☀️The Will Of The Heart🌻

By herennaykyar

1.1M 32.9K 3K

ဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်... More

☀️The Will OF The Heart🌻
🌻အခန်း(၁)🌻
🌻အခန်း(၂)🌻
☀️King&Nay🌻
🌻အခန်း(၃)🌻
🌻အခန်း(၄)🌻
🌻အခန်း(၅)🌻
🌻Nay Familyမှ နှစ်သစ်ဆုတောင်း🌻
🌻အခန်း(၆)🌻
🌻အခန်း(၇)🌻
🌻အခန်း(၈)🌻
☀️King☀️
🌻အခန်း(၉)🌻
🌻အခန်း(၁၀)🌻
☀️King&Nay🌻
🌻အခန်း(၁၁)🌻
🌻အခန်း(၁၂)🌻
☀️Starring🌻
🌻အခန်း(၁၃)🌻
🌻အခန်း(၁၄)🌻
🌻အခန်း(၁၅)🌻
🌞Funny🌞
🌻အခန်း(၁၆)🌻
🌻အခန်း(၁၇)🌻
🌻အခန်း(၁၈)🌻
🌻အခန်း(၁၉)🌻
☀️King&Nay🌻
🌻အခန်း(၂၀)🌻
🌻အခန်း(၂၁)🌻
🌻အခန်း(၂၂)🌻
🌻အခန်း(၂၃)🌻
🌻အခန်း(၂၅)🌻
🌻အခန်း(၂၆)🌻
🌻အခန်း(၂၇)🌻
☀️ပုံအပ်ဒိတ်🌻
🌻အခန်း(၂၈)🌻
🌻အခန်း(၂၉)🌻
🌻အခန်း(၃၀)🌻
🌻အခန်း(၃၁)🌻
🌻အခန်း(၃၂)🌻
🌻အခန်း(၃၃)🌻
🌻အခန်း(၃၄)🌻
🌻အခန်း(၃၅)🌻
🌻အခန်း(၃၆)🌻
🌻အခန်း(၃၇)🌻
☀️Photo Update🌻
🌻အခန်း(၃၈)🌻
🌻အခန်း(၃၉)🌻
🌻အခန်း(၄၀)🌻
🌻အခန်း(၄၁)🌻
🌻အခန်း(၄၂)🌻
☀️နေကင်းနှင့်အတ္တသစ္စာ🌻
🌻အခန်း(၄၃)🌻
🌻အခန်း(၄၄)🌻
🌻အခန်း(၄၅)🌻
🌻အခန်း(၄၆)🌻
🌻အခန်း(၄၇)(ဇာတ်သိမ်း)🌻
☀️စာဖတ်သူများသို့ ကျေးဇူးတင်လွှာ🌻
Just promotion
About selling PDF file

🌻အခန်း(၂၄)🌻

16.4K 562 40
By herennaykyar

'မာမီ...ဒီမြူစွမ်လေးတော့ ကုန်အောင်သောက်လိုက်ပါ..ဆေးသောက်ရဦးမယ်လေ..'

မာမီ ဘာမှမစားဘဲ အခန်းအောင်းနေတာ ရက်အတော်ကြာပြီ။ သူလည်း အလုပ်ကိစ္စတွေများပြားရှုပ်ထွေးနေသဖြင့် မာမီ့ကိုတောင် ဂရုမစိုက်နိုင်ခဲ့ပါ။ သူ မအားသည့်ရက်တွေမှာ မာမီ့မျက်နှာ ချုံးချုံးကျ အိုစာသွားခဲ့ပြီ။

'မသောက်ချင်ပါဘူးသားငယ်ရယ်... မာမီ ဘာမှစားမဝင်ဘူး..'

ဒေါ်မျိုးမြင့်ကြွယ်က မြူစွမ်ပန်းကန်ကိုတောင် ကြည့်ချင်စိတ်မရှိတော့သလိုမျိုး ခေါင်းခါပြ၍...

'ဒီနေ့ဆို သားရဲ့အစ်ကို ဆုံးသွားခဲ့တာ (၈)နှစ်ပြည့်ပြီ၊ မာမီ့သားကြီးခမျာ ဘယ်သူက ဘာရန်ငြှိုးနဲ့သတ်သွားမှန်းမသိ အသေစောခဲ့ရှာတယ်.. မင်းဒက်ဒီကလည်း သူများပယောဂကြောင့် ဆေးရုံမှာမြောနေတာ ကြာလှပါပေါ့လား... မာမီတို့မိသားစု ဘယ်လိုဝဋ်ကြွေးတွေကြောင့် ဒီလိုစိတ်ဒုက္ခတွေ၊ သောကတွေကြုံနေရတာလဲ နားမလည်တော့ပါဘူးသားရယ်..'

မာမီ မချိတင်ကဲပြော၍ ငိုကြွေးနေတော့ ဈာန်ရဲ မာမီ့ကိုဖက်ထားရင်း ကျိခနဲအံကြိတ်မိသည်။ သူကိုယ်တိုင် မာမီ့မျက်ရည်တွေကို သုတ်ပေးရုံမှလွဲ၍ မာမီ့သောကတွေကိုဖြေဖျောက်ပေးဖို့ မတတ်နိုင်သေးပါ။

'ဒက်ဒီက ပြန်ကောင်းလာမှာပါ မာမီ.. အစ်ကိုလည်း ကောင်းရာမွန်ရာရောက်နေမှာပါ..မာမီ့ဘေးမှာ သားတစ်ယောက်လုံးရှိပါသေးတယ်..'

မာမီ့ကို အမျိုးမျိုးနှစ်သိမ့်ဖျောင်းဖျပေး၍ မြူစွမ်ဝင်အောင်တိုက်ရသည်။ မာမီ ဆေးသောက်ပြီး အိပ်ပျော်သွားမှ သူအခန်းထဲက ထွက်ခွင့်ရ၏။

နှစ်တိုင်း အစ်ကို့အုတ်ဂူဆီသွားနေကျမို့ ဒီနေ့လည်း ခရစ်ယာန်သင်္ချိုင်းသို့သွား၍ ပန်းစည်းသွားချဖြစ်သည်။ သူ့ထက် လေးနှစ်ပဲကြီးသည့် အစ်ကို့ကို နောက်ဆုံးမြင်လိုက်ရသည့်အချိန်ဟာ သင်္ခယာဆိုသော နယ်နိမိတ်ဧရိယာအတွင်း စံကားပင်တွေနားမှာ စွန်လွှတ်နေချိန်ဖြစ်သည်။
အစ်ကို မသေဆုံးခင် ထိုနေ့က သူ့ကို စွန်လွှတ်ဖို့ သာယာလှပသည့် နေရာတစ်ခု တွေ့ထားသည်ဟုဆို၍ သင်္ခယာ နယ်မြေအတွင်း ခေါ်လာခဲ့သည်။ ရှေးဆန်သည့်တံတိုင်းတွေ ကာရံထားသော်လည်း အထဲမှာ သဘာဝအတိုင်းတည်ရှိနေသည်ဟု ထင်ရသော မြက်ခင်းစိမ်းတွေ ရေတံခွန်တွေနှင့် တောအုပ်လေးရှိသည်။ မက်ဆီကန်နေကြာတွေကိုလည်း တောင်စောင်းပုံစံ ကမူစွန်းတွေမှာ နေရာအနှံ့တွေ့ရ၏။
သိပ်လှသည့် သင်္ခယာ နယ်မြေကို အစ်ကို ဘယ်လိုရှာတွေ့သလဲ ဟု သူမေးခဲ့ဖူးသည်။ အစ်ကိုက သူ့သူငယ်ချင်းတစ်ယောက် ပိုင်သည့်နေရာဟုရှင်းပြသည်။ ထို သူငယ်ချင်းနှင့် မိတ်ဆက်ပေးဖို့ပါ ချိန်းထားခဲ့သည်ဟု ဆိုပြန်ကာ စွန်လွှတ်ရင်းဖြင့် သူ့သူငယ်ချင်းအလာကို ညီအစ်ကိုနှစ်ယောက် စောင့်မျှော်ခဲ့ကြသည်။ သူ စွန်လွှတ်ရင်း၊ စွန်နောက်လိုက်ရင်း ​အစ်ကိုနှင့် ဝေး၍ ဝေး၍သွားမှန်းမသိခဲ့ပါ။

သူ စွန်ပြန်သိမ်းပြီး ပြန်ဖို့ဟန်ပြင်မှ ခြေလှမ်းတွေနယ်လွန်ခဲ့ကြောင်း သတိထားမိကာ အစ်ကို့ကိုလိုက်ရှာသည်။ သူတို့ လာခဲ့သည့် မူလနေရာနားမှာလည်း အစ်ကို့ကိုမတွေ့ရချေ။ အစ်ကိုက ကျီစားသန်သည်။ သူ မတွေ့နိုင်သည့် နေရာမှာပုန်းရင်း သူလိုက်ရှာသည့်အချိန်တိုင်း နောက်ကျောဘက်မှ ဘွားခနဲပေါ်လာကာ သူလန့်အောင် လုပ်နေကျ။
အစ်ကို ကျီစားသလားဟု စိတ်ခုမိလျက် တော်တော်နှင့် ရှာမတွေ့နိုင်။ သူ စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ကြောင့်ကြမှုများနှင့် ဆက်ရှာလေမှ ရေတံခွန်ဘေး ရေကန်ထဲမှာ ပေါလောပေါ်နေသည့်အစ်ကို့အလောင်းကို တုန်လှုပ်ခြောက်ခြားစွာ ရှာတွေ့ခဲ့သည်။
ရေမကူးတတ်သည့်အစ်ကိုဟာ ရေနစ်သေဆုံးခဲ့သည်ဟု ထင်ရသော်လည်း အစ်ကို့လည်ပင်းက စွန်ရစ်ဘီး ကြိုးရာကြီးကြောင့် လုပ်ကြံမှုဟု ကောက်ချက်ချခဲ့သည်။ တရားခံကိုလည်းမသိ၊ မျက်မြင်သက်သေလည်းမရှိသဖြင့် သာမန်ရေနစ်သေဆုံးမှုတစ်ခုအဖြစ်သတ်မှတ်၍ အမှုပိတ်ပစ်ခဲ့ကြသည်။
အစ်ကို့အတွက် သူဘာမှလုပ်မပေးနိုင်ခဲ့သလို ဒက်ဒီ့အတွက်လည်း တာဝန်မကျေသေးပါ။
အစ်ကို့အုတ်ဂူမှာ ပန်းစည်းချခဲ့ပြီး ကားဆီပြန်လာခဲ့လျှင် ဖုန်းဝင်လာသဖြင့် ကိုင်လိုက်ရ၏။

'ဟဲလို....'

