အမြတ်နိုးဆုံးဝမ်

By MaNganLay

53.9K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 6

1.3K 124 8
By MaNganLay

Part 6

    ဒီကောင်စုတ်လေး ဒီနေရာကို
ဘယ်လိုရောက်လာပါလိမ့်
ရှောင်ကျန့် အတက်နိုင်ဆုံး
မျက်နှာကိုငယ်ထားလိုက်သည်။
ရှောင်ဝမ်သိသော အစ်ကိုပုံစံ ကွဲပြားသောအနေအထားဖြင့် သွား၃၂ချောင်းပေါ်အောင်
ရှောင်ဝမ်ကိုပြုံးပြလိုက်သည်။

" အစ်ကို! "

  အစ်ကိုတဲ့ ဒီကောင်ရမ်းခေါ်ရလား
ဝမ်က မေး၏

" ဘယ်သူလဲ အစ်ကိုက "

" သူလေ "

  ရှောင်ဝမ်က ကျွန်တော်ကိုလက်ညိုးထိုးကာ
ညွှန်သည်။

"  ကျွန်တော်က ဒီအိမ်ရဲ့အစေခံပါ "

ရှောင်ကျန့်နှိမ့်ချစွာပြောလိုက်သည်။

"  အစေခံ!.."

" ဟုတ်ကဲ့အစေခံပါ "

" ဝါး ကျွန်တော်အစ်ကိုနဲ့တော်တော်တူလိုက်တာ "

ရိရှင်း ရှောင်ကျန့်ကိုလှည့်ကြည့်ရင်း မေးလိုက်သည်

" တော်တော်တူတာလား အစ်ကို "

" တူတာပေါ့ တော်တော်ကြီးကိုတူတယ်
ဒါပေမဲ့ မတူတာလည်းရှီတယ် "

" ဘာမတူတာလဲ အစ်ကို  "

  ရိရှင်းစိတ်ဝင်စားစွာ ထပ်မေးလိုက်သည်။

"  ကျွန်တော်အစ်ကို့ကကြောက်ဖို့ကောင်းတယ်
ခန့်ညားပေမဲ့ သူ့အကြည့်ကခက်ထန်ပြီး
ရုပ်ဆိုးတယ် သူဖြစ်ချင်တာကိုရအောင်လုပ်တယ်
အိမ်မှာဆို သူအမိန့်ပဲနာခံရတယ်
အခု ကျွန်တော်ပြန်လာတာသူမသိလို့
သိရင် လေယဥ်ကွင်းကနေ ဆီးကြိုပြီး
ကျွန်တော်ကိုကန်ဖို့ စောင့်နေမှာ "

" ဟီးဟီး..ဟားဟား "

   ရိရှင်းသဘောကျစွာအားရပါးရရယ်သလို
ရိပေါ်လည်းပြုံးသွားသည်။

" ရှင်းလေးရယ်သံမကြားရတာကြာပြီ
မင်းကြောင့် ငါ့နားထောင်ရတာ "

  ရိပေါ်က ရှင်းလေးပန်းကန်ထဲ ဟင်းထည့်ပေးကာဆို၏ ။

" သခင်လေး ထမင်းလည်းသေချာဝါးစားပါအုံး "

   ရှောင်ကျန့် သခင်လေးရှင်းကို
ဟင်းထည့်ပေးကာဆိုလိုက်သည်။

" ဒီကအစ်ကိုနဲ့တခြားဆီပါ "

" ဟုတ်ကဲ့ "

    ရှောင်ကျန့်ပြန်ရယ်ပြလိုက်ပေမဲ့ စိတ်ထဲမှာတော့
မင်းတော့နာတော့မယ် ငါကွယ်ရာမှာ ငါမကောင်းကြောင်းပြောရဲတယ်ပေါ့

" အဲ့တာကြောင့် မင်းရောက်ရောက်ချင်း
ဟိုတယ်ငှားတာကိုး "

"  အင်း "

"  ဘာလို့ဟိုတယ်မှာနေမှာလဲ ကျွန်တော်တို့အိမ်မှာလာနေပေါ့ "

    ရှင်းလေးက သူစိမ်းတစ်ယောက်ကို
ကြည်ကြည်ဖြူဖြူနဲ့
ပြောလိုက်တာဖြစ်သည်။

" သခင်လေး မသိတဲ့သူအပေါ်
အဲ့လောက်သဘောမကောင်းနဲ့လေ "

