်းလိုက်ပြီး သူ့ကိုရယ်ကျဲကျဲနဲ့ပြုံးပြနေသောကြောင့် တစ်ခုခုကို လိုချင်လို့လုပ်နေသည့်ပုံစံကြောင့် သူ့ဘက်ကမေးဖို့က တာဝန်တစ်ရပ်ဖြစ်လာတော့၏။
“ဗိုက်ဆာနေပြီလား"
“အင်း ကိုနေမီး”
အောင်မယ်လေး မင်းအချိုတွေကျွေးလို့ ငါလည်းဆီးချိုးတတ်တော့မယ်ချစ်ရသောCrushလေး ဦးမောင်ရေ......
သူ့ညီမထက် အရပ်နည်းနည်းမြင့်သော ဦးမောင်ပခုံးပေါ်လက်တင်၍ မုန့်ဆိုင်တစ်ခုကို အရင်ပို့ရတော့၏။
အစားအသောက်မှာဆို ဦးမောင်ဟာကိုကိုလေးနဲ့တူနေပြန်။ အစားသရဲလေးတွေပဲ။
စတော်ဘယ်ရီဖျော်ရည်တစ်ခွက်နဲ့ စတော်ဘယ်ရီကိတ်တစ်slinceကို စားလိုက်တာ ခဏလေးနဲ့ကုန်လို့။
စားသောက်လိုက်လျှင် စတော်ပယ်ရီကိုသာ အမြဲတွေ့ရတတ်သောကြောင့် သိချင်လာပြန်၏။
“မင်း စတော်ပယ်ရီကြိုက်ပုံရတယ်”
“အင်းအထဲက အူတိုင်အဖြူရောင်လေးကို အပြင်ကအနီရောင်ထက်ပိုကြိုက်တယ် ဒီအနီရောင်ကိုကျ တစ်ခြားတစ်ယောက်လည်းကြိုက်တယ်လေ”
“ဘယ်သူလဲ”
“ အွန် ဒီလိုပဲ ရှိတယ်”
ပြုံး၍ပြောနေသောကြောင့် စိတ်ကအချဉ်ပေါက်လာ၏။ ဒင်းလေးက မိန်းမပဲကြိုက်တတ်တာကို သူမေ့သွားတာ။
အများရဲ့အမြင်မှာဆို သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ညီအစ်ကိုလိုလဲဖြစ်နိုင်ပြီး Coupleလိုလည်း အထင်မှားနိုင်သည့်အနေအထားဖြစ်နေသောကြောင့် သူသာဆို ဒုတိယတစ်ခုကို ပိုပြီးမြင်စေချင်သည်။ တကယ်ပါ မင်းနဲ့ဆို ဘယ်လိုထင်ထင် အထင်လွဲစေချင်နေတာကို မတတ်နိုင်။ သူဆိုသည်မှာလည်းဆေးမမှီတော့ဘူးတယ်......
“ဦး”
“ဦီးနေမီးရေ...”
ဟင်...
သူမေ့နေတာ ဘယ်နေရာရောက်ရောက် သူ့အနောက်ကို အမြဲတမ်း တကောက်ကောက်လိုက်နေတတ်သော မေပယ်ဖူးစုံ....
သူ့အဖေနဲ့ကိုယ်က စီးပွားရေးသမားအချင်းချင်းမို့ လူရင်းလည်းဖြစ်နေတာကတစ်ကြောင်း၊ ထိုကလေးမကို တခြားမိန်းကလေးလိုတော့ မဆက်ဆံခဲ့ပေမယ့် ညီမလေးတစ်ယောက်လိုတော့ သဘောထားပေးတတ်သည်။ သူ့ဘဝမှာ မိန်းကလေးဆိုလို့ မားရယ် ကိုကိုလေးရယ်သာရှိခဲ့ဖူးတာ။ အခုတော့ ဒီအရှေ့က စုတ်ဖွားတစ်ကောင်နဲ့ဆို သုံးယောက်သာ...။
“ဘာလာလုပ်တာလဲ”
စွေ့ခနဲ့ သူ့ဘေးကခုံမှာဝင်ချလာတော့ သူ့မှာဦးမောင်တစ်မျိုးထင်သွားမှာဆိုး၍ ဦးမောင်ဘက်ကိုကြည့်လိုက်လျှင် သင်းဆိုတဲ့နှာဗူးလေးက မေ့ပယ်ကို ညှို့မျက်လုံးတွေနဲ့ ကြာကြည့်ကြည့်နေချေပြီ....
ဪ ငါ့မှာတော့ သင်းကို ဘယ်တုန်းဘယ်အခါကမှ ဒီအကြည့်နဲ့မကြည့်ခဲ့ရဖူးဘဲ သင်းက ဟိုကလေးမစုတ်အပေါ်ကို ချက်ချင်းကိုအရည်ပျော်သွားရပြန်ပြီ၊ နှလုံးသားပေါလိုက်တဲ့အကောင်.....
ထုသတ်ချင်လိုက်တာမှ အချစ်ရေးကံကောင်းလိုက်တဲ့ နေမီးပုံ။
“ဟီး...ဦးကလည်း မေပယ်နဲ့က အခုမှတိုက်ဆိုင်သွားတာနော် တမင်ဦးနောက်ကို လိုက်လာတာမဟုတ်ဘူးသိလား ဒီတစ်ခါ တကယ်ယုံပါဦးရယ် နော်... နော်”
“ ကျစ်......ဘယ်လိုလေးမှန်းကိုမသိဘူး”
“ခွီး”
သူ့Crushရဲ့စကားကြောင့် ဦးမောင်ဟာ မခွီပဲမနေနိုင်တော့။
ဘဲကြီးကို ဦးတဲ့....