'......,.....,.......'

'ဟုတ်ပြီ...မင်းပို့ထားတာ ငါကြည့်လိုက်မယ်..'

ကားထဲဝင်ထိုင်ပြီးမှ သူ့လူပို့ထားသည့်ဖိုင်ကို ဖွင့်ကြည့်မိကာ အပြုံးတစ်ချက်ဖြစ်သွား၏။ 'နေကြာရိုင်း' ဆိုပါလား။ နာမည်က ကဗျာဆန်သလောက် လူကလည်း လှသည်။ သူ့ထက်တောင် (၂)နှစ်ကြီးသည့် သူမက graphic designerတစ်ယောက်ဖြစ်ကာ မိဘတွေမရှိတော့ဘဲ အဒေါ်နှင့်နေသည်ဟုဆို၏။ တခြားမိသားစုဝင်ဟူ၍ မရှိဘဲ 'နေစက်ကွင်း'ဆိုသူ၏ တစ်ဦးတည်းသော သူငယ်ချင်းတဲ့လား။

သူငယ်ချင်းတွေ...တဲ့လား။ အမြွှာမောင်နှမလို့ထင်ခဲ့မိတာ တက်တက်စင်အောင် လွဲခဲ့ချေပြီ။ သူငယ်ချင်းလောက်မကသည့် ရင်းနှီးမှုတွေကို ကိုယ်တိုင်မြင်ခဲ့ရသောကြောင့် ပို၍အံ့သြမိခြင်းဖြစ်၏။ မောင်နှမအရင်းတွေတောင် ရုပ်ချင်းမဆင်တာမျိုးတွေ့ဖူးပေမဲ့ နေစက်ကွင်းနှင့် နေကြာရိုင်းကတော့ သွေးသားမတော်စပ်ဘဲ နာမည်တူ၊ ရုပ်ဆင်သည့် ရှားပါးတွေပါလား။

သူမ၏ဘိုင်အိုဂရပ်ဖီကို စုံစမ်းပေးသူက သူမကို Treza Studioနားမှာမြင်လိုက်သည်ဟု အတိအကျညွှန်လိုက်သဖြင့် သူ ထိုနေရာသို့ အမြန်ဆုံးရောက်လာခဲ့သည်။

'ဒုက္ခပါပဲ..ဒီထီးကတစ်မျိုး..အရေးထဲ လေကတိုက်နေသေးတယ်..'

ရန်ကုန်မိုးက ဆောင်းဦးရာသီမှာတောင် အစိုးမရ။ အချိန်မရွေး ရွာသွန်းနိုင်​ခြေပြနေသည်။ လေ အနည်းငယ်လာနေသဖြင့် အမြော်အမြင်ရှိရှိ ထီးယူလာခဲ့တာ မှန်သွားပြီ။

'Mirror...အရမ်းမြန်မြန်မသွားနဲ့လေ.. ငါ့ကိုစောင့်ဦး...'

Mirrorကိုလည်း လှမ်းအော်ရသေးသည်။ ကဖေးဆိုင်ထဲဝင်ဖို့ ထီးပိတ်လိုက်ပေမဲ့ ထီးခလုတ်က ကျပ်နေသဖြင့် အတော်နှင့်ပိတ်မရ။ ပိတ်မရသည့်ကြားထဲမှာ လေတစ်ချက်အဝှေ့ကြောင့် ထီးက အထက်သို့လန်၍ လက်ထဲမှလွတ်ကာ လွင့်စင်သွားသည်။

'အယ်...ထီးပါသွားပြီ..'

လွင့်ပါသွားသည့်ထီးနောက် ပြေးလိုက်လာခဲ့စဥ် တစ်စုံတစ်ယောက်က ထိုထီးကိုဖမ်းယူလာကာ ပိတ်လျက်သားပြန်ပေး၏။

'ရော့..ခင်ဗျားထီး...'

နေ ထိုသူ့ထံမှ ထီးကို လက်ကမ်းယူ၍ ခေါက်သိမ်းလိုက်ပြီး...
'ကျေးဇူးပါနော်..'ဟုဆိုသည်။ ထီးပြန်ပေးသည့် ထိုသူသည် ဟိုတလောက Capitalမှာ တွေ့ခဲ့သူမှန်း ချက်ချင်းမှတ်မိလိုက်၏။

သူ့ကိုပြုံးသည်ဆိုရုံမျှ ပြုံးပြပြီး ဆိုင်ထဲဝင်လာကာ Mirrorစောင့်နေသည့်စားပွဲမှာဝင်ထိုင်သည်။

'Mirror...နင့်ဖို့အသားမှာပေးမယ်..'

ဝိတ်တာကိုခေါ်၍ စားစရာတွေမှာပြီး နာရီတစ်ချက်ကြည့်၍ ထိုင်စောင့်နေစဥ် သူမတစ်ယောက်တည်းရှိနေသည့်စားပွဲဝိုင်းသို့ စောစောကလူ ဝင်ထိုင်လာသည်။

'ကျွန်တော် ဒီဝိုင်းမှာထိုင်မယ်နော်...တခြားဝိုင်းတွေမှာ လူပြည့်နေလို့..'

ရည်မွန်စွာပြုံးပြ၍ ခွင့်ပြုချက်တောင်းနေသဖြင့် နေ ခေါင်းညိတ်ပြ၏။

'ရပါတယ်..'

သူမ ခွင့်ပြုလိုက်တော့ ဈာန်ရဲ ကျေနပ်သွားကာ ဝိတ်တာကိုကော်ဖီတစ်ခွက်လှမ်းမှာသည်။ သူမှာသည့်ကော်ဖီက ခဏအတွင်း ရောက်လာပြီး နေ့အတွက် စားစရာတွေကတော့ မလာသေးပါ။

'ခင်ဗျား ကျွန်တော့်ကို ဒီတစ်ခါတော့ မှတ်မိလောက်ပြီထင်ပါတယ် မနေကြာရိုင်း..'

Mirrorခေါင်းလေးကိုသပ်ပေးနေစဥ် ကိုယ့်နာမည်ကိုခေါ်လိုက်သဖြင့် နေ မျက်နှာမော့လာသည်။

'ရှင် ကျွန်မနာမည်ကိုသိနေတာလား..'

အံ့သြစွာမေးလျှင် ဈာန်ရဲက ကော်ဖီကိုတစ်ငုံသောက်၍..

'ခင်ဗျား Treza Studioမှာ ကြော်ငြာရိုက်နေတဲ့အလှမာန်နဲ့ချိန်းထားတာမို့လား...'

'ဟင်...ဒါလည်း ဘယ်လိုသိတုံး...'

နေ မျက်ခုံးပင့်သွားရပြန်ပြီ။ ဈာန်ရဲက ပြုံးလိုက်ရင်း..

'အလှမာန်က ကျွန်တော့်ရည်းစားလေ...'

'ဟောတော်...'

နေ အာမေဍိတ်သံထွက်သွားလျက် ပါးစပ်ကိုလက်ဝါးဖြင့် ကပျာကယာအုပ်လိုက်မိသည်။

'အခုတော့ ကျွန်တော်တို့နှစ်ယောက် လမ်းခွဲလိုက်ပါပြီ... တမြန်နေ့ကမှ လမ်းခွဲလိုက်တာ.. သူက ကျွန်တော့်ကိုကျော်ပြီး နောက်တစ်ယောက်တွေ့သွားပြီတဲ့လေ...'

ဈာန်ရဲပြောနေသမျှ နေ မျက်လုံးလေးဝိုင်းလျက် ပါးစပ်အဟောင်းသားနှင့်နားထောင်နေတော့သည်။

'ကျွန်တော်တို့ လေးနှစ်ကြာတွဲခဲ့တယ် ၊ လူသိရှင်ကြားစေ့စပ်ခဲ့တယ်.. ဒါပေမဲ့ အခုတော့စေ့စပ်ပွဲလည်း ပျက်သွားပါပြီ..'

သူက ဆွေးမြည့်ကြေကွဲသလိုပြောရင်း ကော်ဖီသောက်မပျက်ချေ။ နေ့မှာသာ သူ့စကားတွေကြောင့် မျက်တောင်ခတ်ဖို့ပင် မေ့နေ၏။

'သူ အခုတွဲနေတဲ့လူက 'နေစက်ကွင်း'တဲ့လေ..အဲဒီ့လူက ခင်ဗျားသူငယ်ချင်းမဟုတ်လား..'

ဈာန်ရဲကပဲမေး၊ ဈာန်ရဲကပဲဖြေပြီး နေက ဘာမှပြန်မပြောဘဲ အသံတိတ်နေဆဲ။

'ခင်ဗျားကို ဒီလိုမျိုးပြောရတာ အားနာမိပါတယ်၊ ကျွန်တော် နည်းနည်းမွန်းကြပ်လာလို့..'

'ရပါတယ်...ကိစ္စမရှိပါဘူး..'

နေက လက်ကာပြရင်း ဝိတ်တာလာချပေးသည့်စားစရာတွေကိုပင် မစားအားသေးဘဲ Mirrorကို သီးသန့်ပန်းကန်နှင့်ထည့်လာသည့်အသားပြုတ် ကျွေးနေသည်။

'ခင်ဗျားနဲ့ကျွန်တော် ဒီတစ်ခါရောဆို ဆုံဖူးတာ သုံးခါရှိပြီနော်..ခင်ဗျားက ကျွန်တော့်ထက်အသက်လည်းပိုကြီးလောက်မယ်ထင်တယ်၊ ကျွန်တော်တို့ မိတ်ဆွေဖြစ်လို့ရမလား.. '

'မိတ်ဆွေဖြစ်လို့ရမလား'ဆိုသည့်အမေးကြောင့် နေ မျက်လွှာပင့်ကြည့်သည်။ ကင်းက ရာမနှင့်သင်္ဂိုရ်မှလွဲ၍ ဘယ်ယောက်ျားလေးမိတ်ဆွေမှ ထားတာမကြိုက်။ အခုလည်း မာန်က ချိန်းလို့သာ ကင်းမရှိတုန်း အပြင်ထွက်လာရသည်ဖြစ်၍ စိတ်တထင့်ထင့်နှင့် လှည့်ပြန်ချင်နေပြီ။

'ကျွန်တော့်ကို မိတ်ဆွေအဖြစ် လက်ခံရမှာ ဝန်လေးနေရင်လည်း ရပါတယ်၊ ကျွန်တော်က ဒီတိုင်း ခင်ချင်ရုံပါ...'

