ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

143K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-23

1.7K 211 9
By PrettiOcean


Chapter 23

မော့တိ စိတ်ပူနေသည့်အရာကို မုထျန်းဟန်တစ်ယောက် နောက်ဆုံးတွင်တော့ နားလည်သဘောပေါက်သွားခဲ့လေပြီ။ အိမ်မှာ သူတစ်ယောက်တည်း ကျန်နေခဲ့မှာကို သူတို့စိတ်ချပါ့မလားဆိုပြီး စိတ်ပူနေသည်ပဲ။ မော့တိ၏သတိကြီးတတ်မှုနှင့် ရှက်တတ်ကြောက်တတ်သောစိတ်ထားကို သူ ကရုဏာသက်မိသည်။

"မင်းက စာကြိုးစားနေရုံပဲ။ တခြားအရာတွေကို လျှောက်တွေးမနေနဲ့။"

မုထျန်းဟန်က သူ့အပေါ်ကို ဒီလောက်ထိ ကောင်းကောင်းမွန်မွန်ဆက်ဆံလိမ့်မည်ဟု မော့တိတစ်ယောက် မထင်ထားခဲ့ပေ။ သူ၏စိတ်ထဲတွင် အပြစ်ရှိသည့်ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။ သို့သော် တစ်ဖန်ပြန်လည်မွေးဖွားနိုင်ခဲ့ပြီးနောက်ပိုင်း သူ့အတွက် သူကိုယ်တိုင်ချမှတ်ထားသည့် ရည်ရွယ်ချက်ပန်းတိုင်များနှင့် လမ်းညွှန်ချက်များကို တွေးတောကြည့်လိုက်လျှင် အပြစ်ရှိစိတ်ကို ဘေးဖယ်ထားရပေမည်။ ထို့ကြောင့် "ဟုတ်ကဲ့" ဟုသာ ကောင်းကောင်းမွန်မွန် ပြန်ဖြေလိုက်သည်။

"ပြီးတော့ လိုင်သယ်စစ်နဲ့ ကိုယ်က မနက်ဆို (၈)နာရီမထိုးခင် သွားကြတာ။ ညဆိုလည်း (၁၀)နာရီနောက်ပိုင်းမှ ပြန်ရောက်ကြတယ်။ မင်းအတွက် နေ့လယ်စာနဲ့ ညစာ လာချက်ပေးဖို့ စားဖိုမှူးကို ပြောထားပေးမယ်။ မင်းစားချင်တဲ့ဟာကို သူ့ကိုပြောထားလို့ရတယ်။"

"မလိုပါဘူး ကိုကို" မော့တိက မုထျန်းဟန်၏စကားကို ကြားကြားချင်းပင် အလျှင်အမြန်ပြန်ပြောမိသည်။

"ကျွန်တော့်အတွက်နဲ့ စားဖိုမှူးကို ချက်ခိုင်းမနေပါနဲ့။ ကျွန်တော်က ချက်တတ်ပြုတ်တတ်ပါတယ်။ ကိုယ့်ဘာကိုယ်ပဲ ချက်ပြုတ်စားလိုက်ပါ့မယ်။"

"ကိစ္စမရှိပါဘူး။ စိတ်ထဲထားမနေနဲ့။ စားဖိုမှူးအတွက်လည်း အဆင်ပြေလောက်..."

" တကယ် မလိုအပ်တာမလို့ပါ။" မုထျန်းဟန်စကားကို မော့တိ ဖြတ်ပြောလိုက်သည်။

"ကျွန်တော် တကယ် ချက်ပြုတ်တတ်ပါတယ်။ အရသာလည်းရှိတယ်။ တကယ်ပြောတာ။" အတင်းအကြပ်ပြောလိုက်သည်။

ဒီကိစ္စကို မော့တိဘက်က အကြောက်အကန်ငြင်းဆန်နေတော့ သူလည်း ဆက်ပြီးတိုက်တွန်းရမှာ ရှက်တောင်ရှက်လာသလိုပင်။ မုထျန်းဟန်မှာ သက်ပြင်းသာချနိုင်တော့သည်။ "ဟုတ်ပါပြီ။ ဒါပေမဲ့ အိမ်ဖော်ကိုတော့ ရေခဲသေတ္တာထဲ စားသောက်ကုန်တွေ လာဖြည့်ခိုင်းထားလိုက်မယ်။ ကျန်တာတော့ မင်းသင့်တော်သလို စီစဉ်လိုက်ပေါ့။"

"ကျေးဇူးတင်ပါတယ် ကိုကို" မော့တိက ချက်ချင်းဆိုသလိုပင် ပြန်ဖြေသည်။

"ကျေးဇူးတင်စရာ ဘာလိုလို့လဲ။ အရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတုန်းက မင်းဘက်က အများကြီး အကူအညီပေးထားခဲ့တာပဲ။" မီးပွိုင့်ဖြတ်မောင်းနေရင်း မုထျန်းဟန်က စတီယာရင်ဘီးကို ဆွဲလှည့်လိုက်သည်။

သူ့ရဲ့အသက်က တကယ်ကို အရမ်းအဖိုးတန်တယ်ဆိုတာ သူကိုယ်တိုင် ဝန်ခံရမည်။

မုထျန်းဟန်နှင့် မော့တိတို့ စံအိမ်ကို ရောက်ကြသောအခါ အိမ်ကထွက်တော့မည့် လိုင်သယ်စစ်နှင့် အချိန်မီကလေး တွေ့လိုက်နိုင်လေသည်။ သာမန်ကားမောင်းထွက်သွားပြီးအပြန်မှာ အလှလေးတစ်ယောက်ကို အိမ်ခေါ်လာနိုင်သည့် သူ၏ညီအစ်ကိုသူငယ်ချင်းကို မြင်လိုက်ရတော့ လိုင်သယ်စစ်တစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူး ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေနိုင်တော့သည်။

"မင်း... မင်းတို့နှစ်ယောက်က..."

"အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။" မော့တိက တံခါးဝတွင် ပေါ့ပလာပင်လေးတစ်ပင်လို တောင့်တောင့်လေး ရပ်နေလေသည်။

"မင်း-မင်း မင်းက..."

"သူ့လိပ်စာကို ရှာတွေ့သွားကြတယ်။ ဒီမှာနေဖို့ ငါ သူ့ကိုခေါ်လာတာ။" အရင်က လိုင်သယ်စစ်ပေးခဲ့ဖူးသော အကြံဉာဏ်ကို ငြင်းထုတ်ခဲ့ဖူးတာ သူ မဟုတ်သလိုမျိုးဖြင့် မုထျန်းဟန်က ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။

လိုင်သယ်စစ်က ကျန်တာဘာမှမပြောလိုသော်လည်း မုထျန်းဟန်ကို မျက်နှာမပူဘူးလားဟု မေးလိုက်ချင်သည်။

သူတို့နဲ့အတူနေမဲ့သူက ငယ်ငယ်ချောချောလေးကောင်လေးဆိုသည့်အတွက် သူကတော့ မဟားတရားကို ဝမ်းသာကြိုဆိုမိပါသည်။

"ကောင်လေး ဒီကိုလာ။ ငါတို့နဲ့အတူနေဖို့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ လာလာ ငါ မင်းကိုလိုက်ပြမယ်။ ဒီဘက်ကိုလာ..."