သူနဲ့ဆို မောင်နဲ့ညီမလေးပဲ။ ဒီCrushလေးကိုတော့ အတည်ကြွေချင်နေပြီ ဘဲကြီးရေ။
သူ့ထက်အသက်လေးနှင့်ကြီးသော ဘဲကြီးဟာ ဦးဆိုတော့ သူဒီcrushကို ဘဲကြီးစီက စနိုက်ရတော့မှဖြစ်တော့မယ်၊ ဒီနှလုံးသားက ဟိုကောင်မလေးကိုကြွေသွားပြီလေ....
ခုံပေါ်၌တင်ထားသော အနက်ရောင်နေကာမျက်မှန်ကိုပြန်ကောက်တပ်ပြီး Mulletစတိုင်ဆံပင်ကို ခေါင်းနည်းနည်းမော့ပြီး ဆွဲဆောင်မှုရှိရှိသပ်တင်လိုက်၏။ မုန့်စားလို့စတိုင်များပျက်နေမလားဟု သူ့နှုတ်ခမ်းကို သစ်ရှူးနဲ့သုတ်ပြီး နှုတ်ခမ်းတစ်ဖက်ကိုလှလှလေးကွေးကာ ကမ္ဘာပေါ်မှာ အချိုသာဆုံးသောအပြုံးနဲ့ အသဲလေးဘက်လှည့်၍....
“ကိုနေမီး ကျွန်တော့်ကို မိတ်ဆက်ပေးအုံးလေ”
အရေးထဲ နှာဘူးကျနေသောသူ့ကလေးကြောင့် ဒေါသနဲ့အလိုမကျမှုက ဖြစ်ပေါ်လာလျှင် မေပယ်ကို ဒီနေရာကနေနှင်ထုတ်မှဖြစ်တော့မယ်......
“အေးပါ... ဒါက ငါနဲ့သူ့အဖေကစီးပွားဖက် နာမည်က မေပယ်ဖူးစုံ... ဒါပဲ မြန်မြန်စား သွားမယ်”
“အာ.... သူ ကျွန်တော့်နာမည်မသိသေးဘူးလေ"
ဘဲကြီးက ဘာကို သဝန်တိုနေလည်းမသိသဖြင့် အသဲလေးဘက်လှည့်ကာ...
“မေပယ် မောင့်ကို မောင်လို့ခေါ်လို့ရတယ်သိလား မောင်ြနာမည်မှာမောင်ပါတာက အမှန်တရားနော် အချစ်လေး”
တားနေတဲ့ကြားထဲ ဖွန်ကြောင်နေသောကြောင့်....
“ပြန်မယ်လို့ပြောနေတယ် မောင်ဦးမောင်”
“ခင်ဗျားကလဲဗျာ”
မကျေမနပ်နဲ့ ဘဲကြီးနောက်ကို လိုက်လာရသည်။
”မင်းကသာဘာဖြစ်နေလဲ မိန်းကလေးမြင်တိုင်းအငမ်းကြောထနေတာ လူမြင်လို့မှမကောင်း၊ လူကြားသူကြားထဲလည်းမရှက်နဲ့ ငါလေဂုတ်ကဆွဲလို့...”
မျက်မှောင်ကျုံ့သွားလျှင် သူပြုံးသွား၏။ စိတ်ဆိုးလဲဆိုးပါစေတော့။
ငါ့ကိုလာCrushနေတဲ့ကလေးမကို Crushဖို့မစဉ်းစားနဲ့ ငါကမင်းကိုCrushနေတာမို့ပဲကလေး.....
Crushယုံမကဘူး မြတ်နိုးတာ ဒါလည်းမင်းက သိတာမဟုတ်ဘူးနှာဘူးလေး။
ဘဲကြီးက မဲတော့လည်း သူ့မှာငြိမ်ပေးလိုက်ရသည်။အခု သူ့အားနည်းချက်လက်နက်က ဘဲကြီးဆီမှာမို့လို့သာ....
စားပြီးသောက်ပြီး မေပယ်နဲ့တွေ့ပြီးနောက် သူ့ကွန်ဒိုတိုက်ခန်းဘက်ကိုတန်းမောင်းလာသည့်တစ်လျှောက် ဦးမောင်ကတော့ ရန်ကုန်မှာရှိနေတဲ့သူ့ဘော်ဒါတွေရဲ့နံပါတ်ကို တစ်ခုပြီးတစ်ခုဆက်နေတာ အိမ်ရောက်တဲ့အထိ မကုန်နိုင်။ အိမ်နဲ့သာအကြောမတည့်တာ အပြင်မှာရှိတဲ့လူတွေ တစ်ယောက်မကျန်အကုန်သူ့အပေါင်းအဖော်တွေကြီးပဲ.......
“ဒါမင်းနေရမယ့်အခန်း.... နေရဲလား"
“နေ့ဘက်တော့ရတယ်.... ညဘက်တော့..."
ဒါဆို ညဘက်ဦးမောင်တစ်ယောက်ထဲမအိပ်ရဲမှန်းသိလိုက်ကာ စိတ်မကောင်းဖြစ်သွားရ၏။
အိမ်ပေါ်ကဆင်းလာသည့်ကလေးကို ထပ်စိတ်မဆင်းရဲစေချင်သောကြောင့်....
