Chapter 13
“မင်း ငါ့ကို ညစာ ဝယ်ကျွေးစရာ မလိုပါဘူး… မင်း အဆင်ပြေတယ်ဆိုရင်ပဲ ငါ ဝမ်းသာပါတယ်… တခြားကိစ္စတွေအတွက်ကတော့…”
ကောင်လေး၏ မူလက တောက်ပနေသော မျှော်လင့်တကြီး မျက်ဝန်းများ မှိန်ဖျော့သွားသည်ကို မြင်လိုက်ရသောအခါ မုထျန်းဟန်ခမျာ သူ့စကားကိုပင် ဆုံးအောင် မပြောနိုင်တော့ချေ။
အိုင်း… ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ဟွာရှားမှာ သုံးတဲ့သူ့နံပါတ်က လွန်ခဲ့တဲ့ လပေါင်းများစွာတည်းက အသုံးပြုပြီးသားပဲလေ။
“ဒီလိုလုပ်ပါလား… ငါ့ကို မင်းဖုန်းနံပါတ် ပေးထားလိုက်လေ… နောက်ကျ ငါ မင်းဆီကို မက်ဆေ့ခ်ျ ပို့လိုက်မယ်…”
“ကောင်းပါပြီ…”
မော့တိက ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ သူက ခေါင်းမော့လာပြီး အားရပါးရ ခေါင်းငြိမ့်ပြရန် ကြိုးစားလိုက်လေသည်။ သို့သော် ရလဒ်အနေဖြင့် သူ့ဒဏ်ရာများကို ဆွဲဆုတ်လိုက်သလို ဖြစ်ကာ စူးခနဲ နာကျင်သွားရှာသည်။
မုထျန်းဟန်၏ မျက်လုံးများမှာ အနည်းငယ် မသိမသာ ကွေးညွှတ်သွားပြီး နက်ရှိုင်းသော မျက်ခုံးများကြား၌ ပြုံးယောင်သန်းသွား၏။
တကယ်တမ်းတွင် ထိုကလေး၏ ရုပ်ရည်သွင်ပြင်က သူ့နှလုံးသားကို လှုပ်ဆွနေရုံသာမက သူ့အကျင့်စရိုက်မှာလည်း အင်မတန် နှစ်လိုဖွယ် ကောင်းလှပေသည်။
သို့တိုင် သူက အလွန်ငယ်ရွယ်နေသေး၏။
မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့က အချိန်အကြာကြီး မနေကြဘဲ ၁၀ မိနစ် မပြည့်ခင်မှာပင် ပြန်သွားကြသည်။
ဆေးရုံအခန်းတံခါး ပိတ်သွားပြီး ခြေသံများ လုံးဝ ပျောက်ကွယ်သွားသောအခါမှသာ မော့တိ၏ ချုပ်တည်းထားရသော ကျိုးနွံသော မျက်နှာထား၊ ရှက်ရွံ့ပြီး မျှော်လင့်စောင့်စားတတ်သော မျက်ဝန်းများမှာ အရိပ်အယောင်ပင် မတွေ့ရလောက်အောင် ပျောက်ကွယ်သွား၏။
မော့တိက ကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းရင်း သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
မုထျန်းဟန်၏ ချစ်သူဖြစ်ရန် ရွေးချယ်မှုမှာ အမှန်တကယ်ပင် သူ၏ နောက်လာမည့် အစီအစဉ်များအတွက် အကျိုးရှိစေနိုင်သည်။
သို့သော် အချိန်ကာလအားဖြင့် သူမလုပ်ဆောင်နိုင်သေးသော အရာများ ရှိနေဆဲပင်။ ထိုသို့မဟုတ်ပါက ယခုအချိန်တွင် သူမလုပ်ချင်သော အရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူက ယခုထိတိုင် နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခု ပြတ်ပြတ်သားသား မချမှတ်ရသေးပေ။
သို့သော် အပြန်အလှန်အားဖြင့် သူက စိတ်ထဲတွင် သိမ်းဆည်းထား၏။
မုထျန်းဟန်ကို အသုံးချသည့်အတွက်မူ သူ့ကို အားနာကြောင်းသာ ပြောနိုင်ပေသည်။
ထိုနေ့ညက မော့တိထံသို့ မုထျန်းဟန်ဆီမှ မက်ဆေ့ခ်ျတစ်စောင် ရောက်လာသည်။ သူက ချက်ချင်း စာမပြန်သေးဘဲ သူ့နည်းဗျူဟာများကို ဆက်လက် ပြင်ဆင်နေ၏။
သူ ပြန်လည်မွေးဖွားလာပြီးနောက် ကျင်းသာ့ကျောင်းသို့ ဝင်ရန် သူ၏ အခွင့်အရေးကို ဘယ်သောအခါမှ လက်မလွှတ်ခဲ့ပေ။ ကောလိပ်မတက်ခြင်းက သူ၏ ကုမ္ပဏီကို ပြန်လည်တည်ထောင်ခြင်းအတွက် အဟန့်အတား မဖြစ်စေသော်လည်း ကျင်းသာ့ကျောင်းမှာ သေချာပေါက် နေရာကောင်းတစ်ခု ဖြစ်ပြီး ခြေလှမ်းသစ်စတင်ရာ နေရာတစ်ခု ဖြစ်ပေသည်။
သူ့အတွက် အင်္ဂလိပ်နှင့် သင်္ချာဘာသာရပ်မှာ အလွန် ရိုးရှင်းလှသည်။ သူက စိုးရိမ်ပူပန်ခြင်း မရှိပေ။ သို့သော် သိပ္ပံနှင့် တရုတ်ဘာသာရပ်အတွက် ပြန်လည် ကြည့်ရှုရန် လိုအပ်ပေသည်။ မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ သူ သင်ကြားခဲ့သော ဗဟုသုတများမှာ ဝေဝါးနေပြီ ဖြစ်၏။
သူ့လုပ်ငန်းတာဝန်များကို တစ်ညလုံး ပြန်လည်စစ်ဆေးပြီးနောက် မော့တိက မော့မိသားစု၏ လက်ရှိအခြေအနေကို စစ်ဆေးရန် သူ့ကွန်ပျူတာကို ဖွင့်လိုက်သည်။ ထိုအခါ မမျှော်လင့်ထားဘဲ ထိတ်လန့်ဖွယ် သတင်းတစ်ခုကို တွေ့လိုက်ရလေသည်။
သူ၏ ဖခင်ကောင်းဖြစ်သူ မော့ရှစ်ဟုန်မှာ ဆေးရုံတင်လိုက်ရ၏။
ထို့ပြင် သူနှင့် ဆေးရုံတစ်ခုတည်းတွင် ဖြစ်သည်။
....
.
