I just Wanna be Hero, not Her...

Door KoKo27644

12.1K 1.3K 90

Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်... Meer

V5 Prologue
Volume 5 Visual Poster details
V5 Chapter 1
V5 Chapter 2
V5 Chapter 3
V5 Chapter 4
V5 Chapter 5
V5 Chapter 6
V5 Chapter 7
V5 Chapter 8
V5 Chapter 9
V5 Chapter 10
V5 Chapter 11
V5 Chapter 12
V5 Chapter 13
V5 Chapter 15
V5 Chapter 16
V5 Chapter 17
V5 Chapter 18
V5 Chapter 19
V5 Chapter 20
V5 Chapter 21
V5 Chapter 22
V5 Chapter 23
V5 Chapter 24
V5 Chapter 25
V5 Chapter 26
V5 Chapter 27
V5 Chapter 28
V5 Chapter 29
V5 Chapter 30
V5 Chapter 31
V5 Chapter 32
V5 Chapter 33 - မှောင်မိုက်သောနေ့များ
V5 Chapter 34 ဆင့်ကဲဖြစ်စဥ်
V5 Chapter 35 ဧည့်သည်
V5 Chapter 36 ဖရာလီတာ
V5 Chapter 37 - SSS အဆင့်လား
V5 Chapter 38 - နိမိတ်
V5 Chapter 39
V5 Chapter 40 - နတ်ဆိုးနဲ့အပေးအယူလုပ်ခြင်း
V5 Chapter 41
V6 Chapter 1
V6 Chapter 2 ဝါရှင်တန်ဆန့်ကျင်ရေးသမား
V6 Chapter 3 ကတိတစ်ခု
V6 Chapter 4 ထိပ်တိုက်တွေ့ခြင်း
V6 Chapter 5
V6 Chapter 6 - ဒဏ္ဍာရီတစ်ခု၏အဆုံးသတ်
V6 Chapter 7 - ဖလေရာနှင့်ထပ်ဒိတ်ခြင်း
V6 Chapter 8
V6 Chapter 9
V6 Chapter 10
V6 Chapter 11
V6 Chapter 12
V6 Chapter 13
V6 Chapter 14
V6 Chapter 15
V6 Chapter 16
V6 Chapter 17
V6 Chapter 18
V6 Chapter 19
V6 Chapter 20
V6 Chapter 21
V6 Chapter 22
V6 Chapter 23
V6 Chapter 24
V6 Chapter 25
V6 Chapter 26
V6 Chapter 27
V6 Chapter 28
V6 Chapter 29
V6 Chapter 30
V6 Chapter 31
V6 Chapter 32
V6 Chapter 33
V6 Chapter 34
V6 Chapter 35
V6 Chapter 36
V6 Chapter 37
V6 Chapter 38
V6 Chapter 39
V6 Chapter 40
V6 Chapter 41
V7 Prologue
V7 Chapter 1
V7 Chapter 2
V7 Chapter 3
V7 Chapter 4
V7 Chapter 5
V7 Chapter 6
V7 Bonus Chapter
V7 Chapter 7
V7 Chapter 8
V7 Chapter 9
V7 Chapter 10
V7 Chapter 11
V7 Chapter 12
V7 Chapter 13
V7 Chapter 14
V7 Chapter 15
V7 Chapter 16
V7 Chapter 17
V7 Chapter 18
V7 Chapter 19
V7 Chapter 20
V7 Chapter 21
V7 Chapter 22
V7 Chapter 23
V7 Chapter 24
V7 Chapter 25
V7 Chapter 26
V7 Chapter 27
V7 Chapter 28
V7 Chapter 29
V7 Bonus Chapter 2
V7 Chapter 30
V7 Chapter 31
V7 Chapter 32
V7 Chapter 33
V7 Chapter 34
V7 Chapter 35
V7 Chapter 36
V7 Chapter 37
V7 Chapter 38
V7 Chapter 39
V7 Chapter 40
V7 Chapter 41
V7 Chapter 42
V7 Chapter 43
V8 Bonus Chapter
V8 Bonus Chapter 2
V8 Chapter 1
V8 Chapter 2
V8 Chapter 3
V8 Chapter 4
V8 Chapter 5
V8 Chapter 6
V8 Chapter 7
V8 Chapter 8
V8 Chapter 9
V8 Chapter 10
V8 Chapter 11
V8 Chapter 12
V8 Chapter 13
V8 Chapter 14
V8 Chapter 15
V8 Chapter 16
V8 Chapter 17
V8 Chapter 18
V8 Chapter 19
V8 Chapter 20
V8 Chapter 21
V8 Chapter 22
V3 Chapter 23
V8 Chapter 24
V8 Chapter 25
V8 Chapter 26
V8 Chapter 27
V8 Chapter 28
V8 Chapter 29
V8 Chapter 30
V8 Chapter 31
V8 Chapter 32
V8 Chapter 33
V8 Chapter 34
V8 Chapter 35
V9 Chapter 1 + မိတ်ဆက်
V9 Chapter 2
V9 Chapter 3
V9 Chapter 4
V9 Chapter 5
V9 Chapter 6
V9 Chapter 7
V9 Chapter 8
V9 Chapter 9
V9 Chapter 10
V9 Chapter 11
V9 Chapter 12
V9 Chapter 13
V9 Chapter 14
V9 C15
V9 Chapter 16
V9 Chapter 17
V9 Chapter 18
V9 Chapter 19
V9 Chapter 20
V9 Chapter 21
V9 Chapter 22
V9 Chapter 23
V9 Chapter 24
V9 Chapter 25
V9 Chapter 26
V9 Chapter 27
V9 Chapter 28
V9 Chapter 29
V9 Chapter 30
V9 Chapter 31
V9 Chapter 32
V9 Chapter 33

V5 Chapter 14

75 12 1
Door KoKo27644

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 14 - ဆန့်ကျင်ခြင်း

"ဖရန့်.... ဖရန့်..."

