CHAPTER 19
- အလိုလိုသိစိတ် -
စုလုရီ တော်တော် ရှက်သွားခဲ့သည်။
စုချီက သူ ပြောလာတာကို စောင့်နေတယ်လို့ ခံစားရ၏။
စုလုရီက သူ့အား လှမ်းနေတဲ့ လက်ကို လှမ်းလေ့လာလိုက်သည်။ လက်ချောင်းတွေက တုတ်ခိုင်ပြီး လက်က အရေးအကြောင်းတွေက ယှက်သန်းနေသည်မှာ သူ့ကို တစ်စို့စို့ ခံစားချက်ကြီး ဖြစ်ပေါ်စေ၏။ ခံစားချက်ကြောင့်ပဲ ဖြစ်ဖြစ်၊ အကြောင်းပြချက်တွေကြောင့်ပဲ ဖြစ်ဖြစ် သူ မငြင်းသင့်ဘူး။
စုကျန်းချန်က သူ့ အရှေ့မှာ ရပ်လာသည်။ အရပ်ရှည် ချောမောတဲ့ သူကတော့ လူအုပ်ကြီးထဲမှာ
ထင်းလင်းထွက်နေ၏။ အခု သူက မတ်မတ်ကြီး ရပ်ပြီး လက်ကို လှမ်းနေတော့ ဘေးက လူတွေကပါ
လှမ်းကြည့်ကုန်ပြီ။
စုချီလည်း သူ့ကို လှမ်းကြည့်လာ၏။ ဘောင်းဘီအိတ်ထောင်ထဲက ထုတ်ခဲ့တဲ့ လက်နှစ်ဖက်ကတော့
ဘေးမှာ ချထားလျှက်။ လှမ်းလည်း မလာသလို ပြန်လည်း မထည့်ပါ။
နေကတော့ ခေါင်းပေါ်မှာ သာနေပြီး စုလုရီကတော့ နဖူးမှာ ချွေးတွေပါ စို့လာသည်။
"အမလေး...." စုလုရီ ချင့်ချိန်လိုက်သည်။ 'ဒီတိုင်း စုကျန်းချန်လက်ကိုဆွဲပြီး "သွားစို့" လို့ သာသာလေး
ပြောပြီး အစ်ကိုကြီးကို ချန်ထားလိုက်ရမလား။ ဒါပေမယ့် စုကျန်းချန်ကို ငြင်းပြီး စုချီဆီကို တကူးတကကြီး လှည့်သွားဖို့ရာ ကြတော့လည်း ရှက်စရာကြီး'
စုလုရီ မဝံ့မရဲနဲ့ပဲ စုကျန်းချန်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။ ပြီးတော့ သူ့ ကျောပိုးအိတ်က
ယုန်နားရွက် နှစ်ဖက်ပေါ် တင်ပေးလိုက်သည်။
စုကျန်းချန် : "... ... ..."
"ရှေ့နောက် လျှောက်ရအောင် အဲ့တာမှ အနောက်က လူတွေကို မပိတ်မှာ" လို့ စုလုရီက ပြောလိုက်၏။
သူ့ရဲ့ဥာဏ်နီ ဥာဏ်နက်တွေကြော င့်အံ့သြယူရသည်။
စုချီရဲ့ နှုတ်ခမ်းအစွန်းတွေ ကွေးတတ်သွားခဲ့ပြီး နောက်ဆုံးမှာ "လောဘကြီး လိုက်တာ" လို့ ပြောခဲ့၏။
စုကျန်းချန်က ခဏလောက် တွန့်ဆုတ်ပြီးတော့နောက်ဆုံးမှာတော့ "အိုခေ" လို့ ပြောခဲ့သည်။ လက်ကိုင်တာမျိုးကို သူ မနှစ်မျို့ပေမယ့် စုလုရီ မလျှောက်ရဲတာ မြင်လို့ အကြံပြုလိုက်ချင်းပင်။ ရှက်တာကို ဖုံးကွယ်ဖို့ နားရွက်တွေကို ပွတ်နေလိုက်သည်။
စုလုရီက စုချီရဲ့အနောက်ကို ဝင်လိုက်ပြီး စုချီရဲ့ ရှပ်အနောက်ကို ဆွဲကာ နားဖားကြိုး ကိုင်သလို ဆွဲပြီး ...
