ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

142K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-22

1.7K 195 0
By PrettiOcean

Chapter 22

မနက်ခင်း ခြောက်နာရီအချိန်တွင် ကားပိတ်မှုမှာ အလွန်မဆိုးဝါးသေးသဖြင့် မုထျန်းဟန် မော့တိ၏အိမ်နားသို့ ခြောက်နာရီခွဲအချိန်တွင် ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် မော့တိမှာ အိပ်ရာနိုးနေပြီဖြစ်နိုင်သော်လည်း မနက်စာ စားရဦးမည် မဟုတ်ပေ။ မုထျန်းဟန် အပြင်သို့ထွက်ကာ အနီးနားရှိမနက်စာဆိုင်မှ ပဲနို့နှစ်ခွက်နှင့် ရှောင်လုံပေါင်းနှစ်ပွဲဝယ်လိုက်လေသည်။

ဆိုင်ပိုင်ရှင်အန်တီကြီးအနေဖြင့် ထိုမျှကြည့်ကောင်းကာ ရည်မွန်သောလူငယ်လေးကို ပထမဦးဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ထိုကောင်လေးမှာ တီဗွီမှ နာမည်ကျော်ထက်များပင် ကြည့်ကောင်းသည်ဟု သူမခံစားမိသည့်အတွက် ပျော်ရွှင်မြူးထူးသွားကာ သူ့အား ဂျူဂျူဘယ် ဖက်ထုပ်နှစ်ခုပင် အပိုပေး‌လိုက်လေသည်။ သဝန်တိုနေသည့်ဆိုင်ရှင်ကြီးမှာမူ ဘေးမှထိုင်ကာ မုထျန်းဟန်ကိုသာ တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည်။

မုထျန်းဟန် သူမကိုကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် မနက်စာမုန့်ကိုသယ်ဆောင်ကာ သူ၏သူငယ်ချင်းငယ်လေးကိုရှာရန် ထွက်လာလိုက်သည်။

သူ ထိုကောင်ငယ်လေးအတွက် ငှားရမ်းပေးခဲ့သည့်တိုက်ခန်းဆီသို့ရောက်ချိန်တွင် အကြိမ်အနည်းငယ်မျှ ခေါက်လိုက်သော်လည်း ပြန်လည်‌ဖြေကြားလာခြင်းမရှိပေ။

တစ်ခုခုမူမမှန်တော့ဘူးဆိုသည်ကို မုထျန်းဟန် ခံစားမိလိုက်သည်။ တံခါးကို နှစ်ချက်သုံးချက်ထပ်ခေါက်ပြီးသည်အထိ အိမ်ထဲမှ ပြန်ထူးသံမကြားရသောအခါ ဖုန်းထုတ်ပြီး မော့တိထံကို ဖုန်းဆက်လိုက်မိသည်။

မော့တိတစ်ယောက်မှာတော့ KFC ဆိုင်မှာ နှစ်နာရီကြာအောင် အိပ်ပျော်နေခဲ့သည်။ ဖုန်သံကြား၍နိုးလာသောအခါ သူ၏စိတ်မှာ နောက်ကျိကျိဖြစ်နေသေးသည်။ ယခုကဲ့သို့သောအချိန်တွင် ဖုန်းခေါ်သူက မုထျန်းဟန်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ မည်ကဲ့သို့တုံ့ပြန်မှုမျိုး ပေးရမှန်းပင် မသိတော့ပေ။

သို့သော်လည်း သူ၏မသိစိတ်ထဲတွင်တော့ တစ်ဖက်ကဖုန်းခေါ်ဆိုသူသည် သူ့အတွက်အန္တရာယ်မရှိနိုင်ကြောင်းကို သိရှိနေသည့်အတွက် ဖုန်းပြန်သည့် ခလုတ်ကိုဆွဲလိုက်သည်။ "ဟယ်လို"

"ကောင်ငယ်လေး အခုထိ မနိုးသေးဘူးလား" မုထျန်းဟန်မှာ မော့တိ၏အသံကိုကြားရပြီး အံ့ဩမှင်တက်သွားမိသည်။

"မဟုတ်ပါဘူး ကိုကို။ ကျွန်တော် နိုးနေပါပြီ။"

မော့တိတစ်ယောက် "ဟယ်လို"ဟု ဖုန်းပြန်ဖြေပြီးနောက်တွင် သူ၏ဦးနှောက်သည် အလိုလိုသတိကပ်မိလျက်သား ဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး မုထျန်းဟန်တစ်ယောက် အဘယ်ကြောင့်မနက်စောစောစီးစီ သူ့ဆီဖုန်းခေါ်ရသည့်အကြောင်းအရင်းကို တွေးဆနေမိသည်။

"ကိုကို ဒီနေ့ ဘာလို့အစောကြီး ဖုန်းခေါ်တာလဲ။ ကိစ္စတစ်ခုခုရှိလို့လားဟင်။"

မုထျန်းဟန်က သူသယ်လာသည့် ပဲနို့ခွက်နှင့်ဒင်းဆမ်းတို့ပါသည့် မနက်စာခြင်းတောင်းကိုကြည့်ပြီး နွေးထွေးစွာပြောလိုက်သည်။ "ကိုယ် အခု မင်းအိမ်ရှေ့တံခါးဝကို ရောက်နေတာ။ တံခါးခေါက်ပေမဲ့ ဘယ်သူမှပြန်မထူးဘူး။ ကျောင်းသွားပြီလား။"

"အယ်" မော့တိ အနည်းငယ် ဆွံ့အသွားမိသည်။ ဒီလောက်မနက်အစောကြီး မုထျန်းဟန်က သူ့ကိုလာတွေ့သည်ကိုလည်း တော်တော်လေးအံ့ဩမိသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခေါင်းထဲက ဗျူဟာတွေနဲ့ အစီအစဉ်တွေအကုန်လုံးကို ပြန်လည်တွေးတောစုစည်းလိုက်ပြီး ယေဘုယျအကျဆုံးသောဝါကျတစ်ကြောင်းကိုပဲ ပြန်ဖြေလိုက်သည်။ "အားနာလိုက်တာ ကိုကိုရယ်။ အခုလောလောဆယ် ကျွန်တော် အိမ်မှာမရှိဘူး။ ကိစ္စတစ်ခုခုရှိလို့လားဟင်။"

"အိမ်မှာ မရှိဘူးတဲ့လား။"

မော့တိတစ်ယောက် သူအိမ်မှာမရှိဘူးဟုပြောရာတွင် ကျောင်းသွားသည်ဟုလည်း အဓိပ္ပါယ်ကောက်၍မရနိုင်ကြောင်းကို သူ အထူးတလည် သတိပြုလိုက်မိသည်။ "ဘာကိစ္စရှိလို့လဲ။ အိမ်မှာလည်း မရှိဘူး။ ပြီးတော့ ကျောင်းလည်း မသွားဘူးဆိုတော့လေ။"

"ကျ-ကျွန်တော်..." ဖုန်းထဲကထွက်လာတဲ့အသံက အနည်းငယ်ကြောက်လန့်နေသည့်ပုံပေါ်သည်။ သူ့ကိုယ်သူစိတ်ငြိမ်အောင်ထိန်းပြီး ပြောနေရသည်ဆိုသည့်ခံစားချက်ကိုလည်း ရနေသည်။ "ကိုကို ကျွန်တော့်နေရာကို တွေ့သွားကြပြီ။ ကျွန်တော် ကြောက်တယ်။ အဲဒါကြောင့်... ညလယ်ကြီး အိမ်ကထွက်လာခဲ့တာ။"

