ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

142K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-9

1.7K 225 2
By PrettiOcean

Chapter 9

မော့တိက သူ့ကို ဖက်ထားသည့် ကျယ်ပြောသန်မာသော ရင်ခွင်တစ်စုံကို ခံစားလိုက်ရသည်။ နွေးထွေးသော ရင်ခွင်ထဲမှ ထုတ်လွှတ်နေသည့် အပူငွေ့ငွေ့က သူ့ကို ရစ်သိုင်းထား၏။ ဤခံစားချက်မှာ သက်တောင့်သက်သာမရှိသလို ထူးဆန်းနေသောကြောင့် သူက ကိုယ်လွတ်ရုန်းချင်နေသည်။

သို့ရာတွင် သူ့အစီအစဉ်ကို ပြန်တွေးကြည့်ရင်း သည်းခံလိုက်၏။

ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာတို့က ဆေးရုံသို့ သွားသည့်လမ်းတလျှောက် လိုက်လာကြသည်။ မော့တိ အမျိုးမျိုးသော ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ပြီးနောက် သူ၏ ညာဘက်ခြေထောက် အဆစ်လွဲသွားခြင်း၊ ပေါက်ပြဲဒဏ်ရာများနှင့် ဆရာဝန်၏ ညွှန်ကြားချက် လိုအပ်သော အသေးစား သတိလစ်ခြင်း စသည်ဖြင့် ရလဒ်များကို သိရသောအခါမှသာ သူတို့ စိတ်သက်သာရာ ရသွားကြသည်။

ကံကောင်းထောက်မစွာဖြင့် ရှုပ်ထွေးသော ကိစ္စမျိုး မရှိပေ။

ကျောင်းအုပ်ကြီးဟွမ်းက ဤကျောင်းအတွက် ရရှိခါနီးဖြစ်သော ရင်းနှီးမြှုပ်နှံမှုများကို မဆုံးရှုံးချင်သောကြောင့် ဤပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းချင်နေသည်။ သူက ဆေးရုံကုတင်ပေါ်၌ လှဲလျောင်းနေသည့်၊ လက်ရှိတွင် မူလက ရုပ်ချောချော ကောင်လေးတစ်ယောက်နှင့် မတူတော့သော မော့တိကို လှမ်းကြည့်လိုက်သည်။

“ကျောင်းသားလေး ဒီတစ်ကြိမ် ရန်ပွဲက တော်တော့်ကို ဆိုးရွားလွန်းတယ်… ဆရာကြီးတို့ အခြေအနေကို သိထားဖို့ လိုတယ်လေ… မင်းတို့တွေ ဘာကိစ္စနဲ့ ရန်ဖြစ်ကြတာလဲ…”

သူက ဤရန်ပွဲမှာ တစ်ဖက်သတ် အနိုင်ကျင့်ခြင်းဟု လက်မခံဘဲ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်ခြင်းဟု ထင်နေ၏။ ဤကောင်လေးမှာ မော့မိသားစုမှ သခင်လေး ဖြစ်ကြောင်းကို သိထားလေသည်။ သူနှင့် ပတ်သက်သော ကောလာဟလများမှာ အလွန်ကောင်းမွန်ခြင်း မရှိသောကြောင့် သူ့အကျင့်စရိုက်တွင် တစ်ခုခု မှားယွင်းနေခြင်း ဖြစ်သည်ဟု ထင်နေသည်။ အကယ်၍ သူသာ ဤကိစ္စကို နက်နက်နဲနဲ တူးဆွကြည့်ပါက ဒါရိုက်တာမုနှင့် ပတ်သက်သော အချို့အချက်အလက်များကို ပြန်လည်ရရှိနိုင်ပြီး လွှမ်းမိုးနိုင်ပေလိမ့်မည်။ ထို့ပြင် နှစ်ဖက်စလုံး အမှားမကင်းသည့်အတွက်ကြောင့် ကျောင်းတွင်းအကြမ်းဖက်မှုဟု မခေါ်ဆိုနိုင်တော့ဘဲ ရိုးရှင်းစွာပင် “ရန်ပွဲ” တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ထိုမျှမက သူတို့ရှာကျားနိုင်ငံတကာကျောင်း၏ အနေအထားမှာ အမြဲတစေ ဂုဏ်သတင်း မွှေးပျံ့လှပြီး ယခင်က အခြားသော ကျောင်းတွင်းအကြမ်းဖက်မှုဟူ၍ တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ထို့ကြောင့် ဤကျောင်းသားလေးမော့တိက အမှန်တကယ်ပင် ဆိုးရွားလှသောကိစ္စတစ်ခုခုကို ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ပြီး ထိုသို့မဟုတ်ပါက မည်သည့်အတွက်ကြောင့် သူတစ်ယောက်တည်း အနိုင်ကျင့်ခံရမည်နည်း။

မော့တိက ဖူးယောင်နေသော သူ့မျက်လုံးများကို ဖွင့်ကာ သူ့ကုတင်ဘေး၌ ရပ်နေကြသော ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာလျှို့တို့အပြင် မုထျန်းဟန်နှင့် ဆံပင်အညိုရောင်ပိုင်ရှင် နိုင်ငံခြားသား တစ်ဦးကို ကြည့်လိုက်သည်။ ထို့နောက် သူက ကြောက်ရွံ့နေသဖြင့် စကားတစ်ခွန်းမှ မပြောပေ။

မော့တိ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျောင်းအုပ်ဟွမ်က သူ့ထင်မြင်ချက် မှန်ကန်ကြောင်း ခံစားလိုက်ရပြီး ယုံကြည်ချက်ရှိရှိ ဖိအားပေးလိုက်သည်။

“ဒီကျောင်းသားကတော့… မင်း မပြောပြဘူးဆိုရင် ငါတို့ဆရာတွေက ဒီကိစ္စကို ဘယ်လိုလုပ်ပြီး စုံစမ်းလို့ ရတော့မှာလဲ… အဲ့ဒီကျောင်းသားတွေက မင်းကို ဘာလို့ ဝိုင်းရိုက်တာလဲ… မင်း ဆရာကြီးတို့ကို အရင် ပြောရင် ပြောနော်… မဟုတ်ရင် အဲ့ဒီကျောင်းသားတွေဆီ အရင်ဆုံး သွားမေးရလိမ့်မယ်…”

“ကျွန်တော်… ဘာလို့လဲဆိုတော့… အကြောင်းပြချက်က ကျွန်တော် အမှားလုပ်မိလို့ပါ…”

မော့တိ၏စကားများက ကျောင်းအုပ်ကြီးဟွမ်း တွေးထားသည့်အတိုင်းဖြစ်ရာ သူ့ကို စိတ်ကျေနပ်သွားစေ၏။

မော့တိကိုယ်တိုင်ကလည်း အရိုက်ခံရသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေသည်။

ကြောက်ရွံ့စိတ်နှင့် အပြစ်တင်စိတ်တို့ကြောင့် မော့တိဆက်ပြီး စကားမပြောနိုင်ကြောင်း မြင်လိုက်ရသောအခါ ကျောင်းအုပ်ကြီးဟွမ်းက သူ့ကို မေးခွန်း ဆက်မမေးတော့ပေ။ သူက မျက်မှောင်ကြုံ့ထားသော မုထျန်းဟန်ဘက်သို့ လှည့်သွား၏။