မေ့လျော့ခံထားရသူ မော့တိမှာ အနီးအနားတွင်သာ ရှိနေကြောင်း မော့မိသားစုဝင်များ မသိကြပေ။ ထို့ပြင် ယမန်နေ့က သူ အိမ်သို့ ပြန်မလာသည့်အကြောင်းကိုလည်း မည်သူမှ သတိမထားမိကြချေ။ လူတိုင်းက မော့ရှစ်ဟုန်၏ အခြေအနေကြောင့် ဗျာများနေကြသည်။
“ရှစ်ဟုန်… ရှင် အခု သက်သာရဲ့လား…”
ရွမ်ချင်းတန့်က မော့ရှစ်ဟုန်၏ လက်များကို ဆုပ်ကိုင်ထားရင်း မျက်လုံးများ နီရဲအစ်မို့နေသည်။ သူမဘေးရှိ စိုစွတ်သော မျက်လုံးများဖြင့် မော့လျှိုကွေ့က တအိအိ ငိုနေရင်း ပြောလိုက်သည်။
“ဖေဖေ… ဖေဖေ… အဆင်ပြေရဲ့လား… ဖေဖေ…”
“ဖေဖေ အခု အဆင်ပြေသွားပါပြီ… အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်က ပြောတယ်မလား…”
မော့ရှစ်ဟုန်မှာ အနည်းငယ် အားနည်းနေသော်လည်း အခြေအနေကောင်းနေပေပြီ။ သူက မော့လျှိုကွေ့၏ ဆံနွယ်လေးများကို ပွတ်သပ်ပေးလိုက်ပြီး ခေါင်းကိုက်သလို ခံစားလိုက်ရသည်။
“မငိုပါနဲ့ သမီးလေးရယ်… ဖေဖေလည်း ဝမ်းနည်းရတယ်…”
ထို့နောက် သူက ရွမ်ချင်းတန့်ကို မကျေနပ်သော အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။
“သမီးလေးကို မင်း ဘာလို့ ဒီကိစ္စ သွားပြောရတာလဲ… မင်းက ကိစ္စတွေကို ပိုပြီး ဆိုးရွားအောင် လုပ်နေတာပဲ…”
“ကျွန်မ တောင်းပန်ပါတယ် ရှစ်ဟုန်… အဲ့ဒီအချိန်တုန်းက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလို့ပါ…”
“အထိတ်တလန့် ဖြစ်နေတဲ့အချိန်မှာတောင် မှန်မှန်ကန်ကန် တွေးနိုင်တဲ့အထိ မင်း ရင့်ကျက်သင့်ပြီ… ရှောင်ကွေ့ကို ပြောစရာမလိုဘူး…”
မော့ရှစ်ဟုန်၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေ၏။ သူက ရွမ်ချင်းတန့်ကို သတိပေးဆုံးမချင်ရုံသာ။
“တော်လောက်ပြီ ငါ့သား… မင်း အဆင်ပြေတယ်ဆိုလို့ တော်ပါသေးတယ်… မင်းရဲ့ဇနီးလည်း ဒီတစ်ကြိမ်တော့ အများကြီး သင်ယူပြီးသား ဖြစ်သွားမှာပါ…”
အဘိုးမော့က သုန်မှုန်နေသော မျက်နှာထားဖြင့် သူ့ထိုင်ခုံနေရာ၌ ထိုင်နေ၏။ သူက သူ့ကြိမ်တုတ်ကို နှစ်ကြိမ် ခေါက်လိုက်သည်။
“မင်း အခု စိတ်လှုပ်ရှားလို့ရော စိတ်အပင်ပန်းခံလို့ရော မရသေးဘူး… ဆရာဝန်ကပြောတာတော့ အခု အသက်အန္တရာယ် မရှိတော့ဘူးဆိုပေမယ့် မင်း လုံးဝ သက်သာသွားပြီ ဆိုပြီးတော့ အာမခံလို့ မရသေးဘူးတဲ့… ရှောင်ကွေ့က မင်းရဲ့သမီးဆိုတော့ သူက မင်းကို အရမ်းဂရုစိုက်ပေးတာပါ… တကယ်လို့ ငါတို့တွေ သူ့ကို မပြောဘူးဆိုရင် သူသိသွားတဲ့အချိန်ကျ သူ့ကိုယ်သူ အပြစ်တင်နေမိမှာ…”
“အဖေ…”
မော့ရှစ်ဟုန်က သူ့မျက်ခုံးများကို ပင့်လိုက်သည်။
အဘိုးမော့က လက်ကို ဝှေ့ယမ်းပြ၏။
“ငါတို့က မင်းရဲ့အခြေအနေကို ကြည့်ဖို့ ဒီကို ရောက်လာတာ… ခဏနေရင် မင်းအနားယူတာကို အနှောက်အယှက် မဖြစ်ရအောင် မင်းမိန်းမကလွဲပြီး ငါတို့အကုန် ပြန်ကြတော့မှာ… ဒါနဲ့ မင်း အရက်မသောက်ခင်မှာ ပင်နီဆလင်လို ပဋိဇီဝဆေးတစ်မျိုးမျိုး သောက်မိသေးလားဆိုတာကို ငါ မေးမလို့… ဒီလိုမှမဟုတ်ရင် မင်း ဘယ်ကနေပြီး အဆိပ်မိစရာ အကြောင်း ရှိမှာလဲ…”
ထိုစဉ် ပြောရင်းဆိုရင်း အဘိုးမော့မှာ ဒေါသထွက်လာသည်။
“ကျွန်တော်လည်း မသိပါဘူး… လွန်ခဲ့တဲ့ရက်အတောအတွင်းမှာတော့ ကျွန်တော် ဘာဆေးမှ မသောက်ဖြစ်ဘူး…”
မော့ရှစ်ဟုန်၏ အမူအရာမှာလည်း မြင်မကောင်း ရှုမကောင်း ဖြစ်နေသည်။
“တကယ်လို့ မင်း ဘာဆေးမှ မသောက်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး တုံ့ပြန်မှု ရှိမှာလဲ… ဆရာဝန်တွေက ဆာလဖျူရစ်ဓာတ်ပြုခြင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောသွားတယ်လေ… မင်း ဘယ်လိုဖြစ်ပြီး မူးဝေသွားတာလဲ…”
“အဖေ… တစ်ယောက်ယောက်က သူ့ကို အဆိပ်ခတ်ဖို့ ကြိုးစားတာပါ…”
ရွမ်ချင်းတန့်က သူမ၏ မျက်ရည်စများကို သုတ်ကာ စူးရှသော အသံဖြင့် ပြောလိုက်သည်။
“တစ်ယောက်ယောက်က လုပ်ကြံတာပဲ ဖြစ်ရမယ်… ခဲအိုကလည်း ဝိုင်သောက်ပေမယ့် ဘာမှ မဖြစ်ဘူးလေ…”
“ယောက်မလေး… မင်း ဘာကို စောင်းပြောနေတာလဲ… မင်းရဲ့ခဲအိုက ဝိုင်ထဲမှာ အဆိပ်ခတ်တဲ့သူလို့ ပြောချင်တာလား…”
