ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

143K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-10

1.9K 208 2
By PrettiOcean

Chapter 10

“ကျုပ်ပြောတာ ဘယ်ရောက်သွားပြီလဲ… အိုး သိပြီ… ဒါက သာမန်အလာ့ဂျစ်မျိုး မဟုတ်ဘူး သေစေနိုင်တယ်… ဒီကလေးကို အမှန်တကယ် ဂရုစိုက်တဲ့သူသာဆိုရင် ဒီအကြောင်းကို မသိဘဲ နေမလား... ဟာသပဲ… ကျုပ်အမြင်အရဆိုရင် သာမန်စကားလေး တစ်ခွန်းကနေတောင် မရည်ရွယ်ဘဲနဲ့ အမှန်တရားကို ထောက်ပြနေတယ်… ဘယ်လိုလုပ်ပြီးတော့ အသရေဖျက်မှု ဒါမှမဟုတ် ရန်ငြိုးထားမှုဆိုပြီး သတ်မှတ်လို့ ရမှာလဲ… အဲ့ဒါထက် မင်းတို့တွေ သူ့ကို အခုလိုထိ ဖြစ်အောင် အနိုင်ကျင့်ခဲ့ကြတာလေ… မင်းတို့တွေက တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ… စိတ်ပျက်ဖို့ကောင်းရုံတင်မကဘူး…”

လိုင်သယ်စစ်က ကျူးဝမ်ဇီကို လှောင်ပြောင်လိုက်သည်။

“မင်းတို့က အမှန်တရားကို လီဆယ်ပြီး ပြောရုံမကဘူး ဒီကလေးကို စော်ကားပြီး အနိုင်ကျင့်ကြသေးတယ်… အကြင်နာတရားကင်းမဲ့လိုက်တာ…”

“ခင်ဗျားကတော့…”

ကျူးဝမ်ဇီက လိုင်သယ်စစ်ကို သတ်ဖြတ်တော့မတတ်ပုံစံဖြင့် စိုက်ကြည့်လိုက်၏။

“ခင်ဗျားကမှ အမှန်တရားကို လုပ်ကြံပြီးပြောနေတာ… ခင်ဗျားကမှ အကြင်နာတရား မရှိတဲ့သူ…”

“ဟေ့ ကောင်လေး… တစ်ပွဲတစ်လမ်း နွှဲချင်နေတာလား…”

“လိုင်သယ်စစ်…”

မုထျန်းဟန်က ရုတ်တရက် ထပြောပြီး လိုင်သယ်စစ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအခါမှသာ လိုင်သယ်စစ်က ပါးစပ်ပိတ်ထားလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။

“ကျောင်းအုပ်ကြီးဟွမ်း…”

မုထျန်းဟန်က သူ့ဘေးနားတွင် ရပ်နေသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် အေးစက်သော သူ့မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။

“ဒီကိစ္စကို အခု ခင်ဗျား အပြည့်အဝ နားလည်သွားလောက်ပြီဆိုတော့ ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားလဲခင်ဗျ…”

“ဒါက…”

ဤအခိုက် ကျောင်းအုပ်ကြီးဟွမ်း၏ ရင်ထဲ၌ မွန်းကြပ်သလို ခံစားလိုက်ရသည်။ သူ့ကျောပြင်မှာ ချွေးသီးချွေးပေါက်များ စီးကျနေပြီး သူက တစ်ချိန်လုံး အသံတိတ်နေသည့် မော့တိကို မသိမသာ လှမ်းကြည့်လိုက်မိသည်။

“မော့တိ ဒီကိစ္စကို မင်း ဘယ်လိုမျိုး ဖြေရှင်းစေချင်လဲ…”

“ကျွန်တော်လား…”

မော့တိက လိုင်သယ်စစ်နှင့် မုထျန်းဟန်တို့ကို ကြည့်ရင်း အနည်းငယ် လေးတိလေးကန် ဖြစ်သွားသည်။ သူ တစ်ချိန်လုံး သင်ကြားခဲ့ရသည်နှင့် လုံးဝကွဲပြားသော သင်ကြားမှုပုံစံများနှင့်လူ့ကျင့်ဝတ်စံနှုန်းများအကြောင်း ပထမဆုံး ကြားဖူးခြင်းဟု ထင်မှတ်ရပေ၏။ သူ့အတွက် စကားလမ်းကြောင်း လွှဲရန် ခက်ခဲလှပေသည်။

မုထျန်းဟန်က မော့တိ၏ မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုများနှင့် ဖိအားများကို မြင်သောအခါ သူ့မျက်ခုံးကြားမှ အရေးအကြောင်းများမှာ ပို၍ နက်ရှိုင်းလာ၏။

“ဒါ မော့တိရဲ့ အမှားဆိုတာ ရှင်းနေတာပဲလေ…”

ကျူးဝမ်ဇီက မော့တိကို စိုက်ကြည့်ကာ ပြောသည်။

“မော့တိ… မင်း ဒီနေ့ ကျောင်းပြန်တက်ရင် လျှိုကွေ့ကို လူရှေ့မှာ တရားဝင်တောင်းပန်မယ်ဆိုပြီး မင်း မိသားစုဝင်တွေကို ကတိပေးထားခဲ့တယ်မလား… မင်း အခု တောင်းပန်သင့်တယ်လို့ မထင်ဘူးလား…”

“အခုတော့ မင်း ကျောင်းကို ပြန်မလိုက်နိုင်ဘူးဆိုတာ ငါတို့ နားလည်ပါတယ်… မှတ်တမ်းယူထားရင် ဖြစ်တာပဲ မဟုတ်လား…”

အခြားသူများ စကားပြောရန်ပင် မစောင့်တော့ဘဲ ကျူးဝမ်ဇီက သူ့ဖုန်းကို ထုတ်လိုက်ပြီး ကင်မရာကို ဖွင့်ကာ သူ့အိတ်ထဲမှ ပုလင်းတစ်လုံးကိုပါ ဆွဲထုတ်လိုက်သည်။

“ပြီးတော့ မင်း တောင်းပန်မယ်ဆိုရင် ဒီဟာကို သောက်ရမယ်… ဒါမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး စိတ်ရင်းလို့ သတ်မှတ်နိုင်မှာလဲ…”

ကျူးဝမ်ဇီက အစ်ကိုဝုဟန်အနေဖြင့် မော့တိတောင်းပန်နေသည့် အချိန်တွင် သူ့ကို အဘယ်ကြောင့် အရက်သောက်ခိုင်းရသည်နှင့် ပတ်သက်ပြီး သေချာမသိပေ။ အရက်သောက်ပြီး တောင်းပန်ခြင်းမှာ ကာလရှည်ကြာ တည်ရှိခဲ့သည့် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သော်လည်း ကျောင်းသားများဖြစ်သော သူတို့အတွက် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သို့သော် အစ်ကိုဝုဟန်က သူ့ကို ထပ်ခါထပ်ခါ တောင်းဆိုနေသောကြောင့် အကောင်းဆုံး ကြိုးစားနေရခြင်းပင်။

“ဒါ ဘာလဲ…”

မော့တိက သံသယဖြင့် ကျူးဝမ်ဇီကို စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ဒါက အရက်…”

