ချစ်မှရမယ် (Complete)
By Drabin-one
199K 4.3K 213
"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို န... More
PART2❣️(Uni/Zaw)
PART 3❣️(Uni/Zaw)
PART 4❣️(Uni/Zaw)
PART 5❣️(Uni/Zaw)
PART 6❣️(Uni/Zaw)
PART 7❣️(Uni/Zaw)
PART 8❣️(Uni/Zaw)
PART 9❣️(U/Z)
PART 10❣️(U/Z)
PART 11❣️(U/Z)
PART 12❣️(U/Z)
PART 13❣️(U/Zaw)
PART 14❣️(U/Z)
PART 15❣️(U/Z)
PART16❣️(U/Z)
PART17❣️(U/Z)
PART 18❣️(U/Z)
PART 19❣️(U/Z)
PART 20❣️(U/Z)
PART 21❣️(U/Z)
PART 22❣️(U/Z)
PART 23❣️(U/Z)
PART 24❣️(U/Z)
PART 25❣️(U/Z)
PART 26❣️(U/Z)
PART 27❣️(U/Z)
PART 28 Final❣️(U/Z)
PART 1❣️(Uni/Zaw)
26K 306 6
By Drabin-one
PART1
"ဖြောင်း"
"ဝိုး"
   တစ်ဖက်ဝိုင်းမှ လူငယ်တစ်စုရဲ့ဆူညံသံနှင့်အတူပုလင်းအချင်းချင်းတိုက်ပွတ်သံကြောင့် သူနဲ့အလုပ်ကိစ္စဆွေးနွေးနေသော တစ်ဖက်ပါတနာတို့နှစ်ယောက်သည်လည်း စကားပြောလက်စပြတ်သွားရကာ အသံတို့တိတ်သွားသည့်အထိကို ခတ္တစောင့်ဆိုင်းပေးရ၏။
    သူတို့ဝိုင်းနှင့်နံရံတစ်ခုသာ ခြားထားသဖြင့် ပြတင်းပေါက်ကနေ လှမ်းကြည့်လျှင် ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်သိုက်နှင့် မိန်းကလေးအချို့....
ကလေးတွေ ရန်ဖြစ်နေကြတာဖြစ်မယ်.....
"ဘာအပြစ်ရှိလို့ ပြတ်ပေးရမှာလဲ ဒေစီမပြတ်ပေးနိုင်ဘူးနော် မောင်"
   ပန်းခရမ်းရောင်cross topကို အိပ်ကပ်ပေါ်တဲ့အထိတိုနှံ့သော '0'ကွာတားဂျင်းဘောင်းဘီနှင့်ကောင်မလေးက သူ့ကောင်လေး၏လက်မောင်းသွယ်သွယ်လေးကိုလှုပ်ခါပြီး မျက်ရည်အရွှဲသားနဲ့တောင်းဆိုခယနေသည့်စိတ်ပျက်စရာကောင်းတဲ့မြင်ကွင်းတစ်ခု။
"ကိုပျင်းသွားပြီ ဒေစီ.... မင်းက ဆွဲဆောင်မှုလည်းမရှိတော့ ကိုနှလုံးသားကမင်းကိုမခုန်ဘူးဖြစ်နေတယ်လေကွာ"
"ဖြောင်း...."
"အဟွန့်..."
"ဝိုး......ဖြောင်းခနဲ့ပဲကွာ..."
    အရိုက်ခံလိုက်ရတာကို တစ်ချက်မှမမဲ့သွားတဲ့အပြင် ရယ်ပါရယ်လိုက်ကာ သူ့အပေါင်းအဖော်တို့ကပါ ထိုဖြစ်စဉ်ကို ဟာသတစ်ပုဒ်ကိုထိုင်ကြည့်နေကြသေးသည်။ ကောင်မလေးက ကောင်လေးကိုပါးချလိုက်သည့်ပုံစံကိုလိုက်တုပပြီး ငိုနေသည့်ကောင်မလေးကိုလည်းပြ၊ ချိုးပြနေကြသည်။
ဟူး...ကလေးတွေ မလွယ်လိုက်တာ.......
"မိတ်ကပ်မပါရင် ဘာရုပ်မှမပေါက်လာတဲ့မင်းမျက်နှာ Fillerမထိုးရင် ရှိတောင်မရှိတဲ့မင်းနှုတ်ခမ်း၊ ပြီး‌တော့ဆီလီကွန်ကြီးနဲ့ကွာ....