ရင်းနှီးနေတဲ့ တစ်စုံတစ်​ယောက်ရဲ့ခေါ်သံကြောင့် ဖရန့်မျက်လုံးဖွင့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ဟောင်းနွမ်းနေပေမဲ့ ခမ်းနားနေသေးတဲ့ အုတ်ချပ်ပြားတွေခင်းထားရာ စင်္ကြန်လမ်းကို မျက်နှာမူထားမိတယ်။

ပုံမှန်မဟုတ်တဲ့အ​ခြေအနေကြောင့် ဖရန့် အံ့ဩနေမိတယ်။ လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကအထိ သူသေပြေးရှင်ပြေး တိုက်ပွဲတစ်ခုထဲမှာ ရှိနေခဲ့တာမဟုတ်ပါလား။ အခုတော့ သူ့မှတ်ဉာဏ်ထဲက အမှတ်တရရှိနေတဲ့ နေရာလေးတစ်ခုဆီကို ရောက်ရှိလာခဲ့တယ်လေ။

ပိုပြီးသေချာသွားအောင်လို့ ပတ်ဝန်းကျင်ကို သူလှည့်ပတ်ကြည့်တော့ သူ့စိတ်ထဲစိတ်စွဲနေတဲ့ မြင်ကွင်းတစ်ခုကို မြင်နေရတယ်။ ဖြာကျနေတဲ့ နူးညံ့ညံ့ နေရောင်ချည်၊ အခမ်းနားဆုံးသော ဗစ်တိုးရီးယားခေတ် အမိုးခုံးအုတ်ကြွပ်ပြားတွေမိုးထားတဲ့ ကျောင်းဆောင်တွေ။

ကျောင်းဆောင်တွေရဲ့ပြတင်းပေါက်က ပုံဖော်မှန်ကူပန်းချီကွက်တွေက နှစ်များစွာကြာတဲ့အထိ သူမမေ့နိုင်ခဲ့တဲ့နေရာပါ။

"ဒါက အိပ်မက်လား၊ တကယ်လား။" ဖရန့် အသံထွက်ပြီး ရေရွတ်လိုက်မိတယ်။ ဘေးပတ်ပတ်လည်က မြင်ကွင်းတွေကြောင့် သူ့လက်ထဲကိုင်ထားတဲ့ စားစရာတချို့ကိုတောင် ပစ်ချလိုက်မိတယ်။

"ဥရောပဟီးရိုးကျောင်းတော်..." ဒီကျောင်းတော်ကို သူမှတ်မိနေဆဲပါ။ ဥရောပရဲ့အကြီးဆုံးဟီးရိုးကျောင်းဖြစ်ပြီး တစ်ချိန်က အခမ်းနားဆုံးဘုရားကျောင်းဖြစ်ခဲ့တဲ့နေရာပါ။ နောက်ဆုံးသူမှတ်မိတုန်းကလိုပဲ ဒီနေရာမှာ ရာနဲ့ချီတဲ့ကျောင်းသားတွေ သွားလာနေတယ်။ ဒီကျောင်းသားတွေရဲ့တက်ကြွတဲ့ ခြေသံတွေ၊ ​သာယာတဲ့စကားသံတွေကြောင့် သူ့မျက်လုံးမှာမျက်ရည်တွေဝိုင်းလာတဲ့အထိပဲ။

"ဖရန့်... မင်းဘာဖြစ်နေတာလဲ။ မင်းစွမ်းအားသစ်က ငေးငိုင်ခြင်းတော့ မဟုတ်ဘူးမဟုတ်လား။" တစ်ယောက်ယောက်က သူ့ပခုံးပေါ်ကို လက်တင်လိုက်တာကြောင့် သူလှည့်ကြည့်လိုက်တော့ သူဘယ်တော့မှ မြင်ရတော့မယ်မထင်တဲ့ လူတစ်ယောက်ရဲ့မျက်နှာကို သူမြင်လိုက်ရတယ်။

"လူကန်... မင်းဘယ်လိုလုပ်ပြီး..." လူကန်ကတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိထားမိပုံမရဘူး။ အဲဒီအစား ဖရန့်ရဲ့အစွမ်းသစ်ဆိုတာကိုသာ စိတ်ဝင်စားနေပုံပေါ်တယ်။

ကျောင်းသူလေးတချို့ သူတို့ဘေးကနေဖြတ်သွားတယ်။ အဲဒီကျောင်းသူလေးတွေက ဖရန့်ပခုံးပေါ်လက်တင်ထားတဲ့ လူကန်နဲ့ရှက်​နေပုံရတဲ့ ဖရန့်ကိုမြင်တော့ သူတို့မျက်နှာတွေကို လက်ဖဝါးနဲ့အုပ်ပြီး ရယ်ရယ်မောမောနဲ့ အတင်းပြောကြတယ်။

"ဟဲ့မိန်းမရေ၊ သူတို့ထဲက ဘယ်သူကအပေါ်က ဘယ်သူက အောက်ကလို့ထင်လဲ။"