မုထျန်းဟန်က ရုတ်တရက် ပြောလိုက်သည်။ ခပ်တိုးတိုး သူ့အသံမှာ ဆွဲငင်အား ကောင်းလှပြီး အခန်းထဲတွင် အနည်းငယ် ပဲ့တင်ထပ်သွားလေ၏။

မော့တိက သူ့ကို ကြည့်လိုက်သည်။

“အရက်လား…”

“သူ့ဒဏ်ရာတွေက အရမ်းကို ဆိုးရွားနေတာ… အရက်သောက်လို့ မရဘူး…”

လိုင်သယ်စစ်က ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာတို့ကို ပြောလိုက်သည်

“ကျွတ်… ဒီကလေးက တခြားသူတွေကို နာကျင်အောင် လုပ်နေတာပဲ…”

“ဟုတ်တယ်… ဟုတ်တယ်… သူ သောက်လို့ မရဘူး…”

ကျောင်းအုပ်ကြီးဟွမ်းနှင့် ဆရာလျှို့က ပထမဆုံးအကြိမ် ဝင်ပြောလိုက်ကြသည်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးဟွမ်း၏ မျက်နှာမှာ ဒေါသထွက်လာပုံရပြီး ကျူးဝမ်ဇီကို မောင်းထုတ်ပစ်ချင်လာ၏။

“ဟေ့ကောင်… မင်း ပြန်ပြီး အတန်းသွားတက်တော့… ဒီကိုလာပြီး ပြဿနာရှာမနေနဲ့…”

“ကျောင်းအုပ်ကြီး…”

ကျူးဝမ်ဇီက လုံးဝနားမလည်နိုင်ဘဲ ဒေါသထွက်လာသည်။

“ကျောင်းအုပ်ကြီး… ဆရာလျှို့… ဒါတွေအားလုံးက မော့တိရဲ့အမှားပဲ… သူ တောင်းပန်မှရမယ်… သူ တခြားသူတွေကို ကတိပေးထားတာလေ… ဘယ်လိုလုပ်ပြီး…”

“မင်း ပါးစပ်ကိုပိတ်ထား… ထွက်သွားတော့…”

ကျောင်းအုပ်ကြီးဟွမ်းက စည်းကမ်းထိန်းသိမ်းရေးဆရာအား စကားများနေသော ထိုကောင်လေးကို အခန်းထဲမှ ခေါ်ထုတ်သွားရန် အချက်ပြလိုက်သည်။

ဆရာလျှိုမှာ စိတ်ထဲတွင် ခါးသီးသွား၏။ ကျူးဝမ်ဇီ၏ မိသားစုမှာ မြို့တော်ထဲတွင် ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား မိသားစု ဖြစ်သောကြောင့် ကျူးမိသားစု၏ သခင်လေးကို အမှန်တကယ် မစော်ကားဝံ့ပေ။ သို့သော် နှိုင်းယှဉ်ကြည့်လျှင် ကျောင်းအုပ်ကြီးဟွမ်းနှင့် အခြားလူနှစ်ယောက်ကို စော်ကားရန်မှာ ပို၍ ဝန်လေးစရာ ကောင်းလှသည်။ ထို့ကြောင့် သူက ကျူးဝမ်ဇီ၏ လက်မောင်းကို ဆွဲကာ အခန်းထဲမှ ခေါ်ထုတ်သွား၏။

“ကျောင်းသားကျူးဝမ်ဇီ… ဒီကိစ္စကတော့…”

အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ဆရာလျှို့၏ အသံမှာ လုံးဝပင် မကြားရလောက်အောင်အထိ ပို၍ တိုးလျသွားသည်။ ကျောင်းအုပ်ကြီးဟွမ်းက စိတ်ရှုပ်ထွေးနေသည့်အတွက် သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်း တောင်းပန်တိုးလျှိုးသော အပြုံးမျိုး ပြောလိုက်သည်။

“ဒီကိစ္စမှာ ဒီလောက်ထိ နားလည်မှုလွဲသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး… ဒါပေမဲ့ လူတိုင်းက ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သိသာပါတယ်… သူတို့တွေ စိတ်လိုက်မာန်ပါနဲ့ လုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ လွဲချော်မှု ရှိလို့…”

“ကျောင်းအုပ်ကြီးဟွမ်း…”

မုထျန်းဟန်က သူ၏ ရှည်လျားပြီး အားကောင်းသော လက်ချောင်းများဖြင့် အင်္ကျီလက်အနားကို ခေါက်လိုက်သည်။

“ရိုးရိုးသားသား ပြောရရင် ရှာကျားနိုင်ငံတကာကျောင်းကို သိပ်ကောင်းတဲ့ ကျောင်းတစ်ကျောင်းဆိုပြီး ကျုပ်က ထင်နေတာ… ဒီလိုမှမဟုတ်ရင် ကျုပ်က ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက် ရှိလာမှာ မဟုတ်ဘူး…”

“ဟုတ်ပါတယ်… အမှန်ပါပဲ… ကျွန်တော်တို့ရဲ့ ရှာကျားနိုင်ငံတကာကျောင်းက…”

“ဒါပေမဲ့ ကျုပ်က ကျောင်းတွင်းအကြမ်းဖက်မှုကိုတော့ လုံးဝ သည်းခံလို့ မရဘူး…”

မုထျန်းဟန်က ဟွမ်းလီချန်းကို ယဉ်ကျေးစွာပင် စကားကို ကြားဖြတ်ပြောလိုက်သည်။

“ကျောင်းအုပ်ဟွမ်းက ဒီပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းပေးမှာလဲ…”

“ဒါ… ဒါကတော့… သေချာပေါက် ဆုံးမရမယ့် ကိစ္စပါပဲ…”

“ဆုံးမရမယ် ဟုတ်လား… ကျုပ်ကတော့ ဒီလောက်နဲ့ မလုံလောက်ဘူး ထင်တာပဲ…”

မုထျန်းဟန်က တံခါးဆီသို့ ကြည့်ရင်း ယတိပြတ် ပြောဆိုလိုက်သည်။

“အခုလေးတင် ခင်ဗျားရဲ့ စည်းကမ်းထိန်းသိမ်းရေးဆရာ ပြောတာကို မှတ်မိသေးတယ်… တကယ်လို့ ခင်ဗျားက ပြင်းထန်တဲ့ အမှားတစ်ခု လုပ်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ ကျောင်းသားဘဝ တစ်သက်တာမှတ်တမ်းထဲမှာ အမှတ်ခံရမယ်ဆိုတာလေ… အမှန်ပဲလား…”

မော့တိက အနည်းငယ် မော့ကြည့်လိုက်၏။

ထိုစဉ် ဟွမ်းလီချန်း၏ နှလုံးသားထဲတွင် ဝုန်းဒိုင်းကြဲနေသော်လည်း ခေါင်းငြိမ့်ပြနေရဆဲပင်။

“ဟုတ်ပါတယ်… အမှန်ပါပဲ…”

“အဲ့ဒီရန်ပွဲမှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့ အခုလေးတင် လာသွားတဲ့ ကောင်လေး ကျူးဝမ်ဇီတို့ကိုပါ သူတို့ရဲ့ မှတ်တမ်းထဲ ဒီတစ်ခါဖြစ်ရပ်ကို ထည့်ပေးရင် ကျုပ် ယွမ် ၈၀ မီလီယံ ရင်းနှီးမြှုပ်နှံမယ်…”

