ပြန်လည်မွေးဖွားလာသော အမြောက်စ...

Galing kay PrettiOcean

139K 14.6K 398

This is not my own story Higit pa

Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-3

2.2K 246 4
Galing kay PrettiOcean

Chapter 3

"ခင်များတို့တွေ သူ့ကိုလူကောင်းလို့ထင်မနေကြနဲ့၊ အဲ့ကောင်က ဟန်ဆောင်နေတာ"

အမျိုးသားဆရာဝန်နှင့် သူနာပြုခေါင်းဆောင်တို့က တစ်ဦးနှင့်တစ်ဦးကြည့်ကာ ကောင်လေးနှစ်ယောက်၏စကားတို့ကို လျစ်လျူရှူလိုက်သည်။ သူတို့က နှလုံးသားထဲတွင် သက်ပြင်းချလိုက်ကာ သူတို့ရှေ့မှကောင်လေးအတွက် စိတ်မကောင်းဖြစ်သွားကြရှာသည်။

ကောင်လေးကို လွန်ခဲ့သည့်တစ်ပတ်က ပို့လာခြင်းဖြစ်ပြီး အသက်ဆုံးရှုံးလုဆဲဆဲ ဖြစ်သွားခဲ့သည်။ သူ့အား သေခြင်းတရားမှ ကယ်တင်ရသည်မှာ မလွယ်ကူခဲ့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မည်သည့်မိသားစုဝင် သူ့အားလာမတွေ့သည်ကို မဆိုထားနှင့်ဦး၊ ဒီနေ့မှာ အနှီဆန်ကုန်မြေလေးနှစ်ယောက်နှင့်ပင် တွေ့လိုက်သေးသည်။ အဲဒါကအရမ်းကိုပဲ... အိုက်ယား...။

ဆရာဝန်က မော့တိအား နှစ်သိမ့်စကားအနည်းငယ်ပြောပေးရန် ပြင်လိုက်စဥ်မှာပင် မော့တိတစ်ယောက် သူ၏အိပ်ယာထက်၌ ပြန်လှဲကာ သူ့ကိုယ်သူ စောင်ဖြင့်လွှမ်းခြုံလိုက်သည်ကို တွေ့လိုက်ရလေသည်။

ကုတင်ပေါ်ရှိ လုံးလုံးသေးသေးလေးက သနားစရာကောင်းပြီး အထီးကျန်နေပုံရသည်။ အမျိုးသားဆရာဝန်က နှုတ်ခမ်းကိုဖိလိုက်ပြီး ပြောသည်။ "မော့တိ၊ အများကြီးမတွေးနဲ့နော်၊ ကောင်းကောင်းအနားယူလိုက်ပါ"

ပြီးနောက်တွင် သူကတံခါးကို ငြင်သာစွာပိတ်ကာ သူနာပြုများနှင့်အတူ ထွက်သွား၏။

စောင်အောက်တွင် မော့တိက လက်ကိုမြှောက်လျက် မျက်နှာကိုကာလိုက်လေသည်။ သူ၏တုန်ရီနေသည့်လက်တွင် အပြာရောင်သွေးကြောများ ထောင်ထနေ၏။ သူ၏မျက်ဝန်းတို့သည်လည်း အနီရင့်ရောင်တို့ စွန်းထင်လျက်နေသည်။

သို့ပေသိ ယင်းတို့မှာ ဝမ်းနည်းခြင်း သို့မဟုတ် ဒေါသကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားမှူကြောင့် ဖြစ်ပျက်နေခြင်းသာ။

သူပြောင်းလဲသွားခဲ့ပြီ။ သူကမူလဇာတ်ကွက်ကို ပြောင်းလဲလိုက်ပြီ။ သူ၏မူလကံကြမ္မာကို ပြောင်းလဲလိုက်လေပြီ။ ယခင်ဘဝက ဤအချိန်တွင် သူ့ကို တောင်းပန်ရန် အပြင်းအထန် ဖိအားပေးခံခဲ့ရသည်။ သူက'မနာလိုဝန်တိုခြင်း'ကြောင့် 'ဟန်ဆောင်'ခဲ့ခြင်းဟူ၍ ဖော်ထုတ်ခံရပြီး မော့လျှိုကွေ့ထံမှ 'မျက်နှာဖြတ်ရိုက်'ခံလိုက်ရလေသည်။ ပြီးနောက် ထောင်ချီသောလူတို့ထံမှ အပြစ်တင်ခြင်းကို ခံရလေသည်။

သိူ့သော်ငြား ယခုမူ ထိုအရာတို့မှတစ်ခုအား သူပြောင်းလဲနိုင်ခဲ့သည်။

မော့တိက သူ့မျက်နှာကို ခေါင်းအုံးထဲမြှုပ်လိုက်လေသည်။ သူ့နှုတ်ခမ်းထောင့်စွန်းလေးက တွန့်ကွေးနေပြီး သူမမျက်လုံးထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခု ရှိနေလေသည်။

နောက်တစ်နေ့တွင် မော့တိက စောစောထခဲ့လေသည်။ သူ၏ကျောင်းလွယ်အိတ်ကိုယူကာ ဆေးရုံဆင်းသည့်လုပ်ငန်းစဥ်ကို ဆရာဝန်နှင့်အပြီးသတ်လိုက်လေသည်။

ယခုအခါတွင် သူ၏ ဓာတ်မတည့်မှု လျော့နည်းသွားသဖြင့် ဆေးရုံတက်ရန် မလိုအပ်တော့ပေ။ ပိုအရေးကြီးသည်မှာ သူ့ကိုပြဿနာရှာဖို့ လာနေသည့် သူ၏ငါးယောက်မြောက်အစ်ကို၊ မော့ဝုဟန်နှင့်ပတ်သက်၍ အဖုအထစ်လေးရှိနေရာ အဝေးကိုထွက်သွားဖို့လိုနေ၏။

သူ၏အစ်ကိုငါးယောက်တွင် မော့ဝုဟန်က အရက်စက်ဆုံးနှင့်စိတ်မြန်လက်မြန်အရှိဆုံးဖြစ်သည်။ ယခင်ဘဝမှဖြစ်ရပ်တို့အား သူမေ့မရသေးပေ။ သူ့အားမော့မိသားစုမှ စိတ္တဇဆေးရုံသို့ပို့ခဲ့စဥ်က မော့လျှိုကွေ့အတွက် လက်စားချေရန် သူ့ခြေထောက်ကိုချိုးခဲ့သူမှာ မော့ဝုဟန်ပင်။ သူက ဆရာဝန်များအား သူ့အတွက်မော်ဖင်းကိုပင် ပေးခွင့်မပြုခဲ့ချေ။

(မော်ဖင်း- အကိုက်အခဲပျောက်ဆေး၊ နာကျင်မှုသက်သာစေသည့်ဆေး)

ရိုးသားစွာဝန်ခံရလျှင် ထိုသူရူးများလက်၌ သေဆုံးခဲ့ရခြင်းကပင် သူ့အတွက်ပိုကောင်းသည့် အဆုံးသတ်ဖြစ်ခဲ့သည်။

