ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

Bởi Doh_Clover

520K 55.1K 419

. Xem Thêm

Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 21

7K 783 0
Bởi Doh_Clover

CHAPTER 21
- ဒိတ်ရှာနေပါတယ် -


"မစ္စတာ စု"

စုချီက စုလုရီကို တစ်ချက်ကြည့်ပြီးမှ ထိုလူ့ဘက်ကိုလှည့်လာပြီး "မစ္စတာ နျဲ့"

စုလုရီကတော့ နေရာမှာတင် အေးခဲသွားသည်။ စုချီ သည်ကိုရောက်လာပြီး သူတို့နှစ်ယောက်အချင်းချင်း သိနေလိမ့်မယ်လို့ မထင်ထားခဲ့တာအမှန်။

"ခင်ဗျားနာမည် 'ဟု' မဟုတ်ဘူးလား" စုလုရီက စူးရှတဲ့ အကြည့်တွေ ပို့လွှတ်လိုက်သည်။

ထိုလူက အနည်းငယ် ရှက်သွားတဲ့ပုံပေါ်ပြီး စုချီကတော့ ဟမ့်ခနဲ ရှုံ့ကာ "နာမည်က 'ဟု' တဲ့လား"

နျဲ့ယီဟုက စုလုရီဘက်ကို လှည့်ကာ တောင်းပန်လိုက်၏။ "ပထမဆုံး တွေ့တာမှာ မင်းလန့်သွားမှာစိုးလို့ ကိုယ့်သရုပ်အမှန်ကို ဖုံးကွယ်ခဲ့တာပါ"

စုလုရီကတော့ သူ့ကိုပတ်သွားကာ စုချီဘက်ကို သွားရပ်နေလိုက်သည်။ "ဆက်ဖုံးကွယ်ထားလည်း ရတယ်"

နျဲ့ယီဟု "... ..."

သူက ကောင်လေးကို လှမ်းတားရန် ပြင်လိုက်ချိန်မှာပဲ အနောက်ကနေ ကျောချမ်းစရာ အသံနှင့်...
"မစ္စတာ နျဲ့က ကျွန်တော့်ကို မှတ်မိတယ်ဆိုတော့ ဒါက ကျွန်တော့်ညီ ဆိုတာလည်း သိမှာပေါ့"

စုချီက သူ့မိသားစုဝင်လို့ မရည်ညွှန်းပဲ သူ့ညီလေးလို့ သုံးနှုန်းလိုက်သည်။ အဲ့မှာ စိတ်ခံစားမှု လိုအင်ဆန္ဒ အနည်းငယ် ကွာခြားမှုရှိတယ်လေ။ စုလုရီသတိပြုမိ၍ မျက်လုံးပင့်ကာ သူ့ကို မော့ကြည့်မိသည်။

နျဲ့ယီဟုရဲ့အပြုံးတွေ ပျောက်ကွယ်သွား၏။ "အဲ့တော့၊ ကျွန်တော် ကြိုက်တဲ့သူကို ကျွန်တော် လိုက်တာပဲ။ မစ္စတာ စု၊ အရမ်း စိတ်ပူတတ်လွန်းတာမဟုတ်ဘူးလား"

စုချီရဲ့မျက်ဝန်းတွေက ရုတ်တရက် မည်းမှောင်သွားသည်။ ကော်ရစ်တာမှာ တိတ်ဆိတ်မှုက လွှမ်းခြုံသွားပြီး လေထုက ငြိမ်သက်နေ၏။ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေတဲ့ လူနှစ်ယောက်ကြားမှာ မီးစလေးတောက်နေကာ လောက်စာသာထည့်ပေးလိုက်ရင်ဖြင့် ထလောင်ပြီပဲ။

တင်းမာနေတဲ့ အခြေအနေကြားမှာ နှာခေါင်းရှုံ့သံထွက်ပေါ်လာခဲ့၏။ စုလုရီ နှာရှုံ့လိုက်တာပါ။

ကြားဖြတ်ခံလိုက်ရတဲ့ နှစ်ယောက် "... ..."

စုချီက စုလုရိ နှာရှုံ့နေတာ မြင်ပြီး နျဲ့ယီဟုဆီ အာရုံမရှိတော့။ သူက တိုက်ရိုက်လျှောက်သွားလိုက်ပြီး
ထိုလူရဲ့လက်မောင်းကိုကာ,ကာ ကောင်လေးကို သူ့ဘက်သို့ ဆွဲလိုက်သည်။

"ပြန်စို့"

စုလုရီက သူ့လက်ကောက်ဝတ်မှာ နွေးထွေးမှုကိုခံစားလိုက်ရပြီးနောက် တစ်ကိုယ်လုံး လိုက်ပါသွားခဲ့ရ၏။

သူ့ခြေထောက်အောက်က ကော်ဇောမှာ အလင်းတစ်ဝက်၊ အမှောင်တစ်ဝက်နဲ့ ပြောက်ကြား ဖြစ်နေသည်။
စုချီက သူ့ကို ဆယ်မီတာလောက် ဝေးတဲ့ နေရာအထိ လက်ကနေ ဆွဲခေါ်သွားခဲ့သည်။

သူတို့နောက်မှာတော့ နျဲ့ယီဟုက မလိုက်လာပေမယ့် သူတို့ထွက်လာတာကို ရပ်ကြည့်ကျန်နေခဲ့၏။

သူ ထောင့်ချိုးနား‌ ကွေ့လိုက်တဲ့အချိန်မှာပဲ စုလုရီက မေးလိုက်သည်။ "အစ်ကိုကြီး၊ ဒီကို ဘာလာလုပ်တာလဲ"

စုချီက ရပ်လိုက်ပြီး လှည့်ကြည့်လာတာ စုလုရီ သူ့ကို ဝင်တိုက်မိမလိုတောင် ဖြစ်သွားရသည်။ "ဘာလဲ။ မင်းရဲ့ ဆွဲဆောင်မှုတွေကို နှောင့်ယှက်သလိုများ ဖြစ်သွားလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အစ်ကိုကြီးက ကျွန်တော့်ကို မီးလောင်ပြင်ထဲက ကယ်လာတာပါ"
စုလုရီ ဘေးဘီကို ကြည့်လိုက်သည်။ ဒါက အခန်းကို ပြန်တဲ့လမ်း မဟုတ်ဘူးလေ။ စုလုရီတစ်ယောက် သူ့ကို စုချီက သီးသန့် စကားပြောချင်လို့ဟု ခန့်မှန်းလိုက်သည်။ "အစ်ကိုကြီးတို့က တစ်ယောက်နဲ့တစ်ယောက် သိတာလား"

စုချီကအေးစက်စွာ "အင်း"

"သူ့ နာမည်က 'ဟု' မဟုတ်ဘူးဆို သူ့ နာမည်က ဘယ်သူလဲ"

"သူ မင်းကို မပြောဘူးလား။ သူ့ မိသားစုအမည်က 'ဟု' လေ"

စုချီက သူ့ကို ငတုံးတစ်ယောက်လို ဆက်ဆံနေတယ်လို့ စုလုရီတွေးလိုက်သည်။ "အတည်မေးနေတာကို အစ်ကိုကြီးကလည်း"

စုချီက သူ့ရဲ့ဆံပင်တွေကို လက်အပြည့်ဆုပ်ကိုင်လိုက်ပြီး "ဘာတွေ အဲ့လောက် မေးခွန်းတွေ များနေတာလဲ။ သူ့နာမည် 'ဟု' ဆိုတာ သိထားရင် ရပြီ။ အခုချိန်က စပြီး သူ မင်းကို ဘာပြောပြော ဗရမ်းဗတာတွေ ပြောနေတယ်လို့ပဲ မှတ်ထားလိုက်"

***'ဟု' ဆိုတာ အဓိပ္ပာယ်မရှိတာ၊ ရက်စက်တာကိုလည်း ရည်ညွှန်းပါတယ်***

စုလုရီကတော့ မနေနိုင်ပဲ တခိခိ ထရယ်၏။

စုချီက စုလုရီ ထရယ်တာနဲ့ သူ ဒေါသထွက်နေတာတောင် မေ့သွားခဲ့သည်။ စုလုရီရဲ့ ဉာဏ်နီဉာဏ်နက်
တွေနဲ့ အကြံသမားပုံစံ ဘယ်ပျောက်သွားလဲဆိုတာ စုချီ အံ့သြမိ၏။ သူ့ရဲ့ဉာဏ်ကောင်းမှုတွေက
စိတ်ကောင်းရှိလိုက်တာနဲ့ ပြန်ပျောက်သွားတာများလား။

နျဲ့က နှစ်အနည်းငယ် အတွင်းမှာတင် သူဌေးဖြစ်လာနိုင်တာ၊ ဘာလို့ဆို သူ့စိတ်ဓာတ်နဲ့ နည်းလမ်းက ပြိုင်စံရှားပဲမလို့။ သည်နှမ်းမည်းဖက်ထုပ်လေးသာ သူ့လက်ထဲ ရောက်သွားရင် ရွစိကြေပြီးအလုံးခံရမှာပဲ။

"ထပ် သတိပေးလိုက်မယ်၊ နျဲ့နဲ့ ဝေးဝေးနေ"

စုလုရီက အရယ်တစ်ဝက်နဲ့ အမှန်ပြင်ပေးလ၏။ "'ဟု' ပါဆို"

"... ..."