မုထျန်းဟန်က ပေါ့ပေါ့လေး ပြောလိုက်၏။

“၈… ၈၀ မီလီယံလား…”

ဟွမ်းလီချန်းမှာ တပြိုင်နက်တည်း အံ့အားသင့်ပြီး ပျော်ရွှင်သွား၏။ သူတို့ ယခင် ဆွေးနွေးခဲ့စဉ်က ရင်းနှီးမြှုပ်နှံမှုမှာ ၅၀ မီလီယံသာ ဖြစ်ရာ ယခုအခါ ၃၀ မီလီယံ ထပ်တိုးသွားခြင်း ဖြစ်သည်။

“ဒါ ပထမတစ်ရစ်ပဲ ရှိသေးတယ်… ကျုပ် အနာဂတ်မှာ ဒီထက်ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဦးမှာပါ…”

မုထျန်းဟန်က ပြုံးရွှင်စွာ ပြောလိုက်၏။

“ဒါတောင်မှ ကျုပ်ရဲ့တောင်းဆိုချက်က များနေသေးတယ်လို့ ကျောင်းအုပ်ကြီး ထင်နေသေးတာလား…”

“မများပါဘူး… လုံးဝ မများပါဘူး…”

“ကျုပ်လည်း ဒီလိုပဲ ထင်ပါတယ်… ကျောင်းရဲ့ စိတ်ဓာတ်ခံယူချက်က သင်ကြားမှုပုံစံရယ် ကျောင်းသား တစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်တယ်လေ… ဒီလိုပြင်းထန်တဲ့ ပြစ်မှုမျိုး လုပ်ပြီးတဲ့နောက်ပိုင်း ထိရောက်တဲ့ အပြစ်ပေးမှု မရှိဘူးဆိုရင် တခြားကျန်တဲ့ကျောင်းသားတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပဲ… တကယ်တော့ ကျုပ်ရဲ့ တောင်းဆိုချက်က တော်တော့်ကို ကျိုးကြောင်း ဆီလျော်မှု ရှိတယ်လို့ ထင်ပါတယ်… သူတို့တွေက သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူရတာပဲလေ… ကျောင်းအုပ်ဟွမ်း ခင်ဗျား ဘယ်လိုထင်လဲ…”

“အမှန်ပါပဲ… အမှန်ပါပဲ…”

ထိုစဉ် ကျောင်းအုပ်ကြီးဟွမ်းက သူ့ခေါင်းထဲ၌ ပါဝင်ပတ်သက်နေသော ကျောင်းသားများ အားလုံးကို တွေးကြည့်နေသည်။ ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား ဖြစ်သော ကျူးဝမ်ဇီ၏ မိသားစုမှအပ အခြားသူများမှာ ပမွှားများသာ ဖြစ်၏။ သူတို့ကို အပြစ်ဒဏ် ချမှတ်လျှင်ပင် ဆိုးဆိုးရွားရွား ဖြစ်လာမည် မဟုတ်ပေ။ ထို့ပြင် သူ့ထံ၌ အခင်းဖြစ်ပွားသည့် ဗွီဒီယိုဖိုင် ရှိနေဆဲပင်။

ထိုကျောင်းသားများက တစ်ခုခု လုပ်ဆောင်ရန် ကြိုးပမ်းလာပါက သူ့အနေဖြင့် ထိုဗွီဒီယိုဖိုင်ကို ထုတ်ပြလိုက်နိုင်ပေသည်။

ဗွီဒီယိုထဲတွင် ထိုကျောင်းသားများမှာ ရက်စက်လှပြီး အကြင်နာတရား ကင်းမဲ့လှပေသည်။ အကယ်၍ ၎င်းကို ထုတ်ဖော်ခြင်း မရှိပါက သူတို့အားလုံး တစ်နည်းနည်းဖြင့် တက္ကသိုလ်အချို့သို့ ဝင်ခွင့် ရနိုင်သေး၏။ အကယ်၍ ထုတ်ဖော်ခံလိုက်ရပါက သူတို့အားလုံး ပျက်စီးခြင်းအဖြစ်သို့ ရောက်သွားကြနိုင်ပေသည်။ သူတို့အားလုံး ပြည်သူလူထု၏ အပြစ်တင်ရှုံ့ချခြင်းကို ခံရပြီး တက္ကသိုလ် ဝင်ခွင့် မရနိုင်သည့်အပြင် သူတို့၏ ပုပ်ပွနေသော ဂုဏ်သတင်းကြောင့် သူတို့မိသားစု၏ စီးပွားရေးကို ထိခိုက်စေနိုင်သည်။

မော့တိက ကုတင်ပေါ်တွင် လှဲနေရင်း ဤကိစ္စနှင့် ပတ်သက်၍ မုထျန်းဟန် လျင်မြန်စွာ ဖြေရှင်းသွားသည်ကို နားထောင်နေသည်။

ကျောင်းအုပ်ကြီးဟွမ်းနှင့် ဆရာလျှို့တို့အား လိုက်လံပို့ဆောင်ပြီးနောက် မုထျန်းဟန်က ဆေးရုံခန်းထဲသို့ ပြန်ဝင်လာသောအခါ ကုတင်ပေါ်ရှိ ကောင်လေးမှာ အိပ်ပျော်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဒီကောင်လေးက အိပ်ပျော်သွားပြီ… ငါ သူနဲ့ စကားပြောချင်သေးတာကို…”

လိုင်သယ်စစ်က သူ့အိတ်ကပ်ထဲမှ မီးခြစ်ကို ထုတ်လိုက်ပြီး သူ့လက်ချောင်းများကြားတွင် လှည့်နေ၏။

“အပြင်ထွက်ရအောင်… ဒီကလေး သူ့ဟာသူ နားပါစေ…”

မုထျန်းဟန်က မော့တိကို ဖျတ်ခနဲ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆေးရုံခန်းအပြင်ဘက်သို့ လျှောက်သွားသည်။

လိုင်သယ်စစ်က သူ့နောက်မှ လိုက်လာရင်း တခွိခွိ ရယ်နေ၏။

“မုထျန်းဟန်… မင်းက တကယ့်ကို ဆရာကြီးပဲ… မင်း ရင်းနှီးမြှုပ်နှံမှုကို ၅၀ မီလီယံကနေ ၈၀ မီလီယံလို့ ပြောလိုက်တာ ကြားတယ်… အခု ၈၀ မီလီယံကို သုံးပြီးတော့ ကျောင်းအုပ်ဟွမ်းလည်း ပျော်ရွှင်ရရုံတင်မကဘူး… ကောင်ချောလေး တစ်ယောက်ရဲ့ နှလုံးသားကိုပါ မင်းက ဖမ်းစားလိုက်နိုင်တာပဲ… မင်း သောက်ရမ်း တော်လွန်းတယ်… ခုနက မင်းကို အဲ့ဒီကောင်လေးက ကယ်တင်ရှင်ကြီး တစ်ယောက်လို ကြည့်နေတာ…”