မော့တိ၏မျက်ဝန်းများက အေးစက်သွားပြီး ကြောက်မက်ဖွယ်အပြုံးကို လှစ်ဟပြလာသည်။ သို့ပေသိ နောက်တစ်ခဏ၌ သူကငယ်ရွယ်ပြီးအပြစ်ကင်းသည့် ကျောင်းသားလေးဖြစ်သွားပြန်၏။

ဆရာဝန်က မော့တိအား အခြေအနေတွေ တည်ငြိမ်သည်အထိ ရက်အနည်းငယ်မျှ ဆက်နေစေလိုသော်လည်း မော့တိက အခိုင်အမာပြောလာကာ လက်ခံရန်မှတစ်ပါး ရွေးစရာမရှိတော့ချေ။

“မင်းရဲ့ဓာတ်မတည့်တာက လုံးလုံးပြန်မသက်သာသေးဘူး၊ မင်းပြန်ရောက်ရင် အနားယူဖို့ သတိရနော်၊ ဒီဆေးတွေကို အနည်းဆုံးသုံးရက်လောက် မှန်မှန်သောက်ရမယ်၊ နားလည်ရဲ့လား”

“ကျွန်တော်မှတ်ထားပါ့မယ်၊ ကျေးဇူးပါ...”

မော့တိက ဆရာဝန်ကို စိတ်ရင်းမှန်မှန်နှင့် ကျေးဇူးတင်စွာကြည့်ရင်း ခေါင်းညိတ်သည်။ နေရောင်ခြည်က ပြတင်းပေါက်ကိုဖြတ်လျက် သူ့အပေါ်ဖြာကျနေပြီး သူ၏ဖြူဖျော့ပြီးနူးညံ့နေသည့်ပါးပြင်အား အလင်းရောင်ပါးပါးလေးတစ်လွှာဖြင့် ဖုံးလွှမ်း၍နေသည်။ သူ၏ကြည်လင်နေသည့်မျက်ဝန်းများဖြင့် မျက်တောင်ရှည်တို့မှာ နေရောင်ကြောင့် တောက်ပ၍နေကာ သူ့အားစိတ်သဘောထား နူးညံ့ပုံ ပေါက်သွားစေသည်။

ထိုကောင်းမွန်သည့်သဘောထားရှိသည့်ပုံစံလေးက သူ့ဘေးမှသူနာပြုခေါင်းဆောင်အား နူးညံ့သွားစေပြီး သူမကထပ်ပေါင်းပြောလိုက်သည်။

"အချို့အစားအစာတွေကလည်း စားလို့မရဘူးနော်၊ ငရုပ်သီးတွေ မြည်းသားတွေ မင်းသူတို့ကို ထိတောင်မထိရဘူးနော်"

“အမ်း... ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်၊ ကျွန်တော် မှတ်ထားပါ့မယ်"

မော့တိက သူနာပြုခေါင်းဆောင်အား ပြုံးပြလိုက်ရာ ပါးချိုင့်သေးသေးလေးတစ်ခုက သူ့ညာဘက်ပါးထက်တွင် ပေါ်လာသည်။

“အရမ်းနာခံတတ်တာပဲ...”

သူနာပြုခေါင်းဆောင်၏မျက်လုံးများမှာ နှစ်သက်မှုတို့ ပို၍တိုးလာပြီး သူမကတစ်စုံတစ်ခုကိုတွေးကာ ပြောလိုက်သည်။

"မနေ့ကလာတဲ့ ပြဿနာကောင်လေးနှစ်ယောက်က မင်းရဲ့အတန်းဖော်တွေလား၊ မင်းကျောင်းပြန်သွားရင် သူတို့ကိုသတိထားနော်၊ မင်းအရေးပေါ်ကုသနေရတော့ သူတို့ကလာတောင်မတွေ့ဘူး၊ မင်းကနေမကောင်းဖြစ်နေတုန်းဖြစ်တာတောင်မှ သူတို့က မင်းကိုရိုက်ချင်နေသေးတယ်၊ အဲ့ကလေးနှစ်ယောက်က လုံးဝလူကောင်းမဖြစ်နိုင်ဘူး"

 

မော့တိက ဘာမှထပ်မပြောတော့ပေ။ သူကခေါင်းညိတ်ပြပြီး ခေါင်းငုံ့ထားလိုက်ကာ ဆရာဝန်မှ သူ၏ဆေးရုံဆင်းခွင့်အားရေးပေးနေသည်ကို စောင့်နေလိုက်သည်။

သူနာပြုခေါင်းဆောင်က မျက်လုံးများ အနည်းငယ်နီရဲသွားသည့် ကောင်လေးအား ကြည့်ကာ စာနာစိတ်ဖြင့် သက်ပြင်းချမိသည်။တစ်ချိန်တည်းမှာပင် သူမက ထိုကျောင်းသားနှစ်ယောက်အပေါ် ပိုပို၍ မနှစ်သက်သလို ခံစားလာရသည်။သူတို့နှစ်ဦးမှာ အခြားသူများကိုလည်း ပုံမှန်အနိုင်ကျင့်နေကျ ဖြစ်ပေလိမ့်မည်။ သူတို့ကရုပ်ခံလေးရှိသော်ငြား တကယ့်အမှိုက်လေးများပင်။

မော့တိ၏နှုတ်ခမ်းထောင့်တို့က မသိမသာလှုပ်ရှားသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားလေသည်။

သေချာပေါက်ကို လွန်ခဲ့သည့်ညက သူတွေးထားသည့်အတိုင်းပင်။ ဤကမ္ဘာကြီး၏အခြေခံနိယာမဖြစ်သည့် - လူတိုင်းက မော့လျှိုကွေ့ကိုချစ်ပြီး မော့တိအားမုန်းခြင်း- အနှီသက်ရောက်မှုမှာ အမှန်ပင် အကန့်အသတ်ရှိပေသည်။ ယင်းက ဖြတ်လျှောက်များ သို့မဟုတ် ဤဖြတ်လျှောက်မဟုတ်သူများ(နာမည်တောင်မရှိတဲ့ဇာတ်ကောင်မျိုးထင်ပါရဲ့)အပေါ်၌ သက်ရောက်လိမ့်မည်မဟုတ်ချေ။

သူ့တွင် ထင်မြင်ချက်တစ်ခု သို့မဟုတ် အမည်မသိလှုံ့ဆော့မှုတစ်ခုရှိသည်။ ယင်းမှာ အကယ်၍ သူသာသူ၏မူလကံကြမ္မာ သို့မဟုတ် ဤကမ္ဘာ၏မူလသတ်မှတ်ချက်ကို ပြောင်းလဲလိုလျှင် သူကမူလဇာတ်လမ်းဇာတ်ကွက်ကို ပြောင်းလဲရုံမျှမက ဇာတ်လိုက်မရောင်ဝါ၏အပြင်ဘက်မှလူများ၏ ဘက်လိုက်မှုများ၊ နှစ်သက်မှုများစွာကိုလည်း ရယူသင့်သည်။