နေ ငြိမ်နေတော့ ဈာန်ရဲကပဲ ထပ်ပြောသည်။

'အဲ့လိုမဟုတ်ပါဘူး..ကျွန်မက ကိုယ့်ဘာသာ တစ်ယောက်တည်းသီးသန့်နေတတ်တဲ့သူမို့လို့ပါ...'

'နေစက်ကွင်းနဲ့ခင်ဗျားကတော့ အရမ်းခင်ကြတဲ့ပုံပဲနော်.. ရုပ်ချင်းလည်းတူကြတယ်..အမြွှာတွေအတိုင်းပဲ..'

'လူတိုင်း ပြောကြပါတယ်...'

နေ့ မျက်နှာလေး ပြုံးယောင်ယောင်ဖြစ်သွားတာကို ဈာန်ရဲသတိထားမိလိုက်၏။

'ဒါပေမဲ့ အကျင့်စရိုက်ချင်း စိတ်ဓာတ်ချင်းတော့ တခြားစီပဲထင်တယ်၊ ခင်ဗျားက ဖြူစင်သလောက် သူက ကောက်ကျစ်ဉာဏ်များတယ်...မာယာကြွယ်တယ်..ဆိုးသွမ်းပြီးတော့ ရက်စက်တယ်..'

'ဟင်..ဘယ်သူကပြောတာလဲ ..ကင်းက လူဆိုးမဟုတ်ပါဘူး..'

နေ ရုတ်တရက်ဖြေရှင်းလိုက်မိပြီးမှ ပါးစပ်ပြန်ပိတ်ရသည်။'ကင်း'လို့ခေါ်လိုက်တာကိုသတိထားမိသည့် ဈာန်ရဲက ကော်ဖီကိုလက်စသတ်၍ ပြုံးလိုက်ကာ..

'အဟွန်း...ကျွန်တော်လည်း သူ့အကြောင်း မကြားရမသိရရင် ခင်ဗျားမျက်နှာကြောင့် သူ လူဆိုးမဟုတ်ပါဘူးလို့ ယုံမိမှာပါ..'

ကင်းကို အတော်များများ မကောင်းမြင်ကြ၊ပြောကြတာတွေ ကြားရဖန်များလာတော့ နေ စိတ်မကောင်းဖြစ်မိသည်။ ကင်းက လူဆိုးမဟုတ်ကြောင်း၊ သေချာပေါင်းကြည့်မှ သူ့အကြောင်းနားလည်လာမည်ဖြစ်ကြောင်း ရှင်းပြချင်သည်။ သို့သော် သူမရှေ့မှလူက ကင်းကိုမကျေနပ်ချက်တွေများနေပုံပင်။ ထိုသူက မာန့်ရည်းစားဟောင်းဖြစ်နေသောကြောင့်လည်း ကင်းအစား အားနာမိသည်။

'ကျွန်မ သူ့အစား ရှင့်ကိုအားနာပါတယ်.. သူက နည်းနည်းတဇောက်ကန်းဆန်တာကလွဲရင် အရမ်းကောင်းတဲ့လူပါ၊ ရှင် ဘယ်လိုတွေကြားထားမှန်းမသိပေမဲ့ ကင်းက ရှင်ထင်သလိုမဟုတ်ဘူးဆိုတာ ကျွန်မအသိဆုံးပါ...'

'အရမ်းကောင်းတဲ့လူ'ဆိုသည့်အသုံးအနှုန်းကြောင့် ဈာန်ရဲ မသိမသာ နှုတ်ခမ်းမဲ့ပြုံး၏။

'ခင်ဗျားက သူငယ်ချင်းကိုတော့ အကောင်းမြင်ပြီး ကာကွယ်ပေးတတ်သားပဲနော်၊ ကျွန်တော် ခင်ဗျားကိုခင်မင်စိတ်ဖြစ်မိတာ မလွန်ဘူးပဲ.. ခင်ဗျားနဲ့တကယ် မိတ်ဆွေဖြစ်ချင်တာပါ.. ခင်ဗျား ဆန္ဒရှိရင် ကျွန်တော့်နာမည်ပြောပါမယ်..မဟုတ်ရင်တော့ ကျွန်တော် ဒီတိုင်းနှုတ်ဆိတ်ပြီးလှည့်ပြန်သွားပါမယ်..'

နေ Mirrorကိုပွတ်သပ်ရင်း တိတ်ဆိတ်နေဆဲမှာ ဈာန်ရဲက ဝိတ်တာခေါ်၍ ပိုက်ဆံရှင်းပြီး ထရပ်သည်။

'ရှင့်နာမည်ပြောပါ..'

လှည့်ပြန်ဖို့ ဟန်ပြင်စဥ် မထင်မှတ်သည့်အမေးကြောင့် ဈာန်ရဲမျက်နှာကြီးဝင်းပသွား၏။

'ကျွန်တော့်နာမည်ဈာန်ရဲတိုက်ပါ.. ခင်ဗျား ကျွန်တော့်ကို မိတ်ဆွေအဖြစ် လက်ခံတယ်ပေါ့နော်..'

'အင်း...ကျွန်မကို ရိုးသားစွာခင်မင်ရင်းနှီးချင်တဲ့လူတိုင်းကို ကျွန်မမိတ်ဆွေအဖြစ် လက်ခံပြီးသားပါ...'

နေ ပြောလိုသည့်အဓိပ္ပါယ်ကို ဈာန်ရဲ ကောင်းကောင်းနားလည်နေသည်။ ထို့ကြောင့် ပီပြင်စွာပြုံး၍ ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။

'လမ်းမှာတွေ့ရင်လည်း နှုတ်ဆက်မယ်နော်..ပြီးတော့ ကျွန်တော်တို့မိတ်ဆွေဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီဝိုင်းအတွက် ကျွန်တော်..'

'အဲဒါတော့မလုပ်ပါနဲ့..လက်မခံပါဘူးရှင်..မာန် လာဦးမှာမို့ပါ...'

'ဟုတ်ပါပြီ..ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး..'

ဈာန်ရဲ နှုတ်ဆက်ပြီးပြန်သွားလျှင် နေတစ်ယောက်တည်း Mirrorနှင့်အတူကျန်ခဲ့သည်။ ဈာန်ရဲတိုက် ဆိုသည့်လူကို မိတ်ဆွေအဖြစ် လက်ခံလိုက်တာ မှားမည်မထင်ပါ။ ထိုသူ လူကောင်းလား၊လူဆိုးလား တစ်ခါမြင်ရုံနှင့်အကဲခတ်ဖို့မလွယ်သည်မို့ ခေါ်ပြောဆက်ဆံကြည့်မှသိနိုင်မည်။ ထို့ပြင် သူက ကင်းကို နက်ရှိုင်းစွာ မုန်းတီးနေပုံပင်။ထိုသူ့ထံမှ မာန်နှင့်ပတ်သက်သည်ထက်ပိုသော အငြှိုးတွေကို နေ ခံစားမိသည်။ ကင်းက သူတို့ထင်ထားသလို လူဆိုးမဟုတ်ဘူးဆိုတာကိုလည်း သက်သေပြချင်၏။
နေတစ်ယောက်တည်း အတွေးတွေ လွင့်မျောနေစဥ် မာန် ရောက်လာသည်။

'bae...စောင့်နေတာကြာပြီလား..'

မာန်က အပြုံးလေးနှင့်မေးရင်း စောစောက ဈာန်ရဲထိုင်ခဲ့သည့်ခုံမှာ ဝင်ထိုင်၏။

'မကြာသေးပါဘူး မာန်ရဲ့...နေက တမင်စောလာခဲ့တာ..'

'baeတစ်ယောက်တည်းလာတာလား..ကို လိုက်ပို့တာလား..'

'နေတစ်ယောက်တည်း Taxiငှားလာတာ..ဒီကိုလာတာ ကင်းမသိဘူး..'

'baeက ကားမမောင်းတတ်ဘူးလား...'

'ဟင့်အင်း...ကားကြောက်လို့မမောင်းရဲဘူး...'

နေ့စကားကြောင့် မာန်က တခစ်ခစ်ရယ်သည်။

' baeရယ်..မာန်တို့တောင် ကိုယ့်ကားကိုယ်မောင်းပြီးသွားလာနေတာ.. ကားမောင်းသင်လိုက်ရင် baeလည်း ကြောက်စိတ်ပျောက်သွားမှာပါ...'

မာန်က ရယ်သံစွက်၍ ပြောနေပေမဲ့ နေက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် မပီမပြင်ပြုံးလျက်..

'နေ့ဒက်ဒီနဲ့မာမီက နေငယ်ငယ်ကတည်းက ကားအက်ဆီးဒန့်ဖြစ်ပြီး ဆုံးသွားတာ.. အဲဒါကြောင့် နေ ကိုယ်တိုင် ကားမောင်းဖို့လန့်နေတာပါ..'

'ဪ..ဖြစ်ရလေ..မာန်မသိလို့ပြောမိတာ ဆောရီးနော်...'

'ရပါတယ် မာန်..'

မာန်က ဝိတ်တာကိုခေါ်၍ juiceမှာပြီးမှ..

'မာန် အခုလိုချိန်းတာ baeကိုရင်ဖွင့်ချင်လို့ပါ.. baeအိမ်ထိ လာပြီးပြောချင်ပေမဲ့ အဆင်မပြေလို့လေ...'

'ဘာများ ရင်ဖွင့်ချင်လို့လဲ မာန် ..'

နေက မာန် ဘာပြောမလဲ ခန့်မှန်းမိပြီးပြီဖြစ်၍ တည်ငြိမ်စွာနားစွင့်နေ၏။ ကင်းအကြောင်းမှ လွဲ၍ အခြားမရှိနိုင်။ မာန်က ပြောဖို့စကားလုံးတွေ ရွေးချယ်စီစဥ်နေပုံဖြင့် အတန်ကြာမှ...

