စုလုရီ
အပိုင်း (၂၆) အေးနေတယ်
စုချီက နေ့လည် (၂) နာရီကျော်၌ ထွက်သွားခဲ့သည်။
တစ်ရက်ကြာပြီးနောက် စုလုရီနှင့် သူ၏ သူငယ်ချင်းများက ဘန်ယမ်းမြို့မှ ဟွမ်းဒူမြို့သို့ ထွက်ခွာလာခဲ့၏။
ဟွမ်းဒူမြို့သည် ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိ၍ ကြီးပွားချမ်းသာသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
မနက်ခင်းတွင် လေယာဉ်စီး၍ နေ့လည်ခင်း၌ ဟွမ်းဒူမြို့သို့ ရောက်ခဲ့ကြ၏။
သူတို့ သုံးယောက်က ပုံမှန်အတိုင်း အနားယူ၍ နောက်တစ်ရက်မှ ကိုယ်စားလှယ်နှင့် သွားတွေ့ရန် စီစဉ်ခဲ့ကြသည်။
ဟိုတယ်၏ အပြင်ဘက်၌ ညရှုခင်းကို ကြည့်ရှုနိုင်သည့် ဘားတစ်ခု ရှိ၏။
ညစာ စားပြီးနောက် ထိုဘားသို့ သွားထိုင်ခဲ့ကြသည်။
ကျိုးချင်းချန် - "ဟိုတစ်ခါတုန်းက အင်တာနက် ဆယ်လီတွေ အကြောင်း မေးဖူးသေးတယ်မလား။ ငါ့မှာ ဟွမ်းဒူမှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်။ မင်းတို့ တွေ့ချင်ကြလား"
စုလုရီ - "အရက်နဲ့ အစားအသောက်မှာ ကျွမ်းကျင်တဲ့ သူငယ်ချင်းတွေ အများကြီး ရှိတော့ ကောင်းတာပေါ့"
ကျိုးချင်းချန် - "သူတို့ကို ကူရောင်းခိုင်းကြမလား"
စုလုရီ - "မင်း ဘာလို့ ဖြုန်းတီးနေတာလဲ။ မင်းသာ သူတို့ကို လွှတ်ပေးလိုက်ရင် ဆူနာမီ ဖြစ်သွားမယ်"
ကျိုးချင်းချန် - "ဒါဆို မင်းက သူတို့ကို ဘာလုပ်စေချင်လို့လဲ"
စုလုရီက သူ၏ ဖန်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်ပြီး "သူတို့ရဲ့ ကျွမ်းကျင်မှုကို ကြည့်ရမှာပေါ့" ဟု ပြောလိုက်သည်။
စုလုရီက သူ၏ သူငယ်ချင်းနှစ်ယောက်အား "ခွန်ဝိုင်က ဈေးကွက် အပြိုင်အဆိုင် လုနေရတာက ပါဝင်ပစ္စည်းတွေ တူနေလို့ မဟုတ်ဘူး။ တခြားနည်းလမ်းကြောင့်ပဲ။ ငါတို့ ဈေးမချဘဲ ရောင်းအား တက်အောင် လုပ်ဖို့ဆိုရင် အစားထိုးလို့ မရအောင် လုပ်ရမယ်" ဟု ရှင်းပြလိုက်သည်။
ကျိုးချင်းချန်က နားမလည်သည့် ဟန်ပန်ဖြင့် "မင်းက ဘာကို ပြောချင်တာလဲ။ ဘယ်လိုလုပ်မလို့လဲ"
စုလုရီ - " စားသုံးသူတွေကို မရှိမဖြစ် လိုအပ်အောင် လုပ်ရမယ်"
ကျိုးချင်းချန်က အံ့ဩသည့် ပုံစံဖြင့် "မင်းစားသုံးသူတွေကို ဦးနှောက် ဆေးပစ်မလို့လား"