“ညကျငါပြန်လာခဲ့မယ် ဘာလိုအပ်လဲဆိုတာ စာပို့ထားလိုက် ဝယ်လာခဲ့မယ် နားလိုက်အုံး"
“အင်း ကိုနေမီး”
ကိုနေမီးတဲ့ သူရင်တွေအဆမတန်ခုန်လာသောအခါ ကလေးရဲ့ဆံပင်တွေကို အသဲယားစွာဖွပစ်ကာ....
“ဘာမှာအုံးမလဲ”
“ဟီး....ကိုနေမီး မေပယ့်ဖုန်းနံပါတ်လေး မ စပါအုံးဗျာ”
“သေတောင်မပေးဘူး"
ဒီလိုကောင်ကိုများ ငါ့ဝဲဘက်ကသူတောင်းစားအတုံးက ရင်ခုန်နေတာပေါ့လေ..... အံ့ဩတယ်။ မူးရူးတာ မိုင်ကုန်သွားပြီ နေမီးပုံရေသာ အော်ဟစ်ပြစ်လိုက်ချင်တော့သည်။
❣️
❣️
❣️
❣️
❣️
❣️
တစ်ခါမှ သူစိမ်းအိမ်မှာမနေဖူးသောကြောင့် လူကအိပ်လို့မပျော်ကာ မျက်စိကကြောင်နေ၏။
ဒီတလော အိပ်လိုက်ပြီး အိပ်မက်မက်နေလျှင် ထိုမြင်ကွင်းတစ်ခုကသာ ကြီးစိုးနေသဖြင့် အိပ်လည်းမအိပ်ရဲနေ....
ဒယ်ဒီနဲ့သူ့ရဲ့ အက်ဆီးဒန့်ဖြစ်တုန်းက မြင်ကွင်း။
ဟူး....အတိတ်မေ့နေရင်တောင် ဟုတ်အုံးမယ်။
အခန်းအပြင်ဘက်ကိုထွက်လာပြီး ဝရံတာဘက်ကို လျှောက်လာလျှင် အရိပ်တစ်ခုကိုမြင်လိုက်သောကြောင့် ရုတ်တရက်ထိတ်လန့်သွားပေမယ့် သူနဲ့ ကိုနေမီးတို့နှစ်ယောက်သာ ရှိနေတာမို့လို့ ထိုအရိပ်ဟာ ကိုနေမီးမှန်းရိပ်မိလိုက်လျှင်......
“ကိုနေမီးလား”
ပြောပြီ သူ့ဖုန်းက နာရီကိုကြည့်လိုက်လျှင် အချိန်က မနက်သုံးနာရီစွန်းစွန်းရောက်နေပြီ....
“ကျွန်တော်ရှိနေလို့ ခင်ဗျားအိပ်လို့မရတာလား”
“......”
တစ်ဖက်က ဘာပြောလိုက်လဲဆိုတာ သူမကြားသဖြင့် မျက်နှာချင်းဆိုင်ရပ်လိုက်ပြီ....
“ခင်ဗျား ဘာပြောလိုက်လဲဆိုတာ ဖြည်းဖြည်းချင်းပြောလို့ရမလား ကျွန်တော့်မှာ Hearing_aidမပါလာလို့”
ထိုအခါ ကိုနေမီးနှုတ်ခမ်း၏ အသွားအလာတစ်ခုချင်းဆီကိုမှတ်သားနေပြီး သူ့နှုတ်ကနေလည်း ထိုတစ်ခွန်းချင်းဆီကို အသံထွက်လိုက်လျှင်......
“ဒီ...အ..တိုင်း...အိပ်...မပျော်...လို့”
“ကျွန်တော်ရောပဲ.....တော်သေးတယ် ကျွန်တော့်ကြောင့်လားလို့ အားနာနေတာ”
နေမီးသည် လက်ရန်းကိုကိုင်ထားသော သူ့လက်နှစ်ဖက်ဆီမှာ ချွေးတို့စေးကပ်လာသည်။
သူ့ဝဲဘက်ရင်အုံက တသိမ့်သိမ့်ပုံမှန်ခုန်နေတာမဟုတ်ဘဲ အဆမတန်ခုန်ပေါက်ပြေးလွှားနေတာ ပြိုင်ကွင်းထဲက မြင်းတစ်ကောင်အတိုင်း။
သူ့ဘေးကပ်ရပ် ရပ်နေပြီး မြို့ရဲ့ညအလင်းရောင်မှိန်မှိန်ကိုငေးစိုက်နေသော ကလေးကို ပိုင်ဆိုင်ချင်လိုက်တာ.....
စောစောက သူ့နှုတ်ခမ်းကို မျက်တောင်မခက်ဘဲ အဖြေရွတ်ပြောနေသော ပုံရိပ်သည် ကြည်နူးစရာလည်းကောင်းပြီး နာကျင်စရာလည်းအလွန်ကောင်းသည်။ ဒါကို အားနည်းချက်အဖြစ်နဲ့ မမှတ်ထားလို့တော်သေးတယ်။ ကလေးကရဲရင့်သားပဲ...
PART 12ဆက်ရန်......
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one
17.5.2023
.
.
.
.
.
.
.