"တော်လောက်ပြီ။ မင်း ထပ်ပြီးအချိန်ဆွဲနေရင် ဟိုင်သုန့်နဲ့ချိန်းထားတာ နောက်ကျနေလိမ့်မယ်။" မုထျန်းဟန်က လိုင်သယ်စစ်၏အနောက်ကော်လံကို စောင့်ဆွဲလိုက်ပြီး "ကောင်လေး ပထမထပ် အရှေ့တောင်ဘက်ထောင့်က အခန်းက လိုင်သယ်စစ်ရဲ့အခန်းပဲ။ အဲဒီတစ်ခန်းကိုတော့ ရွေးလို့မရဘူး။ ကျန်တဲ့အခန်းကိုတော့ မင်းစိတ်ကြိုက်ရွေးလို့ရတယ်။ အခု ကိုယ်တို့ အလုပ်သွားလိုက်ဦးမယ်။ မင်းဘာသာမင်း အိမ်မှာ စာလုပ်နေတော့။"

ဤသို့ဖြင့် ကောင်ချောလေးကို သူ၏အခန်းဘေးမှာ နေစေချင်သည့် လိုင်သယ်စစ်၏အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။

"ဟုတ်ကဲ့။ ကျွန်တော် သိပါပြီ။ ကျေးဇူးတင်ပါတယ် ကိုကို။" မော့တိက အနည်းငယ် ချုပ်တည်းထားသောအပြုံးလေးတစ်ပွင့် ပေးသည်။

လိုင်သယ်စစ်က တစ်ခုခုပြောချင်နေသေးပေမဲ့ မုထျန်းဟန်က တံခါးကို ဘန်းခနဲမြည်အောင်ပိတ်ချလိုက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။

ကားထဲတွင် ဝင်ရောက်နေရာယူပြီးသောအခါ လိုင်သယ်စစ်က မုထျန်းဟန်ကို သံသယအကြည့်ဖြင့် ကြည့်သည်။

"မင်း ဘာဖြစ်လို့ ဟိုကောင်လေးကို ဒုတိယထပ်နဲ့ တတိယထပ်ကို မသွားရဘူးလို့ မကန့်သတ်လိုက်တာလဲ။ ပုံမှန်ဆို မင်းက ငါ့ကိုတောင် အဲဒီအထပ်တွေ မတက်ခိုင်းပါဘူး။"

"မလိုဘူးလေ။" မုထျန်းဟန်က ဖိုင်တွဲကိုဖွင့်ပြီး ကြည့်နေလိုက်သည်။

"မင်းက သစ္စာမရှိတဲ့ကောင်ပဲ။" လိုင်သယ်စစ်က ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရှိသည်။

"မင်းက တော်တော်ကို‌ ကောက်ကျစ်တာပဲ။ အပေါ်ယံကြည့်လိုက်ရင် ကောင်လေးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ ကူညီတဲ့ပုံစံပေါက်နေပေမဲ့ တကယ်တမ်းတော့ ကောင်လေးကို သိပ်သဘောမတွေ့ဘူးမလား။"

"မင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဒုတိယထပ်နဲ့ တတိယထပ်ကိုသွားပြီး မကိုင်သင့်တဲ့အရာကို သွားကိုင်မယ်ဆိုရင် မင်း သူ့ကို မောင်းထုတ်မယ်ပေါ့ အဲဒီလိုလား။"

"မင်းက အတွေးလွန်နေပြီ။ သူကယ်ပေးထားတဲ့အသက်ကြွေးကို ငါက ပြန်ဆပ်နေတာပါ။ ငါ ကျေးဇူးဆပ်တဲ့နည်းလမ်းက နည်းနည်းထူးခြားနေရုံလေးပဲ ရှိတာ။ ပြီးတော့ ငါ သူ့ကို ဟိုသွားဒီသွား မကန့်သတ်ခဲ့တာကလည်း သူ့ရဲ့အကျင့်စရိုက်ကို ယုံကြည်တာကြောင့်ပါ။"

"အဓိပ္ပာယ်မရှိတာတွေ။"

...

တစ်ဖက်တွင်တော့ မော့တိတစ်ယောက် ပထမထပ်ကိုတောင် နှံ့အောင်လျှောက်မကြည့်ခဲ့ပေ။ ဆောင်ကူးစင်္ကြံလမ်း ညာဘက်အခြမ်းက ဒုတိယအခန်းကို သူနေမည့်အခန်းအဖြစ် ရွေးချယ်လိုက်သည်။

ထို့နောက် သူ၏အိတ်ကြီးနှစ်အိတ်ထဲမှ ပစ္စည်းများကိုထုတ်ကာ နေရာချလိုက်သည်။

အခန်းအတွင်း ပစ္စည်းများ နေရာချပြီးသောအခါ ကျောင်းဆရာမကို ပျက်ကွက်ခွင့်တိုင်ရန်အတွက် သူ၏ဖုန်းကို ထုတ်လိုက်သည်။ အဲဒီအချိန်မှာပင် အဖွဲ့လိုက်ပို့ထားသောအီးမေးလ်တစ်စောင်ကို တွေ့လိုက်ရသည်။ ၎င်းကတော့ အစမ်းစာမေးပွဲရလဒ်နှင့် အဆင့်ပဲဖြစ်ပါသည်။

မော့တိ ပုံမှန်ပင် ဖွင့်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများသည် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။

ထိပ်ဆုံးတွင် သူ၏အမည်ရှိနေလေသည်။

တရုတ် (၁၃၂)မှတ်၊ သင်္ချာ (၁၅၀)မှတ်၊ အင်္ဂလိပ် (၂၇၈)မှတ်၊ သိပ္ပံ (၂၇၈)မှတ်၊ စုစုပေါင်း (၇၀၈)မှတ်ဖြင့် အတန်းတွင်းအဆင့် ပထမ၊ ကျောင်းတွင်းအဆင့် ဒုတိယ။

အောက်တွင်ရှိသော အခြားအမည်တစ်ခုမှာတော့ မော့လျှိုကွေ့ဖြစ်သည်။ စုစုပေါင်း (၆၈၉)မှတ်ဖြင့် အတန်းတွင်းအဆင့် တတိယ၊ ကျောင်းတွင်းအဆင့် သတ္တမ။

ရမှတ်က သူထင်ထားသည်ထက် အနည်းငယ်ပိုပြီးမြင့်နေခဲ့သည်။ မော့မိသားစုဆီသို့အတွေးနယ် မလွင့်မှီအချိန်ထိ မော့တိ၏စိတ်သည် တစ်ခဏတာမျှ ပျော်ရွှင်နေခဲ့သည်။ ထိုမိသားစုအကြောင်းကို တွေးမိလျှင်တွေးမိချင်းပင် သူ့မျက်နှာပေါ်ကအပြုံးလေး ကွယ်ပျောက်သွားခဲ့ရသည်။

