Strawberries & Cigarettes🍓🚬...

Por Monica_nana

361K 15.6K 837

Intro : 15.8.2022 Start : 28.1.2023 Finish : 20.7.2023 "And even if I run away Give my heart a holiday Still... Más

Ep~1
Ep~2
Ep~3
Ep~4
Ep~5
Ep~6
Ep~7
Ep~8
Ep~9
Ep~10
Ep~11
Ep~12
Ep~13
Ep~14
Ep~15
Ep~16
Ep~17
Ep~18
Ep~19
Ep~21
Ep~22
Ep~23
Ep~24
Ep~25
Ep~26
Ep~27
Ep~28
Ep~29
Ep~30
Ep~31
Ep~32
Ep~33
Ep~34
Ep~35
Ep~36{END}

Ep~20

8.7K 470 17
Por Monica_nana

Uni

စီးကရက်နံ့သင်းနေသည့် ကိုကြီး၏နှုတ်ခမ်းညိုတစ်စုံက နွေးရဲ့ နှုတ်ခမ်းကို လာရောက်ထိကပ်လိုက်သည့်အခါ အံ့အားသင့်မှုကြောင့် နွေးရဲ့ မျက်လုံးတွေ၀ိုင်းစက်သွားသည်။

ရိတ်သင်ထားသဖြင့် ကြမ်းရှရှဖြစ်နေသည့် ကိုကြီးရဲ့ နှုတ်ခမ်းမွှေးရေးရေးလေးတွေက နွေးရဲ့ နှာဖျားထိပ်ကို ထိတွေ့ပွတ်တိုက်နေပြီး  စီးကရက်နံ့ စွဲငြိနေသည့် ပူပူနွေးနွေး နှုတ်ခမ်းတစ်စုံကတော့ နွေးရဲ့ နှုတ်ခမ်းသားတွေပေါ်တွင် ကြားခံလေဟာနယ်ပင်မရှိအောင် ဖိကပ်နေရာယူထားသည်။

ဒါဟာနွေးအတွက် ပထမဆုံးအနမ်း ဖြစ်သလို....

ထိုအနမ်းက နွေး သိပ်ချစ်ရတဲ့ ကိုကြီးဆီက ရရှိခဲ့တာဖြစ်လို့.... နွေးရဲ့ ရင်ခုန်မှုတွေက တားမရဆီးမရဖြစ်နေတော့သည်။

ကိုကြီးက သူ့ရဲ့နှုတ်ခမ်းကိုအနည်းငယ်ဖွင့်ဟလိုက်ပြီး နွေးရဲ့ အောက်နှုတ်ခမ်းလေးကို တဖြည်းဖြည်းချင်း စုပ်ယူလိုက်တဲ့အချိန်မှာတော့ နွေး ရဲ့မျက်လုံးလေးတွေ မှေးစင်းကျသွားကာ ​ကိုကြီးရဲ့ အင်္ကျီစကို သာကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။

တဖြည်းဖြည်းချင်း ကိုကြီးရဲ့အနမ်းတွေနဲ့  နွေး...နေသားကျလာပြီး နွေးကိုယ်တိုင်ပင်..အနမ်းတွေကိုပြန်တုံ့ပြန်နေမိသည်။

ဖြစ်နိုင်မယ်ဆိုရင်.... ဒီအခိုက်အတန့်လေးကို ခဏလောက်ရပ်တန့်ထားလိုက်ချင်မိသည်အထိ နွေး ဒီအနမ်းမှာ ပျော်၀င်နေခဲ့လေပြီ။

_
_

ပန်းကန်ထဲက ထမင်းစေ့တွေကို ဇွန်းဖြင့်ထိုးဆွရင်း ပြုံးစိစိဖြစ်နေသည့် နေခြည်နွေးကို ကြယ်စင်အေးတစ်ယောက် မသင်္ကာသည့် မျက်လုံးများဖြင့် တိတ်တဆိတ်စောင့်ကြည့်နေတော့သည်။

"မြေးလေး... ထမင်းစားမကောင်းဘူးလား....ထမင်းကိုသေချာလည်း မစားဘူး"

"ဟုတ်သားပဲ.... ပန်းကန်ထဲက ထမင်းကနည်းနည်းပဲလျော့သေးတယ်... ဘာလဲ...ထမင်းစားမကောင်းဘူးလား သမီး"

အဖွားဖြစ်သူနဲ့ ဒေါ်လေးသူဇာက စိုးရိမ်စိတ်ဖြင့် သတိတရမေးနေသော်လည်း နေခြည်နွေးတစ်ယောက်ကတော့ သူ့ကိုမပြောသည့်"အလား ထမင်းပန်းကန်ကြီးကိုသာ ထိုးဆွရင်း မျက်နှာပိုးမသတ်နိုင်ဖြစ်နေသည်။

"ဟဲ့!! နင့် မေးနေတယ်လေ"

အချစ်ကြောင့် နားပင်းသွားသည့် နေခြည်နွေးကို ကြယ်စင်အေးက တံတောင်ဖြင့် တွတ်ကာ အသိပေးမှ နေခြည်နွေး စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်ကာ လက်ရှိအချိန်ကာလကို ပြန်ရောက်လာတော့သည်။

"ရှင် ! ဘာမေးတာလဲ"

"သြော်... ဒီကောင်မလေး ဘယ်တွေစိတ်ရောက်နေတာလဲမသိဘူး။ သမီးကို ထမင်းစားမကောင်းဘူးလို့... မေးနေတာ"

"ကောင်းပါတယ် ဒေါ်လေးရဲ့.... "

"​ကောင်းတယ်သာပြောတယ် ပန်းကန်ထဲက ထမင်းက အခုချိန်အထိ မလျော့သေးဘူး"

"သြော်... အဲ့ဒါက .... ဒီနေ့ နွေး... သင်တန်းအပြန် မုန့်တွေ၀ယ်စားလာခဲ့လို့.... ဗိုက်သိပ်မဆာဘူး ဖြစ်နေလို့"

"​နေပြန်ကောင်းတာဖြင့် မကြာသေးတာကို အပြင်စာတွေ လျှောက်စားနေပြန်ပြီလား....."

"....."

"နောက်နေ့ကျရင် အပြင်မှာ သရေစာတွေလျှောက်စားမလာနဲ့ ကြားလား။ ကိုယ်က အခုမှနေပြန်ကောင်းကာစ.... အားပြည့်အောင် ထမင်းနဲ့ အသားငါး များများစားရမှာ"

"ဟုတ်... နောက်နေ့ကျရင် ထမင်းကောင်းကောင်းစားပါမယ်.... အခုတော့ ဗိုက်၀နေလို့ ဆက်မစားတော့ဘူးနော်"

"အင်း... ဒီတစ်ရက်တော့ ရှိပါစေတော့... မစားချင်တော့ရင်လည်း ထားခဲ့တော့"

နွေး လက်ထဲမှာကိုင်ထားသည့် ဇွန်းကို ထမင်းပန်းကန်ထဲ အသံမမြည်အောင် ဖြည်းဖြည်းချင်းချလိုက်ပြီး ဒေါ်လေးနဲ့အဖွားကို မျက်နှာချိုသွေးကာ ရယ်ပြခဲ့ပြီး ထမင်းစား၀ိုင်းကနေ အမြန်လစ်ထွက်လာခဲ့သည်။

အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်ပစ်လှဲချလိုက်ကာ နေ့လယ်က ကိုကြီးနဲ့နမ်းခဲ့တာကို ပြန်တွေးကြည့်ပြီး ရင်ထဲ ကလိကလိဖြစ်နေတော့သည်။

ကိုရီးယားရုပ်ရှင်တွေကြည့်တိုင်း မင်းသား နဲ့မင်းသမီး နမ်းတဲ့အခန်းရောက်ရင် စောင်ကိုက်ပြီး အားကျခဲ့ရသမျှ အခုတော့ ကိုယ်တိုင်လက်တွေ့ကြုံရခဲ့တာကြောင့်  ရင်ထဲမှာပီတိဖြစ်လို့မဆုံး.....

ရှက်သွေးဖြာမှုကြောင့် ပူနွေးလာသည့် မျက်နှာလေးကို ခေါင်းအုံးပေါ်အပ်ထားရင်း ကိုကြီးရော အခုနေ ဘယ်လိုဖြစ်နေမလဲလို့ တွေးမိကာရင်ခုန်မိပြန်သည်။

"ဒုန်း!!ဒုန်း!!"

ထိုစဥ်အခန်းတံခါးထုသံကြောင့်  မျက်နှာပိုးကိုမနည်းပြန်သတ်ကာ တည်ငြိမ်အောင်လုပ်ရင်း တံခါးသွားဖွင့်လိုက်တော့ ရုပ်တည်ကြီးဖြင့် လက်ပိုက်ကြည့်နေသည့် မမကို တွေ့ရတော့သည်။

"ဘာကိစ္စရှိလို့လဲ မမ"

"ကိစ္စရှိမှ နင့်အခန်းကို လာရမှာလား"

မမက ခပ်တည်တည်ပဲ အခန်းထဲကို တန်းတန်းမတ်မတ်၀င်လာပြီး နွေးရဲ့ စာကြည့်စားပွဲက ခုံမှာ၀င်ထိုင်ကာ နွေး မျက်နှာကို သေချာ စိုက်ကြည့်နေသည်။

အကဲခတ်သည့် မျက်လုံးများဖြင့် ကြည့်နေသည့် မမကို မျက်လုံးချင်းမဆုံရဲတာကြောင့် နွေး ဝေ့လည်ကြောင်ပတ်လျှောက်ကြည့်ရင်း ကုတင်ပေါ်မှာ ၀င်ထိုင်လိုက်သည်။

"နေခြည်နွေး"

"ရှင်"

"နင် ရည်းစားရနေပြီမလား"

"ဟမ်"

"ဟုတ်တယ်မလား"

"......."