PART 11❣️
ႏွစ္နာရီေလာက္ၾကာတဲ့အထိ အထဲကပိတ္ထားေသာ အခန္းကိုေမာ့ၾကည့္ၿပီး Sweetမ်က္ရည္ေတြအခုထိမတိတ္ေသးတာကို သတိရလိုက္လွ်င္ အျမန္သုတ္လိုက္၏။
ေက်ာက္ကုန္သည္ေတြျဖစ္ၾကသည့္အညီ ႏႈိင္းရဲ႕အေဖနဲ႔အေမတို႔ အိမ္မွာမရွိတာနဲ႔ သူလြတ္လပ္ေရးရေနကာ Sweetကိုအထဒဝင္ခြင့္မေပးတဲ့အျပင္ ႏႈိင္းကသူဘာလုပ္ေနတာလဲဆိုတာကိုပါ တစ္ခါတည္းေျပာျပခဲ့ေသာေၾကာင့္ ဒီမ်က္ရည္ေတြက ရပ္လို႔မရတဲ့အထိ။
ဒီအခ်ိန္မွာ ဘယ္သူ႔ကို သူမအားကိုးၿပီး ေျပာျပရမလဲ။
“ႏႈိင္း”
“ႏႈိင္း.....နင္တံခါးမဖြင့္ရင္ ငါအိမ္ျပန္လိုက္မွာေနာ္”
ကြၽီ...
ဒီစကားတစ္ခြန္းဟာ ႏႈိင္းသူမကို တကယ္ပဲတံခါးဖြင့္ေပးလိုက္လွ်င္ စုတ္ဖြာေနေသာဆံပင္ပြေယာင္းေယာင္းနဲ႔ ရဲေနေသာတည္ၿငိမ္မႉမရွိေသာမ်က္ဝန္းတစ္စုံ.....
“ခင္ဗ်ား မျပန္ရဘူး”
“နင္ ဘာေတြလုပ္ေနလဲ ဟင္... ဘာလို႔ဒီလိုလုပ္ရတာလဲ.....ဦးေမာင္ေရာ နင့္လိုပဲသုံးေနလား”
ဘယ္လိုပဲမုန္းေနပါေစ ဦးေမာင္လုပ္မိေနမွာကိုလည္းေၾကာက္ေနမိ၏။
“အပိုေတြ ဒီအၾကည့္ေတြက ဦးေမာင္ကိုစိုးရိမ္ေပးေနတဲ့အၾကည့္နဲ႔မတူဘူး ခင္ဗ်ားစိုးရိမ္ေပးလည္း ယုံမွာမဟုတ္ဘူး"
ခါးကေန ကိုင္ေျမႇာက္ခံလိုက္ရေသာအခါ လန႔္သြား၍ နီးရာတစ္ခုခုကိုအသဲအသန္အားကိုဆြဲလိုက္လွ်င္ Sweetသည္ ႏႈိင္း၏ပခုံးကိုသာ အားကိုးလိုက္ရ၏။
“ငါ့ကို မႏွိပ္စက္ပါနဲ႔ေတာ့ ႏႈိင္းရယ္”
“ဒီအထိအေတြ႕ေတြက ႏွိပ္စက္ေနတာမဟုတ္ဘူး မ... ခ်စ္လို႔ပါ”
ဦးေမာင္နဲ႔ပတ္သက္ရင္ မကို ၾကည့္မရေပမယ့္ သူ႔ႏွလုံးသားနဲ႔ပတ္သက္ရင္ေတာ့ မ ဟာသူ႔ရဲ႕နတ္ဖုရားေလးတစ္ပါး.....
နံရံဘက္ကိုေက်ာကပ္သြားသည့္အထိ နတ္ဘုရားမေလးကို တြန္းပို႔လိုက္ၿပီး....
“ေမာင့္စကားကိုနားေထာင္ ၿငိမ္ၿငိမ္ေနေနာ္....”
ဒီအနမ္းေတြ ဒီအထိအေတြ႕ေတြကို ႀကိဳက္လည္းမႀကိဳက္ဘူး မုန္းလည္းမမုန္းဘူး ေၾကာက္ေနတာ... ႏႈိင္းကိုလည္းေၾကာက္တယ္...
မရဲ႕ ဆံႏြယ္ကေန ေျခဖ်ားအထိကို ခ်စ္တာပါမရယ္....
❣️
❣️
❣️
❣️
❣️
Phoenixမွာ meetingရွိေနတုန္း ဖုန္း Vibrationေၾကာင့္ ငုံ႔ၾကည့္လိုက္လွ်င္ သူတစ္ခါမွ မေမွ်ာ္လင့္ထားေသာ နာမည္ျဖစ္ေနေၾကာင့္ အံ့ဩသြားရကာ ဆက္ခနဲ႔မတ္တပ္ရပ္လိုက္သည့္အထိျဖစ္သြားလွ်င္ ဒါ႐ိုက္တာေတြနဲ႔ သူ႔အေဖဥကၠဌတို႔ကပါ ေၾကာင္သြားေစ၏။ ၿပီးမွ သူဦးၫႊတ္ေတာင္းပန္လိုက္ၿပီး answerႏွိပ္ကာ အျပင္ဘက္ကိုေလွ်ာက္လာရသည္။
ေမဦးေမာင္ေရ မင္းေၾကာင့္ ငါဒီမွာဗ်ာမ်ားကုန္ၿပီ....
ရင္ဘက္တစ္ခုလုံးဂာ လႈိက္ခနဲ႔တုန္ခါၿပီး အျမန္ခုန္ေနေသာေၾကာင့္ သူ႔မွာအသက္ကိုမနည္းရႈသြင္းရွဴထုတ္လုပ္ေနရသည္။
ဒီတစ္ေယာက္ဆီက ပထမဆုံးဖုန္းဝင္လာတာကို ဘာလို႔ ဒီေလာက္ရင္ခုန္ဖို႔ေကာင္းေနမွန္းမသိ။ အသံကိုအတတ္ႏိုင္ဆုံးထိန္း၍....
