CHAPTER 23
- သူခိုးလူမိ -
သုံးယောက်သား ဒုံးပျံတွေလို ဓာတ်လှေကားထဲ ဝင်ပြေးခဲ့ကြသည်။ တင်၊ ဓာတ်လှေကားတံခါးက ဖြည်းဖြည်းချင်း ပိတ်ကာ အပေါ်ပြန်တတ်သွားခဲ့၏။
သူ့ဘေးက နှစ်ယောက်ကတော့ ပြန်ပေးဆွဲခံလာရတာကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ "ဘာလုပ်တာလဲ ဟ"
"ငါ ကျိုးချင်းချန် ပြောတဲ့ ဆရာကြီးကို တွေ့လိုက်တယ်"
ကျိုးချင်းချန် "ဝေါင်း...ငါ သွားကြည့်လိုက်ဦးမယ်"
စုလုရီ လန့်သွားကာ "သွားကြည့်မနေနဲ့၊ အဲ့တာ ငါ့အစ်ကိုကြီး"
"... ..." နှစ်ယောက်က စက္ကန့်ပိုင်းလောက် အေးခဲသွားပြီး "ဘာ"
အခန်းထဲတွင်...
သူတို့ သုံးယောက် တြိဂံပုံ စားပွဲခုံမှာ မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ စုလုရီက မှောင်မည်းနေတဲ့ မျက်နှာနဲ့ "အစည်းအဝေးပွဲ ပထမအချီ စတင်ပါပြီ"
ကျိုးချင်းချန် သည်းသွားပြီး "ငါတော့ မမြင်ရတဲ့သံလိုက်စက်ကွင်းတွေ ဖွင့်ပြီး စိတ်နဲ့ မင်း အစ်ကိုကြီးကို ပြန်ပို့လိုက်တာပဲ ပိုကောင်းမယ် ထင်တယ်"
စုလုရီ : မင်း နားမလည်ပါဘူးကွာ။ သူက ဘာမထီကွ။ "ငါ့ အစ်ကိုကြီးက လူရော စိတ်ရော ကြံ့ခိုင်ပြီး အဆိပ်ပါ ပြီးတယ်"
စွင်းဟဲ့ယွီနဲ့ ကျိုးချင်းချန်တို့ နှစ်ယောက် ချီးကျူးလိုက်ကြသည်။ "စုချီကတော့ စုချီပါပဲ"
စွင်းဟဲ့ယွီက သူ့ကို ဖြောင်းဖျလာသည်။ "တကယ်တော့ မင်း ဘာမှ ကြောက်နေစရာ မလိုပါဘူး။ သူနဲ့တွေ့ရင် အလည်လာတယ်လို့ ပြောလိုက်ပေါ့"
စုလုရီက ဝမ်းနည်းစွာ ပြုံးလိုက်ပြီး "အစ်ကိုကြီးက သူ ဘန်းယမ်းမြို့ကို သွားမှာပြောတုန်းက ငါ့ပုံစံက
အေးဆေးကြီး၊ သူ မျက်လုံးတစ်ချက် ခပ်ခါရှိသေး။ ငါက သူ့အရှေ့ရောက်နေပြီဆို ဘာဖြစ်သွားမလဲ"
စွင်းဟဲ့ယွီ နားလည်လိုက်ပါသည်။ "မင်းက ကိုယ့်သေတွင်းကိုယ် တူးတဲ့နေရာမှာ သိပ်တော်တာပဲ"
စုလုရီ ငိုချင်လာပြီ။
သူတို့သုံးယောက်မှာ အခန်းပြင်လေး ထွက်ရဖို့အရေး ခါးပိုက်နှိုက်တွေလို ခိုးကြောင်ခိုးဝှက်လုပ်နေရသည်။
စုလုရီကတော့ သတိထားရလွန်းလို့ ထိုနှစ်ယောက်ကို မီးသတ်ပေါက်ကနေ ဆွဲချမိတော့မလို့။
မီးပျပျလင်းနေသော ကော်ရစ်တာမှာ သုံးယောက်တာနံရံကပ်ကာစမ်းတဝါးဝါးနဲ့ လျှောက်နေကြ၏။
အစိမ်းရောင် လုံခြုံရေး အချက်ပြမီးက စွင်းဟဲ့ယွီမျက်လုံးမှာ လာဟပ်နေ၏။ ပြီးတော့ သူ တိုးတိုးလေးပြောလိုက်သည်။
"ကျိုးချင်းချန်၊ မင်းက ဘာကိစ္စ အခန်းကို ဆယ့်ရှစ်ထပ်မြောက်မှာ တက်ငှားတာတုန်း"
ကျိုးချင်းချန်က နံရံကနေ တစ်ရွတ်တိုက် လျှောချကာ "ပြောင်းချင်လည်း ပြောင်းလေ"
"မသိရင် မြေမြိုနေသလိုပဲ"
"... ..."
သူတို့သုံးယောက် စုချီနဲ့ မတွေ့အောင် ရှောင်ကွင်းထွက်လာနိုင်ပြီး ရှေးဟောင်းလက်ရာ လမ်းထဲဝင်ပြေးကာ အသက်ဝဝရှူလိုက်၏။ စုလုရီက အပြစ်မကင်းသလို ခံစားရတာကြောင့် သူတို့နှစ်ယောက်ကို
ပိန်းဥဖက်ထုပ် နွားနို့စွတ်ပြုတ် ဝယ်တိုက်လိုက်ပြီး သူတို့ စားရင်း လမ်းလျှောက်ခဲ့ကြသည်။
ပိန်းဥဖက်ထုတ် စားပြီး နောက်မှာတော့ သူတို့သုံးယောက်လုံး လန်းဆန်းသွားခဲ့ကြ၏။
စွင်းဟဲ့ယွီက ပန်းကန်ကို လွှင့်ပစ်ကာ လက်သုတ်လိုက်သည်။ ခုနက သူ့စတိုင်လည်း မရှိတော့ပါ။
"ကိုယ်စားလှယ်တွေ သွားတွေ့ဖို့ တက္ကစီ စီးသွားရအောင်"
သူတို့ လက်ဖက်ရည်ဆိုင်မှာပဲ ချိန်းဆိုလိုက်ကြသည်။ ဘန်းယမ်းမြို့မှာ လက်ဖက်ရည်ဆိုင်တွေက မြို့အနှံ့မှာ ပြန့်ကျဲနေ၏။ ဒီကလူ အတော်များများက သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ ထိုင်တာပဲ ဖြစ်ဖြစ်၊ စီးပွားရေးအတွက် ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ သည်လက်ဖက်ရည်ဆိုင်တွေမှာပဲ ထိုင်ကြသည်။
ဘန်းယမ်းမြို့ 'ခွန်' ဝိုင်ရဲ့အကြီးဆုံး ကိုယ်စားလှယ်ဆို "ဝူ" ပဲ။ သူက အသက်လေးဆယ်ရှိပြီး အနည်းငယ် တောင့်တင်းသည်။ သူတို့ အုပ်စုကသီးသန့်ခန်း ယူကာ သစ်ကြံပိုးခေါက် လက်ဖက်ရည်အိုးကို မှာ၍ တစ်ယောက်ချင်းဆီအနည်းငယ် ငှဲ့သောက်ကြ၏။
ကျိုးချင်းချန်ကတော့ သည်အကြောင်းတွေ ဘာမှ မသိတာကြောင့် ရောက်တာနဲ့ ထိုင်ခုံနောက်မှီမှာ သူ့စတိုင်အတိုင်း ထိုင်နေပြီး စွင်းဟဲ့ယွီနဲ့ စုလုရီကတော့ အသေးစိတ် ဆွေးနွေးဖို့လုပ်ရသည်။
ကိုယ်စားလှယ် ဝူ : " 'ခွန်' ဝိုင်ရဲ့ပထမဆုံးအသုတ်က ပုလင်း ၆၈၀ လောက် ရောင်းရတယ်။ လက်ရှိမှာတော့ နာမည်ကြီးမလာဘူး။ တခြားတံဆိပ်တွေလောက်တောင် လူသိ မများဘူးပေါ့"