စွင်းဟဲ့ယွီက မျက်နှာကို မဲ့၍ "မင်းပဲ ဦးနှောက်ဆေးရမှာ" ဟု ကျိုးချင်းချန်ကို ပြောလိုက်သည်။
စုလုရီက "ငါ နောက်တစ်နေ့ ကိုယ်စားလှယ်ကို တွေ့
ရင် ပြည်တွင်း ရောင်းအားကို မေးကြည့်ရမယ်။ ဟွမ်းဒူရဲ့ရောင်းအားက ဘန်ယမ်းထက်စာရင် ပိုမြင့်တယ်။ ဒါပေမယ့် မျှော်လင့်ထားတဲ့အထိတော့ မရောက်သေးဘူး" ဟု ပြောလိုက်သည်။
နောက်တစ်နေ့၌ စုလုရီတို့က ကိုယ်စားလှယ်ကို တွေ့ရန်အတွက် ထူးခြားသည့် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့ကြ၏။
သူတို့က စောစောသွား၍ ဟင်းပွဲများကို မှာခဲ့ကြသည်။ ဟွမ်းဒူမြို့၏ စားသောက်ဖွယ်ရာများက အရသာ ချိုမြိန်ပြီး အနံ့အရသာနှင့် ပြည့်စုံလှသည်။
စုလုရီက ဓာတ်ပုံရိုက်ပြီး မိသားစု စကားပြောခန်းသို့ လှမ်းပို့ရန် မမေ့ပေ။
ထို့နောက် ကျိုးချင်းချန်နှင့် အစားစားရင်း ငြင်းခုံကြလေသည်။
ထိုအချိန်တွင် စုလုရီ၏ ဖုန်းမှ အသံမြည်လာခဲ့၏။
စုချီ - "အခု ဘာလုပ်နေလဲ"
စုလုရီက ဖုန်းကို ကြည့်ကာ ကြောက်နေပုံပေါက်သဖြင့် စွင်းဟဲ့ယွီက မေးလိုက်သည်။
"မင်း ဘာဖြစ်လို့လဲ"
စုလုရီက သတိပြန်ဝင်လာပြီး "ငါ့ အစ်ကိုကြီးက ငါ့ကို ဘာလုပ်နေလဲဆိုပြီး မေးနေလို့" ဟု ဖြေလိုက်သည်။
စွင်းဟဲ့ယွီက "ဪ သူခိုးလူမိသလို ဖြစ်သွားတာပေါ့" ဟု နောက်ပြောင်လိုက်၏။
စုလုရီက သူ့စကားကို စကားပြန်မနေနိုင်တော့ဘဲ စုချီကို ရွှီးဖြန်းလိုက်သည်။
စုလုရီ -"အစ်ကိုကြီးကို စဉ်းစားနေတာ။ အစ်ကိုကြီးကရော အခု ဘယ်မှာလဲ"
စုချီ - "မင်း နှလုံးသားထဲမှာ"
စုလုရီ ဆွံ့အသွားလေသည်။ စာပေါင်းများစွာပို့ခဲ့ကြပြီးမှ စုချီက သူ့ကို ခြောက်နေမှန်း စုလုရီ နားလည်သွားတော့သည်။
ကြောက်စရာကောင်းသော ညတစ်ည ကုန်ဆုံးပြီးနောက် နေ့တစ်နေ့ တဖန် စတင်လာခဲ့သည်။
"ငါ online blogger တွေနဲ့ ဒီနေ့ချိန်းထားတယ်။ သေချာပြင်ဆင်ထားကြနော်" ဟု ကျိုးချင်းချန်က စုလုရီတို့ နှစ်ယောက်ကို ပြောလိုက်သည်။
ထို့နောက် ကျိုးချင်းချန်၏ သူငယ်ချင်း ပိုင်ဆိုင်သော စားသောက်ဆိုင်သို့ သွားခဲ့ကြ၏။