အဆုံးတွင် သူကအားနည်းပြီး တစ်ကိုယ်တည်းဖြစ်နေသည်ပင်။ သူ့အနေဖြင့် အဖြစ်အပျက်များကို ပြောင်းလဲရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့လျှင်ပင် စိတ်ကျန်းမာရေးဆေးရုံကို နောက်တစ်ကြိမ် အတင်းအကြပ် ထပ်ပို့ခံရပြီး မည်သူကမှ သူ့အားကူညီမည်မဟုတ်ချေ။ သူ့ရဲ့အားထုတ်မှုတွေက ဘယ်လိုများ အသုံးဝင်တော့မှာလဲ။

သူ့အနေနှင့် မော့လျှိုကွေ့ကိုချစ်မြတ်နိုးသူတိုင်းအား ဆန့်ကျင်နိုင်မည်ဟု တစ်ကြိမ်လေးပင် မတွေးခဲ့ဖူးပေ။ အဆုံးမှာတော့ မော့မိသားစုသာမက ဇာတ်လိုက်ကပါ အင်အားကြီးသူများဖြစ်ကြသည်။ထိုနည်းလမ်းဖြင့် သူတို့က မော့လျှိုကွေ့အား ကောင်းကင်ထက်သို့ ဆွဲတင်ပေးခဲ့ပြီး သူမအား တစ်နိုင်ငံလုံးတွင် အလေးစားရဆုံး 'မင်းသမီးလေး' ဖြစ်လာစေခဲ့သည်။ ဤလူများက သူ့အား ကိုင်တွယ်ဖြေရှင်းလာပါက သူရှင်သန်နိုင်လိမ့်မည် မထင်ပေ။

မော့တိက လက်သီးဆုပ်လိုက်ပြီး အံကြိတ်လိုက်မိသည်။

မည်သို့ပင်ဖြစ်စေ သူ့ကိုယ်သူ ယခင်ဘဝမှကံကြမ္မာမျိုးအား ထပ်မံကြုံတွေ့ခွင့်မပေးနိုင်ချေ။ ပြီးနောက် သူ့ကိုယ်သူ ဝမ်းနည်းစရာကောင်းသည့် လူပြက်တစ်ယောက်ပမာ အဆုံးစွန်ထိ တွန်းချခံခွင့်လုံးဝမပြုနိုင်ပေ။

သူ၏ကံကြမ္မာနှင့် ဤကမ္ဘာကြီး၏လမ်းကြောင်းအား ပြောင်းလဲစေရန် သူလုပ်နိုင်သမျှ အကုန်လုပ်မှာပင်။သူ့ကိုယ်သူ အရေခြုံကာဟန်ဆောင်ပြီး တခြားသူတွေကို အခွင့်ကောင်းယူရလျှင်ပင် သူ့အားကူညီပေးနိုင်သူများထံမှ မျက်နှာသာပေးမှုနှင့် သစ္စာရှိမှုကို အရယူပြီး အနိုင်ယူရပေမည်။

သူ၏မူလကံကြမ္မာကို ပြောင်းလဲနိုင်သရွေ့ပင်...။

ဆေးရုံဆင်းခွင့်ရသည်နှင့် မော့တိက ဆရာဝန်နှင့်သူနာပြုများကို ကျေးဇူးတင်လိုက်ပြီး ဆေးရုံထဲမှ ထွက်လာခဲ့သည်။

ဆေးရုံအပြင်ဘက်တွင် နေရောင်ခြည်က တောက်ပ၍နေကာ အရာအားလုံးကို ရွှေရောင်အလွှာတစ်ခုဖြင့် လွှမ်းခြုံထားလေ၏။ မော့တိက ကျောင်းဝတ်စုံကိုဝတ်ထားပြီး အိတ်ကိုလွယ်လျက် လူသွားလမ်းလေးထက်တွင်လျှောက်ရင်း သူဘယ်ကိုသွားရမလဲဟု စဥ်းစားနေမိသည်။

သို့သော်လည်း မော့တိအဖြေမထုတ်နိုင်မှီမှာပင် သူ၏သူငယ်အိမ်များက အနည်းငယ်ကျုံ့သွားသည်။ သူက သူ့ရှေ့မှ အရပ်ရှည်ရှည်ပုံရိပ်ကား စိုက်ကြည့်လိုက်သည်။

ဒီ... ဒီလူက မု...

မုထျန်းဟန်? ? ?

သူမသေဆုံးမှီ ယခင်ဘဝတွင် မုထျန်းဟန်က တတိယမြောက်ကမ္ဘာ့အချမ်းသာဆုံးအမျိုးသားဖြစ်၏။

သူက ဟွာရှားရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ချင်ကွော်ရှန်နှင့် နှိုင်းယှဉ်ရင်တောင် ပိုသြဇာရှိပြီး ကျော်ကြားတဲ့ အဲဒီ့လူ... မုထျန်းဟန်လား! ! !

မော့တိက ဖော်မပြနိုင်သည့် အရှိန်အဝါနှင့် မြင့်မြတ်မှုတို့အား သယ်ဆောင်လာသည့် ထိုအရပ်ရှည်ပြီးကြည့်ကောင်းသောအမျိုးသားကို ကြည့်ကာ အသက်ဖြည်းဖြည်းချင်း ရှူလိုက်သည်။ သူကမသိစိတ်ဖြင့် ခြေလှမ်းကိုပင် ရပ်လိုက်မိပါ၏။

ဒါကဘာလဲ။ ဘယ်လိုလုပ်ပြီး မုထျန်းဟန်က မြို့တော်မှာရှိနေရတာလဲ။သူက အခုချိန်ဆို အမေရိကားမှာ ရှိနေသင့်တာမလား

ဒါ့အပြင် သူကဒုက္ခိတမဟုတ်ဘူးလား။ ဘယ်လိုလုပ် သူ့ခြေထောက်တွေက အကောင်းတိုင်းဖြစ်နေရတာလဲ။

မုထျန်းဟန်က မော့တိ၏မကြည့်တို့အား သတိမပြုမိပေ။ သို့မဟုတ်လျှင်လည်း သူအားထိုသို့ မီးမောင်းထိုးပြထားသလို စူးစိုက်ကြည့်ခံရသည်ကို ကျင့်သားရနေ၍လည်း ဖြစ်နိုင်၏။ သူကလမ်းဘေးတွင်ရပ်ထားသည့် Maybachကားလေးထံ လျှောက်သွားကာ ကားတံခါးကိုဖွင့်ပြီး ဝင်သွားသည်။

မောင်းသူခုံမှ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးတို့ဖြင့်အမျိုးသားက ရယ်မောရင်း ငြီးတွားလာသည်။ သူက မုထျန်းဟန်ဘက်ကိုခေါင်းလှည့်ပြီး ပြောလိုက်သည်။

"မု...၊ ငါမင်းကို မနာလိုလို့ သေတော့မှာပဲ"

"ဘာလဲ"