"သွားစို့ အစ်ကိုကြီး"
စုချီကတော့ လှည့်တောင် မကြည့်လာပါ။
စတိုင်အမျိုးမျိုးနဲ့ ချောမောတဲ့ ယောင်္ကျားသုံးယောက် တံတားပေါ်မှာ လမ်းလျှောက်လာတာဟာ
လှပတဲ့ မြင်ကွင်း ဖြစ်ခဲ့သင့်သည်။
အခုတော့ သူတို့က လှပတဲ့ မျဥ်းကြောင်းကြီး ဖြစ်နေပြီ။
ဘေးနားက ခရီသွားတွေကတော့ စုလုရီကို ကြောင်နေတဲ့ အကြည့်တွေနဲ့ ကြည့်လာကြ၏။
ချောပေမယ့်လည်း ဦးနှောက်က ပြဿနာရှိနေတာ နှမြှောစရာဟယ်။
စုလုရီကတော့ ဒါတွေ သတိမထားမိပါ။ စုကျန်းချန်ကို ဆွဲကာ စုကျန်းချန်နဲ့အတူ အရှေ့ကို ဆယ်လှမ်းလောက် တိုးလိုက်သည်။ သူ့ နောက်ကျောကချွေးတွေပါ ပြန်နေပြီး သူ့ ဘေးပတ်ဝန်းကျင်
ကိုလည်း လှည့်မကြည့်ရဲပါ။
စုကျန်းချန်က သူ့ကို ယုန်နားရွက်ကနေ ဆွဲမလိုက်ကာ "အဲ့လောက်တောက် ကြောက်တာလား။
တုန်တောင် တုန်နေပြီ"
တစ်ခါတလေ သူ့ ဒုတိယ အစ်ကိုကြီးက တည့်တိုး ပြောတတ်ပြီး ယောင်္ကျားမာနတွေ ဘာတွေ ထည့်မတွက်ဘူးလို့ စုလုရီ တွေးမိသည်။
"မဟုတ်ပါဘူး။ လွယ်အိတ်က လှုပ်တာနေမှာပါ၊ လေတိုက်လို့"
ရုတ်တရက် တစ်ယောက်ယောက်က မျက်နှာပြောင်စွာ ကြိုးတံတားကို လှုပ်ရမ်းလာခဲ့၏။
စုလုရီတစ်ယောက် ရှယ်တုန်လှုပ်ကာ စုချီရဲ့အင်္ကျီစကို ကြမ်းတမ်းစွာ လှမ်းဆွဲလိုက်မိသည်။
စုကျန်းချန် "... ..."
စုချီရဲ့လေသံက အေးစက်နေသည်။ "စုလုရီ"
စုချီရဲ့အင်္ကျီစက အဆွဲခံရတာကြောင့် V ပုံစံဟကာ သူ့ရဲ့ခါး ပေါ်သွားတာကို စုလုရီ မြင်လိုက်ရသည်။
လေတစ်ချက်အဝေ့မှာ စုချီရဲ့လေသံက ပိုမို အေးစက်လာကာ "ငါ့ ခါးအေးနေပြီ" လို့ ပြောလာခဲ့၏။
စုလုရီက ရိုကျိုးစွာ ကိုယ်ကို ကိုင်းလိုက်ပြီး ထိုအမျိုးသားရဲ့ ခါးကို လေပူနဲ့ မှုတ်ပေးလိုက်သည်။
နွေးထွေးပြီး နူးညံ့တဲ့ လေက တစ်ခါမှ အထိခံဖူးလေ့ မရှိတဲ့ အသားပေါ် ကျရောက်လာတော့
ယားကျိကျိ ခံစားချက်ကို ဖြစ်ပေါ်စေ၏။
စုလုရီ လေမှုတ်လို့ မပြီးသေးခင် လက်ကောက်ဝတ်ကနေ ဆွဲခေါ်တာ ခံလိုက်ရသည်။
စုကျန်းချန်က သူ့ လွယ်အိတ်ကို ဆုပ်ကိုင်ထားပြီး သူ့ လက်ကောက်ဝတ်ကတော့ စုချီရဲ့လက်ဖဝါးထဲမှာဖြစ်ကာ သူ့ကို အရှေ့အနောက် ဆွဲနေကြသည်။ သူ့ ဆံပင်တွေကတော့ စစ်ပွဲထဲက ကြိုးတစ်ချောင်းလိုပဲ အလယ်ထဲမှာ တစ်လွှင့်လွှင့်နဲ့ပေါ့။
"အနေအထိုင်၊ အပြောအဆို ဆင်ခြင်စမ်း"
စုလုရီက ရိုကျိုးစွာ ပါးစပ်လေးပိတ်ကာ ခေါင်းလေး ညိတ်ပြလိုက်သည်။