နွေး... လိမ်ရမလား...၀န်ခံလိုက်ရမလား... ​ေ၀ခွဲရခက်နေသည်။ ဟိုးအရင်ကတည်းက မမက နွေးအတွက် တိုင်ပင်ဆွေးနွေးဖော်  သူငယ်ချင်းတစ်ယောက်လို ဖြစ်ခဲ့တာကြောင့် ဘာကိစ္စပဲဖြစ်ဖြစ် မမကို အမှန်အတိုင်းပြောပြနေကြဖြစ်သည်။

ဒါပေမဲ့ ဒီကိစ္စကို ပြောသင့်မပြောသင့် ဆိုရာမှာတော့ အနည်းငယ်စဥ်းစားစရာဖြစ်နေလေသည်။

အထူးသဖြင့် ကိုကြီးက နွေးတို့ရဲ့ ပတ်သက်မှုကို ဘယ်သူ့ကိုမှ မသိစေချင်သေးဘူးဆို၍ မမကိုရော ပြောပြလိုက်လို့ ဖြစ်ပါ့မလားဆိုတာ တွေးနေရသေးသည်။

ဦးနှောက်ထဲမှာ အချိန်တစ်ခဏလောက် လွန်ဆွဲပြီးနောက် ဆုံးဖြတ်လိုက်သည့် အဖြေကတော့....

"ဟုတ်တယ်... ဟီးဟီး...."

"အင်း... ငါ ထင်တော့ထင်သားပဲ..."

"....."

"ကဲ ပြော... ဘယ်သူလဲ.... ဘယ်ကလဲ.... ဘယ်တုန်းကတည်းက ချစ်သူတွေ ဖြစ်သွားကြတာလဲ"

"ဘယ်သူလဲဆိုတာ အရင်ပြောပြမယ်.....မမ အံ့သြမသွားနဲ့နော်"

"ဒီလိုပြောနေပုံထောက်ရင်တော့... ငါသိတဲ့ပဲ ဖြစ်ရမယ်... ဘယ်သူလဲ.... နင့်သူငယ်ချင်းရဲ့ အစ်ကိုလား"

နွေး မျက်လုံးတွေ လင်ကွင်းလောက်ပြူးကျယ်သွားကာ ပါးစပ်အဟောင်းသားဖြစ်မိသွားတော့သည်။

"ဟာ!!! မမ ဘယ်လိုလုပ်ပြီးသိတာလဲ!!"

"ငါ လူအကဲခတ် မညံ့ပါဘူး နေခြည်နွေးရယ်..... နင်ကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာတာ။ နင့်ရဲ့ အပြုအမူတွေ မျက်နှာအနေအထားတွေကို ကြည့်တာနဲ့ ဘာဆိုတာ တန်းသိတယ်။ ပြောပါဦး....ဘယ်တုန်းကတည်းက တွဲနေတာလဲ"

"အင်း..... သိပ်တော့မကြာသေးဘူး ...... နွေးရဲ့ မွေးနေ့ကမှ ချစ်သူတွေစဖြစ်တာ"

"ဒါနဲ့....အဲ့လူနဲ့ နင်နဲ့ အသက်ဘယ်လောက်ကွာတာလဲ"

"၁၀နှစ်"

"သူကနင့်ကို တကယ်ကြိုက်တာရော ဟုတ်ရဲ့လား။ သူ့ပုံစံကြည့်ရတာ အေးစက်စက်နဲ့နော်.... တော်ကြာ နင့်ကို ပလေးသွားဦးမယ်"

"တကယ်ကြိုက်တာပါ မမရဲ့.... ကိုကြီးက အရင်ကတည်းက အဲ့လိုပဲ တည်တည်တံ့တံ့ပဲနေတတ်တာ။ ဒါပေမဲ့ နွေးနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်ကျရင်တော့ ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး နေတယ်"

"အေးပါ... နင် အဆင်ပြေရင် ပြီးတာပဲ။ ငါလည်း ငယ်ရာက ကြီးလာတဲ့သူဆိုတော့.... နင့်ကို ရည်းစားမထားနဲ့လို့.... ဟိုလူနဲ့ မတွဲနဲ့ ဒီလူနဲ့ မတွဲနဲ့လို့ မချုပ်ချယ်ချင်ဘူး။ ဆယ်ကျော်သက်အရွယ်ဆိုတာ ရည်းစားဆိုတာလည်း ထားဖူးတယ်ရှိအောင် ထားကြည့်ရမှာပေါ့။ ဒါပေမဲ့ အရေးကြီးတာကို တစ်ခါတည်း မှာထားမယ်... ယောကျာ်းတွေကို အရမ်းအယုံမလွယ်နဲ့.....ရည်းစားထားတာက ထားလို့ရပေမဲ့ လွန်လွန်ကျူးကျူး ကိစ္စတွေမဖြစ်စေနဲ့.... ငါ ဘာကိုပြောတာလဲဆိုတာ သဘောပေါက်တယ်မလား"

"ဟုတ်"

"တခြားတော့ ထွေထွေထူးထူး မှာစရာ မရှိပါဘူး..... နင်လည်း ငယ်တော့တာမှမဟုတ်တာ.... ကိုယ့်အသိဉာဏ်နဲ့ကိုယ် စဥ်းစားဆင်ခြင်တတ်မှာပေါ့။ အဲ... ဒါပေမဲ့ တစ်ခုတော့ ရှိတယ်.... မေမေတို့ မရိပ်မိအောင် ဆင်ဆင်ခြင်ခြင်နေနော်။ "

"အာ..အဲ့ဒါကတော့ စိတ်ချ..... လုံး၀မသိစေရဘူး။ မေမေသိရင် မိုးမီးလောင်မှာ..... အမလေး.. ပြောရင်းနဲ့ ကြက်သီးတောင်ထတယ်"

"အေး... သိရင်ပြီးတာပဲ.... ကိုယ့်ဇာတ်ကိုယ် နိုင်အောင်က"

"ဒါနဲ့ နွေးကိုသာ ဆုံးမနေတာ.... မမရော ရည်းစားရနေပြီလား"

နွေးက ပြုံးစိစိဖြင့် မေးလိုက်ပေမယ့် နွေးရဲ့ စကားကို ကြားတော့ စောစောက ပြုံးရယ်နေသည့် မမမျက်နှာလေးက အနည်းငယ်ညှိုးငယ်သွားကာ.....

"မရသေးပါဘူး.... စောင့်နေရမယ့်သူ တစ်ယောက်ရှိလို့..... စိတ်ရှည်ရှည်နဲ့ စောင့်နေတာ"

မမမျက်နှာက ၀မ်းနည်းမှုတွေ ခြုံလွှမ်းနေတာကို နွေး သတိထားမိလိုက်သည်။

နွေးခေါင်းထဲမှာ မမဆီက သိချင်နေသည့် မေးခွန်းတွေ အများကြီးရှိလာပြီး မေးဖို့အားယူနေတုန်းမှာပဲ မမက အခန်းထဲကနေ ထွက်သွားတော့သည်။

*တကယ်ပဲ.... မမဆီမှာ.... နွေး မသိသေးတဲ့... လျှို့၀ှက်ချက်တစ်ခု ရှိနေတာပဲ။*

_
_
_

တတိယနှစ် sec sem စာမေးပွဲ နောက်ဆုံးနေ့ ဖြေအပြီး... ကျောင်း၀န်းအပြင်ဘက်ထွက်လာတာနဲ့ ရတီနဲ့ နွေးနဲ့လကိုကြီးကို လိုက်ရှာမိတော့သည်။

"ကိုကြီးရောက်ပြီလားလို့... ဖုန်းဆက်ကြည့်ပါဦး"

"အင်း... ဆက်လိုက်မယ်"

အရင်တစ်ပတ်က ကိုကြီး ကားအသစ်တစ်စီး၀ယ်လိုက်သည်။ showroom ကတိုက်ရိုက်၀ယ်တဲ့ ကားအသစ်ဖြစ်ပြီး လစဥ် အရစ်ကျပေးချေစနစ်ဖြင့် ၀ယ်လိုက်တာဖြစ်သည်။

ဒါကြောင့် ဒီစာမေးပွဲဖြေနေသည့်ရက်အတွင်း ကိုကြီးက သူ့ကားဖြင့် နွေးတို့ကို အကြိုအပို့လုပ်ပေးနေတာဖြစ်သည်။

"နွေးရေ .. ကိုကို့ကို ဖုန်းဆက်ပြီးပြီ။ လာနေပြီ ... ရောက်တော့မယ်တဲ့"

"အင်း... ဒါဆိုလည်း.... ဟိုးနားက ဆိုင်မှာအအေးသောက်၀ယ်ရင်း စောင့်ကြမယ်လေ "

"အင်း... ကောင်းသားပဲ"