ဤစကားကို ကြားသောအခါ အဒေါ်အကြီးဆုံးဖြစ်သူက ဒေါသထွက်သွား၏။
“မင်းက ဘယ်လိုလုပ်ပြီး ဒီလို အကြင်နာတရားမဲ့တဲ့ စကားမျိုး ပြောနိုင်ရတာလဲ…”
“အစ်မကြီး ကျွန်မက ဒီလိုမျိုး ဆိုလိုချင်တာ မဟုတ်ပါဘူး… ကျွန်မ ပြောချင်တာက ဒီကိစ္စဟာ စားသောက်ဆိုင်မှာ ဖြစ်တာမဟုတ်ဘဲ အိမ်မှာဖြစ်တယ်လို့ တွေးမိတာကို ပြောတာပါ…”
“ယောက်မလေး… မင်းက စကားကို ဘယ်လိုလှည့်ပတ်ပြီး ပြောရမလဲဆိုတာ ကောင်းကောင်းကြီး သိထားတာပဲ… မင်း စွပ်စွဲနေတာ မဟုတ်ဘူးဆိုတာကို ငါ မယုံကြည်နိုင်ဘူး…”
“တော်လောက်ပြီ…ငြင်းခုံမနေကြနဲ့တော့…”
အဘိုးမော့က သူ့တုတ်ကောက်ဖြင့် ထောက်ကာ မတ်တပ်ရပ်လိုက်သည်။ ထိုစဉ် သူ့မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေ၏။
“အခုက ငါတို့အချင်းချင်း ငြင်းခုံနေရမယ့်အချိန် မဟုတ်ဘူး…”
အဒေါ်အကြီးဆုံးဖြစ်သူမှာ သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။
သူမဘေးတွင် ရပ်နေသော မော့ရှစ်ချန်က သက်ပြင်းချလိုက်သည်။
“ခယ်မလေးရဲ့ ခံစားချက်နဲ့ ပြောချင်တဲ့စကားကို နားလည်ပါတယ် ဒါပေမဲ့ ဝိုင်က ဘာမှ အမှားမရှိဘူးဆိုတာ သေချာနေတာပဲ… ပထမဆုံးအနေနဲ့ ကျွန်တော်က ဝိုင်ပုလင်းကို ဖောက်တဲ့သူပါ ပြီးတော့ ဝိုင်ခွက်ကလည်း သန့်ရှင်းပါတယ်… အစ်ကိုလတ်က သူ့ဖန်ခွက်ကို သူယူလာတာ ဖန်ခွက်ထဲကို အခြားဘယ်သူ့မှ ဘာပစ္စည်းမှ မထည့်ထားဘူးလေ… အဲ့ဒါကြောင့် အစ်ကိုလတ်က သက်သေခံပေးလို့ ရတယ်…”
“အမှန်ပါပဲ…”
မော့ရှစ်ဟုန်က ပြန်ပြောလိုက်သည်။
မော့ရှစ်ချန်က ဆက်ပြော၏။
“ဒီကိစ္စက အိမ်မှာဖြစ်ခဲ့တာ ဟုတ်လား မဟုတ်ဘူးလားဆိုတာက ကျွန်တော် မသိတဲ့ကိစ္စပါပဲ… ဒါပေမဲ့ အစေခံတွေကို စစ်ဆေးကြည့်လို့ ရမယ်လို့ ထင်တာပဲ… မိသားစုထဲက တခြားသူတစ်ယောက်ယောက် လုပ်တာတော့ မဖြစ်နိုင်လောက်ပါဘူး… ကျွန်တော်တို့ မိသားစုထဲမှာ ဘယ်သူက ကိုယ့်မိသားစုဝင်အပေါ် ထိခိုက်စေချင်မှာလဲ… မဖြစ်နိုင်ပါဘူး…”
“အဖေ… အဲ့ဒါကတော့ မဖြစ်နိုင်ပါဘူး… ကျွန်တော်တို့ မိသားစုထဲမှာ မျက်လုံးဖြူဝံပုလွေ ရှိနေတာ မဟုတ်ဘူးမလား…”
ဘေးနားတွင် ရပ်နေသော မော့စစ်လန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ သူက သူ၏ တတိယမြောက်ဦးလေး ပြန်လည်သက်သာပြီဖြစ်ကြောင်း ကြားပြီးနောက် ဖျော်ဖြေပွဲမှ တန်းတန်းမတ်မတ် လာခဲ့ခြင်း ဖြစ်သည်။ သူ့မိတ်ကပ်များကို မဖျက်ရသေးသည့်အပြင် သူ့ပရိသတ်များကိုပါ ဆက်လက်ပြီး လက်မှတ်ထိုးပေးနေ၏။ မည်သို့ပင်ဖြစ်စေ ထိုပရိသတ်များ ပေါင်းလိုက်လျှင်ပင် သူ့ညီမဖြစ်သူ၏ ဆံချည်မျှင် တစ်မျှင်နှင့်ပင် မယှဉ်နိုင်ပေ။
“ဟုတ်တယ်… မော့တိ…”
တံခါးနားတွင် ရပ်နေသော မော့ဝုဟန်က ဒေါသတကြီး ပြောလိုက်သည်။
“သူ လုပ်ခဲ့တာ ဖြစ်မယ်… ကံမကောင်းတာက ငါတို့တွေ အိမ်မှာ စောင့်ကြည့်နေတာမျိုး မလုပ်မိဘူးလေ ဒါမှမဟုတ် ငါတို့တွေ သူ့ကို ဖမ်းမိမှရမယ်…”
မော့ဝုဟန်က ပို၍ ပြောလေလေ၊ ပို၍ စည်းရုံးသိမ်းသွင်းသလို ဖြစ်နေသည်။ ဤသို့ ဖြစ်မှရမည်။ ထိုသို့မဟုတ်ပါက သူ မော့တိကို ပေးလိုက်သော ဆေးဝါးများမှာ သူ့တတိယဦးလေး၏ ခွက်ထဲတွင် မည်သည့်အတွက်ကြောင့် အဆုံးသတ်ရပါမည်နည်း။ အားလုံးမှာ မော့တိ၏ အမှားသာ ဖြစ်သည်။ သူက အလွန် အန္တရာယ်များလှ၏။ ဘယ်အချိန်က ထိုကော်ဖီခွက်များကို သူ လဲလှယ်လိုက်ပါသနည်း။
“အဲ့ဒီသတ္တဝါလေး ဘယ်မှာလဲ…”
မော့ရှစ်ဟုန်က သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း သူ မော့တိကို မတွေ့ရသည်မှာ အချိန် အတော်ကြာပြီ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
မော့ဝုဟန်က ပြော၏။
“မသိဘူးလေ… သူ့ကို မနေ့တည်းက မတွေ့တာ… သူ အပြစ်လုပ်ထားပြီးတော့ ထွက်ပြေးတာများလား…”
“သူ့ကို သွားရှာကြ… အကုန်လုံးကို လိုက်မေးပြီး အဲ့ဒီသတ္တဝါလေးကို ပြန်ခေါ်လာခဲ့ကြ... သူ တကယ်လုပ်ခဲ့တာဆိုရင် မိသားစုအတွက် အရှက်ရစရာ ကိစ္စ ဖြစ်နေရင်တောင် သူ့ကို ငါ ရဲစခန်းပို့ပစ်မယ်… ငါတို့မိသားစုထဲမှ မကောင်းဆိုးဝါးမျိုးစေ့ကို အမြစ်ဖြတ်ပစ်ရမယ်…”