သူ့နေရာကို တွေ့သွားကြပြီတဲ့လား။

မော့မိသားစုက မော့တိ၏လိပ်စာကို ရှာတွေ့သွားခဲ့ကြရာ ညတွင်းချင်း သူ ထွက်ပြေးလာခဲ့သည်မှာ မထူးဆန်းတော့ပေ။ အသေးစိတ်မေးမြန်းမနေတော့ဘဲ "မင်း အခုဘယ်မှာလဲ" ဟုသာ မေးလိုက်သည်။

"ကျွန်တော်က... တဟွိုက်မီးရထားဘူတာလမ်းနဲ့ကပ်လျက်က KFC ဆိုင်မှာ။"

"အဲဒီမှာစောင့်နေ။ ကိုယ် မင်းကိုလာရှာမယ်။"

မုထျန်းဟန် ဖုန်းချလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် အောက်ထပ်ကိုဆင်းလာလိုက်သည်။ အပေါ်ထပ်ကိုတက်လာသည့်လူတစ်ယောက်နှင့် ဝင်တိုက်မိသယောင်ဖြစ်သွားသော်လည်း ခန္ဓာကိုယ်ကိုတိမ်းစောင်းပြီး အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။

မော့တိတစ်ယောက်မှာတော့ ဖုန်းချလိုက်ပြီးနောက်တွင် ခဏတာ အသံတိတ် ငူငူကြီးထိုင်နေမိသည်။ ထို့နောက်တွင် ပဲနို့(၂)ခွက်၊ ချိစ့်ဘာဂါ(၂)လုံးနှင့် ဂျုံမုန့်ညက်အကြွပ်ကြော်(၂)ချောင်းတို့ကို ထ၍မှာလေသည်။

မုထျန်းဟန်က သူ့ကိုလာတွေ့သည်မှာ အသိသာကြီးဖြစ်လေသည်။ သူကသာ သူ၏အကြံအစည်တွေနှင့် တွက်ချက်နေခဲ့ခြင်းဖြစ်သည်။ မနက်စာဝယ်ကျွေးတာလောက်တော့ သူ့ဘက်က အနည်းဆုံးလုပ်ပေးသင့်ပါသည်။

မမျှော်လင့်ပါဘဲ မုထျန်းဟန်ရောက်လာသည့်အချိန်တွင် သူ၏လက်ထဲတွင် ပဲနို့(၂)ခွက်နှင့် ဒင်းဆမ်း(၂)ခြင်း ပါလာလေသည်။

မော့တိတစ်ယောက် အနည်းငယ်တွေဝေသွားသည်။

မုထျန်းဟန်မှာလည်း မော့တိရှေ့မှဗန်းပေါ်တွင် မနက်စာ(၂)ဆက်ကို တွေ့ရှိလိုက်ရသည်။ သူ၏မျက်ဝန်းများသည် တစ်ခဏတာမျှ နူးညံ့သွားခဲ့သည်။ ဒီ့နောက်တွင် မော့တိနှင့်မျက်နှာချင်းဆိုင်ဘက်တွင် ဝင်ထိုင်လိုက်သည်။

"ကိုယ် ဝယ်လာတဲ့ဒင်းဆမ်း မြည်းကြည့်ဦးမလား။"

မုထျန်းဟန်က ဒင်းဆမ်းခြင်းတောင်းနှင့်အတူ ပါဆယ်ထုပ်ကို စားပွဲပေါ်သို့တင်လိုက်သည်။ ဘူးကိုဖွင့်ပြီး ပြောလာသည်။

"နွေးနွေးလေးရှိတုန်းပဲ၊ ဝက်သား၊ တရုတ်နံနံ၊ ဂဏန်းသား အစုံပဲ၊ မင်း ကြိုက်ရဲ့လားတော့ မသိဘူး"

"ကြိုက်ပါတယ်" မော့တိတစ်ယောက် ခြင်းတောင်းနှင့် ထုပ်ထားသည့်စက္ကူပေါ်က ဆီစွန်းနေသည်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများ တစ်ချက်ညှိုးကျသွားသည်။ ဖုံးကွယ်ထားသည့် နွေးထွေးမှုအရိပ်အယောင်လေး စိုးစဉ်းမျှရှိနေသည်။

သူ မနက်စာစားရဲ့လားဆိုပြီး တစ်စုံတစ်ယောက်၏ဂရုစိုက်မှုကိုရဖူးခြင်းမှာ... ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်လေသည်။

"ဒါဆို ထပ်စားဦးလေ။" မုထျန်းဟန်က လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရသော စတိုင်ကျကျ လျော့ရဲရဲအပေါ်ဝတ်အင်္ကျီကို ဝတ်စားထားသည်။ ဘာဂါကို လက်လှမ်းယူလိုက်ပြီး ပြော၏။"ကိုယ် တစ်လုံးယူစားရင် စိတ်မဆိုးဘူးမလား။"

"မဆိုးပါဘူး။" မော့တိက ခေါင်းတခါခါလည်တခါခါဖြင့် ပြန်ပြောသည်။ "အဲဒါက ခင်များအတွက် ဝယ်ထားတာပဲလေ။

"ကြည့်ရတာ တစ်ယောက်ကိုတစ်ယောက် မနက်စာဝယ်ကျွေးဖို့ မပြောလည်းဘဲ အလိုလိုနားလည်နေကြတယ်ထင်တယ်" ဟု မုထျန်းဟန်က ပြုံး၍ပြောသည်။ ထို့နောက် ပတ်ထားသောစက္ကူကိုခွာပြီး တစ်ကိုက်ကိုက်လိုက်သည်။ "အရသာရှိသားပဲ"

မော့တိကတော့ သူ၏ပါးစပ်ထဲတွင် ဒင်းဆမ်း၏အရည်ရွှမ်းသောအသားကို တမြုံ့မြုံ့ဖြင့်ဝါးနေပြီး တကယ်ပဲ အရသာရှိတယ်ဟု တွေးတောနေမိသည်။

မုထျန်းဟန်က သူ၏ဟမ်ဘာဂါကို လတ်စသတ်လိုက်ပြီး ဒင်းဆမ်းတစ်လုံးကို ဆက်စားနေလိုက်သည်။ စားနေရင်းနှင့်လည်း မော့တိဖြင့် ဟိုစစဒီစစ စကားစမြည်ပြောနေသေးသည်။ မနက်စာကုန်ခါနီးမှာအချိန်မှသာ မနေ့ညကဖြစ်ခဲ့သည့်အကြောင်းကို လေသံအေးအေးဖြင့် မေးလေသည်။

ဖြစ်ပျက်ခဲ့သည်များကို ပြန်မပြောခင် မော့တိသည် ခဏတာရပ်တန့်သွားခဲ့သည်။ သူ့ကိုရှာတွေ့သွားပြီဖြစ်တဲ့အကြောင်းကို ပြောပြသည်။ သို့သော်လည်း ချင်ချန်းယီရဲ့သရုပ်မှန်ကိုတော့ သူပြောပြသည့်ဇာတ်လမ်းထဲမှ အသေးစိတ်အချက်အလက်တချို့ကို ရောချပြီး ချန်လှပ်ထားခဲ့သည်။