"မသိသာဘူးလား ကောင်မရဲ့။ လက်တင်ထားတဲ့ကောင်လေးက အပေါ်ကပေါ့။ ငါဒီတစ်သက်လုံး ဖူဂျိုရှီလုပ်လာတာ။ Roleခွဲမှားစရာအကြောင်းကိုမရှိတာ။"

နောက်တော့ လူကန်လည်း သူတို့အနားက ပုံမှန်မဟုတ်တဲ့လေထုကို သတိထားမိသွားပြီး ခါးမှာချိတ်ထားတဲ့ ဓားပေါ်ကိုလက်တင်လို့ ကောင်မလေးတွေကို အော်ဟစ်မောင်းထုတ်လိုက်တယ်။

"ကောင်မလေးတွေ၊ ငါတို့က သေမတူရှင်မကွာ ရဲဘော်ရဲဖက်တွေကွ။ တလွဲထင်မနေကြနဲ့။" ဒါပေမဲ့ ကောင်မလေးတွေကတော့ လက်မလျှော့သေးဘဲ သူတို့နှစ်ယောက်ကိုကြည့်ပြီး ရယ်နေကြတယ်။

"ကြည့်ပါဦး၊ Semeလေးက သူ့Ukeလေးကို ကာကွယ်ပေးဖို့လုပ်နေပြီ။"

အဲဒီစကားကိုကြားတော့ ဖရန့်တစ်ယောက် တစ်ကိုယ်လုံး တုန်တက်သွားပြီး အဲဒီနေ့ကို သူအမှတ်ရလာတယ်။ အဲဒီနေ့ဆိုတာက သူတို့အလုပ်သင်ဟီးရိုးလိုင်စင်စာမေးပွဲမဖြေရသေးခင် ကျောင်းတက်ရတဲ့နောက်ဆုံးနေ့။ ပြီးတော့ ဖရန့်ရဲ့ဒုတိယစွမ်းအားရဲ့ဒုတိယအဆင့် နိုးထလာပြီးနောက် လူကန်ကို ပြောပြဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ပါ။

ရုတ်တရက် ဆံပင်အစိမ်းရောင်လေးနဲ့ကောင်မလေးတစ်ယောက် သူ့ရင်ဘတ်ထဲကနေ ဝိညာဥ်လိုမျိုးတိုးထွက်လာပြီး ပြုတ်ကျနေတဲ့ မုန့်တွေထဲက လို​လီပေါ့သကြားလုံးလေး​ကို ကောက်ကိုင်လိုက်တယ်။ အဲဒီနောက် ဖရန့်ကို မကြည်ကြည့်နဲ့ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"အရူးကောင်...." ကောင်မလေးမျက်နှာက ဆူပုတ်ပုတ်နဲ့ သူ့မုန့်တွေကို ပစ်ချလို့ မကျေမနပ်ဖြစ်နေတဲ့ပုံပဲ။

"ခုနောက်ပိုင်း Boy Loveဇာတ်လမ်းကြိုက်တဲ့ မိန်းကလေးတွေများလာတာ မကောင်းလိုက်တာ။ သူငယ်ချင်းအချင်းချင်းတောင် ပခုံးချင်းဖက်မသွားနိုင်တော့ဘူးရယ်... ဟာဟေး၊ ဖရန့်။ မင်းဘယ်က ကောင်မလေးကို ကျောင်းထဲခေါ်ထားတာလဲ။ ပြီးတော့ သေးသေးလေးရယ်။ ၁၁နှစ်သမီးလေးလား။"

လူကန်က ဖရန့်ဖက်ကို ပြန်လှည့်ကြည့်ပြီးတဲ့နောက်တော့ ဆူပုပ်ပုပ်မျက်နှာပေးနဲ့ ဖရန့်ပခုံးပေါ်တက်ထိုင်နေတဲ့ ဆံပင်စိမ်းကောင်မလေးကိုမြင်ပြီး မေးလိုက်တယ်။ ကောင်မလေးကတော့ စုပ်လုံးသကြားလုံးကို ပါးစပ်ထဲထည့်ထားရင်း ပါးဖောင်းဖောင်းလေးနဲ့ လူကန်ကို စိတ်ဝင်တစားကြည့်နေတယ်။ ဖရန့်ကတော့ မျက်နှာပြောင်တဲ့အနေနဲ့ လက်မထောင်ပြလိုက်ပြီး

"ငါမြေအောက်ခန်းထဲမှာ လျှို့ဝှက်ပြီးသိမ်းထားတဲ့ ကလေးမလေးလေ။"

သူတို့အဖေတွေလက်ထက်က အိုဟောင်းနေတဲ့ ပျက်လုံးတစ်ခုကို ပြောလိုက်တာပေမဲ့ အမှန်တရားဘက်တော်သားကြီးလူကန်ကတော့ ဒေါသကြီးနဲ့ ဖရန့်ကိုဓားနဲ့ခုတ်ဖို့လုပ်နေပြီ။

"ဖရန့်၊ ငါက မင်းကိုလူကောင်းလေးလို့ထင်နေတာ။ လက်စသတ်တော့ အယုတ်တမာကလေးကြိုက်ကောင်ဖြစ်နေပြီး ကလေးမလေးတစ်ယောက်ကို ပြန်ပေးဆွဲထားတယ်ပေါ့။"

လူကန်ရဲ့စကားတွေကြောင့် ဖရန့်ဘာပြန်ပြောရမှန်းမသိတော့ဘူး။ လူကန်က ထက်မြက်ပုံရပေမဲ့ ဖရန့်ထက် တချို့နေရာတွေမှာပိုတုံးတယ်။ ဖရန့်က ပန်းသီးလေးကို ခါးကနေချီလိုက်ပြီး လူကန်ပခုံးပေါ်ကို ပြောင်းတင်ပေးလိုက်လေရဲ့။

"လူကန်၊ ငါမင်းကိုပြမယ့် ငါ့ရဲ့ဒုတိယဆင့်ခေါ်ကောင်ဆိုတာ ဒီကောင်မလေးလေ။ သစ်တောအပျိုစင်လို့တော့ပြောတာပဲ။ အသုံးတည့်လားမတည့်လားမသိပေမဲ့ သကြားလုံးအတော်ကြိုက်တယ်။ မင်းဒီနေ့ ဒီကောင်မလေးကို ထိန်းပါ့လား။"

"....."