စုလုရီနှင့် စွင်းဟဲ့ယွီတို့က ကျိုးချင်းချန်၏ ဦးဆောင်မှုနောက်သို့ လိုက်ခဲ့ကြသည်။
စားသောက်ဆိုင်သို့ ဝင်လိုက်သည်နှင့် ထောင့်တစ်နေရာ၌ မိန်းမ နှစ်ယောက်နှင့် ယောက်ျားနှစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
နှစ်ဆယ်ကျော်နှင့် သုံးဆယ်ကျော် အရွယ်များဖြစ်၏။
ကျိုးချင်းချန်မှ ရှေ့ကိုတိုး၍ နှုတ်ဆက်လိုက်သည်။
"ဒါက ချာချာ, Chestnut နဲ့ နန်းမင်။ သူတို့က ပရိသတ်တွေ သန်းချီရှိတဲ့ food bloggers တွေ။ ဒါကတော့ အစ်ကိုယု။ သူက နာမည်ကြီးတဲ့ အဖျော်ဆရာ"
စုလုရီနှင့် စွင်းဟဲ့ယွီတို့က နှုတ်ဆက်လိုက်ပြီး ထိုင်လိုက်ကြသည်။
စကားများ ပြောခဲ့ကြပြီးနောက် အချင်းချင်းအနည်းငယ် ရင်းနှီးလာခဲ့ကြသည်။
စားသောက်ဆိုင်မှ အချိုပွဲနှင့် မုန့်များကိုလည်း လာချပေးထားသည်။
ချာချာက စုလုရီထံသို့ စတော်ဘယ်ရီမုန့်ပန်းကန်ကိုတွန်းပို့၍ "များများစားနော်" ဟု ပြောလိုက်သည်။
စုလုရီကလည်း ယဉ်ကျေးစွာဖြင့် သူမထံ ပူတင်းပန်းကန်အား ကမ်းပေးလိုက်သည်။
ခဏကြာပြီးနောက် စုလုရီက ပန်းကန်ကို ချကာ စကားစလိုက်၏။
"ကျွန်တော်တို့ ပစ္စည်းအသစ် ခွန်ဝိုင်ကို ထုတ်ထားတယ်။ ကျိုးချင်းချန်းက အားလုံးကို ပြောထားပြီးဖြစ်မှာပါ။ အခုအခြေအနေက ဈေးကွက်ထဲ မရောက်သေးလို့ ကျွန်တော်တို့ အကူအညီ လိုအပ်တယ်"
Chestnut - "ငါတို့ ဗီဒီယို အဆုံးမှာ ထည့်ကြော်ငြာပေးရမှာလား"
စုလုရီ - "အဲ့ထက် ပိုရှုပ်တယ်"
Chestnut - "ဒါဆို အစမှာရော၊ အဆုံးမှာရော ထည့်ပေးရမှာလား"
အားလုံး ဆွံ့အသွားလေသည်။
စုလုရီက လုပ်ရမည့် အကြောင်းအရာများကို အသေးစိတ် ရှင်းပြလိုက်သည်။
အစီအစဉ်များကို အသေးစိတ် တိုင်ပင်ကြပြီးနောက် အချင်းချင်း Wechat အပ်လိုက်ကြပြီး အမှတ်တရအနေဖြင့် အုပ်စုလိုက် ဓာတ်ပုံရိုက်လိုက်ကြ၏။
စုလုရီက သူငယ်ချင်း အများကြီး ရခဲ့သဖြင့် ကြွားရန် ပို့စ်တင်လိုက်သည်။
သူ၏ ပို့စ်ကို စုကျစ်ထုံနှင့် ယုရှင်းရန်တို့က အသဲရှေ့ဆင့် နောက်ဆင့် ပေးလိုက်ကြ၏။
ကျန်သော အစ်ကို နှစ်ယောက်က အသဲမပေးဘဲ ကောမန့်, မန့်သွားကြသည်။
စုကျန်းချန် - "မင်း ဘာလို့ ယုန်ကျောပိုးအိတ် မလွယ်ထားတာလဲ"
