အမြတ်နိုးဆုံးဝမ်

By MaNganLay

53.9K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 9

1.2K 116 8
By MaNganLay

Part 9

  ရှောင်ကျန့် ရှင်းလေးကိုဆေးတိုက်ပြီး
အခန်းထဲကအထွက် ဝမ်နဲ့ဆုံလေသည်။

" ရှင်းလေးကအိပ်ပျော်သွားပြီ
သူအိပ်ပျော်တဲ့အထိ စောင့်ပြီးမှထွက်လာတာ "

" အင်း "

ဝမ်ကသူကိုအေးဆက်ဆက်နဲ့ကြည့်ကာဖြေသည်။

" မနက်ကကိစ္စအတွက်တောင်းပန်ပါတယ် "

  ဝမ်ကသူအတွက်စိတ်အနှောက်အယှက်ဖြစ်ရတာ
သူမလိုလားပေ။ ဝမ်ကသူကိုကြည်ဖြူမှ ဒီအိမ်မှာဆက်နေဖို့
ရှောင်ကျန့် အားရှီမှာဖြစ်သည်။

" ရှင်းလေးက လူတစ်ယောက်ကိုခင်တာ
တွယ်တာတာ တော်တော်ရှားတယ်
မနက်က မင်းရှေ့မှာ မားမားမက်မက်ရပ်တည်ပြီး
ကာကွယ်တဲ့ကိစ္စကြောင့် ကျွန်တော်လန့်သွားတယ်
သူဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက်
ကျွန်တော်စိတ်တိုင်းကျ အလုပ်ထုတ်နေလည်း
သူဘာတစ်ခွန်းမှ ဝင်မပြောခဲ့ဘူး "

" အဲ့ဒါက.."

     ဝမ်မျက်နှာကသူမျက်နှာရှေ့ ကပ်လာသည်။
ဝမ်မျက်နှာကို အနီးကပ်မြင်ရတာကြောင့်
ရှောင်ကျန့် ရင်ခုန်မိသည်။

" မင်းရဲ့ဘာကထူးခြားတာလဲ "

" ဗျာ! "

" ငါကြည့်တာကတော့ ဘာမှမထူးခြားပါဘူး "

" သခင်လေးအနီးကပ်ကြည့်ပေမဲ့ မမြင်သေးလို့နေမှာပါ "

    ဝမ်ရှေ့တိုးပြီးထပ်ကြည့်သည်။

" ဘာမှမထူးခြားပါဘူး "

" ကျွန်တော်မျက်လုံးကို သေချာကြည့်လေ "

    ဝမ်ကသူမျက်လုံးကိုစိုက်ကြည့်သည်။ အကြည့်ချင်းဆုံပြီး
ရှောင်ကျန့် ရင်ထဲအဆမတန်ခုန်နေသည်။

" တွေ့လား "

  ရှောင်ကျန့်မေးလိုက်သည်။
ကျွန်တော်မျက်ဝန်းထဲက အချစ်ရွှန်းလဲ့ရည်တွေကို
ဝမ်တွေ့လား

" ဘာမှမထူးခြားပါဘူး "

  ဝမ်အကြည့်လွှဲပြီး အနားကချက်ခြင်းထွက်သွားသည်။

" ဘာဖြစ်သွားတာလဲ "

  ရိပေါ်အခန်းထဲဝင်ပြီး တံခါးမြန်မြန်ပိတ်လိုက်သည်။

" ရှောင်လေးကစုန်းလား ငါ ဆွဲဆောင်တာခံရတော့မလို့ "

   ရင်ဘက်ထဲမှာတမျိုးခံစားလိုက်ရသည်။
ဝမ်တံခါးကိုမှီရင်း အားမရှီစွာထိုင်ချလိုက်သည်။

🚘
   ရှောင်ကျန့်ကားမောင်းရင်း နောက်ကြည့်မှန်ကြည့်ကာ
ရှင်းလေးကိုစကားစလိုက်သည်။

" ရှောင်တင်းနီရှုတင်းနေရာ စုံစမ်းထားတယ်
ညနေကျောင်းဆင်းရင်း ကျွန်တော်လိုက်ပို့မယ် "

" မသွားဘူး "

  ထူးထူးဆန်းဆန်းငြင်းတဲ့သခင်လေးကို
နောက်လှည့်ကြည့်လိုက်သည်။

" ရှေ့ကြည့်မောင်း ကျွန်တော်မသေချင်သေးဘူး "

" ဒါပေါ့ သခင်လေးဘယ်သေလို့ဖြစ်ပါ့မလဲ
ရှောင်တင်းနီကိုအရယူရအုံးမှာ "

" ဗျာ! "

  ရှင်းလေးမျက်နှာနီသွားသည်။

" ကျွန်တော်က ဒီအတိုင်းFanတစ်ယောက်ပါပဲ "

" အားကစားလုပ်တဲ့နေ့က ကျွန်တော်မြင်ပါတယ်နော်
ရှောင်တင်းနီက လူတိုင်းကိုအဲ့လိုဆက်ဆံတယ်လို့တော့
မပြောနဲ့ "