...

အိပ်မက်လိုလို တကယ်လိုလိုဖြစ်နေတဲ့ မှတ်ဉာဏ်တွေထဲကနေ နိုးထလာပြီးနောက်တော့ သူ့ရှေ့က မြင်ကွင်းတွေကို ဖရန့်တစ်ဖန် ပြန်သတိထားမိလာပြန်တယ်။

သိပ်ခမ်းနားလှတဲ့ ဗစ်တိုးရီးယားစတိုင် ကျောင်းကြီးရှိမနေတော့ဘူး။ အဲဒီအစား အော်ဂလီဆန်စရာသွေးနံသင်းနေတဲ့ လေထုကိုပဲ သတိထားမိတယ်။

သူ့အတွက်သိပ်ကိုအင်အားကြီးလွန်းတဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဝက်ဝံညိုကြီးက အခုလမ်းပေါ်မှာ သေပွဲဝင်နေပြီ။ လမ်းကို အတော်လေးခိုင်ခံတဲ့ ကွန်ကရစ်နဲ့ခင်းထားတာပေမဲ့ လိပ်နက်နဲ့ဝက်ဝံညိုရဲ့ပြင်းထန်တဲ့တိုက်ပွဲကြားမှာ ကျိုးကြေနေတယ်။

လမ်းပေါ်မှာရှိနေတဲ့ ကားအများစုဟာ ပက်လက်​လန်နေပြီး မလှုပ်ရှားတော့တဲ့ လူတွေရဲ့အလောင်းကို သူ့မျက်စိရှေ့မှာ မြင်နေရတယ်။ သူကအခု ဝက်ဝံညိုရဲ့ရင်ဘတ်ပေါ်မှာ။ သူ့လက်ကို လိပ်နက်ကြေးခွံတွေဖုံးနေပြီး သူ့ကျောကိုတော့ မာကျောတဲ့လိပ်ခွံက ကာကွယ်ပေးထားတယ်။

သူ့လက်က ထူးဆန်းတဲ့လက်သည်းတွေက ဝက်ဝံရဲ့ရင်ဘတ်ကို ထိုးဖောက်ထားတယ်။ သူ့လက်ထဲမှာ တစ်စုံတစ်ခုကို ကိုင်မိထားတယ်ဆိုတဲ့ ခံစားချက်ကြောင့် ဖရန့်ဆွဲထုတ်လိုက်တော့ လူခေါင်းတစ်ခုစာလောက်ရှိတဲ့ နှလုံးအိမ်တစ်ခုက လက်သည်းနဲ့အတူတွဲပါလာတယ်။ လိပ်နက်က ဝက်ဝံညိုရဲ့နှလုံးကို ထိုးဖောက်ပစ်ခဲ့တာ။

"မြင်လားကောင်လေး၊ ငါ့စွမ်းအားက ဒီကမ္ဘာမှာရှိသမျှ အရာရာတိုင်းထက်သာလွန်တယ်။ ငါ့ကိုသာ မင်းအားကိုးမယ်ဆိုရင် ဒီအားနည်းတဲ့ကမ္ဘာကြီးတစ်ခုလုံး မင်းအုပ်ချုပ်နိုင်လိမ့်မယ်။ အဲဒီနှစ်ယောက်လုပ်ခဲ့သလိုပေါ့။"

အဲဒီနှစ်ယောက်ဆိုတာ ဘယ်သူတွေလည်း ဖရန့်မသိဘူး။ သိလည်းမသိချင်ဘူး။ ဖြစ်နိုင်တာက သူ့လိုပဲ လိပ်နက်ကို သယ်ဆောင်ထားခဲ့ရတဲ့သူတွေပဲဖြစ်မှာ။ ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ကံကြမ္မာကလည်း သူ့လိုပဲ ဖြစ်ခဲ့လိ့မ်မယ်။ အလင်းကိုဖက်တွယ်ရင် လောကရဲ့အနက်ရှိုင်းဆုံးနေရာဆီ တဖြည်းဖြည်းတိုးဝင်သွားခဲ့မိကြတဲ့ လူသားတွေပဲနေမှာ။

"ခင်ဗျားက လူတွေရှိနေတဲ့နေရာမှာ သူနဲ့တိုက်ပွဲဆက်ခဲ့တာလား။ ခင်ဗျားကြောင့် လူဘယ်လောက်သေသွားပြီလဲသိလား။"

ဖရန့်က အော်ဟစ်လိုက်ချင်ပေမဲ့ သူ့ပါးစပ်ကနေ စကားသံထွက်မလာဘူး။ အခုထိလိပ်နက်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတုန်းပဲ။ ရုတ်တရက် သူ့လည်ပင်းနောက်ကို တစ်ခုခုလာမှန်ပေမဲ့ ဘာမှမဖြစ်ဘူး။ လှည့်ကြည့်လိုက်တော့ ဒေသခံရဲတပ်ဖွဲ့က အကြောက်ကြောက်အလန့်လန့်နဲ့ သူ့ကိုသေနတ်နဲ့ချိန်ပြီးပစ်နေတာ။