စုချီက သူ့စကားကို ပြန်ပြင်လိုက်သည်။ " 'ဟု'နဲ့ဝေးဝေးနေ၊ ယောင်္ကျား ကြိုက်တတ်တယ် ဆိုရင်တောင် ရွေးချယ်စိစစ်ဦး။ လာသမျှ ယောင်္ကျားအကုန်လက်ခံမနေနဲ့"

စုချီက သူ့ကိုယ်သူ ပြောင်းလဲသွားတယ်လို့ ခံစားမိသည်။ အရင်ကဆို စုလုရီ ယောင်္ကျား ကြိုက်ကြိုက်၊ မိန်းမ ကြိုက်ကြိုက် သူနဲ့မဆိုင်ဘူးလို့ပြောခဲ့တာ၊ အခုတော့ သူ မဟုတ်သလိုပဲ။

စုလုရီရဲ့ ရယ်သံတွေက ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။ စုချီရဲ့ မခန့်မှန်းထားတဲ့ အပြောင်းလဲကြောင့်ပင်။ သူဘယ်တုန်းက ယောင်္ကျားတွေကိုကြိုက်သွားရတာတုန်း။

သူ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မကြိုက်ဖူးပါ။ အဓိက လူတွေတောင် မကြိုက်တာ အရံတွေဆိုပြောမနေနဲ့။

"အစ်ကိုကြီး၊ ကျွန်တော် ယောင်္ကျားတွေကို မကြိုက်ဘူးနော်"

"ကောင်းပြီ။ နောက်တစ်ခါလည်း အဲ့လို အဓိပ္ပာယ်မရှိတာတွေ ပြော"

သူတို့နှစ်ယောက်လုံး လမ်းကြောင်းပြောင်းကာ သီးသန့်အခန်းဆီသို့ ဦးတည်လိုက်ကြ၏။ စုလုရီက
စုချီ အခြေအနေ ကောင်းလာတာ မြင်တာနဲ့ သူ့ဆီသွားကာ "အစ်ကိုကြီးက မစ္စတာဟုက မကောင်းတဲ့လူမလို့ စိတ်ဆိုးနေတာလား။ ဒါဆို ချောပြီး ကြင်နာတတ်တဲ့ သူဌေးလေးဆိုရင်ရော၊ အိုကေလား"

"ချမ်းသာပြီး ချောတယ်" ဆိုတဲ့ စကားမှာ ဘာအမှားပါသွားမှန်း သူလည်း မသိပါ။

စုချီက "အဲ့တာလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် မင်း အရမ်းတုံးနေရင် အဲ့တာလည်း မဖြစ်နိုင်ဘူး။
မင်းကို မိသားစုပိုင်ဆိုင်မှုတွေအတွက် သိုက်တူးသွားလိမ့်မယ်"

စုလုရီက နှပ်ချေးပူစီဖောင်းထအောင် ရယ်၏။

စုချီရဲ့ လိုအပ်ချက်တွေက တင်းကျပ်လွန်းသည်လို့သူထင်သည်။ သူ အဲ့လို ချေးများနေမှတော့
စုလုရီက ဘယ်သူနဲ့မှ တွဲလို့ရမှာ မဟုတ်ဘူး။ သည်ကမ္ဘာပေါ်က လူတိုင်းမှာ မပြည့်စုံမှုကတော့ ရှိတာပဲ။ ဒါပေမယ့် စုချီကတော့ ပြည့်စုံတယ် မလား။

စုလုရီက "အစ်ကိုကြီးလိုလူ ရှာဖို့ မျှော်လင့်နေတာတော့ မဟုတ်ဘူး မလား"

စုချီ မျက်မှောင်ကြုတ်လိုက်ကာ "ဘာလို့ မရကမှာလည်း၊ ငါ့လို အဆင့်တန်းမျိုး ရှာပေါ့"

"လွယ်မနေဘူး" လို့ စုလုရီ ပြောလိုက်သည်။

စုချီ ကြောင်သွားကာ နည်းနည်း ရင်ခုန်ချင်သလိုဖြစ်သွား၏။ သူ သက်သာလာတော့ သက်တောင့်သက်သာ ခံစားရသည်။ သူ စုလုရိနဲ့ လိုက်တဲ့သူ စဥ်းစားလို့မရ၊ ဒါပေမယ့် အဲ့လိုလည်း မကောင်းပါ။

စုချီက ပြောလိုက်၏။ "အကဲပိုနေတာထက် အရပ်ပုတာကမှ ပိုကောင်းတယ်။ ရှာမတွေ့ရင် ငါ့လို လူမျိုးအမြဲရှာလို့ရနေတာပဲ"

သူတို့အခန်းကို ပြန်လာတော့ စုယွီက စားပွဲထောင့်မှာ လှုပ်ရှားနေတုန်းပင်၊ သူတို့ အကြာကြီး ပျောက်သွားတာကို ဘာလို့လဲတောင် မမေးပါ။ သူ ကစားနေချိန်ဆို ဘာကိုမှ အာရုံမရ။

စုကျန်းချန်ကတော့ သူတို့ကို တစ်ချက်ကြည့်လာပြီး ဘာမှတော့မပြော။

ကိုးနာရီ‌လောက်အထိ ဆော့ပြီးတာနဲ့ စုချီက ပြန်ဖို့ပြောလိုက်သည်။ သူတို့အရှေ့က ကောင်တာမှာ
ငွေရှင်းမလို့ လုပ်ပေမယ့် အံ့သြဖွယ်ကောင်းစွာ ငွေရှင်းပြီးသား ဖြစ်နေသည်။

စုယွီ သိချင်မိ၏။ "ဘာလို့လဲ"

စုကျန်းချန်ရဲ့အကြည့်တွေက စုလုရီ အပေါ် ခဏကျသွားခဲ့သည်။ စုချီက သူ့ကတ်ကို ထုတ်လိုက်၏။
"ဖြတ်လိုက်။ မလုပ်ရင် ဧည့်သည်ကို လှည့်စားတယ်ဖြစ်မယ်"

ကောင်တာက လူကတော့ ဒါမျိုး ထူးခြားတဲ့တိုင်တန်းချက်ကို ပထမဆုံးကြုံဖူးတာပင်။
ဧည့်သည်ကို ဘာလို့ လှည့်စားရမှာလဲ။ အဲ့လိုပြောတာ သူတို့ ငွေရှင်းစရာ မလိုဘူးလေ။

အင်အားသုံး ငွေရှင်းပြီးတဲ့နောက်မှာတော့ သူတို့အုပ်စု ဘိလိယက်ဆောင်ကနေ ပြန်ထွက်လာခဲ့ကြသည်။
စုလုရီက စုချီကို တိတ်တိတ်လေးတွန်းလိုက်၏။ "ကျွန်တော် အလိုက်ခံနေရပြီလို့ ထင်လား။ အလိုက်ခံရတာ ဒါပထမဆုံးပဲ"

သူ တအားမြင့်မြတ်သွားသလို ခံစားလိုက်ရသည်။ သူ့ကို ယောင်္ကျားတစ်ယောက်က လိုက်တာ ဒါပထမဆုံးပဲ။

စုချီ ရွဲ့လိုက်၏ "မင်းကိုယ်မင်း ဆန်းဒဝစ်ချ် ထင်နေလား" စုလုရီ နင်သွားတာမြင်တော့ သူ ပညာလေးနည်းနည်းထည့်ကာ ...
"ပိုက်ဆံသုံးပြီး လိုက်တာ ခုံရုံးရောက်ဖို့ အပေါချာဆုံး နည်းလမ်းပဲ"