ကျိုးချင်းချန်က ဖုန်းကစားနေကာ စွင်းဟဲ့ယီက မေးတညိတ်ညိတ် လုပ်နေပြီး စုလုရီကတော့ရေနွေးကြမ်း ငုံနေလိုက်၏။
ကိုယ်စားလှယ်၊ဝူက စိတ်ပျက်နေပုံ "ကျွန်တော်တို့ကြော်ငြာပြီး ပြန်လည်ပြင်ဆင်တာတွေလည်း လုပ်ပေမယ့် ရောင်းမကောင်းဘူး။ ကျွန်တော်က စျေးလျှော့ဖို့ ပြောတော့ ခဏ လျှော့ပေမယ့် စျေးကွက်ပွင့်တာနဲ့ တန်းတင်တာပဲ"
စုလုရီက စွင်းဟဲ့ယွီဆီကို မေးခွန်းပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီး "မင်း ဘယ်လိုထင်လဲ"
စုလုရီက သူ့လက်ဖက်ရည်ခွက်ကို ချကာ "စျေးလျှော့စရာ မလိုပါဘူး" သူက ကိုယ်စားလှယ် ဝူကိုမေးလိုက်၏။
"ဆိုင်တွေမှာ တစ်နေ့ရောင်းအား ဘယ်လောက်လဲ"
"ဆယ်ပုလင်း အောက်"
စုလုရီက သူ နားလည်ပြီဆိုသည့် သဘောနှင့် ခေါင်းညိတ်ပြလိုက်သည်။ "အဲ့တာဆို တစ်နေ့ကို
ဘူးနှစ်ဆယ်ပဲ တင်သွင်းပေါ့။ ထပ် မရောင်းရတော့ဘူး"
ကိုယ်စားလှယ် ဝူကတော့ သဘောမပေါက်တဲ့ပုံဖြင့် "... ဘာကြီးလဲ"
သူတို့တွေ လက်ဖက်ရည်ဆိုင်ကနေ ထွက်လာခဲ့ကြပြီး ကိုယ်စားလှယ် ဝူ ထွက်ခွာသွားတာကို စုလုရီကြည့်နေလိုက်၏။
ကျိုးချင်းချန်က ထိုလူထွက်သွားတော့ "သူက မင်းကို ဘယ်လို စောက်ရူးသူဌေးပါလိမ့်ဆိုတဲ့ အကြည့်နဲ့ ကြည့်သွားတာ"
စုလုရီက သဘောတူဟန် ခေါင်းညိတ်လိုက်ပြီး "ဒါပေမယ့်လည်း သူ ငါပြောတဲ့အတိုင်းပဲ လုပ်လိမ့်မယ်"
ကျိုးချင်းချန်က သက်ပြင်းချပြီး "ငါလည်း မင်းတို့ဟာတွေ နားမလည်တာနဲ့ ဝင်မရှုပ်ချင်လို့ ဂိမ်းပဲ
ကစားနေလိုက်တာ"
စွင်းဟဲ့ယွီကတော့ ကျိုးချင်းချန်ထက်စာရင်အနည်းငယ် နားလည်သည်လေ။
"မပူပါနဲ့။ မင်း ငွေမဆုံးပါဘူး"
ကျိုးချင်းချန်က သူ့ကို ဘာလို့လဲ မေးခဲ့၏။ ဒါပေမယ့် စွင်းဟဲ့ယွီကတော့ တဝက်တပျက် နားလည်နေတဲ့ပုံ၊ သူပဲ ဇဝေဇဝါရုပ်နဲ့။
စုလုရီလည်း မရှင်းပြပါ။ သူက ရှုထောင့်အမှားနဲ့ဝယ်လိုအား ဆာလောင်မှု စျေးကွက်ကို အသုံးပြုချင်တာ။
ဒါပေမယ့် ပြဿနာရှင်းဖို့ဆို သူတို့...
သူ ကျိုးချင်းချန်ကို ချစ်မြတ်နိုးစွာ လှမ်းကြည့်လိုက်သည်။
ကျိုးချင်းချန်ကတော့ သူ့ အကြည့်တွေကြောင့် အမွှေးနှုတ်ခံရတော့မလို လန့်သွားခဲ့၏။
နေ့လည်မှာတော့ သူတို့သုံးယောက် ဘန်းယမ်းမြို့က 'ခွန်' ဝိုင်ရောင်းတဲ့ ဆိုင်တွေကို လှည့်ပတ်ကြည့်ခဲ့ကြသည်။
အခြေအနေကတော့ ကိုယ်စားလှယ် ဝူ ပြောသလိုပင်။ ဘာမှတော့ မလှုပ်ရှားရသေးပေမယ့် 'လင်း' ဝိုင်ရဲ့ ကျော်ကြားမှုနဲ့တော့ အဆင်ပြေနေတာပဲ။ အဲ့တော့ ရေသေတော့ မဟုတ်သေးဘူးပေါ့။
စုလုရီ နားလည်လိုက်သည်။ ပြီးတော့ သည်အတွက် သူ စိတ်သိပ်မပူပါ။ အလည်သွားရင်းနဲ့တောင် စုချီရဲ့လှုပ်ရှားမှုကို လေ့လာဖို့ စိတ်ရှိနိုင်ခဲ့သေးတာပဲ။
(စုလုရီ) : "အစ်ကိုကြီး ဘယ်မှာလဲ။ ကြည့်ရအောင်"
(စုချီ) : "ဘာလုပ်မလို့လဲ"
(စုလုရီ) : "အစ်ကိုကြီး အဆင်ပြေရဲ့လား။ စိတ်ပူလို့လေ"
(စုချီ) : "မပူပါနဲ့၊ သည့်ထက် ဆိုးတာတောင် ကြုံပြီးပြီ"
"... ..." စုလုရီ ထပ်ပြီး စောင်းပြောသလို ခံစားလိုက်ရသည်။
ဒါပေမယ့်လည်း စုချီက သူ့ကို ပုံတွေ ပို့လာ၏။ ကြည့်ရတာ ရှုပ်ထွေးနေတာပဲ၊ ဖွံ့ဖြိုးဆဲနေရာတွေထင်သည်။
စုလုရီက သူတို့နှစ်ယောက် ရှစ် ဝင်ရိုးစွန်းလောက် ဝေးတာ သိပြီး စိတ်အေးသွားရသည်။
နေ့လည် လေးနာရီ၊ ငါးနာရီလောက် အရောက်မှာတော့ သူတို့ဆိုင်တွေကို လည်ပတ်တာ ပြီးစီးသွားခဲ့သည်။
ဘန်းယမ်းကို လာရတဲ့ သူတို့ စီးပွားရေးကိစ္စကပြီးစီးခါနီးပြီး ကျန်တဲ့ရက်တွေကတော့ နားရုံပင်။
ညစာကိုတော့ ရှေးဟောင်းလမ်းက စီးပွားရေးစင်တာမှာပဲ စားခဲ့ကြ၏။
စုလုရီက သူ အသုံးမကျတဲ့သူ မဟုတ်မှန် သက်သေပြရန် မိသားစုတွေဆီသို့ ဓာတ်ပုံပို့လိုက်သည်။
စွင်းဟဲ့ယွီက သူ့ကို သတိပေးလိုက၏။ "ထူးခြားတဲ့ဟာတွေ မပါသွားစေနဲ့နော်။ တော်ကြာ မင်း ဘန်းယမ်းမှာဆိုတာ သိသွားကြလိမ့်မယ်"
စုလုရီ သတိကပ်လိုက်သည်။ "မေးလာရင် အတု လုပ်ထားတာလို့ ပြောလိုက်မယ်"
စွင်းဟဲ့ယွီ "... ..."
ကျိုးချင်းချန်က သူ့ တူကို ပန်းကန်ပေါ်သို့ ခေါက်လိုက်ပြီး "မင်း အစ်ကိုကြီး မနေ့က ဟော့ပေါ့ဆိုင်ကို
မှတ်မိတယ် မဟုတ်ဘူးလား"
"မမှတ်မိလောက်ပါဘူး။ မှတ်မိရင် မနေ့ကတည်းကမေးမှာပေါ့" စုလုရီ သူ့ တူကို ချကာ လက်ပိုက်လိုက်ရင်း ...