မြို့ထဲမှာ သတ္တဝါဆိုးနှစ်ကောင်တိုက်ခိုက်လို့ လူရာနဲ့ချီညပ်ပါသွားပြီး သေဆုံးကုန်တယ်။ အခုအနိုင်ရသူပေါ်လာပြီဖြစ်ပေမဲ့ တောင်ခြေမြို့ငယ်လေးအဖို့ သတင်းကောင်းမဟုတ်ပါဘူး။ သူတို့အနေနဲ့ ဒီလိပ်နက်ကို နှင်ထုတ်နိုင်မှ စိတ်အေးလက်အေးနေလို့ရမှာပါ။ ဒါပေမဲ့ သူတို့အယူအဆက လွဲနေတယ်။

"ဟမ်... မင်းတို့လို လက်တောက်လောက်ကောင်လေးတွေက ငါလိုသခင်ကြီးကို ပစ်ရဲတယ်ပေါ့။"

လိပ်က အော်ဟစ်လိုက်ပြီး ရဲအုပ်စုဆီ ပြေးဝင်သွားတယ်။ ဖရန့်က တားဆီးဖို့ကြိုးစားပေမဲ့ သူ့ခန္ဓာကိုယ်က သူ့ထိန်းချုပ်မှုအောက်မှာမဟုတ်ဘူး။

"ရပ်တော့... ရပ်ပါတော့၊ ခင်ဗျားသူတို့ကို သတ်စရာမလိုဘူး။" ဖရန့်က အော်ဟစ်ပြီး လိပ်နက်ကိုတောင်းပန်နေပေမဲ့ လိပ်နက်က နားမထောင်ဘဲ ဆက်တိုက်ခိုက်နေတယ်။

ရဲတွေအပါအဝင် ဖြတ်သွားဖြတ်လာလူတွေပါ သေဆုံးကုန်တာကို ဖရန့်မျက်လုံးကနေတစ်ဆင့် မြင်နေရတယ်။ ဒါပေမဲ့ သူဘာမှမလုပ်နိုင်ဘူး။

လိပ်နက် သာမန်လူတွေကို အတားအဆီးမရှိသတ်ဖြတ်နေတုန်းမှာပဲ အကြေးခွံတွေဖုံးလွှမ်းထားတဲ့ ဖရန့်ရဲ့ညာလက်က ပခုံးကနေ ပြတ်ထွက်သွားပြီး သွေးတွေပန်းထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့တစ်ကိုယ်လုံးက အာရုံကြောတွေဆိုင်းသွားတယ်လို့ ခံစားလိုက်ရပြီး ယိုင်ထိုးပြီးလဲကျတော့မလိုဖြစ်သွားတယ်။ ဒါပေမဲ့ လိပ်နက်ရဲ့ပြန်လည်ကုစားနိုင်စွမ်းအောက်မှာပဲ လက်က ပြန်ထွက်လာပြီး အာရုံကြောတွေလည်း ပြန်လှုပ်ရှားလာတယ်။

"ဟမ်... ငါ့ရဲ့အကြေးခွံတွေကို ထိုးဖောက်နိုင်တဲ့ တစ်စုံတစ်ယောက် ရှိမြို့ထဲမှာ ရှိနေတာလား။" တစ်ချိန်တည်းမှာပဲ လိပ်နက်ရဲ့အံ့ဩတကြီးလေသံ ထွက်ပေါ်လာတယ်။

...

အမှောင်ရိပ်ထဲမှာပုန်းနေတဲ့ အရိပ်သခင်လည်း ဒီလိပ်နက်ရဲ့ပြန်လည်ကုစားနိုင်စွမ်းကြောင့် အံ့ဩသွားတယ်။ အရိပ်သခင်နဲ့အတူ အခြားတစ်ယောက်လည်းရှိနေပြီး အဲဒီလူရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက ဝံပုလွေတစ်ကောင်လိုဖြစ်နေတယ်။ ရုရှားရဲ့ဒီမိထရီမိသားစုက S rank ဝံပုလွေလက်သည်းပါ။

"မင်းကို ဘာလို့ဒီခေါ်လိုက်လဲဆိုတာ သိပြီလား။" ဝံပုလွေလက်သည်းက ပြောလိုက်တော့ အရိပ်သခင်က ခေါင်းညိတ်ပြပြီးပြန်ဖြေတယ်။

"အစကတော့ ငါမင်းကို မယုံခဲ့ဘူး၊ ဒီကောင်ကြီးက ယူဂျင်းအကျဥ်းထောင်ကိစ္စမှာတွေ့ခဲ့တဲ့ ငှက်ကြီးနဲ့အဆင့်တူဖြစ်နိုင်တယ်။ ပြီးတော့ ဒီကောင်က ပိုရက်စက်တယ်။"

အနည်းဆုံးတော့ ဖီးနစ်ငှက်ကြီးက အပြစ်မရှိသူတွေကို မသတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီကောင်ကြီးက အသားကျိတ်စက်ကြီးတစ်ခုလိုပဲ။ သူ့လမ်းမှာခံနေသမျှကို သတ်ပစ်မှာပါ။