စုလုရီ -"အိတ်ထဲ မပါလာလို့ အစ်ကို (၂)"
စုယွီ - "ဟွမ်းဒူမှာလား။ မြို့တော်နဲ့ နီးနီးလေးပဲ။ အစ်ကို (၃) ဆီလာခဲ့လေ"
စုလုရီ - "အင်း"
စုကျစ်ထုံ - "သား (၃)က ညီငယ်လေးကို ဂရုစိုက်လိုက်နော်"
စုချီကလည်း အသဲပေးလိုက်သည်။ စုလုရီက မည်သို့ တုံပြန်ရမည်ကို မသိတော့ချေ။
သူ ရုတ်တရက် မိသွားသကဲ့သို့ ခံစားချက်မျိုးလည်း ခံစားလိုက်ရသည်။
စုလုရီက ရေချိုးကန်ထဲမှ နေ၍ ဓာတ်ပုံရိုက်ကာ စုချီထံပို့လိုက်၏။
စုလုရီ - "သတိရတယ် အစ်ကိုကြီး" ဟုပါ ထည့်ရေးလိုက်သည်။
စုချီ -"မင်းရဲ့ ရိုးသားမှုကို အသိအမှတ် မပြုဘူး"
စုလုရီ ဆွံ့အ,သွားလေသည်။ ထို့နောက် ရေချိုးကန်မှ ထွက်ပြီး ရေစိုထားသော ဆံပင်များကို အခြောက်ခံစက်ဖြင့် မှုတ်လိုက်သည်။
ထိုအချိန်တွင် ကျိုးချင်းချန်ထံမှ စာများ အဆက်မပြတ် ဝင်လာလေသည်။
ကျိုးချင်းချန် - "ငါ့သူငယ်ချင်း ဆယ်လီတစ်ယောက် လာပို့ထားတာ။ မင်း ပုံတွေ အင်တာနက်ပေါ်မှာ ပျံ့နေပြီ" ဟူသော စာနှင့်အတူ link ကိုပါ ပို့လိုက်သည်။
စုလုရီက ထိတ်လန့်စွာဖြင့် link ကို နှိပ်ကြည့်လိုက်၏။
ချောမောလှပသော လူတစ်ယောက်၏ ပုံကို တွေ့လိုက်ရသည်။
စုလုရီက ခဏတာ ကြောင်သွား၍ နောက်မှ သတိပြန်ဝင်လာပြီး "အိုး၊ အဲ့ဒါ ငါပဲ" ဟု ရေရွတ်လိုက်သည်။
အကြောင်းရင်းကို မသိ၍ ကျိုးချင်းချန်အား စာပြန်ပို့၍ မေးလိုက်သည်။
စုလုရီ - "ဘယ်လိုတွေ ဖြစ်သွားတာလဲ"
ကျိုးချင်းချန် -"ဘန်ယမ်း ရှေးဟောင်းလမ်းတွေက နာမည်ကြီးတော့ ဆယ်လီတွေ ဓာတ်ပုံ လာရိုက်တတ်ကြတယ်။ ခန့်မှန်းရသလောက်ကတော့ မင်းကို တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး website မှာ ရောင်းလိုက်တာ ဖြစ်မယ်"
စုလုရီက "ပိုက်ဆံ ရှာလာတာ အဲ့လောက်လွယ်မယ်ဆိုရင် ခွန်ဝိုင်ကို မရောင်းပါဘူး" ဟု တွေးလိုက်၏။
စုလုရီက ခဏကြာ စဉ်းစားလိုက်ပြီး သူ့ အစ်ကိုကြီးကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
စုလုရီ - "အစ်ကိုကြီး၊ ပြစရာရှိလို့" ဟူသော စာနှင့်အတူ link ကိုပါ တွဲပို့လိုက်သည်။
စုချီ -"ဘာတွေလဲ။ ရှင်းပြဦး"
စုလုရီ - "ခဏလေးနော်၊ ရှင်းပြမယ်"