အဘိုးမော့က အလွန် ဒေါသထွက်နေသောကြောင့် သူ့တုတ်ကောက်ကို တဒုန်းဒုန်း ထုရိုက်နေ၏။
“ဘိုးဘိုး… စိတ်မဆိုးပါနဲ့… သမီး မနက်ဖြန်ကျ ကျောင်းသွားပြီး သူ ဘယ်မှာရှိနေလဲဆိုတာ မေးကြည့်လိုက်ပါ့မယ်…”
မော့လျှို့ကွေ့က သူမ၏ အဘိုးဖြစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
“ဘိုးဘိုး… ရေသောက်ပါဦး… စိတ်မတိုပါနဲ့… ဒီကိစ္စက ရှောင်တိနဲ့ ဘာမှမဆိုင်လောက်ပါဘူး…”
“ဒါမှ ငါ့ရဲ့ မြေးမအလိမ္မာလေး… ဟိုနှလုံးသားမရှိတဲ့ မျက်လုံးဖြူဝံပုလွေနဲ့ တခြားစီပဲ…”
အဘိုးမော့က ရေတစ်ငုံ သောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။
---
မမျှော်လင့်ထားဘဲ တုန်လှုပ်ဖွယ် အဖြစ်ဆိုးကြီး အပြီးတွင် မော့မိသားစုက သူ့အား တညီတညွတ်တည်း တရားခံအဖြစ် သတ်မှတ်လိုက်ကြကြောင်း မော့တိ မသိထားပေ။ အကယ်၍ သူ သိသွားသည့်တိုင်အောင် အံ့ဩစရာ မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ ငယ်ရွယ်စဉ်ကတည်းက သူ့အနေဖြင့် မကြာခဏ ဖြစ်ပျက်သွားမှန်းပင် မသိလိုက်ရသော ပြစ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခြင်း ခံခဲ့ရလေသည်။
တစ်ရက်အကြာတွင် မော့ရှစ်ဟုန်၏ ကျန်းမာရေးမှာ တည်ငြိမ်လာ၏။ မော့မိသားစုမှာ မော့တိနှင့် မော့လျှိုကွေ့၏ အတန်းဖော်ဖြစ်သူ ကျူးဝမ်ဇီထံမှ မော့တိမှာ အလွန် ဆိုးရွားသော လုပ်ရပ်ကြောင့် အရိုက်ခံရပြီး ဆေးရုံတင်လိုက်ရကြောင်း သတင်းရခဲ့သည်။
ထို့ပြင် သူက မော့ရှစ်ဟုန် ရှိနေသည့် ဆေးရုံတစ်ခုတည်းတွင်သာ အတူတူ ရှိနေခြင်းပင်။
ကျူးဝမ်ဇီက မော့တိတစ်ယောက် အရှုပ်ထုပ်ကို ရွှေအဖြစ် မည်သို့ ပြောင်းလဲလိုက်ကြောင်းနှင့် အမှန်တရားကို ပြောင်းပြန်လှန်ကာ ကျောင်းသားများကို ကျောင်းတွင်းအကြမ်းဖက်မှုတွင် စွပ်စွဲခံရစေပြီး သူတို့၏ မှတ်တမ်းများတွင် ပြင်းထန်သော ပြစ်မှုမှတ်တမ်း ထည့်သွင်းခံရစေရန် လုပ်ဆောင်ခဲ့ကြောင်း ဖော်ကောင် လုပ်ခဲ့သည်။ အလွန် ဆိုးရွားလှပေ၏။
မော့ဝုဟန်က မော့တိကို ပြန်လည်ခေါ်ဆောင်လာမည့် တာဝန်ကို အလိုအလျောက် ယူလိုက်ရသည်။ သူက မော့တိ၏ အခန်းနံပါတ်ကို မေးကာ ထွက်ခွာရန် ပြင်ဆင်ရ၏။ သူက တံခါးဝသို့ ရောက်သောအခါ သူ့အစ်ကို အကြီးဆုံးဖြစ်သူ အလုပ်မှ ပြန်လာသည်ကို တွေ့လိုက်ရသည်။
မော့ယီချန်က အနက်ရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၏။ သူက အရပ်ရှည်ပြီး ချောမောသည့်အပြင် ဥပဒေပြုလွှတ်တော်အတွင်း အငယ်ဆုံးနှင့် ကတိကဝတ်အတည်ဆုံး အထွေထွေဒါရိုက်တာ တစ်ဦးဟု ခေါ်ဆိုရန် ထိုက်တန်လှပေသည်။ သို့ရာတွင် ယခုအခါ သူ့မျက်နှာ အမူအရာမှာ သိသိသာသာ မကောင်းချေ။ မော့ဝုဟန် ထွက်သွားတော့မည်ကို မြင်သောကြောင့် သူက မေးလိုက်သည်။
“မင်း မော့တိကို သွားရှာမလို့လား…”
“ဟုတ်ကဲ့ အစ်ကိုကြီး… ဘာကိစ္စရှိလို့လဲ…”
“ငါ မင်းနဲ့အတူတူ လိုက်ခဲ့မယ်…”
မော့ယီချန်က စိတ်မရှည်တော့ဘဲ ရှင်းပြလိုက်သည်။
“အရင်ဆုံး ဟိုကျောင်းသားတွေနဲ့ သူ့မိဘတွေကို တောင်းပန်ဖို့အတွက် သူ့ကို ခေါ်သွားကြတာပေါ့… ပြီးမှ သူ့ကို ရဲစခန်းပို့ရမယ်… အခု အဲ့ဒီကျောင်းသားမိဘတွေက ကုမ္ပဏီတံခါးကိုတောင် လာပိတ်ထားကြတာ… ဒီကောင်က ဘယ်လို ဒုက္ခပေးရမလဲဆိုတာပဲ သိတယ်…”
“ကောင်းပြီလေ… ကျွန်တော်တို့ ဒီလိုပဲ လုပ်တာပေါ့… သူတို့က သာမန်မိသားစုတွေပဲ ဆိုပေမယ့် ကျွန်တော်တို့ မော့မိသားစုက ကျိုးကြောင်းဆင်ခြင်ပြီး လုပ်ဖို့လိုတယ်လေ… ကျွန်တော်တို့ တခြားသူတွေကို အနိုင်ကျင့်လို့ မရဘူး…”
မော့ဝုဟန်က ကားပါကင်ဆီသို့ လျှောက်သွားရင်း ပြောနေသည်။
“အနည်းဆုံးတော့ မော့တိက လူကိုယ်တိုင် တောင်းပန်တဲ့အပြင် အဲ့ဒီကျောင်းသားတွေကို အပြစ်ပေးထားတာ ပြန်လည် ရုပ်သိမ်းဖို့အတွက် လက်ရေးနဲ့ တောင်းပန်စာတစ်စောင်လည်း ရေးပေးမှ ရမယ်… အစ်ကိုကြီး ကျွန်တော် တစ်ခု ပြောပါရစေ… ကျူးမိသားစုရဲ့ သခင်လေး ကျူးဝမ်ဇီက အရင်တုန်းက သူ့ရဲ့သူငယ်ချင်းကောင်းပဲ… အဲ့ဒီကောင်လေးက ရှောင်ကွေ့ဘက်ကနေ ပြောပေးလို့ မော့တိက သူ့ကို မုန်းသွားပြီး အနိုင်ကျင့်တဲ့ကိစ္စအတွက် သူ့ကို အပြစ်တင်ခဲ့တယ်… မော့တိက တော်တော့်ကို အဆိပ်ပြင်းတဲ့ကောင်ပဲ…”