"အစကတော့ ငါမင်းတို့ကို မခေါ်တော့ဘူး စဥ်းစားထားတာပဲ။ ဒါပေမဲ့ ရုရှားစစ်မြေပြင်မှာ အခုလိုမျိုး ကိန်းရှင်တစ်ခုရှိနေတာ မကောင်းဘူးထင်လို့ မင်းတို့ကို ဆက်သွယ်လိုက်တာ။"

လက်ရှိရုရှားက အမေရိကန်ဦးဆောင်တဲ့ လူသားမဟာမိတ်နဲ့ ဗီလိန်တွေဦးဆောင်တဲ့ မြူတန့်မဟာမိတ်တို့ကြားက အကြီးဆုံးစစ်မြေပြင်ပါ။ အရင်တစ်ခါ စစ်ပွဲထဲ လိပ်နက်ကြီးပေါ်လာတဲ့အတွက် အကုန်ရှုပ်ထွေးကုန်ပြီး စစ်ပွဲအဖြေမပေါ်မယ့်အပြင် နှစ်ဖက်လုံး ဝရုန်းသုံးကားဖြစ်ကုန်တယ်လေ။ ဒါကြောင့်မလို့မြူတန့်မဟာမိတ်က ဒီကောင်ကြီးနောက်ကို ခြေရာခံဖို့အတွက် လနဲ့ချီကြိုးစားခဲ့ကြတယ်။ အခုကတော့ ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့တာပါ။

"အရိပ်သခင်၊ မင်းသူ့ကိုနိုင်မယ်လို့ ယုံကြည်ချက်ရှိလား။"

"မရှိဘူး၊ တခြားသူတွေကို ပြန်ခေါ်ပြီးမှ သူ့ကိုရင်ဆိုင်ကြတာပေါ့။" အရိပ်သခင်က ပွင့်ပွင့်လင်းလင်းပဲ အဖြေပေးလိုက်တယ်။ မကြာခင်မှာပဲ ရုရှားမှာရှိနေတဲ့ S rank နှစ်ယောက်က မြို့လုံးကျွတ်အသတ်ခံရခါနီးဖြစ်နေတဲ့ မြို့ကနေ အသာလေးပြန်ဆုတ်ဖို့ကြိုးစားတယ်။ သူတို့နှစ်ယောက်က အရိပ်သခင်ရဲ့အရိပ်စွမ်းအားထဲမှာ ပုန်းနေတာမလို့ လိပ်နက်ကြီးက အခုထိသူတို့ကို မတွေ့သေးပါဘူး။

ဒါပေမဲ့ ရုတ်တရက် ဖရန့်ရဲ့နားက လှုပ်ရှားသွားပြီးလိပ်နက်က အော်ဟစ်လိုက်တယ်။

"ငါ့ကိုတိုက်ခိုက်ပြီးမှ ထွက်ပြေးချင်တိုင်း ထွက်ပြေးလို့ရမယ်ထင်နေတာလား။" နောက်တော့ လိပ်နက်က ခေါင်းကိုမော့လိုက်ပြီး ဧရာမအဖြူရောင်အလင်းတန်းကြီးတစ်ခုကို လေပေါ်မှုတ်ထုတ်လိုက်တယ်။ ဒါပေမဲ့ဖရန့်ရဲ့မျက်လုံးတွေကနေတစ်ဆင့် ဒါဟာ နှင်းမြူတိမ်တိုက်ကြီးတစ်ခုမှန်း သိနေပါတယ်။

"သေစမ်း၊ သူငါတို့ရှိနေတာကို သိသွားပြီ။" အရိပ်သခင်က ပြောလိုက်တယ်။ ဒီလိုအဆင့်လွန်သားရဲတွေက တကယ့်ကို လျှော့တွက်လို့မရဘူး။

မကြာခင်မှာပဲ နှင်းတိမ်တိုက်တိုင်ကြီးက နှင်းမုန်တိုင်းတစ်ခုအဖြစ်ကို ပြောင်းလဲသွားပြီး တစ်မြို့လုံးကို ဖုံးအုပ်သွားတယ်။ အခုရုရှား S rank နှစ်ယောက်လုံး လိပ်နက်ကြီးရဲ့မြူတန့်နယ်မြေစွမ်းအားအောက်ကို ရောက်သွားပါပြီ။

...

ဖရန့်ရဲ့မျက်စိရှေ့မှာတင် သာမန်လူတွေအကုန်လုံး ရေခဲရုပ်ထုတွေအဖြစ် ပြောင်းလဲကုန်တာကို မြင်လိုက်ရတယ်။ အခုဒီနေရာက သိပ်ကိုအေးလွန်းလို့ စက္ကန့်ဝက်အတွင်း သာမန်လူတွေရဲ့အသွေးအသားကို အေးခဲသွားစေနိုင်တယ်။

နောက်ပြီးနယ်မြေရဲ့ဧရိယာက မြို့တစ်ခုလုံးကို ပိတ်ဆို့ထားနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ နောက်တော့ လိပ်နက်ကြီးက တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်နဲ့ ပြေးသွားလိုက်ပြီး အဲဲဒီနေရာကို ရိုက်ချလိုက်တယ်။

"ခလွမ်း...." တစ်ခုခုကွဲကြေသွားတဲ့အသံနဲ့အတူ ဘာမှမရှိတဲ့နေရာတစ်ခုကနေ အရိပ်နှစ်ခုထွက်လာပြီး လိပ်နက်နဲ့ အကွာအဝေးတစ်ခုခြား ရပ်လိုက်တယ်။