"အစ်ကိုကြီးက ငတုံးကောင်ဆို သိပ်ကောင်းမှာပဲ"
စွင်းဟဲ့ယွီနဲ့ ကျိုးချင်းချန်ကတော့ သည်ကောင်လေး အလကား ကြောက်နေတာလို့ပဲ ထင်သည်။
ဘန်းယမ်းရဲ့ ညတွေက ပျော်စရာကောင်းတယ်လို့နာမည်ကြီး၏။ သူတို့သုံးယောက် စီးပွားရေးရော၊
ညစာစားခြင်းအမှုရော ပြီးစီးသွားတာကြောင့် မပြန်ခင် စီးပွားရေးဒေသမှာ နည်းနည်းလောက် အပျော်လေးတွေ ဖန်တီးဖို့ စီစဥ်ခဲ့ကြသည်။
ကျိုးချင်းချန်က ဘားကို သွားကြဖို့ အဆိုပြုပေမယ့် စုလုရီကတော့ ဟိုတစ်ခေါက် ဝိုင်သောက်ပြီးကတည်းက ကြောက်သွားသည်လေ။ သူ ပြင်းထန်စွာ ကန့်ကွက်သည်။ "အစ်ကိုကြီး သိရင် ငါ သေပြီပဲ"
"သူ ဘယ်လိုမှ ဘားကို မသွားပါဘူးကွာ။ သူ မသိအောင်သာ တိတ်တိတ်လေး ခိုးပြန်ရင် သိစရာ အကြောင်းကို မရှိဘူး"
စုလုရီ ခေါင်းထဲက သတိပေးခေါင်းလောင်းတွေရပ်တန့်သွားခဲ့သည်။ "ကျက်သရေ မရှိတာတွေ မပြောစမ်းနဲ့။ တစ်နည်းမဟုတ် တစ်နည်းနဲ့ သိသွားမှာ ကြောက်ပါတယ်ဆိုနေ"
"ဘယ်နည်းလဲ"
"ဆိုရှယ် မီဒီယာတွေကနေလေ"
"... ..." ကျိုးချင်းချန် တကယ်ကို အဲ့နေ့က သူအိမ်ပြန်သွားပြီး ဘာတွေဖြစ်ခဲ့လည်း သိချင်လာပြီ။
စွင်းဟဲ့ယွီက သူ့ ဖုန်းကို ကြည့်လိုက်ပြီး "ဟိုဘက်လမ်းမှာ အမိုးပွင့် ဖျော်ဖြေပွဲရှိတယ်။ သွားနားထောင်ကြမလား"
အဲ့တာက ပိုလုံခြုံတယ်။ အဲ့တာကြောင့် စုလုရီ သူ့လက်ကို ချက်ချင်းပဲ စိတ်လိုလက်ရ ထောင်လိုက်၏။ ကျိုးချင်းချန်က သူ့ရဲ့ထောင်မတ်နေတဲ့လက်ချောင်းထိပ်တွေကို ကြည့်ကာ "အေးရိုးဘစ်တော်တော် တော်ပုံပဲ"
စုလုရီ "ကျေးဇူး ကျေးဇူး"
စုချီရဲ့ အလုပ်ခရီးက ဘန်းယမ်းရဲ့ဆင်ခြေဖုံးရပ်ကွက်တွေက လုပ်ငန်းစဥ်တွေကို စစ်ဆေးဖို့ဖြစ်၏။
ညစာ စားပြီးတာနဲ့ သူ ဟိုတယ်ကို ပြန်ခဲ့သည်။ ရှစ်နာရီတောင် ထိုးတော့မည်။ မည်းနက်နေတဲ့ ညရဲ့ကောင်းကင်အောက်မှာ ယာဥ်ကြောပိတ်နေတာကြောင့် ဖြေးဖြေးချင်း လိမ့်နေရပြီးနောက် မီးနီနီတွေကလည်း ရှုတ်ရှက်ခတ်နေတဲ့ စီးပွားရေးလမ်းမမှာ ထွန်းလင်းနေ၏။
အတွင်းရေးမှူး ရှောင်ချင်းက ကားမောင်းနေပြီး "မစ္စတာစု၊ ကားပေါ်မှာ အချိန်မဖြုန်းချင်ရင်
လမ်းဆင်းလျှောက်ပြီး အဆောက်ဦးဆီ ပြန်လို့ ရပါတယ် ခင်ဗျ"
"တော်ပြီ၊ အရမ်းဆူညံတယ်"
စုချီက အပြင်က လူအုပ်ကြီးကို ပြတင်းကနေတစ်ဆင့် ကြည့်လိုက်သည်။
အဲ့မှာ လူတွေက အရမ်းကို ဆူညံပျော်ရွှင်နေပြီး စတိတ် စင်ပေါ်မှာတော့ သိပ်နာမည်မရှိတဲ့ အဆိုတော်တစ််ယောက်က သီဆိုကခုန်နေ၏။
ကောင်းကင် မှောင်မှောင်မည်းမည်းထဲမှာမှ လူအုပ်ကြီးကို ဖြတ်ကာ ထင်ရှားမှုတစ်ခုက အလင်းနဲ့မှောင် တစ်လှည့်ဆီ ဖြစ်နေသည်။ နက်မှောင်တဲ့ ဆံပင်ထောင်ထောင်လေးက လေအဝှေ့မှာ အလင်းရောင်ထဲ အလင်းပြန်နေသည် ...
ဟင် ...
စုချီ မတ်မတ် ထိုင်လိုက်သည်။ နက်မှောင်တဲ့ ဆံပင်ထောင်ထောင်လေးက လေအဝှေ့မှာ အလင်းရောင်ထဲ အလင်းပြန်နေတယ်တဲ့လား ...
စုချီ မျက်ဝန်းတွေ ကျဥ်းမြောင်းလိုက်ပြီး သူရုတ်တရက် ပြောလိုက်၏။ "ရပ်၊ ငါ ဒီမှာဆင်းမယ်"
..........................
စတိတ်ပေါ်က အသံတွေက အဆောက်ဦးတစ်ခုလုံးကို ပျံ့လွင့်နေပြီး မီးလင်းရောင်တွေကတော့
လူအုပ်ကြီး၏ ခေါင်းတွေပေါ်ကို ဖျာကျနေသည်။
စုလုရီက လူအုပ်ကြီးကို သုံးဘက်မြင် ပင်ဘောလုံးလို ဖြတ်သန်းလိုက်၏။ သူ့ ဖုန်းတုန်ခါလာတာမို့ ထုတ်ကာ စာအချို့ ရိုက်လိုက်သည်။
စွင်းဟဲ့ယွီက သူ့ အနားသွားကာ မေးလိုက်၏။ "ဘာလုပ်နေတာလဲ"
စုလုရီက မော့တောင်မကြည့်ပဲ "အစ်ကိုကြီးက ငါကိုယ့်ကိုကိုယ် ဂရုစိုက်ရဲ့လား မေးနေတာ"
"ဘာပြန်ပြောလိုက်လည်း"
"ငါတို့ တောင်လှလှလေးတွေနဲ့ ရေကြည်ကြည်လေးတွေ ကြားမှာ အားပြန်ဖြည့်နေတယ်လို့ ပြောလိုက်တယ်"
စွင်းဟဲ့ယွီက ပတ်ပတ်လည် လိုက်ကြည့်လိုက်၏။ အဆောက်ဦးက မီးရောင်ပျပျ ကြားမှာ လူတွေနဲ့
ရှုပ်ပွဆူညံနေသည်။ "ဘယ်မှာတုန်း မင်းရဲ့ တောင်နဲ့ရေက"
စုလုရီက သူ့ လက်သေးသေးလေးနဲ့ စက်ဝိုင်းပုံ ဝိုင်းပြပြီး "လူတောင်ကြီးနဲ့ လူပင်လယ်ကြီးကို ပြောတာ"
စွင်းဟဲ့ယွီ ချီးကျူးလိုက်၏။ "ဗရမ်းဗတာ ပြောတဲ့နေရာမှာ ဆရာကြီး"
စုလုရီက သူ့ပါးစပ်ကို အသာလေး ပိတ်လိုက်သည်။
စတိတ်စင်ပေါ်မှာ နာမည်ရ သီချင်းတစ်ပုဒ်ဆိုကာ ကခုန်နေကြသည်။ ပရီတ်သတ်တွေက များသောအားဖြင့် လူငယ်တွေဖြစ်တာကြောင့် အကုန်လှုပ်ရမ်းကာ လိုက်ဆိုနေကြ၏။