“ဟုတ်တယ်… ကားပေါ်မြန်မြန်တက်…”
---
Chapter 13
“မင္း ငါ့ကို ညစာ ဝယ္ေကြၽးစရာ မလိုပါဘူး… မင္း အဆင္ေျပတယ္ဆိုရင္ပဲ ငါ ဝမ္းသာပါတယ္… တျခားကိစၥေတြအတြက္ကေတာ့…”
ေကာင္ေလး၏ မူလက ေတာက္ပေနေသာ ေမွ်ာ္လင့္တႀကီး မ်က္ဝန္းမ်ား မွိန္ေဖ်ာ့သြားသည္ကို ျမင္လိုက္ရေသာအခါ မုထ်န္းဟန္ခမ်ာ သူ႔စကားကိုပင္ ဆုံးေအာင္ မေျပာႏိုင္ေတာ့ေခ်။
အိုင္း… ေကာင္းၿပီေလ၊ ဘာပဲျဖစ္ျဖစ္ ဟြာရွားမွာ သုံးတဲ့သူ႔နံပါတ္က လြန္ခဲ့တဲ့ လေပါင္းမ်ားစြာတည္းက အသုံးျပဳၿပီးသားပဲေလ။
“ဒီလိုလုပ္ပါလား… ငါ့ကို မင္းဖုန္းနံပါတ္ ေပးထားလိုက္ေလ… ေနာက္က် ငါ မင္းဆီကို မက္ေဆ့ခ္် ပို႔လိုက္မယ္…”
“ေကာင္းပါၿပီ…”
ေမာ့တိက ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားသြား၏။ သူက ေခါင္းေမာ့လာၿပီး အားရပါးရ ေခါင္းၿငိမ့္ျပရန္ ႀကိဳးစားလိုက္ေလသည္။ သို႔ေသာ္ ရလဒ္အေနျဖင့္ သူ႔ဒဏ္ရာမ်ားကို ဆြဲဆုတ္လိုက္သလို ျဖစ္ကာ စူးခနဲ နာက်င္သြားရွာသည္။
မုထ်န္းဟန္၏ မ်က္လုံးမ်ားမွာ အနည္းငယ္ မသိမသာ ေကြးၫႊတ္သြားၿပီး နက္ရႈိင္းေသာ မ်က္ခုံးမ်ားၾကား၌ ၿပဳံးေယာင္သန္းသြား၏။
တကယ္တမ္းတြင္ ထိုကေလး၏ ႐ုပ္ရည္သြင္ျပင္က သူ႔ႏွလုံးသားကို လႈပ္ဆြေန႐ုံသာမက သူ႔အက်င့္စ႐ိုက္မွာလည္း အင္မတန္ ႏွစ္လိုဖြယ္ ေကာင္းလွေပသည္။
သို႔တိုင္ သူက အလြန္ငယ္႐ြယ္ေနေသး၏။
မုထ်န္းဟန္ႏွင့္ လိုင္သယ္စစ္တို႔က အခ်ိန္အၾကာႀကီး မေနၾကဘဲ ၁၀ မိနစ္ မျပည့္ခင္မွာပင္ ျပန္သြားၾကသည္။
ေဆး႐ုံအခန္းတံခါး ပိတ္သြားၿပီး ေျခသံမ်ား လုံးဝ ေပ်ာက္ကြယ္သြားေသာအခါမွသာ ေမာ့တိ၏ ခ်ဳပ္တည္းထားရေသာ က်ိဳးႏြံေသာ မ်က္ႏွာထား၊ ရွက္႐ြံ႕ၿပီး ေမွ်ာ္လင့္ေစာင့္စားတတ္ေသာ မ်က္ဝန္းမ်ားမွာ အရိပ္အေယာင္ပင္ မေတြ႕ရေလာက္ေအာင္ ေပ်ာက္ကြယ္သြား၏။
ေမာ့တိက ကုတင္ေပၚတြင္ ပက္လက္လွဲေလ်ာင္းရင္း သူ႔မ်က္လုံးမ်ားကို မွိတ္ထားလိုက္သည္။
မုထ်န္းဟန္၏ ခ်စ္သူျဖစ္ရန္ ေ႐ြးခ်ယ္မႈမွာ အမွန္တကယ္ပင္ သူ၏ ေနာက္လာမည့္ အစီအစဥ္မ်ားအတြက္ အက်ိဳးရွိေစႏိုင္သည္။
သို႔ေသာ္ အခ်ိန္ကာလအားျဖင့္ သူမလုပ္ေဆာင္ႏိုင္ေသးေသာ အရာမ်ား ရွိေနဆဲပင္။ ထိုသို႔မဟုတ္ပါက ယခုအခ်ိန္တြင္ သူမလုပ္ခ်င္ေသာ အရာမ်ားျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ သူက ယခုထိတိုင္ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ တစ္ခု ျပတ္ျပတ္သားသား မခ်မွတ္ရေသးေပ။
သို႔ေသာ္ အျပန္အလွန္အားျဖင့္ သူက စိတ္ထဲတြင္ သိမ္းဆည္းထား၏။
မုထ်န္းဟန္ကို အသုံးခ်သည့္အတြက္မူ သူ႔ကို အားနာေၾကာင္းသာ ေျပာႏိုင္ေပသည္။
ထိုေန႔ညက ေမာ့တိထံသို႔ မုထ်န္းဟန္ဆီမွ မက္ေဆ့ခ္်တစ္ေစာင္ ေရာက္လာသည္။ သူက ခ်က္ခ်င္း စာမျပန္ေသးဘဲ သူ႔နည္းဗ်ဴဟာမ်ားကို ဆက္လက္ ျပင္ဆင္ေန၏။
သူ ျပန္လည္ေမြးဖြားလာၿပီးေနာက္ က်င္းသာ့ေက်ာင္းသို႔ ဝင္ရန္ သူ၏ အခြင့္အေရးကို ဘယ္ေသာအခါမွ လက္မလႊတ္ခဲ့ေပ။ ေကာလိပ္မတက္ျခင္းက သူ၏ ကုမၸဏီကို ျပန္လည္တည္ေထာင္ျခင္းအတြက္ အဟန႔္အတား မျဖစ္ေစေသာ္လည္း က်င္းသာ့ေက်ာင္းမွာ ေသခ်ာေပါက္ ေနရာေကာင္းတစ္ခု ျဖစ္ၿပီး ေျခလွမ္းသစ္စတင္ရာ ေနရာတစ္ခု ျဖစ္ေပသည္။
သူ႔အတြက္ အဂၤလိပ္ႏွင့္ သခ်ၤာဘာသာရပ္မွာ အလြန္ ႐ိုးရွင္းလွသည္။ သူက စိုးရိမ္ပူပန္ျခင္း မရွိေပ။ သို႔ေသာ္ သိပၸံႏွင့္ တ႐ုတ္ဘာသာရပ္အတြက္ ျပန္လည္ ၾကည့္ရႈရန္ လိုအပ္ေပသည္။ မည္သို႔ပင္ျဖစ္ေစ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီျဖစ္ရာ သူ သင္ၾကားခဲ့ေသာ ဗဟုသုတမ်ားမွာ ေဝဝါးေနၿပီ ျဖစ္၏။
သူ႔လုပ္ငန္းတာဝန္မ်ားကို တစ္ညလုံး ျပန္လည္စစ္ေဆးၿပီးေနာက္ ေမာ့တိက ေမာ့မိသားစု၏ လက္ရွိအေျခအေနကို စစ္ေဆးရန္ သူ႔ကြန္ပ်ဴတာကို ဖြင့္လိုက္သည္။ ထိုအခါ မေမွ်ာ္လင့္ထားဘဲ ထိတ္လန႔္ဖြယ္ သတင္းတစ္ခုကို ေတြ႕လိုက္ရေလသည္။