“ကျေးဇူးပြုပြီး ပါးစပ် ပိတ်ထားပေးပါလား…”

မုထျန်းဟန်က သူ့နာရီကို ကြည့်လိုက်ရင်း သူ့အမူအရာမှာ ပေါ့ပါးနေ၏။

“ငါက နည်းနည်းလောက် တွန်းအားပေးချင်ရုံပါပဲ… ပြီးတော့ ကျောင်းတွင်းအကြမ်းဖက်တာကို လုံးဝ သည်းခံပေးလို့ မရဘူး…”

“သိပါတယ်… သိပါတယ်…” မင်း ဂျူနီယာ အထက်တန်းတုန်းက ဒေသခံကျောင်းသားတွေထက် ပိုပြီးတော့ လူကောင်သေးနေလို့ အနိုင်ကျင့်ခံခဲ့ရတယ်ဆိုတာ ငါ သိပါတယ်။

လိုင်သယ်စစ်က နောက်က စကားကိုမူ ထုတ်မပြောရဲပေ။ သူက အရပ် ၁.၈၇ မီတာ မြင့်သော အရပ်ရှည်သည့် မုထျန်းဟန်ကိုသာ မကျေမချမ်း ကြည့်နေသည်။ ဤလူက မည်သို့ ကြီးပြင်းလာခဲ့ပါသနည်း။ သူတို့ အထက်တန်းတက်စဉ်က သူ့အရပ်မှာ ခေါင်မိုးသို့ပင် ထိလုမတတ် ရုတ်တရက် ရှည်လာခဲ့သည်။ ထို့ပြင် သူက အနိုင်ကျင့်ခံခဲ့ရသော်လည်း သိပ်မကြာမီပင် လက်စားပြန်ချေနိုင်ခဲ့သည်။ ထိုကျောင်းသားများမှာ သူတို့၏ အမေများဆီသို့ပင် ပြန်၍ တိုင်ကာ ငိုခဲ့ကြရသေး၏။

လိုင်သယ်စစ်က သက်ပြင်းချလိုက်သည်။ အချို့လူများမှာ သူ့လို သာမန်လူတစ်ယောက် မဟုတ်ဘဲ တမူထူးခြားနေသူများ ဖြစ်ရန် ကံကြမ္မာဖန်ကြပေသည်။

“ကောင်းပြီ… ဒီကိစ္စကို ခဏ ဘေးဖယ်ထားကြတာပေါ့…”

မုထျန်းဟန်က အိပ်ပျော်နေသော ကောင်လေးကို လှမ်းကြည့်ကာ လိုင်သယ်စစ်ကို ပြောလိုက်သည်။

“သွားရအောင်… မြို့ရဲ့ အရှေ့ဘက်စွန်းက ပရောဂျက်ကို စစ်ဆေးကြည့်ရဦးမယ်…”

---
ကျူးဝမ်ဇီမှာ ကန်ထုတ်ခံရပြီးနောက် အလွန်စိတ်ဆိုးကာ သွေးအန်မတတ် ဖြစ်ရသော်လည်း မော့ဝုဟန်ဆီသို့ သတင်းပို့ရန် မေ့လျော့နေခြင်း မရှိပေ။

ရလဒ်အနေဖြင့် မော့ဝုဟန်က သူ့လက်ထဲတွင် ကိုင်ထားသော ပန်းကန်လုံးကို ကမန်းကတမ်း ပစ်ချလိုက်ရာ လှလှပပ တန်ဆာဆင်ထားသော ပန်ကန်းလုံးမှာ အစိတ်စိတ် အမွှာမွှာ ကွဲသွားလေသည်။

“ဝုဟန်… ဘာဖြစ်တာလဲ…”

မကောင်းဆိုးဝါး တစ်ကောင်လို မိတ်ကပ်ပြင်ထားသည့် ယောက်ျားတစ်ယောက်က ပြုံးရွှင်စွာ ရောက်လာသည်။

“နည်းနည်းတော့ ပူသေးတယ်ဆိုပေမယ့် စိတ်ရှည်ရှည်ထားပါဦး… ဓာတ်ပုံတွေ ရိုက်ဖို့ ကျန်သေးတယ်…"

“အဆင်ပြေပါတယ်… ကျွန်တော် ခဏနားချင်လို့…”

မော့ဝုဟန်က စီးကရက်တစ်လိပ် ထုတ်ယူလိုက်ပြီး တစ်ဖွာရှိုက်လိုက်သည်။

Xxxxxxxxc


Chapter 10

“က်ဳပ္ေျပာတာ ဘယ္ေရာက္သြားၿပီလဲ… အိုး သိၿပီ… ဒါက သာမန္အလာ့ဂ်စ္မ်ိဳး မဟုတ္ဘူး ေသေစႏိုင္တယ္… ဒီကေလးကို အမွန္တကယ္ ဂ႐ုစိုက္တဲ့သူသာဆိုရင္ ဒီအေၾကာင္းကို မသိဘဲ ေနမလား... ဟာသပဲ… က်ဳပ္အျမင္အရဆိုရင္ သာမန္စကားေလး တစ္ခြန္းကေနေတာင္ မရည္႐ြယ္ဘဲနဲ႔ အမွန္တရားကို ေထာက္ျပေနတယ္… ဘယ္လိုလုပ္ၿပီးေတာ့ အသေရဖ်က္မႈ ဒါမွမဟုတ္ ရန္ၿငိဳးထားမႈဆိုၿပီး သတ္မွတ္လို႔ ရမွာလဲ… အဲ့ဒါထက္ မင္းတို႔ေတြ သူ႔ကို အခုလိုထိ ျဖစ္ေအာင္ အႏိုင္က်င့္ခဲ့ၾကတာေလ… မင္းတို႔ေတြက တကယ့္ကို စိတ္ပ်က္ဖို႔ေကာင္းတာပဲ… စိတ္ပ်က္ဖို႔ေကာင္း႐ုံတင္မကဘူး…”

လိုင္သယ္စစ္က က်ဴးဝမ္ဇီကို ေလွာင္ေျပာင္လိုက္သည္။

“မင္းတို႔က အမွန္တရားကို လီဆယ္ၿပီး ေျပာ႐ုံမကဘူး ဒီကေလးကို ေစာ္ကားၿပီး အႏိုင္က်င့္ၾကေသးတယ္… အၾကင္နာတရားကင္းမဲ့လိုက္တာ…”

“ခင္ဗ်ားကေတာ့…”

က်ဴးဝမ္ဇီက လိုင္သယ္စစ္ကို သတ္ျဖတ္ေတာ့မတတ္ပုံစံျဖင့္ စိုက္ၾကည့္လိုက္၏။

“ခင္ဗ်ားကမွ အမွန္တရားကို လုပ္ႀကံၿပီးေျပာေနတာ… ခင္ဗ်ားကမွ အၾကင္နာတရား မရွိတဲ့သူ…”

“ေဟ့ ေကာင္ေလး… တစ္ပြဲတစ္လမ္း ႏႊဲခ်င္ေနတာလား…”

“လိုင္သယ္စစ္…”