“ဟဲလို”
“ေအာ္ ဘဲႀကီးမွန္း ဟုတ္သားပဲ..... ကြၽန္ေတာ္ ရန္ကုန္လာေနတာမို႔လို႔ ေလယာဥ္ကြင္းကို လာႀကိဳေပးလို႔ရမလား... ၿပီးေတာ့ ကြၽန္ေတာ့္မွာေနစရာေနရာလည္းမရွိဘူး ကိုကိုတို႔အိမ္မွာက်ေတာ့ အဆင္မေျပလို႔ေလ ရတယ္မလား”
“ေအးလာခဲ့ လာႀကိဳမယ္”
ၾကည့္ ေျပာလိုက္ရင္ တစ္စက္မွအခ်ိဳးမေျပတဲ့စကားလုံးေတြ ဒီကေလးေတာ့....
မသိရင္ သူနဲ႔ ငယ္ေပါင္းႀကီးေဖာ္ေတြၾကေနတာပဲ သူ႔ဦးေမာင္က....
မေပးေနျပန္ေတာ့ သူကပဲလူဆိုးေကာင္ျဖစ္ေနရအုံးမွ။ ေပးေနျပန္ေတာ့လည္း သင့္ေတာ္ပါ့မလား။ မားတို႔ေရာ လက္ခံပါ့မလား။ မားတို႔သာ ဦးေမာင္ကို မိန္းကေလးမွန္းသိေနလွ်င္ ေနာက္ဆုံးမွာ ဦးေမာင္မ်ားေနရခက္မလားဟုေတြးမိကာ မင္းယသူ႔ညီမနဲ႔အိမ္ေထာင္က်သြားတဲ့ေနာက္ သူတို႔သူငယ္ခ်င္းတစ္ဖြဲ႕နဲ႔အားတဲ့အခ်ိန္အနားယူရေအာင္ သူ႔အိမ္ကလူေတြမသိေအာင္ ဝယ္ထားေသာအပိုကြန္ဒိုတစ္ခုကို သတိရလိုက္လွ်င္ ထိုေနရာက ဦးေမာင္အတြက္ စိတ္ခ်ရသည့္ေနရာတစ္ခုမို႔ ေပးေနရန္ ဆုံးျဖတ္လိုက္၏။
Meetingကိုျဖတ္ကာ သူေလယာဥ္ကြင္းကို ေျပးလႊားသြားရေတာ့၏။
Terminal ေလွခါးကေနဆင္းလာသည့္ သူ႔ကေလးဟာ တကယ့္ကို ခ်စ္စရာေကာင္းေနသည့္ပုံေလး။
Mulletဆံပင္စတိုင္ေလးနဲ႔ တီရွပ္အဝါပြပြေလးနဲ႔ အနက္ေရာင္ဒူးအထက္ေဘာင္းဘီအတိုပြပြေလးနဲ႔။ လူေတြအိမ္ေပၚကဆင္းလာလွ်င္ မပါမျဖစ္အဓိကျဖစ္တဲ့ အိတ္တစ္လုံးနဲ႔။
ေက်ာပိုးအိတ္ပုံစံက ျပားကပ္ေနေသာေၾကာင့္ အက်ႌေတြမပါလာမွန္းသိကာ သူ႔ဆီက ကုန္းဆင္းအုံးမယ္ပုံပဲ။ ဆိုဒ္တူတာက်လို႔။
သူ႔ကိုေတြ႕လိုက္လို႔ ခုန္ေပါက္လက္လွမ္းျပေနတဲ့ပုံက အရင္ကေတြ႕ေနၾကပုံစံနဲ႔မတူေနသျဖင့္ နည္းနည္းေတာ့အံ့ဩသြား၏.....
သူနဲ႔ဘယ္တုန္းက တအားတည့္သြားရတာလဲ သူလည္းမသိလိုက္ပါလား။
ဒါသူ႔ကိုသပ္သပ္မဲ့ အခ်ိဳသတ္ေနတဲ့႐ုပ္ႀကီးမွန္းသိသာေနသျဖင့္ သေဘာက်၍ၿပဳံးေနမိကာ ဦးေမာင္ကို လက္လွမ္းျပလိုက္ေသး၏။
သူဟာ ကေလးထိပ္ထားစံျဖစ္လို႔ျဖစ္မွန္းမသိျဖစ္ေနပါၿပီ....
အနားကိုေျပးလႊားေရာက္လာၿပီ အရွိန္ထိန္းလိုက္ၿပီး သူ႔ကိုရယ္က်ဲက်ဲနဲ႔ၿပဳံးျပေနေသာေၾကာင့္ တစ္ခုခုကို လိုခ်င္လို႔လုပ္ေနသည့္ပုံစံေၾကာင့္ သူ႔ဘက္ကေမးဖို႔က တာဝန္တစ္ရပ္ျဖစ္လာေတာ့၏။
“ဗိုက္ဆာေနၿပီလား"
“အင္း ကိုေနမီး”
ေအာင္မယ္ေလး မင္းအခ်ိဳေတြေကြၽးလို႔ ငါလည္းဆီးခ်ိဳးတတ္ေတာ့မယ္ခ်စ္ရေသာCrushေလး ဦးေမာင္ေရ......