ထို့နောက်တွင်တော့ နောက်နေရာအသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်လိုသည့် သူ၏ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

မော့တိ တစ်ခုခုဖုံးကွယ်ထားသည်ကို မုထျန်းဟန် အတပ်ပြောနိုင်သည်။ သို့သော်လည်း စကားလမ်းမကြောင်းဘဲ သူပြောလိုက်၏။

"ဒီလူက မင်းကို ဒီလောက်မြန်မြန်ကြီး ရှာတွေ့နိုင်မှတော့ ဒုတိယအကြိမ်လည်း ထပ်ရှာတွေ့နိုင်ဦးမှာပဲ။ မင်း အိမ်ပြောင်းနေရင်တောင် ဘေးမကင်းနိုင်သေးဘူး"

"ဒါဆို ကျွန်တော် ရွေးစရာလမ်းဆုံးနေပြီပေါ့။" မော့တိက သူ့နှုတ်ခမ်းပေါ်က ပေကျံနေတဲ့ဆီကို လျှာဖြင့်သပ်ပြီးနောက် ခေါင်းငိုက်စိုက်ကျသွားသည်။

"တကယ်တော့ မင်းမှာ ရွေးချယ်စရာတစ်ခု ရှိသေးတယ်။"

မော့တိ၏ ပျော့အိအိဆံသားနက်နက်လေးကိုကြည့်ရင်း မုထျန်းဟန်က နူးညံ့စွာပြောလိုက်သည်။

"ဟင်?" မော့တိက မုထျန်းဟန်ကို စူးစမ်းမှု စိတ်အားထက်သန်မှု အနည်းငယ်တို့ဖြင့် ကြည့်လိုက်သည်။

"ကိုကို ကျွန်တော့်မှာ တခြား ဘာရွေးချယ်စရာ ရှိသေးလို့လဲဟင်။"

မုထျန်းဟန်သည် ကောင်လေး၏ ချစ်စရာကောင်းသည့်တိရိစ္ဆာန်ပေါက်လေးတစ်ကောင်ကဲ့သို့ မဝံ့မရဲအမူအရာလေးကို သဘောကျနေမိသည်။ သူ၏နှလုံးသားတွင် ဖိအားတစ်စုံတစ်ရာကို ခံစားလိုက်မိတော့သည်။

"မင်း ကိုယ့်ဆီက အကူအညီတောင်းကြည့်ဖို့အကြောင်း တွေးရောတွေးမိရဲ့လား။ ကိုယ် ကတိပေးထားခဲ့တဲ့ ဆုအကြောင်းကိုရော မင်း မေ့သွားပြီလား။"

သူက ရယ်မောရင်း ပြောလိုက်သည်။

"ဆုလား" မော့တိ မှင်တက်သွားမိသည်။ "ကိုကို အဲဒီဆုအနေနဲ့ ကိုကို့ဆီက အကူအညီတောင်းလို့ ရတယ်ဆိုတဲ့သဘောလားဟင်။"

မုထျန်းဟန်၏ တုံ့ပြန်စကားကိုမစောင့်ဘဲ "ကိုကို ကိုကို့နာမည်သုံးပြီး ကျွန်တော့်ကို အိမ်ကူငှားပေးမလို့လားဟင်" သူက တိုးတိုးလေးဆိုလိုက်၏။

"အရူးလေး" နောက်ဆုံးတွင်တော့ ရက်ပေါင်းများစွာ ပြုလုပ်ချင်နေမိသည့် မော့တိခေါင်းပေါ်က ပျော့အိအိဆံနွယ်တစ်စုကို မုထျန်းဟန် လက်လှမ်းပြီး ထိတွေ့လိုက်မိသည်။

"ဘယ်ဟုတ်လိမ့်မလဲ။ မင်းကို ကိုယ်ခေါ်ထုတ်သွားတယ်ဆိုတာ မင်းအစ်ကိုတွေက သိထားပြီးသားလေ။ မင်းကိုရှာတွေ့ဖိုဆိုရင် ကိုယ့်ကိုခြေရာခံလိုက်ရုံပဲ။ အဲဒါကြောင့် ကိုယ့်နာမည်သုံးတာက အထောက်အကူဖြစ်မှာ မဟုတ်ဘူး။"

မော့တိထံမှ စကားပြန်မရတော့ပေ။ မုထျန်းဟန်ကို ဘာမှပြန်မပြောဘဲ တွေတွေကြီးကြည့်နေလေသည်။ မုထျန်းဟန်က လက်လှမ်းပြီး သူ၏ခေါင်းကို လှမ်းပုတ်လိုက်သည်။ နှစ်ကြိမ်တိတိ လုပ်မိသွားခဲ့လေပြီ။

"အဟွတ်" တစ်ဖက်မှာတော့ မုထျန်းဟန်က ရုပ်တည်ကြီးနှင့် ဖြစ်နေလေသည်။ ကောင်လေးဘက်က အံ့ဩသွားသည့်ရုပ်လေး ဖြစ်သွားသည်ကို သူ သတိထားလိုက်မိသည်။ သို့သော် သူ၏မျက်လုံးထဲတွင်တော့ ပြောမပြတတ်အောင် လှသည်။ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အုပ်ထိန်းသူပုံစံဖမ်းလိုက်ပြီး ထိုင်ခုံပေါ်က မော့တိ၏အိတ်ကို ကောက်ယူလိုက်သည်။

"နေရာအသစ်ငှားဖို့က မဖြစ်နိုင်ဘူးဆိုတော့ ကောင်လေး မင်း ကိုယ်နဲ့လိုက်နေပါတော့လား။ အမှန်ပြောရရင် လိုင်သယ်စစ်ပြောခဲ့တာက အဓိပ္ပာယ်ရှိတယ်။ကိုယ်တို့စံအိမ်မှာ အခန်းအများကြီးပဲရှိတယ်။ မင်း အတူလာနေလို့လည်း ဘာပြဿနာမှမရှိနိုင်ဘူး။"

သူနဲ့ လိုင်သယ်စစ် ဟွာရှားမှ ထွက်သွားသောအခါတွင်လည်း ဤအိမ်ကြီးသည် ကောင်လေးကို အသက်ကြွေးကျေးဇူးဆပ်ရန်အတွက်ပဲ ဖြစ်ပေလိမ့်မည်။ ဤနည်းဖြင့်သာ သူ ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်ပေမည်။

"ခင်များတို့နှစ်ယောက်နဲ့ အတူနေရမယ်။" မော့တိက မုထျန်းဟန်၏အတွေးကို နားမလည်သည့်သဘောမျိုးဖြင့် ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် ကြောင်အမ်းအမ်းအမူအရာ ပေါ်လွင်နေသည်။

"ဟုတ်တာပေါ့။ မင်း စားလို့ဝပြီလား။"

"ဟုတ်ကဲ့ ဝပါပြီ။ ဒါပေမယ့်..."