စုယွီက တစ်တက်တစ်ပျက်ပဲ ကြားကာ သူတို့ အနားကပ်လာပြီး "ဘာလို့ စိတ်ခံစားချက်နဲ့
ပတ်သတ်တာတွေ ပြောနေကြတာလဲ။ ဘယ်သူရည်းစားရတော့မှာ မလို့လဲ"

စုလုရီက စုချီကို ဂရုတစိုက်လှမ်း ကြည့်လိုက်၏။ ကြည့်ရတာ သူ့အစ်ကိုကြီး စိတ်မတိုသေးဘူးပဲ။
ကျားသားမိုးကြိုး။

စုချီရဲ့ အမူအရာကတေ ာ့မပြောင်းမလဲ "စောသေးတယ်"

--------------------------------------

နောက်နေ့ မနက်မှာတော့ စုလုရီတစ်ယောက် အဖျားနည်းနည်း ကျသွားကာ နိုးလာခဲ့၏။
နေ့လည်ကျ စုကျန်းချန်အနောက်ကို လှေလှော် ဆက်လေ့ကျင့်ရအောင် လိုက်လာခဲ့လိုက်သည်။

ညနေကျ စုယွီနဲ့ အခန်းထဲမှာ ပိုကာ သွားကစား၏။

သူတို့သုံးယောက် ကစားနေရင်း သူတို့သာ စုယွီနဲ့ကစားနေရင် ဘာ ဂိမ်းအတွေ့အကြုံမှ ရမှာ မဟုတ်ဘူးဆိုတာ နားလည်လိုက်သည်။ မသိရင် ဂိမ်းဆောင်လာပြီး အညစ်ခံနေသလိုပဲ။

စုလုရီက စုချီကို ခေါ်လိုက်ကာ  နှစ်ယောက်တွဲနှစ်ဖွဲ့ခွဲ ကစားရန် အကြံပြုလိုက်သည်။
အဖွဲ့ခွဲနေတုန်းမှာ စုယွီက စုလုရီကို ဆွဲထားချင်၏။ "နေမကောင်းနေတာ သနားစရာလေး၊ လှဲနေလိုက် တတိယ အစ်ကိုကြီးက အနိုင်ယူပေးမယ်"

စုလုရီက "ကျွန်တော်က ကျွန်တော့် အစ်ကိုကြီးနဲ့ပဲအဖွဲ့ဖွဲ့ချင်တာ"

စုယွီက ကံကောင်းတယ်ဆိုရင်တောင် သူ့အစ်ကိုကြီးကလည်း ခေသူ မဟုတ်ပါ။

စုယွီကလည်း စုလုရီကို ဆွဲဖို့ ကြိုးစားနေပြီး စုလုရီက သူတို့နှစ်ယောက်ကြား ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ တန်းလန်းဖြစ်နေသည်။ ဘယ်ဖက်မှာမပါတဲ့ ကြားနေ စုကျန်းချန်က "ငါနဲ့နေလေ" လို့ ဝင်ပြောလိုက်သည်။

သူက စုလုရီကို ပြောလိုက်၏။ "ဘယ်သူနဲ့ နေရမှန်းမသိရင် ငါနဲ့သာ နေ"

စုလုရီကတော့ သူ့ရဲ့ဖြူစင်တဲ့ ကြင်နာမှုကို ငြင်းလိုက်သည်။ "ကျွန်တော်က အစီအစဥ်တွေ၊
ပေါင်းစည်းမှုတွေကို လေးစားတယ်" ကျွန်တော်တို့လို ဘုန်းကြီးတွေက အတူတူကျလို့ မဖြစ်ဘူး။

စုလုရီ နောက်ဆုံးတော့ စုချီနဲ့ တစ်ဖွဲ့တည်း ကျသွားခဲ့၏။ ပြီးတော့ စုချီရဲ့ ပူးပေါင်း ပါဝင်မှုကြောင့်
သူတို့တွေ ပိုက်ဆံတွေ ရလာခဲ့သည်။

စုချီက စုယီလို ကံမကောင်းပေမယ့် ဘယ်ကဒ်ကျန်ပြီး ဘယ်သူ့လက်ထဲမှာ ဘယ်ကဒ်ရှိနေလောက်တယ်ဆိုတာ တွက်ချက်နိုင်တယ်လေ။ နောက်ဆုံးတော့ ဦးနှောက် အားကိုးပြီး စုယွီဆီက ပိုက်ဆံအနည်းငယ် နိုင်ခဲ့ကြတာပေါ့။

စုယွီ နဲ့စုကျန်းချန် ပြန်သွားပြီးတဲ့နောက် စုလုရီဆီပိုက်ဆံတွေ ပစ်ပေးလိုက်ပြီး "မင်း ယူလိုက်"

စုလုရီက ကုတင်ပေါ်မှာ လှဲနေပြီး တံခါးကနေ လေတစ်ချက်အတိုးမှာ ပိုက်ဆံတွေက သူ့ တစ်ကိုယ်လုံးပေါ် ပျံ့ကျဲလာခဲ့သည်။ သူ မျက်လုံးပြူးကာ ပိုက်ဆံတွေကို လိုက်ကောက်လိုက်ပြီး "အစ်ကိုကြီးကလည်း၊ ကျွန်တော့်အပေါ် မပစ်နဲ့လေ။ လွင့်ကျသွားရင် ကံမကောင်း ဖြစ်တတ်တယ်"

စုချီ "..."

အပန်းဖြေစခန်းမှာ ရက်အနည်းငယ်နေပြီးတာနဲ့ ပြန်ရမယ့်ရက်ကို နီးလာသည်။ စုလုရီရဲ့အဖျားလည်း ပျောက်သွားပေမယ့် လူကတော့ နှုံးပြီး ကျန်ခဲ့သည်။

သူတို့ အိမ်မပြန်ခင် စုမိသားစုက အနီးနားကထူးခြားတဲ့ စားသောက်ဆိုင်မှာ စားခဲ့ကြ၏။ စုလုရီက သူတို့နောက်ကနေ လိုက်လာပြီး 'NY' ဆိုတဲ့စားသောက်ဆိုင် နာမည်ကို မြင်လိုက်သည်။

"......"

စုကျစ်ထုံက သူကြည့်နေတဲ့ နေရာကို ကြည့်ပြီး "NY က ဘာကိုပြောတာလဲ"

စုချီကတော့ ဘာစကားမှ ပြောမလာပါ သူအရင်ကတည်းကသိခဲ့သင့်တာ ... နျဲ့။

စုလုရီက မှုန်တေတေနှင့် "အဲ့တာ ကံမကောင်းမှုကိုပြောတာ"

စုချီ "..."

စားနေတုန်း စုကျစ်ထုံက အသီးဝိုင်ကို ဖောက်ကာ စုလုရီက လွဲလို့ တစ်ယောက်ချင်းဆီကို ငှဲ့ပေးသည်။ စုလုရီကတော့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ အသီးဖျော်ရည်ကိုသာ ငုံရင်း ဝိုင်အရသာ အကဲဖြတ်နေကြတဲ့ သူတို့ကို ကြည့်နေလိုက်သည်။

စားပွဲ လှုပ်သွားတာနဲ့အတူ စုလုရီက သူ့ဘေးမှာ ထိုင်နေတဲ့ စုချီကို ခိုးတို့လိုက်ပြီး ...
"အစ်ကိုကြီး၊ ထပ်ပြီး ငွေရှင်းသွားရင် ဘယ်လိုလုပ်မလဲ"

စုချီက ချက်ချင်းဖြေလာသည်။ "ပြဿနာ ရှာပစ်မယ်"

စုလုရီ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့ အစ်ကိုကြီးက ခေသူမှ မဟုတ်တာ။ သူက အကြောင်းရာတွေကို အကြောင်းပြချက် ခိုင်ခိုင်မာမာနဲ့ ကိုင်တွယ်နိုင်တယ်လေ။

မပြန်ခင် (shooting squad) ကနေ စာဝင်လာသည်။ သူတို့ စျေးကွက်ကို စစ်ဆေးပြီး ရောင်းစျေးတွေကို ကြည့်ချင်နေသည်။ စွင်းဟဲ့ယွီက အချိန်ကိုတောင်စီစဥ်ပြီးနေပြီ သူတို့ ငါးရက်အတွင်း ထွက်ကြမည်ဖြစ်၏။

ကျိုးချင်းချန်ဆိုတဲ့အကောင့် မြေမြှုပ်ခံလိုက်ရတာလည်း သူမမေ့ပါ။ သူရက်တွေကို စိတ်ထဲကနေ
တွက်နေလိုက်သည််။