" အဲ့နေ့က ကျွန်တော်ကိုဖုန်းနံပေးတယ်
ည၉နာရီကွက်တိဆပ်ခိုင်းတယ် "

" သဘောပေါက်ပြီ အဲ့ဒါကြောင့် ရိုက်ကွင်းသွားဖို့
မလိုဘူးလို့ပြောတာကိုး သခင်လေးတို့
တော်တော်အဆင်ပြေနေပြီလား "

" ကျွန်တော်မဆပ်ဘူး ကြောက်လို့ "

" ဟောဗျာ သခင်လေးကကြောက်တယ် "

" ခင်ဗျားကလည်း ကျွန်တော်စကားပြောမှားလို့
ကျွန်တော်ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ "

" သခင်လေးကလည်း သတ္တိရှီပါဗျ
ဒီလောက်အခွင့်ရေးပေးတာကိုး မယူတက်ဘူးဆိုရင်
သခင်လေး တော်တော်တုံးသွားပြီ "

" ဘာ! ခင်ဗျားနော် ကျွန်တော်ခင်ဗျားလောက်တော့
မတုံးဘူး "

" ကျွန်တော်ကဘယ်မှာတုံးလို့လဲ သခင်လေး "

" ခင်ဗျားတုံးပါတယ်..ခင်ဗျားအရမ်းကိုတုံးတာ "

" ဗျာ! "

   ရှင်းလေးပြုံးသွားပြီး ကားမှန်ကိုချကာ လေကိုရှုနေသည်။
ဝမ်ရိရှင်း!..ဝမ်ရိရှင်း အသက်ငယ်ငယ်လေးနဲ့
ကျွန်တော်ကို အနေခက်အောင်လုပ်နိုင်တယ်။
ဒီကလေးတော်တယ် ဘာတွေသိထားလဲလည်း
ဖွင့်မေးလို့မရ။

  " သခင်လေး စာကြိုးစားနော် "

   ကျောင်းပေါက်ဝထဲဝင်သွားသော သခင်လေးကို
နှုတ်ဆက်လိုက်ပြီး ဖုန်းကိုတန်းဆက်လိုက်သည်။

  " အနီးဆုံးဆိုင်မှာ ငါအဝတ်အစားလဲပြီးလာခဲ့မယ်
အဲ့ကောင်ကို မျက်ခြေမပျက်စေနဲ့ "

" ဟုတ်ကဲ့ သခင်လေး "

🏬

တင်းတောင်!

   ဘဲတီးသံအကြားရှောင်ဝမ်တံခါးသွားအဖွင့်
ကြောက်စရာကောင်းသောလူကိုတွေ့ရသည်။

" အား..မင်တို့ဘာလုပ်တာလဲ "

   ရှောင်ကျန့် ဧည့်ခန်းရှီဆိုဖာပေါ်မှာ ခြေချိတ်ကာ
ထိုင်လိုက်သည်။  သူနောက်ကပါလာသော
သက်တော်စောင့်နှစ်ယောက်က ရှောင်ဝမ်ကို
ဆွဲခေါ်ကာ သူရှေ့ဒူးထောက်စေသည်။

" အစ်ကို မတွေ့ရတာကြာတဲ့ညီကို
ဆက်ဆံတာကြီးကလည်း
ကြမ်းလိုက်တာ "

ရှောင်ကျန့်လက်ခါလိုက်တော့ သက်တော်စောင့်တွေ ချုပ်ထားတာကို လွှတ်ပေးလိုက်သည်။

" ဘာလဲ မင်းကငါကိုပန်းစည်းနဲ့ကြိုစေချင်တာလား "

" အဲ့လောက်ထိတော့ မမျှော်မှန်းပါဘူး "

ထဖို့ကြိုးစားနေသော ရှောင်ဝမ်ပေါင်ပေါ်သူ
ခြေထောက်လျှင်မြန်စွာတင်ပြီး နင်းချေလိုက်သည်။

" အား!..အစ်ကို နာတယ်..အား.."

   ဒီခြေထောက်ကို ဖြတ်တောင်ဖြတ်ချင်တာ
ဝမ်ဆီကိုသွားတဲ့ခြေထောက်

" အစ်ကို ကျွန်တော်မှားပါတယ် "

  သူခြေထောက်ကိုကိုင်ကာတောင်းဆိုတာကြောင့်
ဖယ်ပေးလိုက်သည်။

  " ရက်စက်လိုက်တာ ဒီနေရာကိုဘယ်လိုသိတာလဲ "

" ငါမသိတာဘာမှမရှီဘူး မင်းကိုသနားလို့
ရက်အနည်းငယ်လွှတ်ပေးလိုက်တာ "

" ကျွန်တော်မှားပါတယ် စိတ်ပြေပါတော့ "

" မင်းရဲ့တစ်ထွာတစ်မိုက်ဉာဏ်နဲ့ ငါ့ကိုလှည့်မစားခင်
စဥ်းစားပါလား ငါလက်ကလွတ်မယ်ထင်နေတာလား "