မုထ်န္းဟန္က ႐ုတ္တရက္ ထေျပာၿပီး လိုင္သယ္စစ္ကို တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။ ထိုအခါမွသာ လိုင္သယ္စစ္က ပါးစပ္ပိတ္ထားလိုက္ၿပီး စကားတစ္ခြန္းမွ မေျပာေတာ့ေပ။

“ေက်ာင္းအုပ္ႀကီးဟြမ္း…”

မုထ်န္းဟန္က သူ႔ေဘးနားတြင္ ရပ္ေနသည့္ လူႏွစ္ေယာက္ကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ေအးစက္ေသာ သူ႔မ်က္လုံးမ်ားမွာ က်ဥ္းေျမာင္းသြား၏။

“ဒီကိစၥကို အခု ခင္ဗ်ား အျပည့္အဝ နားလည္သြားေလာက္ၿပီဆိုေတာ့ ဘယ္လိုကိုင္တြယ္ဖို႔ စဥ္းစားထားလဲခင္ဗ်…”

“ဒါက…”

ဤအခိုက္ ေက်ာင္းအုပ္ႀကီးဟြမ္း၏ ရင္ထဲ၌ မြန္းၾကပ္သလို ခံစားလိုက္ရသည္။ သူ႔ေက်ာျပင္မွာ ေခြၽးသီးေခြၽးေပါက္မ်ား စီးက်ေနၿပီး သူက တစ္ခ်ိန္လုံး အသံတိတ္ေနသည့္ ေမာ့တိကို မသိမသာ လွမ္းၾကည့္လိုက္မိသည္။

“ေမာ့တိ ဒီကိစၥကို မင္း ဘယ္လိုမ်ိဳး ေျဖရွင္းေစခ်င္လဲ…”

“ကြၽန္ေတာ္လား…”

ေမာ့တိက လိုင္သယ္စစ္ႏွင့္ မုထ်န္းဟန္တို႔ကို ၾကည့္ရင္း အနည္းငယ္ ေလးတိေလးကန္ ျဖစ္သြားသည္။ သူ တစ္ခ်ိန္လုံး သင္ၾကားခဲ့ရသည္ႏွင့္ လုံးဝကြဲျပားေသာ သင္ၾကားမႈပုံစံမ်ားႏွင့္လူ႔က်င့္ဝတ္စံႏႈန္းမ်ားအေၾကာင္း ပထမဆုံး ၾကားဖူးျခင္းဟု ထင္မွတ္ရေပ၏။ သူ႔အတြက္ စကားလမ္းေၾကာင္း လႊဲရန္ ခက္ခဲလွေပသည္။

မုထ်န္းဟန္က ေမာ့တိ၏ မ်က္လုံးမ်ားထဲမွ စိတ္ရႈပ္ေထြးမႈမ်ားႏွင့္ ဖိအားမ်ားကို ျမင္ေသာအခါ သူ႔မ်က္ခုံးၾကားမွ အေရးအေၾကာင္းမ်ားမွာ ပို၍ နက္ရႈိင္းလာ၏။

“ဒါ ေမာ့တိရဲ႕ အမွားဆိုတာ ရွင္းေနတာပဲေလ…”

က်ဴးဝမ္ဇီက ေမာ့တိကို စိုက္ၾကည့္ကာ ေျပာသည္။

“ေမာ့တိ… မင္း ဒီေန႔ ေက်ာင္းျပန္တက္ရင္ လွ်ိဳေကြ႕ကို လူေရွ႕မွာ တရားဝင္ေတာင္းပန္မယ္ဆိုၿပီး မင္း မိသားစုဝင္ေတြကို ကတိေပးထားခဲ့တယ္မလား… မင္း အခု ေတာင္းပန္သင့္တယ္လို႔ မထင္ဘူးလား…”

“အခုေတာ့ မင္း ေက်ာင္းကို ျပန္မလိုက္ႏိုင္ဘူးဆိုတာ ငါတို႔ နားလည္ပါတယ္… မွတ္တမ္းယူထားရင္ ျဖစ္တာပဲ မဟုတ္လား…”

အျခားသူမ်ား စကားေျပာရန္ပင္ မေစာင့္ေတာ့ဘဲ က်ဴးဝမ္ဇီက သူ႔ဖုန္းကို ထုတ္လိုက္ၿပီး ကင္မရာကို ဖြင့္ကာ သူ႔အိတ္ထဲမွ ပုလင္းတစ္လုံးကိုပါ ဆြဲထုတ္လိုက္သည္။

“ၿပီးေတာ့ မင္း ေတာင္းပန္မယ္ဆိုရင္ ဒီဟာကို ေသာက္ရမယ္… ဒါမွမဟုတ္ရင္ ဘယ္လိုလုပ္ၿပီး စိတ္ရင္းလို႔ သတ္မွတ္ႏိုင္မွာလဲ…”

က်ဴးဝမ္ဇီက အစ္ကိုဝုဟန္အေနျဖင့္ ေမာ့တိေတာင္းပန္ေနသည့္ အခ်ိန္တြင္ သူ႔ကို အဘယ္ေၾကာင့္ အရက္ေသာက္ခိုင္းရသည္ႏွင့္ ပတ္သက္ၿပီး ေသခ်ာမသိေပ။ အရက္ေသာက္ၿပီး ေတာင္းပန္ျခင္းမွာ ကာလရွည္ၾကာ တည္ရွိခဲ့သည့္ ဓေလ့ထုံးတမ္းတစ္ခု ျဖစ္ေသာ္လည္း ေက်ာင္းသားမ်ားျဖစ္ေသာ သူတို႔အတြက္ အနည္းငယ္ ထူးဆန္းေနသည္ဟု ခံစားရသည္။ သို႔ေသာ္ အစ္ကိုဝုဟန္က သူ႔ကို ထပ္ခါထပ္ခါ ေတာင္းဆိုေနေသာေၾကာင့္ အေကာင္းဆုံး ႀကိဳးစားေနရျခင္းပင္။

“ဒါ ဘာလဲ…”

ေမာ့တိက သံသယျဖင့္ က်ဴးဝမ္ဇီကို စိတ္ရႈပ္ေထြးစြာ ေမးလိုက္သည္။

“ဒါက အရက္…”

မုထ်န္းဟန္က ႐ုတ္တရက္ ေျပာလိုက္သည္။ ခပ္တိုးတိုး သူ႔အသံမွာ ဆြဲငင္အား ေကာင္းလွၿပီး အခန္းထဲတြင္ အနည္းငယ္ ပဲ့တင္ထပ္သြားေလ၏။

ေမာ့တိက သူ႔ကို ၾကည့္လိုက္သည္။

“အရက္လား…”

“သူ႔ဒဏ္ရာေတြက အရမ္းကို ဆိုး႐ြားေနတာ… အရက္ေသာက္လို႔ မရဘူး…”

လိုင္သယ္စစ္က ေက်ာင္းအုပ္ႀကီးဟြမ္းႏွင့္ စည္းကမ္းထိန္းသိမ္းေရးဆရာတို႔ကို ေျပာလိုက္သည္

“ကြၽတ္… ဒီကေလးက တျခားသူေတြကို နာက်င္ေအာင္ လုပ္ေနတာပဲ…”

“ဟုတ္တယ္… ဟုတ္တယ္… သူ ေသာက္လို႔ မရဘူး…”