လွန်ခဲ့သော(၁၁)နှစ်ကအတိုင်းဆိုလျှင် မော့လျှိုကွေ့သည် စိတ်တိုဒေါသထွက်ပြီး ငိုနေပေလိမ့်မည်။ ပြီးတော့ မော့မိသားစုလည်း ပေါက်ကွဲပြီး စိတ်ဒုက္ခရောက်ကြတော့မည်မလား။

သူ့ကို 'သင်ခန်းစာ' ကောင်းကောင်းပေးမည်ဆိုပြီး ပြန်ဖမ်းမခေါ်ချင်နေကြဘူးလား။

ဆိုးတာပဲ။ ဘာလို့ဆို ဒီတစ်ခေါက်မှာတော့ သူ့အစ်ကိုများ သူ့ကိုတွေ့ချင်သည်ဟုဆိုလိုက်သည်နှင့် သူ့ကိုသဘောကျနေကြပြီဟု ထင်မိသည့်အရူးတစ်ကောင်(ယခင်ဘဝကမော့တိ) မရှိတော့၍ဖြစ်သည်။ မုန့်ဖိုးအားလုံးစုဆောင်းကာ သူ့အစ်ကိုများအား အရုပ်တို့ဝယ်ပေးပြီး အနောက်ဘက်ဥယျာဉ်ထဲတွင် စောင့်နေရင်း အစ်ကိုတွေ သူ့ကိုခေါ်ဆော့လိမ့်မည်ဟု တွေးခဲ့သော်ငြားလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့သည်က သူ့ကိုအကြင်နာတရားမရှိ ရက်ရက်စက်စက် ရိုက်နှက်ဆူဆဲခဲ့ကြခြင်းပင်ဖြစ်သည်။

သူ၏ညာခြေထောက် မသန်မစွမ်းဖြစ်လောက်သည်အထိ အရိုက်နှက်ခံရပြီး သူ့ညီမ 'ကြင်နာမှု'ပြမှ ကယ်တင်ခံရမည့် ကောင်လေးလည်း ရှိမည်မဟုတ်တော့ပေ။

တကယ်... နှမြောစရာပေပဲ။

မော့တိ၏နှုတ်ခမ်းပေါ်တွင် လှောင်ပြုံးတစ်ပွင့် ဖြတ်သန်းသွားခဲ့သည်။ စာရေးစားပွဲဆီကို လျှောက်သွားပြီး သူ၏စာအုပ်များကို ထုတ်လိုက်သည်။ မော့မိသားစုအကြောင်း စဉ်းစားတွေးတောပြီး အချိန်ဖြုန်းနေမည့်အစား စာပေလေ့လာပြီး အချိန်ကုန်ဆုံးသည်ကမှ အကျိုးရှိပေလိမ့်မည်။

မော့တိ၏အတွေးသည် သွေးထွက်အောင် မှန်ခဲ့သည်။ ရလဒ်တွေထွက်ပြီး မကြာခင်မှာပင် မော့လျှိုကွေ့တစ်ယောက် စားပွဲခုံပေါ်သို့ ခေါင်းငိုက်စိုက်ချမိလျက်သား ဖြစ်သွားသည်။ အတန်းသူအတန်းသားတွေက စိတ်ပူ၍ သတင်းမေးကြသောအခါမှ ခေါင်းထောင်ပြီး ခပ်ယဲ့ယဲ့သာပြုံးပြသည်။

ကျူးဝမ်ဇီတစ်ယောက် သန့်စင်ခန်းသွားရင်း ဤမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်သည်။ သူ၏နှလုံးသားသည် အပြင်းအထန် နာကျင်ရသည်။ သို့သော် သူ ထိန်းထိန်းသိမ်းသိမ်း နေရပေမည်။ အကြောင်းမှာကား သူ၏မိဘများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင် မော့လျှိုကွေ့နှင့် အဆက်အသွယ်မလုပ်ရဟူ၍ တားမြစ်ပိတ်ပင်ထားပြီး မဟုတ်လျှင် အိတ်ခ်စ် တက္ကသိုလ်သို့တက်ရောက်နိုင်အောင် တရားမဝင်နည်းလမ်းများဖြင့် မကူညီဟု ရာဇသံထုတ်ထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း သူ၏နတ်ဘုရားမလေး စိတ်ဓာတ်ကျအားငယ်နေချိန်တွင် ဘာမှမလုပ်ဘဲ ဘေးထွက်မတ်တပ်ရပ် လက်ပိုက်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် သူလုပ်မိသော ပထမဆုံးလုပ်ရပ်သည် သူမကိုအားပေးနှစ်သိမ့်ရန်အတွက် သူမ၏အစ်ကိုဖြစ်သူ မော့ဝုဟန်ကို ဖုန်းခေါ်လိုက်မိခြင်းဖြစ်သည်။

တစ်နာရီတောင်မကြာလိုက်ပေ။ မော့မိသားစုဝင်အားလုံး ထိုသတင်းကိုကြားပြီးကြပြီး ဖြစ်သည်။

မော့အိမ်ကြီးရှင်ဘိုးဘိုးသည် အလွန်တရာ စိတ်ဆိုးဒေါသထွက်နေပြီး သူ၏မြေးမလေးကိုတွေ့ချင်ဇောဖြင့် ချက်ချင်းပင် ကျောင်းသို့လိုက်သွားချင်နေသည်။ မော့တိ၏ရမှတ်သည် မော့လျှိုကွေ့ထက် များနေသည်ကို မော့ရှစ်ဟုန် သိရှိသွားသောအခါ လက်ဖက်ရည်ကြွေပန်းကန်ကို ဒေါသတကြီး ဆောင့်ချလိုက်သည်။

"မျိုးမစစ်ကောင်"

"တတိယမောင်လေး စိတ်လျှော့ပါ"

အနားရှိ ပထမဒေါ်လေးက ပြေရာပြေကြောင်း ပြောကြည့်သည်။

"ရှောင်ကွေ့က သူ့ကိုယ်သူ အများကြီးမျှော်လင့်ထားတာ။ အခုလို သူ့အဆင့်တွေကျသွားတော့ သေချာပေါက် ဝမ်းနည်းနေတော့မှာပေါ့။ ဒါပေမဲ့ နင်က အခုမှ ဆေးရုံက ဆင်းခါစလေ။ နင့်ကျန်းမာရေးကို မထိခိုက်စေနဲ့။ မဟုတ်ရင် ရှောင်ကွေ့ပဲ ပိုပြီးစိတ်ဆင်းရဲရမှာ။ အဲဒီကလေးမက အရမ်းသိတတ်တာနော်။ နင် ကျန်းမာရေးမကောင်းတာ မြင်သွားရင် သူ့ကိုယ်သူ အပြစ်တင်နေလိမ့်မယ်။"