" အစ်ကိုနဲ့သိတာပဲကိုး "

  ရှောင်ဝမ် ရှောင်ကျန့်ကိုသေချာကြည့်ကာ
ရိပေါ်ကို လှည့်ပြောလိုက်သည်။

" မင်းတို့အိမ်စေကလည်း မခေဘူးပဲ "

" အင်း တစ်ချက်တစ်ချက်သူကရူးတက်တယ် "

   ဘာ! ဝမ်က ငါကိုအရူးလိုဆိုလိုတာလား
ဟွန်း!  ဒီကောင်စုတ်လေးရှောင်ကို ငါအမှုတ်ကြိတ်ချင်လာပြီ။
ရိရှင်းက ရှောင်ဝမ်၏အစ်ကိုအကြောင်းမေးရင်
ဘာကြောင့် ငါကိုလှည့်ကြည့်ခဲ့တာလဲ
ရိရှင်းကိုလှည့်စားရတာ ခက်ရတဲ့ကြားက
ဒီငမွှေထိုးရှောင်ဝမ်နဲ့
ပေါင်းမိရင်တော့ ငါဘဝတော့မတွေးရဲဘူး

အိမ်တော်ထိန်းက ဝိုင်ပုလင်းဖွင့်ပြီး ဝမ်နဲ့ရှောင်ဝမ်ကို
ငဲ့ပေးသည်။

" ကျွန်တော်လည်းသောက်မယ် "

" ရှင်းလေးကငယ်သေးတယ် "

" တစ်ခွက်ပဲ အရသာသိအောင်သောက်ရုံပဲ "

"ရှင်းလေး! "

   ဝမ်ကြည့်ရတာ ရှင်းလေးကိုမသောက်စေချင်ပုံပဲ
အလိုမကျမှုကြောင့် ဝမ်မျက်ခုံးတောင်တွန့်သွားသည်။

" သခင်လေးမသောက်ပါနဲ့  "

" ကျွန်တော်တကယ်ပဲမသောက်ရဘူးလား ကိုကို "

  ရှင်းလေးကဝမ်ကိုစူးစိုက်ကြည့်ပြီးမေးသည်။
ကြားထဲက ရှောင်ဝမ်နဲ့ရှောင်ကျန့် ဘာလုပ်ရမှန်းမသိ
ဝမ်ရိပေါ်နှုတ်ကထွက်တဲ့ စကားကို
စောင့်နေမိသည်။

" အင်း မသောက်နဲ့ ကိုကို့ကို အစ်ကိုအဖြစ်သတ်မှတ်ရင် "

   ဒါ ဝမ်ဘာကိုဆိုလိုလိုက်တာပါလိမ့်
ရိရှင်း ချက်ခြင်းထထွက်သွားသည်။

"  ခွက်တိုက်ရအောင် ရှောင်ဝမ် "

" အင်း "

" Cheer! "

  သူငယ်ချင်းနှစ်ယောက်ခွက်တိုက်ကာ စားသောက်နေသည်။
ရှောင်ကျန့်မှာတော့ ရိရှင်းအခန်းသော့ခတ်ထားတာကြောင့် သူ့အခန်းထဲသူဝင်လာလိုက်သည်။

ဒေါက်..ဒေါက်!

   ရိရှင်းကိုဆေးတိုက်ဖို့ ထွက်အလာ
ဝမ်က ရိရှင်းတံခါးကို အဆက်မပြတ်ထုနေသည်။

" ဧည့်သည်ပြန်သွားပြီလား သခင်လေး "

  ရှောင်ကျန့်ကိုမြင်တာနဲ့ ဝမ်တံခါးထုတာရပ်သွားသည်။

" ဆေးတိုက်ဖို့လာတာဆို ပြန်လှည့်သွားပါ
ရှင်းလေးသောက်မှာမဟုတ်ဘူး "

" နားမလည်လို့တစ်ခုလောက်မေးလို့ရမလား "

" မင်းမှာမေးပိုင်ခွင့်မရှီဘူးရှောင်လေး
မင်းကဒီအိမ်ရဲ့ အစေခံ "