သူ႔ညီမထက္ အရပ္နည္းနည္းျမင့္ေသာ ဦးေမာင္ပခုံးေပၚလက္တင္၍ မုန႔္ဆိုင္တစ္ခုကို အရင္ပို႔ရေတာ့၏။
အစားအေသာက္မွာဆို ဦးေမာင္ဟာကိုကိုေလးနဲ႔တူေနျပန္။ အစားသရဲေလးေတြပဲ။
စေတာ္ဘယ္ရီေဖ်ာ္ရည္တစ္ခြက္နဲ႔ စေတာ္ဘယ္ရီကိတ္တစ္slinceကို စားလိုက္တာ ခဏေလးနဲ႔ကုန္လို႔။
စားေသာက္လိုက္လွ်င္ စေတာ္ပယ္ရီကိုသာ အၿမဲေတြ႕ရတတ္ေသာေၾကာင့္ သိခ်င္လာျပန္၏။
“မင္း စေတာ္ပယ္ရီႀကိဳက္ပုံရတယ္”
“အင္းအထဲက အူတိုင္အျဖဴေရာင္ေလးကို အျပင္ကအနီေရာင္ထက္ပိုႀကိဳက္တယ္ ဒီအနီေရာင္ကိုက် တစ္ျခားတစ္ေယာက္လည္းႀကိဳက္တယ္ေလ”
“ဘယ္သူလဲ”
“ အြန္ ဒီလိုပဲ ရွိတယ္”
ၿပဳံး၍ေျပာေနေသာေၾကာင့္ စိတ္ကအခ်ဥ္ေပါက္လာ၏။ ဒင္းေလးက မိန္းမပဲႀကိဳက္တတ္တာကို သူေမ့သြားတာ။
အမ်ားရဲ႕အျမင္မွာဆို သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ ညီအစ္ကိုလိုလဲျဖစ္ႏိုင္ၿပီး Coupleလိုလည္း အထင္မွားႏိုင္သည့္အေနအထားျဖစ္ေနေသာေၾကာင့္ သူသာဆို ဒုတိယတစ္ခုကို ပိုၿပီးျမင္ေစခ်င္သည္။ တကယ္ပါ မင္းနဲ႔ဆို ဘယ္လိုထင္ထင္ အထင္လြဲေစခ်င္ေနတာကို မတတ္ႏိုင္။ သူဆိုသည္မွာလည္းေဆးမမွီေတာ့ဘူးတယ္......
“ဦး”
“ဦီးေနမီးေရ...”
ဟင္...
သူေမ့ေနတာ ဘယ္ေနရာေရာက္ေရာက္ သူ႔အေနာက္ကို အၿမဲတမ္း တေကာက္ေကာက္လိုက္ေနတတ္ေသာ ေမပယ္ဖူးစုံ....
သူ႔အေဖနဲ႔ကိုယ္က စီးပြားေရးသမားအခ်င္းခ်င္းမို႔ လူရင္းလည္းျဖစ္ေနတာကတစ္ေၾကာင္း၊ ထိုကေလးမကို တျခားမိန္းကေလးလိုေတာ့ မဆက္ဆံခဲ့ေပမယ့္ ညီမေလးတစ္ေယာက္လိုေတာ့ သေဘာထားေပးတတ္သည္။ သူ႔ဘဝမွာ မိန္းကေလးဆိုလို႔ မားရယ္ ကိုကိုေလးရယ္သာရွိခဲ့ဖူးတာ။ အခုေတာ့ ဒီအေရွ႕က စုတ္ဖြားတစ္ေကာင္နဲ႔ဆို သုံးေယာက္သာ...။
“ဘာလာလုပ္တာလဲ”
ေစြ႕ခနဲ႔ သူ႔ေဘးကခုံမွာဝင္ခ်လာေတာ့ သူ႔မွာဦးေမာင္တစ္မ်ိဳးထင္သြားမွာဆိုး၍ ဦးေမာင္ဘက္ကိုၾကည့္လိုက္လွ်င္ သင္းဆိုတဲ့ႏွာဗူးေလးက ေမ့ပယ္ကို ညႇိဳ႕မ်က္လုံးေတြနဲ႔ ၾကာၾကည့္ၾကည့္ေနေခ်ၿပီ....
ဪ ငါ့မွာေတာ့ သင္းကို ဘယ္တုန္းဘယ္အခါကမွ ဒီအၾကည့္နဲ႔မၾကည့္ခဲ့ရဖူးဘဲ သင္းက ဟိုကေလးမစုတ္အေပၚကို ခ်က္ခ်င္းကိုအရည္ေပ်ာ္သြားရျပန္ၿပီ၊ ႏွလုံးသားေပါလိုက္တဲ့အေကာင္.....
ထုသတ္ခ်င္လိုက္တာမွ အခ်စ္ေရးကံေကာင္းလိုက္တဲ့ ေနမီးပုံ။
“ဟီး...ဦးကလည္း ေမပယ္နဲ႔က အခုမွတိုက္ဆိုင္သြားတာေနာ္ တမင္ဦးေနာက္ကို လိုက္လာတာမဟုတ္ဘူးသိလား ဒီတစ္ခါ တကယ္ယုံပါဦးရယ္ ေနာ္... ေနာ္”
“ က်စ္......ဘယ္လိုေလးမွန္းကိုမသိဘူး”
“ခြီး”
သူ႔Crushရဲ႕စကားေၾကာင့္ ဦးေမာင္ဟာ မခြီပဲမေနႏိုင္ေတာ့။
ဘဲႀကီးကို ဦးတဲ့....
သူနဲ႔ဆို ေမာင္နဲ႔ညီမေလးပဲ။ ဒီCrushေလးကိုေတာ့ အတည္ေႂကြခ်င္ေနၿပီ ဘဲႀကီးေရ။
သူ႔ထက္အသက္ေလးႏွင့္ႀကီးေသာ ဘဲႀကီးဟာ ဦးဆိုေတာ့ သူဒီcrushကို ဘဲႀကီးစီက စႏိုက္ရေတာ့မွျဖစ္ေတာ့မယ္၊ ဒီႏွလုံးသားက ဟိုေကာင္မေလးကိုေႂကြသြားၿပီေလ....