"ဦးလေး၊ အဘိုး၊ ဒီနေ့လယ် ကျွန်တော် ရှောင်ကွေ့ကို သွားခေါ်မယ်" မော့ဝုဟန်က ပြောသည်။ ထို့နောက် အံတကြိတ်ကြိတ်ပြောလေသည်။

"မော့တိဆိုတဲ့တိရိစ္ဆာန်ကောင်ကိုလည်း ကျွန်တော် ပြန်ခေါ်လာခဲ့မယ်။ သူကများ ရှောင်ကွေ့ကို နာကျင်အောင်လုပ်ရဲတယ်ပေါ့။ ကျွန်တော် သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

"အဲဒီမျိုးမစစ်ကောင်ကို မွေးလာတည်းက သူများပေးချင်ပေး၊ မပေးချင်စွန့်ပစ်လိုက်ပါလို့ ပြောသားပဲ။ အဲဒီတိရိစ္ဆာန်ကောင်က ရှောင်ကွေ့အတွက် အာဟာရတွေအားလုံးကို ယူသွားလို့ ရှောင်းကွေ့တစ်ယောက် ဖန်ပေါင်းချောင်ထဲမှာ နေခဲ့ရတာ။ စတွေ့တည်းက ဂြိုဟ်ဆိုးမှန်း သိသားပဲ။ အဲဒီ မျိုးမစစ်ကောင်။"

မော့ရှစ်ဟုန်တစ်ယောက် ဒေါသစိတ်ဖြင့် မျက်နှာမှာ နီရဲတွတ်လာသည်။

"ဒီနေ့ ကျွန်တော် အဲဒီတိရိစ္ဆာန်ကောင်ကို ပြန်ခေါ်လာပြီး သူ့ရဲ့အသိဉာဏ်ကို ခွေးစားသွားပြီလားဆိုတာ ကြည့်ရမယ်"

"ဒါတွေအားလုံး ကျွန်မရဲ့အမှားပါ..."

ရွမ်ချင်းတန့်တစ်ယောက် မျက်လုံးများ နီဆွေးနေပြီး တစ်ရှူးစက္ကူထဲသို့ နှာချေးညှစ်ထုတ်လိုက်သည်။

"ကောင်လေးက အရမ်းငယ်သေးတော့ ကျွန်မ ရှင့်ကိုတားခဲ့တာ။ ကျွန်မသာ မတားမိခဲ့ရင် ကျွန်မရဲ့ရှောင်ကွေ့လေး သူအပြစ်ဖို့ချောက်ချတာကို ခံရမှာမဟုတ်ဘူး။ အားလုံးက ကျွန်မ အမှားတွေပဲ။"

"ယောင်းမ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကလေးအမေအရင်းကတော့ တုံ့ဆိုင်းနေမိမှာ ဓမ္မတာပဲပေါ့။ အမေတိုင်းက ကိုယ့်သားသမီးကို ချစ်ကြတာပဲလေ။ တချို့ကလေးတွေကသာ... ဟင်း... ဆုံးမလို့ မရကြတာ။"

ဘေးနားရှိ ဒုတိယဒေါ်လေးက သူမ၏လက်ကိုဆုပ်ကိုင်လိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ကွယ်"

ကြည့်ရသည့်ပုံစံမှာတော့ မော့တိပေါက်စလေးမှာလည်း ဖန်ပေါင်းချောင်ထဲတွင် နေခဲ့ရသည်ကို မော့မိသားစုဝင်အားလုံးက မေ့လျော့သွားကြဟန် တူပါသည်။ မော့တိပေါက်စလေး၏ကျန်းမာရေးမှာလည်း သူ့ညီမဖြစ်သူ၏အခြေအနေနှင့် သိပ်မကွာခဲ့ပေ။ သူ၏ကိုယ်အလေးချိန်သည် (၃)ကျင်း* (၈)လျန် မျှသာရှိခဲ့ပြီး မော့လျှိုကွေ့ထက်ပင် ပို၍ပိန်လှီခဲ့ပါသေးသည်။

TN: (၁) ကျင်း = (၅၀၀) ဂရမ်၊ (၁)လျန် = (၅၀) ဂရမ်။ ထို့ကြောင့် မွေးခါစမော့တိလေးသည် (၁.၅) ကီလိုဂရမ် အလေးချိန်ရှိပြီး မော့လျှိုကွေ့ကမှ (၄၀၀) ဂရမ် ပို၍ထွားပေဦးမည်။

Xxxxxxxxx

Chapter 23

ေမာ့တိ စိတ္ပူေနသည့္အရာကို မုထ်န္းဟန္တစ္ေယာက္ ေနာက္ဆုံးတြင္ေတာ့ နားလည္သေဘာေပါက္သြားခဲ့ေလၿပီ။ အိမ္မွာ သူတစ္ေယာက္တည္း က်န္ေနခဲ့မွာကို သူတို႔စိတ္ခ်ပါ့မလားဆိုၿပီး စိတ္ပူေနသည္ပဲ။ ေမာ့တိ၏သတိႀကီးတတ္မႈႏွင့္ ရွက္တတ္ေၾကာက္တတ္ေသာစိတ္ထားကို သူ က႐ုဏာသက္မိသည္။

မင္းက စာႀကိဳးစားေန႐ုံပဲ။ တျခားအရာေတြကို ေလွ်ာက္ေတြးမေနနဲ႕။

မုထ်န္းဟန္က သူ႕အေပၚကို ဒီေလာက္ထိ ေကာင္းေကာင္းမြန္မြန္ဆက္ဆံလိမ့္မည္ဟု ေမာ့တိတစ္ေယာက္ မထင္ထားခဲ့ေပ။ သူ၏စိတ္ထဲတြင္ အျပစ္ရွိသည့္ခံစားခ်က္တစ္ခု ဝင္ေရာက္လာခဲ့သည္။ သို႔ေသာ္ တစ္ဖန္ျပန္လည္ေမြးဖြားနိုင္ခဲ့ၿပီးေနာက္ပိုင္း သူ႕အတြက္ သူကိုယ္တိုင္ခ်မွတ္ထားသည့္ ရည္႐ြယ္ခ်က္ပန္းတိုင္မ်ားႏွင့္ လမ္းၫႊန္ခ်က္မ်ားကို ေတြးေတာၾကည့္လိုက္လွ်င္ အျပစ္ရွိစိတ္ကို ေဘးဖယ္ထားရေပမည္။ ထို႔ေၾကာင့္ ဟုတ္ကဲ့ ဟုသာ ေကာင္းေကာင္းမြန္မြန္ ျပန္ေျဖလိုက္သည္။

ၿပီးေတာ့ လိုင္သယ္စစ္နဲ႕ ကိုယ္က မနက္ဆို (၈)နာရီမထိုးခင္ သြားၾကတာ။ ညဆိုလည္း (၁၀)နာရီေနာက္ပိုင္းမွ ျပန္ေရာက္ၾကတယ္။ မင္းအတြက္ ေန႕လယ္စာနဲ႕ ညစာ လာခ်က္ေပးဖို႔ စားဖိုမႉးကို ေျပာထားေပးမယ္။ မင္းစားခ်င္တဲ့ဟာကို သူ႕ကိုေျပာထားလို႔ရတယ္။

မလိုပါဘူး ကိုကို ေမာ့တိက မုထ်န္းဟန္၏စကားကို ၾကားၾကားခ်င္းပင္ အလွ်င္အျမန္ျပန္ေျပာမိသည္။

ကြၽန္ေတာ့္အတြက္နဲ႕ စားဖိုမႉးကို ခ်က္ခိုင္းမေနပါနဲ႕။ ကြၽန္ေတာ္က ခ်က္တတ္ျပဳတ္တတ္ပါတယ္။ ကိုယ့္ဘာကိုယ္ပဲ ခ်က္ျပဳတ္စားလိုက္ပါ့မယ္။

ကိစၥမရွိပါဘူး။ စိတ္ထဲထားမေနနဲ႕။ စားဖိုမႉးအတြက္လည္း အဆင္ေျပေလာက္...