မုထျန်းဟန်က လိုင်သယ်စစ်အားကြည့်လိုက်၏။ သူကမျက်ခုံးပင့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"မင်းကငါ့လောက်မတော်တာသိပေမယ့် မနာလိုမဖြစ်ဖို့ သတိပေးချင်တယ်၊ ငါတို့ကြားက ကွာဟချက်ကို လက်ခံလိုက်ပါ၊ အဲတာက မင်းကို ပုဂ္ဂိုလ်ရေးအရရင့်ကျက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်"

"အေး၊ အမှန်ပဲ"

လိုင်သယ်စစ် နင်သွားပြီး အံကြိတ်လိုက်၏။

"ငါတော့ မင်းကိုကြိုက်နေကြတဲ့ အဲဒီ့ကောင်လေး/ကောင်မလေး ချောချောလှလှလေးတွေအားလုံးက ကန်းနေကြတယ်ပဲထင်တယ်၊ မင်းမှာ ဒီလိုအဆိပ်ပြင်းတဲ့ပါးစပ်ရှိတာတောင် မင်းကိုကြိုက်လွန်းလို့ လှိုင်းလုံးကြီးလို တန်းစီနေကြတဲ့ ချောချောလှလှလေးတွေ ရှိသေးတယ်လား"

မုထျန်းဟန်က ပြုံးလိုက်ကာ လိုင်သယ်စစ်အားကြည့်လိုက်လေသည်။ "မင်းမနာလိုဖြစ်နေတုန်းဆိုတာ ငါသိပါတယ်ကွာ"

လိုင်သယ်စစ်က သူ့မျက်လုံးတွေကို လှိမ့်လိုက်လေသည်။ "ချီးပဲ!"

သူက ကြယ်မှထွင်းထုထားသည့်ပမာ တလက်လက်တောက်နေသည့် မျက်လုံးများနှင့် သူ၏ငယ်သူငယ်ချင်းကို ကြည့်လိုက်သည်။ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည့် အပြုံးလေးကပင် ဆွဲဆောင်မှုရှိပြီး နွေဦးတွင် နှင်းများအရည်ပျော်သွားသကဲ့သို့ပင်။ သူ၏လက်ချောင်းထိပ်မှသည် ဆံပင်အထိ ဂုဏ်သိက္ခာရှိလွန်းသည်။ လိုင်သယ်စစ်က အနှီအကျင့်မကောင်းသူအား ဒေါသမထွက်ရန် သူ့ကိုယ်သူ ဆုံးမလိုက်သည်။ တောင်ကမြင့်လွန်းပါ၏။ သူသည်လည်း နာမည်ကြီးပြီး အရည်အချင်းရှိကာ ကြည့်ကောင်းသည့်လူပင်။ သူ့အနေဖြင့် ဤထက်မြက်သည့်ဦးနှောက်/ မိမိုက်သည့်ကိုယ်နှင့် လူယုတ်မာအား သူကိုယ်သူနှင့် မနှိုင်းယှဥ်သင့်ပေ။ စိတ်ထဲမထားနဲ့၊ စိတ်ထဲကထုတ်ပစ်။

"ငါမင်းကို သောက်ဖက်လုပ်ဖို့ကို ပျင်းတယ်"

လိုင်သယ်စစ်က ငြီးတွားလိုက်ပြီး သူ့မျက်လုံးတွေကို နှစ်သိမ့်ပေးဖို့ ချောမောလှပတဲ့ လူငယ်လေးကို နောက်တစ်ကြိမ် လှမ်းကြည့်ရန် အသင့်ဖြစ်နေချေပြီ။

အိုက်ယား၊ သူတကယ်ကို မနာလိုလိုက်တာ။ သူတစ်ချက်ကြည့်ရုံနဲ့တင် အဲ့ကလေးက အချောအလှလူငယ်လေးတွေကြားက ရတနာလေးဆိုတာ ပြောနိုင်တယ်။ အဲဒီ့ခါးလေး၊ အဲဒီ့ခြေထောက်လေး ပြီးတော့ အဲဒီ့မျက်နှာလေး၊ အားလုံးက ဒါပဲလေ။ ကံမကောင်းချင်တော့ သူက အကြည့်တစ်ချက်လေးနဲ့တင် အဲဒီ့တိရိစ္ဆာန်ကောင် မုထျန်းဟန်အပေါ် ချစ်မိသွားပြီလေ။ အခုဆို သူက မုထျန်းဟန်ကို တစ်ချက်လေးကြည့်မိရုံနဲ့တင် ခြေလှမ်းတွေကို ရပ်ပစ်လိုက်တာ။ ကောင်းကင်ဘုံက လုံးဝကို အမြင်မရှိဘူးပဲ! ! !။

လိုင်သယ်စစ် နောက်ပြန်လှည့်ကြည့်နေသည်ကိုတွေ့ကာ မုထျန်းဟန်သည်လည်း ခပ်ပေါ့ပေါ့ပင်လှည့်ကြည့်လိုက်သည်။ အနှီအလွန်ချောမောလှသည့် လူငယ်လေးက တစ်ဖက်ကို ထွက်သွားချေပြီ။

Xxxxxxxx

Chapter 3

"ခင္မ်ားတို႔ေတြ သူ႔ကိုလူေကာင္းလို႔ထင္မေနၾကနဲ႔၊ အဲ့ေကာင္က ဟန္ေဆာင္ေနတာ"

အမ်ိဳးသားဆရာဝန္ႏွင့္ သူနာျပဳေခါင္းေဆာင္တို႔က တစ္ဦးႏွင့္တစ္ဦးၾကည့္ကာ ေကာင္ေလးႏွစ္ေယာက္၏စကားတို႔ကို လ်စ္လ်ဴရွဴလိုက္သည္။ သူတို႔က ႏွလုံးသားထဲတြင္ သက္ျပင္းခ်လိုက္ကာ သူတို႔ေရွ႕မွေကာင္ေလးအတြက္ စိတ္မေကာင္းျဖစ္သြားၾကရွာသည္။

ေကာင္ေလးကို လြန္ခဲ့သည့္တစ္ပတ္က ပို႔လာျခင္းျဖစ္ၿပီး အသက္ဆုံးရႈံးလုဆဲဆဲ ျဖစ္သြားခဲ့သည္။ သူ႔အား ေသျခင္းတရားမွ ကယ္တင္ရသည္မွာ မလြယ္ကူခဲ့ေပ။ လြန္ခဲ့သည့္ရက္အနည္းငယ္အတြင္း မည္သည့္မိသားစုဝင္ သူ႔အားလာမေတြ႕သည္ကို မဆိုထားႏွင့္ဦး၊ ဒီေန႔မွာ အႏွီဆန္ကုန္ေျမေလးႏွစ္ေယာက္ႏွင့္ပင္ ေတြ႕လိုက္ေသးသည္။ အဲဒါကအရမ္းကိုပဲ... အိုက္ယား...။