ဖျောဖြေရေးကို အကြီးကြီးလို့ တစ်ဖတ်သတ်သတ်မှတ်ကာ စုလုရီ လူအုပ်ကြားမှာ ခဏလောက်ပျော်ရွှင်စွာ ကခုန်နေလိုက်သည်။ ဆောင်းရာသီရဲ့အေးစက်မှုတွင် လွင့်ပါးသွားကာ နွေးလာပြီး နဖူးမှာ
ချွေးအနည်းငယ်စို့လာသည်။
စွင်းဟဲ့ယွီကတော့ မခံနိုင်တော့ပါ။ ရှိသမျှအားတွေကုန်သွားသလိုပဲ။ "တစ်နေရာ သွားကြမလား"
စုလုရီလည်း "အေး" လို့ပြောပြီး သူ့ ဖုန်းကို ထုတ်ကာ "ဓာတ်ပုံ အရင်ရိုက်လိုက်ဦးမယ်။ ပြီးရင် သွားမယ်"
ချက်...ချက်...ချက်။ သူ ဖုန်းကို ပျော်ရွှင်စွာ မြှောက်နေတုန်း WECHAT က ပေါ်လာသည်။ စုချီဆီကပဲ။
သူ့ အစ်ကိုကြီး သူ့ကို ခဏခဏ ဆက်သွယ်တာ ဒါပထမဆုံးပဲ။ သူ့ကို လွမ်းနေတာများလား။
(စုချီ) : "ဘာလုပ်နေတာလဲ"
(စုလုရီ) : "လေ့ကျင့်ခန်း လုပ်နေတာ"
(စုချီ) : "ဘာလေ့ကျင့်ခန်းလဲ"
စုလုရီက သူ့လက်တွေကို မြှောက်ကာ ခုန်ပြီး ဓာတ်ပုံ ထပ်ရိုက်လိုက်သည်။ သူပြန်ကျတော့ ဘယ်ညာ နှစ်ဖက်က လူအုပ်ကြီး တိုးတာ ခံလိုက်ရသည်။
(စုလုရီ) : "အကြောလျှော့၊ ခုန်၊ ဘယ်ညာလှုပ်"
(စုချီ) : "ဟုတ်လား။ အားရစရာပဲ"
စုလုရီက သူ့ အစ်ကိုကြီး ထူးဆန်းနေတာ ခံစားမိပေမယ့် ဘာက ထူးဆန်းနေမှန်းတော့ မသိ။
စွင်းဟဲ့ယွီက သူ့ကို လောနေပြီ။ "အိုကေ၊ သွားစို့။ ဒီက သခင်လေး ဦးနှောက်တွေ တစ်စစီ ခါနေပြီ"
စုလုရီ ခေါင်းထဲမှာ ရုတ်တရက်ပုံ ပေါ်သွားတာမို့ သူဖုန်းကို မြန်မြန်သိမ်းလိုက်၏။ ခေါင်းကို ဟိုဟိုဒီဒီ လှည့်ကြည့်နေတုန်း မျက်လုံးထောင့်ကနေ ပုံရိပ်တစ်ခု တွေ့လိုက်ရသည်။
သူ မျက်လုံးတွေပင့်ကာ ကြည့်လိုက်၏။
လူအုပ်ကြီးရဲ့ မီတာ အနည်းငယ် အကွာဝေးမှာ ရှည်လျား ဖြောင့်မတ်တဲ့ လူတစ်ယောက်က ကရိန်းကြီးလို ရပ်နေသည်။ မှောင်နေတာတောင် သူ့ရဲ့ချောမောတဲ့ မျက်နှာကို ဖုံးအုပ်မထားနိုင်ဘူး။
သူ့ မျက်နှာပေါ်ကို စလိုက်မီးတစ်ချက် ခဏလေးကျသွားပေမယ့် ဝင်းဝင်းတောက် မျက်ဝန်းတွေကိုတော့ မြင်လိုက်ရသည်။
စုလုရီ အသက်ရှူရပ်တော့ မလိုပင်။ သောက်ချီး ... အစ်ကိုကြီးဟ ... ...
အစ်ကိုကြီးက သည်လို အခြေအနေကို ဘယ်လိုလုပ် ရောက်လာရတာတုန်း။
စုလုရီက စုချီကို မြင်မြင်ချင်း ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ သူ့ နောက်ကနေ ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီတို့ အသံကို ကြားနေရ၏။ "စုလုရီ၊ ဘယ်သွားတာလဲ"
အဲ့အချိန်မှာပဲ မီတာ အနည်းငယ် ဝေးတဲ့နေရာမှာ ရှိတဲ့ စုချီလည်း လူအုပ်ကြီးကို ဖြတ်ကာ သူတို့ဆီကို
လာနေသည်။ စုလုရီ သည်အချိန်မှာ စွင်းဟဲ့ယွီရော၊ ကျိုးချင်းချန်ရော ဂရုမစိုက်နိုင်တော့ဘူး။
သူ လူတွေကို တွန်းတိုက်ကာ စင်နောက်ကို ပြေးရတော့သည်။
သီချင်းကလည်း သည်အချိန်မှ ကောင်းခန်းရောက်ကာ အဆိုတော်ကလည်း အမြင့်သံ အော်နေပြီး အောက်က ပရိတ်သတ်ကလည်း ခုန်ကာ လိုက်ဆိုနေ၏။
သေစမ်း၊ သူ့ကို ဘယ်သူ ညှစ်လိုက်လည်းတော့ မသိဘူး။ သူ့ ပုခုံးကနေ အားကြီးနဲ့ ညှစ်တာ ခံလိုက်ရပြီး သူ ချော်လဲမလို ဖြစ်သွားခဲ့သည်။ သူ အနောက်ကိုမှီကာ လဲကျတော့မလို ဖြစ်နေတုန်း ...
"စုလုရီ" လူသံတွေနဲ့ စွင်းဟဲ့ယီ၊ ကျိုးချင်းချန်တို့ရဲ့ အလန့်တကြား အော်သံတွေက ရောယှက်သွားခဲ့၏။
သန်မာတဲ့ လက်မောင်းတစ်စုံက သူ့ ခါးကနေ လှမ်းဖမ်းလိုက်သည်။ စုလုရီရဲ့နောက်ကျောက နွေးထွေးတဲ့ ရင်ဘတ်ပေါ် ဖိမိသွားပြီး သူ့နားထဲကို ပြင်းထန်ကာ မောရှိုက်သံနှင့်အတူ ကြောက်ဖို့ကောင်းစွာဖြင့် ...
"စုလုရီ၊ မင်း ဘာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ"
Zawgyi
CHAPTER 23
- သူခိုးလူမိ -
သုံးေယာက္သား ဒုံးပ်ံေတြလို ဓာတ္ေလွကားထဲ ဝင္ေျပးခဲ့ၾကသည္။ တင္၊ ဓာတ္ေလွကားတံခါးက ျဖည္းျဖည္းခ်င္း ပိတ္ကာ အေပၚျပန္တတ္သြားခဲ့၏။
သူ႕ေဘးက ႏွစ္ေယာက္ကေတာ့ ျပန္ေပးဆြဲခံလာရတာေၾကာင့္ ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္။ "ဘာလုပ္တာလဲ ဟ"
"ငါ က်ိဳးခ်င္းခ်န္ ေျပာတဲ့ ဆရာႀကီးကို ေတြ႕လိုက္တယ္"
က်ိဳးခ်င္းခ်န္ "ေဝါင္း...ငါ သြားၾကည့္လိုက္ဦးမယ္"
စုလုရီ လန႔္သြားကာ "သြားၾကည့္မေနနဲ႕၊ အဲ့တာ ငါ့အစ္ကိုႀကီး"
"... ..." ႏွစ္ေယာက္က စကၠန႔္ပိုင္းေလာက္ ေအးခဲသြားၿပီး "ဘာ"
အခန္းထဲတြင္...