ကိစ္စတွေကို ခိုးလုပ်ထားတာဖြစ်၍ စုကျစ်ထုံနဲ့ ယုရှင်းရန်ကို သူငယ်ချင်းတွေနဲ့ တစ်လလောက်
ခရီးသွားမယ်လို့သာ ပြောလိုက်၏။

စုကျစ်ထုံကတော့ စိတ်မချပါ။ "ကျိုးအိမ်နဲ့ စွင်းအိမ်က မြေးတွေနဲ့လား၊ သုံးယောက်ထဲလား။
ဘယ်သွားကြမှာလဲ။ အဖေ သက်တော်စောင့်တွေငှားထည့်ပေးလိုက်ရမလား"

စုလုရီ မြန်မြန်ပဲ ငြင်းလိုက်သည်။ "မလိုပါဘူး"

စုချီ သူ့အဖေက သူ့သား ကျောင်းခရီးပဲသွားမှာလိုလို၊ လူကုန်ပဲ ကူးခံရတော့မှာလိုလိုနဲ့
စိတ်ပူနေတာကို ကြည့်နေလိုက်သည်။

သူ စုလုရီ လူကုန်ကူး ခံရမှာကို စိတ်ပူနေတာ မဟုတ်ပါဘူး။ လူတစ်ယောက်က မ,ပြေးသွားမှာပဲ
စိတ်ပူတာ။

စုကျစ်ထုံနဲ့ သူ့ ဇနီးကို နားချပြီး‌နောက်မှာ‌တော့ စုလုရီ group chat ထဲ စာခိုးပို့ရန် လုပ်လိုက်သည်။
စုချီ လာတော့ သူ စာရိုက်နေတုန်း။

"ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီလား" စုချီက သူ့ကို ကြည့်လာ၏။ "နေတောင် မကောင်းသေးပဲ ခရီး အတူတူ ထွက်ရလောက်အောင် မင်းတို့က ဘယ်တုန်းက ရင်းနှီးသွားတာလဲ"

စုလုရီ အပြစ်ရှိသလို အကြည့်နဲ့ ဖုန်းအမြန် ပိတ်လိုက်သည်။ သူခေါင်းကို ငုံ့ကာ လက်ကို ကစားနေ၏။
"သူငယ်ချင်းရှိတာ ပထမဆုံးလေ။ သူတို့နဲ့သွားလည်ချင်လို့ပါ"

"ညည်း မနေနဲ့" စုချီ မျက်နှာရှုံ့လိုက်သည်။ သူတစ်ခုခု ပြောချင်ပေမယ့်လည်း ရပ်တန့်လိုက်၏။

သူ စိတ်ထဲကနေ ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီကို ချိန်ကြည့်လိုက်သည်။ သူနဲ့ ယှဥ်ဖို့ မပြောနဲ့၊ နျဲ့နဲ့တောင်အောက်မှာ ရှိတယ်။ စုလုရီ....သည်တစ်ထွာ တစ်မိုက်ဉာဏ်နဲ့ ငတုံးကတော့။

"မိဘတွေကို အကြောင်းကြားဖို့ မမေ့နဲ့ဦး။ မိဘတွေကို စိတ်မပူစေနဲ့"

စုလုရီက လက်တစ်ဖက်ကို မြှောက်ကာ ကတိပေးလိုက်၏။ "ကြားမှာပါ။ မိသားစု gruop
chat ထဲမှာ ပို့လိုက်မယ်။ ပုံတွေရော၊ စာတွေရော၊ ဆယ်လ်ဖီတွေရော၊ အုပ်စုလိုက်ပုံတွေရော ပို့လိုက်မယ်"

စုချီက ကျေနပ်သွားဟန်နဲ့ ထောင်နေတဲ့ဆံပင်တွေကို ဖိပေးလာသည်။ "ကောင်းတယ်"

ထွက်သွားမလို့ လုပ်နေတုန်း စုချီဆီကို ဖုန်းဝင်လာ၏။ စုလုရီက သူ့ အတွင်းရေးမှူး ရှောင်ချင်းဆီက အသံကို တိုးတိုးကြားလိုက်သည်။

အဲ့ဘိုးတော်ကို သူ့အစ်ကို နှိပ်စက်မှာ စောင့်နေတာ၊ အဲ့တာမှ သူလည်း အရေခွံနွှာလို့ ရမှာ။

စုချီ ဖုန်းချတာကို စောင့်ပြီး သူ့အနား ကပ်ကာ "ရှောင်ချင်းလား"

စုချီက သူ့ကို တစ်ချက်ငဲ့ကြည့်ကာ "ကြည့်ရတာ မင်း ရှောင်ချင်းကို အထင်ကြီးနေပုံပဲ"

စုလုရီ "ရှောင်ချင်းက တော်ပါတယ်"

"ဟုတ်တယ်၊ သူက အလုပ်မှာ တော်တယ်။ ပြီးတော့ ငါ့ကို ဘာပြဿနာမှ မပေးဘူး" စုချီက ခဏရပ်လိုက်ပြီး စုလုရီရဲ့ မျက်နှာ အရိပ်အကဲကို ကြည့်ကာ သတိထား၍ ထပ်ပြောလိုက်၏။ "ဒါပေမယ့်လည်း အခြေ မငြိမ်သေးပါဘူး"

စုလုရီက အားရပါးရ သဘောတူကာ "ဟုတ်တယ်။ သူက မတည်ငြိမ်သေးဘူး" မြန်မြန် တစ်စုံတစ်ယောက်ကို အလုပ်ထုတ်လိုက်တော့။

စုချီက သံသယကင်းသွားသည်။ သိရင်ပြီးတာပဲ။

စုလုရီကလည်း စိတ်သက်သာရာရသွား၏။ သိလို့ တော်သေးတာပေါ့။

ငြိမ်းချမ်းတဲ့ လေထုထဲမှာ စုလုရီက ခုံထိပ်တွင် ထိုင်ကာ ခြေထောက်ကို ဟိုဟိုဒီဒီ လွှဲနေသည်။
"ရှောင်ချင်းက အစီရင်ခံတာလား"

စုချီက "ဟုတ်တယ်၊ သူက အားလပ်ရက်နောက် အစီအစဥ်တွေ ပြောပြနေတာ။ ငါ ခရီးထွက်ရဦးမယ်"

"ဘယ်လဲ"

"ဘန်းယမ်းမြို့"

စုလုရီရဲ့ခြေထောက်တွေ ရပ်တန့်သွားခဲ့သည်။

သေစမ်း၊ သူတို့သွားမှာလည်း ဘန်းယမ်းမြို့မလား။

Zawgyi

CHAPTER 21
- ဒိတ္ရွာေနပါတယ္ -


"မစၥတာ စု"

စုခ်ီက စုလုရီကို တစ္ခ်က္ၾကည့္ၿပီးမွ ထိုလူ႕ဘက္ကိုလွည့္လာၿပီး "မစၥတာ န်ဲ့"

စုလုရီကေတာ့ ေနရာမွာတင္ ေအးခဲသြားသည္။ စုခ်ီ သည္ကိုေရာက္လာၿပီး သူတို႔ႏွစ္ေယာက္အခ်င္းခ်င္း သိေနလိမ့္မယ္လို႔ မထင္ထားခဲ့တာအမွန္။

"ခင္ဗ်ားနာမည္ 'ဟု' မဟုတ္ဘူးလား" စုလုရီက စူးရွတဲ့ အၾကည့္ေတြ ပို႔လႊတ္လိုက္သည္။

ထိုလူက အနည္းငယ္ ရွက္သြားတဲ့ပုံေပၚၿပီး စုခ်ီကေတာ့ ဟမ့္ခနဲ ရႈံ႕ကာ "နာမည္က 'ဟု' တဲ့လား"

န်ဲ့ယီဟုက စုလုရီဘက္ကို လွည့္ကာ ေတာင္းပန္လိုက္၏။ "ပထမဆုံး ေတြ႕တာမွာ မင္းလန႔္သြားမွာစိုးလို႔ ကိုယ့္သ႐ုပ္အမွန္ကို ဖုံးကြယ္ခဲ့တာပါ"

စုလုရီကေတာ့ သူ႕ကိုပတ္သြားကာ စုခ်ီဘက္ကို သြားရပ္ေနလိုက္သည္။ "ဆက္ဖုံးကြယ္ထားလည္း ရတယ္"

န်ဲ့ယီဟု "... ..."