'တကယ်တော့လေ ...မာန် ကိုစက်နဲ့မတွဲခင် စေ့စပ်ထားတဲ့လူရှိတယ်၊ သူနဲ့မပြတ်သေးဘဲ ကိုစက်ကို ထပ်တွဲသလိုဖြစ်ခဲ့တယ်.. မာန့်မှာ ဘဲရှိတာကို ကိုစက်မသိလောက်ဘူးထင်လို့ ဖုံးဖိထားခဲ့မိတယ်.. အခု အဲဒီ့တစ်ယောက်နဲ့လည်း လမ်းခွဲလိုက်ပါပြီ၊ သူ့ကိုလမ်းခွဲပြီး ကိုစက်ကို ရွေးခဲ့တဲ့အတွက် မာန့်ကိုလက်ညှိုးထိုးကဲ့ရဲ့ကြတာတွေလည်း ကြုံရတယ်၊ ဒါပေမဲ့ မာန်ဂရုမစိုက်ခဲ့ဘူး.. ဘာဖြစ်လို့လဲဆိုတော့ မာန် ကိုစက်ကိုသိပ်ချစ်မိသွားလို့.. အဲဒီ့အတွက် ဘယ်သူဘာပြောပြော မာန် ကိုစက်ကိုပဲ ရွေးချယ်မှာ..မာန့် ရွေးချယ်မှုကြောင့် ကြုံလာရမယ့်အကျိုးဆက်တွေကို ခံနိုင်ရည်ရှိဖို့လည်း အားမွေးထားတယ်...'

မာန်က သူမရှေ့ရောက်လာသည့် ဖရဲဖျော်ရည်ကိုပင် မသောက်အားဘဲ ဆက်ပြောနေပြန်သည်။

'မာန် ကိုစက်ကို တကယ်ချစ်မိသွားတာ bae.. သူ့ကိုလက်လွှတ်ဆုံးရှုံးရမယ်ဆိုရင်တော့ မာန် ခံနိုင်ရည်ရှိမယ်မထင်ဘူး...'

မာန့်စကားတွေက နေ့ရင်ဘတ်တည့်တည့်ကို လာရောက်ထိမှန်လေသည်။ နေ ကွေ့တီယို စားဖို့ပင်မေ့ကာ အသံတိတ်နေ၏။

'တစ်ခါတလေကျတော့လည်း မာန့်ဘက်က တစ်ဖက်သတ်ချစ်နေရသလိုပဲ သိလား.. ကိုစက်က မာန့်ကို စတွဲခါစအချိန်ကလွဲရင် အခုနောက်ပိုင်း လုံးဝအရေးမလုပ်ဘူး၊ မာန် ဖုန်းခေါ်တိုင်းလည်း မကိုင်ဘူး.. ဖွင့်ပွဲနေ့က ပြန်မယ်ဆိုလည်း မာန့်ကိုနှုတ်ဆက်ခဲ့ဖို့ကောင်းပါတယ်.. မပြောမဆိုနဲ့ပြန်သွားတော့ မာန် အရမ်းခံစားရတယ်.. မာန် သူ့ကိုဖုန်းခေါ်နေတာ နှစ်ရက်ရှိပြီ..အခုထိ ဆက်သွယ်လို့မရသေးဘူး..'

မာန်က ပြောရင်း မျက်ရည်တွေဝေ့လာသဖြင့် နေ မာန့်ကို ကရုဏာသက်မိကာ ကင်းအစား အားနာသွား၏။

'ကင်းက အလုပ်တွေများနေလို့ပါမာန်ရယ်..သူက အိမ်တောင် အမြဲကပ်နိုင်တာမဟုတ်ဘူး၊ မာန့်ကို ပြန်ဆက်သွယ်ဖို့ နေ ပြောပေးမယ်.. စိတ်ချနော်..'

'ကျေးဇူးပါပဲ baeရယ်... baeနဲ့ကိုစက် မောင်နှမ မဟုတ်ဘူးဆိုတာလည်း မာန်သိထားတာမကြာသေးပါဘူး၊ ကိုစက်က baeအပေါ်မှာတော့ တကယ် အစ်ကိုလို သူငယ်ချင်းလို ကောင်းတဲ့လူပဲနော်... မာန် baeကို အရမ်းအားကျရတယ်..baeလောက် မဟုတ်ရင်တောင် ကိုစက်ဆီက ဂရုစိုက်မှုနည်းနည်းလေး ရရင် ပျော်မိမှာ..မာန့်ကို သူများတွေက ပြောကြတယ်..ကိုစက်က အပျော်ပဲတွဲတာတဲ့... ရှေ့က မိန်းကလေးတွေလိုပဲ မာန့်ကိုလည်း ထားခဲ့ဦးမှာတဲ့...'

'ဟယ် မာန်ရယ်.. သူများစကားတွေအာရုံထားမနေနဲ့၊ သူတို့က မလိုလို့လျှောက်ပြောနေတာ...'

မာန့်မျက်နှာလေး ညိုနေတော့ နေ မာန့်ကို ဖေးမနှစ်သိမ့်ပေးမိသည်။ ရင်ထဲမှာ နင့်သည်းသော ဝေဒနာတစ်ရပ်ကိုလည်း ခံစားလိုက်ရ၏။ ကင်းကို ဆုံးရှုံးရမှာ ကြောက်မိသော စိတ်နှင့် မာန့်ကိုအားနာမိသောစိတ်တို့ အပြိုင်အဆိုင် လွန်ဆွဲနေကြပြီး ဘေးလူဖြစ်သည့်သူမကသာ ကိုယ့်ခံစားချက်တွေကို မျိုသိပ်သိမ်းဆည်း၍ မာန့်အတွက် ဘေးထွက် နေပေးလိုက်တော့မည်။ ကင်းက အချိန်တန်လျှင် မိန်းမယူမည့်သူ။ သူ့ကို တခြားသောမိန်းမ၏လက်ထဲ ကျေနပ်ကြည်ဖြူစွာ ထည့်လိုက်နိုင်ဖို့ အခုကတည်းက ကြိုတင်၍ခံနိုင်ရည်မွေးထားရမည်မဟုတ်လား။

ကင်းအပေါ်မှာ အဖြူရောင်သံယောဇဥ်မှတစ်ဆင့်ပြောင်းလဲခဲ့သော အချစ်စိတ်တွေ၊ ရင်ခုန်သာယာမှုတွေကို ထိန်းချုပ်သော့ခတ်ထားတော့မည်။
နေ မျက်နှာကို အတတ်နိုင်ဆုံးကြည်လင်စွာ ပြုံးထားရင်း...

'မာန် သူများစကားတွေကိုလျစ်လျူရှုလိုက်နော်...ကင်းကိုယုံတယ်မို့လား..'

မာန့်လက်တွေကို ထွေးဆုပ်၍ မေးလျှင် မာန်က ခေါင်းညိတ်ပြ၏။ နှစ်ယောက်သား ဘာမှလည်း ဟုတ်တိပတ်တိမစားဖြစ်ဘဲ ပြန်ဖို့ဟန်ပြင်ရသည်။

'baeကို မာန် လိုက်ပို့မယ်...'

နေ မငြင်းဖြစ်ဘဲ မာန့်သဘောအတိုင်း မာန့်ကားပေါ်ပါလာခဲ့သည်။ ထီးနှင့် Mirrorကိုလည်း ကားပေါ် မမေ့မလျော့တင်သည်။

'bae ခွေးတော့ ထိန်းထားနော် ၊ မာန်ကြောက်လို့..'

မာန်က Mirrorကို အကပ််မခံရဲသဖြင့် နေ Mirrorကို ကားနောက်ခန်းမှာပို့ထားရသည်။ အိမ်ပြန်မရောက်သေးခင် လမ်းခုလတ်မှာ ကားကြပ်နေသောကြောင့် အတော်ကြာအောင် မီးပွိုင့်စောင့်နေကြစဥ်..

'ဟာ...တိုက်ပြီဟ...'

ရုတ်ရုတ်သဲသဲအော်သံတွေကြားလိုက်ရကာ မာန်နှင့်နေလည်း အသံတွေလာရာဆီ လှမ်းကြည့်မိကြသည်။ Mirrorက ကားထဲမှ ခေါင်းထောင်ကြည့်၍ တဝုတ်ဝုတ်ဟောင်နေ၏။

'ကားနဲ့တိုက်မိတာ ပွဲချင်းပြီးပဲ.. အဲဒီကောင်လေးက ဒီမီးပွိုင့်မှာ ဇွန်ပန်းရောင်းနေကျဗျ..သနားပါတယ်..'

လူတွေဝိုင်းအုံ၍ တစ်ယောက်တစ်ပေါက်ပြောနေကြတာတွေနားထောင်ရင်း နေ မျက်လုံးလေးဝိုင်းနေသည်။ မြင်လွှာထဲမှာ ကားတစ်စီး၏ ပုံရိပ် ပေါ်လာကာ သူမ ထိတ်လန့်စိတ်ကြောင့် ခေါင်းကို လက်နှင့်ဖိထားရင်း အသက်ရှူကြပ်လာ၏။

'bae...bae...ဘာဖြစ်လို့လဲ..နေမကောင်းဘူးလား..'

မာန် နေ့အဖြစ်ကိုသတိထားမိကာ အလန့်တကြားမေးသည်။

'မာန်...နေ နေလေ..အဲ့လိုအက်ဆီးဒန့်တွေမြင်ရရင် အရမ်းကြောက်တယ်၊ နေ အသက်ရှူကြပ်နေတယ်.. နေ့ကို မြန်မြန်ပြန်ပို့ပေးပါလား မာန်ရယ်..နော်...'

နေ မျက်ရည်တွေစီးကျလာကာ ခါးကုန်း၍ ခေါင်းဝပ်နေတော့ မာန် မီးစိမ်းသည်နှင့် ကားကို မြန်မြန် မောင်းလာခဲ့ရသည်။

နေကတော့ အိမ်ပြန်မရောက်မချင်း ဆင်းရဲကြီးစွာ ခံစားနေရလျက်...။
ကင်းရယ်... ငါ့ကို တစ်ယောက်တည်းအပြင်မထွက်ပါနဲ့ ဆိုတဲ့နင့်စကားကို ငါ နားမထောင်ခဲ့မိလို့ ဒီတစ်ခါလည်း ငါ အဆင်မပြေပြန်ဘူး ...။

☀️To be continued🌻

Zawgyi Version

🌻အခန္း(၂၄)🌻

'မာမီ...ဒီျမဴစြမ္ေလးေတာ့ ကုန္ေအာင္ေသာက္လိုက္ပါ..ေဆးေသာက္ရၪီးမယ္ေလ..'

မာမီ ဘာမွမစားဘဲ အခန္းေအာင္းေနတာ ရက္အေတာ္ၾကာၿပီ။ သူလည္း အလုပ္ကိစၥေတြမ်ားျပားရႈပ္ေထြးေနသျဖင့္ မာမီ့ကိုေတာင္ ဂရုမစိုက္ႏိုင္ခဲ့ပါ။ သူ မအားသည့္ရက္ေတြမွာ မာမီ့မ်က္ႏွာ ခ်ံဳးခ်ံဳးက် အိုစာသြားခဲ့ၿပီ။

'မေသာက္ခ်င္ပါဘူးသားငယ္ရယ္... မာမီ ဘာမွစားမဝင္ဘူး..'