အအေးဆိုင်ကိုရောက်တော့ cola တစ်ပုလင်းစီ မှာသောက်ရင်း စကားတပြောပြောဖြင့် ကိုကြီးကို စောင့်နေတော့သည်။

ကားလမ်းတွေပိတ်နေလို့ ထင်သည် နာရီ၀က်လောက်ကြာမှ ကိုကြီး ရောက်လာတော့သည်။

ကားရောက်လာတော့ ရတီနဲ့ အတူ နောက်ခန်းထဲမှာ ၀င်ထိုင်လိုက်ပြီး... လမ်းမှာ စျေး၀င်၀ယ်ဖို့ ပစ္စည်းတွေစာရင်းကို တစ်ခါပြန်စစ်ဆေးနေလိုက်သည်။ ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့ဖြေပြီးပြီဆိုတော့ တတိယနှစ်ကြီး ပြီးဆုံးသွားသည့် အထိမ်းအမှတ်အဖြစ် ရတီတို့ အိမ်မှာ hotpotနဲ့ အသားကင်လုပ်စားဖို့ စီစဥ်ထားခြင်းဖြစ်သည်။

ဒါကြောင့် အိမ်ကိုပြန်မည့်လမ်းတွင် တစ်ခါတည်း ၀ယ်စရာရှိရာတွေ၀ယ်သွားဖို့အတွက် အဆင်သင့်စာရင်းလုပ်ထားရသည်။

"ကိုကို... အထုပ်တွေပြင်ပြီးသွားပြီလား"

ကားစီးနေရင်းfacebook ခဏကြည့်နေတုန်း ရတီက ကိုကြီးကို လှမ်းမေးလိုက်တာကြောင့် နွေးရဲ့ အကြည့်တွေက နောက်ကြည့်မှန်ထဲမှတဆင့် ကိုကြီးဆီ ရောက်သွားတော့သည်။

ကိုကြီးကလည်း နွေးလိုပဲ နောက်ကြည့်မှန်ကနေ လှမ်းကြည့်တော့ နွေးတို့ နှစ်ယောက် အကြည့်ချင်းဆုံသွားတော့သည်။

"အင်း... ထုပ်ပြီးသွားပြီ"

"မနက်သွားမှာမလား....ပြန်လာရင် ညီမလေးအတွက် ထိုးမုန့် ၀ယ်လာခဲ့ဦးနော်"

"အေးပါ"

စကားအသွားအလာကို ကြည့်ရုံဖြင့် ကိုကြီး ဘယ်ကိုသွားမလဲဆိုတာ နွေးသိလိုက်ပြီဖြစ်သည်။ နွေး စိတ်ထဲ  ကိုကြီးကို စိတ်ဆိုးသွားသလို ၀မ်းနည်းသွားသည်။

နောက်ကြည့်မှန်ထဲမှာ အကြည့်ချင်းဆုံနေသည့် ကိုကြီးရဲ့ မျက်လုံးတွေကို နွေး မျက်စောင်းထိုးရင်း ရှောင်လွှဲပစ်လိုက်သည်။

ကိုကြီး ဒီကိစ္စကို နွေးကို မပြောထားပါ။ မထက်နဲ့ ကိုကြီးနဲ့ မန္တလေးမှာ အလုပ်ကိစ္စတစ်ခု စပ်တူလုပ်ထားတယ်ဆိုတာ နွေး သိပေမဲ့ မနက်ဖြန် ကိုကြီး မန္တလေးကို သွားမယ်ဆိုတာတော့ နွေး တကယ်မသိရခဲ့။

*ဒီကိစ္စကို ကိုကြီး ဘာလို့ နွေးကို မပြောခဲ့တာလဲ။ အကယ်၍ ရတီသာ အခုလို မမေးရင် နွေးအခုချိန်ထိ သိရဦးမှာမဟုတ်။ နွေးက တကယ်ပဲ ကိုကြီးအတွက် အရေးမပါဘူးလားလို့ တွေးမိပြီး စိတ်ထဲ ၀မ်းနည်းသွားရသည်။ နွေးမှာတော့ စာမေးပွဲပြီးရင် ကိုကြီးနဲ့ အပြင်မှာလျှောက်လည်ဖို့ အစီအစဥ်တွေ ဆွဲထားပြီး ပျော်နေခဲ့တာ။ နွေး ဒီတစ်ခါတော့ ကိုကြီးကို တကယ်စိတ်ဆိုးမိသည်*

ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ တဆင့် က ကလေးမကို ကြည့်နေပေမယ့် သူမလေးကတော့ အပြင်ကိုသာ ကြည့်နေတော့သည်။

*သေချာသည်... ကလေးမ ကျွန်တော့်ကို စိတ်ဆိုးသွားပြီ*

*ကလေးမက ထက်ထက်ဇော် နဲ့ ကျွန်တော်နဲ့ ပတ်သက်နေတာကို သိပ်ပြီးဘ၀င်ကျတာမဟုတ်။  စီးပွားရေးကိစ္စကို အကြောင်းပြုပြီး ပတ်သက်နေရလို့သာ ခွင့်မပြုချင်ပြုချင်နဲ့ နေနေပေးတာဖြစ်သည်။ အခုမန္တလေးသွားရမယ့်ကိစ္စကို သူမကို မပြောပြလို့ စိတ်ကောက်သွားလေပြီ ။ အမှန်က ကလေးမ စာမေးပွဲဖြေနေလို့ မပြောခဲ့တာဖြစ်သည်။ ဒါကို သူမကသိမှာမဟုတ်။ သူ့ကို မပြောရကောင်းလားဆိုပြီး စိတ်ဆိုးနေတော့မည်။ မတတ်နိုင်ဘူးလေ.... မှားတဲ့သူက ကိုယ်ပဲဆိုတော့ စိတ်ကောက်ပြေအောင် ချော့ရဦးမှာပေါ့။*

_
_

မုန်ညှင်းရွက်တွေကို သေချာရေဆေးပြီးနောက်
စဥ့်တီတုံးပေါ်တင်ပြီး ဓားဖြင့် သုံးပိုင်းလှီးလိုက်ကာ ဇကာထဲထည့်ကာရေစစ်ထားလိုက်သည်။ ထိူ့နောက်  အသားကင်ဖို့အတွက် အသားကို အရသာထည့်ကာ နှပ်နေသည့် ရတီ့ဘေးနာသွားကာ ဘာကူပေးရမလဲ ကြည့်လိုက်သည်။

"ဘာလုပ်စရာရှိသေးလဲ"

"အင်း.. ဘာမှတော့ မရှိတော့ဘူး။ အကုန် အဆင်သင့်ပဲ။ သြော်... ဒါနဲ့ နွေး ဖရဲသီး ခွဲတတ်လား"

"ဖရဲသီးခွဲတာများ ဘာခက်လို့"

"ဒါဆို ရေခဲသေတ္တာဘေးမှာ ချထားတဲ့ ဖရဲသီးကိုခွဲလိုက်ပါလား။ ပြီးရင် အစိတ်သေးသေးလေးတွေ စိတ်ပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်... hotpotစားပြီးရင် အချိုတည်းရအောင်လို့"

"အိုခေ... နွေး.. လုပ်လိုက်မယ်"

ရတီညွှန်ပြသည့် နေရာက ဖရဲသီးအကြီးကြီးကို ဘေစင်ဘေးက ဘောင်ပေါ်တင်လိုက်ပြီး စတီးဓားမတစ်ချောင်းကို ယူလိုက်ကာ ခွဲဖို့ ပြင်လိုက်သည်။

"ရတီဖြိုး....အမေဘယ်သွားလဲ"

ထိုစဥ် ကိုကြီးက  နောက်ဖေးအပေါက်၀မှာ လာရပ်ပြီး စကားပြောလာတော့ နွေး အမြင်ကပ်ကပ်နဲ့ လှည့်ကို မကြည့်ဘဲ ကျောပေးရင်းသာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေလိုက်သည်။

"စျေးထဲဘက်ခဏသွားတယ်... မနက် ကိုကို မန္တလေးသွားရင်... မထက်တို့အိမ်အတွက် အခြောက်အခြမ်းလေးတွေ ကြော်လှော်ထည့်ပေးလိုက်မလို့တဲ့... သွား၀ယ်လေရဲ့"

ကိုကြီးနဲ့ မထက်ဆိုတာကို တွဲပြီး ကြားရင်ကို နွေး စိတ်ထဲ ဒေါသထွက်လာပြန်တော့ ဒေါသအားလုံးကို  ဖရဲသီးအပေါ်သာပုံချမိတော့သည်။

"အ့!!"

