အမြတ်နိုးဆုံးဝမ်

By MaNganLay

53.8K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 3

1.5K 143 8
By MaNganLay

Part 3

ရှောင်ကျန့်စောစောထပြီး ကောင်လေးအခန်းသို့ပြေးရသည်။

" ကောင်လေးထတော့ မနက်စာစားဖို့မမှီပဲနေလိမ့်မယ် "

" အင်း.."

ကောင်လေးကဟိုဘက်လှည့်ကာအိပ်နေပြန်သည်။

" ကောင်လေး ထပါတော့ဆို "

ရှောင်ကျန့်ကောင်လေးကိုအဆက်မပျက်နှိုးလိုက်သည်။
ဝမ်ရိပေါ် ကုမ္ပဏီမသွားခင် ဝမ်မနက်စာစားတာကို
သူကြည့်ချင်သည်။ အဲ့တာမှ သူအတွက်
မင်္ဂလာရှီသော မနက်ခင်းဖြစ်မှာ။

" ကောင်လေး.."

" ဟာ..ဘာလို့အတင်းနှိုးနေတာလဲ "

"  ဒီအချိန်မှမထရင် မနက်စာစားဖို့မမှီပဲနေလိမ့်မယ် "

" မမှီရအောင် မနက်စာကဘယ်ပြေးမှာမို့လို့လဲ "

" ဟမ်! "

မနက်စာကဘယ်မှမပြေးနိုင်ပေမဲ့ ဝမ်ကတော့
ပြေးနိုင်သည်။

" ​ကြောင်တောင်တောင်နဲ့ "

ကောင်လေးပြောပြီးပြန်လှဲချသွားသည်။

"  ကောင်လေး! "

" ကျွန်တော်ကိုကောင်လေးလို့မခေါ်နဲ့
ပိုင်စိုးပိုင်နင်းနဲ့ "

တော်တော်ဆိုးတဲ့ ကလေးလေးပဲ
ဝမ်ကလည်း ဘာကြောင့်အဲ့လောက်တောင်
အလိုလိုက်ထားရပါလိမ့်
ဝမ်နဲ့ငါရရင် ဒီကလေးကိုလိမ်မာအောင်
အရင်ဆုံး ဆုံးမရမယ်

" သခင်လေးရှင်း ထပါတော့
အစ်ကိုပြောထားတယ်လေ ရှောင်တင်းနီ Show
လက်မှတ်ရအောင်လုပ်ပေးမယ်လို့ "

ကောင်လေးတန်းထလာသည်။

" ဟုတ်သားပဲ ခင်ဗျားမနေ့က ကတိပေးထားတာပဲ "

ဒီကောင်လေး ရှောင်တင်းနီရဲ့ Fanစစ်စစ်ပဲ
ရှောင်တင်းနီနဲ့ပဲ ချုပ်ကိုင်ရမယ်

" အစ်ကို့ကိုလက်မှတ်ဖိုးပေး ဒီနေ့ရအောင်လုပ်ပေးမယ် "

" တကယ်လား "

" တကယ်​ အခုရေချိုးတော့ မနက်စာစားရအောင် "

"  မဟုတ်ရင် ခင်ဗျားအလုပ်ပြုတ်ပြီမှတ် "

" ဟုတ်ကဲ့ပါ သခင်လေးရှင်း ရေမြန်မြန်ချိုးပါတော့ "

ကောင်လေး ရေချိုးပြီး ကျောင်းဝတ်စုံတန်းဝတ်သည်။
ကောင်လေးက အထက်တန်းတက်နေတာလို့ အိမ်တော်ထိန်းပြောထားသည်။

" ရှင်းလေး! "

ရိပေါ် မနက်စာစားဖို့ ထမင်းစားခန်းထဲအဝင်
ရှင်းလေးကိုတွေ့ရတာကြောင့် အံသြသွားသည်။
ရှင်းလေးနားခန့်ထားတဲ့ ဘယ်အလုပ်သမားကမှ
သူနဲ့ညီကို မနက်စာအတူစားဖို့ မစွမ်းဆောင်နိုင်ပေ။

" ကိုကိုကနောက်ကျလိုက်တာ "

ရိပေါ်ပြုံးလိုက်သည်။

" ကိုကိုတောင်းပန်ပါတယ် "

အေးတီအေးစက်ဝမ်ကပြုံးလိုက်တယ်
ဒီအပြုံး ချစ်စရာကောင်းလိုက်တာ
ရှင်းလေးကို ဒုက္ခခံပြီးနှိုးတာ ဝမ်ကိုတွေ့ချင်ရုံသက်သက်ဆိုပေမဲ့ အပိုဆုအနေနဲ့ ဝမ်အပြုံးကိုမြင်လိုက်ရသည်။

" ရှင်းလေးကို ကျောင်းကြို့ပို့လုပ်တဲ့အချိန်
ကားကို ဂရုစိုက်မောင်းပါ "

ရိရှင်းနောက်က ရပ်နေတော့
ရှောင်လေးကိုဆိုလိုက်ပေမဲ့
ပြန်မဖြေပေ။

" သခင်လေးပြောနေတယ်လေ "

ကျင်းရီအနားနားကပ်ထိကာပြောလိုက်သည်။

" ဟင်! "

ရှောင်ကျန့် ဝမ်ကိုငေးနေရင်း သတိဝင်လာသည်။

" ကားကိုဂရုစိုက်မောင်း! "