သူ၏ ဖခင္ေကာင္းျဖစ္သူ ေမာ့ရွစ္ဟုန္မွာ ေဆး႐ုံတင္လိုက္ရ၏။
ထို႔ျပင္ သူႏွင့္ ေဆး႐ုံတစ္ခုတည္းတြင္ ျဖစ္သည္။
....
.
ေမ့ေလ်ာ့ခံထားရသူ ေမာ့တိမွာ အနီးအနားတြင္သာ ရွိေနေၾကာင္း ေမာ့မိသားစုဝင္မ်ား မသိၾကေပ။ ထို႔ျပင္ ယမန္ေန႔က သူ အိမ္သို႔ ျပန္မလာသည့္အေၾကာင္းကိုလည္း မည္သူမွ သတိမထားမိၾကေခ်။ လူတိုင္းက ေမာ့ရွစ္ဟုန္၏ အေျခအေနေၾကာင့္ ဗ်ာမ်ားေနၾကသည္။
“ရွစ္ဟုန္… ရွင္ အခု သက္သာရဲ႕လား…”
႐ြမ္ခ်င္းတန႔္က ေမာ့ရွစ္ဟုန္၏ လက္မ်ားကို ဆုပ္ကိုင္ထားရင္း မ်က္လုံးမ်ား နီရဲအစ္မို႔ေနသည္။ သူမေဘးရွိ စိုစြတ္ေသာ မ်က္လုံးမ်ားျဖင့္ ေမာ့လွ်ိဳေကြ႕က တအိအိ ငိုေနရင္း ေျပာလိုက္သည္။
“ေဖေဖ… ေဖေဖ… အဆင္ေျပရဲ႕လား… ေဖေဖ…”
“ေဖေဖ အခု အဆင္ေျပသြားပါၿပီ… အသက္အႏၲရာယ္ မစိုးရိမ္ရေတာ့ဘူးလို႔ ဆရာဝန္က ေျပာတယ္မလား…”
ေမာ့ရွစ္ဟုန္မွာ အနည္းငယ္ အားနည္းေနေသာ္လည္း အေျခအေနေကာင္းေနေပၿပီ။ သူက ေမာ့လွ်ိဳေကြ႕၏ ဆံႏြယ္ေလးမ်ားကို ပြတ္သပ္ေပးလိုက္ၿပီး ေခါင္းကိုက္သလို ခံစားလိုက္ရသည္။
“မငိုပါနဲ႔ သမီးေလးရယ္… ေဖေဖလည္း ဝမ္းနည္းရတယ္…”
ထို႔ေနာက္ သူက ႐ြမ္ခ်င္းတန႔္ကို မေက်နပ္ေသာ အၾကည့္မ်ိဳးျဖင့္ လွမ္းၾကည့္လိုက္ၿပီး ေျပာလိုက္၏။
“သမီးေလးကို မင္း ဘာလို႔ ဒီကိစၥ သြားေျပာရတာလဲ… မင္းက ကိစၥေတြကို ပိုၿပီး ဆိုး႐ြားေအာင္ လုပ္ေနတာပဲ…”
“ကြၽန္မ ေတာင္းပန္ပါတယ္ ရွစ္ဟုန္… အဲ့ဒီအခ်ိန္တုန္းက ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္သြားလို႔ပါ…”
“အထိတ္တလန႔္ ျဖစ္ေနတဲ့အခ်ိန္မွာေတာင္ မွန္မွန္ကန္ကန္ ေတြးႏိုင္တဲ့အထိ မင္း ရင့္က်က္သင့္ၿပီ… ေရွာင္ေကြ႕ကို ေျပာစရာမလိုဘူး…”
ေမာ့ရွစ္ဟုန္၏ မ်က္လုံးမ်ားမွာ ေဒါသေၾကာင့္ နီရဲေန၏။ သူက ႐ြမ္ခ်င္းတန႔္ကို သတိေပးဆုံးမခ်င္႐ုံသာ။
“ေတာ္ေလာက္ၿပီ ငါ့သား… မင္း အဆင္ေျပတယ္ဆိုလို႔ ေတာ္ပါေသးတယ္… မင္းရဲ႕ဇနီးလည္း ဒီတစ္ႀကိမ္ေတာ့ အမ်ားႀကီး သင္ယူၿပီးသား ျဖစ္သြားမွာပါ…”
အဘိုးေမာ့က သုန္မႈန္ေနေသာ မ်က္ႏွာထားျဖင့္ သူ႔ထိုင္ခုံေနရာ၌ ထိုင္ေန၏။ သူက သူ႔ႀကိမ္တုတ္ကို ႏွစ္ႀကိမ္ ေခါက္လိုက္သည္။
“မင္း အခု စိတ္လႈပ္ရွားလို႔ေရာ စိတ္အပင္ပန္းခံလို႔ေရာ မရေသးဘူး… ဆရာဝန္ကေျပာတာေတာ့ အခု အသက္အႏၲရာယ္ မရွိေတာ့ဘူးဆိုေပမယ့္ မင္း လုံးဝ သက္သာသြားၿပီ ဆိုၿပီးေတာ့ အာမခံလို႔ မရေသးဘူးတဲ့… ေရွာင္ေကြ႕က မင္းရဲ႕သမီးဆိုေတာ့ သူက မင္းကို အရမ္းဂ႐ုစိုက္ေပးတာပါ… တကယ္လို႔ ငါတို႔ေတြ သူ႔ကို မေျပာဘူးဆိုရင္ သူသိသြားတဲ့အခ်ိန္က် သူ႔ကိုယ္သူ အျပစ္တင္ေနမိမွာ…”
“အေဖ…”
ေမာ့ရွစ္ဟုန္က သူ႔မ်က္ခုံးမ်ားကို ပင့္လိုက္သည္။
အဘိုးေမာ့က လက္ကို ေဝွ႔ယမ္းျပ၏။
“ငါတို႔က မင္းရဲ႕အေျခအေနကို ၾကည့္ဖို႔ ဒီကို ေရာက္လာတာ… ခဏေနရင္ မင္းအနားယူတာကို အေႏွာက္အယွက္ မျဖစ္ရေအာင္ မင္းမိန္းမကလြဲၿပီး ငါတို႔အကုန္ ျပန္ၾကေတာ့မွာ… ဒါနဲ႔ မင္း အရက္မေသာက္ခင္မွာ ပင္နီဆလင္လို ပဋိဇီဝေဆးတစ္မ်ိဳးမ်ိဳး ေသာက္မိေသးလားဆိုတာကို ငါ ေမးမလို႔… ဒီလိုမွမဟုတ္ရင္ မင္း ဘယ္ကေနၿပီး အဆိပ္မိစရာ အေၾကာင္း ရွိမွာလဲ…”
ထိုစဥ္ ေျပာရင္းဆိုရင္း အဘိုးေမာ့မွာ ေဒါသထြက္လာသည္။
“ကြၽန္ေတာ္လည္း မသိပါဘူး… လြန္ခဲ့တဲ့ရက္အေတာအတြင္းမွာေတာ့ ကြၽန္ေတာ္ ဘာေဆးမွ မေသာက္ျဖစ္ဘူး…”
ေမာ့ရွစ္ဟုန္၏ အမူအရာမွာလည္း ျမင္မေကာင္း ရႈမေကာင္း ျဖစ္ေနသည္။
“တကယ္လို႔ မင္း ဘာေဆးမွ မေသာက္ဘူးဆိုရင္ ဘယ္လိုလုပ္ၿပီး တုံ႔ျပန္မႈ ရွိမွာလဲ… ဆရာဝန္ေတြက ဆာလဖ်ဴရစ္ဓာတ္ျပဳျခင္းနဲ႔ ပတ္သက္ၿပီး တစ္ခုခု ေျပာသြားတယ္ေလ… မင္း ဘယ္လိုျဖစ္ၿပီး မူးေဝသြားတာလဲ…”
“အေဖ… တစ္ေယာက္ေယာက္က သူ႔ကို အဆိပ္ခတ္ဖို႔ ႀကိဳးစားတာပါ…”
႐ြမ္ခ်င္းတန႔္က သူမ၏ မ်က္ရည္စမ်ားကို သုတ္ကာ စူးရွေသာ အသံျဖင့္ ေျပာလိုက္သည္။
“တစ္ေယာက္ေယာက္က လုပ္ႀကံတာပဲ ျဖစ္ရမယ္… ခဲအိုကလည္း ဝိုင္ေသာက္ေပမယ့္ ဘာမွ မျဖစ္ဘူးေလ…”
“ေယာက္မေလး… မင္း ဘာကို ေစာင္းေျပာေနတာလဲ… မင္းရဲ႕ခဲအိုက ဝိုင္ထဲမွာ အဆိပ္ခတ္တဲ့သူလို႔ ေျပာခ်င္တာလား…”