   မပြောချင်တော့ပါဘူး.... မင်းကိုငါ့exလို့ပြောရမှာတော့ရှက်တယ်ကွာ အရိုက်ခံလိုက်ရတဲ့ငါ့ပါးကို အိမ်ရောက်ရင်နွားနို့နဲ့ဆေးပစ်အုံးမှ ငါ့ပါးလေးကျက်သရေယုတ်ပြီးကွာ အဟက်"
    ကောင်မလေးကို ဖဲ့လိုက်မဲ့လိုက်နှင့် တစ်တစ်ခွခွကြီးပြောချလိုက်သည့်အပြင် ပြောတဲ့သူနဲ့ထိတဲ့သူကဘာမှမဖြစ်ပေမယ့် ကြားနေရတဲ့သူတို့သုံးယောက်ကတော့ မျက်နှာပူ‌သွားတာကအမှန်.....
"ဟား ဟား..."
"ဟီးအီး....အဟင့် အဟင့်.....မပြောနဲ့...မုန်းလိုက်မှာနော် မောင်"
"ဟား ဟား....မုန်းလိုက်မှာနော်တဲ့ မောင်ရေ.....မင်းတော့"
"ငါနဲ့ချစ်သူအဆင့် တင်မြှောက်ပေးထားကိုတောင် ကျေးဇူးတင်ရကောင်းမှန်းမသိဘူး..... မုန်းတယ်နော်တဲ့....အဟက် သူကတော်တော်ချစ်ဖို့ကောင်းတယ်ဆိုတော့.....သွားစမ်းကွာ.... နားကိုငြီးတယ် ကျီးကန်းမ"
  သူပြောချင်တာပြောလိုက်ရင်း နားထဲကအရာကို အင်္ကျီအိတ်ကပ်ထဲထည့်၍ လက်ပိုက်ထားလိုက်ပြီးဆိုဖာပေါ်ကျောကပ်ကာ မျက်လုံးကိုပါတစ်ပါးတည်းမှိတ်ပစ်လိုက်သည်။
ပြောချင်တာပြောပြီးဒိုးလိုက်တော့ ဒေစီလင်းမော်ရေ....
    ငါ့ရဲ့အားသာချက်က ဒီHearind-aidကိုဖြုတ်လိုက်ရင် မင်းရဲ့အသံဆိုးတွေ ငါဘာမှမကြားရတော့ဘူး ဟက်...
"အစ်ကို ကျွန်တော်တို့ စောစောကအကြောင်းတွေ ပြန်ဆက်ရအောင်"
"အိုကေဗျ"
    တစ်ဖက်ဝိုင်းက တိတ်သွားလိုက် ဝါးခနဲ့ဆူညံလာလိုက်နဲ့က သူတို့လည်းအလုပ်ကိစ္စကို အာရုံမရောက်တရောက်ဖြစ်လာရသည်။ နေရာရွေးမှားပြီထင်တယ်......
"ဒီ promotion eventကာလမှာ ကျွန်တော့်ပြခန်းက ပန်းချီတွေကို ကိုနေမီးတို့ Hotel..."
"တောက်... what the fuck!!!! ခွေးမ"
"အား..... မောင် ဒေစီ့ကိုမလုပ်နဲ့‌နော်"
တောက်...
  နေမီးသည် ဒေါသလှိုက်ခနဲ့ထိုးတတ်လာသည်။
     ဒီသူ‌တောင်းစားတစ်စုက အခုထိပြီးကိုမပြီးနိုင်တော့ဘူး။ ရန်ဖြစ်ချင်အပြင်ထွက်ဖြစ်ကြပါလား၊ဘာလို့ လူတွေအေးအေးဆေးဆေး Chillတဲ့ဘားမှာ လာဖြစ်နေကြလဲဆိုတာ သူဖြင့်အမြင်မကြည်တော့ပေ။
" ငါ့ကိုလာကပ်တွယ်နေရအောင် မင်းအတွက်ယောက်ျားရှားသွားလို့လား ဒေစီလင်းမော် ဟမ်.... ငါ့အသားကို လာမထိနဲ့ ရွံစရာကြီးလက်ကြီးနဲ့ကွာ"
   ကောင်လေးက ခုံပေါ်ကုန်းတတ်သွားပြီးရုန်းလိုက်  ကောင်မလေးကမျက်ရည်လေးဆက်လက်နဲ့ လိုက်ကပ်ပြီး တစ်ကောက်ကောက်လိုက်တောင်းပန်နေကာ ဘယ်လိုမှကြည့်လို့အဆင်မပြေနေသည့် မြင်ကွင်းကြီး.......