ေက်ာင္းအုပ္ႀကီးဟြမ္းႏွင့္ ဆရာလွ်ိဳ႕က ပထမဆုံးအႀကိမ္ ဝင္ေျပာလိုက္ၾကသည္။ ေနာက္ဆုံးတြင္ ေက်ာင္းအုပ္ႀကီးဟြမ္း၏ မ်က္ႏွာမွာ ေဒါသထြက္လာပုံရၿပီး က်ဴးဝမ္ဇီကို ေမာင္းထုတ္ပစ္ခ်င္လာ၏။

“ေဟ့ေကာင္… မင္း ျပန္ၿပီး အတန္းသြားတက္ေတာ့… ဒီကိုလာၿပီး ျပႆနာရွာမေနနဲ႔…”

“ေက်ာင္းအုပ္ႀကီး…”

က်ဴးဝမ္ဇီက လုံးဝနားမလည္ႏိုင္ဘဲ ေဒါသထြက္လာသည္။

“ေက်ာင္းအုပ္ႀကီး… ဆရာလွ်ိဳ႕… ဒါေတြအားလုံးက ေမာ့တိရဲ႕အမွားပဲ… သူ ေတာင္းပန္မွရမယ္… သူ တျခားသူေတြကို ကတိေပးထားတာေလ… ဘယ္လိုလုပ္ၿပီး…”

“မင္း ပါးစပ္ကိုပိတ္ထား… ထြက္သြားေတာ့…”

ေက်ာင္းအုပ္ႀကီးဟြမ္းက စည္းကမ္းထိန္းသိမ္းေရးဆရာအား စကားမ်ားေနေသာ ထိုေကာင္ေလးကို အခန္းထဲမွ ေခၚထုတ္သြားရန္ အခ်က္ျပလိုက္သည္။

ဆရာလွ်ိဳမွာ စိတ္ထဲတြင္ ခါးသီးသြား၏။ က်ဴးဝမ္ဇီ၏ မိသားစုမွာ ၿမိဳ႕ေတာ္ထဲတြင္ ဒုတိယတန္းစား သို႔မဟုတ္ တတိယတန္းစား မိသားစု ျဖစ္ေသာေၾကာင့္ က်ဴးမိသားစု၏ သခင္ေလးကို အမွန္တကယ္ မေစာ္ကားဝံ့ေပ။ သို႔ေသာ္ ႏႈိင္းယွဥ္ၾကည့္လွ်င္ ေက်ာင္းအုပ္ႀကီးဟြမ္းႏွင့္ အျခားလူႏွစ္ေယာက္ကို ေစာ္ကားရန္မွာ ပို၍ ဝန္ေလးစရာ ေကာင္းလွသည္။ ထို႔ေၾကာင့္ သူက က်ဴးဝမ္ဇီ၏ လက္ေမာင္းကို ဆြဲကာ အခန္းထဲမွ ေခၚထုတ္သြား၏။

“ေက်ာင္းသားက်ဴးဝမ္ဇီ… ဒီကိစၥကေတာ့…”

အခန္းတံခါးကို ပိတ္လိုက္ၿပီးေနာက္ ဆရာလွ်ိဳ႕၏ အသံမွာ လုံးဝပင္ မၾကားရေလာက္ေအာင္အထိ ပို၍ တိုးလ်သြားသည္။ ေက်ာင္းအုပ္ႀကီးဟြမ္းက စိတ္ရႈပ္ေထြးေနသည့္အတြက္ သူ႔လက္ႏွစ္ဖက္ကို ပြတ္သပ္ရင္း ေတာင္းပန္တိုးလွ်ိဳးေသာ အၿပဳံးမ်ိဳး ေျပာလိုက္သည္။

“ဒီကိစၥမွာ ဒီေလာက္ထိ နားလည္မႈလြဲသြားလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားမိဘူး… ဒါေပမဲ့ လူတိုင္းက ရည္႐ြယ္ခ်က္နဲ႔ လုပ္တာမဟုတ္ဘူးဆိုတာ သိသာပါတယ္… သူတို႔ေတြ စိတ္လိုက္မာန္ပါနဲ႔ လုပ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ဆက္ဆံေရးမွာ လြဲေခ်ာ္မႈ ရွိလို႔…”

“ေက်ာင္းအုပ္ႀကီးဟြမ္း…”

မုထ်န္းဟန္က သူ၏ ရွည္လ်ားၿပီး အားေကာင္းေသာ လက္ေခ်ာင္းမ်ားျဖင့္ အက်ႌလက္အနားကို ေခါက္လိုက္သည္။

“႐ိုး႐ိုးသားသား ေျပာရရင္ ရွာက်ားႏိုင္ငံတကာေက်ာင္းကို သိပ္ေကာင္းတဲ့ ေက်ာင္းတစ္ေက်ာင္းဆိုၿပီး က်ဳပ္က ထင္ေနတာ… ဒီလိုမွမဟုတ္ရင္ က်ဳပ္က ရင္းႏွီးျမႇဳပ္ႏွံဖို႔ ရည္႐ြယ္ခ်က္ ရွိလာမွာ မဟုတ္ဘူး…”

“ဟုတ္ပါတယ္… အမွန္ပါပဲ… ကြၽန္ေတာ္တို႔ရဲ႕ ရွာက်ားႏိုင္ငံတကာေက်ာင္းက…”

“ဒါေပမဲ့ က်ဳပ္က ေက်ာင္းတြင္းအၾကမ္းဖက္မႈကိုေတာ့ လုံးဝ သည္းခံလို႔ မရဘူး…”

မုထ်န္းဟန္က ဟြမ္းလီခ်န္းကို ယဥ္ေက်းစြာပင္ စကားကို ၾကားျဖတ္ေျပာလိုက္သည္။

“ေက်ာင္းအုပ္ဟြမ္းက ဒီျပႆနာကို ဘယ္လိုမ်ိဳး ေျဖရွင္းေပးမွာလဲ…”

“ဒါ… ဒါကေတာ့… ေသခ်ာေပါက္ ဆုံးမရမယ့္ ကိစၥပါပဲ…”

“ဆုံးမရမယ္ ဟုတ္လား… က်ဳပ္ကေတာ့ ဒီေလာက္နဲ႔ မလုံေလာက္ဘူး ထင္တာပဲ…”

မုထ်န္းဟန္က တံခါးဆီသို႔ ၾကည့္ရင္း ယတိျပတ္ ေျပာဆိုလိုက္သည္။

“အခုေလးတင္ ခင္ဗ်ားရဲ႕ စည္းကမ္းထိန္းသိမ္းေရးဆရာ ေျပာတာကို မွတ္မိေသးတယ္… တကယ္လို႔ ခင္ဗ်ားက ျပင္းထန္တဲ့ အမွားတစ္ခု လုပ္ခဲ့မယ္ဆိုရင္ ခင္ဗ်ားရဲ႕ ေက်ာင္းသားဘဝ တစ္သက္တာမွတ္တမ္းထဲမွာ အမွတ္ခံရမယ္ဆိုတာေလ… အမွန္ပဲလား…”