ဆရာဝန္က ေမာ့တိအား ႏွစ္သိမ့္စကားအနည္းငယ္ေျပာေပးရန္ ျပင္လိုက္စဥ္မွာပင္ ေမာ့တိတစ္ေယာက္ သူ၏အိပ္ယာထက္၌ ျပန္လွဲကာ သူ႔ကိုယ္သူ ေစာင္ျဖင့္လႊမ္းၿခဳံလိုက္သည္ကို ေတြ႕လိုက္ရေလသည္။

ကုတင္ေပၚရွိ လုံးလုံးေသးေသးေလးက သနားစရာေကာင္းၿပီး အထီးက်န္ေနပုံရသည္။ အမ်ိဳးသားဆရာဝန္က ႏႈတ္ခမ္းကိုဖိလိုက္ၿပီး ေျပာသည္။ "ေမာ့တိ၊ အမ်ားႀကီးမေတြးနဲ႔ေနာ္၊ ေကာင္းေကာင္းအနားယူလိုက္ပါ"

ၿပီးေနာက္တြင္ သူကတံခါးကို ျငင္သာစြာပိတ္ကာ သူနာျပဳမ်ားႏွင့္အတူ ထြက္သြား၏။

ေစာင္ေအာက္တြင္ ေမာ့တိက လက္ကိုေျမႇာက္လ်က္ မ်က္ႏွာကိုကာလိုက္ေလသည္။ သူ၏တုန္ရီေနသည့္လက္တြင္ အျပာေရာင္ေသြးေၾကာမ်ား ေထာင္ထေန၏။ သူ၏မ်က္ဝန္းတို႔သည္လည္း အနီရင့္ေရာင္တို႔ စြန္းထင္လ်က္ေနသည္။

သို႔ေပသိ ယင္းတို႔မွာ ဝမ္းနည္းျခင္း သို႔မဟုတ္ ေဒါသေၾကာင့္မဟုတ္ဘဲ စိတ္လႈပ္ရွားမႉေၾကာင့္ ျဖစ္ပ်က္ေနျခင္းသာ။

သူေျပာင္းလဲသြားခဲ့ၿပီ။ သူကမူလဇာတ္ကြက္ကို ေျပာင္းလဲလိုက္ၿပီ။ သူ၏မူလကံၾကမၼာကို ေျပာင္းလဲလိုက္ေလၿပီ။ ယခင္ဘဝက ဤအခ်ိန္တြင္ သူ႔ကို ေတာင္းပန္ရန္ အျပင္းအထန္ ဖိအားေပးခံခဲ့ရသည္။ သူက'မနာလိုဝန္တိုျခင္း'ေၾကာင့္ 'ဟန္ေဆာင္'ခဲ့ျခင္းဟူ၍ ေဖာ္ထုတ္ခံရၿပီး ေမာ့လွ်ိဳေကြ႕ထံမွ 'မ်က္ႏွာျဖတ္႐ိုက္'ခံလိုက္ရေလသည္။ ၿပီးေနာက္ ေထာင္ခ်ီေသာလူတို႔ထံမွ အျပစ္တင္ျခင္းကို ခံရေလသည္။

သိူ႔ေသာ္ျငား ယခုမူ ထိုအရာတို႔မွတစ္ခုအား သူေျပာင္းလဲႏိုင္ခဲ့သည္။

ေမာ့တိက သူ႔မ်က္ႏွာကို ေခါင္းအုံးထဲျမႇဳပ္လိုက္ေလသည္။ သူ႔ႏႈတ္ခမ္းေထာင့္စြန္းေလးက တြန္႔ေကြးေနၿပီး သူမမ်က္လုံးထဲတြင္ ေအးစက္စက္အရိပ္အေယာင္တစ္ခု ရွိေနေလသည္။

ေနာက္တစ္ေန႔တြင္ ေမာ့တိက ေစာေစာထခဲ့ေလသည္။ သူ၏ေက်ာင္းလြယ္အိတ္ကိုယူကာ ေဆး႐ုံဆင္းသည့္လုပ္ငန္းစဥ္ကို ဆရာဝန္ႏွင့္အၿပီးသတ္လိုက္ေလသည္။

ယခုအခါတြင္ သူ၏ ဓာတ္မတည့္မႈ ေလ်ာ့နည္းသြားသျဖင့္ ေဆး႐ုံတက္ရန္ မလိုအပ္ေတာ့ေပ။ ပိုအေရးႀကီးသည္မွာ သူ႔ကိုျပႆနာရွာဖို႔ လာေနသည့္ သူ၏ငါးေယာက္ေျမာက္အစ္ကို၊ ေမာ့ဝုဟန္ႏွင့္ပတ္သက္၍ အဖုအထစ္ေလးရွိေနရာ အေဝးကိုထြက္သြားဖို႔လိုေန၏။

သူ၏အစ္ကိုငါးေယာက္တြင္ ေမာ့ဝုဟန္က အရက္စက္ဆုံးႏွင့္စိတ္ျမန္လက္ျမန္အရွိဆုံးျဖစ္သည္။ ယခင္ဘဝမွျဖစ္ရပ္တို႔အား သူေမ့မရေသးေပ။ သူ႔အားေမာ့မိသားစုမွ စိတၱဇေဆး႐ုံသို႔ပို႔ခဲ့စဥ္က ေမာ့လွ်ိဳေကြ႕အတြက္ လက္စားေခ်ရန္ သူ႔ေျခေထာက္ကိုခ်ိဳးခဲ့သူမွာ ေမာ့ဝုဟန္ပင္။ သူက ဆရာဝန္မ်ားအား သူ႔အတြက္ေမာ္ဖင္းကိုပင္ ေပးခြင့္မျပဳခဲ့ေခ်။

(ေမာ္ဖင္း- အကိုက္အခဲေပ်ာက္ေဆး၊ နာက်င္မႈသက္သာေစသည့္ေဆး)

႐ိုးသားစြာဝန္ခံရလွ်င္ ထိုသူ႐ူးမ်ားလက္၌ ေသဆုံးခဲ့ရျခင္းကပင္ သူ႔အတြက္ပိုေကာင္းသည့္ အဆုံးသတ္ျဖစ္ခဲ့သည္။

ေမာ့တိ၏မ်က္ဝန္းမ်ားက ေအးစက္သြားၿပီး ေၾကာက္မက္ဖြယ္အၿပဳံးကို လွစ္ဟျပလာသည္။ သို႔ေပသိ ေနာက္တစ္ခဏ၌ သူကငယ္႐ြယ္ၿပီးအျပစ္ကင္းသည့္ ေက်ာင္းသားေလးျဖစ္သြားျပန္၏။

ဆရာဝန္က ေမာ့တိအား အေျခအေနေတြ တည္ၿငိမ္သည္အထိ ရက္အနည္းငယ္မွ် ဆက္ေနေစလိုေသာ္လည္း ေမာ့တိက အခိုင္အမာေျပာလာကာ လက္ခံရန္မွတစ္ပါး ေ႐ြးစရာမရွိေတာ့ေခ်။

“မင္းရဲ႕ဓာတ္မတည့္တာက လုံးလုံးျပန္မသက္သာေသးဘူး၊ မင္းျပန္ေရာက္ရင္ အနားယူဖို႔ သတိရေနာ္၊ ဒီေဆးေတြကို အနည္းဆုံးသုံးရက္ေလာက္ မွန္မွန္ေသာက္ရမယ္၊ နားလည္ရဲ႕လား”

“ကြၽန္ေတာ္မွတ္ထားပါ့မယ္၊ ေက်းဇူးပါ...”