တကယ္ မလိုအပ္တာမလို႔ပါ။ မုထ်န္းဟန္စကားကို ေမာ့တိ ျဖတ္ေျပာလိုက္သည္။

ကြၽန္ေတာ္ တကယ္ ခ်က္ျပဳတ္တတ္ပါတယ္။ အရသာလည္းရွိတယ္။ တကယ္ေျပာတာ။ အတင္းအၾကပ္ေျပာလိုက္သည္။

ဒီကိစၥကို ေမာ့တိဘက္က အေၾကာက္အကန္ျငင္းဆန္ေနေတာ့ သူလည္း ဆက္ၿပီးတိုက္တြန္းရမွာ ရွက္ေတာင္ရွက္လာသလိုပင္။ မုထ်န္းဟန္မွာ သက္ျပင္းသာခ်နိဳင္ေတာ့သည္။ ဟုတ္ပါၿပီ။ ဒါေပမဲ့ အိမ္ေဖာ္ကိုေတာ့ ေရခဲေသတၱာထဲ စားေသာက္ကုန္ေတြ လာျဖည့္ခိုင္းထားလိုက္မယ္။ က်န္တာေတာ့ မင္းသင့္ေတာ္သလို စီစဥ္လိုက္ေပါ့။

ေက်းဇူးတင္ပါတယ္ ကိုကို ေမာ့တိက ခ်က္ခ်င္းဆိုသလိုပင္ ျပန္ေျဖသည္။

ေက်းဇူးတင္စရာ ဘာလိုလို႔လဲ။ အရင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာတုန္းက မင္းဘက္က အမ်ားႀကီး အကူအညီေပးထားခဲ့တာပဲ။ မီးပြိုင့္ျဖတ္ေမာင္းေနရင္း မုထ်န္းဟန္က စတီယာရင္ဘီးကို ဆြဲလွည့္လိုက္သည္။

သူ႕ရဲ႕အသက္က တကယ္ကို အရမ္းအဖိုးတန္တယ္ဆိုတာ သူကိုယ္တိုင္ ဝန္ခံရမည္။

မုထ်န္းဟန္ႏွင့္ ေမာ့တိတို႔ စံအိမ္ကို ေရာက္ၾကေသာအခါ အိမ္ကထြက္ေတာ့မည့္ လိုင္သယ္စစ္ႏွင့္ အခ်ိန္မီကေလး ေတြ႕လိုက္နိုင္ေလသည္။ သာမန္ကားေမာင္းထြက္သြားၿပီးအျပန္မွာ အလွေလးတစ္ေယာက္ကို အိမ္ေခၚလာနိုင္သည့္ သူ၏ညီအစ္ကိုသူငယ္ခ်င္းကို ျမင္လိုက္ရေတာ့ လိုင္သယ္စစ္တစ္ေယာက္ မ်က္လုံးျပဴးမ်က္ဆန္ျပဴး ပါးစပ္အေဟာင္းသားျဖင့္သာ ေငးၾကည့္ေနနိုင္ေတာ့သည္။

မင္း... မင္းတို႔ႏွစ္ေယာက္က...

အႏွောင့္အယွက္ျဖစ္သြားရင္ ေတာင္းပန္ပါတယ္။ ေမာ့တိက တံခါးဝတြင္ ေပါ့ပလာပင္ေလးတစ္ပင္လို ေတာင့္ေတာင့္ေလး ရပ္ေနေလသည္။

မင္း-မင္း မင္းက...

သူ႕လိပ္စာကို ရွာေတြ႕သြားၾကတယ္။ ဒီမွာေနဖို႔ ငါ သူ႕ကိုေခၚလာတာ။ အရင္က လိုင္သယ္စစ္ေပးခဲ့ဖူးေသာ အႀကံဉာဏ္ကို ျငင္းထုတ္ခဲ့ဖူးတာ သူ မဟုတ္သလိုမ်ိဳးျဖင့္ မုထ်န္းဟန္က ဂ႐ုမစိုက္ေသာေလသံျဖင့္ ေျပာလိုက္သည္။

လိုင္သယ္စစ္က က်န္တာဘာမွမေျပာလိုေသာ္လည္း မုထ်န္းဟန္ကို မ်က္ႏွာမပူဘူးလားဟု ေမးလိုက္ခ်င္သည္။

သူတို႔နဲ႕အတူေနမဲ့သူက ငယ္ငယ္ေခ်ာေခ်ာေလးေကာင္ေလးဆိုသည့္အတြက္ သူကေတာ့ မဟားတရားကို ဝမ္းသာႀကိဳဆိုမိပါသည္။

ေကာင္ေလး ဒီကိုလာ။ ငါတို႔နဲ႕အတူေနဖို႔ လွိုက္လွိုက္လွဲလွဲႀကိဳဆိုပါတယ္။ လာလာ ငါ မင္းကိုလိုက္ျပမယ္။ ဒီဘက္ကိုလာ...

ေတာ္ေလာက္ၿပီ။ မင္း ထပ္ၿပီးအခ်ိန္ဆြဲေနရင္ ဟိုင္သုန႔္နဲ႕ခ်ိန္းထားတာ ေနာက္က်ေနလိမ့္မယ္။ မုထ်န္းဟန္က လိုင္သယ္စစ္၏အေနာက္ေကာ္လံကို ေစာင့္ဆြဲလိုက္ၿပီး ေကာင္ေလး ပထမထပ္ အေရွ႕ေတာင္ဘက္ေထာင့္က အခန္းက လိုင္သယ္စစ္ရဲ႕အခန္းပဲ။ အဲဒီတစ္ခန္းကိုေတာ့ ေ႐ြးလို႔မရဘူး။ က်န္တဲ့အခန္းကိုေတာ့ မင္းစိတ္ႀကိဳက္ေ႐ြးလို႔ရတယ္။ အခု ကိုယ္တို႔ အလုပ္သြားလိုက္ဦးမယ္။ မင္းဘာသာမင္း အိမ္မွာ စာလုပ္ေနေတာ့။