ခုံေပၚ၌တင္ထားေသာ အနက္ေရာင္ေနကာမ်က္မွန္ကိုျပန္ေကာက္တပ္ၿပီး Mulletစတိုင္ဆံပင္ကို ေခါင္းနည္းနည္းေမာ့ၿပီး ဆြဲေဆာင္မႈရွိရွိသပ္တင္လိုက္၏။ မုန႔္စားလို႔စတိုင္မ်ားပ်က္ေနမလားဟု သူ႔ႏႈတ္ခမ္းကို သစ္ရွဴးနဲ႔သုတ္ၿပီး ႏႈတ္ခမ္းတစ္ဖက္ကိုလွလွေလးေကြးကာ ကမာၻေပၚမွာ အခ်ိဳသာဆုံးေသာအၿပဳံးနဲ႔ အသဲေလးဘက္လွည့္၍....
“ကိုေနမီး ကြၽန္ေတာ့္ကို မိတ္ဆက္ေပးအုံးေလ”
အေရးထဲ ႏွာဘူးက်ေနေသာသူ႔ကေလးေၾကာင့္ ေဒါသနဲ႔အလိုမက်မႈက ျဖစ္ေပၚလာလွ်င္ ေမပယ္ကို ဒီေနရာကေနႏွင္ထုတ္မွျဖစ္ေတာ့မယ္......
“ေအးပါ... ဒါက ငါနဲ႔သူ႔အေဖကစီးပြားဖက္ နာမည္က ေမပယ္ဖူးစုံ... ဒါပဲ ျမန္ျမန္စား သြားမယ္”
“အာ.... သူ ကြၽန္ေတာ့္နာမည္မသိေသးဘူးေလ"
ဘဲႀကီးက ဘာကို သဝန္တိုေနလည္းမသိသျဖင့္ အသဲေလးဘက္လွည့္ကာ...
“ေမပယ္ ေမာင့္ကို ေမာင္လို႔ေခၚလို႔ရတယ္သိလား ေမာင္ျနာမည္မွာေမာင္ပါတာက အမွန္တရားေနာ္ အခ်စ္ေလး”
တားေနတဲ့ၾကားထဲ ဖြန္ေၾကာင္ေနေသာေၾကာင့္....
“ျပန္မယ္လို႔ေျပာေနတယ္ ေမာင္ဦးေမာင္”
“ခင္ဗ်ားကလဲဗ်ာ”
မေက်မနပ္နဲ႔ ဘဲႀကီးေနာက္ကို လိုက္လာရသည္။
”မင္းကသာဘာျဖစ္ေနလဲ မိန္းကေလးျမင္တိုင္းအငမ္းေၾကာထေနတာ လူျမင္လို႔မွမေကာင္း၊ လူၾကားသူၾကားထဲလည္းမရွက္နဲ႔ ငါေလဂုတ္ကဆြဲလို႔...”
မ်က္ေမွာင္က်ဳံ႔သြားလွ်င္ သူၿပဳံးသြား၏။ စိတ္ဆိုးလဲဆိုးပါေစေတာ့။
ငါ့ကိုလာCrushေနတဲ့ကေလးမကို Crushဖို႔မစဥ္းစားနဲ႔ ငါကမင္းကိုCrushေနတာမို႔ပဲကေလး.....
Crushယုံမကဘူး ျမတ္ႏိုးတာ ဒါလည္းမင္းက သိတာမဟုတ္ဘူးႏွာဘူးေလး။
ဘဲႀကီးက မဲေတာ့လည္း သူ႔မွာၿငိမ္ေပးလိုက္ရသည္။အခု သူ႔အားနည္းခ်က္လက္နက္က ဘဲႀကီးဆီမွာမို႔လို႔သာ....
စားၿပီးေသာက္ၿပီး ေမပယ္နဲ႔ေတြ႕ၿပီးေနာက္ သူ႔ကြန္ဒိုတိုက္ခန္းဘက္ကိုတန္းေမာင္းလာသည့္တစ္ေလွ်ာက္ ဦးေမာင္ကေတာ့ ရန္ကုန္မွာရွိေနတဲ့သူ႔ေဘာ္ဒါေတြရဲ႕နံပါတ္ကို တစ္ခုၿပီးတစ္ခုဆက္ေနတာ အိမ္ေရာက္တဲ့အထိ မကုန္ႏိုင္။ အိမ္နဲ႔သာအေၾကာမတည့္တာ အျပင္မွာရွိတဲ့လူေတြ တစ္ေယာက္မက်န္အကုန္သူ႔အေပါင္းအေဖာ္ေတြႀကီးပဲ.......
“ဒါမင္းေနရမယ့္အခန္း.... ေနရဲလား"
“ေန႔ဘက္ေတာ့ရတယ္.... ညဘက္ေတာ့..."
ဒါဆို ညဘက္ဦးေမာင္တစ္ေယာက္ထဲမအိပ္ရဲမွန္းသိလိုက္ကာ စိတ္မေကာင္းျဖစ္သြားရ၏။
အိမ္ေပၚကဆင္းလာသည့္ကေလးကို ထပ္စိတ္မဆင္းရဲေစခ်င္ေသာေၾကာင့္....