“ဒါရိုက်တာမု… ခင်ဗျားမြင်တဲ့အတိုင်းပဲ ဒီကိစ္စက တကယ်တော့ ကျောင်းတွင်းအကြမ်းဖက်မှု မဟုတ်ပါဘူး… ကျွန်တော်တို့ကျောင်းရဲ့ အခြေအနေက အမြဲတမ်း ကောင်းမွန်တဲ့အနေအထားမှာ ရှိပါတယ်… ဒီကိစ္စက ဒီတိုင်း ကျောင်းသားတွေကြားက ရန်ပွဲလေးတစ်ခုပါပဲ… ပြီးတော့ ဒီကျောင်းသားလေးကိုယ်တိုင်ကလည်း သူ့အမှားဆိုတာ ဝန်ခံနေတာပဲ မဟုတ်လား… တစ်ဖက်က ကျောင်းသားတွေကလည်း ရန်စခံရတော့ ပြဿနာကို မှားယွင်းတဲ့ နည်းလမ်းမျိုးနဲ့ ဖြေရှင်းလိုက်တာပဲ ဖြစ်မှာပါ… ကျွန်တော်တို့ကတော့ ကျောင်းသားတွေအားလုံးကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ လက်တုံ့ပြန်တာမျိုး လုပ်ဖို့ ခွင့်မပြုထားပါဘူး…”

ကျောင်းအုပ်ကြီးဟွမ်းက နှစ်လိုဖွယ်အပြုံးမျိုး ပြုံးရင်း ပြော၏။

“ဘာပဲဖြစ်ဖြစ် သူတို့တွေ စိတ်ကျေနပ်သည်ဖြစ်စေ ဒေါသထွက်နေတုန်းပဲဖြစ်စေ ပြဿနာကို ဒီလိုနည်းမျိုးနဲ့ ဖြေရှင်းတာကိုတော့ လက်မခံပါဘူး… ဒီလိုအပြုအမူမျိုးကို ကျွန်တော်တို့ ခွင့်လွှတ်ပေးလို့ မရဘူးလေ… တနင်္လာနေ့ကျရင် ကျွန်တော်တို့ အစည်းအဝေး ခေါ်ပြီး…”

“ကျောင်းအုပ်ကြီးဟွမ်း… တခြားကိစ္စတွေပြောဖို့အတွက်တော့ နည်းနည်း စောသေးတယ်လို့ ထင်တာပဲ…”

မုထျန်းဟန်က သူ့လက်ဖဝါးကို မြှောက်ကာ ကျောင်းအုပ်ကြီးဟွမ်း၏စကားကို ကြားဖြတ်လိုက်သည်။ သူက မော့တိကို ကြည့်ကာ မေး၏။

“မင်းက ဘာအမှားလုပ်မိလို့လဲ…”

ထိုကိစ္စမှာ သာမန်ရိုက်ပွဲတစ်ခု မဟုတ်ပေ။ သူ့ကို ရေဆိုးများဖြင့် ပက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ကန်ကျောက်ခြင်းတို့ ခံရရုံသာမက ဆံပင်ဆောင့်ဆွဲကာ ကြမ်းပြင်ပေါ် ပစ်ချခံရပြီး မျက်နှာကိုပါ ခြေထောက်ဖြင့် အကန်ခံခဲ့ရသည်။ ထို့ကြောင့် ဤကိစ္စမှာ မည်သည့်အတွက်ကြောင့် ကျောင်းသားအချင်းချင်းရန်ပွဲဟု ဆိုနိုင်ပါမည်နည်း။

ကျောင်းအုပ်ဟွမ်မှာ မုထျန်းဟန်၏ ငြင်းဆန်မှုကို အကြိမ်ကြိမ် ခံနေရသဖြင့် သူ့မျက်နှာအမူအရာမှာ စိတ်မထိန်းနိုင်တော့ဘဲ အကျည်းတန်သွားလေ၏။

“ဘာ… ဘာဖြစ်လို့လဲဆိုတော့…”

မော့တိက သူ့လက်နှစ်ဖက်ဖြင့် စောင်ကို ဆွဲထားကာ မျက်လုံးအပြူးသားဖြင့် စကား ဆက်မပြောနိုင်တော့ချေ။

ထိုစဉ် ဘေးနားတွင် ရပ်နေသော စည်းကမ်းထိန်းသိမ်းရေးဆရာက တင်းမာသောလေသံဖြင့် ကြားဖြတ် ပြောလိုက်သည်။

“မော့တိ… တခြားသူတွေ မကျေမနပ်ဖြစ်အောင်လို့ မင်း ဘာသွားလုပ်မိတာလဲ… မင်း အခုပြောရင် ရသေးတယ်နော် ဆရာတို့တွေ မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး… ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တရားကို သိချင်ရုံပဲ… ဒါပေမဲ့ တခြားကျောင်းသားတွေဆီကနေ မင်းရဲ့အမှားကို ပြန်ကြားရရင်တော့ မင်းရဲ့ ကျောင်းမှတ်တမ်းထဲ ထည့်ရလိမ့်မယ်…”

မှတ်တမ်းထဲတွင် အမှတ်ခံလိုက်ရပါက ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ တက္ကသိုလ်ကောင်းကောင်းသို့ ဝင်ခွင့်ရရန် မဖြစ်နိုင်တော့ပေ။ ကနဦးတွင် မော့တိကို တိုက်ခိုက်ခဲ့သော ကျောင်းသားများ၏ မှတ်တမ်းထဲတွင် ဤကျောင်းတွင်းအကြမ်းဖက်ခံရမှု မှတ်တမ်း ပါသွားမည်ကို စိုးရိမ်နေမိသည်။ ထိုကျောင်းသားများထဲတွင် မိမိတို့၏ ကလေးငယ်များကို နှစ်ပေါင်းများစွာ မျက်နှာသာပေးရန်အတွက် သူ့အား အမျိုးမျိုး လာဘ်ထိုးထားသော အထက်တန်းလွှာ မိသားစုများမှသခင်လေးများလည်း ပါဝင်နေကြ၏။ ထို့ကြောင့် သူ့အနေဖြင့် ထိုကလေးများ၏ မှတ်တမ်းထဲတွင် ဤကဲ့သို့ ပြင်းထန်သောပြစ်မှုမျိုး ပါဝင်ခွင့် မပြုနိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် မော့တိမှာ အရှုံးသမား တစ်ယောက် ဖြစ်နေခဲ့သည်။ ဤမှတ်တမ်းဖြင့် ခြိမ်းခြောက်လိုက်ပါက ဤကိစ္စကို ဆက်လက် တင်းခံနေတော့မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ သူကလည်း အပြစ်ကင်းသူ တစ်ယောက် မဟုတ်သည့်အတွက် ဤကိစ္စကို အလွယ်တကူပင် ဖြေရှင်းနိုင်ပေသည်။

အမှန်တကယ်ပင် မော့တိက ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့သွား၏။ စောင်အောက်ရှိ သူ့ခန္ဓာကိုယ်မှာ သိသိသာသာ တောင့်တင်းသွားပြီး တုန်ရီနေသော အသံဖြင့် သူက ပြောသည်။

“ကျွန်တော် ပြောပါ့မယ်… ဘာလို့လဲဆိုတော့… ကျွန်တော့်အစ်မကို မူးလဲအောင် လုပ်မိလို့ပါ…”

“ဘာပြောတယ်…”