ေဒၚမ်ိဳးျမင့္ႂကြယ္က ျမဴစြမ္ပန္းကန္ကိုေတာင္ ၾကည့္ခ်င္စိတ္မရိွေတာ့သလိုမ်ိဳး ေခါင္းခါျပ၍...

'ဒီေန့ဆို သားရဲ့အစ္ကို ဆံုးသြားခဲ့တာ (၈)ႏွစ္ျပည့္ၿပီ၊ မာမီ့သားႀကီးခမ်ာ ဘယ္သူက ဘာရန္ၿငႇိဳးနဲ႔သတ္သြားမွန္းမသိ အေသေစာခဲ့ရွာတယ္.. မင္းဒက္ဒီကလည္း သူမ်ားပေယာဂေၾကာင့္ ေဆးရံုမွာေျမာေနတာ ၾကာလွပါေပါ့လား... မာမီတို႔မိသားစု ဘယ္လိုဝဋ္ေႂကြးေတြေၾကာင့္ ဒီလိုစိတ္ဒုကၡေတြ၊ ေသာကေတြႀကံဳေနရတာလဲ နားမလည္ေတာ့ပါဘူးသားရယ္..'

မာမီ မခ်ိတင္ကဲေျပာ၍ ငိုေႂကြးေနေတာ့ ဈာန္ရဲ မာမီ့ကိုဖက္ထားရင္း က်ိခနဲအံႀကိတ္မိသည္။ သူကိုယ္တိုင္ မာမီ့မ်က္ရည္ေတြကို သုတ္ေပးရံုမွလြဲ၍ မာမီ့ေသာကေတြကိုေျဖေဖ်ာက္ေပးဖို႔ မတတ္ႏိုင္ေသးပါ။

'ဒက္ဒီက ျပန္ေကာင္းလာမွာပါ မာမီ.. အစ္ကိုလည္း ေကာင္းရာမြန္ရာေရာက္ေနမွာပါ..မာမီ့ေဘးမွာ သားတစ္ေယာက္လံုးရိွပါေသးတယ္..'

မာမီ့ကို အမ်ိဳးမ်ိဳးႏွစ္သိမ့္ေဖ်ာင္းဖ်ေပး၍ ျမဴစြမ္ဝင္ေအာင္တိုက္ရသည္။ မာမီ ေဆးေသာက္ၿပီး အိပ္ေပ်ာ္သြားမွ သူအခန္းထဲက ထြက္ခြင့္ရ၏။

ႏွစ္တိုင္း အစ္ကို႔အုတ္ဂူဆီသြားေနက်မို႔ ဒီေန့လည္း ခရစ္ယာန္သခ်ၤိဳင္းသို႔သြား၍ ပန္းစည္းသြားခ်ျဖစ္သည္။ သူ႔ထက္ ေလးႏွစ္ပဲႀကီးသည့္ အစ္ကို႔ကို ေနာက္ဆံုးျမင္လိုက္ရသည့္အခ်ိန္ဟာ သခၤယာဆိုေသာ နယ္နိမိတ္ဧရိယာအတြင္း စံကားပင္ေတြနားမွာ စြန္လႊတ္ေနခ်ိန္ျဖစ္သည္။
အစ္ကို မေသဆံုးခင္ ထိုေန့က သူ႔ကို စြန္လႊတ္ဖို႔ သာယာလွပသည့္ ေနရာတစ္ခု ေတြ့ထားသည္ဟုဆို၍ သခၤယာ နယ္ေျမအတြင္း ေခၚလာခဲ့သည္။ ေရွးဆန္သည့္တံတိုင္းေတြ ကာရံထားေသာ္လည္း အထဲမွာ သဘာဝအတိုင္းတည္ရိွေနသည္ဟု ထင္ရေသာ ျမက္ခင္းစိမ္းေတြ ေရတံခြန္ေတြႏွင့္ ေတာအုပ္ေလးရိွသည္။ မက္ဆီကန္ေနၾကာေတြကိုလည္း ေတာင္ေစာင္းပံုစံ ကမူစြန္းေတြမွာ ေနရာအႏွံ႔ေတြ့ရ၏။
သိပ္လွသည့္ သခၤယာ နယ္ေျမကို အစ္ကို ဘယ္လိုရွာေတြ့သလဲ ဟု သူေမးခဲ့ဖူးသည္။ အစ္ကိုက သူ႔သူငယ္ခ်င္းတစ္ေယာက္ ပိုင္သည့္ေနရာဟုရွင္းျပသည္။ ထို သူငယ္ခ်င္းႏွင့္ မိတ္ဆက္ေပးဖို႔ပါ ခ်ိန္းထားခဲ့သည္ဟု ဆိုျပန္ကာ စြန္လႊတ္ရင္းျဖင့္ သူ႔သူငယ္ခ်င္းအလာကို ညီအစ္ကိုႏွစ္ေယာက္ ေစာင့္ေမ်ွာ္ခဲ့ၾကသည္။ သူ စြန္လႊတ္ရင္း၊ စြန္ေနာက္လိုက္ရင္း ​အစ္ကိုႏွင့္ ေဝး၍ ေဝး၍သြားမွန္းမသိခဲ့ပါ။

သူ စြန္ျပန္သိမ္းၿပီး ျပန္ဖို႔ဟန္ျပင္မွ ေျခလွမ္းေတြနယ္လြန္ခဲ့ေၾကာင္း သတိထားမိကာ အစ္ကို႔ကိုလိုက္ရွာသည္။ သူတို႔ လာခဲ့သည့္ မူလေနရာနားမွာလည္း အစ္ကို႔ကိုမေတြ့ရေခ်။ အစ္ကိုက က်ီစားသန္သည္။ သူ မေတြ့ႏိုင္သည့္ ေနရာမွာပုန္းရင္း သူလိုက္ရွာသည့္အခ်ိန္တိုင္း ေနာက္ေက်ာဘက္မွ ဘြားခနဲေပၚလာကာ သူလန္႔ေအာင္ လုပ္ေနက်။
အစ္ကို က်ီစားသလားဟု စိတ္ခုမိလ်က္ ေတာ္ေတာ္ႏွင့္ ရွာမေတြ့ႏိုင္။ သူ စိုးရိမ္ပူပန္မႈ၊ ထိတ္လန္႔ေၾကာင့္ၾကမႈမ်ားႏွင့္ ဆက္ရွာေလမွ ေရတံခြန္ေဘး ေရကန္ထဲမွာ ေပါေလာေပၚေနသည့္အစ္ကို႔အေလာင္းကို တုန္လႈပ္ေျခာက္ျခားစြာ ရွာေတြ့ခဲ့သည္။
ေရမကူးတတ္သည့္အစ္ကိုဟာ ေရနစ္ေသဆံုးခဲ့သည္ဟု ထင္ရေသာ္လည္း အစ္ကို႔လည္ပင္းက စြန္ရစ္ဘီး ႀကိဳးရာႀကီးေၾကာင့္ လုပ္ႀကံမႈဟု ေကာက္ခ်က္ခ်ခဲ့သည္။ တရားခံကိုလည္းမသိ၊ မ်က္ျမင္သက္ေသလည္းမရိွသျဖင့္ သာမန္ေရနစ္ေသဆံုးမႈတစ္ခုအျဖစ္သတ္မွတ္၍ အမႈပိတ္ပစ္ခဲ့ၾကသည္။
အစ္ကို႔အတြက္ သူဘာမွလုပ္မေပးႏိုင္ခဲ့သလို ဒက္ဒီ့အတြက္လည္း တာဝန္မေက်ေသးပါ။
အစ္ကို႔အုတ္ဂူမွာ ပန္းစည္းခ်ခဲ့ၿပီး ကားဆီျပန္လာခဲ့လ်ွင္ ဖုန္းဝင္လာသျဖင့္ ကိုင္လိုက္ရ၏။

'ဟဲလို....'

'......,.....,.......'

'ဟုတ္ၿပီ...မင္းပို႔ထားတာ ငါၾကည့္လိုက္မယ္..'

ကားထဲဝင္ထိုင္ၿပီးမွ သူ႔လူပို႔ထားသည့္ဖိုင္ကို ဖြင့္ၾကည့္မိကာ အၿပံဳးတစ္ခ်က္ျဖစ္သြား၏။ 'ေနၾကာရိုင္း' ဆိုပါလား။ နာမည္က ကဗ်ာဆန္သေလာက္ လူကလည္း လွသည္။ သူ႔ထက္ေတာင္ (၂)ႏွစ္ႀကီးသည့္ သူမက graphic designerတစ္ေယာက္ျဖစ္ကာ မိဘေတြမရိွေတာ့ဘဲ အေဒၚႏွင့္ေနသည္ဟုဆို၏။ တျခားမိသားစုဝင္ဟူ၍ မရိွဘဲ 'ေနစက္ကြင္း'ဆိုသူ၏ တစ္ၪီးတည္းေသာ သူငယ္ခ်င္းတဲ့လား။

သူငယ္ခ်င္းေတြ...တဲ့လား။ အႁမြွာေမာင္ႏွမလို႔ထင္ခဲ့မိတာ တက္တက္စင္ေအာင္ လြဲခဲ့ေခ်ၿပီ။ သူငယ္ခ်င္းေလာက္မကသည့္ ရင္းႏွီးမႈေတြကို ကိုယ္တိုင္ျမင္ခဲ့ရေသာေၾကာင့္ ပို၍အံ့ၾသမိျခင္းျဖစ္၏။ ေမာင္ႏွမအရင္းေတြေတာင္ ရုပ္ခ်င္းမဆင္တာမ်ိဳးေတြ့ဖူးေပမဲ့ ေနစက္ကြင္းႏွင့္ ေနၾကာရိုင္းကေတာ့ ေသြးသားမေတာ္စပ္ဘဲ နာမည္တူ၊ ရုပ္ဆင္သည့္ ရွားပါးေတြပါလား။

သူမ၏ဘိုင္အိုဂရပ္ဖီကို စံုစမ္းေပးသူက သူမကို Treza Studioနားမွာျမင္လိုက္သည္ဟု အတိအက်ၫႊန္လိုက္သျဖင့္ သူ ထိုေနရာသို႔ အျမန္ဆံုးေရာက္လာခဲ့သည္။

'ဒုကၡပါပဲ..ဒီထီးကတစ္မ်ိဳး..အေရးထဲ ေလကတိုက္ေနေသးတယ္..'