"အရိပ်သခင်၊ ဝံပုလွေလက်သည်း။" ဒီနှစ်ယောက်ကို ဖရန့်သေချာသိပါတယ်။ တစ်ယောက်က ရုရှားရဲ့S rank ဒီမီထရီမိသားစုခေါင်းဆောင်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ ထိပ်သီးဗီလိန်အဖွဲ့ဖြစ်တဲ့ အရိပ်အဖွဲ့ခေါင်းဆောင် အရိပ်သခင်ပါ။ သူတို့နှစ်ယောက်က လိပ်နက်ကြောင့် ဒီကိုရောက်လာတဲ့ပုံပဲ။

"ဟမ်... မင်းပြောတဲ့ပုံအရဆိုရင် ဒီကောင်တွေက ပုံမှန်တွေ့နေကျလူသားတွေ မဟုတ်တဲ့ပုံပဲ။ ဒါပေမဲ့ နည်းနည်းသန်မာတာကလွဲလို့ ငချွတ်လေးတွေပါ။"

လိပ်နက်က ဖရန့်ရဲ့စိတ်တွင်းစကားသံကိုကြားသွားပြီး ပြန်ပြောတယ်။ အဲဒီနောက် လိပ်နက်က ပါးစပ်ကိုဟပြီး သူ့အာခံတွင်းကထွက်လာတဲ့ ရေခဲငွေ့တွေကို ရေခဲချွန်အ​ဖြစ်​ပြောင်းပြီး စတင်ပစ်ခတ်တယ်။

"သတိထား..." အရိပ်သခင်နဲ့ဝံပုလွေလက်သည်းက တစ်ယောက်ကိုတစ်ယောက် သတိပေးလိုက်ကြပြီး အရိပ်သခင်အသံမြန်နှုန်းကို ချိုးဖောက်လိုက်ကြတယ်။ ဒါကြောင့် ရေခဲချွန်တွေကို ရှောင်လိုက်နိုင်ပေမဲ့ ရေခဲချွန်တွေက အထပ်မြင့်တိုက်တွေကို သွားရောက်ထိမှန်ပြီး အကုန်ပြိုကျကုန်တယ်။

"ငချွတ်လေးတွေကများ...." လိပ်နက်က အော်ဟစ်လိုက်ရင်း ဒူးကိုကွေးညွှတ်ကာ သူ့မြန်နှုန်းကိုပါ မြှင့်လိုက်တယ်။

သူက အရိပ်သခင်ထက်တောင် သိသိသာသာမြန်ပေမဲ့ အသံမြန်နှုန်းကို ချိုးဖောက်နိုင်စွမ်းမရှိတဲ့ ဝံပုလွေလက်သည်းကတော့ သူ့ရဲ့ပထမဆုံးပစ်မှတ်ဖြစ်သွားတယ်။

ဝံပုလွေလက်သည်းကို လိပ်နက်က လက်သည်းနဲ့ကုတ်ပြီး တစ်ချက်တည်းအပြီးသတ်ဖို့လုပ်ပေမဲ့ ဝံပုလွေကြီးကလည်း လက်ပြန်ကာလိုက်တယ်။ အားကောင်းတဲ့သားရဲနှစ်ကောင်ရဲ့လက်သည်းတွေက လေထဲမှာ ဆုံမိကြပြီး မီးပွင့်လာတယ်။

ဝံပုလွေလက်သည်းက မြန်နှုန်းမှာ S rank အများစုထက် အားနည်းပေမဲ့ ခွန်အားကတော့ လုံးဝသာလွန်အဆင့်ပါ။ ပြောရရင် အသံမြန်နှုန်းချိုးဖောက်နိုင်တဲ့သူတွေက S rankထဲမှာတောင် ထူးခြားတဲ့သူတွေဖြစ်ပြီး လူတိုင်းလုပ်နိုင်တာမဟုတ်ပါဘူး။

ဒေါက်တာမြူနဲ့စင်တီတို့က ထင်ရှားတဲ့သာဓကတွေလို့ ပြောနိုင်ပါတယ်။ ဥစာကီတောင်မှ အသံမြန်နှုန်းကို အကြာကြီးမသုံးနိုင်ပါတယ်။

ပြိုင်ဖက်နှစ်ယောက်က အားပါတဲ့တိုက်ကွက်တွေနဲ့အတူ သူတင်ငါတင်တိုက်ခိုက်ကြတယ်။ ဒါပေမဲ့လိပ်နက်က တဖြည်းဖြည်းသာလာပါတယ်။ ဝံပုလွေကြီးရဲ့လက်တွေမှာ အညိုအမည်းကွက်တွေရှိနေပြီး လိပ်ရဲ့အားကြောင့် ကြွက်သားတွေထိခိုက်ကုန်တာ သေချာပါတယ်။

ဒါပေမဲ့လိပ်နက်လိုပဲ ဝံပုလွေမှာလည်း ပြန်လည်ကုစားနိုင်စွမ်းရှိတာကြောင့် ဒဏ်ရာတွေက အလျင်အမြန် ပြန်ကောင်းနေပါတယ်။ ပြီးတော့ အရိပ်သခင်ကလည်း ပြန်လှည့်လာနေပါပြီ။

"သေစမ်း...." အရိပ်သခင်ရဲ့ဓားချက်တွေက လိပ်နက်အပေါ် စတင်ကျရောက်လာတယ်။ အရိပ်သခင်ရဲ့အာရုံဖြတ်တောက်နိုင်စွမ်းက တော်တော်အားကြီးပေမဲ့ လိပ်နက်အပေါ်မှာတော့ စက္ကန့်အနည်းငယ်သာ သက်ရောက်တယ်။