ဤသို႔ျဖင့္ ေကာင္ေခ်ာေလးကို သူ၏အခန္းေဘးမွာ ေနေစခ်င္သည့္ လိုင္သယ္စစ္၏အစီအစဥ္မွာ ပ်က္ျပားသြားခဲ့ရသည္။

ဟုတ္ကဲ့။ ကြၽန္ေတာ္ သိပါၿပီ။ ေက်းဇူးတင္ပါတယ္ ကိုကို။ ေမာ့တိက အနည္းငယ္ ခ်ဳပ္တည္းထားေသာအၿပဳံးေလးတစ္ပြင့္ ေပးသည္။

လိုင္သယ္စစ္က တစ္ခုခုေျပာခ်င္ေနေသးေပမဲ့ မုထ်န္းဟန္က တံခါးကို ဘန္းခနဲျမည္ေအာင္ပိတ္ခ်လိဳက္ၿပီး တ႐ြတ္တိုက္ဆြဲေခၚသြားေတာ့သည္။

ကားထဲတြင္ ဝင္ေရာက္ေနရာယူၿပီးေသာအခါ လိုင္သယ္စစ္က မုထ်န္းဟန္ကို သံသယအၾကည့္ျဖင့္ ၾကည့္သည္။

မင္း ဘာျဖစ္လို႔ ဟိုေကာင္ေလးကို ဒုတိယထပ္နဲ႕ တတိယထပ္ကို မသြားရဘူးလို႔ မကန႔္သတ္လိုက္တာလဲ။ ပုံမွန္ဆို မင္းက ငါ့ကိုေတာင္ အဲဒီအထပ္ေတြ မတက္ခိုင္းပါဘူး။

မလိုဘူးေလ။ မုထ်န္းဟန္က ဖိုင္တြဲကိုဖြင့္ၿပီး ၾကည့္ေနလိုက္သည္။

မင္းက သစၥာမရွိတဲ့ေကာင္ပဲ။ လိုင္သယ္စစ္က ႐ုတ္တရက္ဆိုသလို တစ္စုံတစ္ခုကို သေဘာေပါက္သြားဟန္ရွိသည္။

မင္းက ေတာ္ေတာ္ကို ေကာက္က်စ္တာပဲ။ အေပၚယံၾကည့္လိုက္ရင္ ေကာင္ေလးရဲ႕ေက်းဇူးကို ျပန္ဆပ္ဖို႔ ကူညီတဲ့ပုံစံေပါက္ေနေပမဲ့ တကယ္တမ္းေတာ့ ေကာင္ေလးကို သိပ္သေဘာမေတြ႕ဘူးမလား။

မင္းရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ဒုတိယထပ္နဲ႕ တတိယထပ္ကိုသြားၿပီး မကိုင္သင့္တဲ့အရာကို သြားကိုင္မယ္ဆိုရင္ မင္း သူ႕ကို ေမာင္းထုတ္မယ္ေပါ့ အဲဒီလိုလား။

မင္းက အေတြးလြန္ေနၿပီ။ သူကယ္ေပးထားတဲ့အသက္ေႂကြးကို ငါက ျပန္ဆပ္ေနတာပါ။ ငါ ေက်းဇူးဆပ္တဲ့နည္းလမ္းက နည္းနည္းထူးျခားေန႐ုံေလးပဲ ရွိတာ။ ၿပီးေတာ့ ငါ သူ႕ကို ဟိုသြားဒီသြား မကန႔္သတ္ခဲ့တာကလည္း သူ႕ရဲ႕အက်င့္စရိုက္ကို ယုံၾကည္တာေၾကာင့္ပါ။

အဓိပၸာယ္မရွိတာေတြ။

တစ္ဖက္တြင္ေတာ့ ေမာ့တိတစ္ေယာက္ ပထမထပ္ကိုေတာင္ ႏွံ႕ေအာင္ေလွ်ာက္မၾကည့္ခဲ့ေပ။ ေဆာင္ကူးစၾကၤံလမ္း ညာဘက္အျခမ္းက ဒုတိယအခန္းကို သူေနမည့္အခန္းအျဖစ္ ေ႐ြးခ်ယ္လိုက္သည္။

ထို႔ေနာက္ သူ၏အိတ္ႀကီးႏွစ္အိတ္ထဲမွ ပစၥည္းမ်ားကိုထုတ္ကာ ေနရာခ်လိဳက္သည္။

အခန္းအတြင္း ပစၥည္းမ်ား ေနရာခ်ၿပီးေသာအခါ ေက်ာင္းဆရာမကို ပ်က္ကြက္ခြင့္တိုင္ရန္အတြက္ သူ၏ဖုန္းကို ထုတ္လိုက္သည္။ အဲဒီအခ်ိန္မွာပင္ အဖြဲ႕လိုက္ပို႔ထားေသာအီးေမးလ္တစ္ေစာင္ကို ေတြ႕လိုက္ရသည္။ ၎ကေတာ့ အစမ္းစာေမးပြဲရလဒ္ႏွင့္ အဆင့္ပဲျဖစ္ပါသည္။

ေမာ့တိ ပုံမွန္ပင္ ဖြင့္ၾကည့္လိုက္ၿပီးေနာက္ သူ၏မ်က္လုံးမ်ားသည္ အနည္းငယ္ လႈပ္လႈပ္ရွားရွားျဖစ္သြားခဲ့ရသည္။

ထိပ္ဆုံးတြင္ သူ၏အမည္ရွိေနေလသည္။

တ႐ုတ္ (၁၃၂)မွတ္၊ သခၤ်ာ (၁၅၀)မွတ္၊ အဂၤလိပ္ (၂၇၈)မွတ္၊ သိပၸံ (၂၇၈)မွတ္၊ စုစုေပါင္း (၇၀၈)မွတ္ျဖင့္ အတန္းတြင္းအဆင့္ ပထမ၊ ေက်ာင္းတြင္းအဆင့္ ဒုတိယ။

ေအာက္တြင္ရွိေသာ အျခားအမည္တစ္ခုမွာေတာ့ ေမာ့လွ်ိုေကြ႕ျဖစ္သည္။ စုစုေပါင္း (၆၈၉)မွတ္ျဖင့္ အတန္းတြင္းအဆင့္ တတိယ၊ ေက်ာင္းတြင္းအဆင့္ သတၱမ။

ရမွတ္က သူထင္ထားသည္ထက္ အနည္းငယ္ပိုၿပီးျမင့္ေနခဲ့သည္။ ေမာ့မိသားစုဆီသို႔အေတြးနယ္ မလြင့္မွီအခ်ိန္ထိ ေမာ့တိ၏စိတ္သည္ တစ္ခဏတာမွ် ေပ်ာ္႐ႊင္ေနခဲ့သည္။ ထိုမိသားစုအေၾကာင္းကို ေတြးမိလွ်င္ေတြးမိခ်င္းပင္ သူ႕မ်က္ႏွာေပၚကအၿပဳံးေလး ကြယ္ေပ်ာက္သြားခဲ့ရသည္။