ေမာ့တိက ဆရာဝန္ကို စိတ္ရင္းမွန္မွန္ႏွင့္ ေက်းဇူးတင္စြာၾကည့္ရင္း ေခါင္းညိတ္သည္။ ေနေရာင္ျခည္က ျပတင္းေပါက္ကိုျဖတ္လ်က္ သူ႔အေပၚျဖာက်ေနၿပီး သူ၏ျဖဴေဖ်ာ့ၿပီးႏူးညံ့ေနသည့္ပါးျပင္အား အလင္းေရာင္ပါးပါးေလးတစ္လႊာျဖင့္ ဖုံးလႊမ္း၍ေနသည္။ သူ၏ၾကည္လင္ေနသည့္မ်က္ဝန္းမ်ားျဖင့္ မ်က္ေတာင္ရွည္တို႔မွာ ေနေရာင္ေၾကာင့္ ေတာက္ပ၍ေနကာ သူ႔အားစိတ္သေဘာထား ႏူးညံ့ပုံ ေပါက္သြားေစသည္။

ထိုေကာင္းမြန္သည့္သေဘာထားရွိသည့္ပုံစံေလးက သူ႔ေဘးမွသူနာျပဳေခါင္းေဆာင္အား ႏူးညံ့သြားေစၿပီး သူမကထပ္ေပါင္းေျပာလိုက္သည္။

"အခ်ိဳ႕အစားအစာေတြကလည္း စားလို႔မရဘူးေနာ္၊ င႐ုပ္သီးေတြ ျမည္းသားေတြ မင္းသူတို႔ကို ထိေတာင္မထိရဘူးေနာ္"

“အမ္း... ေက်းဇူးတင္ပါတယ္ ေဒၚေဒၚ၊ ကြၽန္ေတာ္ မွတ္ထားပါ့မယ္"

ေမာ့တိက သူနာျပဳေခါင္းေဆာင္အား ၿပဳံးျပလိုက္ရာ ပါးခ်ိဳင့္ေသးေသးေလးတစ္ခုက သူ႔ညာဘက္ပါးထက္တြင္ ေပၚလာသည္။

“အရမ္းနာခံတတ္တာပဲ...”

သူနာျပဳေခါင္းေဆာင္၏မ်က္လုံးမ်ားမွာ ႏွစ္သက္မႈတို႔ ပို၍တိုးလာၿပီး သူမကတစ္စုံတစ္ခုကိုေတြးကာ ေျပာလိုက္သည္။

"မေန႔ကလာတဲ့ ျပႆနာေကာင္ေလးႏွစ္ေယာက္က မင္းရဲ႕အတန္းေဖာ္ေတြလား၊ မင္းေက်ာင္းျပန္သြားရင္ သူတို႔ကိုသတိထားေနာ္၊ မင္းအေရးေပၚကုသေနရေတာ့ သူတို႔ကလာေတာင္မေတြ႕ဘူး၊ မင္းကေနမေကာင္းျဖစ္ေနတုန္းျဖစ္တာေတာင္မွ သူတို႔က မင္းကို႐ိုက္ခ်င္ေနေသးတယ္၊ အဲ့ကေလးႏွစ္ေယာက္က လုံးဝလူေကာင္းမျဖစ္ႏိုင္ဘူး"

 

ေမာ့တိက ဘာမွထပ္မေျပာေတာ့ေပ။ သူကေခါင္းညိတ္ျပၿပီး ေခါင္းငုံ႔ထားလိုက္ကာ ဆရာဝန္မွ သူ၏ေဆး႐ုံဆင္းခြင့္အားေရးေပးေနသည္ကို ေစာင့္ေနလိုက္သည္။

သူနာျပဳေခါင္းေဆာင္က မ်က္လုံးမ်ား အနည္းငယ္နီရဲသြားသည့္ ေကာင္ေလးအား ၾကည့္ကာ စာနာစိတ္ျဖင့္ သက္ျပင္းခ်မိသည္။တစ္ခ်ိန္တည္းမွာပင္ သူမက ထိုေက်ာင္းသားႏွစ္ေယာက္အေပၚ ပိုပို၍ မႏွစ္သက္သလို ခံစားလာရသည္။သူတို႔ႏွစ္ဦးမွာ အျခားသူမ်ားကိုလည္း ပုံမွန္အႏိုင္က်င့္ေနက် ျဖစ္ေပလိမ့္မည္။ သူတို႔က႐ုပ္ခံေလးရွိေသာ္ျငား တကယ့္အမႈိက္ေလးမ်ားပင္။

ေမာ့တိ၏ႏႈတ္ခမ္းေထာင့္တို႔က မသိမသာလႈပ္ရွားသြားၿပီးေနာက္ ပုံမွန္ျပန္ျဖစ္သြားေလသည္။

ေသခ်ာေပါက္ကို လြန္ခဲ့သည့္ညက သူေတြးထားသည့္အတိုင္းပင္။ ဤကမာၻႀကီး၏အေျခခံနိယာမျဖစ္သည့္ - လူတိုင္းက ေမာ့လွ်ိဳေကြ႕ကိုခ်စ္ၿပီး ေမာ့တိအားမုန္းျခင္း- အႏွီသက္ေရာက္မႈမွာ အမွန္ပင္ အကန္႔အသတ္ရွိေပသည္။ ယင္းက ျဖတ္ေလွ်ာက္မ်ား သို႔မဟုတ္ ဤျဖတ္ေလွ်ာက္မဟုတ္သူမ်ား(နာမည္ေတာင္မရွိတဲ့ဇာတ္ေကာင္မ်ိဳးထင္ပါရဲ႕)အေပၚ၌ သက္ေရာက္လိမ့္မည္မဟုတ္ေခ်။

သူ႔တြင္ ထင္ျမင္ခ်က္တစ္ခု သို႔မဟုတ္ အမည္မသိလႈံ႕ေဆာ့မႈတစ္ခုရွိသည္။ ယင္းမွာ အကယ္၍ သူသာသူ၏မူလကံၾကမၼာ သို႔မဟုတ္ ဤကမာၻ၏မူလသတ္မွတ္ခ်က္ကို ေျပာင္းလဲလိုလွ်င္ သူကမူလဇာတ္လမ္းဇာတ္ကြက္ကို ေျပာင္းလဲ႐ုံမွ်မက ဇာတ္လိုက္မေရာင္ဝါ၏အျပင္ဘက္မွလူမ်ား၏ ဘက္လိုက္မႈမ်ား၊ ႏွစ္သက္မႈမ်ားစြာကိုလည္း ရယူသင့္သည္။