  ဒါရှောင်ကျန့် စိတ်ရှုပ်လာရင်
စံအိမ်ကအစေခံတွေကို
ပြောနေကျစကားဖြစ်သည်။အခုတော့ ဝမ်ပြောသမျှ
ပြန်ခံနေရပြီ သူမြတ်နိုးတဲ့ဝမ်​ကပြောတော့လည်း
နားဝင်ချိုသား

" ဘာငေးနေတာလဲ သွားလေ "

" သွားမှာပါ သခင်လေးကလည်းအရမ်းအော်တာပဲ
ဒါပေမဲ့ ကျွန်တော်သိချင်တာ့တော့ မေးသွားမယ်
ဖြေချင်ဖြေ မဖြေချင်နေ "

" မင်း! "

" သခင်လေးက ရိရှင်းရဲ့အစ်ကိုပဲမဟုတ်လား
ဒါလေးတားတာနဲ့ ရိရှင်းကဘာကြောင့် စိတ်ဆိုးရတာလဲ  "

  ရှောင်ကျန့်မေးပြီး လှည့်အထွက်
ဝမ်ဆီက စကားသံကြားရသည်။

" သူကိုအမိန့်ပေးတယ်လို ထင်သွားတာ "

" ဘာလို့ အဲ့ဒီလို! "

   ဝမ်သူနားကိုလျှောက်လာပြီး

"  ရှင်းလေးကိုဂရုစိုက်ပေးပါ "

ဆိုပြီး တောင်းဆိုသွားသည်။
ရှင်းလေး တံခါးမဖွင့်ပေးရင် အိမ်တော်ထိန်းဆီက
အခန်းသော့တောင်းလို့ရတာပဲ
ဝမ်ဘာလို့ လက်လျော့ပြီး ပြန်သွားရတာလဲ
ရှောင်ကျန့်တော့ လက်လျော့တက်တဲ့သူမဟုတ်ပေ။

" ရှင်းလေး! "

  အိမ်တော်ထိန်းဆီက သော့တောင်းကာ
ရိရှင်းအခန်းထဲဝင်လိုက်သည်။

" ခင်ဗျားဘာလာလုပ်တာလဲ "

ရိရှင်း အိပ်ရာပေါ်မှာဖုန်းသုံးရင်း သူကိုပြန်အော်သည်။

" အားဆေးသောက်ရမယ်လေ "

" မသောက်ဘူး ဝိုင်ပဲသောက်ချင်တာ "

" သခင်လေး မနက်ဖြန် Roseဟိုတယ်တစ်ခုမှာ
ရှောင်တင်းနီရိုက်ကွင်းရှီတယ် ကုန်ပစ္စည်းကြော်ငြာတစ်ခု "

" အဲ့တော့ "

" ဘာအဲ့တော့လဲလည်း သွားကြည့်မယ်လေ "

"  အစောင့်တွေရှီမှာပဲ ဝင်လို့ရမှာမဟုတ်ဘူး
ဟိုတယ်နဲ့ ကျွန်တော်နဲ့ဘာဆိုင်လို့လည်းဆိုပြီး
မောင်းထုတ်မှာပေါ့ "

" သခင်လေးကတော့လေ ဟိုတယ်ကျတော့
ကိုယ်နဲ့မသက်ဆိုင်မှန်းသိတယ် ဝိုင်ကျတော့သောက်ချင်နေတယ် "

" ခင်ဗျားကြီးနော်! "

  ရှောင်ကျန့်ပြုံးပြီး သခင်လေးလက်ထဲ ဆေးထည့်ပေးလိုက်သည်။

" မနက်ဖြန် ရှောင်တင်းနီကို သခင်လေးတွေ့ကိုတွေ့ရမယ်
ဘာလက်ဆောင်ပေးချင်လဲဆိုတာကို
စီစဥ်ထားလိုက် "

" တကယ်လား "

"  ကတိပေးပါတယ်ဗျာ အခုတော့ဆေးသောက်ပေး "

  ရိရှင်းဆေးသောက်ပြီး ဖုန်းပြန်ကြည့်သည်။
ဝမ်က ရှင်းလေးကို ဂရုစိုက်တဲ့
အမိန့်ပေးသွားတယ်
ဝမ်ကအမိန့်ပေးရင်
နာခံလျက်ပါ သခင်လေးဆိုပြီး
ရှောင်ကျန့်နာခံနေမှာဖြစ်သည်။









Continue Reading

You'll Also Like

109K 18.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
316K 21.1K 36
Pᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language
61.4K 4.7K 63
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...