သူတို႔ သုံးေယာက္ ႀတိဂံပုံ စားပြဲခုံမွာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾက၏။ စုလုရီက ေမွာင္မည္းေနတဲ့ မ်က္ႏွာနဲ႕ "အစည္းအေဝးပြဲ ပထမအခ်ီ စတင္ပါၿပီ"
က်ိဳးခ်င္းခ်န္ သည္းသြားၿပီး "ငါေတာ့ မျမင္ရတဲ့သံလိုက္စက္ကြင္းေတြ ဖြင့္ၿပီး စိတ္နဲ႕ မင္း အစ္ကိုႀကီးကို ျပန္ပို႔လိုက္တာပဲ ပိုေကာင္းမယ္ ထင္တယ္"
စုလုရီ : မင္း နားမလည္ပါဘူးကြာ။ သူက ဘာမထီကြ။ "ငါ့ အစ္ကိုႀကီးက လူေရာ စိတ္ေရာ ႀကံ့ခိုင္ၿပီး အဆိပ္ပါ ၿပီးတယ္"
စြင္းဟဲ့ယြီနဲ႕ က်ိဳးခ်င္းခ်န္တို႔ ႏွစ္ေယာက္ ခ်ီးက်ဴးလိုက္ၾကသည္။ "စုခ်ီကေတာ့ စုခ်ီပါပဲ"
စြင္းဟဲ့ယြီက သူ႕ကို ေျဖာင္းဖ်လာသည္။ "တကယ္ေတာ့ မင္း ဘာမွ ေၾကာက္ေနစရာ မလိုပါဘူး။ သူနဲ႕ေတြ႕ရင္ အလည္လာတယ္လို႔ ေျပာလိုက္ေပါ့"
စုလုရီက ဝမ္းနည္းစြာ ၿပဳံးလိုက္ၿပီး "အစ္ကိုႀကီးက သူ ဘန္းယမ္းၿမိဳ႕ကို သြားမွာေျပာတုန္းက ငါ့ပုံစံက
ေအးေဆးႀကီး၊ သူ မ်က္လုံးတစ္ခ်က္ ခပ္ခါရွိေသး။ ငါက သူ႕အေရွ႕ေရာက္ေနၿပီဆို ဘာျဖစ္သြားမလဲ"
စြင္းဟဲ့ယြီ နားလည္လိုက္ပါသည္။ "မင္းက ကိုယ့္ေသတြင္းကိုယ္ တူးတဲ့ေနရာမွာ သိပ္ေတာ္တာပဲ"
စုလုရီ ငိုခ်င္လာၿပီ။
သူတို႔သုံးေယာက္မွာ အခန္းျပင္ေလး ထြက္ရဖို႔အေရး ခါးပိုက္ႏွိုက္ေတြလို ခိုးေၾကာင္ခိုးဝွက္လုပ္ေနရသည္။
စုလုရီကေတာ့ သတိထားရလြန္းလို႔ ထိုႏွစ္ေယာက္ကို မီးသတ္ေပါက္ကေန ဆြဲခ်မိေတာ့မလို႔။
မီးပ်ပ်လင္းေနေသာ ေကာ္ရစ္တာမွာ သုံးေယာက္တာနံရံကပ္ကာစမ္းတဝါးဝါးနဲ႕ ေလွ်ာက္ေနၾက၏။
အစိမ္းေရာင္ လုံၿခဳံေရး အခ်က္ျပမီးက စြင္းဟဲ့ယြီမ်က္လုံးမွာ လာဟပ္ေန၏။ ၿပီးေတာ့ သူ တိုးတိုးေလးေျပာလိုက္သည္။
"က်ိဳးခ်င္းခ်န္၊ မင္းက ဘာကိစၥ အခန္းကို ဆယ့္ရွစ္ထပ္ေျမာက္မွာ တက္ငွားတာတုန္း"
က်ိဳးခ်င္းခ်န္က နံရံကေန တစ္႐ြတ္တိုက္ ေလွ်ာခ်ကာ "ေျပာင္းခ်င္လည္း ေျပာင္းေလ"
"မသိရင္ ေျမၿမိဳေနသလိုပဲ"
"... ..."
သူတို႔သုံးေယာက္ စုခ်ီနဲ႕ မေတြ႕ေအာင္ ေရွာင္ကြင္းထြက္လာနိုင္ၿပီး ေရွးေဟာင္းလက္ရာ လမ္းထဲဝင္ေျပးကာ အသက္ဝဝရႉလိုက္၏။ စုလုရီက အျပစ္မကင္းသလို ခံစားရတာေၾကာင့္ သူတို႔ႏွစ္ေယာက္ကို
ပိန္းဥဖက္ထုပ္ ႏြားနို႔စြတ္ျပဳတ္ ဝယ္တိုက္လိုက္ၿပီး သူတို႔ စားရင္း လမ္းေလွ်ာက္ခဲ့ၾကသည္။
ပိန္းဥဖက္ထုတ္ စားၿပီး ေနာက္မွာေတာ့ သူတို႔သုံးေယာက္လုံး လန္းဆန္းသြားခဲ့ၾက၏။
စြင္းဟဲ့ယြီက ပန္းကန္ကို လႊင့္ပစ္ကာ လက္သုတ္လိုက္သည္။ ခုနက သူ႕စတိုင္လည္း မရွိေတာ့ပါ။
"ကိုယ္စားလွယ္ေတြ သြားေတြ႕ဖို႔ တကၠစီ စီးသြားရေအာင္"
သူတို႔ လက္ဖက္ရည္ဆိုင္မွာပဲ ခ်ိန္းဆိုလိုက္ၾကသည္။ ဘန္းယမ္းၿမိဳ႕မွာ လက္ဖက္ရည္ဆိုင္ေတြက ၿမိဳ႕အႏွံ႕မွာ ျပန႔္က်ဲေန၏။ ဒီကလူ အေတာ္မ်ားမ်ားက သူငယ္ခ်င္းေတြ၊ အမ်ိဳးေတြနဲ႕ ထိုင္တာပဲ ျဖစ္ျဖစ္၊ စီးပြားေရးအတြက္ ေဆြးေႏြးတာပဲ ျဖစ္ျဖစ္၊ သည္လက္ဖက္ရည္ဆိုင္ေတြမွာပဲ ထိုင္ၾကသည္။
ဘန္းယမ္းၿမိဳ႕ 'ခြန္' ဝိုင္ရဲ႕အႀကီးဆုံး ကိုယ္စားလွယ္ဆို "ဝူ" ပဲ။ သူက အသက္ေလးဆယ္ရွိၿပီး အနည္းငယ္ ေတာင့္တင္းသည္။ သူတို႔ အုပ္စုကသီးသန႔္ခန္း ယူကာ သစ္ႀကံပိုးေခါက္ လက္ဖက္ရည္အိုးကို မွာ၍ တစ္ေယာက္ခ်င္းဆီအနည္းငယ္ ငွဲ႕ေသာက္ၾက၏။
က်ိဳးခ်င္းခ်န္ကေတာ့ သည္အေၾကာင္းေတြ ဘာမွ မသိတာေၾကာင့္ ေရာက္တာနဲ႕ ထိုင္ခုံေနာက္မွီမွာ သူ႕စတိုင္အတိုင္း ထိုင္ေနၿပီး စြင္းဟဲ့ယြီနဲ႕ စုလုရီကေတာ့ အေသးစိတ္ ေဆြးေႏြးဖို႔လုပ္ရသည္။
ကိုယ္စားလွယ္ ဝူ : " 'ခြန္' ဝိုင္ရဲ႕ပထမဆုံးအသုတ္က ပုလင္း ၆၈၀ ေလာက္ ေရာင္းရတယ္။ လက္ရွိမွာေတာ့ နာမည္ႀကီးမလာဘူး။ တျခားတံဆိပ္ေတြေလာက္ေတာင္ လူသိ မမ်ားဘူးေပါ့"
က်ိဳးခ်င္းခ်န္က ဖုန္းကစားေနကာ စြင္းဟဲ့ယီက ေမးတညိတ္ညိတ္ လုပ္ေနၿပီး စုလုရီကေတာ့ေရေႏြးၾကမ္း ငုံေနလိုက္၏။
ကိုယ္စားလွယ္၊ဝူက စိတ္ပ်က္ေနပုံ "ကြၽန္ေတာ္တို႔ေၾကာ္ျငာၿပီး ျပန္လည္ျပင္ဆင္တာေတြလည္း လုပ္ေပမယ့္ ေရာင္းမေကာင္းဘူး။ ကြၽန္ေတာ္က ေစ်းေလွ်ာ့ဖို႔ ေျပာေတာ့ ခဏ ေလွ်ာ့ေပမယ့္ ေစ်းကြက္ပြင့္တာနဲ႕ တန္းတင္တာပဲ"