အဆုံးတြင္ သူကအားနည္းၿပီး တစ္ကိုယ္တည္းျဖစ္ေနသည္ပင္။ သူ႔အေနျဖင့္ အျဖစ္အပ်က္မ်ားကို ေျပာင္းလဲရန္ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့လွ်င္ပင္ စိတ္က်န္းမာေရးေဆး႐ုံကို ေနာက္တစ္ႀကိမ္ အတင္းအၾကပ္ ထပ္ပို႔ခံရၿပီး မည္သူကမွ သူ႔အားကူညီမည္မဟုတ္ေခ်။ သူ႔ရဲ႕အားထုတ္မႈေတြက ဘယ္လိုမ်ား အသုံးဝင္ေတာ့မွာလဲ။

သူ႔အေနႏွင့္ ေမာ့လွ်ိဳေကြ႕ကိုခ်စ္ျမတ္ႏိုးသူတိုင္းအား ဆန္႔က်င္ႏိုင္မည္ဟု တစ္ႀကိမ္ေလးပင္ မေတြးခဲ့ဖူးေပ။ အဆုံးမွာေတာ့ ေမာ့မိသားစုသာမက ဇာတ္လိုက္ကပါ အင္အားႀကီးသူမ်ားျဖစ္ၾကသည္။ထိုနည္းလမ္းျဖင့္ သူတို႔က ေမာ့လွ်ိဳေကြ႕အား ေကာင္းကင္ထက္သို႔ ဆြဲတင္ေပးခဲ့ၿပီး သူမအား တစ္ႏိုင္ငံလုံးတြင္ အေလးစားရဆုံး 'မင္းသမီးေလး' ျဖစ္လာေစခဲ့သည္။ ဤလူမ်ားက သူ႔အား ကိုင္တြယ္ေျဖရွင္းလာပါက သူရွင္သန္ႏိုင္လိမ့္မည္ မထင္ေပ။

ေမာ့တိက လက္သီးဆုပ္လိုက္ၿပီး အံႀကိတ္လိုက္မိသည္။

မည္သို႔ပင္ျဖစ္ေစ သူ႔ကိုယ္သူ ယခင္ဘဝမွကံၾကမၼာမ်ိဳးအား ထပ္မံႀကဳံေတြ႕ခြင့္မေပးႏိုင္ေခ်။ ၿပီးေနာက္ သူ႔ကိုယ္သူ ဝမ္းနည္းစရာေကာင္းသည့္ လူျပက္တစ္ေယာက္ပမာ အဆုံးစြန္ထိ တြန္းခ်ခံခြင့္လုံးဝမျပဳႏိုင္ေပ။

သူ၏ကံၾကမၼာႏွင့္ ဤကမာၻႀကီး၏လမ္းေၾကာင္းအား ေျပာင္းလဲေစရန္ သူလုပ္ႏိုင္သမွ် အကုန္လုပ္မွာပင္။သူ႔ကိုယ္သူ အေရၿခဳံကာဟန္ေဆာင္ၿပီး တျခားသူေတြကို အခြင့္ေကာင္းယူရလွ်င္ပင္ သူ႔အားကူညီေပးႏိုင္သူမ်ားထံမွ မ်က္ႏွာသာေပးမႈႏွင့္ သစၥာရွိမႈကို အရယူၿပီး အႏိုင္ယူရေပမည္။

သူ၏မူလကံၾကမၼာကို ေျပာင္းလဲႏိုင္သေ႐ြ႕ပင္...။

ေဆး႐ုံဆင္းခြင့္ရသည္ႏွင့္ ေမာ့တိက ဆရာဝန္ႏွင့္သူနာျပဳမ်ားကို ေက်းဇူးတင္လိုက္ၿပီး ေဆး႐ုံထဲမွ ထြက္လာခဲ့သည္။

ေဆး႐ုံအျပင္ဘက္တြင္ ေနေရာင္ျခည္က ေတာက္ပ၍ေနကာ အရာအားလုံးကို ေ႐ႊေရာင္အလႊာတစ္ခုျဖင့္ လႊမ္းၿခဳံထားေလ၏။ ေမာ့တိက ေက်ာင္းဝတ္စုံကိုဝတ္ထားၿပီး အိတ္ကိုလြယ္လ်က္ လူသြားလမ္းေလးထက္တြင္ေလွ်ာက္ရင္း သူဘယ္ကိုသြားရမလဲဟု စဥ္းစားေနမိသည္။

သို႔ေသာ္လည္း ေမာ့တိအေျဖမထုတ္ႏိုင္မွီမွာပင္ သူ၏သူငယ္အိမ္မ်ားက အနည္းငယ္က်ဳံ႔သြားသည္။ သူက သူ႔ေရွ႕မွ အရပ္ရွည္ရွည္ပုံရိပ္ကား စိုက္ၾကည့္လိုက္သည္။

ဒီ... ဒီလူက မု...

မုထ်န္းဟန္? ? ?

သူမေသဆုံးမွီ ယခင္ဘဝတြင္ မုထ်န္းဟန္က တတိယေျမာက္ကမာၻ႔အခ်မ္းသာဆုံးအမ်ိဳးသားျဖစ္၏။

သူက ဟြာရွားရဲ႕ အခ်မ္းသာဆုံးပုဂၢိဳလ္ ခ်င္ေကြာ္ရွန္ႏွင့္ ႏႈိင္းယွဥ္ရင္ေတာင္ ပိုၾသဇာရွိၿပီး ေက်ာ္ၾကားတဲ့ အဲဒီ့လူ... မုထ်န္းဟန္လား! ! !

ေမာ့တိက ေဖာ္မျပႏိုင္သည့္ အရွိန္အဝါႏွင့္ ျမင့္ျမတ္မႈတို႔အား သယ္ေဆာင္လာသည့္ ထိုအရပ္ရွည္ၿပီးၾကည့္ေကာင္းေသာအမ်ိဳးသားကို ၾကည့္ကာ အသက္ျဖည္းျဖည္းခ်င္း ရွဴလိုက္သည္။ သူကမသိစိတ္ျဖင့္ ေျခလွမ္းကိုပင္ ရပ္လိုက္မိပါ၏။

ဒါကဘာလဲ။ ဘယ္လိုလုပ္ၿပီး မုထ်န္းဟန္က ၿမိဳ႕ေတာ္မွာရွိေနရတာလဲ။သူက အခုခ်ိန္ဆို အေမရိကားမွာ ရွိေနသင့္တာမလား

ဒါ့အျပင္ သူကဒုကၡိတမဟုတ္ဘူးလား။ ဘယ္လိုလုပ္ သူ႔ေျခေထာက္ေတြက အေကာင္းတိုင္းျဖစ္ေနရတာလဲ။

မုထ်န္းဟန္က ေမာ့တိ၏မၾကည့္တို႔အား သတိမျပဳမိေပ။ သို႔မဟုတ္လွ်င္လည္း သူအားထိုသို႔ မီးေမာင္းထိုးျပထားသလို စူးစိုက္ၾကည့္ခံရသည္ကို က်င့္သားရေန၍လည္း ျဖစ္ႏိုင္၏။ သူကလမ္းေဘးတြင္ရပ္ထားသည့္ Maybachကားေလးထံ ေလွ်ာက္သြားကာ ကားတံခါးကိုဖြင့္ၿပီး ဝင္သြားသည္။