တန်ပြန်သက်ရောက်မှုအနေနဲ့ကတော့ ဓားက လက်ကို ချော်ထိမိတော့သည်။

"ဘာဖြစ်တာလဲ!! "

လေထက်လျှင်သည့် အရှိန်နှုန်းဖြင့် ကိုကြီးက နွေးရဲ့ ဘေးနားကိုရောက်လာပြီး နွေး လက်ကိုယူကြည့်တော့သည်။

ထက်လွန်းသော ဓားလက်ချက်ကြောင့် လက်ညှိုးနဲ့ လက်ခလယ်ထိပ်မှာ သွေးများချင်းချင်းနီနေပြီး ဓားရာကို ပင်သဲသဲကွဲကွဲမမြင်ရ။ အသည်းငယ်လွန်းသော နွေးသည် သွေးများကိုမြင်ပြီးစိတ်လွတ်သွားသူသကဲ့သို ဒီအတိုင်းကြီး ကြောင်တောင်တောင်ဖြစ်နေစဥ် ကိုကြီးက နွေးကို ဘေစင်ဆီဆွဲခေါ်ကာ လက်ကိုဘေစင်က ရေပိုက်ဖွင့်ကာ ဆေးချတော့သည်။

"ကျစ်!! ဓားကိုင်ရင် သတိနဲ့ကိုင်လေကွာ"

ကိုကြီးက ဂရုဏာဒေါသောဖြင့် နွေးကို ဆူနေပေမယ့်  နွေး လက်ကဒဏ်ရာက စပ်လွန်းနေတာကြောင့် ကိုကြီးကို ပြန်မပြောနိုင်။

ရတီက အိမ်ရှေ့က ဆေးသေတ္တာဘူးကို အပြေးသွားယူကာ ဘေးမှာ ရပ်ကြည့်နေတော့သည်။

သွေးများက ရေဆေးနေသည့် ကြားထဲက အဆက်မပြတ်ထွက်နေပြီး မတိတ်နိုင်ဖြစ်နေသည်။

"ဒဏ်ရာကတော်တော်နက်တယ်... ပလာစတာနဲ့ မရဘူး... ရတီဖြိုး...."

"ရှင်"

"သွား.. လမ်းထိပ်က ဆေးဆိုင်မှာ ပတ်တီးသွား၀ယ်လာခဲ့"

"ဟုတ်"

ရတီက ဆေးသေတ္တာဘူးကို ဘေးနားချခဲ့ကာ အိမ်အပြင်ကို အမြန်ပြေးထွက်သွားတော့သည်။

ကိုကြီးက နွေးရဲ့ လက်ကို  ရေအတော်ကြာ ဆေးချပြီးနောက် သူ၀တ်ထားသည့် စပို့်ရှပ်အင်္ကျီအောက်အနားစထဲ ထည့်ပတ်ကာ လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး သွေးများအောက်ကိုမကျတော့အောင် ထိန်းထားလိုက်သည်။ နောက်ပြီး တစ်ခြားတစ်ဖက်က ဆေးသေတ္တာပုံးကို ကိုင်ပြီး နွေးကို အိမ်ရှေ့ကို ခေါ်သွားတော့သည်။

ထိုအချိန်အထိ နွေး စကားတစ်ခွန်းမှမပြော။

နွေး ကိုကြီးကို စိတ်ကောက်နေဆဲဖြစ်သည်။

ကိုကြီးကတော့ နွေးရဲ့ ဒဏ်ရာတွေကို သေချာကြည့်ရင်း ဆေးထည့်ပေးဖို့အတွက် အလုပ်ရှုပ်နေသည်။

"ပိုးမ၀င်အောင် အရက်ပြန်လောင်းရမယ်... နာရင်ပြော"

"....."

ကိုကြီးနဲ့ နှစ်ယောက်တည်းရှိရင် စကားများလွန်းသော နွေးက ယခု စကားတစ်ခွန်းမှ မပြောလေတော့ ကိုကြီးက နွေးကို သေချာစိုက်ကြည့်လာတော့သည်။ ကိုကြီး နွေးကို ကြည့်နေသည်ဆိုတာ နွေးသိသည်။ အဲဒါကြောင့် တမင် မသိချင်ယောင်ဆောင်ကာ မျက်နှာလွှဲထားလိုက်သည်။

"စိတ်ကောက်နေတာမလား"

"....."

"ကိုကြီး မင်းကို စာမေးပွဲရှိလို့ ကြိုမပြောထားတာပါကွာ... မသိစေချင်လို့ မပြောတာ မဟုတ်ပါဘူး"

"......"

"တကယ် စကားပြန်မပြောတော့ဘူးလား"

"....."

"တစ် နှစ် သုံးအတွင်းမှ ပြန်မပြောရင် ကိုကြီး မန္တလေးမှာပဲ တစ်သက်လုံးနေလိုက်တော့မယ်"

"နေချင်နေလည်း သွားနေလိုက် မတားဘူး"

"သွားနေလိုက်ဆို.. ဘာလို့ စကားပြန်ပြောတာလဲ"

လူကို နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ရယ်နေသည့် ကိူကြီးကို နွေး တကယ် အမြင်ကပ်မိသည်။

"ဘယ်သူကပြန်​ပြောလို့လဲ!!"

နွေး​ ပြောနေပေမယ့်လည်း ကိုကြီးက ဂရုမစိုက်သလိုဖြင့် ရယ်ပြီးသာနေသည်။ နွေး ကိုကြီးကို ဘယ်လောက်ချစ်လဲ ဆိုတာ ကိုကြီးသာအသိဆုံးမို့လို့ နွေး ကြာကြာ စိတ်မကောက်နိုင်မှန်းသူသိသည်။

"ငြိမ်ငြိမ်နေ... ဆေးထည့်ပေးမယ်"

"....."

နွေး စူပုတ်ပုတ်ဖြင့် ကိုကြီးကို စိုက်ကြည့်နေပေမယ့် ကိုကြီးက  နွေးကို ပြန်မကြည့်ပဲ ဒဏ်ရာကို အရက်ပြန်စွတ်ထားသော ဂွမ်းစဖြင့် ဖိချလိုက်သည်။

"အ့!! စပ်တယ်"

နွေး မျက်ရည်တွေ၀ဲတက်သွားကာ လက်ကိုပြန်ရုန်းမိတော့သည်။ ဒါပေမဲ့ ကိုကြီးက နွေးလက်ကို အတင်းပြန်ဆွဲထားကာ ရှိသမျှ ပိုးအကုန်သေလောက်အောင် အရက်ပြန် ဂွမ်းစဖြင့် နာနာဖိချထားသည်။

"ကိုကြီး!! စပ်တယ်လို့"

"စပ်မှ ပျောက်မှာလေ"

"ဟာ!! မသိဘူး... အရမ်းစပ်တယ် ဖယ်တော့"

"စပ်တာပျောက်အောင် လုပ်ပေးရမလား"

"......"

နွေး အဖြေပြန်ပေးချိန်တောင်မရလိုက်။ ကိုကြီးက နွေးရဲ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းရင်းအပိုင်သိမ်းပစ်လိုက်သည်။ နွေးရဲ့ အောက်နှုတ်ခမ်းလေးကို ကိုကြီး စုပ်ယူလိုက်တော့ ကိုကြီးဆီက ရနေကြဖြစ်သည့် စီးကရက်အရသာက နွေး ပါးစပ်ထဲ ကူးစက်လာသည်။

ထိုအချိန်ခဏလေးအတွင်းမှာ ကိုကြီးကို စိတ်ကောက်နေတာတွေ လက်က ဓားရှရာတွေ အကုန်မေ့လျော့သွားပြီး ကိုကြီးရဲ့ အနမ်းတွေအောက်မှာ တဖန်ကျရှုံးသွားရပြန်သည်။

နွေး ဒီအချစ်ကနေ ဘယ်တော့မှ ရုန်းမထွက်နိုင်လောက်တော့ဘူး ထင်ပါရဲ့.......

×××××××××××××××××

Zawgyi

စီးကရက္နံ႔သင္းေနသည့္ ကိုႀကီး၏ႏႈတ္ခမ္းညိုတစ္စံုက ေနြးရဲ့ ႏႈတ္ခမ္းကို လာေရာက္ထိကပ္လိုက္သည့္အခါ အံ့အားသင့္မႈေၾကာင့္ ေနြးရဲ့ မ်က္လံုးေတြ၀ိုင္းစက္သြားသည္။

ရိတ္သင္ထားသျဖင့္ ၾကမ္းရွရျွဖစ္ေနသည့္ ကိုႀကီးရဲ့ ႏႈတ္ခမ္းေမႊးေရးေရးေလးေတြက ေနြးရဲ့ ႏွာဖ်ားထိပ္ကို ထိေတြ့ပြတ္တိုက္ေနၿပီး  စီးကရက္နံ႔ စြဲၿငိေနသည့္ ပူပူေနြးေနြး ႏႈတ္ခမ္းတစ္စံုကေတာ့ ေနြးရဲ့ ႏႈတ္ခမ္းသားေတြေပၚတြင္ ၾကားခံေလဟာနယ္ပင္မရိွေအာင္ ဖိကပ္ေနရာယူထားသည္။

ဒါဟာေနြးအတြက္ ပထမဆံုးအနမ္း ျဖစ္သလို....