လြန္ခဲ့ေသာ(၁၁)ႏွစ္ကအတိုင္းဆိုလွ်င္ ေမာ့လွ်ိုေကြ႕သည္ စိတ္တိုေဒါသထြက္ၿပီး ငိုေနေပလိမ့္မည္။ ၿပီးေတာ့ ေမာ့မိသားစုလည္း ေပါက္ကြဲၿပီး စိတ္ဒုကၡေရာက္ၾကေတာ့မည္မလား။

သူ႕ကို သင္ခန္းစာ ေကာင္းေကာင္းေပးမည္ဆိုၿပီး ျပန္ဖမ္းမေခၚခ်င္ေနၾကဘူးလား။

ဆိုးတာပဲ။ ဘာလို႔ဆို ဒီတစ္ေခါက္မွာေတာ့ သူ႕အစ္ကိုမ်ား သူ႕ကိုေတြ႕ခ်င္သည္ဟုဆိုလိုက္သည္ႏွင့္ သူ႕ကိုသေဘာက်ေနၾကၿပီဟု ထင္မိသည့္အ႐ူးတစ္ေကာင္(ယခင္ဘဝကေမာ့တိ) မရွိေတာ့၍ျဖစ္သည္။ မုန႔္ဖိုးအားလုံးစုေဆာင္းကာ သူ႕အစ္ကိုမ်ားအား အ႐ုပ္တို႔ဝယ္ေပးၿပီး အေနာက္ဘက္ဥယ်ာဥ္ထဲတြင္ ေစာင့္ေနရင္း အစ္ကိုေတြ သူ႕ကိုေခၚေဆာ့လိမ့္မည္ဟု ေတြးခဲ့ေသာ္ျငားလည္း အမွန္တကယ္ျဖစ္ပ်က္ခဲ့သည္က သူ႕ကိုအၾကင္နာတရားမရွိ ရက္ရက္စက္စက္ ရိုက္ႏွက္ဆူဆဲခဲ့ၾကျခင္းပင္ျဖစ္သည္။

သူ၏ညာေျခေထာက္ မသန္မစြမ္းျဖစ္ေလာက္သည္အထိ အရိုက္ႏွက္ခံရၿပီး သူ႕ညီမ ၾကင္နာမႈျပမွ ကယ္တင္ခံရမည့္ ေကာင္ေလးလည္း ရွိမည္မဟုတ္ေတာ့ေပ။

တကယ္... ႏွေျမာစရာေပပဲ။

ေမာ့တိ၏ႏႈတ္ခမ္းေပၚတြင္ ေလွာင္ၿပဳံးတစ္ပြင့္ ျဖတ္သန္းသြားခဲ့သည္။ စာေရးစားပြဲဆီကို ေလွ်ာက္သြားၿပီး သူ၏စာအုပ္မ်ားကို ထုတ္လိုက္သည္။ ေမာ့မိသားစုအေၾကာင္း စဥ္းစားေတြးေတာၿပီး အခ်ိန္ျဖဳန္းေနမည့္အစား စာေပေလ့လာၿပီး အခ်ိန္ကုန္ဆုံးသည္ကမွ အက်ိဳးရွိေပလိမ့္မည္။

ေမာ့တိ၏အေတြးသည္ ေသြးထြက္ေအာင္ မွန္ခဲ့သည္။ ရလဒ္ေတြထြက္ၿပီး မၾကာခင္မွာပင္ ေမာ့လွ်ိုေကြ႕တစ္ေယာက္ စားပြဲခုံေပၚသို႔ ေခါင္းငိုက္စိုက္ခ်မိလ်က္သား ျဖစ္သြားသည္။ အတန္းသူအတန္းသားေတြက စိတ္ပူ၍ သတင္းေမးၾကေသာအခါမွ ေခါင္းေထာင္ၿပီး ခပ္ယဲ့ယဲ့သာၿပဳံးျပသည္။

က်ဴးဝမ္ဇီတစ္ေယာက္ သန႔္စင္ခန္းသြားရင္း ဤျမင္ကြင္းကို ျမင္လိုက္ရျခင္းျဖစ္သည္။ သူ၏ႏွလုံးသားသည္ အျပင္းအထန္ နာက်င္ရသည္။ သို႔ေသာ္ သူ ထိန္းထိန္းသိမ္းသိမ္း ေနရေပမည္။ အေၾကာင္းမွာကား သူ၏မိဘမ်ားသည္ ေကာလိပ္ဝင္ခြင့္စာေမးပြဲ မတိုင္ခင္ ေမာ့လွ်ိုေကြ႕ႏွင့္ အဆက္အသြယ္မလုပ္ရဟူ၍ တားျမစ္ပိတ္ပင္ထားၿပီး မဟုတ္လွ်င္ အိတ္ခ္စ္ တကၠသိုလ္သို႔တက္ေရာက္နိုင္ေအာင္ တရားမဝင္နည္းလမ္းမ်ားျဖင့္ မကူညီဟု ရာဇသံထုတ္ထားေသာေၾကာင့္ ျဖစ္သည္။

သို႔ေသာ္လည္း သူ၏နတ္ဘုရားမေလး စိတ္ဓာတ္က်အားငယ္ေနခ်ိန္တြင္ ဘာမွမလုပ္ဘဲ ေဘးထြက္မတ္တပ္ရပ္ လက္ပိုက္ၾကည့္မေနနိုင္ေပ။ ထို႔ေၾကာင့္ သူလုပ္မိေသာ ပထမဆုံးလုပ္ရပ္သည္ သူမကိုအားေပးႏွစ္သိမ့္ရန္အတြက္ သူမ၏အစ္ကိုျဖစ္သူ ေမာ့ဝုဟန္ကို ဖုန္းေခၚလိုက္မိျခင္းျဖစ္သည္။

တစ္နာရီေတာင္မၾကာလိုက္ေပ။ ေမာ့မိသားစုဝင္အားလုံး ထိုသတင္းကိုၾကားၿပီးၾကၿပီး ျဖစ္သည္။

ေမာ့အိမ္ႀကီးရွင္ဘိုးဘိုးသည္ အလြန္တရာ စိတ္ဆိုးေဒါသထြက္ေနၿပီး သူ၏ေျမးမေလးကိုေတြ႕ခ်င္ေဇာျဖင့္ ခ်က္ခ်င္းပင္ ေက်ာင္းသို႔လိုက္သြားခ်င္ေနသည္။ ေမာ့တိ၏ရမွတ္သည္ ေမာ့လွ်ိုေကြ႕ထက္ မ်ားေနသည္ကို ေမာ့ရွစ္ဟုန္ သိရွိသြားေသာအခါ လက္ဖက္ရည္ေႂကြပန္းကန္ကို ေဒါသတႀကီး ေဆာင့္ခ်လိဳက္သည္။