ဆရာလျှို့က ဤအကြောင်းပြချက်ကို လုံးဝမမျှော်လင့်ထားပေ။ မော့တိ၏အစ်မဖြစ်သူ မော့လျှိုကွေ့မှာ မော့မိသားစု၏ လေးဆက်မြောက်မျိုးရိုးအားလုံးအနက် တစ်ဦးတည်းသော ပုလဲရတနာလေးပင်။ သူမသည်လည်း အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် အလွန်တရာ ဆွဲဆောင်မှုရှိပြီး ရေပန်းစားလှသည်။ ဤကျောင်းသား မော့တိက အမှန်တကယ်ပင် သူ့အစ်မဖြစ်သူကို မေ့လဲအောင် လုပ်ခဲ့သည်လား။

“မင်း ဘာလုပ်ခဲ့တာလဲ…”

“ကျွန်တော်… ကျွန်တော့်မမပေးတဲ့ ဖျော်ရည်ကို သောက်ပြီးတော့ အလာ့ဂျစ် ဖြစ်သွားလို့ အရေးပေါ်ကုသမှု ခံယူဖို့ ဆေးရုံတင်လိုက်ရပါတယ်… ကျွန်တော် ဆေးရုံကားပေါ် မတက်ခင် မမကို ကျွန်တော့်မှာ ကိုကိုးအလာ့ဂျစ်ရှိတာကို မသိဘူးလားလို့ မေးလိုက်မိတယ်… အဲ့ဒါကြောင့် ကျွန်တော့်မမက ဝမ်းနည်းပြီး ငိုရင်းနဲ့ သတိလစ်သွားတာပါ…”

မော့တိက ခေါင်းငုံ့ထားပြီး မော့မကြည့်ရဲပေ။

“ဆရာ… ကျွန်တော်မှားတယ်ဆိုတာ ကျွန်တော် သိပါတယ်… ကျွန်တော် တကယ့်ကို မှားသွားပါတယ်… ကျွန်တော့်မမ သတိလစ်ပြီး ဆေးရုံတင်ရလောက်အောင်ထိ ကျွန်တော် မလုပ်သင့်ဘူး…”

“ကျွန်တော့်ရဲ့အဖေ၊ အမေနဲ့ ညီအစ်ကိုတွေရော၊ ကျွန်တော့်ရဲ့ အတန်းဖော်တွေရော အားလုံး အရမ်း စိတ်ဆိုးနေကြတယ်… ကျွန်တော့်မမက ကျွန်တော့်အပေါ် တကယ် ဂရုစိုက်ပေးတယ်ဆိုတာကို လူတိုင်း သိကြပါတယ်… ကျွန်တော်လည်း သိပါတယ်… ကျွန်တော် မှားသွားတာပါ… ဒါပေမယ့် လူတိုင်းပြောနေကြသလို ကျွန်တော်က ကိုကိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ သောက်ပြီး ကျွန်တော့်မမကို နာမည်ဖျက်ချင်တာ မဟုတ်ရပါဘူး… တကယ် မဟုတ်ပါဘူး… ဒါပေမဲ့ လူတိုင်းက ကျွန်တော့်ကို မယုံကြဘူး အဲ့ဒါကြောင့်…”

“ကျက်သရေမရှိတဲ့ကောင်…”

ကျယ်လောင်သောအသံတစ်ခုက ရုတ်တရက် ကြားဖြတ် ဝင်ရောက်လာပြီး တံခါးမှာ တွန်းဖွင့်ခံလိုက်ရသဖြင့် နံရံနဲ့ တိုက်မိပြီး ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာသည်။

“မင်္ဂလာပါ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာလျှို့…”

ကျူးဝမ်ဇီ မည်သည့်အချိန်က ရောက်လာကြောင်း ဘယ်သူမှ မသိကြသော်လည်း သူက အခန်းထဲသို့ ဝင်လာပြီး မော့တိကို အထင်သေးပြီး ဒေါသထွက်နေသော အကြည့်ဖြင့် ကြည့်နေသည်။

“ကျောင်းကအပြန် ဒီကိုဝင်လာလိုက်တာ မှန်သွားတယ်… ဒီလိုမှမဟုတ်ရင် မင်းက အမှန်တရားကို ကူလီကူမာ လုပ်ပြီး ပြောနေဦးမှာပဲ…”

“ကျောင်းအုပ်ဆရာကြီး… ဆရာလျှို့… ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိထားပါတယ်… အဲ့ဒါကြောင့် ကျွန်တော့်လို ဘေးလူတစ်ယောက်ပြောတာကို နားထောင်တာက ပိုပြီး ကောင်းပါလိမ့်မယ်…”

ကျူးဝမ်ဇီက ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာတို့ကို ကြည့်နေပြီး သူနှင့်မသိသလို အကြောင်းပြချက်အချို့ကြောင့် ခံစားချက်မကောင်းသည့် အခြားယောက်ျားနှစ်ယောက်ကိုမူ လုံးဝ လျစ်လျူရှုထားသည်။

“ကျွန်တော်က မော့တိရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ… ယုတ္တိကျကျပြောရရင် ကျွန်တော်က သူ့ဘက်က လိုက်သင့်တယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ အသိစိတ်ဓာတ်ကြောင့် အမှန်တရားကို ဒီလို ကလိမ်ကကျစ်ကျတာမျိုး လက်မခံနိုင်ပါဘူး… မော့တိရဲ့မမ လျှို… မော့လျှိုကွေ့က အမြဲတမ်း သူ့အပေါ်ကို အရမ်းကို ကြင်နာတတ်ပြီးတော့ ဂရုစိုက်တတ်ပါတယ်… ဒါပေမဲ့ မော့တိက မော့လျှိုကွေ့အပေါ် အမြဲတမ်း လုပ်ကြံပြောဆိုပြီး အသရေဖျက်လေ့ရှိပါတယ်… ဒီတစ်ကြိမ်မှာလည်း မော့လျှိုကွေ့က သူ့ကို စေတနာနဲ့ အအေးတစ်ခွက်လောက် တိုက်တာကို သူ့အလာ့ဂျစ် နည်းနည်းလေး ပြင်းသွားတာနဲ့ပဲ သူ့မမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ထူးဆန်းတဲ့ စကားတွေ ပြောပြီး လူတွေ သူ့အပေါ် အထင်လွဲအောင် လုပ်ခဲ့ပါတယ်… ပြီးတော့ ကိုကိုးက အနံ့ခံရုံနဲ့တင် သိနိုင်ရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ သောက်ပြီးတော့မှ သေလုနီးပါး ဖြစ်တော့မယ်ဆိုပြီး ဟန်ဆောင်ခဲ့တာပါ… သူက လျှိုကွေ့ကို သိက္ခာချဖို့ အမျိုးမျိုး လုပ်ပေမယ့် သူ့မမက သူ့အပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံနေတုန်းပါပဲ… အဲ့ဒါကြောင့် ဒီတစ်ကြိမ်တော့ လူတိုင်းရဲ့ ဒေါသက ငယ်ထိပ်ထိရောက်သွားပြီးတော့ သူ့ကို နည်းနည်းလောက် သတိပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ… ဆရာတွေက နားလည်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်…”

“ခဏနေဦး…”