သူက ေကာင္ေလးကို လွမ္းတားရန္ ျပင္လိုက္ခ်ိန္မွာပဲ အေနာက္ကေန ေက်ာခ်မ္းစရာ အသံႏွင့္...
"မစၥတာ န်ဲ့က ကြၽန္ေတာ့္ကို မွတ္မိတယ္ဆိုေတာ့ ဒါက ကြၽန္ေတာ့္ညီ ဆိုတာလည္း သိမွာေပါ့"

စုခ်ီက သူ႕မိသားစုဝင္လို႔ မရည္ၫႊန္းပဲ သူ႕ညီေလးလို႔ သုံးႏႈန္းလိုက္သည္။ အဲ့မွာ စိတ္ခံစားမႈ လိုအင္ဆႏၵ အနည္းငယ္ ကြာျခားမႈရွိတယ္ေလ။ စုလုရီသတိျပဳမိ၍ မ်က္လုံးပင့္ကာ သူ႕ကို ေမာ့ၾကည့္မိသည္။

န်ဲ့ယီဟုရဲ႕အၿပဳံးေတြ ေပ်ာက္ကြယ္သြား၏။ "အဲ့ေတာ့၊ ကြၽန္ေတာ္ ႀကိဳက္တဲ့သူကို ကြၽန္ေတာ္ လိုက္တာပဲ။ မစၥတာ စု၊ အရမ္း စိတ္ပူတတ္လြန္းတာမဟုတ္ဘူးလား"

စုခ်ီရဲ႕မ်က္ဝန္းေတြက ႐ုတ္တရက္ မည္းေမွာင္သြားသည္။ ေကာ္ရစ္တာမွာ တိတ္ဆိတ္မႈက လႊမ္းၿခဳံသြားၿပီး ေလထုက ၿငိမ္သက္ေန၏။ တစ္ေယာက္နဲ႕တစ္ေယာက္ စိုက္ၾကည့္ေနတဲ့ လူႏွစ္ေယာက္ၾကားမွာ မီးစေလးေတာက္ေနကာ ေလာက္စာသာထည့္ေပးလိုက္ရင္ျဖင့္ ထေလာင္ၿပီပဲ။

တင္းမာေနတဲ့ အေျခအေနၾကားမွာ ႏွာေခါင္းရႈံ႕သံထြက္ေပၚလာခဲ့၏။ စုလုရီ ႏွာရႈံ႕လိုက္တာပါ။

ၾကားျဖတ္ခံလိုက္ရတဲ့ ႏွစ္ေယာက္ "... ..."

စုခ်ီက စုလုရိ ႏွာရႈံ႕ေနတာ ျမင္ၿပီး န်ဲ့ယီဟုဆီ အာ႐ုံမရွိေတာ့။ သူက တိုက္ရိုက္ေလွ်ာက္သြားလိုက္ၿပီး
ထိုလူရဲ႕လက္ေမာင္းကိုကာ,ကာ ေကာင္ေလးကို သူ႕ဘက္သို႔ ဆြဲလိုက္သည္။

"ျပန္စို႔"

စုလုရီက သူ႕လက္ေကာက္ဝတ္မွာ ေႏြးေထြးမႈကိုခံစားလိုက္ရၿပီးေနာက္ တစ္ကိုယ္လုံး လိုက္ပါသြားခဲ့ရ၏။

သူ႕ေျခေထာက္ေအာက္က ေကာ္ေဇာမွာ အလင္းတစ္ဝက္၊ အေမွာင္တစ္ဝက္နဲ႕ ေျပာက္ၾကား ျဖစ္ေနသည္။
စုခ်ီက သူ႕ကို ဆယ္မီတာေလာက္ ေဝးတဲ့ ေနရာအထိ လက္ကေန ဆြဲေခၚသြားခဲ့သည္။

သူတို႔ေနာက္မွာေတာ့ န်ဲ့ယီဟုက မလိုက္လာေပမယ့္ သူတို႔ထြက္လာတာကို ရပ္ၾကည့္က်န္ေနခဲ့၏။

သူ ေထာင့္ခ်ိဳးနား‌ ေကြ႕လိုက္တဲ့အခ်ိန္မွာပဲ စုလုရီက ေမးလိုက္သည္။ "အစ္ကိုႀကီး၊ ဒီကို ဘာလာလုပ္တာလဲ"

စုခ်ီက ရပ္လိုက္ၿပီး လွည့္ၾကည့္လာတာ စုလုရီ သူ႕ကို ဝင္တိုက္မိမလိုေတာင္ ျဖစ္သြားရသည္။ "ဘာလဲ။ မင္းရဲ႕ ဆြဲေဆာင္မႈေတြကို ေႏွာင့္ယွက္သလိုမ်ား ျဖစ္သြားလား"

"မဟုတ္ပါဘူး၊ မဟုတ္ပါဘူး၊ အစ္ကိုႀကီးက ကြၽန္ေတာ့္ကို မီးေလာင္ျပင္ထဲက ကယ္လာတာပါ"
စုလုရီ ေဘးဘီကို ၾကည့္လိုက္သည္။ ဒါက အခန္းကို ျပန္တဲ့လမ္း မဟုတ္ဘူးေလ။ စုလုရီတစ္ေယာက္ သူ႕ကို စုခ်ီက သီးသန႔္ စကားေျပာခ်င္လို႔ဟု ခန႔္မွန္းလိုက္သည္။ "အစ္ကိုႀကီးတို႔က တစ္ေယာက္နဲ႕တစ္ေယာက္ သိတာလား"

စုခ်ီကေအးစက္စြာ "အင္း"

"သူ႕ နာမည္က 'ဟု' မဟုတ္ဘူးဆို သူ႕ နာမည္က ဘယ္သူလဲ"

"သူ မင္းကို မေျပာဘူးလား။ သူ႕ မိသားစုအမည္က 'ဟု' ေလ"

စုခ်ီက သူ႕ကို ငတုံးတစ္ေယာက္လို ဆက္ဆံေနတယ္လို႔ စုလုရီေတြးလိုက္သည္။ "အတည္ေမးေနတာကို အစ္ကိုႀကီးကလည္း"

စုခ်ီက သူ႕ရဲ႕ဆံပင္ေတြကို လက္အျပည့္ဆုပ္ကိုင္လိုက္ၿပီး "ဘာေတြ အဲ့ေလာက္ ေမးခြန္းေတြ မ်ားေနတာလဲ။ သူ႕နာမည္ 'ဟု' ဆိုတာ သိထားရင္ ရၿပီ။ အခုခ်ိန္က စၿပီး သူ မင္းကို ဘာေျပာေျပာ ဗရမ္းဗတာေတြ ေျပာေနတယ္လို႔ပဲ မွတ္ထားလိုက္"

***'ဟု' ဆိုတာ အဓိပၸာယ္မရွိတာ၊ ရက္စက္တာကိုလည္း ရည္ၫႊန္းပါတယ္***

စုလုရီကေတာ့ မေနနိုင္ပဲ တခိခိ ထရယ္၏။

စုခ်ီက စုလုရီ ထရယ္တာနဲ႕ သူ ေဒါသထြက္ေနတာေတာင္ ေမ့သြားခဲ့သည္။ စုလုရီရဲ႕ ဉာဏ္နီဉာဏ္နက္
ေတြနဲ႕ အႀကံသမားပုံစံ ဘယ္ေပ်ာက္သြားလဲဆိုတာ စုခ်ီ အံ့ၾသမိ၏။ သူ႕ရဲ႕ဉာဏ္ေကာင္းမႈေတြက
စိတ္ေကာင္းရွိလိုက္တာနဲ႕ ျပန္ေပ်ာက္သြားတာမ်ားလား။

န်ဲ့က ႏွစ္အနည္းငယ္ အတြင္းမွာတင္ သူေဌးျဖစ္လာနိုင္တာ၊ ဘာလို႔ဆို သူ႕စိတ္ဓာတ္နဲ႕ နည္းလမ္းက ၿပိဳင္စံရွားပဲမလို႔။ သည္ႏွမ္းမည္းဖက္ထုပ္ေလးသာ သူ႕လက္ထဲ ေရာက္သြားရင္ ႐ြစိေၾကၿပီးအလုံးခံရမွာပဲ။

"ထပ္ သတိေပးလိုက္မယ္၊ န်ဲ့နဲ႕ ေဝးေဝးေန"

စုလုရီက အရယ္တစ္ဝက္နဲ႕ အမွန္ျပင္ေပးလ၏။ "'ဟု' ပါဆို"

"... ..."