ရန္ကုန္မိုးက ေဆာင္းၪီးရာသီမွာေတာင္ အစိုးမရ။ အခ်ိန္မေရြး ရြာသြန္းႏိုင္​ေျချပေနသည္။ ေလ အနည္းငယ္လာေနသျဖင့္ အေျမာ္အျမင္ရိွရိွ ထီးယူလာခဲ့တာ မွန္သြားၿပီ။

'Mirror...အရမ္းျမန္ျမန္မသြားနဲ႔ေလ.. ငါ့ကိုေစာင့္ၪီး...'

Mirrorကိုလည္း လွမ္းေအာ္ရေသးသည္။ ကေဖးဆိုင္ထဲဝင္ဖို႔ ထီးပိတ္လိုက္ေပမဲ့ ထီးခလုတ္က က်ပ္ေနသျဖင့္ အေတာ္ႏွင့္ပိတ္မရ။ ပိတ္မရသည့္ၾကားထဲမွာ ေလတစ္ခ်က္အေဝ႔ွေၾကာင့္ ထီးက အထက္သို႔လန္၍ လက္ထဲမွလြတ္ကာ လြင့္စင္သြားသည္။

'အယ္...ထီးပါသြားၿပီ..'

လြင့္ပါသြားသည့္ထီးေနာက္ ေျပးလိုက္လာခဲ့စဥ္ တစ္စံုတစ္ေယာက္က ထိုထီးကိုဖမ္းယူလာကာ ပိတ္လ်က္သားျပန္ေပး၏။

'ေရာ့..ခင္ဗ်ားထီး...'

ေန ထိုသူ႔ထံမွ ထီးကို လက္ကမ္းယူ၍ ေခါက္သိမ္းလိုက္ၿပီး...
'ေက်းဇူးပါေနာ္..'ဟုဆိုသည္။ ထီးျပန္ေပးသည့္ ထိုသူသည္ ဟိုတေလာက Capitalမွာ ေတြ့ခဲ့သူမွန္း ခ်က္ခ်င္းမွတ္မိလိုက္၏။

သူ႔ကိုၿပံဳးသည္ဆိုရံုမ်ွ ၿပံဳးျပၿပီး ဆိုင္ထဲဝင္လာကာ Mirrorေစာင့္ေနသည့္စားပြဲမွာဝင္ထိုင္သည္။

'Mirror...နင့္ဖို႔အသားမွာေပးမယ္..'

ဝိတ္တာကိုေခၚ၍ စားစရာေတြမွာၿပီး နာရီတစ္ခ်က္ၾကည့္၍ ထိုင္ေစာင့္ေနစဥ္ သူမတစ္ေယာက္တည္းရိွေနသည့္စားပြဲဝိုင္းသို႔ ေစာေစာကလူ ဝင္ထိုင္လာသည္။

'ကြၽန္ေတာ္ ဒီဝိုင္းမွာထိုင္မယ္ေနာ္...တျခားဝိုင္းေတြမွာ လူျပည့္ေနလို႔..'

ရည္မြန္စြာၿပံဳးျပ၍ ခြင့္ျပဳခ်က္ေတာင္းေနသျဖင့္ ေန ေခါင္းညိတ္ျပ၏။

'ရပါတယ္..'

သူမ ခြင့္ျပဳလိုက္ေတာ့ ဈာန္ရဲ ေက်နပ္သြားကာ ဝိတ္တာကိုေကာ္ဖီတစ္ခြက္လွမ္းမွာသည္။ သူမွာသည့္ေကာ္ဖီက ခဏအတြင္း ေရာက္လာၿပီး ေန့အတြက္ စားစရာေတြကေတာ့ မလာေသးပါ။

'ခင္ဗ်ား ကြၽန္ေတာ့္ကို ဒီတစ္ခါေတာ့ မွတ္မိေလာက္ၿပီထင္ပါတယ္ မေနၾကာရိုင္း..'

Mirrorေခါင္းေလးကိုသပ္ေပးေနစဥ္ ကိုယ့္နာမည္ကိုေခၚလိုက္သျဖင့္ ေန မ်က္ႏွာေမာ့လာသည္။

'ရွင္ ကြၽန္မနာမည္ကိုသိေနတာလား..'

အံ့ၾသစြာေမးလ်ွင္ ဈာန္ရဲက ေကာ္ဖီကိုတစ္ငံုေသာက္၍..

'ခင္ဗ်ား Treza Studioမွာ ေၾကာ္ျငာရိုက္ေနတဲ့အလွမာန္နဲ႔ခ်ိန္းထားတာမို႔လား...'

'ဟင္...ဒါလည္း ဘယ္လိုသိတံုး...'

ေန မ်က္ခံုးပင့္သြားရျပန္ၿပီ။ ဈာန္ရဲက ၿပံဳးလိုက္ရင္း..

'အလွမာန္က ကြၽန္ေတာ့္ရည္းစားေလ...'

'ေဟာေတာ္...'

ေန အာေမဍိတ္သံထြက္သြားလ်က္ ပါးစပ္ကိုလက္ဝါးျဖင့္ ကပ်ာကယာအုပ္လိုက္မိသည္။

'အခုေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လမ္းခြဲလိုက္ပါၿပီ... တျမန္ေန့ကမွ လမ္းခြဲလိုက္တာ.. သူက ကြၽန္ေတာ့္ကိုေက်ာ္ၿပီး ေနာက္တစ္ေယာက္ေတြ့သြားၿပီတဲ့ေလ...'

ဈာန္ရဲေျပာေနသမ်ွ ေန မ်က္လံုးေလးဝိုင္းလ်က္ ပါးစပ္အေဟာင္းသားႏွင့္နားေထာင္ေနေတာ့သည္။

'ကြၽန္ေတာ္တို႔ ေလးႏွစ္ၾကာတြဲခဲ့တယ္ ၊ လူသိရွင္ၾကားေစ့စပ္ခဲ့တယ္.. ဒါေပမဲ့ အခုေတာ့ေစ့စပ္ပြဲလည္း ပ်က္သြားပါၿပီ..'

သူက ေဆြးျမည့္ေၾကကြဲသလိုေျပာရင္း ေကာ္ဖီေသာက္မပ်က္ေခ်။ ေန့မွာသာ သူ႔စကားေတြေၾကာင့္ မ်က္ေတာင္ခတ္ဖို႔ပင္ ေမ့ေန၏။

'သူ အခုတြဲေနတဲ့လူက 'ေနစက္ကြင္း'တဲ့ေလ..အဲဒီ့လူက ခင္ဗ်ားသူငယ္ခ်င္းမဟုတ္လား..'

ဈာန္ရဲကပဲေမး၊ ဈာန္ရဲကပဲေျဖၿပီး ေနက ဘာမျွပန္မေျပာဘဲ အသံတိတ္ေနဆဲ။

'ခင္ဗ်ားကို ဒီလိုမ်ိဳးေျပာရတာ အားနာမိပါတယ္၊ ကြၽန္ေတာ္ နည္းနည္းမြန္းၾကပ္လာလို႔..'

'ရပါတယ္...ကိစၥမရိွပါဘူး..'

ေနက လက္ကာျပရင္း ဝိတ္တာလာခ်ေပးသည့္စားစရာေတြကိုပင္ မစားအားေသးဘဲ Mirrorကို သီးသန္႔ပန္းကန္ႏွင့္ထည့္လာသည့္အသားျပဳတ္ ေကြၽးေနသည္။

'ခင္ဗ်ားနဲ႔ကြၽန္ေတာ္ ဒီတစ္ခါေရာဆို ဆံုဖူးတာ သံုးခါရိွၿပီေနာ္..ခင္ဗ်ားက ကြၽန္ေတာ့္ထက္အသက္လည္းပိုႀကီးေလာက္မယ္ထင္တယ္၊ ကြၽန္ေတာ္တို႔ မိတ္ေဆျြဖစ္လို႔ရမလား.. '

'မိတ္ေဆျြဖစ္လို႔ရမလား'ဆိုသည့္အေမးေၾကာင့္ ေန မ်က္လႊာပင့္ၾကည့္သည္။ ကင္းက ရာမႏွင့္သဂႋုရ္မွလြဲ၍ ဘယ္ေယာက္်ားေလးမိတ္ေဆြမွ ထားတာမႀကိဳက္။ အခုလည္း မာန္က ခ်ိန္းလို႔သာ ကင္းမရိွတုန္း အျပင္ထြက္လာရသည္ျဖစ္၍ စိတ္တထင့္ထင့္ႏွင့္ လွည့္ျပန္ခ်င္ေနၿပီ။

'ကြၽန္ေတာ့္ကို မိတ္ေဆြအျဖစ္ လက္ခံရမွာ ဝန္ေလးေနရင္လည္း ရပါတယ္၊ ကြၽန္ေတာ္က ဒီတိုင္း ခင္ခ်င္ရံုပါ...'

ေန ၿငိမ္ေနေတာ့ ဈာန္ရဲကပဲ ထပ္ေျပာသည္။

'အဲ့လိုမဟုတ္ပါဘူး..ကြၽန္မက ကိုယ့္ဘာသာ တစ္ေယာက္တည္းသီးသန္႔ေနတတ္တဲ့သူမို႔လို႔ပါ...'

'ေနစက္ကြင္းနဲ႔ခင္ဗ်ားကေတာ့ အရမ္းခင္ၾကတဲ့ပံုပဲေနာ္.. ရုပ္ခ်င္းလည္းတူၾကတယ္..အႁမြွာေတြအတိုင္းပဲ..'

'လူတိုင္း ေျပာၾကပါတယ္...'

ေန့ မ်က္ႏွာေလး ၿပံဳးေယာင္ေယာင္ျဖစ္သြားတာကို ဈာန္ရဲသတိထားမိလိုက္၏။

'ဒါေပမဲ့ အက်င့္စရိုက္ခ်င္း စိတ္ဓာတ္ခ်င္းေတာ့ တျခားစီပဲထင္တယ္၊ ခင္ဗ်ားက ျဖဴစင္သေလာက္ သူက ေကာက္က်စ္ဉာဏ္မ်ားတယ္...မာယာႂကြယ္တယ္..ဆိုးသြမ္းၿပီးေတာ့ ရက္စက္တယ္..'

'ဟင္..ဘယ္သူကေျပာတာလဲ ..ကင္းက လူဆိုးမဟုတ္ပါဘူး..'

ေန ရုတ္တရက္ေျဖရွင္းလိုက္မိၿပီးမွ ပါးစပ္ျပန္ပိတ္ရသည္။'ကင္း'လို႔ေခၚလိုက္တာကိုသတိထားမိသည့္ ဈာန္ရဲက ေကာ္ဖီကိုလက္စသတ္၍ ၿပံဳးလိုက္ကာ..