"ဒါဆိုလည်း ကိုယ်နဲ့လိုက်ခဲ့တော့။ နောက်တောင်ကျနေပြီ။" မုထျန်းဟန်က မတ်တပ်ထရပ်လိုက်ပြီး မော့တိ၏ဆံပင်တွေကို တစ်ခါထပ်ပြီး ပွတ်သပ်လိုက်ပြန်သည်။ မော့တိ၏အိတ်ကြီးကို လက်တစ်ဖက်ဖြင့်သယ်ယူလိုက်သည်။

"မင်း အခန်းရွေးလို့ရအောင် အိမ်ကိုအရင်လိုက်ပို့ပေးမယ်။" သူက နူးညံ့ညင်သာသည့်တိုင် တိကျပြတ်သားသောလေသံဖြင့်ပြောသည်။

မော့တိက သူ၏အဝတ်အိတ်ကြီးကိုသယ်သွားသော မုထျန်းဟန်ကို ခပ်ဝေးဝေးမှလှမ်းကြည့်ရင်း မျက်ဝန်းများ ညှိုးကျသွားသည်။ ခေါင်းငုံ့ပြီး လွယ်အိတ်ကြိုးကို ဆုပ်ကိုင်လိုက်သည်။

သို့သော် သုံးစက္ကန့်ကြာပြီးနောက် ခေါင်းပြန်မော့လာသောအခါတွင်တော့ မုထျန်းဟန်နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည့် နာခံကျိုးနွံတတ်ပြီး သနားကမားအမူအရာလေးက မျက်နှာပေါ်ပြန်ရောက်လာခဲ့သည်။

မော့တိသည် မုထျန်းဟန်နောက်ကို လူလိမ္မာလေးတစ်ယောက်ကဲ့သို့ နောက်ကလိုက်သွားသည်။ သူ၏ပစ္စည်းအားလုံး ကားထဲထည့်ပြီး လူပါဝင်ထိုင်လိုက်သည်။

မော့တိတွေးထားသည်ထက် အခြေအနေတွေက ပိုပြီးကောင်းနေခဲ့သည်။ ချင်ချန်းယီနဲ့ မော့လျှိုကွေ့တို့ တွေ့ဆုံပွဲက အချိန်စောပြီးလုပ်မည့်အကြောင်းကို သူ သိလိုက်ရသည်။ ဤကဲ့သို့ ကဖျက်ယဖျက်အခြေအနေက "မုထျန်းဟန်၏အသက်"ကို အသုံးချဖို့လိုအပ်နေကြောင်း သူ့ကိုပြောနေသယောင်ပင်။ အစပိုင်းတွင်တော့ မုထျန်းဟန်၏အဆက်အသွယ်နှင့် အာဏာကိုအသုံးချပြီး အခက်အခဲကိုရှောင်လွှဲဖို့သာဖြစ်ပြီး အတူနေသည့်အခြေအနေထိ ဖန်တီးရန်အစီအစဉ်မရှိခဲ့ပေ။

သို့သော်လည်း မုထျန်းဟန်နှင့် အတူနေထိုင်ရမည့်အတွေးကို အတိုက်အခံလုပ်စရာအကြောင်း မရှိတော့ပေ။ သူနှင့်ရင်းနှီးကျွမ်းဝင်ဖို့သည် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး သူတို့၏ခံစားချက်တွေကို တစ်ခါပြန်လည် အသက်ဝင်လာစေနိုင်သည်။

"ကိုကို အိမ်မှာက ကိုကိုနဲ့ အစ်ကိုလိုင်သယ်စစ် နှစ်ယောက်တည်းနေတာလားး" မော့တိက ညင်သာစွာမေးသည်။

"ဟုတ်တယ် ဒါပေမဲ့ မနက်ပိုင်း လာချက်ပြုတ်ပေးတဲ့ အိမ်ဖော်တစ်ယောက်တော့ရှိတယ်။ သူက အိမ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ တန်းပြန်တာ။" မုထျန်းဟန်က လီဗာကို နင်းလိုက်သည်။

"အိပ်ခန်းထဲမှာ စာပြန်လေ့ကျင့်တာပဲဖြစ်ဖြစ် ပထမထပ်မှာ စာလေ့လာတာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ အနှောင့်အယှက် မရှိပါဘူး။ စိတ်မပူနဲ့။"

"ကျွန်တော်က အဲဒါကို စိတ်ပူလို့မဟုတ်ပါဘူး။ ကျွန်တော်က..." မော့တိ စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။

"ကိုကို စာမေးပွဲမဖြေခင် ပြန်လည်လေ့ကျင့်ခန်းလုပ်ဖို့ ကျွန်တော် ကျောင်းပြန်မတက်ချင်ဘူး။ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ လေ့ကျင့်ချင်တယ်။ အဲဒါဆိုရင်ရော... အဆင်ပြေမလား။"

"ပြေတာပေါ့"

Xxxxxxxxxx


Chapter 22

မနက္ခင္း ေျခာက္နာရီအခ်ိန္တြင္ ကားပိတ္မႈမွာ အလြန္မဆိုးဝါးေသးသျဖင့္ မုထ်န္းဟန္ ေမာ့တိ၏အိမ္နားသို႔ ေျခာက္နာရီခြဲအခ်ိန္တြင္ ေရာက္ရွိလာခဲ့သည္။

ယခုအခ်ိန္တြင္ ေမာ့တိမွာ အိပ္ရာနိုးေနၿပီျဖစ္နိုင္ေသာ္လည္း မနက္စာ စားရဦးမည္ မဟုတ္ေပ။ မုထ်န္းဟန္ အျပင္သို႔ထြက္ကာ အနီးနားရွိမနက္စာဆိုင္မွ ပဲနို႔ႏွစ္ခြက္ႏွင့္ ေရွာင္လုံေပါင္းႏွစ္ပြဲဝယ္လိုက္ေလသည္။

ဆိုင္ပိုင္ရွင္အန္တီႀကီးအေနျဖင့္ ထိုမွ်ၾကည့္ေကာင္းကာ ရည္မြန္ေသာလူငယ္ေလးကို ပထမဦးဆုံးေတြ႕ဖူးျခင္းျဖစ္သည္။ ထိုေကာင္ေလးမွာ တီဗြီမွ နာမည္ေက်ာ္ထက္မ်ားပင္ ၾကည့္ေကာင္းသည္ဟု သူမခံစားမိသည့္အတြက္ ေပ်ာ္႐ႊင္ျမဴးထူးသြားကာ သူ႕အား ဂ်ဴဂ်ဴဘယ္ ဖက္ထုပ္ႏွစ္ခုပင္ အပိုေပးလိုက္ေလသည္။ သဝန္တိုေနသည့္ဆိုင္ရွင္ႀကီးမွာမူ ေဘးမွထိုင္ကာ မုထ်န္းဟန္ကိုသာ တစ္ခ်ိန္လုံးစိုက္ၾကည့္ေနခဲ့သည္။

မုထ်န္းဟန္ သူမကိုေက်းဇူးတင္စကားဆိုလိုက္ၿပီးေနာက္ မနက္စာမုန႔္ကိုသယ္ေဆာင္ကာ သူ၏သူငယ္ခ်င္းငယ္ေလးကိုရွာရန္ ထြက္လာလိုက္သည္။