မုထျန်းဟန်က ကျူးဝမ်ဇီကို ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။ သူက ယခုအချိန်ထိ ခေါင်းမဖော်ရဲသော မော့တိကို ကြည့်ရင်း တည်ငြိမ်သော အသံဖြင့် မေးလိုက်၏။

“ဒါကို နည်းနည်းလောက် သတိပေးရုံပဲလို့ ပြောချင်တာလား…”

ကျူးဝမ်ဇီက ထူးဆန်းသော ဤလူကြီးကို မသိသော်လည်း သူ၏ အေးစက်သော မျက်လုံးများထဲမှ ဖိအားကို ခံစားလိုက်ရသည်။ ထို့ပြင် ဒေါသသံစွက်နေသည့် ရုတ်တရက် သူ့စကားကြောင့် တစ်ခဏမျှ ကြောင်အသွားလေသည်။

လိုင်သယ်စစ်က မီးမညှိရသေးသော စီးကရက်တစ်လိပ်ကို လှည့်နေရင်း စကား ဝင်ပြောလိုက်၏။

“အင်း… သူ့ကို ဒီလိုထိုးကြိတ်၊ ကန်ကျောက်၊ ရေနဲ့ပက်ပြီး သူ့ခေါင်းနဲ့ မျက်နှာကိုပါ ဖူးယောင်တဲ့အထိ ရိုက်နှက်ထားတာက ဒီတိုင်း သတိပေးရုံဆိုရင် မင်းစကားတွေထဲက အမှန်တရားကပါ သံသယဖြစ်စရာပဲ… မင်းပြောတဲ့အထဲမှာ သူ့ရဲ့အလာ့ဂျစ်က နည်းနည်းတော့ ပြင်းထန်တယ်ဆိုတော့ သေစေနိုင်လောက်တဲ့ ကိစ္စပဲ…ပြီးတော့ အရေးပေါ်ကုသမှုလည်း ခံယူဖို့ လိုတယ်…”

လိုင်သယ်စစ်က ရုတ်တရက် ဟက်ခနဲ ရယ်လိုက်သည်။

“ရိုးရိုးသားသား ပြောရရင် ကွေ့မိန်းကလေးနဲ့ ပတ်သက်ပြီး သိပ်ကို သံသယဖြစ်စရာ အချက်တွေ ရှိနေတယ်… သူက အပြစ်မကင်းသလို ခံစားရပြီလို့ သာမန်မေးခွန်းလောက်နဲ့တင် စိတ်လှုပ်ရှားသွားတာလား… တကယ်တော့ သူက တစ်ခါမှ စိတ်ရင်းနဲ့ ဂရုစိုက်ခဲ့တာ မဟုတ်လောက်ဘူး…ဒီလိုမှမဟုတ်ရင် သူပေးလိုက်တဲ့ စားစရာကြောင့် သူ့မိသားစုဝင်တစ်ယောက် သေသွားနိုင်တယ်ဆိုတာကို မသိစရာရှိပါ့မလား…”

“တော်စမ်းပါ… ခင်ဗျားက ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ…”

ဤစကားကို ကြားသောအခါ ကျူးဝမ်ဇီက စိတ်မထိန်းနိုင်တော့ဘဲ ဒေါသထွက်သွားလေသည်။ ထို့နောက် သူက တုတ်ထိုးအိုးပေါက် ပြောချလိုက်၏။

“လျှိုကွေ့ကို စော်ကားရအောင် ခင်ဗျားက ဘာကောင်မလို့လဲ…”

“ကျူးဝမ်ဇီ… မင်း ဒီလိုပြောလို့မရဘူးလေ…”

ကျောင်းအုပ်ကြီးဟွမ်းက သူ့ကို ကမန်းကတမ်း ဟန့်တားကာ ဆုံးမလိုက်သည်။ ထို့နောက် မျက်မှောင်ကြုံ့ထားရင်း အချိန်အတော်ကြာအောင် အသံတိတ်နေသော ကျူးဝမ်ဇီကို မြင်သောအခါ သူ့ကျောပြင်မှ ချွေးစက်များ စီးကျလာသည်ကိုပင် ခံစားလိုက်ရသည်။

“ကိစ္စမရှိပါဘူး… ကျုပ်က ခွင့်လွှတ်ပေးတတ်ပါတယ်…”

လိုင်သယ်စစ်က လက်ခါပြလိုက်သည်။

Xxxxxxxxx

Chapter 9

ေမာ့တိက သူ႔ကို ဖက္ထားသည့္ က်ယ္ေျပာသန္မာေသာ ရင္ခြင္တစ္စုံကို ခံစားလိုက္ရသည္။ ေႏြးေထြးေသာ ရင္ခြင္ထဲမွ ထုတ္လႊတ္ေနသည့္ အပူေငြ႕ေငြ႕က သူ႔ကို ရစ္သိုင္းထား၏။ ဤခံစားခ်က္မွာ သက္ေတာင့္သက္သာမရွိသလို ထူးဆန္းေနေသာေၾကာင့္ သူက ကိုယ္လြတ္႐ုန္းခ်င္ေနသည္။

သို႔ရာတြင္ သူ႔အစီအစဥ္ကို ျပန္ေတြးၾကည့္ရင္း သည္းခံလိုက္၏။

ေက်ာင္းအုပ္ႀကီးဟြမ္းႏွင့္ စည္းကမ္းထိန္းသိမ္းေရးဆရာတို႔က ေဆး႐ုံသို႔ သြားသည့္လမ္းတေလွ်ာက္ လိုက္လာၾကသည္။ ေမာ့တိ အမ်ိဳးမ်ိဳးေသာ က်န္းမာေရးစစ္ေဆးခ်က္မ်ား ျပဳလုပ္ၿပီးေနာက္ သူ၏ ညာဘက္ေျခေထာက္ အဆစ္လြဲသြားျခင္း၊ ေပါက္ၿပဲဒဏ္ရာမ်ားႏွင့္ ဆရာဝန္၏ ၫႊန္ၾကားခ်က္ လိုအပ္ေသာ အေသးစား သတိလစ္ျခင္း စသည္ျဖင့္ ရလဒ္မ်ားကို သိရေသာအခါမွသာ သူတို႔ စိတ္သက္သာရာ ရသြားၾကသည္။

ကံေကာင္းေထာက္မစြာျဖင့္ ရႈပ္ေထြးေသာ ကိစၥမ်ိဳး မရွိေပ။

ေက်ာင္းအုပ္ႀကီးဟြမ္းက ဤေက်ာင္းအတြက္ ရရွိခါနီးျဖစ္ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို မဆုံးရႈံးခ်င္ေသာေၾကာင့္ ဤျပႆနာကို တတ္ႏိုင္သမွ် အျမန္ဆုံး ေျဖရွင္းခ်င္ေနသည္။ သူက ေဆး႐ုံကုတင္ေပၚ၌ လွဲေလ်ာင္းေနသည့္၊ လက္ရွိတြင္ မူလက ႐ုပ္ေခ်ာေခ်ာ ေကာင္ေလးတစ္ေယာက္ႏွင့္ မတူေတာ့ေသာ ေမာ့တိကို လွမ္းၾကည့္လိုက္သည္။

“ေက်ာင္းသားေလး ဒီတစ္ႀကိမ္ ရန္ပြဲက ေတာ္ေတာ့္ကို ဆိုး႐ြားလြန္းတယ္… ဆရာႀကီးတို႔ အေျခအေနကို သိထားဖို႔ လိုတယ္ေလ… မင္းတို႔ေတြ ဘာကိစၥနဲ႔ ရန္ျဖစ္ၾကတာလဲ…”