စုလုရီက စြင္းဟဲ့ယြီဆီကို ေမးခြန္းပါတဲ့ မ်က္ဝန္းေတြနဲ႕ ၾကည့္လိုက္ၿပီး "မင္း ဘယ္လိုထင္လဲ"
စုလုရီက သူ႕လက္ဖက္ရည္ခြက္ကို ခ်ကာ "ေစ်းေလွ်ာ့စရာ မလိုပါဘူး" သူက ကိုယ္စားလွယ္ ဝူကိုေမးလိုက္၏။
"ဆိုင္ေတြမွာ တစ္ေန႕ေရာင္းအား ဘယ္ေလာက္လဲ"
"ဆယ္ပုလင္း ေအာက္"
စုလုရီက သူ နားလည္ၿပီဆိုသည့္ သေဘာႏွင့္ ေခါင္းညိတ္ျပလိုက္သည္။ "အဲ့တာဆို တစ္ေန႕ကို
ဘူးႏွစ္ဆယ္ပဲ တင္သြင္းေပါ့။ ထပ္ မေရာင္းရေတာ့ဘူး"
ကိုယ္စားလွယ္ ဝူကေတာ့ သေဘာမေပါက္တဲ့ပုံျဖင့္ "... ဘာႀကီးလဲ"
သူတို႔ေတြ လက္ဖက္ရည္ဆိုင္ကေန ထြက္လာခဲ့ၾကၿပီး ကိုယ္စားလွယ္ ဝူ ထြက္ခြာသြားတာကို စုလုရီၾကည့္ေနလိုက္၏။
က်ိဳးခ်င္းခ်န္က ထိုလူထြက္သြားေတာ့ "သူက မင္းကို ဘယ္လို ေစာက္႐ူးသူေဌးပါလိမ့္ဆိုတဲ့ အၾကည့္နဲ႕ ၾကည့္သြားတာ"
စုလုရီက သေဘာတူဟန္ ေခါင္းညိတ္လိုက္ၿပီး "ဒါေပမယ့္လည္း သူ ငါေျပာတဲ့အတိုင္းပဲ လုပ္လိမ့္မယ္"
က်ိဳးခ်င္းခ်န္က သက္ျပင္းခ်ၿပီး "ငါလည္း မင္းတို႔ဟာေတြ နားမလည္တာနဲ႕ ဝင္မရႈပ္ခ်င္လို႔ ဂိမ္းပဲ
ကစားေနလိုက္တာ"
စြင္းဟဲ့ယြီကေတာ့ က်ိဳးခ်င္းခ်န္ထက္စာရင္အနည္းငယ္ နားလည္သည္ေလ။
"မပူပါနဲ႕။ မင္း ေငြမဆုံးပါဘူး"
က်ိဳးခ်င္းခ်န္က သူ႕ကို ဘာလို႔လဲ ေမးခဲ့၏။ ဒါေပမယ့္ စြင္းဟဲ့ယြီကေတာ့ တဝက္တပ်က္ နားလည္ေနတဲ့ပုံ၊ သူပဲ ဇေဝဇဝါ႐ုပ္နဲ႕။
စုလုရီလည္း မရွင္းျပပါ။ သူက ရႈေထာင့္အမွားနဲ႕ဝယ္လိုအား ဆာေလာင္မႈ ေစ်းကြက္ကို အသုံးျပဳခ်င္တာ။
ဒါေပမယ့္ ျပႆနာရွင္းဖို႔ဆို သူတို႔...
သူ က်ိဳးခ်င္းခ်န္ကို ခ်စ္ျမတ္နိုးစြာ လွမ္းၾကည့္လိုက္သည္။
က်ိဳးခ်င္းခ်န္ကေတာ့ သူ႕ အၾကည့္ေတြေၾကာင့္ အေမႊးႏႈတ္ခံရေတာ့မလို လန႔္သြားခဲ့၏။
ေန႕လည္မွာေတာ့ သူတို႔သုံးေယာက္ ဘန္းယမ္းၿမိဳ႕က 'ခြန္' ဝိုင္ေရာင္းတဲ့ ဆိုင္ေတြကို လွည့္ပတ္ၾကည့္ခဲ့ၾကသည္။
အေျခအေနကေတာ့ ကိုယ္စားလွယ္ ဝူ ေျပာသလိုပင္။ ဘာမွေတာ့ မလႈပ္ရွားရေသးေပမယ့္ 'လင္း' ဝိုင္ရဲ႕ ေက်ာ္ၾကားမႈနဲ႕ေတာ့ အဆင္ေျပေနတာပဲ။ အဲ့ေတာ့ ေရေသေတာ့ မဟုတ္ေသးဘူးေပါ့။
စုလုရီ နားလည္လိုက္သည္။ ၿပီးေတာ့ သည္အတြက္ သူ စိတ္သိပ္မပူပါ။ အလည္သြားရင္းနဲ႕ေတာင္ စုခ်ီရဲ႕လႈပ္ရွားမႈကို ေလ့လာဖို႔ စိတ္ရွိနိုင္ခဲ့ေသးတာပဲ။
(စုလုရီ) : "အစ္ကိုႀကီး ဘယ္မွာလဲ။ ၾကည့္ရေအာင္"
(စုခ်ီ) : "ဘာလုပ္မလို႔လဲ"
(စုလုရီ) : "အစ္ကိုႀကီး အဆင္ေျပရဲ႕လား။ စိတ္ပူလို႔ေလ"
(စုခ်ီ) : "မပူပါနဲ႕၊ သည့္ထက္ ဆိုးတာေတာင္ ႀကဳံၿပီးၿပီ"
"... ..." စုလုရီ ထပ္ၿပီး ေစာင္းေျပာသလို ခံစားလိုက္ရသည္။
ဒါေပမယ့္လည္း စုခ်ီက သူ႕ကို ပုံေတြ ပို႔လာ၏။ ၾကည့္ရတာ ရႈပ္ေထြးေနတာပဲ၊ ဖြံ႕ၿဖိဳးဆဲေနရာေတြထင္သည္။
စုလုရီက သူတို႔ႏွစ္ေယာက္ ရွစ္ ဝင္ရိုးစြန္းေလာက္ ေဝးတာ သိၿပီး စိတ္ေအးသြားရသည္။
ေန႕လည္ ေလးနာရီ၊ ငါးနာရီေလာက္ အေရာက္မွာေတာ့ သူတို႔ဆိုင္ေတြကို လည္ပတ္တာ ၿပီးစီးသြားခဲ့သည္။
ဘန္းယမ္းကို လာရတဲ့ သူတို႔ စီးပြားေရးကိစၥကၿပီးစီးခါနီးၿပီး က်န္တဲ့ရက္ေတြကေတာ့ နား႐ုံပင္။
ညစာကိုေတာ့ ေရွးေဟာင္းလမ္းက စီးပြားေရးစင္တာမွာပဲ စားခဲ့ၾက၏။
စုလုရီက သူ အသုံးမက်တဲ့သူ မဟုတ္မွန္ သက္ေသျပရန္ မိသားစုေတြဆီသို႔ ဓာတ္ပုံပို႔လိုက္သည္။
စြင္းဟဲ့ယြီက သူ႕ကို သတိေပးလိုက၏။ "ထူးျခားတဲ့ဟာေတြ မပါသြားေစနဲ႕ေနာ္။ ေတာ္ၾကာ မင္း ဘန္းယမ္းမွာဆိုတာ သိသြားၾကလိမ့္မယ္"
စုလုရီ သတိကပ္လိုက္သည္။ "ေမးလာရင္ အတု လုပ္ထားတာလို႔ ေျပာလိုက္မယ္"
စြင္းဟဲ့ယြီ "... ..."
က်ိဳးခ်င္းခ်န္က သူ႕ တူကို ပန္းကန္ေပၚသို႔ ေခါက္လိုက္ၿပီး "မင္း အစ္ကိုႀကီး မေန႕က ေဟာ့ေပါ့ဆိုင္ကို
မွတ္မိတယ္ မဟုတ္ဘူးလား"
"မမွတ္မိေလာက္ပါဘူး။ မွတ္မိရင္ မေန႕ကတည္းကေမးမွာေပါ့" စုလုရီ သူ႕ တူကို ခ်ကာ လက္ပိုက္လိုက္ရင္း ...