သူ ထိုေကာင္ငယ္ေလးအတြက္ ငွားရမ္းေပးခဲ့သည့္တိုက္ခန္းဆီသို႔ေရာက္ခ်ိန္တြင္ အႀကိမ္အနည္းငယ္မွ် ေခါက္လိုက္ေသာ္လည္း ျပန္လည္ေျဖၾကားလာျခင္းမရွိေပ။

တစ္ခုခုမူမမွန္ေတာ့ဘူးဆိုသည္ကို မုထ်န္းဟန္ ခံစားမိလိုက္သည္။ တံခါးကို ႏွစ္ခ်က္သုံးခ်က္ထပ္ေခါက္ၿပီးသည္အထိ အိမ္ထဲမွ ျပန္ထူးသံမၾကားရေသာအခါ ဖုန္းထုတ္ၿပီး ေမာ့တိထံကို ဖုန္းဆက္လိုက္မိသည္။

ေမာ့တိတစ္ေယာက္မွာေတာ့ KFC ဆိုင္မွာ ႏွစ္နာရီၾကာေအာင္ အိပ္ေပ်ာ္ေနခဲ့သည္။ ဖုန္သံၾကား၍နိုးလာေသာအခါ သူ၏စိတ္မွာ ေနာက္က်ိက်ိျဖစ္ေနေသးသည္။ ယခုကဲ့သို႔ေသာအခ်ိန္တြင္ ဖုန္းေခၚသူက မုထ်န္းဟန္ျဖစ္ေနသည္ကို ျမင္လိုက္ရသည့္အခါ မည္ကဲ့သို႔တုံ႕ျပန္မႈမ်ိဳး ေပးရမွန္းပင္ မသိေတာ့ေပ။

သို႔ေသာ္လည္း သူ၏မသိစိတ္ထဲတြင္ေတာ့ တစ္ဖက္ကဖုန္းေခၚဆိုသူသည္ သူ႕အတြက္အႏၱရာယ္မရွိနိုင္ေၾကာင္းကို သိရွိေနသည့္အတြက္ ဖုန္းျပန္သည့္ ခလုတ္ကိုဆြဲလိုက္သည္။ ဟယ္လို

ေကာင္ငယ္ေလး အခုထိ မနိုးေသးဘူးလား မုထ်န္းဟန္မွာ ေမာ့တိ၏အသံကိုၾကားရၿပီး အံ့ဩမွင္တက္သြားမိသည္။

မဟုတ္ပါဘူး ကိုကို။ ကြၽန္ေတာ္ နိုးေနပါၿပီ။

ေမာ့တိတစ္ေယာက္ ဟယ္လိုဟု ဖုန္းျပန္ေျဖၿပီးေနာက္တြင္ သူ၏ဦးႏွောက္သည္ အလိုလိုသတိကပ္မိလ်က္သား ျဖစ္သြားခဲ့သည္။ ခႏၶာကိုယ္ကို မတ္မတ္ထိုင္ၿပီး မုထ်န္းဟန္တစ္ေယာက္ အဘယ္ေၾကာင့္မနက္ေစာေစာစီးစီ သူ႕ဆီဖုန္းေခၚရသည့္အေၾကာင္းအရင္းကို ေတြးဆေနမိသည္။

ကိုကို ဒီေန႕ ဘာလို႔အေစာႀကီး ဖုန္းေခၚတာလဲ။ ကိစၥတစ္ခုခုရွိလို႔လားဟင္။

မုထ်န္းဟန္က သူသယ္လာသည့္ ပဲနို႔ခြက္ႏွင့္ဒင္းဆမ္းတို႔ပါသည့္ မနက္စာျခင္းေတာင္းကိုၾကည့္ၿပီး ႏြေးေထြးစြာေျပာလိုက္သည္။ ကိုယ္ အခု မင္းအိမ္ေရွ႕တံခါးဝကို ေရာက္ေနတာ။ တံခါးေခါက္ေပမဲ့ ဘယ္သူမွျပန္မထူးဘူး။ ေက်ာင္းသြားၿပီလား။

အယ္ ေမာ့တိ အနည္းငယ္ ဆြံ႕အသြားမိသည္။ ဒီေလာက္မနက္အေစာႀကီး မုထ်န္းဟန္က သူ႕ကိုလာေတြ႕သည္ကိုလည္း ေတာ္ေတာ္ေလးအံ့ဩမိသည္။ ႐ုတ္ခ်ည္းဆိုသလိုပင္ သူ၏ေခါင္းထဲက ဗ်ဴဟာေတြနဲ႕ အစီအစဥ္ေတြအကုန္လုံးကို ျပန္လည္ေတြးေတာစုစည္းလိုက္ၿပီး ေယဘုယ်အက်ဆဳံးေသာဝါက်တစ္ေၾကာင္းကိုပဲ ျပန္ေျဖလိုက္သည္။ အားနာလိုက္တာ ကိုကိုရယ္။ အခုေလာေလာဆယ္ ကြၽန္ေတာ္ အိမ္မွာမရွိဘူး။ ကိစၥတစ္ခုခုရွိလို႔လားဟင္။

အိမ္မွာ မရွိဘူးတဲ့လား။

ေမာ့တိတစ္ေယာက္ သူအိမ္မွာမရွိဘူးဟုေျပာရာတြင္ ေက်ာင္းသြားသည္ဟုလည္း အဓိပ္ပါယ်ေကာက်၍မရနိုင်ေကြာင်းကို သူ အထူးတလည္ သတိျပဳလိုက္မိသည္။ ဘာကိစၥရွိလို႔လဲ။ အိမ္မွာလည္း မရွိဘူး။ ၿပီးေတာ့ ေက်ာင္းလည္း မသြားဘူးဆိုေတာ့ေလ။

က်-ကြၽန္ေတာ္... ဖုန္းထဲကထြက္လာတဲ့အသံက အနည္းငယ္ေၾကာက္လန႔္ေနသည့္ပုံေပၚသည္။ သူ႕ကိုယ္သူစိတ္ၿငိမ္ေအာင္ထိန္းၿပီး ေျပာေနရသည္ဆိုသည့္ခံစားခ်က္ကိုလည္း ရေနသည္။ ကိုကို ကြၽန္ေတာ့္ေနရာကို ေတြ႕သြားၾကၿပီ။ ကြၽန္ေတာ္ ေၾကာက္တယ္။ အဲဒါေၾကာင့္... ညလယ္ႀကီး အိမ္ကထြက္လာခဲ့တာ။

သူ႕ေနရာကို ေတြ႕သြားၾကၿပီတဲ့လား။

ေမာ့မိသားစုက ေမာ့တိ၏လိပ္စာကို ရွာေတြ႕သြားခဲ့ၾကရာ ညတြင္းခ်င္း သူ ထြက္ေျပးလာခဲ့သည္မွာ မထူးဆန္းေတာ့ေပ။ အေသးစိတ္ေမးျမန္းမေနေတာ့ဘဲ မင္း အခုဘယ္မွာလဲ ဟုသာ ေမးလိုက္သည္။