စုချီ - "အဝတ်အစား အရင် သွားဝတ်လိုက်ဦး"
စုလုရီ - "ဘာလို့လဲ"
စုချီ - "အေးနေတယ်"
Zawgyi
စုလုရီ
အပိုင္း (၂၆) ေအးေနတယ္
စုခ်ီက ေန႕လည္ (၂) နာရီေက်ာ္၌ ထြက္သြားခဲ့သည္။
တစ္ရက္ၾကာၿပီးေနာက္ စုလုရီႏွင့္ သူ၏ သူငယ္ခ်င္းမ်ားက ဘန္ယမ္းၿမိဳ႕မွ ဟြမ္းဒူၿမိဳ႕သို႔ ထြက္ခြာလာခဲ့၏။
ဟြမ္းဒူၿမိဳ႕သည္ ပင္လယ္ကမ္းရိုးတန္းတြင္ တည္ရွိ၍ ႀကီးပြားခ်မ္းသာေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ ျဖစ္သည္။
မနက္ခင္းတြင္ ေလယာဥ္စီး၍ ေန႕လည္ခင္း၌ ဟြမ္းဒူၿမိဳ႕သို႔ ေရာက္ခဲ့ၾက၏။
သူတို႔ သုံးေယာက္က ပုံမွန္အတိုင္း အနားယူ၍ ေနာက္တစ္ရက္မွ ကိုယ္စားလွယ္ႏွင့္ သြားေတြ႕ရန္ စီစဥ္ခဲ့ၾကသည္။
ဟိုတယ္၏ အျပင္ဘက္၌ ညရႈခင္းကို ၾကည့္ရႈနိုင္သည့္ ဘားတစ္ခု ရွိ၏။
ညစာ စားၿပီးေနာက္ ထိုဘားသို႔ သြားထိုင္ခဲ့ၾကသည္။
က်ိဳးခ်င္းခ်န္ - "ဟိုတစ္ခါတုန္းက အင္တာနက္ ဆယ္လီေတြ အေၾကာင္း ေမးဖူးေသးတယ္မလား။ ငါ့မွာ ဟြမ္းဒူမွာ သူငယ္ခ်င္းေတြ အမ်ားႀကီး ရွိတယ္။ မင္းတို႔ ေတြ႕ခ်င္ၾကလား"
စုလုရီ - "အရက္နဲ႕ အစားအေသာက္မွာ ကြၽမ္းက်င္တဲ့ သူငယ္ခ်င္းေတြ အမ်ားႀကီး ရွိေတာ့ ေကာင္းတာေပါ့"
က်ိဳးခ်င္းခ်န္ - "သူတို႔ကို ကူေရာင္းခိုင္းၾကမလား"
စုလုရီ - "မင္း ဘာလို႔ ျဖဳန္းတီးေနတာလဲ။ မင္းသာ သူတို႔ကို လႊတ္ေပးလိုက္ရင္ ဆူနာမီ ျဖစ္သြားမယ္"
က်ိဳးခ်င္းခ်န္ - "ဒါဆို မင္းက သူတို႔ကို ဘာလုပ္ေစခ်င္လို႔လဲ"
စုလုရီက သူ၏ ဖန္ခြက္ကို ျမႇောက္ကာ တစ္ငုံေသာက္လိုက္ၿပီး "သူတို႔ရဲ႕ ကြၽမ္းက်င္မႈကို ၾကည့္ရမွာေပါ့" ဟု ေျပာလိုက္သည္။
စုလုရီက သူ၏ သူငယ္ခ်င္းႏွစ္ေယာက္အား "ခြန္ဝိုင္က ေဈးကြက္ အၿပိဳင္အဆိုင္ လုေနရတာက ပါဝင္ပစၥည္းေတြ တူေနလို႔ မဟုတ္ဘူး။ တျခားနည္းလမ္းေၾကာင့္ပဲ။ ငါတို႔ ေဈးမခ်ဘဲ ေရာင္းအား တက္ေအာင္ လုပ္ဖို႔ဆိုရင္ အစားထိုးလို႔ မရေအာင္ လုပ္ရမယ္" ဟု ရွင္းျပလိုက္သည္။
က်ိဳးခ်င္းခ်န္က နားမလည္သည့္ ဟန္ပန္ျဖင့္ "မင္းက ဘာကို ေျပာခ်င္တာလဲ။ ဘယ္လိုလုပ္မလို႔လဲ"
စုလုရီ - " စားသုံးသူေတြကို မရွိမျဖစ္ လိုအပ္ေအာင္ လုပ္ရမယ္"
က်ိဳးခ်င္းခ်န္က အံ့ဩသည့္ ပုံစံျဖင့္ "မင္းစားသုံးသူေတြကို ဦးေႏွာက္ ေဆးပစ္မလို႔လား"