စုခ်ီက သူ႕စကားကို ျပန္ျပင္လိုက္သည္။ " 'ဟု'နဲ႕ေဝးေဝးေန၊ ေယာကၤ်ား ႀကိဳက္တတ္တယ္ ဆိုရင္ေတာင္ ေ႐ြးခ်ယ္စိစစ္ဦး။ လာသမွ် ေယာကၤ်ားအကုန္လက္ခံမေနနဲ႕"

စုခ်ီက သူ႕ကိုယ္သူ ေျပာင္းလဲသြားတယ္လို႔ ခံစားမိသည္။ အရင္ကဆို စုလုရီ ေယာကၤ်ား ႀကိဳက္ႀကိဳက္၊ မိန္းမ ႀကိဳက္ႀကိဳက္ သူနဲ႕မဆိုင္ဘူးလို႔ေျပာခဲ့တာ၊ အခုေတာ့ သူ မဟုတ္သလိုပဲ။

စုလုရီရဲ႕ ရယ္သံေတြက ႐ုတ္ခ်ည္း ရပ္တန႔္သြားခဲ့ရသည္။ စုခ်ီရဲ႕ မခန့္မွန္းထားတဲ့ အေျပာင္းလဲေၾကာင့္ပင္။ သူဘယ္တုန္းက ေယာကၤ်ားေတြကိုႀကိဳက္သြားရတာတုန္း။

သူ ဘယ္တုန္းကမွ ဘယ္သူ႕ကိုမွ မႀကိဳက္ဖူးပါ။ အဓိက လူေတြေတာင္ မႀကိဳက္တာ အရံေတြဆိုေျပာမေနနဲ႕။

"အစ္ကိုႀကီး၊ ကြၽန္ေတာ္ ေယာကၤ်ားေတြကို မႀကိဳက္ဘူးေနာ္"

"ေကာင္းၿပီ။ ေနာက္တစ္ခါလည္း အဲ့လို အဓိပၸာယ္မရွိတာေတြ ေျပာ"

သူတို႔ႏွစ္ေယာက္လုံး လမ္းေၾကာင္းေျပာင္းကာ သီးသန႔္အခန္းဆီသို႔ ဦးတည္လိုက္ၾက၏။ စုလုရီက
စုခ်ီ အေျခအေန ေကာင္းလာတာ ျမင္တာနဲ႕ သူ႕ဆီသြားကာ "အစ္ကိုႀကီးက မစၥတာဟုက မေကာင္းတဲ့လူမလို႔ စိတ္ဆိုးေနတာလား။ ဒါဆို ေခ်ာၿပီး ၾကင္နာတတ္တဲ့ သူေဌးေလးဆိုရင္ေရာ၊ အိုေကလား"

"ခ်မ္းသာၿပီး ေခ်ာတယ္" ဆိုတဲ့ စကားမွာ ဘာအမွားပါသြားမွန္း သူလည္း မသိပါ။

စုခ်ီက "အဲ့တာလည္း မလိုအပ္ပါဘူး။ ဒါေပမယ့္ မင္း အရမ္းတုံးေနရင္ အဲ့တာလည္း မျဖစ္နိုင္ဘူး။
မင္းကို မိသားစုပိုင္ဆိုင္မႈေတြအတြက္ သိုက္တူးသြားလိမ့္မယ္"

စုလုရီက ႏွပ္ေခ်းပူစီေဖာင္းထေအာင္ ရယ္၏။

စုခ်ီရဲ႕ လိုအပ္ခ်က္ေတြက တင္းက်ပ္လြန္းသည္လို႔သူထင္သည္။ သူ အဲ့လို ေခ်းမ်ားေနမွေတာ့
စုလုရီက ဘယ္သူနဲ႕မွ တြဲလို႔ရမွာ မဟုတ္ဘူး။ သည္ကမာၻေပၚက လူတိုင္းမွာ မျပည့္စုံမႈကေတာ့ ရွိတာပဲ။ ဒါေပမယ့္ စုခ်ီကေတာ့ ျပည့္စုံတယ္ မလား။

စုလုရီက "အစ္ကိုႀကီးလိုလူ ရွာဖို႔ ေမွ်ာ္လင့္ေနတာေတာ့ မဟုတ္ဘူး မလား"

စုခ်ီ မ်က္ေမွာင္ၾကဳတ္လိုက္ကာ "ဘာလို႔ မရကမွာလည္း၊ ငါ့လို အဆင့္တန္းမ်ိဳး ရွာေပါ့"

"လြယ္မေနဘူး" လို႔ စုလုရီ ေျပာလိုက္သည္။

စုခ်ီ ေၾကာင္သြားကာ နည္းနည္း ရင္ခုန္ခ်င္သလိုျဖစ္သြား၏။ သူ သက္သာလာေတာ့ သက္ေတာင့္သက္သာ ခံစားရသည္။ သူ စုလုရိနဲ႕ လိုက္တဲ့သူ စဥ္းစားလို႔မရ၊ ဒါေပမယ့္ အဲ့လိုလည္း မေကာင္းပါ။

စုခ်ီက ေျပာလိုက္၏။ "အကဲပိုေနတာထက္ အရပ္ပုတာကမွ ပိုေကာင္းတယ္။ ရွာမေတြ႕ရင္ ငါ့လို လူမ်ိဳးအၿမဲရွာလို႔ရေနတာပဲ"

သူတို႔အခန္းကို ျပန္လာေတာ့ စုယြီက စားပြဲေထာင့္မွာ လႈပ္ရွားေနတုန္းပင္၊ သူတို႔ အၾကာႀကီး ေပ်ာက္သြားတာကို ဘာလို႔လဲေတာင္ မေမးပါ။ သူ ကစားေနခ်ိန္ဆို ဘာကိုမွ အာ႐ုံမရ။

စုက်န္းခ်န္ကေတာ့ သူတို႔ကို တစ္ခ်က္ၾကည့္လာၿပီး ဘာမွေတာ့မေျပာ။

ကိုးနာရီ‌ေလာက္အထိ ေဆာ့ၿပီးတာနဲ႕ စုခ်ီက ျပန္ဖို႔ေျပာလိုက္သည္။ သူတို႔အေရွ႕က ေကာင္တာမွာ
ေငြရွင္းမလို႔ လုပ္ေပမယ့္ အံ့ၾသဖြယ္ေကာင္းစြာ ေငြရွင္းၿပီးသား ျဖစ္ေနသည္။

စုယြီ သိခ်င္မိ၏။ "ဘာလို႔လဲ"

စုက်န္းခ်န္ရဲ႕အၾကည့္ေတြက စုလုရီ အေပၚ ခဏက်သြားခဲ့သည္။ စုခ်ီက သူ႕ကတ္ကို ထုတ္လိုက္၏။
"ျဖတ္လိုက္။ မလုပ္ရင္ ဧည့္သည္ကို လွည့္စားတယ္ျဖစ္မယ္"

ေကာင္တာက လူကေတာ့ ဒါမ်ိဳး ထူးျခားတဲ့တိုင္တန္းခ်က္ကို ပထမဆုံးႀကဳံဖူးတာပင္။
ဧည့္သည္ကို ဘာလို႔ လွည့္စားရမွာလဲ။ အဲ့လိုေျပာတာ သူတို႔ ေငြရွင္းစရာ မလိုဘူးေလ။

အင္အားသုံး ေငြရွင္းၿပီးတဲ့ေနာက္မွာေတာ့ သူတို႔အုပ္စု ဘိလိယက္ေဆာင္ကေန ျပန္ထြက္လာခဲ့ၾကသည္။
စုလုရီက စုခ်ီကို တိတ္တိတ္ေလးတြန္းလိုက္၏။ "ကြၽန္ေတာ္ အလိုက္ခံေနရၿပီလို႔ ထင္လား။ အလိုက္ခံရတာ ဒါပထမဆုံးပဲ"

သူ တအားျမင့္ျမတ္သြားသလို ခံစားလိုက္ရသည္။ သူ႕ကို ေယာကၤ်ားတစ္ေယာက္က လိုက္တာ ဒါပထမဆုံးပဲ။

စုခ်ီ ႐ြဲ႕လိုက္၏ "မင္းကိုယ္မင္း ဆန္းဒဝစ္ခ်္ ထင္ေနလား" စုလုရီ နင္သြားတာျမင္ေတာ့ သူ ပညာေလးနည္းနည္းထည့္ကာ ...
"ပိုက္ဆံသုံးၿပီး လိုက္တာ ခုံ႐ုံးေရာက္ဖို႔ အေပါခ်ာဆုံး နည္းလမ္းပဲ"