ထိုအနမ္းက ေနြး သိပ္ခ်စ္ရတဲ့ ကိုႀကီးဆီက ရရိွခဲ့တာျဖစ္လို႔.... ေနြးရဲ့ ရင္ခုန္မႈေတြက တားမရဆီးမရျဖစ္ေနေတာ့သည္။

ကိုႀကီးက သူ႔ရဲ့ႏႈတ္ခမ္းကိုအနည္းငယ္ဖြင့္ဟလိုက္ၿပီး ေနြးရဲ့ ေအာက္ႏႈတ္ခမ္းေလးကို တျဖည္းျဖည္းခ်င္း စုပ္ယူလိုက္တဲ့အခ်ိန္မွာေတာ့ ေနြး ရဲ့မ်က္လံုးေလးေတြ ေမွးစင္းက်သြားကာ ​ကိုႀကီးရဲ့ အက်ႌစကို သာက်စ္က်စ္ပါေအာင္ ဆုပ္ထားမိေတာ့သည္။

တျဖည္းျဖည္းခ်င္း ကိုႀကီးရဲ့အနမ္းေတြနဲ႔  ေနြး...ေနသားက်လာၿပီး ေနြးကိုယ္တိုင္ပင္..အနမ္းေတြကိုျပန္တံု႔ျပန္ေနမိသည္။

ျဖစ္ႏိုင္မယ္ဆိုရင္.... ဒီအခိုက္အတန္႔ေလးကို ခဏေလာက္ရပ္တန္႔ထားလိုက္ခ်င္မိသည္အထိ ေနြး ဒီအနမ္းမွာ ေပ်ာ္၀င္ေနခဲ့ေလၿပီ။

_
_

ပန္းကန္ထဲက ထမင္းေစ့ေတြကို ဇြန္းျဖင့္ထိုးဆြရင္း ၿပံဳးစိစိျဖစ္ေနသည့္ ေနျခည္ေနြးကို ၾကယ္စင္ေအးတစ္ေယာက္ မသကၤာသည့္ မ်က္လံုးမ်ားျဖင့္ တိတ္တဆိတ္ေစာင့္ၾကည့္ေနေတာ့သည္။

"ေျမးေလး... ထမင္းစားမေကာင္းဘူးလား....ထမင္းကိုေသခ်ာလည္း မစားဘူး"

"ဟုတ္သားပဲ.... ပန္းကန္ထဲက ထမင္းကနည္းနည္းပဲေလ်ာ့ေသးတယ္... ဘာလဲ...ထမင္းစားမေကာင္းဘူးလား သမီး"

အဖြားျဖစ္သူနဲ႔ ေဒၚေလးသူဇာက စိုးရိမ္စိတ္ျဖင့္ သတိတရေမးေနေသာ္လည္း ေနျခည္ေနြးတစ္ေယာက္ကေတာ့ သူ႔ကိုမေျပာသည့္"အလား ထမင္းပန္းကန္ႀကီးကိုသာ ထိုးဆြရင္း မ်က္ႏွာပိုးမသတ္ႏိုင္ျဖစ္ေနသည္။

"ဟဲ့!! နင့္ ေမးေနတယ္ေလ"

အခ်စ္ေၾကာင့္ နားပင္းသြားသည့္ ေနျခည္ေနြးကို ၾကယ္စင္ေအးက တံေတာင္ျဖင့္ တြတ္ကာ အသိေပးမွ ေနျခည္ေနြး စိတ္နဲ႔ကိုယ္နဲ႔ ျပန္ကပ္ကာ လက္ရိွအခ်ိန္ကာလကို ျပန္ေရာက္လာေတာ့သည္။

"ရွင္ ! ဘာေမးတာလဲ"

"ေၾသာ္... ဒီေကာင္မေလး ဘယ္ေတြစိတ္ေရာက္ေနတာလဲမသိဘူး။ သမီးကို ထမင္းစားမေကာင္းဘူးလို႔... ေမးေနတာ"

"ေကာင္းပါတယ္ ေဒၚေလးရဲ့.... "

"​ေကာင္းတယ္သာေျပာတယ္ ပန္းကန္ထဲက ထမင္းက အခုခ်ိန္အထိ မေလ်ာ့ေသးဘူး"

"ေၾသာ္... အဲ့ဒါက .... ဒီေန့ ေနြး... သင္တန္းအျပန္ မုန္႔ေတြ၀ယ္စားလာခဲ့လို႔.... ဗိုက္သိပ္မဆာဘူး ျဖစ္ေနလို႔"

"​ေနျပန္ေကာင္းတာျဖင့္ မၾကာေသးတာကို အျပင္စာေတြ ေလ်ွာက္စားေနျပန္ၿပီလား....."

"....."

"ေနာက္ေန့က်ရင္ အျပင္မွာ သေရစာေတြေလ်ွာက္စားမလာနဲ႔ ၾကားလား။ ကိုယ္က အခုမွေနျပန္ေကာင္းကာစ.... အားျပည့္ေအာင္ ထမင္းနဲ႔ အသားငါး မ်ားမ်ားစားရမွာ"

"ဟုတ္... ေနာက္ေန့က်ရင္ ထမင္းေကာင္းေကာင္းစားပါမယ္.... အခုေတာ့ ဗိုက္၀ေနလို႔ ဆက္မစားေတာ့ဘူးေနာ္"

"အင္း... ဒီတစ္ရက္ေတာ့ ရိွပါေစေတာ့... မစားခ်င္ေတာ့ရင္လည္း ထားခဲ့ေတာ့"

ေနြး လက္ထဲမွာကိုင္ထားသည့္ ဇြန္းကို ထမင္းပန္းကန္ထဲ အသံမျမည္ေအာင္ ျဖည္းျဖည္းခ်င္းခ်လိုက္ၿပီး ေဒၚေလးနဲ႔အဖြားကို မ်က္ႏွာခ်ိဳေသြးကာ ရယ္ျပခဲ့ၿပီး ထမင္းစားဝိုင္းကေန အျမန္လစ္ထြက္လာခဲ့သည္။

အခန္းထဲေရာက္တာနဲ႔ ကုတင္ေပၚပစ္လွဲခ်လိုက္ကာ ေန့လယ္က ကိုႀကီးနဲ႔နမ္းခဲ့တာကို ျပန္ေတြးၾကည့္ၿပီး ရင္ထဲ ကလိကလိျဖစ္ေနေတာ့သည္။

ကိုရီးယားရုပ္ရွင္ေတြၾကည့္တိုင္း မင္းသား နဲ႔မင္းသမီး နမ္းတဲ့အခန္းေရာက္ရင္ ေစာင္ကိုက္ၿပီး အားက်ခဲ့ရသမ်ွ အခုေတာ့ ကိုယ္တိုင္လက္ေတြ့ႀကံဳရခဲ့တာေၾကာင့္  ရင္ထဲမွာပီတိျဖစ္လို႔မဆံုး.....

ရွက္ေသြးျဖာမႈေၾကာင့္ ပူေနြးလာသည့္ မ်က္ႏွာေလးကို ေခါင္းအံုးေပၚအပ္ထားရင္း ကိုႀကီးေရာ အခုေန ဘယ္လိုျဖစ္ေနမလဲလို႔ ေတြးမိကာရင္ခုန္မိျပန္သည္။

"ဒုန္း!!ဒုန္း!!"

ထိုစဥ္အခန္းတံခါးထုသံေၾကာင့္  မ်က္ႏွာပိုးကိုမနည္းျပန္သတ္ကာ တည္ၿငိမ္ေအာင္လုပ္ရင္း တံခါးသြားဖြင့္လိုက္ေတာ့ ရုပ္တည္ႀကီးျဖင့္ လက္ပိုက္ၾကည့္ေနသည့္ မမကို ေတြ့ရေတာ့သည္။

"ဘာကိစၥရိွလို႔လဲ မမ"

"ကိစၥရိွမွ နင့္အခန္းကို လာရမွာလား"

မမက ခပ္တည္တည္ပဲ အခန္းထဲကို တန္းတန္းမတ္မတ္၀င္လာၿပီး ေနြးရဲ့ စာၾကည့္စားပြဲက ခံုမွာ၀င္ထိုင္ကာ ေနြး မ်က္ႏွာကို ေသခ်ာ စိုက္ၾကည့္ေနသည္။

အကဲခတ္သည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္ေနသည့္ မမကို မ်က္လံုးခ်င္းမဆံုရဲတာေၾကာင့္ ေနြး ေဝ့လည္ေၾကာင္ပတ္ေလ်ွာက္ၾကည့္ရင္း ကုတင္ေပၚမွာ ၀င္ထိုင္လိုက္သည္။

"ေနျခည္ေနြး"

"ရွင္"

"နင္ ရည္းစားရေနၿပီမလား"

"ဟမ္"

"ဟုတ္တယ္မလား"

"......."

ေနြး... လိမ္ရမလား...၀န္ခံလိုက္ရမလား... ​ေဝခြဲရခက္ေနသည္။ ဟိုးအရင္ကတည္းက မမက ေနြးအတြက္ တိုင္ပင္ေဆြးေနြးေဖာ္  သူငယ္ခ်င္းတစ္ေယာက္လို ျဖစ္ခဲ့တာေၾကာင့္ ဘာကိစၥပဲျဖစ္ျဖစ္ မမကို အမွန္အတိုင္းေျပာျပေနၾကျဖစ္သည္။

ဒါေပမဲ့ ဒီကိစၥကို ေျပာသင့္မေျပာသင့္ ဆိုရာမွာေတာ့ အနည္းငယ္စဥ္းစားစရာျဖစ္ေနေလသည္။

အထူးသျဖင့္ ကိုႀကီးက ေနြးတို႔ရဲ့ ပတ္သက္မႈကို ဘယ္သူ႔ကိုမွ မသိေစခ်င္ေသးဘူးဆို၍ မမကိုေရာ ေျပာျပလိုက္လို႔ ျဖစ္ပါ့မလားဆိုတာ ေတြးေနရေသးသည္။

ၪီးေနွာက္ထဲမွာ အခ်ိန္တစ္ခဏေလာက္ လြန္ဆြဲၿပီးေနာက္ ဆံုးျဖတ္လိုက္သၫ့္ အေျဖကေတာ့....

"ဟုတ္တယ္... ဟီးဟီး...."