ဤစကားကို ၾကားေသာအခါ အေဒၚအႀကီးဆုံးျဖစ္သူက ေဒါသထြက္သြား၏။
“မင္းက ဘယ္လိုလုပ္ၿပီး ဒီလို အၾကင္နာတရားမဲ့တဲ့ စကားမ်ိဳး ေျပာႏိုင္ရတာလဲ…”
“အစ္မႀကီး ကြၽန္မက ဒီလိုမ်ိဳး ဆိုလိုခ်င္တာ မဟုတ္ပါဘူး… ကြၽန္မ ေျပာခ်င္တာက ဒီကိစၥဟာ စားေသာက္ဆိုင္မွာ ျဖစ္တာမဟုတ္ဘဲ အိမ္မွာျဖစ္တယ္လို႔ ေတြးမိတာကို ေျပာတာပါ…”
“ေယာက္မေလး… မင္းက စကားကို ဘယ္လိုလွည့္ပတ္ၿပီး ေျပာရမလဲဆိုတာ ေကာင္းေကာင္းႀကီး သိထားတာပဲ… မင္း စြပ္စြဲေနတာ မဟုတ္ဘူးဆိုတာကို ငါ မယုံၾကည္ႏိုင္ဘူး…”
“ေတာ္ေလာက္ၿပီ…ျငင္းခုံမေနၾကနဲ႔ေတာ့…”
အဘိုးေမာ့က သူ႔တုတ္ေကာက္ျဖင့္ ေထာက္ကာ မတ္တပ္ရပ္လိုက္သည္။ ထိုစဥ္ သူ႔မ်က္ႏွာမွာ ေဒါသေၾကာင့္ မည္းေမွာင္ေန၏။
“အခုက ငါတို႔အခ်င္းခ်င္း ျငင္းခုံေနရမယ့္အခ်ိန္ မဟုတ္ဘူး…”
အေဒၚအႀကီးဆုံးျဖစ္သူမွာ သူမ၏ ပါးစပ္ကို ပိတ္ထားလိုက္ၿပီး စကားတစ္ခြန္းမွ မေျပာေတာ့ေပ။
သူမေဘးတြင္ ရပ္ေနေသာ ေမာ့ရွစ္ခ်န္က သက္ျပင္းခ်လိုက္သည္။
“ခယ္မေလးရဲ႕ ခံစားခ်က္နဲ႔ ေျပာခ်င္တဲ့စကားကို နားလည္ပါတယ္ ဒါေပမဲ့ ဝိုင္က ဘာမွ အမွားမရွိဘူးဆိုတာ ေသခ်ာေနတာပဲ… ပထမဆုံးအေနနဲ႔ ကြၽန္ေတာ္က ဝိုင္ပုလင္းကို ေဖာက္တဲ့သူပါ ၿပီးေတာ့ ဝိုင္ခြက္ကလည္း သန႔္ရွင္းပါတယ္… အစ္ကိုလတ္က သူ႔ဖန္ခြက္ကို သူယူလာတာ ဖန္ခြက္ထဲကို အျခားဘယ္သူ႔မွ ဘာပစၥည္းမွ မထည့္ထားဘူးေလ… အဲ့ဒါေၾကာင့္ အစ္ကိုလတ္က သက္ေသခံေပးလို႔ ရတယ္…”
“အမွန္ပါပဲ…”
ေမာ့ရွစ္ဟုန္က ျပန္ေျပာလိုက္သည္။
ေမာ့ရွစ္ခ်န္က ဆက္ေျပာ၏။
“ဒီကိစၥက အိမ္မွာျဖစ္ခဲ့တာ ဟုတ္လား မဟုတ္ဘူးလားဆိုတာက ကြၽန္ေတာ္ မသိတဲ့ကိစၥပါပဲ… ဒါေပမဲ့ အေစခံေတြကို စစ္ေဆးၾကည့္လို႔ ရမယ္လို႔ ထင္တာပဲ… မိသားစုထဲက တျခားသူတစ္ေယာက္ေယာက္ လုပ္တာေတာ့ မျဖစ္ႏိုင္ေလာက္ပါဘူး… ကြၽန္ေတာ္တို႔ မိသားစုထဲမွာ ဘယ္သူက ကိုယ့္မိသားစုဝင္အေပၚ ထိခိုက္ေစခ်င္မွာလဲ… မျဖစ္ႏိုင္ပါဘူး…”
“အေဖ… အဲ့ဒါကေတာ့ မျဖစ္ႏိုင္ပါဘူး… ကြၽန္ေတာ္တို႔ မိသားစုထဲမွာ မ်က္လုံးျဖဴဝံပုေလြ ရွိေနတာ မဟုတ္ဘူးမလား…”
ေဘးနားတြင္ ရပ္ေနေသာ ေမာ့စစ္လန္က ႐ုတ္တရက္ ဝင္ေျပာလိုက္သည္။ သူက သူ၏ တတိယေျမာက္ဦးေလး ျပန္လည္သက္သာၿပီျဖစ္ေၾကာင္း ၾကားၿပီးေနာက္ ေဖ်ာ္ေျဖပြဲမွ တန္းတန္းမတ္မတ္ လာခဲ့ျခင္း ျဖစ္သည္။ သူ႔မိတ္ကပ္မ်ားကို မဖ်က္ရေသးသည့္အျပင္ သူ႔ပရိသတ္မ်ားကိုပါ ဆက္လက္ၿပီး လက္မွတ္ထိုးေပးေန၏။ မည္သို႔ပင္ျဖစ္ေစ ထိုပရိသတ္မ်ား ေပါင္းလိုက္လွ်င္ပင္ သူ႔ညီမျဖစ္သူ၏ ဆံခ်ည္မွ်င္ တစ္မွ်င္ႏွင့္ပင္ မယွဥ္ႏိုင္ေပ။
“ဟုတ္တယ္… ေမာ့တိ…”
တံခါးနားတြင္ ရပ္ေနေသာ ေမာ့ဝုဟန္က ေဒါသတႀကီး ေျပာလိုက္သည္။
“သူ လုပ္ခဲ့တာ ျဖစ္မယ္… ကံမေကာင္းတာက ငါတို႔ေတြ အိမ္မွာ ေစာင့္ၾကည့္ေနတာမ်ိဳး မလုပ္မိဘူးေလ ဒါမွမဟုတ္ ငါတို႔ေတြ သူ႔ကို ဖမ္းမိမွရမယ္…”
ေမာ့ဝုဟန္က ပို၍ ေျပာေလေလ၊ ပို၍ စည္း႐ုံးသိမ္းသြင္းသလို ျဖစ္ေနသည္။ ဤသို႔ ျဖစ္မွရမည္။ ထိုသို႔မဟုတ္ပါက သူ ေမာ့တိကို ေပးလိုက္ေသာ ေဆးဝါးမ်ားမွာ သူ႔တတိယဦးေလး၏ ခြက္ထဲတြင္ မည္သည့္အတြက္ေၾကာင့္ အဆုံးသတ္ရပါမည္နည္း။ အားလုံးမွာ ေမာ့တိ၏ အမွားသာ ျဖစ္သည္။ သူက အလြန္ အႏၲရာယ္မ်ားလွ၏။ ဘယ္အခ်ိန္က ထိုေကာ္ဖီခြက္မ်ားကို သူ လဲလွယ္လိုက္ပါသနည္း။
“အဲ့ဒီသတၱဝါေလး ဘယ္မွာလဲ…”
ေမာ့ရွစ္ဟုန္က သူ႔ရင္ဘတ္ကို ဆုပ္ကိုင္ထားရင္း သူ ေမာ့တိကို မေတြ႕ရသည္မွာ အခ်ိန္ အေတာ္ၾကာၿပီ ျဖစ္ေၾကာင္း ႐ုတ္တရက္ သတိရသြားသည္။
ေမာ့ဝုဟန္က ေျပာ၏။
“မသိဘူးေလ… သူ႔ကို မေန႔တည္းက မေတြ႕တာ… သူ အျပစ္လုပ္ထားၿပီးေတာ့ ထြက္ေျပးတာမ်ားလား…”
“သူ႔ကို သြားရွာၾက… အကုန္လုံးကို လိုက္ေမးၿပီး အဲ့ဒီသတၱဝါေလးကို ျပန္ေခၚလာခဲ့ၾက... သူ တကယ္လုပ္ခဲ့တာဆိုရင္ မိသားစုအတြက္ အရွက္ရစရာ ကိစၥ ျဖစ္ေနရင္ေတာင္ သူ႔ကို ငါ ရဲစခန္းပို႔ပစ္မယ္… ငါတို႔မိသားစုထဲမွ မေကာင္းဆိုးဝါးမ်ိဳးေစ့ကို အျမစ္ျဖတ္ပစ္ရမယ္…”
အဘိုးေမာ့က အလြန္ ေဒါသထြက္ေနေသာေၾကာင့္ သူ႔တုတ္ေကာက္ကို တဒုန္းဒုန္း ထု႐ိုက္ေန၏။