"အစ္ကိုႀကီးက ငတုံးေကာင္ဆို သိပ္ေကာင္းမွာပဲ"
စြင္းဟဲ့ယြီနဲ႕ က်ိဳးခ်င္းခ်န္ကေတာ့ သည္ေကာင္ေလး အလကား ေၾကာက္ေနတာလို႔ပဲ ထင္သည္။
ဘန္းယမ္းရဲ႕ ညေတြက ေပ်ာ္စရာေကာင္းတယ္လို႔နာမည္ႀကီး၏။ သူတို႔သုံးေယာက္ စီးပြားေရးေရာ၊
ညစာစားျခင္းအမႈေရာ ၿပီးစီးသြားတာေၾကာင့္ မျပန္ခင္ စီးပြားေရးေဒသမွာ နည္းနည္းေလာက္ အေပ်ာ္ေလးေတြ ဖန္တီးဖို႔ စီစဥ္ခဲ့ၾကသည္။
က်ိဳးခ်င္းခ်န္က ဘားကို သြားၾကဖို႔ အဆိုျပဳေပမယ့္ စုလုရီကေတာ့ ဟိုတစ္ေခါက္ ဝိုင္ေသာက္ၿပီးကတည္းက ေၾကာက္သြားသည္ေလ။ သူ ျပင္းထန္စြာ ကန႔္ကြက္သည္။ "အစ္ကိုႀကီး သိရင္ ငါ ေသၿပီပဲ"
"သူ ဘယ္လိုမွ ဘားကို မသြားပါဘူးကြာ။ သူ မသိေအာင္သာ တိတ္တိတ္ေလး ခိုးျပန္ရင္ သိစရာ အေၾကာင္းကို မရွိဘူး"
စုလုရီ ေခါင္းထဲက သတိေပးေခါင္းေလာင္းေတြရပ္တန႔္သြားခဲ့သည္။ "က်က္သေရ မရွိတာေတြ မေျပာစမ္းနဲ႕။ တစ္နည္းမဟုတ္ တစ္နည္းနဲ႕ သိသြားမွာ ေၾကာက္ပါတယ္ဆိုေန"
"ဘယ္နည္းလဲ"
"ဆိုရွယ္ မီဒီယာေတြကေနေလ"
"... ..." က်ိဳးခ်င္းခ်န္ တကယ္ကို အဲ့ေန႕က သူအိမ္ျပန္သြားၿပီး ဘာေတြျဖစ္ခဲ့လည္း သိခ်င္လာၿပီ။
စြင္းဟဲ့ယြီက သူ႕ ဖုန္းကို ၾကည့္လိုက္ၿပီး "ဟိုဘက္လမ္းမွာ အမိုးပြင့္ ေဖ်ာ္ေျဖပြဲရွိတယ္။ သြားနားေထာင္ၾကမလား"
အဲ့တာက ပိုလုံၿခဳံတယ္။ အဲ့တာေၾကာင့္ စုလုရီ သူ႕လက္ကို ခ်က္ခ်င္းပဲ စိတ္လိုလက္ရ ေထာင္လိုက္၏။ က်ိဳးခ်င္းခ်န္က သူ႕ရဲ႕ေထာင္မတ္ေနတဲ့လက္ေခ်ာင္းထိပ္ေတြကို ၾကည့္ကာ "ေအးရိုးဘစ္ေတာ္ေတာ္ ေတာ္ပုံပဲ"
စုလုရီ "ေက်းဇူး ေက်းဇူး"
စုခ်ီရဲ႕ အလုပ္ခရီးက ဘန္းယမ္းရဲ႕ဆင္ေျခဖုံးရပ္ကြက္ေတြက လုပ္ငန္းစဥ္ေတြကို စစ္ေဆးဖို႔ျဖစ္၏။
ညစာ စားၿပီးတာနဲ႕ သူ ဟိုတယ္ကို ျပန္ခဲ့သည္။ ရွစ္နာရီေတာင္ ထိုးေတာ့မည္။ မည္းနက္ေနတဲ့ ညရဲ႕ေကာင္းကင္ေအာက္မွာ ယာဥ္ေၾကာပိတ္ေနတာေၾကာင့္ ေျဖးေျဖးခ်င္း လိမ့္ေနရၿပီးေနာက္ မီးနီနီေတြကလည္း ရႈတ္ရွက္ခတ္ေနတဲ့ စီးပြားေရးလမ္းမမွာ ထြန္းလင္းေန၏။
အတြင္းေရးမႉး ေရွာင္ခ်င္းက ကားေမာင္းေနၿပီး "မစၥတာစု၊ ကားေပၚမွာ အခ်ိန္မျဖဳန္းခ်င္ရင္
လမ္းဆင္းေလွ်ာက္ၿပီး အေဆာက္ဦးဆီ ျပန္လို႔ ရပါတယ္ ခင္ဗ်"
"ေတာ္ၿပီ၊ အရမ္းဆူညံတယ္"
စုခ်ီက အျပင္က လူအုပ္ႀကီးကို ျပတင္းကေနတစ္ဆင့္ ၾကည့္လိုက္သည္။
အဲ့မွာ လူေတြက အရမ္းကို ဆူညံေပ်ာ္႐ႊင္ေနၿပီး စတိတ္ စင္ေပၚမွာေတာ့ သိပ္နာမည္မရွိတဲ့ အဆိုေတာ္တစ္္ေယာက္က သီဆိုကခုန္ေန၏။
ေကာင္းကင္ ေမွာင္ေမွာင္မည္းမည္းထဲမွာမွ လူအုပ္ႀကီးကို ျဖတ္ကာ ထင္ရွားမႈတစ္ခုက အလင္းနဲ႕ေမွာင္ တစ္လွည့္ဆီ ျဖစ္ေနသည္။ နက္ေမွာင္တဲ့ ဆံပင္ေထာင္ေထာင္ေလးက ေလအေဝွ႕မွာ အလင္းေရာင္ထဲ အလင္းျပန္ေနသည္ ...
ဟင္ ...
စုခ်ီ မတ္မတ္ ထိုင္လိုက္သည္။ နက္ေမွာင္တဲ့ ဆံပင္ေထာင္ေထာင္ေလးက ေလအေဝွ႕မွာ အလင္းေရာင္ထဲ အလင္းျပန္ေနတယ္တဲ့လား ...
စုခ်ီ မ်က္ဝန္းေတြ က်ဥ္းေျမာင္းလိုက္ၿပီး သူ႐ုတ္တရက္ ေျပာလိုက္၏။ "ရပ္၊ ငါ ဒီမွာဆင္းမယ္"
..........................