ကြၽန္ေတာ္က... တဟြိုက္မီးရထားဘူတာလမ္းနဲ႕ကပ္လ်က္က KFC ဆိုင္မွာ။

အဲဒီမွာေစာင့္ေန။ ကိုယ္ မင္းကိုလာရွာမယ္။

မုထ်န္းဟန္ ဖုန္းခ်လိဳက္ၿပီးေနာက္ ခ်က္ခ်င္းဆိုသလိုပင္ ေအာက္ထပ္ကိုဆင္းလာလိုက္သည္။ အေပၚထပ္ကိုတက္လာသည့္လူတစ္ေယာက္ႏွင့္ ဝင္တိုက္မိသေယာင္ျဖစ္သြားေသာ္လည္း ခႏၶာကိုယ္ကိုတိမ္းေစာင္းၿပီး အခ်ိန္မီ ေရွာင္တိမ္းနိုင္ခဲ့သည္။

ေမာ့တိတစ္ေယာက္မွာေတာ့ ဖုန္းခ်လိဳက္ၿပီးေနာက္တြင္ ခဏတာ အသံတိတ္ ငူငူႀကီးထိုင္ေနမိသည္။ ထို႔ေနာက္တြင္ ပဲနို႔(၂)ခြက္၊ ခ်ိစ့္ဘာဂါ(၂)လုံးႏွင့္ ဂ်ဳံမုန႔္ညက္အႂကြပ္ေၾကာ္(၂)ေခ်ာင္းတို႔ကို ထ၍မွာေလသည္။

မုထ်န္းဟန္က သူ႕ကိုလာေတြ႕သည္မွာ အသိသာႀကီးျဖစ္ေလသည္။ သူကသာ သူ၏အႀကံအစည္ေတြႏွင့္ တြက္ခ်က္ေနခဲ့ျခင္းျဖစ္သည္။ မနက္စာဝယ္ေကြၽးတာေလာက္ေတာ့ သူ႕ဘက္က အနည္းဆုံးလုပ္ေပးသင့္ပါသည္။

မေမွ်ာ္လင့္ပါဘဲ မုထ်န္းဟန္ေရာက္လာသည့္အခ်ိန္တြင္ သူ၏လက္ထဲတြင္ ပဲနို႔(၂)ခြက္ႏွင့္ ဒင္းဆမ္း(၂)ျခင္း ပါလာေလသည္။

ေမာ့တိတစ္ေယာက္ အနည္းငယ္ေတြေဝသြားသည္။

မုထ်န္းဟန္မွာလည္း ေမာ့တိေရွ႕မွဗန္းေပၚတြင္ မနက္စာ(၂)ဆက္ကို ေတြ႕ရွိလိုက္ရသည္။ သူ၏မ်က္ဝန္းမ်ားသည္ တစ္ခဏတာမွ် ႏူးညံ့သြားခဲ့သည္။ ဒီ့ေနာက္တြင္ ေမာ့တိႏွင့္မ်က္ႏွာခ်င္းဆိုင္ဘက္တြင္ ဝင္ထိုင္လိုက္သည္။

ကိုယ္ ဝယ္လာတဲ့ဒင္းဆမ္း ျမည္းၾကည့္ဦးမလား။

မုထ်န္းဟန္က ဒင္းဆမ္းျခင္းေတာင္းႏွင့္အတူ ပါဆယ္ထုပ္ကို စားပြဲေပၚသို႔တင္လိုက္သည္။ ဘူးကိုဖြင့္ၿပီး ေျပာလာသည္။

ႏြေးႏြေးေလးရွိတုန္းပဲ၊ ဝက္သား၊ တ႐ုတ္နံနံ၊ ဂဏန္းသား အစုံပဲ၊ မင္း ႀကိဳက္ရဲ႕လားေတာ့ မသိဘူး

ႀကိဳက္ပါတယ္ ေမာ့တိတစ္ေယာက္ ျခင္းေတာင္းႏွင့္ ထုပ္ထားသည့္စကၠဴေပၚက ဆီစြန္းေနသည္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ၏မ်က္ဝန္းမ်ား တစ္ခ်က္ညွိုးက်သြားသည္။ ဖုံးကြယ္ထားသည့္ ႏြေးေထြးမႈအရိပ္အေယာင္ေလး စိုးစဥ္းမွ်ရွိေနသည္။

သူ မနက္စာစားရဲ႕လားဆိုၿပီး တစ္စုံတစ္ေယာက္၏ဂ႐ုစိုက္မႈကိုရဖူးျခင္းမွာ... ယခုအႀကိမ္သည္ ပထမဦးဆုံးျဖစ္ေလသည္။

ဒါဆို ထပ္စားဦးေလ။ မုထ်န္းဟန္က လြတ္လြတ္လပ္လပ္လႈပ္ရွားလို႔ရေသာ စတိုင္က်က် ေလ်ာ့ရဲရဲအေပၚဝတ္အကၤ်ီကို ဝတ္စားထားသည္။ ဘာဂါကို လက္လွမ္းယူလိုက္ၿပီး ေျပာ၏။ကိုယ္ တစ္လုံးယူစားရင္ စိတ္မဆိုးဘူးမလား။

မဆိုးပါဘူး။ ေမာ့တိက ေခါင္းတခါခါလည္တခါခါျဖင့္ ျပန္ေျပာသည္။ အဲဒါက ခင္မ်ားအတြက္ ဝယ္ထားတာပဲေလ။

ၾကည့္ရတာ တစ္ေယာက္ကိုတစ္ေယာက္ မနက္စာဝယ္ေကြၽးဖို႔ မေျပာလည္းဘဲ အလိုလိုနားလည္ေနၾကတယ္ထင္တယ္ ဟု မုထ်န္းဟန္က ၿပဳံး၍ေျပာသည္။ ထို႔ေနာက္ ပတ္ထားေသာစကၠဴကိုခြာၿပီး တစ္ကိုက္ကိုက္လိုက္သည္။ အရသာရွိသားပဲ

ေမာ့တိကေတာ့ သူ၏ပါးစပ္ထဲတြင္ ဒင္းဆမ္း၏အရည္႐ႊမ္းေသာအသားကို တၿမဳံ႕ၿမဳံ႕ျဖင့္ဝါးေနၿပီး တကယ္ပဲ အရသာရွိတယ္ဟု ေတြးေတာေနမိသည္။

မုထ်န္းဟန္က သူ၏ဟမ္ဘာဂါကို လတ္စသတ္လိုက္ၿပီး ဒင္းဆမ္းတစ္လုံးကို ဆက္စားေနလိုက္သည္။ စားေနရင္းႏွင့္လည္း ေမာ့တိျဖင့္ ဟိုစစဒီစစ စကားစျမည္ေျပာေနေသးသည္။ မနက္စာကုန္ခါနီးမွာအခ်ိန္မွသာ မေန႕ညကျဖစ္ခဲ့သည့္အေၾကာင္းကို ေလသံေအးေအးျဖင့္ ေမးေလသည္။

ျဖစ္ပ်က္ခဲ့သည္မ်ားကို ျပန္မေျပာခင္ ေမာ့တိသည္ ခဏတာရပ္တန႔္သြားခဲ့သည္။ သူ႕ကိုရွာေတြ႕သြားၿပီျဖစ္တဲ့အေၾကာင္းကို ေျပာျပသည္။ သို႔ေသာ္လည္း ခ်င္ခ်န္းယီရဲ႕သ႐ုပ္မွန္ကိုေတာ့ သူေျပာျပသည့္ဇာတ္လမ္းထဲမွ အေသးစိတ္အခ်က္အလက္တခ်ိဳ႕ကို ေရာခ်ၿပီး ခ်န္လွပ္ထားခဲ့သည္။