စြင္းဟဲ့ယြီက မ်က္ႏွာကို မဲ့၍ "မင္းပဲ ဦးေႏွာက္ေဆးရမွာ" ဟု က်ိဳးခ်င္းခ်န္ကို ေျပာလိုက္သည္။
စုလုရီက "ငါ ေနာက္တစ္ေန႕ ကိုယ္စားလွယ္ကို ေတြ႕
ရင္ ျပည္တြင္း ေရာင္းအားကို ေမးၾကည့္ရမယ္။ ဟြမ္းဒူရဲ႕ေရာင္းအားက ဘန္ယမ္းထက္စာရင္ ပိုျမင့္တယ္။ ဒါေပမယ့္ ေမွ်ာ္လင့္ထားတဲ့အထိေတာ့ မေရာက္ေသးဘူး" ဟု ေျပာလိုက္သည္။
ေနာက္တစ္ေန႕၌ စုလုရီတို႔က ကိုယ္စားလွယ္ကို ေတြ႕ရန္အတြက္ ထူးျခားသည့္ စားေသာက္ဆိုင္တစ္ဆိုင္ကို ရွာေတြ႕ခဲ့ၾက၏။
သူတို႔က ေစာေစာသြား၍ ဟင္းပြဲမ်ားကို မွာခဲ့ၾကသည္။ ဟြမ္းဒူၿမိဳ႕၏ စားေသာက္ဖြယ္ရာမ်ားက အရသာ ခ်ိဳၿမိန္ၿပီး အနံ႕အရသာႏွင့္ ျပည့္စုံလွသည္။
စုလုရီက ဓာတ္ပုံရိုက္ၿပီး မိသားစု စကားေျပာခန္းသို႔ လွမ္းပို႔ရန္ မေမ့ေပ။
ထို႔ေနာက္ က်ိဳးခ်င္းခ်န္ႏွင့္ အစားစားရင္း ျငင္းခုံၾကေလသည္။
ထိုအခ်ိန္တြင္ စုလုရီ၏ ဖုန္းမွ အသံျမည္လာခဲ့၏။
စုခ်ီ - "အခု ဘာလုပ္ေနလဲ"
စုလုရီက ဖုန္းကို ၾကည့္ကာ ေၾကာက္ေနပုံေပါက္သျဖင့္ စြင္းဟဲ့ယြီက ေမးလိုက္သည္။
"မင္း ဘာျဖစ္လို႔လဲ"
စုလုရီက သတိျပန္ဝင္လာၿပီး "ငါ့ အစ္ကိုႀကီးက ငါ့ကို ဘာလုပ္ေနလဲဆိုၿပီး ေမးေနလို႔" ဟု ေျဖလိုက္သည္။
စြင္းဟဲ့ယြီက "ဪ သူခိုးလူမိသလို ျဖစ္သြားတာေပါ့" ဟု ေနာက္ေျပာင္လိုက္၏။
စုလုရီက သူ႕စကားကို စကားျပန္မေနနိုင္ေတာ့ဘဲ စုခ်ီကို ႐ႊီးျဖန္းလိုက္သည္။
စုလုရီ -"အစ္ကိုႀကီးကို စဥ္းစားေနတာ။ အစ္ကိုႀကီးကေရာ အခု ဘယ္မွာလဲ"
စုခ်ီ - "မင္း ႏွလုံးသားထဲမွာ"
စုလုရီ ဆြံ႕အသြားေလသည္။ စာေပါင္းမ်ားစြာပို႔ခဲ့ၾကၿပီးမွ စုခ်ီက သူ႕ကို ေျခာက္ေနမွန္း စုလုရီ နားလည္သြားေတာ့သည္။
ေၾကာက္စရာေကာင္းေသာ ညတစ္ည ကုန္ဆုံးၿပီးေနာက္ ေန႕တစ္ေန႕ တဖန္ စတင္လာခဲ့သည္။
"ငါ online blogger ေတြနဲ႕ ဒီေန႕ခ်ိန္းထားတယ္။ ေသခ်ာျပင္ဆင္ထားၾကေနာ္" ဟု က်ိဳးခ်င္းခ်န္က စုလုရီတို႔ ႏွစ္ေယာက္ကို ေျပာလိုက္သည္။
ထို႔ေနာက္ က်ိဳးခ်င္းခ်န္၏ သူငယ္ခ်င္း ပိုင္ဆိုင္ေသာ စားေသာက္ဆိုင္သို႔ သြားခဲ့ၾက၏။
စုလုရီႏွင့္ စြင္းဟဲ့ယြီတို႔က က်ိဳးခ်င္းခ်န္၏ ဦးေဆာင္မႈေနာက္သို႔ လိုက္ခဲ့ၾကသည္။