"အင္း... ငါ ထင္ေတာ့ထင္သားပဲ..."

"....."

"ကဲ ေျပာ... ဘယ္သူလဲ.... ဘယ္ကလဲ.... ဘယ္တုန္းကတည္းက ခ်စ္သူေတြ ျဖစ္သြားၾကတာလဲ"

"ဘယ္သူလဲဆိုတာ အရင္ေျပာျပမယ္.....မမ အံ့ၾသမသြားနဲ႔ေနာ္"

"ဒီလိုေျပာေနပံုေထာက္ရင္ေတာ့... ငါသိတဲ့ပဲ ျဖစ္ရမယ္... ဘယ္သူလဲ.... နင့္သူငယ္ခ်င္းရဲ့ အစ္ကိုလား"

ေနြး မ်က္လံုးေတြ လင္ကြင္းေလာက္ျပဴးက်ယ္သြားကာ ပါးစပ္အေဟာင္းသားျဖစ္မိသြားေတာ့သည္။

"ဟာ!!! မမ ဘယ္လိုလုပ္ၿပီးသိတာလဲ!!"

"ငါ လူအကဲခတ္ မညံ့ပါဘူး ေနျခည္ေနြးရယ္..... နင္ကို ငယ္ငယ္ကတည္းက အရိပ္တၾကည့္ၾကည့္နဲ႔ ေစာင့္ေရွာက္လာတာ။ နင့္ရဲ့ အျပဳအမူေတြ မ်က္ႏွာအေနအထားေတြကို ၾကည့္တာနဲ႔ ဘာဆိုတာ တန္းသိတယ္။ ေျပာပါၪီး....ဘယ္တုန္းကတည္းက တြဲေနတာလဲ"

"အင္း..... သိပ္ေတာ့မၾကာေသးဘူး ...... ေနြးရဲ့ ေမြးေန့ကမွ ခ်စ္သူေတြစျဖစ္တာ"

"ဒါနဲ႔....အဲ့လူနဲ႔ နင္နဲ႔ အသက္ဘယ္ေလာက္ကြာတာလဲ"

"၁၀ႏွစ္"

"သူကနင့္ကို တကယ္ႀကိဳက္တာေရာ ဟုတ္ရဲ့လား။ သူ႔ပံုစံၾကည့္ရတာ ေအးစက္စက္နဲ႔ေနာ္.... ေတာ္ၾကာ နင့္ကို ပေလးသြားၪီးမယ္"

"တကယ္ႀကိဳက္တာပါ မမရဲ့.... ကိုႀကီးက အရင္ကတည္းက အဲ့လိုပဲ တည္တည္တံ့တံ့ပဲေနတတ္တာ။ ဒါေပမဲ့ ေနြးနဲ႔ ႏွစ္ေယာက္တည္း ရိွတဲ့အခ်ိန္က်ရင္ေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရင္းရင္းႏွီးႏွီး ေနတယ္"

"ေအးပါ... နင္ အဆင္ေျပရင္ ၿပီးတာပဲ။ ငါလည္း ငယ္ရာက ႀကီးလာတဲ့သူဆိုေတာ့.... နင့္ကို ရည္းစားမထားနဲ႔လို႔.... ဟိုလူနဲ႔ မတြဲနဲ႔ ဒီလူနဲ႔ မတြဲနဲ႔လို႔ မခ်ဳပ္ခ်ယ္ခ်င္ဘူး။ ဆယ္ေက်ာ္သက္အရြယ္ဆိုတာ ရည္းစားဆိုတာလည္း ထားဖူးတယ္ရိွေအာင္ ထားၾကည့္ရမွာေပါ့။ ဒါေပမဲ့ အေရးႀကီးတာကို တစ္ခါတည္း မွာထားမယ္... ေယာက်ာ္းေတြကို အရမ္းအယံုမလြယ္နဲ႔.....ရည္းစားထားတာက ထားလို႔ရေပမဲ့ လြန္လြန္က်ူးက်ူး ကိစၥေတြမျဖစ္ေစနဲ႔.... ငါ ဘာကိုေျပာတာလဲဆိုတာ သေဘာေပါက္တယ္မလား"

"ဟုတ္"

"တျခားေတာ့ ေထြေထြထူးထူး မွာစရာ မရိွပါဘူး..... နင္လည္း ငယ္ေတာ့တာမွမဟုတ္တာ.... ကိုယ့္အသိဉာဏ္နဲ႔ကိုယ္ စဥ္းစားဆင္ျခင္တတ္မွာေပါ့။ အဲ... ဒါေပမဲ့ တစ္ခုေတာ့ ရိွတယ္.... ေမေမတို႔ မရိပ္မိေအာင္ ဆင္ဆင္ျခင္ျခင္ေနေနာ္။ "

"အာ..အဲ့ဒါကေတာ့ စိတ္ခ်..... လံုး၀မသိေစရဘူး။ ေမေမသိရင္ မိုးမီးေလာင္မွာ..... အမေလး.. ေျပာရင္းနဲ႔ ၾကက္သီးေတာင္ထတယ္"

"ေအး... သိရင္ၿပီးတာပဲ.... ကိုယ့္ဇာတ္ကိုယ္ ႏိုင္ေအာင္က"

"ဒါနဲ႔ ေနြးကိုသာ ဆံုးမေနတာ.... မမေရာ ရည္းစားရေနၿပီလား"

ေနြးက ၿပံဳးစိစိျဖင့္ ေမးလိုက္ေပမယ့္ ေနြးရဲ့ စကားကို ၾကားေတာ့ ေစာေစာက ၿပံဳးရယ္ေနသည့္ မမမ်က္ႏွာေလးက အနည္းငယ္ၫွိုးငယ္သြားကာ.....

"မရေသးပါဘူး.... ေစာင့္ေနရမယ့္သူ တစ္ေယာက္ရိွလို႔..... စိတ္ရွည္ရွည္နဲ႔ ေစာင့္ေနတာ"

မမမ်က္ႏွာက ၀မ္းနည္းမႈေတြ ၿခံဳလႊမ္းေနတာကို ေနြး သတိထားမိလိုက္သည္။

ေနြးေခါင္းထဲမွာ မမဆီက သိခ်င္ေနသည့္ ေမးခြန္းေတြ အမ်ားႀကီးရိွလာၿပီး ေမးဖို႔အားယူေနတုန္းမွာပဲ မမက အခန္းထဲကေန ထြက္သြားေတာ့သည္။

*တကယ္ပဲ.... မမဆီမွာ.... ေနြး မသိေသးတဲ့... လ်ိႈ႔၀ွက္ခ်က္တစ္ခု ရိွေနတာပဲ။*

_
_
_

တတိယႏွစ္ sec sem စာေမးပြဲ ေနာက္ဆံုးေန့ ေျဖအၿပီး... ေက်ာင္း၀န္းအျပင္ဘက္ထြက္လာတာနဲ႔ ရတီနဲ႔ ေနြးနဲ႔လကိုႀကီးကို လိုက္ရွာမိေတာ့သည္။

"ကိုႀကီးေရာက္ၿပီလားလို႔... ဖုန္းဆက္ၾကည့္ပါၪီး"

"အင္း... ဆက္လိုက္မယ္"

အရင္တစ္ပတ္က ကိုႀကီး ကားအသစ္တစ္စီး၀ယ္လိုက္သည္။ showroom ကတိုက္ရိုက္၀ယ္တဲ့ ကားအသစ္ျဖစ္ၿပီး လစဥ္ အရစ္က်ေပးေခ်စနစ္ျဖင့္ ၀ယ္လိုက္တာျဖစ္သည္။

ဒါေၾကာင့္ ဒီစာေမးပြဲေျဖေနသည့္ရက္အတြင္း ကိုႀကီးက သူ႔ကားျဖင့္ ေနြးတို႔ကို အႀကိဳအပို႔လုပ္ေပးေနတာျဖစ္သည္။

"ေနြးေရ .. ကိုကို႔ကို ဖုန္းဆက္ၿပီးၿပီ။ လာေနၿပီ ... ေရာက္ေတာ့မယ္တဲ့"

"အင္း... ဒါဆိုလည္း.... ဟိုးနားက ဆိုင္မွာအေအးေသာက္၀ယ္ရင္း ေစာင့္ၾကမယ္ေလ "

"အင္း... ေကာင္းသားပဲ"

အေအးဆိုင္ကိုေရာက္ေတာ့ cola တစ္ပုလင္းစီ မွာေသာက္ရင္း စကားတေျပာေျပာျဖင့္ ကိုႀကီးကို ေစာင့္ေနေတာ့သည္။

ကားလမ္းေတြပိတ္ေနလို႔ ထင္သည္ နာရီ၀က္ေလာက္ၾကာမွ ကိုႀကီး ေရာက္လာေတာ့သည္။

ကားေရာက္လာေတာ့ ရတီနဲ႔ အတူ ေနာက္ခန္းထဲမွာ ၀င္ထိုင္လိုက္ၿပီး... လမ္းမွာ ေစ်း၀င္၀ယ္ဖို႔ ပစၥည္းေတြစာရင္းကို တစ္ခါျပန္စစ္ေဆးေနလိုက္သည္။ ဒီေန့ စာေမးပြဲ ေနာက္ဆံုးေန့ေျဖၿပီးၿပီဆိုေတာ့ တတိယႏွစ္ႀကီး ၿပီးဆံုးသြားသည့္ အထိမ္းအမွတ္အျဖစ္ ရတီတို႔ အိမ္မွာ hotpotနဲ႔ အသားကင္လုပ္စားဖို႔ စီစဥ္ထားျခင္းျဖစ္သည္။