ထို႔ေနာက္တြင္ေတာ့ ေနာက္ေနရာအသစ္တစ္ခုကို ေျပာင္းေ႐ႊ႕ေနထိုင္လိုသည့္ သူ၏ရည္႐ြယ္ခ်က္ကို ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့သည္။

ေမာ့တိ တစ္ခုခုဖုံးကြယ္ထားသည္ကို မုထ်န္းဟန္ အတပ္ေျပာနိုင္သည္။ သို႔ေသာ္လည္း စကားလမ္းမေၾကာင္းဘဲ သူေျပာလိုက္၏။

ဒီလူက မင္းကို ဒီေလာက္ျမန္ျမန္ႀကီး ရွာေတြ႕နိုင္မွေတာ့ ဒုတိယအႀကိမ္လည္း ထပ္ရွာေတြ႕နိုင္ဦးမွာပဲ။ မင္း အိမ္ေျပာင္းေနရင္ေတာင္ ေဘးမကင္းနိုင္ေသးဘူး

ဒါဆို ကြၽန္ေတာ္ ေ႐ြးစရာလမ္းဆုံးေနၿပီေပါ့။ ေမာ့တိက သူ႕ႏႈတ္ခမ္းေပၚက ေပက်ံေနတဲ့ဆီကို လွ်ာျဖင့္သပ္ၿပီးေနာက္ ေခါင္းငိုက္စိုက္က်သြားသည္။

တကယ္ေတာ့ မင္းမွာ ေ႐ြးခ်ယ္စရာတစ္ခု ရွိေသးတယ္။

ေမာ့တိ၏ ေပ်ာ့အိအိဆံသားနက္နက္ေလးကိုၾကည့္ရင္း မုထ်န္းဟန္က ႏူးညံ့စြာေျပာလိုက္သည္။

ဟင္? ေမာ့တိက မုထ်န္းဟန္ကို စူးစမ္းမႈ စိတ္အားထက္သန္မႈ အနည္းငယ္တို႔ျဖင့္ ၾကည့္လိုက္သည္။

ကိုကို ကြၽန္ေတာ့္မွာ တျခား ဘာေ႐ြးခ်ယ္စရာ ရွိေသးလို႔လဲဟင္။

မုထ်န္းဟန္သည္ ေကာင္ေလး၏ ခ်စ္စရာေကာင္းသည့္တိရိစ္ဆာန္ေပါက္ေလးတစ္ေကာင္ကဲ့သို႔ မဝံ့မရဲအမူအရာေလးကို သေဘာက်ေနမိသည္။ သူ၏ႏွလုံးသားတြင္ ဖိအားတစ္စုံတစ္ရာကို ခံစားလိုက္မိေတာ့သည္။

မင္း ကိုယ့္ဆီက အကူအညီေတာင္းၾကည့္ဖို႔အေၾကာင္း ေတြးေရာေတြးမိရဲ႕လား။ ကိုယ္ ကတိေပးထားခဲ့တဲ့ ဆုအေၾကာင္းကိုေရာ မင္း ေမ့သြားၿပီလား။

သူက ရယ္ေမာရင္း ေျပာလိုက္သည္။

ဆုလား ေမာ့တိ မွင္တက္သြားမိသည္။ ကိုကို အဲဒီဆုအေနနဲ႕ ကိုကို႔ဆီက အကူအညီေတာင္းလို႔ ရတယ္ဆိုတဲ့သေဘာလားဟင္။

မုထ်န္းဟန္၏ တုံ႕ျပန္စကားကိုမေစာင့္ဘဲ ကိုကို ကိုကို႔နာမည္သုံးၿပီး ကြၽန္ေတာ့္ကို အိမ္ကူငွားေပးမလို႔လားဟင္ သူက တိုးတိုးေလးဆိုလိုက္၏။

အ႐ူးေလး ေနာက္ဆုံးတြင္ေတာ့ ရက္ေပါင္းမ်ားစြာ ျပဳလုပ္ခ်င္ေနမိသည့္ ေမာ့တိေခါင္းေပၚက ေပ်ာ့အိအိဆံႏြယ္တစ္စုကို မုထ်န္းဟန္ လက္လွမ္းၿပီး ထိေတြ႕လိုက္မိသည္။

ဘယ္ဟုတ္လိမ့္မလဲ။ မင္းကို ကိုယ္ေခၚထုတ္သြားတယ္ဆိုတာ မင္းအစ္ကိုေတြက သိထားၿပီးသားေလ။ မင္းကိုရွာေတြ႕ဖိုဆိုရင္ ကိုယ့္ကိုေျခရာခံလိုက္႐ုံပဲ။ အဲဒါေၾကာင့္ ကိုယ့္နာမည္သုံးတာက အေထာက္အကူျဖစ္မွာ မဟုတ္ဘူး။

ေမာ့တိထံမွ စကားျပန္မရေတာ့ေပ။ မုထ်န္းဟန္ကို ဘာမွျပန္မေျပာဘဲ ေတြေတြႀကီးၾကည့္ေနေလသည္။ မုထ်န္းဟန္က လက္လွမ္းၿပီး သူ၏ေခါင္းကို လွမ္းပုတ္လိုက္သည္။ ႏွစ္ႀကိမ္တိတိ လုပ္မိသြားခဲ့ေလၿပီ။

အဟြတ္ တစ္ဖက္မွာေတာ့ မုထ်န္းဟန္က ႐ုပ္တည္ႀကီးႏွင့္ ျဖစ္ေနေလသည္။ ေကာင္ေလးဘက္က အံ့ဩသြားသည့္႐ုပ္ေလး ျဖစ္သြားသည္ကို သူ သတိထားလိုက္မိသည္။ သို႔ေသာ္ သူ၏မ်က္လုံးထဲတြင္ေတာ့ ေျပာမျပတတ္ေအာင္ လွသည္။ လည္ေခ်ာင္းတစ္ခ်က္ရွင္းလိုက္ၿပီး သူ႕လက္ကို ျပန္႐ုတ္သိမ္းလိုက္သည္။ အုပ္ထိန္းသူပုံစံဖမ္းလိုက္ၿပီး ထိုင္ခုံေပၚက ေမာ့တိ၏အိတ္ကို ေကာက္ယူလိုက္သည္။

ေနရာအသစ္ငွားဖို႔က မျဖစ္နိုင္ဘူးဆိုေတာ့ ေကာင္ေလး မင္း ကိုယ္နဲ႕လိုက္ေနပါေတာ့လား။ အမွန္ေျပာရရင္ လိုင္သယ္စစ္ေျပာခဲ့တာက အဓိပၸာယ္ရွိတယ္။ကိုယ္တို႔စံအိမ္မွာ အခန္းအမ်ားႀကီးပဲရွိတယ္။ မင္း အတူလာေနလို႔လည္း ဘာျပႆနာမွမရွိနိုင္ဘူး။

သူနဲ႕ လိုင္သယ္စစ္ ဟြာရွားမွ ထြက္သြားေသာအခါတြင္လည္း ဤအိမ္ႀကီးသည္ ေကာင္ေလးကို အသက္ေႂကြးေက်းဇူးဆပ္ရန္အတြက္ပဲ ျဖစ္ေပလိမ့္မည္။ ဤနည္းျဖင့္သာ သူ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ထြက္သြားနိုင္ေပမည္။

ခင္မ်ားတို႔ႏွစ္ေယာက္နဲ႕ အတူေနရမယ္။ ေမာ့တိက မုထ်န္းဟန္၏အေတြးကို နားမလည္သည့္သေဘာမ်ိဳးျဖင့္ ၾကည့္ေနသည္။ သူ၏မ်က္ႏွာေပၚတြင္ ေၾကာင္အမ္းအမ္းအမူအရာ ေပၚလြင္ေနသည္။

ဟုတ္တာေပါ့။ မင္း စားလို႔ဝၿပီလား။

ဟုတ္ကဲ့ ဝပါၿပီ။ ဒါေပမယ့္...