" ဟုတ်ပါတယ် ကျွန်တော်မှားတာပါ "

" အိမ်ပြန်လာ ကုမ္ပဏီမှာအလုပ်ဝင် "

" ကျွန်တော်အလုပ်ရပြီ "

" ဘယ်မှရတာလဲ "

" ရိရှင်းကုမ္ပဏီမှာ! "

" ဘာ! "

    ရှောင်ဝမ်..ရှောင်ဝမ်မလွယ်ပါ့လား ဝမ်ကုမ္ပဏီမှာတောင်
အလုပ်လုပ်ဖို့ စဥ်းစားထားတာပဲ

" မလိုချင်ဘူး ငါကုမ္ပဏီမှာပဲလုပ်ရမယ်
မဟုတ်ရင် ငါမိဘကိုလှမ်းတိုင်မှာ "

" အစ်ကို ကျွန်တော်ရိပေါ်နဲ့ပြောပြီးပြီ
ပြီးတော့ ရိရှင်းကုမ္ပဏီမှာလုပ်တာ ကျွန်တော်ဘဝနဲ့လည်း
ဆိုင်တယ် "

" ဘာ! "

   ဒီကောင်ဝမ်ကိုများကြိုက်နေတာလား
ဝမ်ကသူနဲ့ပိုရင်းနှီးတယ် ဝမ်နဲ့ချစ်သွားရင်ဒုက္ခ

  " မလိုချင်ဘူး ငါ့အမိန့်ပေးနေတာ
နားမထောင်ရင် ဂျပန်ကိုတောင်ပြန်မရောက်ပဲ
ဒီမြို့မှာတင်မြေမြုပ်ပစ်မယ် "

" ဟာ...အစ်ကို! "

  အချစ်နဲ့စစ်မှာ မတရားတာမရှီဘူးတဲ့ ဝမ်နားကို
မကပ်အောင် ရှောင်ဝမ်ကိုတော့ နှိပ်ကွက်ထားရမှာပဲ။

   ⛪

  " အဲ့တော့ မင်းငါကုမ္ပဏီမှာမလုပ်တော့ဘူးပေါ့ "

   ဒီလောက်နှိပ်ကွက်ထားတာတောင် ညစာစားဝိုင်းမှာ
ဒီကောင်စုတ်လေးကို တွေ့နေရသည်။

" ငါလည်းလုပ်ချင်ပါတယ် မင်းငါအစ်ကိုအကြောင်းမသိလို့
ဘီလူးတစ်ကောင်လို့ပဲ "

  ဝမ်ရိရှင်းပြုံးကာဆိုလိုက်သည်။

" အဲ့လောက်ထိကြောက်ဖို့ကောင်းမယ်မထင်ပါဘူး "

" ရှင်းလေးမသိလို့ သူ့အစ်ကို့ကို မြေမြုပ်ဖို့တောင်
ပြောနေတာ "

" ဟားဟား "

   ရှောင်ဝမ် ရှင်းလေးကိုဟင်းထည့်ပေးရင်း
ဆိုလိုက်သည်။

" မရယ်နဲ့ရှင်းလေး အစ်ကိုတကယ်ပြောတာ
ဒါနဲ့မနက်ဖြန် ရှင်းလေးကျောင်းပိတ်တယ်နော်
ဘယ်သွားချင်လဲ အစ်ကိုလိုက်ပို့မယ် "

   ဘာလဲဟရှောင်ဝမ်က သွက်လှချည်လား
ငါဆီကရှင်းလေးကိုပါလုပြီး အစ်ကို့ကိုမျက်နှာလုပ်ချင်နေတယ်ပေါ့

  " ရုပ်ရှင်ကြည့်မယ် "

  ရှောင်ကျန့်တားလိုက်သည်။

" မဖြစ်ဘူး တွေကရလူနဲ့ကြည့်စရာလား "

" ရှောင်ဝမ်ကတွေ့ကရလူမဟုတ်ဘူး ရှောင်လေး
ကျွန်တော်ရဲ့ အရင်းနှီဆုံးမိတ်ဆွေ "

  ဝမ်ကဒီလိုပြောတော့
ရှောင်ကျန့်ဘာဆက်ပြောရမှန်းမသိ
သခင်လေးရှင်းပေါ်ပဲမူတည်သွားသည်။
သခင်လေးငြင်းလိုက်

  " ကောင်းပါပြီ သွားကြည့်မယ်လေ အစ်ကို "

" အစ်ကိုကမနက်ဖြန် မင်းကိုပျော်အောင်ထားမယ် "

ရှောင်ဝမ်ကပြုံးပြီးဆိုလိုက်ပေမဲ့ သူ့ဘေးနားက
ရှောင်လေးက သူကို့ကြည့်တာတမျိုးပဲ
လူသတ်ချင်တဲ့အကြည့်
ဒီနေ့တနေကုန် ငါကံမကောင်းပါလား



Continue Reading

You'll Also Like

52.8K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!
110K 18.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
61.8K 4.7K 63
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
488K 66.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...