မ်ိဳးမစစ္ေကာင္

တတိယေမာင္ေလး စိတ္ေလွ်ာ့ပါ

အနားရွိ ပထမေဒၚေလးက ေျပရာေျပေၾကာင္း ေျပာၾကည့္သည္။

ေရွာင္ေကြ႕က သူ႕ကိုယ္သူ အမ်ားႀကီးေမွ်ာ္လင့္ထားတာ။ အခုလို သူ႕အဆင့္ေတြက်သြားေတာ့ ေသခ်ာေပါက္ ဝမ္းနည္းေနေတာ့မွာေပါ့။ ဒါေပမဲ့ နင္က အခုမွ ေဆး႐ုံက ဆင္းခါစေလ။ နင့္က်န္းမာေရးကို မထိခိုက္ေစနဲ႕။ မဟုတ္ရင္ ေရွာင္ေကြ႕ပဲ ပိုၿပီးစိတ္ဆင္းရဲရမွာ။ အဲဒီကေလးမက အရမ္းသိတတ္တာေနာ္။ နင္ က်န္းမာေရးမေကာင္းတာ ျမင္သြားရင္ သူ႕ကိုယ္သူ အျပစ္တင္ေနလိမ့္မယ္။

ဦးေလး၊ အဘိုး၊ ဒီေန႕လယ္ ကြၽန္ေတာ္ ေရွာင္ေကြ႕ကို သြားေခၚမယ္ ေမာ့ဝုဟန္က ေျပာသည္။ ထို႔ေနာက္ အံတႀကိတ္ႀကိတ္ေျပာေလသည္။

ေမာ့တိဆိုတဲ့တိရိစ္ဆာန္ေကာင္ကိုလည္း ကြၽန္ေတာ္ ျပန္ေခၚလာခဲ့မယ္။ သူကမ်ား ေရွာင္ေကြ႕ကို နာက်င္ေအာင္လုပ္ရဲတယ္ေပါ့။ ကြၽန္ေတာ္ သူ႕ကို အရွင္လတ္လတ္ အေရခြံခြာပစ္မယ္

အဲဒီမ်ိဳးမစစ္ေကာင္ကို ေမြးလာတည္းက သူမ်ားေပးခ်င္ေပး၊ မေပးခ်င္စြန႔္ပစ္လိုက္ပါလို႔ ေျပာသားပဲ။ အဲဒီတိရိစ္ဆာန္ေကာင္က ေရွာင္ေကြ႕အတြက္ အာဟာရေတြအားလုံးကို ယူသြားလို႔ ေရွာင္းေကြ႕တစ္ေယာက္ ဖန္ေပါင္းေခ်ာင္ထဲမွာ ေနခဲ့ရတာ။ စေတြ႕တည္းက ၿဂိဳဟ္ဆိုးမွန္း သိသားပဲ။ အဲဒီ မ်ိဳးမစစ္ေကာင္။

ေမာ့ရွစ္ဟုန္တစ္ေယာက္ ေဒါသစိတ္ျဖင့္ မ်က္ႏွာမွာ နီရဲတြတ္လာသည္။

ဒီေန႕ ကြၽန္ေတာ္ အဲဒီတိရိစ္ဆာန္ေကာင္ကို ျပန္ေခၚလာၿပီး သူ႕ရဲ႕အသိဉာဏ္ကို ေခြးစားသြားၿပီလားဆိုတာ ၾကည့္ရမယ္

ဒါေတြအားလုံး ကြၽန္မရဲ႕အမွားပါ...

႐ြမ္ခ်င္းတန႔္တစ္ေယာက္ မ်က္လုံးမ်ား နီေဆြးေနၿပီး တစ္ရႉးစကၠဴထဲသို႔ ႏွာေခ်းညွစ္ထုတ္လိုက္သည္။

ေကာင္ေလးက အရမ္းငယ္ေသးေတာ့ ကြၽန္မ ရွင့္ကိုတားခဲ့တာ။ ကြၽန္မသာ မတားမိခဲ့ရင္ ကြၽန္မရဲ႕ေရွာင္ေကြ႕ေလး သူအျပစ္ဖို႔ေခ်ာက္ခ်တာကို ခံရမွာမဟုတ္ဘူး။ အားလုံးက ကြၽန္မ အမွားေတြပဲ။

ေယာင္းမ ကိုယ့္ကိုယ္ကိုယ္ အျပစ္မတင္ပါနဲ႕။ ကေလးအေမအရင္းကေတာ့ တုံ႕ဆိုင္းေနမိမွာ ဓမၼတာပဲေပါ့။ အေမတိုင္းက ကိုယ့္သားသမီးကို ခ်စ္ၾကတာပဲေလ။ တခ်ိဳ႕ကေလးေတြကသာ... ဟင္း... ဆုံးမလို႔ မရၾကတာ။

ေဘးနားရွိ ဒုတိယေဒၚေလးက သူမ၏လက္ကိုဆုပ္ကိုင္လိုက္သည္။

ကိုယ့္ကိုယ္ကိုယ္ အျပစ္မတင္ပါနဲ႕ကြယ္

ၾကည့္ရသည့္ပုံစံမွာေတာ့ ေမာ့တိေပါက္စေလးမွာလည္း ဖန္ေပါင္းေခ်ာင္ထဲတြင္ ေနခဲ့ရသည္ကို ေမာ့မိသားစုဝင္အားလုံးက ေမ့ေလ်ာ့သြားၾကဟန္ တူပါသည္။ ေမာ့တိေပါက္စေလး၏က်န္းမာေရးမွာလည္း သူ႕ညီမျဖစ္သူ၏အေျခအေနႏွင့္ သိပ္မကြာခဲ့ေပ။ သူ၏ကိုယ္အေလးခ်ိန္သည္ (၃)က်င္း* (၈)လ်န္ မွ်သာရွိခဲ့ၿပီး ေမာ့လွ်ိုေကြ႕ထက္ပင္ ပို၍ပိန္လွီခဲ့ပါေသးသည္။

TN: (၁) က်င္း = (၅၀၀) ဂရမ္၊ (၁)လ်န္ = (၅၀) ဂရမ္။ ထို႔ေၾကာင့္ ေမြးခါစေမာ့တိေလးသည္ (၁.၅) ကီလိုဂရမ္ အေလးခ်ိန္ရွိၿပီး ေမာ့လွ်ိုေကြ႕ကမွ (၄၀၀) ဂရမ္ ပို၍ထြားေပဦးမည္။

Xxxxxxxxx

Continue Reading

You'll Also Like

4.2K 388 25
သွမ့်ရွေ့xသွမ့်ရန် အရိုးစစ်
219K 423 19
Just a horny girl
3.3K 397 13
Zawgyi ရီရွင္းယြင္ သည္ ဝိညာဥ္ကူးေျပာင္းလာၿပီး နတ္ဘုရား နယ္ေျမ က်င့္ႀကံေရး ေလာကမွာ ထိပ္ဆံုးအဆင့္ဝင္ နတ္ဘုရားဝိညာဥ္အဆင့္ တစ္ေယာက္ ျဖစ္ၿပီး ဘဝင္ျမင့္လြန...
832 70 20
အညွှန်း (Han) Shizheng, the youngest of the king's sons, He becom a crown prince. At that time, the Mongols invaded the country's border The Mong...