'အဟြန္း...ကြၽန္ေတာ္လည္း သူ႔အေၾကာင္း မၾကားရမသိရရင္ ခင္ဗ်ားမ်က္ႏွာေၾကာင့္ သူ လူဆိုးမဟုတ္ပါဘူးလို႔ ယံုမိမွာပါ..'

ကင္းကို အေတာ္မ်ားမ်ား မေကာင္းျမင္ၾက၊ေျပာၾကတာေတြ ၾကားရဖန္မ်ားလာေတာ့ ေန စိတ္မေကာင္းျဖစ္မိသည္။ ကင္းက လူဆိုးမဟုတ္ေၾကာင္း၊ ေသခ်ာေပါင္းၾကည့္မွ သူ႔အေၾကာင္းနားလည္လာမည္ျဖစ္ေၾကာင္း ရွင္းျပခ်င္သည္။ သို႔ေသာ္ သူမေရ႔ွမွလူက ကင္းကိုမေက်နပ္ခ်က္ေတြမ်ားေနပံုပင္။ ထိုသူက မာန္႔ရည္းစားေဟာင္းျဖစ္ေနေသာေၾကာင့္လည္း ကင္းအစား အားနာမိသည္။

'ကြၽန္မ သူ႔အစား ရွင့္ကိုအားနာပါတယ္.. သူက နည္းနည္းတေဇာက္ကန္းဆန္တာကလြဲရင္ အရမ္းေကာင္းတဲ့လူပါ၊ ရွင္ ဘယ္လိုေတြၾကားထားမွန္းမသိေပမဲ့ ကင္းက ရွင္ထင္သလိုမဟုတ္ဘူးဆိုတာ ကြၽန္မအသိဆံုးပါ...'

'အရမ္းေကာင္းတဲ့လူ'ဆိုသည့္အသံုးအႏႈန္းေၾကာင့္ ဈာန္ရဲ မသိမသာ ႏႈတ္ခမ္းမဲ့ၿပံဳး၏။

'ခင္ဗ်ားက သူငယ္ခ်င္းကိုေတာ့ အေကာင္းျမင္ၿပီး ကာကြယ္ေပးတတ္သားပဲေနာ္၊ ကြၽန္ေတာ္ ခင္ဗ်ားကိုခင္မင္စိတ္ျဖစ္မိတာ မလြန္ဘူးပဲ.. ခင္ဗ်ားနဲ႔တကယ္ မိတ္ေဆျြဖစ္ခ်င္တာပါ.. ခင္ဗ်ား ဆႏၵရိွရင္ ကြၽန္ေတာ့္နာမည္ေျပာပါမယ္..မဟုတ္ရင္ေတာ့ ကြၽန္ေတာ္ ဒီတိုင္းႏႈတ္ဆိတ္ၿပီးလွည့္ျပန္သြားပါမယ္..'

ေန Mirrorကိုပြတ္သပ္ရင္း တိတ္ဆိတ္ေနဆဲမွာ ဈာန္ရဲက ဝိတ္တာေခၚ၍ ပိုက္ဆံရွင္းၿပီး ထရပ္သည္။

'ရွင့္နာမည္ေျပာပါ..'

လွည့္ျပန္ဖို႔ ဟန္ျပင္စဥ္ မထင္မွတ္သည့္အေမးေၾကာင့္ ဈာန္ရဲမ်က္ႏွာႀကီးဝင္းပသြား၏။

'ကြၽန္ေတာ့္နာမည္ဈာန္ရဲတိုက္ပါ.. ခင္ဗ်ား ကြၽန္ေတာ့္ကို မိတ္ေဆြအျဖစ္ လက္ခံတယ္ေပါ့ေနာ္..'

'အင္း...ကြၽန္မကို ရိုးသားစြာခင္မင္ရင္းႏွီးခ်င္တဲ့လူတိုင္းကို ကြၽန္မမိတ္ေဆြအျဖစ္ လက္ခံၿပီးသားပါ...'

ေန ေျပာလိုသည့္အဓိပၸါယ္ကို ဈာန္ရဲ ေကာင္းေကာင္းနားလည္ေနသည္။ ထို႔ေၾကာင့္ ပီျပင္စြာၿပံဳး၍ ေခါင္းတဆတ္ဆတ္ညိတ္ျပ၏။

'လမ္းမွာေတြ့ရင္လည္း ႏႈတ္ဆက္မယ္ေနာ္..ၿပီးေတာ့ ကြၽန္ေတာ္တို႔မိတ္ေဆျြဖစ္တဲ့အထိမ္းအမွတ္အေနနဲ႔ ဒီဝိုင္းအတြက္ ကြၽန္ေတာ္..'

'အဲဒါေတာ့မလုပ္ပါနဲ႔..လက္မခံပါဘူးရွင္..မာန္ လာၪီးမွာမို႔ပါ...'

'ဟုတ္ပါၿပီ..ဒါဆို ကြၽန္ေတာ့္ကိုခြင့္ျပဳပါၪီး..'

ဈာန္ရဲ ႏႈတ္ဆက္ၿပီးျပန္သြားလ်ွင္ ေနတစ္ေယာက္တည္း Mirrorႏွင့္အတူက်န္ခဲ့သည္။ ဈာန္ရဲတိုက္ ဆိုသည့္လူကို မိတ္ေဆြအျဖစ္ လက္ခံလိုက္တာ မွားမည္မထင္ပါ။ ထိုသူ လူေကာင္းလား၊လူဆိုးလား တစ္ခါျမင္ရံုႏွင့္အကဲခတ္ဖို႔မလြယ္သည္မို႔ ေခၚေျပာဆက္ဆံၾကည့္မွသိႏိုင္မည္။ ထို႔ျပင္ သူက ကင္းကို နက္ရိႈင္းစြာ မုန္းတီးေနပံုပင္။ထိုသူ႔ထံမွ မာန္ႏွင့္ပတ္သက္သည္ထက္ပိုေသာ အၿငႇိဳးေတြကို ေန ခံစားမိသည္။ ကင္းက သူတို႔ထင္ထားသလို လူဆိုးမဟုတ္ဘူးဆိုတာကိုလည္း သက္ေသျပခ်င္၏။
ေနတစ္ေယာက္တည္း အေတြးေတြ လြင့္ေမ်ာေနစဥ္ မာန္ ေရာက္လာသည္။

'bae...ေစာင့္ေနတာၾကာၿပီလား..'

မာန္က အၿပံဳးေလးႏွင့္ေမးရင္း ေစာေစာက ဈာန္ရဲထိုင္ခဲ့သည့္ခံုမွာ ဝင္ထိုင္၏။

'မၾကာေသးပါဘူး မာန္ရဲ့...ေနက တမင္ေစာလာခဲ့တာ..'

'baeတစ္ေယာက္တည္းလာတာလား..ကို လိုက္ပို႔တာလား..'

'ေနတစ္ေယာက္တည္း Taxiငွားလာတာ..ဒီကိုလာတာ ကင္းမသိဘူး..'

'baeက ကားမေမာင္းတတ္ဘူးလား...'

'ဟင့္အင္း...ကားေၾကာက္လို႔မေမာင္းရဲဘူး...'

ေန့စကားေၾကာင့္ မာန္က တခစ္ခစ္ရယ္သည္။

' baeရယ္..မာန္တို႔ေတာင္ ကိုယ့္ကားကိုယ္ေမာင္းၿပီးသြားလာေနတာ.. ကားေမာင္းသင္လိုက္ရင္ baeလည္း ေၾကာက္စိတ္ေပ်ာက္သြားမွာပါ...'

မာန္က ရယ္သံစြက္၍ ေျပာေနေပမဲ့ ေနက မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ႏွင့္ မပီမျပင္ၿပံဳးလ်က္..

'ေန့ဒက္ဒီနဲ႔မာမီက ေနငယ္ငယ္ကတည္းက ကားအက္ဆီးဒန္႔ျဖစ္ၿပီး ဆံုးသြားတာ.. အဲဒါေၾကာင့္ ေန ကိုယ္တိုင္ ကားေမာင္းဖို႔လန္႔ေနတာပါ..'

'ဪ..ျဖစ္ရေလ..မာန္မသိလို႔ေျပာမိတာ ေဆာရီးေနာ္...'

'ရပါတယ္ မာန္..'

မာန္က ဝိတ္တာကိုေခၚ၍ juiceမွာၿပီးမွ..

'မာန္ အခုလိုခ်ိန္းတာ baeကိုရင္ဖြင့္ခ်င္လို႔ပါ.. baeအိမ္ထိ လာၿပီးေျပာခ်င္ေပမဲ့ အဆင္မေျပလို႔ေလ...'

'ဘာမ်ား ရင္ဖြင့္ခ်င္လို႔လဲ မာန္ ..'

ေနက မာန္ ဘာေျပာမလဲ ခန္႔မွန္းမိၿပီးၿပီျဖစ္၍ တည္ၿငိမ္စြာနားစြင့္ေန၏။ ကင္းအေၾကာင္းမွ လြဲ၍ အျခားမရိွႏိုင္။ မာန္က ေျပာဖို႔စကားလံုးေတြ ေရြးခ်ယ္စီစဥ္ေနပံုျဖင့္ အတန္ၾကာမွ...

'တကယ္ေတာ့ေလ ...မာန္ ကိုစက္နဲ႔မတြဲခင္ ေစ့စပ္ထားတဲ့လူရိွတယ္၊ သူနဲ႔မျပတ္ေသးဘဲ ကိုစက္ကို ထပ္တြဲသလိုျဖစ္ခဲ့တယ္.. မာန္႔မွာ ဘဲရိွတာကို ကိုစက္မသိေလာက္ဘူးထင္လို႔ ဖံုးဖိထားခဲ့မိတယ္.. အခု အဲဒီ့တစ္ေယာက္နဲ႔လည္း လမ္းခြဲလိုက္ပါၿပီ၊ သူ႔ကိုလမ္းခြဲၿပီး ကိုစက္ကို ေရြးခဲ့တဲ့အတြက္ မာန္႔ကိုလက္ၫွိုးထိုးကဲ့ရဲ့ၾကတာေတြလည္း ႀကံဳရတယ္၊ ဒါေပမဲ့ မာန္ဂရုမစိုက္ခဲ့ဘူး.. ဘာျဖစ္လို႔လဲဆိုေတာ့ မာန္ ကိုစက္ကိုသိပ္ခ်စ္မိသြားလို႔.. အဲဒီ့အတြက္ ဘယ္သူဘာေျပာေျပာ မာန္ ကိုစက္ကိုပဲ ေရြးခ်ယ္မွာ..မာန္႔ ေရြးခ်ယ္မႈေၾကာင့္ ႀကံဳလာရမယ့္အက်ိဳးဆက္ေတြကို ခံႏိုင္ရည္ရိွဖို႔လည္း အားေမြးထားတယ္...'