"တောင်းပန်ပါတယ် ဒေစီတို့လမ်းမခွဲဘူးနော် မောင်ရယ်နော်"
"မတွဲတော့ပါဘူးလို့ ‌ငါပြောနေတာ နားမကြားဘူးလား သောက်ရူးမရဲ့"
"ဟယ်..."
  ပန်းခရမ်းရောင်ကောင်မလေးရဲ့ ဆံပင်ပေါ်တွေကို အနီရောင်ဝိုင်ပုလင်းနဲ့ပတ်ချလိုက်တာ လျပ်တပြက်အတွင်းမှာ ဘားထဲရှိလူတို့ကပါ အံ့ဩထိတ်လန့်သွားကြပြီး လှည့်ကြည့်ကျကုန်၏။ အာမေဋိတ်အသံလည်း ဆူညံသွား၏။
     ဒီကောင် ယုတ်မာလိုက်တာ မိန်းကလေးတစ်ယောက်အပေါ်ကို၊ publicမှာစော်ကားနေတာ လူနေမှုအသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့အနေအထားတစ်ခု.....
      ထိုအခါ ဘားထဲရှိwaiterတွေက အနားကိုရောက်လာပြီး ပျာပျာသလဲဖြစ်လာကုန်ကျ၏။
"ကောင်လေးက ရိုင်းလိုက်တာ"
"‌ဟယ်......ကောင်မလေးကိုက ဒီလောက်ထိယွထရလားဟယ် ချစ်စရာကောင်းရက်သားနဲ့ ဒီအရိုင်းအစိုင်းကိုမှလို့ အံ့ဩတယ်ဟယ်"
"ရုပ်ကြည့်တော့ချောရဲ့သားနဲ့ စိတ်ဓါတ်က ခွေးစိတ်ဓါတ်နဲ့ကောင်"
"အာ့ခွေးရဲ့ သူငယ်ချင်းတွေကလည်း ဝိုင်းမတားပဲ အားပေးအားမြှောက်နဲ့ ကြည့်စမ်း...."
"စားပြီး နားမလည်လုပ်နေတာ အာ့သူတောင်းစားက"
     တစ်ယောက်တစ်ပေါက်နှင့်ပတ်ဝန်ကျင်းတွေက ဆူညံသွားပြီး ‌ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကို ဝေဖန်နေကြဆဲ....
"ဟဲ့ အဲဒါဦးကျော်ဇင်မောင်ရဲ့မြေး မဟုတ်ဘူးလား"
"ဟုတ်တယ်ဟ....သူ့မြေးအငယ်ပဲ၊ ဒီကလေး ဒီလောက်တောင် ရိုင်းသွားတာလား"
"ချမ်းသာပြီး မိဘမရှိတဲ့ကလေးတွေက ကြီးလာတော့ ပျက်စီးသွားရတာ မဆန်းပါဘူး...."
"မြေးနှစ်ယောက်ရှိတာ တစ်ယောက်က လိမ္မာနေလို့ တော်သေးတာပေါ့.... ဒီတစ်ယောက်က ဦးကျော်ဇင်မောင်တို့ အားကိုးလို့ရတဲ့ပုံမပေါ်ပါဘူးဟယ် ရှာသမျှ ဖြုန်းမဲ့အစားထဲကပဲ ငါ့ကလေးတွေ တော်သေးတယ် ဒီကောင်တွေနဲ့ စိတ်ဓါတ်မတူလို့"
"အေးဟယ်"
   ရန်ဖြစ်ပြီးလို့ ကာယာကံရှင်တွေကလည်း ပြန်သွားကြပြီး အတင်းအုပ်နေတဲ့ လူတွေကတော့ တရားရနေတာလား မနာလိုနေတာလားမသိ....
  သူ့ဘေးကနေကျော်ဖြတ်ပြီး လှေခါးဘက်ကိုဆင်းသွားသည့် စောစောကကောင်မလေးရဲ့ဘဲ၊ အင်္ကျီအနက်ရောင်နဲ့ကောင်လေးကို တစ်နေရာမှာမြင်ဖူးနေသလိုလိုရှိနေပေမယ့် သူရေရေရာရာမမှတ်မိနေ။
    ဆိုင်ကယ်ပါကင်နေရာကနေ 2023ထုတ် BMWs1000RR အနက်ခြောက်ရောင်အပေါ်ကိုခွတတ်လိုက်ပြီး လီဘာကိုတဆုံးတင်နေ‌သော ကောင်လေးရဲ့ဆံပင်ပုံစံနဲ့မျက်နှာလေးကိုကြည့်ရင်း ငြိမ်သက်နေတဲ့ ဝဲဘက်ရင်အုံလေးက တဒိတ်ဒိတ်နဲ့ စခုန်လာသောကြောင့် သူသိလိုက်ပြီ.....