သူက ဤရန္ပြဲမွာ တစ္ဖက္သတ္ အႏိုင္က်င့္ျခင္းဟု လက္မခံဘဲ ႏွစ္ဦးႏွစ္ဖက္ ပဋိပကၡျဖစ္ျခင္းဟု ထင္ေန၏။ ဤေကာင္ေလးမွာ ေမာ့မိသားစုမွ သခင္ေလး ျဖစ္ေၾကာင္းကို သိထားေလသည္။ သူႏွင့္ ပတ္သက္ေသာ ေကာလာဟလမ်ားမွာ အလြန္ေကာင္းမြန္ျခင္း မရွိေသာေၾကာင့္ သူ႔အက်င့္စ႐ိုက္တြင္ တစ္ခုခု မွားယြင္းေနျခင္း ျဖစ္သည္ဟု ထင္ေနသည္။ အကယ္၍ သူသာ ဤကိစၥကို နက္နက္နဲနဲ တူးဆြၾကည့္ပါက ဒါ႐ိုက္တာမုႏွင့္ ပတ္သက္ေသာ အခ်ိဳ႕အခ်က္အလက္မ်ားကို ျပန္လည္ရရွိႏိုင္ၿပီး လႊမ္းမိုးႏိုင္ေပလိမ့္မည္။ ထို႔ျပင္ ႏွစ္ဖက္စလုံး အမွားမကင္းသည့္အတြက္ေၾကာင့္ ေက်ာင္းတြင္းအၾကမ္းဖက္မႈဟု မေခၚဆိုႏိုင္ေတာ့ဘဲ ႐ိုးရွင္းစြာပင္ “ရန္ပြဲ” တစ္ခုအျဖစ္ သတ္မွတ္ႏိုင္ေပသည္။

ထိုမွ်မက သူတို႔ရွာက်ားႏိုင္ငံတကာေက်ာင္း၏ အေနအထားမွာ အၿမဲတေစ ဂုဏ္သတင္း ေမႊးပ်ံ႕လွၿပီး ယခင္က အျခားေသာ ေက်ာင္းတြင္းအၾကမ္းဖက္မႈဟူ၍ တစ္ႀကိမ္တစ္ခါမွ မျဖစ္ခဲ့ဖူးေပ။ ထို႔ေၾကာင့္ ဤေက်ာင္းသားေလးေမာ့တိက အမွန္တကယ္ပင္ ဆိုး႐ြားလွေသာကိစၥတစ္ခုခုကို က်ဴးလြန္ခဲ့ျခင္းျဖစ္ႏိုင္ၿပီး ထိုသို႔မဟုတ္ပါက မည္သည့္အတြက္ေၾကာင့္ သူတစ္ေယာက္တည္း အႏိုင္က်င့္ခံရမည္နည္း။

ေမာ့တိက ဖူးေယာင္ေနေသာ သူ႔မ်က္လုံးမ်ားကို ဖြင့္ကာ သူ႔ကုတင္ေဘး၌ ရပ္ေနၾကေသာ ေက်ာင္းအုပ္ႀကီးဟြမ္းႏွင့္ စည္းကမ္းထိန္းသိမ္းေရးဆရာလွ်ိဳ႕တို႔အျပင္ မုထ်န္းဟန္ႏွင့္ ဆံပင္အညိဳေရာင္ပိုင္ရွင္ ႏိုင္ငံျခားသား တစ္ဦးကို ၾကည့္လိုက္သည္။ ထို႔ေနာက္ သူက ေၾကာက္႐ြံ႕ေနသျဖင့္ စကားတစ္ခြန္းမွ မေျပာေပ။

ေမာ့တိ၏ တုံ႔ျပန္မႈကို ျမင္ေသာအခါ ေက်ာင္းအုပ္ဟြမ္က သူ႔ထင္ျမင္ခ်က္ မွန္ကန္ေၾကာင္း ခံစားလိုက္ရၿပီး ယုံၾကည္ခ်က္ရွိရွိ ဖိအားေပးလိုက္သည္။

“ဒီေက်ာင္းသားကေတာ့… မင္း မေျပာျပဘူးဆိုရင္ ငါတို႔ဆရာေတြက ဒီကိစၥကို ဘယ္လိုလုပ္ၿပီး စုံစမ္းလို႔ ရေတာ့မွာလဲ… အဲ့ဒီေက်ာင္းသားေတြက မင္းကို ဘာလို႔ ဝိုင္း႐ိုက္တာလဲ… မင္း ဆရာႀကီးတို႔ကို အရင္ ေျပာရင္ ေျပာေနာ္… မဟုတ္ရင္ အဲ့ဒီေက်ာင္းသားေတြဆီ အရင္ဆုံး သြားေမးရလိမ့္မယ္…”

“ကြၽန္ေတာ္… ဘာလို႔လဲဆိုေတာ့… အေၾကာင္းျပခ်က္က ကြၽန္ေတာ္ အမွားလုပ္မိလို႔ပါ…”

ေမာ့တိ၏စကားမ်ားက ေက်ာင္းအုပ္ႀကီးဟြမ္း ေတြးထားသည့္အတိုင္းျဖစ္ရာ သူ႔ကို စိတ္ေက်နပ္သြားေစ၏။

ေမာ့တိကိုယ္တိုင္ကလည္း အ႐ိုက္ခံရသည့္အတြက္ သူ႔ကိုယ္သူ အျပစ္တင္ေနသည္။

ေၾကာက္႐ြံ႕စိတ္ႏွင့္ အျပစ္တင္စိတ္တို႔ေၾကာင့္ ေမာ့တိဆက္ၿပီး စကားမေျပာႏိုင္ေၾကာင္း ျမင္လိုက္ရေသာအခါ ေက်ာင္းအုပ္ႀကီးဟြမ္းက သူ႔ကို ေမးခြန္း ဆက္မေမးေတာ့ေပ။ သူက မ်က္ေမွာင္ႀကဳံ႔ထားေသာ မုထ်န္းဟန္ဘက္သို႔ လွည့္သြား၏။

“ဒါ႐ိုက္တာမု… ခင္ဗ်ားျမင္တဲ့အတိုင္းပဲ ဒီကိစၥက တကယ္ေတာ့ ေက်ာင္းတြင္းအၾကမ္းဖက္မႈ မဟုတ္ပါဘူး… ကြၽန္ေတာ္တို႔ေက်ာင္းရဲ႕ အေျခအေနက အၿမဲတမ္း ေကာင္းမြန္တဲ့အေနအထားမွာ ရွိပါတယ္… ဒီကိစၥက ဒီတိုင္း ေက်ာင္းသားေတြၾကားက ရန္ပြဲေလးတစ္ခုပါပဲ… ၿပီးေတာ့ ဒီေက်ာင္းသားေလးကိုယ္တိုင္ကလည္း သူ႔အမွားဆိုတာ ဝန္ခံေနတာပဲ မဟုတ္လား… တစ္ဖက္က ေက်ာင္းသားေတြကလည္း ရန္စခံရေတာ့ ျပႆနာကို မွားယြင္းတဲ့ နည္းလမ္းမ်ိဳးနဲ႔ ေျဖရွင္းလိုက္တာပဲ ျဖစ္မွာပါ… ကြၽန္ေတာ္တို႔ကေတာ့ ေက်ာင္းသားေတြအားလုံးကို အၾကမ္းဖက္တဲ့နည္းလမ္းနဲ႔ လက္တုံ႔ျပန္တာမ်ိဳး လုပ္ဖို႔ ခြင့္မျပဳထားပါဘူး…”