ဝမ်သူကိုစိုက်ကြည့်ပြီးဆိုကာထွက်သွားသည်။
သူသေချာနားမထောင်လို့ ဝမ်စိတ်ဆိုသွားတာလား

ရှောင်ကျန့် ရှင်းလေးကိုကျောင်းပို့ပြီး
ကုမ္ပဏီသို့ဝင်လိုက်သည်။

" သခင်လေး ကုမ္ပဏီဘယ်လိုပုံစံနဲ့လာတာလဲ
အားလုံးအံသြနေပြီ "

" အဲ့တာထား! ငါကို ရှောင်တင်းနီရဲ့လက်မှတ်ရအောင်
အခုချက်ခြင်းလုပ်ပေး ဘယ်လောက်ကုန်ကုန်
ငါအခုချက်ခြင်းလိုချင်တယ် "

ရှောင်ကျန့် ဝူကျင့်ကိုခိုင်းလိုက်တော့
ဝူကျင့်ချက်ခြင်းလှုပ်ရှားနေသည်။
အားနင် အခန်းထဲဝင်လာပြီး သူ့ကိုကော်ဖီပေးသည်။

" ဘယ်လိုလဲ အဆင်ပြေရဲ့လား "

ရှောင်ကျန့်ကော်ဖီသောက်ရင်းပြုံးလိုက်သည်။
မနက်ကဝမ်အပြုံးကြောင့် စိတ်လန်းဆန်းနေတာဖြစ်သည်။

" သခင်လေး ကျွန်တော်မေးနေတယ်လေ
အဆင်ပြေရဲ့လားလို့ "

" ပြေပါတယ် ငါထိန်းရတဲ့ကောင်လေးက
နည်းနည်းဆိုးပေမဲ့ "

" သခင်လေးရာထူးက ကလေးထိန်းဆို "

" ခေါ်တာကလေးထိန်းဆိုပေမဲ့ ၁၆နှစ်ပြည့်တဲ့
ကောင်ဆိုးလေးကို ငါကထိန်းနေရတာ "

"  သခင်လေးပင်ပန်းမှာပဲ ထိုက်တန်လို့လား "

" ဝမ်အတွက်ဆိုမထိုက်တန်တာမရှီဘူး "

ဝူကျင့်ဝင်လာကာ သူလက်ထဲလက်မှတ်ထည့်ပေးသည်။

"  သခင်လေး ရခဲ့ပါပြီ "

" တော်တယ် "

" နှင်းဆီတော်ဝင်က မလုပ်နိုင်တာဘာမှမရှီဘူး
အားလုံး ကျွန်တော်တို့လက်ထဲမှာပဲရှီတယ်
ဒါနဲ့ သခင်လေး ဒီလိုလုပ်ပေးတော့ သခင်လေးကို
သံသယမဝင်နိုင်ဘူးလား "

" ဝမ်ဆိုရင်တော့ ချက်ခြင်းသံသယဝင်နိုင်တယ်
ဒါပေမဲ့ အခုက ကောင်လေးအတွက်
ကောင်လေးကဆိုးပေမဲ့ ဖြူစင်တယ်
ငါ့သူကိုတော့ ကောင်းကောင်းအယုံသွင်းနိုင်ပါတယ် "

ရှောင်ကျန့်ပြုံးကာဆိုလိုက်သည်။

🚘

ကျောင်းကြိုချိန် ကောင်လေးလက်ထဲ လက်မှတ်ထည့်လိုက်တော့ ကောင်လေးအပြုံးကိုတန်းမြင်ရသည်။

" ခင်ဗျားက ဟုတ်ကောဟုတ်ရဲ့လား "

ကောင်လေးပြုံးနေတာကနေ ချက်ခြင်းတည်ပြီး
သံသယမျက်ဝန်းဖြင့်ကြည့်ကာမေးသည်။

" အစ်ကိုကဟုတ်ပါတယ် ဘာဖြစ်လို့လဲ "

" လက်မှတ်ရအောင်
ခင်ဗျားဘယ်လောက်သုံးလိုက်လဲ "

" ကောင်လေးပေးတဲ့ပိုက်ဆံပဲသုံးတာပါ "

" အဲ့ဒါနဲ့လက်မှတ်ရရော့ပေါ့ "

" အစ်ကိုမှာ အဆက်အသွယ်ကောင်းကောင်းရှီလို့ပါ "

ကောင်လေးအကြည့်ကြောင့်
ရှောင်ကျန့်နဖူးချွေးပါထွက်လာသည်။

" ခင်ဗျားမှာ အဆက်အသွယ်ကောင်းကောင်းရှီရင်
အလုပ်ရဖို့လည်း မခက်ပါဘူး
ဘာကြောင့် ကျွန်တော်တို့ဆီလာတာလဲ "

" ဝမ်သခင်လေးပေးတဲ့ လစာကများလို့ပါ "

" ခင်ဗျားက တကယ်မသင်္ကာစရာပဲ "

" အစ်ကိုကရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားလုပ်ကိုင်သူပါ
အစ်ကို့ကိုအထင်မလွဲပါနဲ့ "

ကောင်လေး သူ့ကိုဆက်မမေးတော့ပဲ
လက်မှတ်ကြည့်ကာပြုံးသည်။
ဒီကောင်လေးကို လျော့တွက်မိတာသူအမှားပဲ
သူ့အစ်ကို့ကိုတော့ လက်မှတ်ဘယ်လိုရခဲ့လဲ
သွားတော့မပြောမိလောက်ပါစေနဲ့။


Continue Reading

You'll Also Like

32K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
945K 107K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
20.4K 2K 23
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...