“ဘိုးဘိုး… စိတ္မဆိုးပါနဲ႔… သမီး မနက္ျဖန္က် ေက်ာင္းသြားၿပီး သူ ဘယ္မွာရွိေနလဲဆိုတာ ေမးၾကည့္လိုက္ပါ့မယ္…”
ေမာ့လွ်ိဳ႕ေကြ႕က သူမ၏ အဘိုးျဖစ္သူကို စိုးရိမ္တႀကီး ၾကည့္လိုက္ၿပီး ေရတစ္ခြက္ ငွဲ႔ေပးလိုက္သည္။
“ဘိုးဘိုး… ေရေသာက္ပါဦး… စိတ္မတိုပါနဲ႔… ဒီကိစၥက ေရွာင္တိနဲ႔ ဘာမွမဆိုင္ေလာက္ပါဘူး…”
“ဒါမွ ငါ့ရဲ႕ ေျမးမအလိမၼာေလး… ဟိုႏွလုံးသားမရွိတဲ့ မ်က္လုံးျဖဴဝံပုေလြနဲ႔ တျခားစီပဲ…”
အဘိုးေမာ့က ေရတစ္ငုံ ေသာက္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။
---
မေမွ်ာ္လင့္ထားဘဲ တုန္လႈပ္ဖြယ္ အျဖစ္ဆိုးႀကီး အၿပီးတြင္ ေမာ့မိသားစုက သူ႔အား တညီတၫြတ္တည္း တရားခံအျဖစ္ သတ္မွတ္လိုက္ၾကေၾကာင္း ေမာ့တိ မသိထားေပ။ အကယ္၍ သူ သိသြားသည့္တိုင္ေအာင္ အံ့ဩစရာ မဟုတ္ပါ။ မည္သို႔ပင္ျဖစ္ေစ ငယ္႐ြယ္စဥ္ကတည္းက သူ႔အေနျဖင့္ မၾကာခဏ ျဖစ္ပ်က္သြားမွန္းပင္ မသိလိုက္ရေသာ ျပစ္မႈမ်ား က်ဴးလြန္သည္ဟု စြပ္စြဲျခင္း ခံခဲ့ရေလသည္။
တစ္ရက္အၾကာတြင္ ေမာ့ရွစ္ဟုန္၏ က်န္းမာေရးမွာ တည္ၿငိမ္လာ၏။ ေမာ့မိသားစုမွာ ေမာ့တိႏွင့္ ေမာ့လွ်ိဳေကြ႕၏ အတန္းေဖာ္ျဖစ္သူ က်ဴးဝမ္ဇီထံမွ ေမာ့တိမွာ အလြန္ ဆိုး႐ြားေသာ လုပ္ရပ္ေၾကာင့္ အ႐ိုက္ခံရၿပီး ေဆး႐ုံတင္လိုက္ရေၾကာင္း သတင္းရခဲ့သည္။
ထို႔ျပင္ သူက ေမာ့ရွစ္ဟုန္ ရွိေနသည့္ ေဆး႐ုံတစ္ခုတည္းတြင္သာ အတူတူ ရွိေနျခင္းပင္။
က်ဴးဝမ္ဇီက ေမာ့တိတစ္ေယာက္ အရႈပ္ထုပ္ကို ေ႐ႊအျဖစ္ မည္သို႔ ေျပာင္းလဲလိုက္ေၾကာင္းႏွင့္ အမွန္တရားကို ေျပာင္းျပန္လွန္ကာ ေက်ာင္းသားမ်ားကို ေက်ာင္းတြင္းအၾကမ္းဖက္မႈတြင္ စြပ္စြဲခံရေစၿပီး သူတို႔၏ မွတ္တမ္းမ်ားတြင္ ျပင္းထန္ေသာ ျပစ္မႈမွတ္တမ္း ထည့္သြင္းခံရေစရန္ လုပ္ေဆာင္ခဲ့ေၾကာင္း ေဖာ္ေကာင္ လုပ္ခဲ့သည္။ အလြန္ ဆိုး႐ြားလွေပ၏။
ေမာ့ဝုဟန္က ေမာ့တိကို ျပန္လည္ေခၚေဆာင္လာမည့္ တာဝန္ကို အလိုအေလ်ာက္ ယူလိုက္ရသည္။ သူက ေမာ့တိ၏ အခန္းနံပါတ္ကို ေမးကာ ထြက္ခြာရန္ ျပင္ဆင္ရ၏။ သူက တံခါးဝသို႔ ေရာက္ေသာအခါ သူ႔အစ္ကို အႀကီးဆုံးျဖစ္သူ အလုပ္မွ ျပန္လာသည္ကို ေတြ႕လိုက္ရသည္။
ေမာ့ယီခ်န္က အနက္ေရာင္ရွပ္အက်ႌႏွင့္ ေဘာင္းဘီရွည္ကို ဝတ္ဆင္ထား၏။ သူက အရပ္ရွည္ၿပီး ေခ်ာေမာသည့္အျပင္ ဥပေဒျပဳလႊတ္ေတာ္အတြင္း အငယ္ဆုံးႏွင့္ ကတိကဝတ္အတည္ဆုံး အေထြေထြဒါ႐ိုက္တာ တစ္ဦးဟု ေခၚဆိုရန္ ထိုက္တန္လွေပသည္။ သို႔ရာတြင္ ယခုအခါ သူ႔မ်က္ႏွာ အမူအရာမွာ သိသိသာသာ မေကာင္းေခ်။ ေမာ့ဝုဟန္ ထြက္သြားေတာ့မည္ကို ျမင္ေသာေၾကာင့္ သူက ေမးလိုက္သည္။
“မင္း ေမာ့တိကို သြားရွာမလို႔လား…”
“ဟုတ္ကဲ့ အစ္ကိုႀကီး… ဘာကိစၥရွိလို႔လဲ…”
“ငါ မင္းနဲ႔အတူတူ လိုက္ခဲ့မယ္…”
ေမာ့ယီခ်န္က စိတ္မရွည္ေတာ့ဘဲ ရွင္းျပလိုက္သည္။
“အရင္ဆုံး ဟိုေက်ာင္းသားေတြနဲ႔ သူ႔မိဘေတြကို ေတာင္းပန္ဖို႔အတြက္ သူ႔ကို ေခၚသြားၾကတာေပါ့… ၿပီးမွ သူ႔ကို ရဲစခန္းပို႔ရမယ္… အခု အဲ့ဒီေက်ာင္းသားမိဘေတြက ကုမၸဏီတံခါးကိုေတာင္ လာပိတ္ထားၾကတာ… ဒီေကာင္က ဘယ္လို ဒုကၡေပးရမလဲဆိုတာပဲ သိတယ္…”
“ေကာင္းၿပီေလ… ကြၽန္ေတာ္တို႔ ဒီလိုပဲ လုပ္တာေပါ့… သူတို႔က သာမန္မိသားစုေတြပဲ ဆိုေပမယ့္ ကြၽန္ေတာ္တို႔ ေမာ့မိသားစုက က်ိဳးေၾကာင္းဆင္ျခင္ၿပီး လုပ္ဖို႔လိုတယ္ေလ… ကြၽန္ေတာ္တို႔ တျခားသူေတြကို အႏိုင္က်င့္လို႔ မရဘူး…”
ေမာ့ဝုဟန္က ကားပါကင္ဆီသို႔ ေလွ်ာက္သြားရင္း ေျပာေနသည္။
“အနည္းဆုံးေတာ့ ေမာ့တိက လူကိုယ္တိုင္ ေတာင္းပန္တဲ့အျပင္ အဲ့ဒီေက်ာင္းသားေတြကို အျပစ္ေပးထားတာ ျပန္လည္ ႐ုပ္သိမ္းဖို႔အတြက္ လက္ေရးနဲ႔ ေတာင္းပန္စာတစ္ေစာင္လည္း ေရးေပးမွ ရမယ္… အစ္ကိုႀကီး ကြၽန္ေတာ္ တစ္ခု ေျပာပါရေစ… က်ဴးမိသားစုရဲ႕ သခင္ေလး က်ဴးဝမ္ဇီက အရင္တုန္းက သူ႔ရဲ႕သူငယ္ခ်င္းေကာင္းပဲ… အဲ့ဒီေကာင္ေလးက ေရွာင္ေကြ႕ဘက္ကေန ေျပာေပးလို႔ ေမာ့တိက သူ႔ကို မုန္းသြားၿပီး အႏိုင္က်င့္တဲ့ကိစၥအတြက္ သူ႔ကို အျပစ္တင္ခဲ့တယ္… ေမာ့တိက ေတာ္ေတာ့္ကို အဆိပ္ျပင္းတဲ့ေကာင္ပဲ…”
“ဟုတ္တယ္… ကားေပၚျမန္ျမန္တက္…”
---