ဒါဆိုလည္း ကိုယ္နဲ႕လိုက္ခဲ့ေတာ့။ ေနာက္ေတာင္က်ေနၿပီ။ မုထ်န္းဟန္က မတ္တပ္ထရပ္လိုက္ၿပီး ေမာ့တိ၏ဆံပင္ေတြကို တစ္ခါထပ္ၿပီး ပြတ္သပ္လိုက္ျပန္သည္။ ေမာ့တိ၏အိတ္ႀကီးကို လက္တစ္ဖက္ျဖင့္သယ္ယူလိုက္သည္။

မင္း အခန္းေ႐ြးလို႔ရေအာင္ အိမ္ကိုအရင္လိုက္ပို႔ေပးမယ္။ သူက ႏူးညံ့ညင္သာသည့္တိုင္ တိက်ျပတ္သားေသာေလသံျဖင့္ေျပာသည္။

ေမာ့တိက သူ၏အဝတ္အိတ္ႀကီးကိုသယ္သြားေသာ မုထ်န္းဟန္ကို ခပ္ေဝးေဝးမွလွမ္းၾကည့္ရင္း မ်က္ဝန္းမ်ား ညွိုးက်သြားသည္။ ေခါင္းငုံ႕ၿပီး လြယ္အိတ္ႀကိဳးကို ဆုပ္ကိုင္လိုက္သည္။

သို႔ေသာ္ သုံးစကၠန႔္ၾကာၿပီးေနာက္ ေခါင္းျပန္ေမာ့လာေသာအခါတြင္ေတာ့ မုထ်န္းဟန္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ၿပီးျဖစ္သည့္ နာခံက်ိဳးႏြံတတ္ၿပီး သနားကမားအမူအရာေလးက မ်က္ႏွာေပၚျပန္ေရာက္လာခဲ့သည္။

ေမာ့တိသည္ မုထ်န္းဟန္ေနာက္ကို လူလိမၼာေလးတစ္ေယာက္ကဲ့သို႔ ေနာက္ကလိုက္သြားသည္။ သူ၏ပစၥည္းအားလုံး ကားထဲထည့္ၿပီး လူပါဝင္ထိုင္လိုက္သည္။

ေမာ့တိေတြးထားသည္ထက္ အေျခအေနေတြက ပိုၿပီးေကာင္းေနခဲ့သည္။ ခ်င္ခ်န္းယီနဲ႕ ေမာ့လွ်ိုေကြ႕တို႔ ေတြ႕ဆုံပြဲက အခ်ိန္ေစာၿပီးလုပ္မည့္အေၾကာင္းကို သူ သိလိုက္ရသည္။ ဤကဲ့သို႔ ကဖ်က္ယဖ်က္အေျခအေနက မုထ်န္းဟန္၏အသက္ကို အသုံးခ်ဖိဳ႕လိုအပ္ေနေၾကာင္း သူ႕ကိုေျပာေနသေယာင္ပင္။ အစပိုင္းတြင္ေတာ့ မုထ်န္းဟန္၏အဆက္အသြယ္ႏွင့္ အာဏာကိုအသုံးခ်ၿပီး အခက္အခဲကိုေရွာင္လႊဲဖို႔သာျဖစ္ၿပီး အတူေနသည့္အေျခအေနထိ ဖန္တီးရန္အစီအစဥ္မရွိခဲ့ေပ။

သို႔ေသာ္လည္း မုထ်န္းဟန္ႏွင့္ အတူေနထိုင္ရမည့္အေတြးကို အတိုက္အခံလုပ္စရာအေၾကာင္း မရွိေတာ့ေပ။ သူႏွင့္ရင္းႏွီးကြၽမ္းဝင္ဖို႔သည္ နည္းလမ္းေကာင္းတစ္ခုျဖစ္ၿပီး သူတို႔၏ခံစားခ်က္ေတြကို တစ္ခါျပန္လည္ အသက္ဝင္လာေစနိုင္သည္။

ကိုကို အိမ္မွာက ကိုကိုနဲ႕ အစ္ကိုလိုင္သယ္စစ္ ႏွစ္ေယာက္တည္းေနတာလားး ေမာ့တိက ညင္သာစြာေမးသည္။

ဟုတ္တယ္ ဒါေပမဲ့ မနက္ပိုင္း လာခ်က္ျပဳတ္ေပးတဲ့ အိမ္ေဖာ္တစ္ေယာက္ေတာ့ရွိတယ္။ သူက အိမ္သန႔္ရွင္းေရးလုပ္ၿပီးတာနဲ႕ တန္းျပန္တာ။ မုထ်န္းဟန္က လီဗာကို နင္းလိုက္သည္။

အိပ္ခန္းထဲမွာ စာျပန္ေလ့က်င့္တာပဲျဖစ္ျဖစ္ ပထမထပ္မွာ စာေလ့လာတာပဲျဖစ္ျဖစ္ လုပ္လို႔ရတယ္။ အႏွောင့္အယွက္ မရွိပါဘူး။ စိတ္မပူနဲ႕။

ကြၽန္ေတာ္က အဲဒါကို စိတ္ပူလို႔မဟုတ္ပါဘူး။ ကြၽန္ေတာ္က... ေမာ့တိ စကားကို ခဏရပ္လိုက္ၿပီးမွ ဆက္ေျပာသည္။

ကိုကို စာေမးပြဲမေျဖခင္ ျပန္လည္ေလ့က်င့္ခန္းလုပ္ဖို႔ ကြၽန္ေတာ္ ေက်ာင္းျပန္မတက္ခ်င္ဘူး။ ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္ပဲ ေလ့က်င့္ခ်င္တယ္။ အဲဒါဆိုရင္ေရာ... အဆင္ေျပမလား။

ေျပတာေပါ့

Xxxxxxxxxx

Continue Reading

You'll Also Like

190K 32.8K 122
story title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator
19.4K 1.7K 10
အာဏာရှင်ဧကရာဇ်၏ ဧကရီမိဖုရား Associated Names 嫁给暴君的男人[穿书] Author 乔柚 English Title: The man who married Tyrant Status in COO 88 Chapters + 26 Extras အ...
211K 4.8K 70
imagines as taylor swift as your mom and travis kelce as your dad
8.4K 389 10
Alice Kennedy moved away from Derry a long time ago, but she decided to go back. With Halloween fast approaching she gets the opportunity to take her...