စတိတ္ေပၚက အသံေတြက အေဆာက္ဦးတစ္ခုလုံးကို ပ်ံ့လြင့္ေနၿပီး မီးလင္းေရာင္ေတြကေတာ့
လူအုပ္ႀကီး၏ ေခါင္းေတြေပၚကို ဖ်ာက်ေနသည္။
စုလုရီက လူအုပ္ႀကီးကို သုံးဘက္ျမင္ ပင္ေဘာလုံးလို ျဖတ္သန္းလိုက္၏။ သူ႕ ဖုန္းတုန္ခါလာတာမို႔ ထုတ္ကာ စာအခ်ိဳ႕ ရိုက္လိုက္သည္။
စြင္းဟဲ့ယြီက သူ႕ အနားသြားကာ ေမးလိုက္၏။ "ဘာလုပ္ေနတာလဲ"
စုလုရီက ေမာ့ေတာင္မၾကည့္ပဲ "အစ္ကိုႀကီးက ငါကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ရဲ႕လား ေမးေနတာ"
"ဘာျပန္ေျပာလိုက္လည္း"
"ငါတို႔ ေတာင္လွလွေလးေတြနဲ႕ ေရၾကည္ၾကည္ေလးေတြ ၾကားမွာ အားျပန္ျဖည့္ေနတယ္လို႔ ေျပာလိုက္တယ္"
စြင္းဟဲ့ယြီက ပတ္ပတ္လည္ လိုက္ၾကည့္လိုက္၏။ အေဆာက္ဦးက မီးေရာင္ပ်ပ် ၾကားမွာ လူေတြနဲ႕
ရႈပ္ပြဆူညံေနသည္။ "ဘယ္မွာတုန္း မင္းရဲ႕ ေတာင္နဲ႕ေရက"
စုလုရီက သူ႕ လက္ေသးေသးေလးနဲ႕ စက္ဝိုင္းပုံ ဝိုင္းျပၿပီး "လူေတာင္ႀကီးနဲ႕ လူပင္လယ္ႀကီးကို ေျပာတာ"
စြင္းဟဲ့ယြီ ခ်ီးက်ဴးလိုက္၏။ "ဗရမ္းဗတာ ေျပာတဲ့ေနရာမွာ ဆရာႀကီး"
စုလုရီက သူ႕ပါးစပ္ကို အသာေလး ပိတ္လိုက္သည္။
စတိတ္စင္ေပၚမွာ နာမည္ရ သီခ်င္းတစ္ပုဒ္ဆိုကာ ကခုန္ေနၾကသည္။ ပရီတ္သတ္ေတြက မ်ားေသာအားျဖင့္ လူငယ္ေတြျဖစ္တာေၾကာင့္ အကုန္လႈပ္ရမ္းကာ လိုက္ဆိုေနၾက၏။
ေဖ်ာေျဖေရးကို အႀကီးႀကီးလို႔ တစ္ဖတ္သတ္သတ္မွတ္ကာ စုလုရီ လူအုပ္ၾကားမွာ ခဏေလာက္ေပ်ာ္႐ႊင္စြာ ကခုန္ေနလိုက္သည္။ ေဆာင္းရာသီရဲ႕ေအးစက္မႈတြင္ လြင့္ပါးသြားကာ ေႏြးလာၿပီး နဖူးမွာ
ေခြၽးအနည္းငယ္စို႔လာသည္။
စြင္းဟဲ့ယြီကေတာ့ မခံနိုင္ေတာ့ပါ။ ရွိသမွ်အားေတြကုန္သြားသလိုပဲ။ "တစ္ေနရာ သြားၾကမလား"
စုလုရီလည္း "ေအး" လို႔ေျပာၿပီး သူ႕ ဖုန္းကို ထုတ္ကာ "ဓာတ္ပုံ အရင္ရိုက္လိုက္ဦးမယ္။ ၿပီးရင္ သြားမယ္"
ခ်က္...ခ်က္...ခ်က္။ သူ ဖုန္းကို ေပ်ာ္႐ႊင္စြာ ျမႇောက္ေနတုန္း WECHAT က ေပၚလာသည္။ စုခ်ီဆီကပဲ။
သူ႕ အစ္ကိုႀကီး သူ႕ကို ခဏခဏ ဆက္သြယ္တာ ဒါပထမဆုံးပဲ။ သူ႕ကို လြမ္းေနတာမ်ားလား။
(စုခ်ီ) : "ဘာလုပ္ေနတာလဲ"
(စုလုရီ) : "ေလ့က်င့္ခန္း လုပ္ေနတာ"
(စုခ်ီ) : "ဘာေလ့က်င့္ခန္းလဲ"
စုလုရီက သူ႕လက္ေတြကို ျမႇောက္ကာ ခုန္ၿပီး ဓာတ္ပုံ ထပ္ရိုက္လိုက္သည္။ သူျပန္က်ေတာ့ ဘယ္ညာ ႏွစ္ဖက္က လူအုပ္ႀကီး တိုးတာ ခံလိုက္ရသည္။
(စုလုရီ) : "အေၾကာေလွ်ာ့၊ ခုန္၊ ဘယ္ညာလႈပ္"
(စုခ်ီ) : "ဟုတ္လား။ အားရစရာပဲ"
စုလုရီက သူ႕ အစ္ကိုႀကီး ထူးဆန္းေနတာ ခံစားမိေပမယ့္ ဘာက ထူးဆန္းေနမွန္းေတာ့ မသိ။
စြင္းဟဲ့ယြီက သူ႕ကို ေလာေနၿပီ။ "အိုေက၊ သြားစို႔။ ဒီက သခင္ေလး ဦးေႏွာက္ေတြ တစ္စစီ ခါေနၿပီ"
စုလုရီ ေခါင္းထဲမွာ ႐ုတ္တရက္ပုံ ေပၚသြားတာမို႔ သူဖုန္းကို ျမန္ျမန္သိမ္းလိုက္၏။ ေခါင္းကို ဟိုဟိုဒီဒီ လွည့္ၾကည့္ေနတုန္း မ်က္လုံးေထာင့္ကေန ပုံရိပ္တစ္ခု ေတြ႕လိုက္ရသည္။
သူ မ်က္လုံးေတြပင့္ကာ ၾကည့္လိုက္၏။
လူအုပ္ႀကီးရဲ႕ မီတာ အနည္းငယ္ အကြာေဝးမွာ ရွည္လ်ား ေျဖာင့္မတ္တဲ့ လူတစ္ေယာက္က ကရိန္းႀကီးလို ရပ္ေနသည္။ ေမွာင္ေနတာေတာင္ သူ႕ရဲ႕ေခ်ာေမာတဲ့ မ်က္ႏွာကို ဖုံးအုပ္မထားနိုင္ဘူး။
သူ႕ မ်က္ႏွာေပၚကို စလိုက္မီးတစ္ခ်က္ ခဏေလးက်သြားေပမယ့္ ဝင္းဝင္းေတာက္ မ်က္ဝန္းေတြကိုေတာ့ ျမင္လိုက္ရသည္။
စုလုရီ အသက္ရႉရပ္ေတာ့ မလိုပင္။ ေသာက္ခ်ီး ... အစ္ကိုႀကီးဟ ... ...
အစ္ကိုႀကီးက သည္လို အေျခအေနကို ဘယ္လိုလုပ္ ေရာက္လာရတာတုန္း။
စုလုရီက စုခ်ီကို ျမင္ျမင္ခ်င္း ထြက္ေျပးဖို႔ႀကိဳးစားလိုက္သည္။ သူ႕ ေနာက္ကေန က်ိဳးခ်င္းခ်န္နဲ႕ စြင္းဟဲ့ယြီတို႔ အသံကို ၾကားေနရ၏။ "စုလုရီ၊ ဘယ္သြားတာလဲ"
အဲ့အခ်ိန္မွာပဲ မီတာ အနည္းငယ္ ေဝးတဲ့ေနရာမွာ ရွိတဲ့ စုခ်ီလည္း လူအုပ္ႀကီးကို ျဖတ္ကာ သူတို႔ဆီကို
လာေနသည္။ စုလုရီ သည္အခ်ိန္မွာ စြင္းဟဲ့ယြီေရာ၊ က်ိဳးခ်င္းခ်န္ေရာ ဂ႐ုမစိုက္နိုင္ေတာ့ဘူး။
သူ လူေတြကို တြန္းတိုက္ကာ စင္ေနာက္ကို ေျပးရေတာ့သည္။
သီခ်င္းကလည္း သည္အခ်ိန္မွ ေကာင္းခန္းေရာက္ကာ အဆိုေတာ္ကလည္း အျမင့္သံ ေအာ္ေနၿပီး ေအာက္က ပရိတ္သတ္ကလည္း ခုန္ကာ လိုက္ဆိုေန၏။
ေသစမ္း၊ သူ႕ကို ဘယ္သူ ညွစ္လိုက္လည္းေတာ့ မသိဘူး။ သူ႕ ပုခုံးကေန အားႀကီးနဲ႕ ညွစ္တာ ခံလိုက္ရၿပီး သူ ေခ်ာ္လဲမလို ျဖစ္သြားခဲ့သည္။ သူ အေနာက္ကိုမွီကာ လဲက်ေတာ့မလို ျဖစ္ေနတုန္း ...
"စုလုရီ" လူသံေတြနဲ႕ စြင္းဟဲ့ယီ၊ က်ိဳးခ်င္းခ်န္တို႔ရဲ႕ အလန႔္တၾကား ေအာ္သံေတြက ေရာယွက္သြားခဲ့၏။
သန္မာတဲ့ လက္ေမာင္းတစ္စုံက သူ႕ ခါးကေန လွမ္းဖမ္းလိုက္သည္။ စုလုရီရဲ႕ေနာက္ေက်ာက ေႏြးေထြးတဲ့ ရင္ဘတ္ေပၚ ဖိမိသြားၿပီး သူ႕နားထဲကို ျပင္းထန္ကာ ေမာရွိုက္သံႏွင့္အတူ ေၾကာက္ဖို႔ေကာင္းစြာျဖင့္ ...
"စုလုရီ၊ မင္း ဘာကို ဖုံးကြယ္ဖို႔ ႀကိဳးစားေနတာလဲ"