ေမာင္းသူခုံမွ ေ႐ႊေရာင္ဆံပင္၊ အျပာေရာင္မ်က္လုံးတို႔ျဖင့္အမ်ိဳးသားက ရယ္ေမာရင္း ၿငီးတြားလာသည္။ သူက မုထ်န္းဟန္ဘက္ကိုေခါင္းလွည့္ၿပီး ေျပာလိုက္သည္။

"မု...၊ ငါမင္းကို မနာလိုလို႔ ေသေတာ့မွာပဲ"

"ဘာလဲ"

မုထ်န္းဟန္က လိုင္သယ္စစ္အားၾကည့္လိုက္၏။ သူကမ်က္ခုံးပင့္လိုက္ကာ ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္သည္။

"မင္းကငါ့ေလာက္မေတာ္တာသိေပမယ့္ မနာလိုမျဖစ္ဖို႔ သတိေပးခ်င္တယ္၊ ငါတို႔ၾကားက ကြာဟခ်က္ကို လက္ခံလိုက္ပါ၊ အဲတာက မင္းကို ပုဂၢိဳလ္ေရးအရရင့္က်က္မႈကို အေထာက္အကူျဖစ္ေစလိမ့္မယ္"

"ေအး၊ အမွန္ပဲ"

လိုင္သယ္စစ္ နင္သြားၿပီး အံႀကိတ္လိုက္၏။

"ငါေတာ့ မင္းကိုႀကိဳက္ေနၾကတဲ့ အဲဒီ့ေကာင္ေလး/ေကာင္မေလး ေခ်ာေခ်ာလွလွေလးေတြအားလုံးက ကန္းေနၾကတယ္ပဲထင္တယ္၊ မင္းမွာ ဒီလိုအဆိပ္ျပင္းတဲ့ပါးစပ္ရွိတာေတာင္ မင္းကိုႀကိဳက္လြန္းလို႔ လႈိင္းလုံးႀကီးလို တန္းစီေနၾကတဲ့ ေခ်ာေခ်ာလွလွေလးေတြ ရွိေသးတယ္လား"

မုထ်န္းဟန္က ၿပဳံးလိုက္ကာ လိုင္သယ္စစ္အားၾကည့္လိုက္ေလသည္။ "မင္းမနာလိုျဖစ္ေနတုန္းဆိုတာ ငါသိပါတယ္ကြာ"

လိုင္သယ္စစ္က သူ႔မ်က္လုံးေတြကို လွိမ့္လိုက္ေလသည္။ "ခ်ီးပဲ!"

သူက ၾကယ္မွထြင္းထုထားသည့္ပမာ တလက္လက္ေတာက္ေနသည့္ မ်က္လုံးမ်ားႏွင့္ သူ၏ငယ္သူငယ္ခ်င္းကို ၾကည့္လိုက္သည္။ ေပါ့ေပါ့ပါးပါးၿပဳံးလိုက္သည့္ အၿပဳံးေလးကပင္ ဆြဲေဆာင္မႈရွိၿပီး ေႏြဦးတြင္ ႏွင္းမ်ားအရည္ေပ်ာ္သြားသကဲ့သို႔ပင္။ သူ၏လက္ေခ်ာင္းထိပ္မွသည္ ဆံပင္အထိ ဂုဏ္သိကၡာရွိလြန္းသည္။ လိုင္သယ္စစ္က အႏွီအက်င့္မေကာင္းသူအား ေဒါသမထြက္ရန္ သူ႔ကိုယ္သူ ဆုံးမလိုက္သည္။ ေတာင္ကျမင့္လြန္းပါ၏။ သူသည္လည္း နာမည္ႀကီးၿပီး အရည္အခ်င္းရွိကာ ၾကည့္ေကာင္းသည့္လူပင္။ သူ႔အေနျဖင့္ ဤထက္ျမက္သည့္ဦးေႏွာက္/ မိမိုက္သည့္ကိုယ္ႏွင့္ လူယုတ္မာအား သူကိုယ္သူႏွင့္ မႏႈိင္းယွဥ္သင့္ေပ။ စိတ္ထဲမထားနဲ႔၊ စိတ္ထဲကထုတ္ပစ္။

"ငါမင္းကို ေသာက္ဖက္လုပ္ဖို႔ကို ပ်င္းတယ္"

လိုင္သယ္စစ္က ၿငီးတြားလိုက္ၿပီး သူ႔မ်က္လုံးေတြကို ႏွစ္သိမ့္ေပးဖို႔ ေခ်ာေမာလွပတဲ့ လူငယ္ေလးကို ေနာက္တစ္ႀကိမ္ လွမ္းၾကည့္ရန္ အသင့္ျဖစ္ေနေခ်ၿပီ။

အိုက္ယား၊ သူတကယ္ကို မနာလိုလိုက္တာ။ သူတစ္ခ်က္ၾကည့္႐ုံနဲ႔တင္ အဲ့ကေလးက အေခ်ာအလွလူငယ္ေလးေတြၾကားက ရတနာေလးဆိုတာ ေျပာႏိုင္တယ္။ အဲဒီ့ခါးေလး၊ အဲဒီ့ေျခေထာက္ေလး ၿပီးေတာ့ အဲဒီ့မ်က္ႏွာေလး၊ အားလုံးက ဒါပဲေလ။ ကံမေကာင္းခ်င္ေတာ့ သူက အၾကည့္တစ္ခ်က္ေလးနဲ႔တင္ အဲဒီ့တိရိစာၦန္ေကာင္ မုထ်န္းဟန္အေပၚ ခ်စ္မိသြားၿပီေလ။ အခုဆို သူက မုထ်န္းဟန္ကို တစ္ခ်က္ေလးၾကည့္မိ႐ုံနဲ႔တင္ ေျခလွမ္းေတြကို ရပ္ပစ္လိုက္တာ။ ေကာင္းကင္ဘုံက လုံးဝကို အျမင္မရွိဘူးပဲ! ! !။

လိုင္သယ္စစ္ ေနာက္ျပန္လွည့္ၾကည့္ေနသည္ကိုေတြ႕ကာ မုထ်န္းဟန္သည္လည္း ခပ္ေပါ့ေပါ့ပင္လွည့္ၾကည့္လိုက္သည္။ အႏွီအလြန္ေခ်ာေမာလွသည့္ လူငယ္ေလးက တစ္ဖက္ကို ထြက္သြားေခ်ၿပီ။

Xxxxxxxx

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

241K 37.2K 96
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
204K 1K 192
Mature content
50.2K 1.4K 9
សាច់រឿងមិនសាកសមសម្រាប់ក្មេងក្រោម(18+)មានពាក្យរោលរាលអាសអាភាស🔞
40.1K 89 15
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report