စားေသာက္ဆိုင္သို႔ ဝင္လိုက္သည္ႏွင့္ ေထာင့္တစ္ေနရာ၌ မိန္းမ ႏွစ္ေယာက္ႏွင့္ ေယာက္်ားႏွစ္ေယာက္ ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။
ႏွစ္ဆယ္ေက်ာ္ႏွင့္ သုံးဆယ္ေက်ာ္ အ႐ြယ္မ်ားျဖစ္၏။
က်ိဳးခ်င္းခ်န္မွ ေရွ႕ကိုတိုး၍ ႏႈတ္ဆက္လိုက္သည္။
"ဒါက ခ်ာခ်ာ, Chestnut နဲ႕ နန္းမင္။ သူတို႔က ပရိသတ္ေတြ သန္းခ်ီရွိတဲ့ food bloggers ေတြ။ ဒါကေတာ့ အစ္ကိုယု။ သူက နာမည္ႀကီးတဲ့ အေဖ်ာ္ဆရာ"
စုလုရီႏွင့္ စြင္းဟဲ့ယြီတို႔က ႏႈတ္ဆက္လိုက္ၿပီး ထိုင္လိုက္ၾကသည္။
စကားမ်ား ေျပာခဲ့ၾကၿပီးေနာက္ အခ်င္းခ်င္းအနည္းငယ္ ရင္းႏွီးလာခဲ့ၾကသည္။
စားေသာက္ဆိုင္မွ အခ်ိဳပြဲႏွင့္ မုန႔္မ်ားကိုလည္း လာခ်ေပးထားသည္။
ခ်ာခ်ာက စုလုရီထံသို႔ စေတာ္ဘယ္ရီမုန႔္ပန္းကန္ကိုတြန္းပို႔၍ "မ်ားမ်ားစားေနာ္" ဟု ေျပာလိုက္သည္။
စုလုရီကလည္း ယဥ္ေက်းစြာျဖင့္ သူမထံ ပူတင္းပန္းကန္အား ကမ္းေပးလိုက္သည္။
ခဏၾကာၿပီးေနာက္ စုလုရီက ပန္းကန္ကို ခ်ကာ စကားစလိုက္၏။
"ကြၽန္ေတာ္တို႔ ပစၥည္းအသစ္ ခြန္ဝိုင္ကို ထုတ္ထားတယ္။ က်ိဳးခ်င္းခ်န္းက အားလုံးကို ေျပာထားၿပီးျဖစ္မွာပါ။ အခုအေျခအေနက ေဈးကြက္ထဲ မေရာက္ေသးလို႔ ကြၽန္ေတာ္တို႔ အကူအညီ လိုအပ္တယ္"
Chestnut - "ငါတို႔ ဗီဒီယို အဆုံးမွာ ထည့္ေၾကာ္ျငာေပးရမွာလား"
စုလုရီ - "အဲ့ထက္ ပိုရႈပ္တယ္"
Chestnut - "ဒါဆို အစမွာေရာ၊ အဆုံးမွာေရာ ထည့္ေပးရမွာလား"
အားလုံး ဆြံ႕အသြားေလသည္။
စုလုရီက လုပ္ရမည့္ အေၾကာင္းအရာမ်ားကို အေသးစိတ္ ရွင္းျပလိုက္သည္။
အစီအစဥ္မ်ားကို အေသးစိတ္ တိုင္ပင္ၾကၿပီးေနာက္ အခ်င္းခ်င္း Wechat အပ္လိုက္ၾကၿပီး အမွတ္တရအေနျဖင့္ အုပ္စုလိုက္ ဓာတ္ပုံရိုက္လိုက္ၾက၏။
စုလုရီက သူငယ္ခ်င္း အမ်ားႀကီး ရခဲ့သျဖင့္ ႂကြားရန္ ပို႔စ္တင္လိုက္သည္။
သူ၏ ပို႔စ္ကို စုက်စ္ထုံႏွင့္ ယုရွင္းရန္တို႔က အသဲေရွ႕ဆင့္ ေနာက္ဆင့္ ေပးလိုက္ၾက၏။
က်န္ေသာ အစ္ကို ႏွစ္ေယာက္က အသဲမေပးဘဲ ေကာမန႔္, မန႔္သြားၾကသည္။
စုက်န္းခ်န္ - "မင္း ဘာလို႔ ယုန္ေက်ာပိုးအိတ္ မလြယ္ထားတာလဲ"
စုလုရီ -"အိတ္ထဲ မပါလာလို႔ အစ္ကို (၂)"