ေက်ာင္းအုပ္ႀကီးဟြမ္းက ႏွစ္လိုဖြယ္အၿပဳံးမ်ိဳး ၿပဳံးရင္း ေျပာ၏။

“ဘာပဲျဖစ္ျဖစ္ သူတို႔ေတြ စိတ္ေက်နပ္သည္ျဖစ္ေစ ေဒါသထြက္ေနတုန္းပဲျဖစ္ေစ ျပႆနာကို ဒီလိုနည္းမ်ိဳးနဲ႔ ေျဖရွင္းတာကိုေတာ့ လက္မခံပါဘူး… ဒီလိုအျပဳအမူမ်ိဳးကို ကြၽန္ေတာ္တို႔ ခြင့္လႊတ္ေပးလို႔ မရဘူးေလ… တနလၤာေန႔က်ရင္ ကြၽန္ေတာ္တို႔ အစည္းအေဝး ေခၚၿပီး…”

“ေက်ာင္းအုပ္ႀကီးဟြမ္း… တျခားကိစၥေတြေျပာဖို႔အတြက္ေတာ့ နည္းနည္း ေစာေသးတယ္လို႔ ထင္တာပဲ…”

မုထ်န္းဟန္က သူ႔လက္ဖဝါးကို ေျမႇာက္ကာ ေက်ာင္းအုပ္ႀကီးဟြမ္း၏စကားကို ၾကားျဖတ္လိုက္သည္။ သူက ေမာ့တိကို ၾကည့္ကာ ေမး၏။

“မင္းက ဘာအမွားလုပ္မိလို႔လဲ…”

ထိုကိစၥမွာ သာမန္႐ိုက္ပြဲတစ္ခု မဟုတ္ေပ။ သူ႔ကို ေရဆိုးမ်ားျဖင့္ ပက္ျခင္း၊ လက္သီးျဖင့္ထိုးျခင္း၊ ကန္ေက်ာက္ျခင္းတို႔ ခံရ႐ုံသာမက ဆံပင္ေဆာင့္ဆြဲကာ ၾကမ္းျပင္ေပၚ ပစ္ခ်ခံရၿပီး မ်က္ႏွာကိုပါ ေျခေထာက္ျဖင့္ အကန္ခံခဲ့ရသည္။ ထို႔ေၾကာင့္ ဤကိစၥမွာ မည္သည့္အတြက္ေၾကာင့္ ေက်ာင္းသားအခ်င္းခ်င္းရန္ပြဲဟု ဆိုႏိုင္ပါမည္နည္း။

ေက်ာင္းအုပ္ဟြမ္မွာ မုထ်န္းဟန္၏ ျငင္းဆန္မႈကို အႀကိမ္ႀကိမ္ ခံေနရသျဖင့္ သူ႔မ်က္ႏွာအမူအရာမွာ စိတ္မထိန္းႏိုင္ေတာ့ဘဲ အက်ည္းတန္သြားေလ၏။

“ဘာ… ဘာျဖစ္လို႔လဲဆိုေတာ့…”

ေမာ့တိက သူ႔လက္ႏွစ္ဖက္ျဖင့္ ေစာင္ကို ဆြဲထားကာ မ်က္လုံးအျပဴးသားျဖင့္ စကား ဆက္မေျပာႏိုင္ေတာ့ေခ်။

ထိုစဥ္ ေဘးနားတြင္ ရပ္ေနေသာ စည္းကမ္းထိန္းသိမ္းေရးဆရာက တင္းမာေသာေလသံျဖင့္ ၾကားျဖတ္ ေျပာလိုက္သည္။

“ေမာ့တိ… တျခားသူေတြ မေက်မနပ္ျဖစ္ေအာင္လို႔ မင္း ဘာသြားလုပ္မိတာလဲ… မင္း အခုေျပာရင္ ရေသးတယ္ေနာ္ ဆရာတို႔ေတြ မင္းကို ဘာမွလုပ္မွာ မဟုတ္ဘူး… ဒီကိစၥနဲ႔ပတ္သက္ၿပီး အမွန္တရားကို သိခ်င္႐ုံပဲ… ဒါေပမဲ့ တျခားေက်ာင္းသားေတြဆီကေန မင္းရဲ႕အမွားကို ျပန္ၾကားရရင္ေတာ့ မင္းရဲ႕ ေက်ာင္းမွတ္တမ္းထဲ ထည့္ရလိမ့္မယ္…”

မွတ္တမ္းထဲတြင္ အမွတ္ခံလိုက္ရပါက ျပည္တြင္း၌ျဖစ္ေစ၊ ျပည္ပ၌ျဖစ္ေစ တကၠသိုလ္ေကာင္းေကာင္းသို႔ ဝင္ခြင့္ရရန္ မျဖစ္ႏိုင္ေတာ့ေပ။ ကနဦးတြင္ ေမာ့တိကို တိုက္ခိုက္ခဲ့ေသာ ေက်ာင္းသားမ်ား၏ မွတ္တမ္းထဲတြင္ ဤေက်ာင္းတြင္းအၾကမ္းဖက္ခံရမႈ မွတ္တမ္း ပါသြားမည္ကို စိုးရိမ္ေနမိသည္။ ထိုေက်ာင္းသားမ်ားထဲတြင္ မိမိတို႔၏ ကေလးငယ္မ်ားကို ႏွစ္ေပါင္းမ်ားစြာ မ်က္ႏွာသာေပးရန္အတြက္ သူ႔အား အမ်ိဳးမ်ိဳး လာဘ္ထိုးထားေသာ အထက္တန္းလႊာ မိသားစုမ်ားမွသခင္ေလးမ်ားလည္း ပါဝင္ေနၾက၏။ ထို႔ေၾကာင့္ သူ႔အေနျဖင့္ ထိုကေလးမ်ား၏ မွတ္တမ္းထဲတြင္ ဤကဲ့သို႔ ျပင္းထန္ေသာျပစ္မႈမ်ိဳး ပါဝင္ခြင့္ မျပဳႏိုင္ေပ။

ကံေကာင္းေထာက္မစြာျဖင့္ ေမာ့တိမွာ အရႈံးသမား တစ္ေယာက္ ျဖစ္ေနခဲ့သည္။ ဤမွတ္တမ္းျဖင့္ ၿခိမ္းေျခာက္လိုက္ပါက ဤကိစၥကို ဆက္လက္ တင္းခံေနေတာ့မည္ မဟုတ္ေခ်။ မည္သို႔ပင္ျဖစ္ေစ သူကလည္း အျပစ္ကင္းသူ တစ္ေယာက္ မဟုတ္သည့္အတြက္ ဤကိစၥကို အလြယ္တကူပင္ ေျဖရွင္းႏိုင္ေပသည္။

အမွန္တကယ္ပင္ ေမာ့တိက ၿခိမ္းေျခာက္မႈေၾကာင့္ ေၾကာက္႐ြံ႕သြား၏။ ေစာင္ေအာက္ရွိ သူ႔ခႏၶာကိုယ္မွာ သိသိသာသာ ေတာင့္တင္းသြားၿပီး တုန္ရီေနေသာ အသံျဖင့္ သူက ေျပာသည္။