ဒါ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ဟိုခွေးကောင် Mulletပဲ.....
🍀🍀🪁🍀🍀
‌ဘုတ်...
    ဆိုင်ကယ်ပေါ်ကနေမဆင်းပဲ ဂိမ်းဆော့နေစဉ် ‌သူ့နောက်ကျောကို ကမ္ဘာပေါ်မှာတစ်ခုတည်းရှိသောအရာနှင့် သူ့ကို'နှိုင်း'ခေါ်သည့်ပုံစံဖြစ်လေသည်။
  အဲဒါလေးက...‌ လေးလက်မအရွယ် မှို့ပါထည့်ထားသည့်ခေါင်းအုံးပုံစံငယ်ထဲကို ဂေါ်လီတစ်လုံးထည့်ထားသည့် အထုတ်ငယ်လေး.....
   ဘာလို့လဲဆို သူ Hearing-aid မသုံးတဲ့အခါတွေဆို နှိုင်းခေါ်တာသိရအောင်လို့ နှိုင်းသွားလေရာဆောင်ထားတတ်သည့် သူ့ရဲ့ဒုတိယနာမည်လား ကိုယ်ပွားလားပဲ ဒီကောင်ထွင်ထားတဲ့ဟာ.....
     မင်းတို့ထင်သလိုဟုတ်တယ် ငါက နားနဲ့ပတ်သက်ပြီး နားအကြားအာရုံချွတ်ယွင်းနေတဲ့ ကောင်ပဲ။ ဒါပေမယ့်ဘာဖြစ်လဲ မကြားရလည်း ဘာအရေးလဲ၊ ဘာသောက်ဂရုစိုက်ရှိလဲ......
"ခွေးကောင် စောစောကပဲ ဘားကနေလမ်းခွဲလာတာ ဘယ်ထပ်လှိမ့်ပြီးမှ ငါ့ဆီရောက်လာပြန်လဲ"
"အိမ်မပြန်ချင်ဘူးကွာ ပုဂံလှိမ့်ရအောင် ပျင်းနေလို့"
"လီးပဲ....မနက်2နာရီကြီးမှာ ထဖြစ်တဲ့မင်းအစီအစဉ်ကြီးကို ငါရူးနေလို့လိုက်ရမှာလား"
"မလိုက်ချင်နေခဲ့....ငါသွားမယ် နှိုင်း"
ဝူး.......
" ဟေ့....ခွေးကောင်....ခဏစောင့် လိုက်မယ်"
    လီဘာကို နင်းကန်ဖိနင်းနေသည့် သူငယ်ချင်းကို အပြေးတားကာ နှိုင်းစွယ်တော်သည် အိမ်ပေါ်ပြေးတတ်ကာ သူ့ဆိုင်ကယ်သော့ကို အပြေးအလွှားယူ၊ ဟိုကျပ်မပြည့်ကောင်နောက်ကို ပြေးလိုက်ရတော့သည်။
   မဟုတ်ဘူး...မဟုတ်ဘူး.. ကျပ်မပြည့်တာမဟုတ်ဘူး ကျပ်အပြည့်လွန်လွန်းလို့ သူတစ်ချိန်လုံး မျက်လုံးပြူးမျက်ဆံပြူးဖြစ်ရတာ အကြိမ်ပေါင်းမနည်းတော့.....
  ဒီကောင် ဆိုင်ကယ်မောင်းကြမ်းလွန်းလို့ လိုက်ထိန်းပေးရတဲ့ ခွေးထိန်းကောင်လေ သူဆိုတဲ့ နှိုင်းစွယ်တော်က....
ခွေးကောင်နာမည်က မေဦး‌မောင်....
PART 2ဆက်ရန်.....
❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️
Part 2ကို 5လပိုင်းလောက်မှပြန်တင်တော့မယ်နော်
Drabin-one
.
.
.
.
.
.
PART1
"ဖြောင်း"
"ဝိုး"
"ဖြောင်း...."
"အဟွန့်..."
"ဟား ဟား..."
"အိုကေဗျ"
တောက်...
"ဟယ်..."
"အေးဟယ်"
🍀🍀🪁🍀🍀
‌ဘုတ်...
ဝူး.......
PART 2ဆက်ရန်.....
❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️
Drabin-one
Continue Reading
You'll Also Like
53K 8.5K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
1.2M 63.3K 50
285K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...