ဒါေၾကာင့္ အိမ္ကိုျပန္မည့္လမ္းတြင္ တစ္ခါတည္း ၀ယ္စရာရိွရာေတြ၀ယ္သြားဖို႔အတြက္ အဆင္သင့္စာရင္းလုပ္ထားရသည္။

"ကိုကို... အထုပ္ေတျြပင္ၿပီးသြားၿပီလား"

ကားစီးေနရင္းfacebook ခဏၾကည့္ေနတုန္း ရတီက ကိုႀကီးကို လွမ္းေမးလိုက္တာေၾကာင့္ ေနြးရဲ့ အၾကည့္ေတြက ေနာက္ၾကည့္မွန္ထဲမွတဆင့္ ကိုႀကီးဆီ ေရာက္သြားေတာ့သည္။

ကိုႀကီးကလည္း ေနြးလိုပဲ ေနာက္ၾကည့္မွန္ကေန လွမ္းၾကည့္ေတာ့ ေနြးတို႔ ႏွစ္ေယာက္ အၾကည့္ခ်င္းဆံုသြားေတာ့သည္။

"အင္း... ထုပ္ၿပီးသြားၿပီ"

"မနက္သြားမွာမလား....ျပန္လာရင္ ညီမေလးအတြက္ ထိုးမုန္႔ ၀ယ္လာခဲ့ၪီးေနာ္"

"ေအးပါ"

စကားအသြားအလာကို ၾကည့္ရံုျဖင့္ ကိုႀကီး ဘယ္ကိုသြားမလဲဆိုတာ ေနြးသိလိုက္ၿပီျဖစ္သည္။ ေနြး စိတ္ထဲ  ကိုႀကီးကို စိတ္ဆိုးသြားသလို ၀မ္းနည္းသြားသည္။

ေနာက္ၾကည့္မွန္ထဲမွာ အၾကည့္ခ်င္းဆံုေနသည့္ ကိုႀကီးရဲ့ မ်က္လံုးေတြကို ေနြး မ်က္ေစာင္းထိုးရင္း ေရွာင္လႊဲပစ္လိုက္သည္။

ကိုႀကီး ဒီကိစၥကို ေနြးကို မေျပာထားပါ။ မထက္နဲ႔ ကိုႀကီးနဲ႔ မႏၲေလးမွာ အလုပ္ကိစၥတစ္ခု စပ္တူလုပ္ထားတယ္ဆိုတာ ေနြး သိေပမဲ့ မနက္ျဖန္ ကိုႀကီး မႏၲေလးကို သြားမယ္ဆိုတာေတာ့ ေနြး တကယ္မသိရခဲ့။

*ဒီကိစၥကို ကိုႀကီး ဘာလို႔ ေနြးကို မေျပာခဲ့တာလဲ။ အကယ္၍ ရတီသာ အခုလို မေမးရင္ ေနြးအခုခ်ိန္ထိ သိရၪီးမွာမဟုတ္။ ေနြးက တကယ္ပဲ ကိုႀကီးအတြက္ အေရးမပါဘူးလားလို႔ ေတြးမိၿပီး စိတ္ထဲ ၀မ္းနည္းသြားရသည္။ ေနြးမွာေတာ့ စာေမးပြဲၿပီးရင္ ကိုႀကီးနဲ႔ အျပင္မွာေလ်ွာက္လည္ဖို႔ အစီအစဥ္ေတြ ဆြဲထားၿပီး ေပ်ာ္ေနခဲ့တာ။ ေနြး ဒီတစ္ခါေတာ့ ကိုႀကီးကို တကယ္စိတ္ဆိုးမိသည္*

ကားေမာင္းေနရင္း ေနာက္ၾကည့္မွန္ကေန တဆင့္ က ကေလးမကို ၾကည့္ေနေပမယ့္ သူမေလးကေတာ့ အျပင္ကိုသာ ၾကည့္ေနေတာ့သည္။

*ေသခ်ာသည္... ကေလးမ ကြၽန္ေတာ့္ကို စိတ္ဆိုးသြားၿပီ*

*ကေလးမက ထက္ထက္ေဇာ္ နဲ႔ ကြၽန္ေတာ္နဲ႔ ပတ္သက္ေနတာကို သိပ္ၿပီးဘ၀င္က်တာမဟုတ္။  စီးပြားေရးကိစၥကို အေၾကာင္းျပဳျပီး ပတ္သက္ေနရလို႔သာ ခြင့္မျပဳခ်င္ျပဳခ်င္နဲ႔ ေနေနေပးတာျဖစ္သည္။ အခုမႏၲေလးသြားရမယ့္ကိစၥကို သူမကို မေျပာျပလို႔ စိတ္ေကာက္သြားေလၿပီ ။ အမွန္က ကေလးမ စာေမးပြဲေျဖေနလို႔ မေျပာခဲ့တာျဖစ္သည္။ ဒါကို သူမကသိမွာမဟုတ္။ သူ႔ကို မေျပာရေကာင္းလားဆိုၿပီး စိတ္ဆိုးေနေတာ့မည္။ မတတ္ႏိုင္ဘူးေလ.... မွားတဲ့သူက ကိုယ္ပဲဆိုေတာ့ စိတ္ေကာက္ေျပေအာင္ ေခ်ာ့ရၪီးမွာေပါ့။*

_
_

မုန္ၫွင္းရြက္ေတြကို ေသခ်ာေရေဆးၿပီးေနာက္
စဥ့္တီတံုးေပၚတင္ၿပီး ဓားျဖင့္ သံုးပိုင္းလွီးလိုက္ကာ ဇကာထဲထည့္ကာေရစစ္ထားလိုက္သည္။ ထိူ႔ေနာက္  အသားကင္ဖို႔အတြက္ အသားကို အရသာထည့္ကာ ႏွပ္ေနသည့္ ရတီ့ေဘးနာသြားကာ ဘာကူေပးရမလဲ ၾကည့္လိုက္သည္။

"ဘာလုပ္စရာရိွေသးလဲ"

"အင္း.. ဘာမွေတာ့ မရိွေတာ့ဘူး။ အကုန္ အဆင္သင့္ပဲ။ ေၾသာ္... ဒါနဲ႔ ေနြး ဖရဲသီး ခြဲတတ္လား"

"ဖရဲသီးခြဲတာမ်ား ဘာခက္လို႔"

"ဒါဆို ေရခဲေသတၲာေဘးမွာ ခ်ထားတဲ့ ဖရဲသီးကိုခြဲလိုက္ပါလား။ ၿပီးရင္ အစိတ္ေသးေသးေလးေတြ စိတ္ၿပီး ေရခဲေသတၲာထဲထည့္ထားလိုက္... hotpotစားၿပီးရင္ အခ်ိဳတည္းရေအာင္လို႔"

"အိုေခ... ေနြး.. လုပ္လိုက္မယ္"

ရတီၫႊန္ျပသည့္ ေနရာက ဖရဲသီးအႀကီးႀကီးကို ေဘစင္ေဘးက ေဘာင္ေပၚတင္လိုက္ၿပီး စတီးဓားမတစ္ေခ်ာင္းကို ယူလိုက္ကာ ခြဲဖို႔ ျပင္လိုက္သည္။

"ရတီၿဖိဳး....အေမဘယ္သြားလဲ"

ထိုစဥ္ ကိုႀကီးက  ေနာက္ေဖးအေပါက္၀မွာ လာရပ္ၿပီး စကားေျပာလာေတာ့ ေနြး အျမင္ကပ္ကပ္နဲ႔ လွည့္ကို မၾကည့္ဘဲ ေက်ာေပးရင္းသာ ကိုယ့္အလုပ္ကိုယ္ဆက္လုပ္ေနလိုက္သည္။

"ေစ်းထဲဘက္ခဏသြားတယ္... မနက္ ကိုကို မႏၲေလးသြားရင္... မထက္တို႔အိမ္အတြက္ အေျခာက္အျခမ္းေလးေတြ ေၾကာ္ေလွာ္ထည့္ေပးလိုက္မလို႔တဲ့... သြား၀ယ္ေလရဲ့"

ကိုႀကီးနဲ႔ မထက္ဆိုတာကို တြဲၿပီး ၾကားရင္ကို ေနြး စိတ္ထဲ ေဒါသထြက္လာျပန္ေတာ့ ေဒါသအားလံုးကို  ဖရဲသီးအေပၚသာပံုခ်မိေတာ့သည္။

"အ့!!"