စုယြီက တစ္တက္တစ္ပ်က္ပဲ ၾကားကာ သူတို႔ အနားကပ္လာၿပီး "ဘာလို႔ စိတ္ခံစားခ်က္နဲ႕
ပတ္သတ္တာေတြ ေျပာေနၾကတာလဲ။ ဘယ္သူရည္းစားရေတာ့မွာ မလို႔လဲ"

စုလုရီက စုခ်ီကို ဂ႐ုတစိုက္လွမ္း ၾကည့္လိုက္၏။ ၾကည့္ရတာ သူ႕အစ္ကိုႀကီး စိတ္မတိုေသးဘူးပဲ။
က်ားသားမိုးႀကိဳး။

စုခ်ီရဲ႕ အမူအရာကေတ ာ့မေျပာင္းမလဲ "ေစာေသးတယ္"

--------------------------------------

ေနာက္ေန႕ မနက္မွာေတာ့ စုလုရီတစ္ေယာက္ အဖ်ားနည္းနည္း က်သြားကာ နိုးလာခဲ့၏။
ေန႕လည္က် စုက်န္းခ်န္အေနာက္ကို ေလွေလွာ္ ဆက္ေလ့က်င့္ရေအာင္ လိုက္လာခဲ့လိုက္သည္။

ညေနက် စုယြီနဲ႕ အခန္းထဲမွာ ပိုကာ သြားကစား၏။

သူတို႔သုံးေယာက္ ကစားေနရင္း သူတို႔သာ စုယြီနဲ႕ကစားေနရင္ ဘာ ဂိမ္းအေတြ႕အႀကဳံမွ ရမွာ မဟုတ္ဘူးဆိုတာ နားလည္လိုက္သည္။ မသိရင္ ဂိမ္းေဆာင္လာၿပီး အညစ္ခံေနသလိုပဲ။

စုလုရီက စုခ်ီကို ေခၚလိုက္ကာ  ႏွစ္ေယာက္တြဲႏွစ္ဖြဲ႕ခြဲ ကစားရန္ အႀကံျပဳလိုက္သည္။
အဖြဲ႕ခြဲေနတုန္းမွာ စုယြီက စုလုရီကို ဆြဲထားခ်င္၏။ "ေနမေကာင္းေနတာ သနားစရာေလး၊ လွဲေနလိုက္ တတိယ အစ္ကိုႀကီးက အနိုင္ယူေပးမယ္"

စုလုရီက "ကြၽန္ေတာ္က ကြၽန္ေတာ့္ အစ္ကိုႀကီးနဲ႕ပဲအဖြဲ႕ဖြဲ႕ခ်င္တာ"

စုယြီက ကံေကာင္းတယ္ဆိုရင္ေတာင္ သူ႕အစ္ကိုႀကီးကလည္း ေခသူ မဟုတ္ပါ။

စုယြီကလည္း စုလုရီကို ဆြဲဖို႔ ႀကိဳးစားေနၿပီး စုလုရီက သူတို႔ႏွစ္ေယာက္ၾကား ေရွ႕တိုးလိုက္ ေနာက္ဆုတ္လိုက္နဲ႕ တန္းလန္းျဖစ္ေနသည္။ ဘယ္ဖက္မွာမပါတဲ့ ၾကားေန စုက်န္းခ်န္က "ငါနဲ႕ေနေလ" လို႔ ဝင္ေျပာလိုက္သည္။

သူက စုလုရီကို ေျပာလိုက္၏။ "ဘယ္သူနဲ႕ ေနရမွန္းမသိရင္ ငါနဲ႕သာ ေန"

စုလုရီကေတာ့ သူ႕ရဲ႕ျဖဴစင္တဲ့ ၾကင္နာမႈကို ျငင္းလိုက္သည္။ "ကြၽန္ေတာ္က အစီအစဥ္ေတြ၊
ေပါင္းစည္းမႈေတြကို ေလးစားတယ္" ကြၽန္ေတာ္တို႔လို ဘုန္းႀကီးေတြက အတူတူက်လိဳ႕ မျဖစ္ဘူး။

စုလုရီ ေနာက္ဆုံးေတာ့ စုခ်ီနဲ႕ တစ္ဖြဲ႕တည္း က်သြားခဲ့၏။ ၿပီးေတာ့ စုခ်ီရဲ႕ ပူးေပါင္း ပါဝင္မႈေၾကာင့္
သူတို႔ေတြ ပိုက္ဆံေတြ ရလာခဲ့သည္။

စုခ်ီက စုယီလို ကံမေကာင္းေပမယ့္ ဘယ္ကဒ္က်န္ၿပီး ဘယ္သူ႕လက္ထဲမွာ ဘယ္ကဒ္ရွိေနေလာက္တယ္ဆိုတာ တြက္ခ်က္နိုင္တယ္ေလ။ ေနာက္ဆုံးေတာ့ ဦးေႏွာက္ အားကိုးၿပီး စုယြီဆီက ပိုက္ဆံအနည္းငယ္ နိုင္ခဲ့ၾကတာေပါ့။

စုယြီ နဲ႕စုက်န္းခ်န္ ျပန္သြားၿပီးတဲ့ေနာက္ စုလုရီဆီပိုက္ဆံေတြ ပစ္ေပးလိုက္ၿပီး "မင္း ယူလိုက္"

စုလုရီက ကုတင္ေပၚမွာ လွဲေနၿပီး တံခါးကေန ေလတစ္ခ်က္အတိုးမွာ ပိုက္ဆံေတြက သူ႕ တစ္ကိုယ္လုံးေပၚ ပ်ံ့က်ဲလာခဲ့သည္။ သူ မ်က္လုံးျပဴးကာ ပိုက္ဆံေတြကို လိုက္ေကာက္လိုက္ၿပီး "အစ္ကိုႀကီးကလည္း၊ ကြၽန္ေတာ့္အေပၚ မပစ္နဲ႕ေလ။ လြင့္က်သြားရင္ ကံမေကာင္း ျဖစ္တတ္တယ္"

စုခ်ီ "..."

အပန္းေျဖစခန္းမွာ ရက္အနည္းငယ္ေနၿပီးတာနဲ႕ ျပန္ရမယ့္ရက္ကို နီးလာသည္။ စုလုရီရဲ႕အဖ်ားလည္း ေပ်ာက္သြားေပမယ့္ လူကေတာ့ ႏႈံးၿပီး က်န္ခဲ့သည္။

သူတို႔ အိမ္မျပန္ခင္ စုမိသားစုက အနီးနားကထူးျခားတဲ့ စားေသာက္ဆိုင္မွာ စားခဲ့ၾက၏။ စုလုရီက သူတို႔ေနာက္ကေန လိုက္လာၿပီး 'NY' ဆိုတဲ့စားေသာက္ဆိုင္ နာမည္ကို ျမင္လိုက္သည္။

"......"

စုက်စ္ထုံက သူၾကည့္ေနတဲ့ ေနရာကို ၾကည့္ၿပီး "NY က ဘာကိုေျပာတာလဲ"

စုခ်ီကေတာ့ ဘာစကားမွ ေျပာမလာပါ သူအရင္ကတည္းကသိခဲ့သင့္တာ ... န်ဲ့။

စုလုရီက မႈန္ေတေတႏွင့္ "အဲ့တာ ကံမေကာင္းမႈကိုေျပာတာ"

စုခ်ီ "..."

စားေနတုန္း စုက်စ္ထုံက အသီးဝိုင္ကို ေဖာက္ကာ စုလုရီက လြဲလို႔ တစ္ေယာက္ခ်င္းဆီကို ငွဲ႕ေပးသည္။ စုလုရီကေတာ့ လတ္လတ္ဆတ္ဆတ္ညွစ္ထားတဲ့ အသီးေဖ်ာ္ရည္ကိုသာ ငုံရင္း ဝိုင္အရသာ အကဲျဖတ္ေနၾကတဲ့ သူတို႔ကို ၾကည့္ေနလိုက္သည္။

စားပြဲ လႈပ္သြားတာနဲ႕အတူ စုလုရီက သူ႕ေဘးမွာ ထိုင္ေနတဲ့ စုခ်ီကို ခိုးတို႔လိုက္ၿပီး ...
"အစ္ကိုႀကီး၊ ထပ္ၿပီး ေငြရွင္းသြားရင္ ဘယ္လိုလုပ္မလဲ"

စုခ်ီက ခ်က္ခ်င္းေျဖလာသည္။ "ျပႆနာ ရွာပစ္မယ္"