ေမာ့တိက အနည္းငယ္ ေမာ့ၾကည့္လိုက္၏။

ထိုစဥ္ ဟြမ္းလီခ်န္း၏ ႏွလုံးသားထဲတြင္ ဝုန္းဒိုင္းႀကဲေနေသာ္လည္း ေခါင္းၿငိမ့္ျပေနရဆဲပင္။

“ဟုတ္ပါတယ္… အမွန္ပါပဲ…”

“အဲ့ဒီရန္ပြဲမွာ ပါဝင္တဲ့ ေက်ာင္းသားေတြနဲ႔ အခုေလးတင္ လာသြားတဲ့ ေကာင္ေလး က်ဴးဝမ္ဇီတို႔ကိုပါ သူတို႔ရဲ႕ မွတ္တမ္းထဲ ဒီတစ္ခါျဖစ္ရပ္ကို ထည့္ေပးရင္ က်ဳပ္ ယြမ္ ၈၀ မီလီယံ ရင္းႏွီးျမႇဳပ္ႏွံမယ္…”

မုထ်န္းဟန္က ေပါ့ေပါ့ေလး ေျပာလိုက္၏။

“၈… ၈၀ မီလီယံလား…”

ဟြမ္းလီခ်န္းမွာ တၿပိဳင္နက္တည္း အံ့အားသင့္ၿပီး ေပ်ာ္႐ႊင္သြား၏။ သူတို႔ ယခင္ ေဆြးေႏြးခဲ့စဥ္က ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ၅၀ မီလီယံသာ ျဖစ္ရာ ယခုအခါ ၃၀ မီလီယံ ထပ္တိုးသြားျခင္း ျဖစ္သည္။

“ဒါ ပထမတစ္ရစ္ပဲ ရွိေသးတယ္… က်ဳပ္ အနာဂတ္မွာ ဒီထက္ပိုၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ဦးမွာပါ…”

မုထ်န္းဟန္က ၿပဳံး႐ႊင္စြာ ေျပာလိုက္၏။

“ဒါေတာင္မွ က်ဳပ္ရဲ႕ေတာင္းဆိုခ်က္က မ်ားေနေသးတယ္လို႔ ေက်ာင္းအုပ္ႀကီး ထင္ေနေသးတာလား…”

“မမ်ားပါဘူး… လုံးဝ မမ်ားပါဘူး…”

“က်ဳပ္လည္း ဒီလိုပဲ ထင္ပါတယ္… ေက်ာင္းရဲ႕ စိတ္ဓာတ္ခံယူခ်က္က သင္ၾကားမႈပုံစံရယ္ ေက်ာင္းသား တစ္ေယာက္ခ်င္းစီရဲ႕ ဖြံ႕ၿဖိဳးမႈနဲ႔ သက္ဆိုင္တယ္ေလ… ဒီလိုျပင္းထန္တဲ့ ျပစ္မႈမ်ိဳး လုပ္ၿပီးတဲ့ေနာက္ပိုင္း ထိေရာက္တဲ့ အျပစ္ေပးမႈ မရွိဘူးဆိုရင္ တျခားက်န္တဲ့ေက်ာင္းသားေတြအေပၚ ဆိုး႐ြားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာမွာပဲ… တကယ္ေတာ့ က်ဳပ္ရဲ႕ ေတာင္းဆိုခ်က္က ေတာ္ေတာ့္ကို က်ိဳးေၾကာင္း ဆီေလ်ာ္မႈ ရွိတယ္လို႔ ထင္ပါတယ္… သူတို႔ေတြက သူတို႔နဲ႔ ထိုက္တန္တဲ့ အျပစ္ဒဏ္ကို ခံယူရတာပဲေလ… ေက်ာင္းအုပ္ဟြမ္း ခင္ဗ်ား ဘယ္လိုထင္လဲ…”

“အမွန္ပါပဲ… အမွန္ပါပဲ…”

ထိုစဥ္ ေက်ာင္းအုပ္ႀကီးဟြမ္းက သူ႔ေခါင္းထဲ၌ ပါဝင္ပတ္သက္ေနေသာ ေက်ာင္းသားမ်ား အားလုံးကို ေတြးၾကည့္ေနသည္။ ဒုတိယတန္းစား သို႔မဟုတ္ တတိယတန္းစား ျဖစ္ေသာ က်ဴးဝမ္ဇီ၏ မိသားစုမွအပ အျခားသူမ်ားမွာ ပမႊားမ်ားသာ ျဖစ္၏။ သူတို႔ကို အျပစ္ဒဏ္ ခ်မွတ္လွ်င္ပင္ ဆိုးဆိုး႐ြား႐ြား ျဖစ္လာမည္ မဟုတ္ေပ။ ထို႔ျပင္ သူ႔ထံ၌ အခင္းျဖစ္ပြားသည့္ ဗြီဒီယိုဖိုင္ ရွိေနဆဲပင္။

ထိုေက်ာင္းသားမ်ားက တစ္ခုခု လုပ္ေဆာင္ရန္ ႀကိဳးပမ္းလာပါက သူ႔အေနျဖင့္ ထိုဗြီဒီယိုဖိုင္ကို ထုတ္ျပလိုက္ႏိုင္ေပသည္။

ဗြီဒီယိုထဲတြင္ ထိုေက်ာင္းသားမ်ားမွာ ရက္စက္လွၿပီး အၾကင္နာတရား ကင္းမဲ့လွေပသည္။ အကယ္၍ ၎ကို ထုတ္ေဖာ္ျခင္း မရွိပါက သူတို႔အားလုံး တစ္နည္းနည္းျဖင့္ တကၠသိုလ္အခ်ိဳ႕သို႔ ဝင္ခြင့္ ရႏိုင္ေသး၏။ အကယ္၍ ထုတ္ေဖာ္ခံလိုက္ရပါက သူတို႔အားလုံး ပ်က္စီးျခင္းအျဖစ္သို႔ ေရာက္သြားၾကႏိုင္ေပသည္။ သူတို႔အားလုံး ျပည္သူလူထု၏ အျပစ္တင္ရႈံ႕ခ်ျခင္းကို ခံရၿပီး တကၠသိုလ္ ဝင္ခြင့္ မရႏိုင္သည့္အျပင္ သူတို႔၏ ပုပ္ပြေနေသာ ဂုဏ္သတင္းေၾကာင့္ သူတို႔မိသားစု၏ စီးပြားေရးကို ထိခိုက္ေစႏိုင္သည္။

ေမာ့တိက ကုတင္ေပၚတြင္ လွဲေနရင္း ဤကိစၥႏွင့္ ပတ္သက္၍ မုထ်န္းဟန္ လ်င္ျမန္စြာ ေျဖရွင္းသြားသည္ကို နားေထာင္ေနသည္။

ေက်ာင္းအုပ္ႀကီးဟြမ္းႏွင့္ ဆရာလွ်ိဳ႕တို႔အား လိုက္လံပို႔ေဆာင္ၿပီးေနာက္ မုထ်န္းဟန္က ေဆး႐ုံခန္းထဲသို႔ ျပန္ဝင္လာေသာအခါ ကုတင္ေပၚရွိ ေကာင္ေလးမွာ အိပ္ေပ်ာ္ေနၿပီ ျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။

“ဒီေကာင္ေလးက အိပ္ေပ်ာ္သြားၿပီ… ငါ သူနဲ႔ စကားေျပာခ်င္ေသးတာကို…”