ဒါပေမဲ့ ဒီတစ်ချက်ကိုတော့ လိပ်နက်က ကျောကိုလှည့်ပြီး သူ့လိပ်ခွံနဲ့ကာလိုက်တယ်။ အရိပ်သခင်ရဲ့ဓားက လိပ်ခွံကိုခုတ်မိပြီး အစိတ်အစိတ်အမွှာမွှာကွဲကြေသွားတယ်။

"အမြန်ပြန်ဆုတ်။" လိပ်နက်က ဓားချက်သူ့ကိုတိုက်ရိုက်မထိအောင် ကာလိုက်ပေမဲ့ အရိပ်သခင်ရဲ့ဓားချက်ကို စိုက်ကြည့်မိခဲ့တာကြောင့် သူ့အမြင်အာရုံခတ္တပျောက်ကွယ်သွားတယ်။

အဲဒီအချိန်မှာပဲ အရိပ်သခင်တို့အုပ်စုက အရပြန်ဆုတ်ဖို့ကြိုးစားတယ်။ လိပ်နက်ကြီး မျက်လုံးပြန်မြင်ချိန်မှာတော့ ဟိုနှစ်ယောက်ရှိခဲ့တဲ့သက်သေဆိုလို့ ဓားကျိုးတစ်ချောင်းသာ ကျန်ပါတော့တယ်။

"ဒေါသထွက်စရာပဲ.... ငါ့ကိုဒီအတိုင်း ရန်စပြီးလွတ်မယ်ထင်နေတာလား။" လိပ်နက်ကြီးရဲ့ဒေါသနဲ့အတူ တစ်မြို့လုံးကိုဖုံးအုပ်ထားတဲ့ ရေခဲတွေမှာ အက်ကြောင်းတွေပေါ်လာပြီး ပေါက်ကွဲထွက်ကုန်တယ်။ အလားတူပဲ ရုပ်ထုတွေဖြစ်နေပြီဖြစ်​တဲ့ လူရုပ်ထုတွေလည်း ကြေမွပျက်စီးကုန်ပြီး သွေးခဲရဲရဲတွေက နေရာအနှံပြန့်ကျဲကုန်တယ်။

တစ်ချိန်တည်းမှာပဲ လိပ်နက်ကြီးရဲ့ခန္ဓာကိုယ်ကလည်း စတင်ပြန့်ကားလာတယ်။ သူ့ရဲ့ပုံစံပြည့်အဖြစ်ကို ပြောင်းလဲလာတော့မယ်။ ဒါပေမဲ့ သူ့ရဲ့ပြန့်ကားမှုက တစ်ခဏနှေးကွေးသွားတယ်။

"ရပ်... ငါဘယ်သူ့ကိုမှ မသတ်ချင်ဘူး၊ မသတ်ချင်တော့ဘူး။ ရပ်လိုက်တော့၊ ခင်ဗျားကြီး တော်သင့်ပြီ။"

ဖရန့်ရဲ့အတွင်းစိတ်စကားသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။ ရေခဲဖြစ်နေတဲ့လူတွေရဲ့အသွေးအသား ပေါက်ကွဲထွက်သွားချိန်ကစလို့ လိပ်နက်ကြီး သူ့ကိုယ်ကိုထိန်းချုပ်ထားလို့ စိတ်ဓာတ်ကျနေတဲ့ဖရန့်ရဲ့အတွင်းစိတ်နက်နက်ရှိုင်းရှိုင်းထဲကနေ ရွံရှာမုန်းတီးတဲ့စိတ်က တစ်စတစ်စပေါ်ထွက်လာတယ်။ အရင်ကထက် အများကြီးပိုအားကောင်းတဲ့ အရှိန်အဟုန်မျိုးနဲ့ပါ။

"ဒီခန္ဓာကိုယ်က ကျုပ်ခန္ဓာကိုယ်ပဲ... ကျုပ်ကံကြမ္မာကို ကျုပ်ကိုယ်တိုင်ထိန်းချုပ်မယ်...." လိပ်နက်ရဲ့ခန္ဓာကိုယ်က ပြန်ကျုံဝင်လာတယ်။ ဒါပေမဲ့တစ်ခဏမှာပဲ လိပ်နက်က ပြန်နေရာရလာပြီး ပုံစံပြောင်းတာဆက်လုပ်တယ်။

"ကောင်လေး၊ မင်းအင်အားလောက်နဲ့ ငါ့ကိုတားလို့မရဘူး။"

နှင်းမုန်တိုင်းက ဆက်တိုက်ခတ်နေဆဲဖြစ်ပြီး လေအေးတွေကြားမှာတော့ လူတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ရဲ့စိတ္တတိုက်ပွဲက ရှေ့ဆက်နေတယ်။

Ga verder met lezen

Dit interesseert je vast

2.3K 133 46
မင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ
1.5K 228 13
ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အူဂျူရဲ့ကမ္ဘာမှာ ဘယ်လို နေ့ရက်တွေ အထပ်ထပ် လည်ပတ်နေသလဲ ဆိုတာရယ်၊ အူဂျူရဲ့ကမ္ဘာ လို့ တင်စားလည်း မမှားတဲ့ ဖြစ်တည်မှုလေးတစ...
3.9M 159K 69
Highest rank: #1 in Teen-Fiction and sci-fi romance, #1 mindreader, #2 humor Aaron's special power might just be the coolest- or scariest- thing ever...
402K 53.6K 75
ရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။