စုလုရီ စိတ္သက္သာရာ ရသြားခဲ့သည္။ သူ႕ အစ္ကိုႀကီးက ေခသူမွ မဟုတ္တာ။ သူက အေၾကာင္းရာေတြကို အေၾကာင္းျပခ်က္ ခိုင္ခိုင္မာမာနဲ႕ ကိုင္တြယ္နိုင္တယ္ေလ။

မျပန္ခင္ (shooting squad) ကေန စာဝင္လာသည္။ သူတို႔ ေစ်းကြက္ကို စစ္ေဆးၿပီး ေရာင္းေစ်းေတြကို ၾကည့္ခ်င္ေနသည္။ စြင္းဟဲ့ယြီက အခ်ိန္ကိုေတာင္စီစဥ္ၿပီးေနၿပီ သူတို႔ ငါးရက္အတြင္း ထြက္ၾကမည္ျဖစ္၏။

က်ိဳးခ်င္းခ်န္ဆိုတဲ့အေကာင့္ ေျမျမႇုပ္ခံလိုက္ရတာလည္း သူမေမ့ပါ။ သူရက္ေတြကို စိတ္ထဲကေန
တြက္ေနလိုက္သည္္။

ကိစၥေတြကို ခိုးလုပ္ထားတာျဖစ္၍ စုက်စ္ထုံနဲ႕ ယုရွင္းရန္ကို သူငယ္ခ်င္းေတြနဲ႕ တစ္လေလာက္
ခရီးသြားမယ္လို႔သာ ေျပာလိုက္၏။

စုက်စ္ထုံကေတာ့ စိတ္မခ်ပါ။ "က်ိဳးအိမ္နဲ႕ စြင္းအိမ္က ေျမးေတြနဲ႕လား၊ သုံးေယာက္ထဲလား။
ဘယ္သြားၾကမွာလဲ။ အေဖ သက္ေတာ္ေစာင့္ေတြငွားထည့္ေပးလိုက္ရမလား"

စုလုရီ ျမန္ျမန္ပဲ ျငင္းလိုက္သည္။ "မလိုပါဘူး"

စုခ်ီ သူ႕အေဖက သူ႕သား ေက်ာင္းခရီးပဲသြားမွာလိုလို၊ လူကုန္ပဲ ကူးခံရေတာ့မွာလိုလိုနဲ႕
စိတ္ပူေနတာကို ၾကည့္ေနလိုက္သည္။

သူ စုလုရီ လူကုန္ကူး ခံရမွာကို စိတ္ပူေနတာ မဟုတ္ပါဘူး။ လူတစ္ေယာက္က မ,ေျပးသြားမွာပဲ
စိတ္ပူတာ။

စုက်စ္ထုံနဲ႕ သူ႕ ဇနီးကို နားခ်ၿပီး‌ေနာက္မွာ‌ေတာ့ စုလုရီ group chat ထဲ စာခိုးပို႔ရန္ လုပ္လိုက္သည္။
စုခ်ီ လာေတာ့ သူ စာရိုက္ေနတုန္း။

"က်ိဳးခ်င္းခ်န္နဲ႕ စြင္းဟဲ့ယြီလား" စုခ်ီက သူ႕ကို ၾကည့္လာ၏။ "ေနေတာင္ မေကာင္းေသးပဲ ခရီး အတူတူ ထြက္ရေလာက္ေအာင္ မင္းတို႔က ဘယ္တုန္းက ရင္းႏွီးသြားတာလဲ"

စုလုရီ အျပစ္ရွိသလို အၾကည့္နဲ႕ ဖုန္းအျမန္ ပိတ္လိုက္သည္။ သူေခါင္းကို ငုံ႕ကာ လက္ကို ကစားေန၏။
"သူငယ္ခ်င္းရွိတာ ပထမဆုံးေလ။ သူတို႔နဲ႕သြားလည္ခ်င္လို႔ပါ"

"ညည္း မေနနဲ႕" စုခ်ီ မ်က္ႏွာရႈံ႕လိုက္သည္။ သူတစ္ခုခု ေျပာခ်င္ေပမယ့္လည္း ရပ္တန႔္လိုက္၏။

သူ စိတ္ထဲကေန က်ိဳးခ်င္းခ်န္နဲ႕ စြင္းဟဲ့ယြီကို ခ်ိန္ၾကည့္လိုက္သည္။ သူနဲ႕ ယွဥ္ဖို႔ မေျပာနဲ႕၊ န်ဲ့နဲ႕ေတာင္ေအာက္မွာ ရွိတယ္။ စုလုရီ....သည္တစ္ထြာ တစ္မိုက္ဉာဏ္နဲ႕ ငတုံးကေတာ့။

"မိဘေတြကို အေၾကာင္းၾကားဖို႔ မေမ့နဲ႕ဦး။ မိဘေတြကို စိတ္မပူေစနဲ႕"

စုလုရီက လက္တစ္ဖက္ကို ျမႇောက္ကာ ကတိေပးလိုက္၏။ "ၾကားမွာပါ။ မိသားစု gruop
chat ထဲမွာ ပို႔လိုက္မယ္။ ပုံေတြေရာ၊ စာေတြေရာ၊ ဆယ္လ္ဖီေတြေရာ၊ အုပ္စုလိုက္ပုံေတြေရာ ပို႔လိုက္မယ္"

စုခ်ီက ေက်နပ္သြားဟန္နဲ႕ ေထာင္ေနတဲ့ဆံပင္ေတြကို ဖိေပးလာသည္။ "ေကာင္းတယ္"

ထြက္သြားမလို႔ လုပ္ေနတုန္း စုခ်ီဆီကို ဖုန္းဝင္လာ၏။ စုလုရီက သူ႕ အတြင္းေရးမႉး ေရွာင္ခ်င္းဆီက အသံကို တိုးတိုးၾကားလိုက္သည္။

အဲ့ဘိုးေတာ္ကို သူ႕အစ္ကို ႏွိပ္စက္မွာ ေစာင့္ေနတာ၊ အဲ့တာမွ သူလည္း အေရခြံႏႊာလို႔ ရမွာ။

စုခ်ီ ဖုန္းခ်တာကို ေစာင့္ၿပီး သူ႕အနား ကပ္ကာ "ေရွာင္ခ်င္းလား"

စုခ်ီက သူ႕ကို တစ္ခ်က္ငဲ့ၾကည့္ကာ "ၾကည့္ရတာ မင္း ေရွာင္ခ်င္းကို အထင္ႀကီးေနပုံပဲ"

စုလုရီ "ေရွာင္ခ်င္းက ေတာ္ပါတယ္"

"ဟုတ္တယ္၊ သူက အလုပ္မွာ ေတာ္တယ္။ ၿပီးေတာ့ ငါ့ကို ဘာျပႆနာမွ မေပးဘူး" စုခ်ီက ခဏရပ္လိုက္ၿပီး စုလုရီရဲ႕ မ်က္ႏွာ အရိပ္အကဲကို ၾကည့္ကာ သတိထား၍ ထပ္ေျပာလိုက္၏။ "ဒါေပမယ့္လည္း အေျခ မၿငိမ္ေသးပါဘူး"

စုလုရီက အားရပါးရ သေဘာတူကာ "ဟုတ္တယ္။ သူက မတည္ၿငိမ္ေသးဘူး" ျမန္ျမန္ တစ္စုံတစ္ေယာက္ကို အလုပ္ထုတ္လိုက္ေတာ့။

စုခ်ီက သံသယကင္းသြားသည္။ သိရင္ၿပီးတာပဲ။

စုလုရီကလည္း စိတ္သက္သာရာရသြား၏။ သိလို႔ ေတာ္ေသးတာေပါ့။

ၿငိမ္းခ်မ္းတဲ့ ေလထုထဲမွာ စုလုရီက ခုံထိပ္တြင္ ထိုင္ကာ ေျခေထာက္ကို ဟိုဟိုဒီဒီ လႊဲေနသည္။
"ေရွာင္ခ်င္းက အစီရင္ခံတာလား"

စုခ်ီက "ဟုတ္တယ္၊ သူက အားလပ္ရက္ေနာက္ အစီအစဥ္ေတြ ေျပာျပေနတာ။ ငါ ခရီးထြက္ရဦးမယ္"

"ဘယ္လဲ"

"ဘန္းယမ္းၿမိဳ႕"

စုလုရီရဲ႕ေျခေထာက္ေတြ ရပ္တန႔္သြားခဲ့သည္။

ေသစမ္း၊ သူတို႔သြားမွာလည္း ဘန္းယမ္းၿမိဳ႕မလား။

Đọc tiếp

Bạn Cũng Sẽ Thích

1.3M 61K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
464K 11.4K 11
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
319K 28.6K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...