“ကြၽန္ေတာ္ ေျပာပါ့မယ္… ဘာလို႔လဲဆိုေတာ့… ကြၽန္ေတာ့္အစ္မကို မူးလဲေအာင္ လုပ္မိလို႔ပါ…”

“ဘာေျပာတယ္…”

ဆရာလွ်ိဳ႕က ဤအေၾကာင္းျပခ်က္ကို လုံးဝမေမွ်ာ္လင့္ထားေပ။ ေမာ့တိ၏အစ္မျဖစ္သူ ေမာ့လွ်ိဳေကြ႕မွာ ေမာ့မိသားစု၏ ေလးဆက္ေျမာက္မ်ိဳး႐ိုးအားလုံးအနက္ တစ္ဦးတည္းေသာ ပုလဲရတနာေလးပင္။ သူမသည္လည္း အထက္တန္းလႊာ အသိုင္းအဝိုင္းၾကားတြင္ အလြန္တရာ ဆြဲေဆာင္မႈရွိၿပီး ေရပန္းစားလွသည္။ ဤေက်ာင္းသား ေမာ့တိက အမွန္တကယ္ပင္ သူ႔အစ္မျဖစ္သူကို ေမ့လဲေအာင္ လုပ္ခဲ့သည္လား။

“မင္း ဘာလုပ္ခဲ့တာလဲ…”

“ကြၽန္ေတာ္… ကြၽန္ေတာ့္မမေပးတဲ့ ေဖ်ာ္ရည္ကို ေသာက္ၿပီးေတာ့ အလာ့ဂ်စ္ ျဖစ္သြားလို႔ အေရးေပၚကုသမႈ ခံယူဖို႔ ေဆး႐ုံတင္လိုက္ရပါတယ္… ကြၽန္ေတာ္ ေဆး႐ုံကားေပၚ မတက္ခင္ မမကို ကြၽန္ေတာ့္မွာ ကိုကိုးအလာ့ဂ်စ္ရွိတာကို မသိဘူးလားလို႔ ေမးလိုက္မိတယ္… အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္မမက ဝမ္းနည္းၿပီး ငိုရင္းနဲ႔ သတိလစ္သြားတာပါ…”

ေမာ့တိက ေခါင္းငုံ႔ထားၿပီး ေမာ့မၾကည့္ရဲေပ။

“ဆရာ… ကြၽန္ေတာ္မွားတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္… ကြၽန္ေတာ္ တကယ့္ကို မွားသြားပါတယ္… ကြၽန္ေတာ့္မမ သတိလစ္ၿပီး ေဆး႐ုံတင္ရေလာက္ေအာင္ထိ ကြၽန္ေတာ္ မလုပ္သင့္ဘူး…”

“ကြၽန္ေတာ့္ရဲ႕အေဖ၊ အေမနဲ႔ ညီအစ္ကိုေတြေရာ၊ ကြၽန္ေတာ့္ရဲ႕ အတန္းေဖာ္ေတြေရာ အားလုံး အရမ္း စိတ္ဆိုးေနၾကတယ္… ကြၽန္ေတာ့္မမက ကြၽန္ေတာ့္အေပၚ တကယ္ ဂ႐ုစိုက္ေပးတယ္ဆိုတာကို လူတိုင္း သိၾကပါတယ္… ကြၽန္ေတာ္လည္း သိပါတယ္… ကြၽန္ေတာ္ မွားသြားတာပါ… ဒါေပမယ့္ လူတိုင္းေျပာေနၾကသလို ကြၽန္ေတာ္က ကိုကိုးကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ တမင္တကာ ေသာက္ၿပီး ကြၽန္ေတာ့္မမကို နာမည္ဖ်က္ခ်င္တာ မဟုတ္ရပါဘူး… တကယ္ မဟုတ္ပါဘူး… ဒါေပမဲ့ လူတိုင္းက ကြၽန္ေတာ့္ကို မယုံၾကဘူး အဲ့ဒါေၾကာင့္…”

“က်က္သေရမရွိတဲ့ေကာင္…”

က်ယ္ေလာင္ေသာအသံတစ္ခုက ႐ုတ္တရက္ ၾကားျဖတ္ ဝင္ေရာက္လာၿပီး တံခါးမွာ တြန္းဖြင့္ခံလိုက္ရသျဖင့္ နံရံနဲ႔ တိုက္မိၿပီး ဝုန္းခနဲ အသံႀကီး ထြက္ေပၚလာသည္။

“မဂၤလာပါ ေက်ာင္းအုပ္ဆရာႀကီးနဲ႔ ဆရာလွ်ိဳ႕…”

က်ဴးဝမ္ဇီ မည္သည့္အခ်ိန္က ေရာက္လာေၾကာင္း ဘယ္သူမွ မသိၾကေသာ္လည္း သူက အခန္းထဲသို႔ ဝင္လာၿပီး ေမာ့တိကို အထင္ေသးၿပီး ေဒါသထြက္ေနေသာ အၾကည့္ျဖင့္ ၾကည့္ေနသည္။

“ေက်ာင္းကအျပန္ ဒီကိုဝင္လာလိုက္တာ မွန္သြားတယ္… ဒီလိုမွမဟုတ္ရင္ မင္းက အမွန္တရားကို ကူလီကူမာ လုပ္ၿပီး ေျပာေနဦးမွာပဲ…”

“ေက်ာင္းအုပ္ဆရာႀကီး… ဆရာလွ်ိဳ႕… ျဖစ္ပ်က္ခဲ့တဲ့ကိစၥေတြကို ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္း သိထားပါတယ္… အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္လို ေဘးလူတစ္ေယာက္ေျပာတာကို နားေထာင္တာက ပိုၿပီး ေကာင္းပါလိမ့္မယ္…”

က်ဴးဝမ္ဇီက ေက်ာင္းအုပ္ႀကီးဟြမ္းႏွင့္ စည္းကမ္းထိန္းသိမ္းေရးဆရာတို႔ကို ၾကည့္ေနၿပီး သူႏွင့္မသိသလို အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ ခံစားခ်က္မေကာင္းသည့္ အျခားေယာက္်ားႏွစ္ေယာက္ကိုမူ လုံးဝ လ်စ္လ်ဴရႈထားသည္။