လိုင္သယ္စစ္က သူ႔အိတ္ကပ္ထဲမွ မီးျခစ္ကို ထုတ္လိုက္ၿပီး သူ႔လက္ေခ်ာင္းမ်ားၾကားတြင္ လွည့္ေန၏။

“အျပင္ထြက္ရေအာင္… ဒီကေလး သူ႔ဟာသူ နားပါေစ…”

မုထ်န္းဟန္က ေမာ့တိကို ဖ်တ္ခနဲ တစ္ခ်က္ ၾကည့္လိုက္ၿပီးေနာက္ ေဆး႐ုံခန္းအျပင္ဘက္သို႔ ေလွ်ာက္သြားသည္။

လိုင္သယ္စစ္က သူ႔ေနာက္မွ လိုက္လာရင္း တခြိခြိ ရယ္ေန၏။

“မုထ်န္းဟန္… မင္းက တကယ့္ကို ဆရာႀကီးပဲ… မင္း ရင္းႏွီးျမႇဳပ္ႏွံမႈကို ၅၀ မီလီယံကေန ၈၀ မီလီယံလို႔ ေျပာလိုက္တာ ၾကားတယ္… အခု ၈၀ မီလီယံကို သုံးၿပီးေတာ့ ေက်ာင္းအုပ္ဟြမ္းလည္း ေပ်ာ္႐ႊင္ရ႐ုံတင္မကဘူး… ေကာင္ေခ်ာေလး တစ္ေယာက္ရဲ႕ ႏွလုံးသားကိုပါ မင္းက ဖမ္းစားလိုက္ႏိုင္တာပဲ… မင္း ေသာက္ရမ္း ေတာ္လြန္းတယ္… ခုနက မင္းကို အဲ့ဒီေကာင္ေလးက ကယ္တင္ရွင္ႀကီး တစ္ေယာက္လို ၾကည့္ေနတာ…”

“ေက်းဇူးျပဳၿပီး ပါးစပ္ ပိတ္ထားေပးပါလား…”

မုထ်န္းဟန္က သူ႔နာရီကို ၾကည့္လိုက္ရင္း သူ႔အမူအရာမွာ ေပါ့ပါးေန၏။

“ငါက နည္းနည္းေလာက္ တြန္းအားေပးခ်င္႐ုံပါပဲ… ၿပီးေတာ့ ေက်ာင္းတြင္းအၾကမ္းဖက္တာကို လုံးဝ သည္းခံေပးလို႔ မရဘူး…”

“သိပါတယ္… သိပါတယ္…” မင္း ဂ်ဴနီယာ အထက္တန္းတုန္းက ေဒသခံေက်ာင္းသားေတြထက္ ပိုၿပီးေတာ့ လူေကာင္ေသးေနလို႔ အႏိုင္က်င့္ခံခဲ့ရတယ္ဆိုတာ ငါ သိပါတယ္။

လိုင္သယ္စစ္က ေနာက္က စကားကိုမူ ထုတ္မေျပာရဲေပ။ သူက အရပ္ ၁.၈၇ မီတာ ျမင့္ေသာ အရပ္ရွည္သည့္ မုထ်န္းဟန္ကိုသာ မေက်မခ်မ္း ၾကည့္ေနသည္။ ဤလူက မည္သို႔ ႀကီးျပင္းလာခဲ့ပါသနည္း။ သူတို႔ အထက္တန္းတက္စဥ္က သူ႔အရပ္မွာ ေခါင္မိုးသို႔ပင္ ထိလုမတတ္ ႐ုတ္တရက္ ရွည္လာခဲ့သည္။ ထို႔ျပင္ သူက အႏိုင္က်င့္ခံခဲ့ရေသာ္လည္း သိပ္မၾကာမီပင္ လက္စားျပန္ေခ်ႏိုင္ခဲ့သည္။ ထိုေက်ာင္းသားမ်ားမွာ သူတို႔၏ အေမမ်ားဆီသို႔ပင္ ျပန္၍ တိုင္ကာ ငိုခဲ့ၾကရေသး၏။

လိုင္သယ္စစ္က သက္ျပင္းခ်လိုက္သည္။ အခ်ိဳ႕လူမ်ားမွာ သူ႔လို သာမန္လူတစ္ေယာက္ မဟုတ္ဘဲ တမူထူးျခားေနသူမ်ား ျဖစ္ရန္ ကံၾကမၼာဖန္ၾကေပသည္။

“ေကာင္းၿပီ… ဒီကိစၥကို ခဏ ေဘးဖယ္ထားၾကတာေပါ့…”

မုထ်န္းဟန္က အိပ္ေပ်ာ္ေနေသာ ေကာင္ေလးကို လွမ္းၾကည့္ကာ လိုင္သယ္စစ္ကို ေျပာလိုက္သည္။

“သြားရေအာင္… ၿမိဳ႕ရဲ႕ အေရွ႕ဘက္စြန္းက ပေရာဂ်က္ကို စစ္ေဆးၾကည့္ရဦးမယ္…”

---
က်ဴးဝမ္ဇီမွာ ကန္ထုတ္ခံရၿပီးေနာက္ အလြန္စိတ္ဆိုးကာ ေသြးအန္မတတ္ ျဖစ္ရေသာ္လည္း ေမာ့ဝုဟန္ဆီသို႔ သတင္းပို႔ရန္ ေမ့ေလ်ာ့ေနျခင္း မရွိေပ။

ရလဒ္အေနျဖင့္ ေမာ့ဝုဟန္က သူ႔လက္ထဲတြင္ ကိုင္ထားေသာ ပန္းကန္လုံးကို ကမန္းကတမ္း ပစ္ခ်လိုက္ရာ လွလွပပ တန္ဆာဆင္ထားေသာ ပန္ကန္းလုံးမွာ အစိတ္စိတ္ အမႊာမႊာ ကြဲသြားေလသည္။

“ဝုဟန္… ဘာျဖစ္တာလဲ…”

မေကာင္းဆိုးဝါး တစ္ေကာင္လို မိတ္ကပ္ျပင္ထားသည့္ ေယာက္်ားတစ္ေယာက္က ၿပဳံး႐ႊင္စြာ ေရာက္လာသည္။

“နည္းနည္းေတာ့ ပူေသးတယ္ဆိုေပမယ့္ စိတ္ရွည္ရွည္ထားပါဦး… ဓာတ္ပုံေတြ ႐ိုက္ဖို႔ က်န္ေသးတယ္…"

“အဆင္ေျပပါတယ္… ကြၽန္ေတာ္ ခဏနားခ်င္လို႔…”

ေမာ့ဝုဟန္က စီးကရက္တစ္လိပ္ ထုတ္ယူလိုက္ၿပီး တစ္ဖြာရႈိက္လိုက္သည္။

Xxxxxxxxc

Continue Reading

You'll Also Like

246K 12.4K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
300K 5.7K 29
{COMPLETE} A high school romance about a girl and a guy who find a new path to start their love. Hot bad boy jungkook meets new y/n at school and sta...
216K 422 19
Just a horny girl
223K 7.2K 21
Who thought it would end like this? Who thought you would love a....a human. Should you reveal the truth? Or should you not? A/n, I know Juuzou probe...