“ညက်ငါျပန္လာခဲ့မယ္ ဘာလိုအပ္လဲဆိုတာ စာပို႔ထားလိုက္ ဝယ္လာခဲ့မယ္ နားလိုက္အုံး"
“အင္း ကိုေနမီး”
ကိုေနမီးတဲ့ သူရင္ေတြအဆမတန္ခုန္လာေသာအခါ ကေလးရဲ႕ဆံပင္ေတြကို အသဲယားစြာဖြပစ္ကာ....
“ဘာမွာအုံးမလဲ”
“ဟီး....ကိုေနမီး ေမပယ့္ဖုန္းနံပါတ္ေလး မ စပါအုံးဗ်ာ”
“ေသေတာင္မေပးဘူး"
ဒီလိုေကာင္ကိုမ်ား ငါ့ဝဲဘက္ကသူေတာင္းစားအတုံးက ရင္ခုန္ေနတာေပါ့ေလ..... အံ့ဩတယ္။ မူး႐ူးတာ မိုင္ကုန္သြားၿပီ ေနမီးပုံေရသာ ေအာ္ဟစ္ျပစ္လိုက္ခ်င္ေတာ့သည္။
❣️
❣️
❣️
❣️
❣️
❣️
တစ္ခါမွ သူစိမ္းအိမ္မွာမေနဖူးေသာေၾကာင့္ လူကအိပ္လို႔မေပ်ာ္ကာ မ်က္စိကေၾကာင္ေန၏။
ဒီတေလာ အိပ္လိုက္ၿပီး အိပ္မက္မက္ေနလွ်င္ ထိုျမင္ကြင္းတစ္ခုကသာ ႀကီးစိုးေနသျဖင့္ အိပ္လည္းမအိပ္ရဲေန....
ဒယ္ဒီနဲ႔သူ႔ရဲ႕ အက္ဆီးဒန႔္ျဖစ္တုန္းက ျမင္ကြင္း။
ဟူး....အတိတ္ေမ့ေနရင္ေတာင္ ဟုတ္အုံးမယ္။
အခန္းအျပင္ဘက္ကိုထြက္လာၿပီး ဝရံတာဘက္ကို ေလွ်ာက္လာလွ်င္ အရိပ္တစ္ခုကိုျမင္လိုက္ေသာေၾကာင့္ ႐ုတ္တရက္ထိတ္လန႔္သြားေပမယ့္ သူနဲ႔ ကိုေနမီးတို႔ႏွစ္ေယာက္သာ ရွိေနတာမို႔လို႔ ထိုအရိပ္ဟာ ကိုေနမီးမွန္းရိပ္မိလိုက္လွ်င္......
“ကိုေနမီးလား”
ေျပာၿပီ သူ႔ဖုန္းက နာရီကိုၾကည့္လိုက္လွ်င္ အခ်ိန္က မနက္သုံးနာရီစြန္းစြန္းေရာက္ေနၿပီ....
“ကြၽန္ေတာ္ရွိေနလို႔ ခင္ဗ်ားအိပ္လို႔မရတာလား”
“......”
တစ္ဖက္က ဘာေျပာလိုက္လဲဆိုတာ သူမၾကားသျဖင့္ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ၿပီ....
“ခင္ဗ်ား ဘာေျပာလိုက္လဲဆိုတာ ျဖည္းျဖည္းခ်င္းေျပာလို႔ရမလား ကြၽန္ေတာ့္မွာ Hearing_aidမပါလာလို႔”
ထိုအခါ ကိုေနမီးႏႈတ္ခမ္း၏ အသြားအလာတစ္ခုခ်င္းဆီကိုမွတ္သားေနၿပီး သူ႔ႏႈတ္ကေနလည္း ထိုတစ္ခြန္းခ်င္းဆီကို အသံထြက္လိုက္လွ်င္......
“ဒီ...အ..တိုင္း...အိပ္...မေပ်ာ္...လို႔”
“ကြၽန္ေတာ္ေရာပဲ.....ေတာ္ေသးတယ္ ကြၽန္ေတာ့္ေၾကာင့္လားလို႔ အားနာေနတာ”
ေနမီးသည္ လက္ရန္းကိုကိုင္ထားေသာ သူ႔လက္ႏွစ္ဖက္ဆီမွာ ေခြၽးတို႔ေစးကပ္လာသည္။
သူ႔ဝဲဘက္ရင္အုံက တသိမ့္သိမ့္ပုံမွန္ခုန္ေနတာမဟုတ္ဘဲ အဆမတန္ခုန္ေပါက္ေျပးလႊားေနတာ ၿပိဳင္ကြင္းထဲက ျမင္းတစ္ေကာင္အတိုင္း။
သူ႔ေဘးကပ္ရပ္ ရပ္ေနၿပီး ၿမိဳ႕ရဲ႕ညအလင္းေရာင္မွိန္မွိန္ကိုေငးစိုက္ေနေသာ ကေလးကို ပိုင္ဆိုင္ခ်င္လိုက္တာ.....
ေစာေစာက သူ႔ႏႈတ္ခမ္းကို မ်က္ေတာင္မခက္ဘဲ အေျဖ႐ြတ္ေျပာေနေသာ ပုံရိပ္သည္ ၾကည္ႏူးစရာလည္းေကာင္းၿပီး နာက်င္စရာလည္းအလြန္ေကာင္းသည္။ ဒါကို အားနည္းခ်က္အျဖစ္နဲ႔ မမွတ္ထားလို႔ေတာ္ေသးတယ္။ ကေလးကရဲရင့္သားပဲ...
PART 12ဆက္ရန္......
❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️ ❣️
Drabin-one
17.5.2023