“ကြၽန္ေတာ္က ေမာ့တိရဲ႕ သူငယ္ခ်င္းေကာင္းတစ္ေယာက္ပါ… ယုတၱိက်က်ေျပာရရင္ ကြၽန္ေတာ္က သူ႔ဘက္က လိုက္သင့္တယ္ဆိုေပမယ့္ ကြၽန္ေတာ့္ရဲ႕ အသိစိတ္ဓာတ္ေၾကာင့္ အမွန္တရားကို ဒီလို ကလိမ္ကက်စ္က်တာမ်ိဳး လက္မခံႏိုင္ပါဘူး… ေမာ့တိရဲ႕မမ လွ်ိဳ… ေမာ့လွ်ိဳေကြ႕က အၿမဲတမ္း သူ႔အေပၚကို အရမ္းကို ၾကင္နာတတ္ၿပီးေတာ့ ဂ႐ုစိုက္တတ္ပါတယ္… ဒါေပမဲ့ ေမာ့တိက ေမာ့လွ်ိဳေကြ႕အေပၚ အၿမဲတမ္း လုပ္ႀကံေျပာဆိုၿပီး အသေရဖ်က္ေလ့ရွိပါတယ္… ဒီတစ္ႀကိမ္မွာလည္း ေမာ့လွ်ိဳေကြ႕က သူ႔ကို ေစတနာနဲ႔ အေအးတစ္ခြက္ေလာက္ တိုက္တာကို သူ႔အလာ့ဂ်စ္ နည္းနည္းေလး ျပင္းသြားတာနဲ႔ပဲ သူ႔မမရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေအာင္ ထူးဆန္းတဲ့ စကားေတြ ေျပာၿပီး လူေတြ သူ႔အေပၚ အထင္လြဲေအာင္ လုပ္ခဲ့ပါတယ္… ၿပီးေတာ့ ကိုကိုးက အနံ႔ခံ႐ုံနဲ႔တင္ သိႏိုင္ရဲ႕သားနဲ႔ ရည္႐ြယ္ခ်က္ရွိရွိ ေသာက္ၿပီးေတာ့မွ ေသလုနီးပါး ျဖစ္ေတာ့မယ္ဆိုၿပီး ဟန္ေဆာင္ခဲ့တာပါ… သူက လွ်ိဳေကြ႕ကို သိကၡာခ်ဖို႔ အမ်ိဳးမ်ိဳး လုပ္ေပမယ့္ သူ႔မမက သူ႔အေပၚမွာ ၾကင္ၾကင္နာနာ ဆက္ဆံေနတုန္းပါပဲ… အဲ့ဒါေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ လူတိုင္းရဲ႕ ေဒါသက ငယ္ထိပ္ထိေရာက္သြားၿပီးေတာ့ သူ႔ကို နည္းနည္းေလာက္ သတိေပးဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ… ဆရာေတြက နားလည္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္…”

“ခဏေနဦး…”

မုထ်န္းဟန္က က်ဴးဝမ္ဇီကို ႐ုတ္တရက္ ၾကားျဖတ္ေျပာလိုက္သည္။ သူက ယခုအခ်ိန္ထိ ေခါင္းမေဖာ္ရဲေသာ ေမာ့တိကို ၾကည့္ရင္း တည္ၿငိမ္ေသာ အသံျဖင့္ ေမးလိုက္၏။

“ဒါကို နည္းနည္းေလာက္ သတိေပး႐ုံပဲလို႔ ေျပာခ်င္တာလား…”

က်ဴးဝမ္ဇီက ထူးဆန္းေသာ ဤလူႀကီးကို မသိေသာ္လည္း သူ၏ ေအးစက္ေသာ မ်က္လုံးမ်ားထဲမွ ဖိအားကို ခံစားလိုက္ရသည္။ ထို႔ျပင္ ေဒါသသံစြက္ေနသည့္ ႐ုတ္တရက္ သူ႔စကားေၾကာင့္ တစ္ခဏမွ် ေၾကာင္အသြားေလသည္။

လိုင္သယ္စစ္က မီးမညႇိရေသးေသာ စီးကရက္တစ္လိပ္ကို လွည့္ေနရင္း စကား ဝင္ေျပာလိုက္၏။

“အင္း… သူ႔ကို ဒီလိုထိုးႀကိတ္၊ ကန္ေက်ာက္၊ ေရနဲ႔ပက္ၿပီး သူ႔ေခါင္းနဲ႔ မ်က္ႏွာကိုပါ ဖူးေယာင္တဲ့အထိ ႐ိုက္ႏွက္ထားတာက ဒီတိုင္း သတိေပး႐ုံဆိုရင္ မင္းစကားေတြထဲက အမွန္တရားကပါ သံသယျဖစ္စရာပဲ… မင္းေျပာတဲ့အထဲမွာ သူ႔ရဲ႕အလာ့ဂ်စ္က နည္းနည္းေတာ့ ျပင္းထန္တယ္ဆိုေတာ့ ေသေစႏိုင္ေလာက္တဲ့ ကိစၥပဲ…ၿပီးေတာ့ အေရးေပၚကုသမႈလည္း ခံယူဖို႔ လိုတယ္…”

လိုင္သယ္စစ္က ႐ုတ္တရက္ ဟက္ခနဲ ရယ္လိုက္သည္။

“႐ိုး႐ိုးသားသား ေျပာရရင္ ေကြ႕မိန္းကေလးနဲ႔ ပတ္သက္ၿပီး သိပ္ကို သံသယျဖစ္စရာ အခ်က္ေတြ ရွိေနတယ္… သူက အျပစ္မကင္းသလို ခံစားရၿပီလို႔ သာမန္ေမးခြန္းေလာက္နဲ႔တင္ စိတ္လႈပ္ရွားသြားတာလား… တကယ္ေတာ့ သူက တစ္ခါမွ စိတ္ရင္းနဲ႔ ဂ႐ုစိုက္ခဲ့တာ မဟုတ္ေလာက္ဘူး…ဒီလိုမွမဟုတ္ရင္ သူေပးလိုက္တဲ့ စားစရာေၾကာင့္ သူ႔မိသားစုဝင္တစ္ေယာက္ ေသသြားႏိုင္တယ္ဆိုတာကို မသိစရာရွိပါ့မလား…”

“ေတာ္စမ္းပါ… ခင္ဗ်ားက ဘာအဓိပၸာယ္မရွိတာေတြ ေျပာေနတာလဲ…”

ဤစကားကို ၾကားေသာအခါ က်ဴးဝမ္ဇီက စိတ္မထိန္းႏိုင္ေတာ့ဘဲ ေဒါသထြက္သြားေလသည္။ ထို႔ေနာက္ သူက တုတ္ထိုးအိုးေပါက္ ေျပာခ်လိုက္၏။

“လွ်ိဳေကြ႕ကို ေစာ္ကားရေအာင္ ခင္ဗ်ားက ဘာေကာင္မလို႔လဲ…”

“က်ဴးဝမ္ဇီ… မင္း ဒီလိုေျပာလို႔မရဘူးေလ…”

ေက်ာင္းအုပ္ႀကီးဟြမ္းက သူ႔ကို ကမန္းကတမ္း ဟန႔္တားကာ ဆုံးမလိုက္သည္။ ထို႔ေနာက္ မ်က္ေမွာင္ႀကဳံ႔ထားရင္း အခ်ိန္အေတာ္ၾကာေအာင္ အသံတိတ္ေနေသာ က်ဴးဝမ္ဇီကို ျမင္ေသာအခါ သူ႔ေက်ာျပင္မွ ေခြၽးစက္မ်ား စီးက်လာသည္ကိုပင္ ခံစားလိုက္ရသည္။

“ကိစၥမရွိပါဘူး… က်ဳပ္က ခြင့္လႊတ္ေပးတတ္ပါတယ္…”

လိုင္သယ္စစ္က လက္ခါျပလိုက္သည္။

Xxxxxxxxx

Continue Reading

You'll Also Like

257K 5.8K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
6.7K 1.7K 125
Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ေရွ႕ book မွာ ဖတ္ေပးပါ
299K 5.7K 29
{COMPLETE} A high school romance about a girl and a guy who find a new path to start their love. Hot bad boy jungkook meets new y/n at school and sta...
223K 7.2K 21
Who thought it would end like this? Who thought you would love a....a human. Should you reveal the truth? Or should you not? A/n, I know Juuzou probe...