တန္ျပန္သက္ေရာက္မႈအေနနဲ႔ကေတာ့ ဓားက လက္ကို ေခ်ာ္ထိမိေတာ့သည္။

"ဘာျဖစ္တာလဲ!! "

ေလထက္လ်ွင္သည့္ အရိွန္ႏႈန္းျဖင့္ ကိုႀကီးက ေနြးရဲ့ ေဘးနားကိုေရာက္လာၿပီး ေနြး လက္ကိုယူၾကည့္ေတာ့သည္။

ထက္လြန္းေသာ ဓားလက္ခ်က္ေၾကာင့္ လက္ၫွိုးနဲ႔ လက္ခလယ္ထိပ္မွာ ေသြးမ်ားခ်င္းခ်င္းနီေနၿပီး ဓားရာကို ပင္သဲသဲကြဲကြဲမျမင္ရ။ အသည္းငယ္လြန္းေသာ ေနြးသည္ ေသြးမ်ားကိုျမင္ၿပီးစိတ္လြတ္သြားသူသကဲ့သို ဒီအတိုင္းႀကီး ေၾကာင္ေတာင္ေတာင္ျဖစ္ေနစဥ္ ကိုႀကီးက ေနြးကို ေဘစင္ဆီဆြဲေခၚကာ လက္ကိုေဘစင္က ေရပိုက္ဖြင့္ကာ ေဆးခ်ေတာ့သည္။

"က်စ္!! ဓားကိုင္ရင္ သတိနဲ႔ကိုင္ေလကြာ"

ကိုႀကီးက ဂရုဏာေဒါေသာျဖင့္ ေနြးကို ဆူေနေပမယ့္  ေနြး လက္ကဒဏ္ရာက စပ္လြန္းေနတာေၾကာင့္ ကိုႀကီးကို ျပန္မေျပာႏိုင္။

ရတီက အိမ္ေရ႔ွက ေဆးေသတၲာဘူးကို အေျပးသြားယူကာ ေဘးမွာ ရပ္ၾကည့္ေနေတာ့သည္။

ေသြးမ်ားက ေရေဆးေနသည့္ ၾကားထဲက အဆက္မျပတ္ထြက္ေနၿပီး မတိတ္ႏိုင္ျဖစ္ေနသည္။

"ဒဏ္ရာကေတာ္ေတာ္နက္တယ္... ပလာစတာနဲ႔ မရဘူး... ရတီၿဖိဳး...."

"ရွင္"

"သြား.. လမ္းထိပ္က ေဆးဆိုင္မွာ ပတ္တီးသြား၀ယ္လာခဲ့"

"ဟုတ္"

ရတီက ေဆးေသတၲာဘူးကို ေဘးနားခ်ခဲ့ကာ အိမ္အျပင္ကို အျမန္ေျပးထြက္သြားေတာ့သည္။

ကိုႀကီးက ေနြးရဲ့ လက္ကို  ေရအေတာ္ၾကာ ေဆးခ်ၿပီးေနာက္ သူ၀တ္ထားသည့္ စပို႔္ရွပ္အက်ႌေအာက္အနားစထဲ ထည့္ပတ္ကာ လက္ျဖင့္ဆုပ္ကိုင္လိုက္ၿပီး ေသြးမ်ားေအာက္ကိုမက်ေတာ့ေအာင္ ထိန္းထားလိုက္သည္။ ေနာက္ၿပီး တစ္ျခားတစ္ဖက္က ေဆးေသတၲာပံုးကို ကိုင္ၿပီး ေနြးကို အိမ္ေရ႔ွကို ေခၚသြားေတာ့သည္။

ထိုအခ်ိန္အထိ ေနြး စကားတစ္ခြန္းမွမေျပာ။

ေနြး ကိုႀကီးကို စိတ္ေကာက္ေနဆဲျဖစ္သည္။

ကိုႀကီးကေတာ့ ေနြးရဲ့ ဒဏ္ရာေတြကို ေသခ်ာၾကည့္ရင္း ေဆးထည့္ေပးဖို႔အတြက္ အလုပ္ရႈပ္ေနသည္။

"ပိုးမ၀င္ေအာင္ အရက္ျပန္ေလာင္းရမယ္... နာရင္ေျပာ"

"....."

ကိုႀကီးနဲ႔ ႏွစ္ေယာက္တည္းရိွရင္ စကားမ်ားလြန္းေသာ ေနြးက ယခု စကားတစ္ခြန္းမွ မေျပာေလေတာ့ ကိုႀကီးက ေနြးကို ေသခ်ာစိုက္ၾကည့္လာေတာ့သည္။ ကိုႀကီး ေနြးကို ၾကည့္ေနသည္ဆိုတာ ေနြးသိသည္။ အဲဒါေၾကာင့္ တမင္ မသိခ်င္ေယာင္ေဆာင္ကာ မ်က္ႏွာလႊဲထားလိုက္သည္။

"စိတ္ေကာက္ေနတာမလား"

"....."

"ကိုႀကီး မင္းကို စာေမးပြဲရိွလို႔ ႀကိဳမေျပာထားတာပါကြာ... မသိေစခ်င္လို႔ မေျပာတာ မဟုတ္ပါဘူး"

"......"

"တကယ္ စကားျပန္မေျပာေတာ့ဘူးလား"

"....."

"တစ္ ႏွစ္ သံုးအတြင္းမွ ျပန္မေျပာရင္ ကိုႀကီး မႏၲေလးမွာပဲ တစ္သက္လံုးေနလိုက္ေတာ့မယ္"

"ေနခ်င္ေနလည္း သြားေနလိုက္ မတားဘူး"

"သြားေနလိုက္ဆို.. ဘာလို႔ စကားျပန္ေျပာတာလဲ"

လူကို ႏွစ္ေပါက္တစ္ေပါက္ရိုက္ၿပီး ရယ္ေနသည့္ ကိူႀကီးကို ေနြး တကယ္ အျမင္ကပ္မိသည္။

"ဘယ္သူကျပန္​ေျပာလို႔လဲ!!"

ေနြး​ ေျပာေနေပမယ့္လည္း ကိုႀကီးက ဂရုမစိုက္သလိုျဖင့္ ရယ္ၿပီးသာေနသည္။ ေနြး ကိုႀကီးကို ဘယ္ေလာက္ခ်စ္လဲ ဆိုတာ ကိုႀကီးသာအသိဆံုးမို႔လို႔ ေနြး ၾကာၾကာ စိတ္မေကာက္ႏိုင္မွန္းသူသိသည္။

"ၿငိမ္ၿငိမ္ေန... ေဆးထည့္ေပးမယ္"

"....."

ေနြး စူပုတ္ပုတ္ျဖင့္ ကိုႀကီးကို စိုက္ၾကည့္ေနေပမယ့္ ကိုႀကီးက  ေနြးကို ျပန္မၾကည့္ပဲ ဒဏ္ရာကို အရက္ျပန္စြတ္ထားေသာ ဂြမ္းစျဖင့္ ဖိခ်လိုက္သည္။

"အ့!! စပ္တယ္"

ေနြး မ်က္ရည္ေတြ၀ဲတက္သြားကာ လက္ကိုျပန္ရုန္းမိေတာ့သည္။ ဒါေပမဲ့ ကိုႀကီးက ေနြးလက္ကို အတင္းျပန္ဆြဲထားကာ ရိွသမ်ွ ပိုးအကုန္ေသေလာက္ေအာင္ အရက္ျပန္ ဂြမ္းစျဖင့္ နာနာဖိခ်ထားသည္။

"ကိုႀကီး!! စပ္တယ္လို႔"

"စပ္မွ ေပ်ာက္မွာေလ"

"ဟာ!! မသိဘူး... အရမ္းစပ္တယ္ ဖယ္ေတာ့"

"စပ္တာေပ်ာက္ေအာင္ လုပ္ေပးရမလား"

"......"

ေနြး အေျဖျပန္ေပးခ်ိန္ေတာင္မရလိုက္။ ကိုႀကီးက ေနြးရဲ့ႏႈတ္ခမ္းေတြကို ဖိကပ္နမ္းရင္းအပိုင္သိမ္းပစ္လိုက္သည္။ ေနြးရဲ့ ေအာက္ႏႈတ္ခမ္းေလးကို ကိုႀကီး စုပ္ယူလိုက္ေတာ့ ကိုႀကီးဆီက ရေနၾကျဖစ္သည့္ စီးကရက္အရသာက ေနြး ပါးစပ္ထဲ ကူးစက္လာသည္။

ထိုအခ်ိန္ခဏေလးအတြင္းမွာ ကိုႀကီးကို စိတ္ေကာက္ေနတာေတြ လက္က ဓားရွရာေတြ အကုန္ေမ့ေလ်ာ့သြားၿပီး ကိုႀကီးရဲ့ အနမ္းေတြေအာက္မွာ တဖန္က်ရႈံးသြားရျပန္သည္။

ေနြး ဒီအခ်စ္ကေန ဘယ္ေတာ့မွ ရုန္းမထြက္ႏိုင္ေလာက္ေတာ့ဘူး ထင္ပါရဲ့.......

×××××××××××××××××

Seguir leyendo

También te gustarán

2.3K 355 30
[Zawgyi] ကိုယ္႐ိုက္ခဲ့တဲ့ အႀကိဳက္ဆုံးဓာတ္ပုံေတြထဲမွာ ေမာင့္ပုံပါလိမ့္မည္။ #chaw [Unicode] ကိုယ်ရိုက်ခဲ့တဲ့ အကြိုက်ဆုံးဓာတ်ပုံတွေထဲမှာ မောင့်ပုံပါလိမ့...
1.2M 58.3K 79
အချစ်ဆိုတာပုံမှားရိုက်လာသောအေးမြခြင်းတွေမို့ငါအလိုမရှိဘူး..... (တာမင်းပိုင်ဖြိုး) တာတာကိုမချစ်နဲ့တဲ့ဦးနှောက်ကတားတယ်.. နှလုံးသားကာကျ လှိုင်းအမြင့်ဆယ်...
729K 23.6K 30
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...