စုယြီ - "ဟြမ္းဒူမွာလား။ ၿမိဳ႕ေတာ္နဲ႕ နီးနီးေလးပဲ။ အစ္ကို (၃) ဆီလာခဲ့ေလ"
စုလုရီ - "အင္း"
စုက်စ္ထုံ - "သား (၃)က ညီငယ္ေလးကို ဂ႐ုစိုက္လိုက္ေနာ္"
စုခ်ီကလည္း အသဲေပးလိုက္သည္။ စုလုရီက မည္သို႔ တုံျပန္ရမည္ကို မသိေတာ့ေခ်။
သူ ႐ုတ္တရက္ မိသြားသကဲ့သို႔ ခံစားခ်က္မ်ိဳးလည္း ခံစားလိုက္ရသည္။
စုလုရီက ေရခ်ိဳးကန္ထဲမွ ေန၍ ဓာတ္ပုံရိုက္ကာ စုခ်ီထံပို႔လိုက္၏။
စုလုရီ - "သတိရတယ္ အစ္ကိုႀကီး" ဟုပါ ထည့္ေရးလိုက္သည္။
စုခ်ီ -"မင္းရဲ႕ ရိုးသားမႈကို အသိအမွတ္ မျပဳဘူး"
စုလုရီ ဆြံ႕အ,သြားေလသည္။ ထို႔ေနာက္ ေရခ်ိဳးကန္မွ ထြက္ၿပီး ေရစိုထားေသာ ဆံပင္မ်ားကို အေျခာက္ခံစက္ျဖင့္ မႈတ္လိုက္သည္။
ထိုအခ်ိန္တြင္ က်ိဳးခ်င္းခ်န္ထံမွ စာမ်ား အဆက္မျပတ္ ဝင္လာေလသည္။
က်ိဳးခ်င္းခ်န္ - "ငါ့သူငယ္ခ်င္း ဆယ္လီတစ္ေယာက္ လာပို႔ထားတာ။ မင္း ပုံေတြ အင္တာနက္ေပၚမွာ ပ်ံ့ေနၿပီ" ဟူေသာ စာႏွင့္အတူ link ကိုပါ ပို႔လိုက္သည္။
စုလုရီက ထိတ္လန႔္စြာျဖင့္ link ကို ႏွိပ္ၾကည့္လိုက္၏။
ေခ်ာေမာလွပေသာ လူတစ္ေယာက္၏ ပုံကို ေတြ႕လိုက္ရသည္။
စုလုရီက ခဏတာ ေၾကာင္သြား၍ ေနာက္မွ သတိျပန္ဝင္လာၿပီး "အိုး၊ အဲ့ဒါ ငါပဲ" ဟု ေရ႐ြတ္လိုက္သည္။
အေၾကာင္းရင္းကို မသိ၍ က်ိဳးခ်င္းခ်န္အား စာျပန္ပို႔၍ ေမးလိုက္သည္။
စုလုရီ - "ဘယ္လိုေတြ ျဖစ္သြားတာလဲ"
က်ိဳးခ်င္းခ်န္ -"ဘန္ယမ္း ေရွးေဟာင္းလမ္းေတြက နာမည္ႀကီးေတာ့ ဆယ္လီေတြ ဓာတ္ပုံ လာရိုက္တတ္ၾကတယ္။ ခန႔္မွန္းရသေလာက္ကေတာ့ မင္းကို တစ္ေယာက္ေယာက္က ဓာတ္ပုံရိုက္ၿပီး website မွာ ေရာင္းလိုက္တာ ျဖစ္မယ္"
စုလုရီက "ပိုက္ဆံ ရွာလာတာ အဲ့ေလာက္လြယ္မယ္ဆိုရင္ ခြန္ဝိုင္ကို မေရာင္းပါဘူး" ဟု ေတြးလိုက္၏။
စုလုရီက ခဏၾကာ စဥ္းစားလိုက္ၿပီး သူ႕ အစ္ကိုႀကီးကို ေျပာျပရန္ ဆုံးျဖတ္လိုက္သည္။
စုလုရီ - "အစ္ကိုႀကီး၊ ျပစရာရွိလို႔" ဟူေသာ စာႏွင့္အတူ link ကိုပါ တြဲပို႔လိုက္သည္။
စုခ်ီ -"ဘာေတြလဲ။ ရွင္းျပဦး"
စုလုရီ - "ခဏေလးေနာ္၊ ရွင္းျပမယ္"
စုခ်ီ - "အဝတ္အစား အရင္ သြားဝတ္လိုက္ဦး"
စုလုရီ - "ဘာလို႔လဲ"
စုခ်ီ - "ေအးေနတယ္"