မာန္က သူမေရ႔ွေရာက္လာသည့္ ဖရဲေဖ်ာ္ရည္ကိုပင္ မေသာက္အားဘဲ ဆက္ေျပာေနျပန္သည္။

'မာန္ ကိုစက္ကို တကယ္ခ်စ္မိသြားတာ bae.. သူ႔ကိုလက္လႊတ္ဆံုးရႈံးရမယ္ဆိုရင္ေတာ့ မာန္ ခံႏိုင္ရည္ရိွမယ္မထင္ဘူး...'

မာန္႔စကားေတြက ေန့ရင္ဘတ္တည့္တည့္ကို လာေရာက္ထိမွန္ေလသည္။ ေန ေကြ့တီယို စားဖို႔ပင္ေမ့ကာ အသံတိတ္ေန၏။

'တစ္ခါတေလက်ေတာ့လည္း မာန္႔ဘက္က တစ္ဖက္သတ္ခ်စ္ေနရသလိုပဲ သိလား.. ကိုစက္က မာန္႔ကို စတြဲခါစအခ်ိန္ကလြဲရင္ အခုေနာက္ပိုင္း လံုးဝအေရးမလုပ္ဘူး၊ မာန္ ဖုန္းေခၚတိုင္းလည္း မကိုင္ဘူး.. ဖြင့္ပြဲေန့က ျပန္မယ္ဆိုလည္း မာန္႔ကိုႏႈတ္ဆက္ခဲ့ဖို႔ေကာင္းပါတယ္.. မေျပာမဆိုနဲ႔ျပန္သြားေတာ့ မာန္ အရမ္းခံစားရတယ္.. မာန္ သူ႔ကိုဖုန္းေခၚေနတာ ႏွစ္ရက္ရိွၿပီ..အခုထိ ဆက္သြယ္လို႔မရေသးဘူး..'

မာန္က ေျပာရင္း မ်က္ရည္ေတြေဝ့လာသျဖင့္ ေန မာန္႔ကို ကရုဏာသက္မိကာ ကင္းအစား အားနာသြား၏။

'ကင္းက အလုပ္ေတြမ်ားေနလို႔ပါမာန္ရယ္..သူက အိမ္ေတာင္ အၿမဲကပ္ႏိုင္တာမဟုတ္ဘူး၊ မာန္႔ကို ျပန္ဆက္သြယ္ဖို႔ ေန ေျပာေပးမယ္.. စိတ္ခ်ေနာ္..'

'ေက်းဇူးပါပဲ baeရယ္... baeနဲ႔ကိုစက္ ေမာင္ႏွမ မဟုတ္ဘူးဆိုတာလည္း မာန္သိထားတာမၾကာေသးပါဘူး၊ ကိုစက္က baeအေပၚမွာေတာ့ တကယ္ အစ္ကိုလို သူငယ္ခ်င္းလို ေကာင္းတဲ့လူပဲေနာ္... မာန္ baeကို အရမ္းအားက်ရတယ္..baeေလာက္ မဟုတ္ရင္ေတာင္ ကိုစက္ဆီက ဂရုစိုက္မႈနည္းနည္းေလး ရရင္ ေပ်ာ္မိမွာ..မာန္႔ကို သူမ်ားေတြက ေျပာၾကတယ္..ကိုစက္က အေပ်ာ္ပဲတြဲတာတဲ့... ေရ႔ွက မိန္းကေလးေတြလိုပဲ မာန္႔ကိုလည္း ထားခဲ့ၪီးမွာတဲ့...'

'ဟယ္ မာန္ရယ္.. သူမ်ားစကားေတြအာရံုထားမေနနဲ႔၊ သူတို႔က မလိုလို႔ေလ်ွာက္ေျပာေနတာ...'

မာန္႔မ်က္ႏွာေလး ညိုေနေတာ့ ေန မာန္႔ကို ေဖးမႏွစ္သိမ့္ေပးမိသည္။ ရင္ထဲမွာ နင့္သည္းေသာ ေဝဒနာတစ္ရပ္ကိုလည္း ခံစားလိုက္ရ၏။ ကင္းကို ဆံုးရႈံးရမွာ ေၾကာက္မိေသာ စိတ္ႏွင့္ မာန္႔ကိုအားနာမိေသာစိတ္တို႔ အၿပိဳင္အဆိုင္ လြန္ဆြဲေနၾကၿပီး ေဘးလူျဖစ္သည့္သူမကသာ ကိုယ့္ခံစားခ်က္ေတြကို မ်ိဳသိပ္သိမ္းဆည္း၍ မာန္႔အတြက္ ေဘးထြက္ ေနေပးလိုက္ေတာ့မည္။ ကင္းက အခ်ိန္တန္လ်ွင္ မိန္းမယူမည့္သူ။ သူ႔ကို တျခားေသာမိန္းမ၏လက္ထဲ ေက်နပ္ၾကည္ျဖဴစြာ ထည့္လိုက္ႏိုင္ဖို႔ အခုကတည္းက ႀကိဳတင္၍ခံႏိုင္ရည္ေမြးထားရမည္မဟုတ္လား။

ကင္းအေပၚမွာ အျဖဴေရာင္သံေယာဇဥ္မွတစ္ဆင့္ေျပာင္းလဲခဲ့ေသာ အခ်စ္စိတ္ေတြ၊ ရင္ခုန္သာယာမႈေတြကို ထိန္းခ်ဳပ္ေသာ့ခတ္ထားေတာ့မည္။
ေန မ်က္ႏွာကို အတတ္ႏိုင္ဆံုးၾကည္လင္စြာ ၿပံဳးထားရင္း...

'မာန္ သူမ်ားစကားေတြကိုလ်စ္လ်ူရႈလိုက္ေနာ္...ကင္းကိုယံုတယ္မို႔လား..'

မာန္႔လက္ေတြကို ေထြးဆုပ္၍ ေမးလ်ွင္ မာန္က ေခါင္းညိတ္ျပ၏။ ႏွစ္ေယာက္သား ဘာမွလည္း ဟုတ္တိပတ္တိမစားျဖစ္ဘဲ ျပန္ဖို႔ဟန္ျပင္ရသည္။

'baeကို မာန္ လိုက္ပို႔မယ္...'

ေန မျငင္းျဖစ္ဘဲ မာန္႔သေဘာအတိုင္း မာန္႔ကားေပၚပါလာခဲ့သည္။ ထီးႏွင့္ Mirrorကိုလည္း ကားေပၚ မေမ့မေလ်ာ့တင္သည္။

'bae ေခြးေတာ့ ထိန္းထားေနာ္ ၊ မာန္ေၾကာက္လို႔..'

မာန္က Mirrorကို အကပ္္မခံရဲသျဖင့္ ေန Mirrorကို ကားေနာက္ခန္းမွာပို႔ထားရသည္။ အိမ္ျပန္မေရာက္ေသးခင္ လမ္းခုလတ္မွာ ကားၾကပ္ေနေသာေၾကာင့္ အေတာ္ၾကာေအာင္ မီးပြိုင့္ေစာင့္ေနၾကစဥ္..

'ဟာ...တိုက္ၿပီဟ...'

ရုတ္ရုတ္သဲသဲေအာ္သံေတြၾကားလိုက္ရကာ မာန္ႏွင့္ေနလည္း အသံေတြလာရာဆီ လွမ္းၾကည့္မိၾကသည္။ Mirrorက ကားထဲမွ ေခါင္းေထာင္ၾကည့္၍ တဝုတ္ဝုတ္ေဟာင္ေန၏။

'ကားနဲ႔တိုက္မိတာ ပြဲခ်င္းၿပီးပဲ.. အဲဒီေကာင္ေလးက ဒီမီးပြိုင့္မွာ ဇြန္ပန္းေရာင္းေနက်ဗ်..သနားပါတယ္..'

လူေတြဝိုင္းအံု၍ တစ္ေယာက္တစ္ေပါက္ေျပာေနၾကတာေတြနားေထာင္ရင္း ေန မ်က္လံုးေလးဝိုင္းေနသည္။ ျမင္လႊာထဲမွာ ကားတစ္စီး၏ ပံုရိပ္ ေပၚလာကာ သူမ ထိတ္လန္႔စိတ္ေၾကာင့္ ေခါင္းကို လက္ႏွင့္ဖိထားရင္း အသက္ရႉၾကပ္လာ၏။

'bae...bae...ဘာျဖစ္လို႔လဲ..ေနမေကာင္းဘူးလား..'

မာန္ ေန့အျဖစ္ကိုသတိထားမိကာ အလန္႔တၾကားေမးသည္။

'မာန္...ေန ေနေလ..အဲ့လိုအက္ဆီးဒန္႔ေတျြမင္ရရင္ အရမ္းေၾကာက္တယ္၊ ေန အသက္ရႉၾကပ္ေနတယ္.. ေန့ကို ျမန္ျမန္ျပန္ပို႔ေပးပါလား မာန္ရယ္..ေနာ္...'

ေန မ်က္ရည္ေတြစီးက်လာကာ ခါးကုန္း၍ ေခါင္းဝပ္ေနေတာ့ မာန္ မီးစိမ္းသည္ႏွင့္ ကားကို ျမန္ျမန္ ေမာင္းလာခဲ့ရသည္။

ေနကေတာ့ အိမ္ျပန္မေရာက္မခ်င္း ဆင္းရဲႀကီးစြာ ခံစားေနရလ်က္...။
ကင္းရယ္... ငါ့ကို တစ္ေယာက္တည္းအျပင္မထြက္ပါနဲ႔ ဆိုတဲ့နင့္စကားကို ငါ နားမေထာင္ခဲ့မိလို႔ ဒီတစ္ခါလည္း ငါ အဆင္မေျပျပန္ဘူး ...။

☀️To be continued🌻

Continue Reading

You'll Also Like

3.5K 103 23
သီးသန့်တည်နေရာ♥ဂိမ္မာန်ဦး သီးသန့္တည္ေနရာ♥ဂိမၼာန္ဦး
72.3K 5.8K 23
ဘဒ္ဒကမ္ဘာ၌ မြတ်နိုးပစ်ချင်စရာလေးက "ဒေါ်ခင်နွဲ့ရည်"ဆိုသော နာမဖြင့်စသည်
76.3K 2.8K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
381K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."