စုချီ ပြန်လှည့်သွားတာ မြင်မှ စုလုရီက စုကျန်းချန်အနားကပ်ကာ လေသံတိုးတိုးဖြင့် "ဒုတိယ အစ်ကိုကြီး၊ အခုနက ကျွန်တော် လုပ်လိုက်တဲ့ အပြုအမှုက အထက်တန်းလွှာတွေအတွက် မသင့်တော်ဘူးလား"
သူ့အစ်ကို အကြီးဆုံးက စတိုင်မိတဲ့ လူယဥ်ကျေးလေးဆိုတာ စုလုရီ သိ၏။
စုကျန်းချန် ဝေခွဲမရတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်ကာ "အဲ့တာက ပြဿနာ မဟုတ်ဘူးလေ" လို့ ပြောလာသည်။
သူ ကြိုးတံတားပေါ်ကနေ ခက်ခက်ခဲခဲနဲ့ ဆင်းပြီးမှ စုကျစ်ထုံနဲ့ ယုရှင်းရန်တို့ နှစ်ယောက်မှာ ဘေးလမ်း
မှာ ရောက်နှင့်ပြီး စောင့်နေကြတာကို တွေ့လိုက်ရသည်။ ယုရှင်းရန်ကတော့ လက်ဖက်ရည်သောက်နေ၏။
စုလုရီက စုကျစ်ထုံရဲ့ပွင့်နေတဲ့ လွယ်အိတ်ကို လှမ်းကြည့်လိုက်သည်။ လက်တွေ့ကျတဲ့ ပစ္စည်းတွေ
အများကြီးရှိ၏။ တစ်ရှူးတို့၊ သဘက်တို့၊ မိုးကာအင်္ကျီတို့ စုံနေတာပဲ။
စုကျန်းချန်က စုလုရီရဲ့ယုန်နားရွက်ကို လွှတ်လိုက်ပြီး စုလုရီကလည်း စုချီရဲ့အင်္ကျီစကို လွှတ်လိုက်သည်။
စုယွီက သူတို့ကို မြင်ကာ နှာခေါင်းရှုံ့လိုက်၏။ "တယ်လည်း နှေးတဲ့ဟာတွေ"
စုချီကတော့ သူ့အင်္ကျီစကို ပြန်ဖြန့်လိုက်ပြီး ဘာမှမပြောလာပါ။
ကြိုးတံတားကနေ မှန်တံတားကို ရောက်ဖို့ ဆယ်မိနစ်လောက် လျှောက်လိုက်ရသည်။ လမ်းတစ်ဖက်က မိုးသစ်တောကလည်း ကောင်းကင်တစ်ဝက်လောက်ကို ဖုံးအုပ်နေကာ ကျောက်လမ်းကို အရိပ်ကျနေ၏။ လေတိုက်တဲ့အခါမှာတော့ လမ်းမှာအလင်းတွေ၊ အရိပ်တွေ အများကြီးကျသည်။
နေ့လည် ရောက်လေလေ၊ ပိုပူလာလေလေပါပဲ။
စုလုရီက လူအုပ်နောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ သူ့ကျောပိုးအိတ်က ပိုလေးလာသလို ခံစားရသည်။
သူကော်လာကို မကြည့်လိုက်တော့ သူ့ ပုခုံးမှာ အနီရာတွေ ရှိနေတာကို တွေ့လိုက်ရ၏။
"ဘာကြည့်နေတာလဲ" စုယွီက သူ့ဘက်ကိုရုတ်တရက် ခေါင်းလှည့်လာခဲ့သည်။
သူ့ မိဘတွေရော၊ အစ်ကိုတွေပါ သူ့ကို ဝိုင်းကြည့်နေတာ သိလိုက်ရ၍ ကော်လာပေါ်က လက်ကို
ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။
စုလုရီ "....ဟို မြေဆွဲအားက ပေးတဲ့ အမှတ်တွေကိုကြည့်နေတာ"
ကျန်တဲ့သူများ "... ... ..."
စုချီကတော့ နားလည်သွားကာ "ဟ" ခနဲ အသံပြုလာသည်။ စုလုရီက သူ့ရဲ့ယောင်္ကျားမာန တစ်ခါ
ပြန်ထလာတာကို ခံစားလိုက်ရ၏။
လမ်းတစ်လျှောက်မှာတော့ တောင်တွေ၊ သူတို့ရဲ့ကြီးမားတဲ့ အရိပ်တွေက ဘယ်ဘက်မှာရှိပြီး
ညာဘက်မှာတော့ ပင်လယ်ကမ်းခြေ ရှိသည်။ လေတွေက ကမ်းခြေဘက်က တိုက်ခတ်နေပြီး ပင်လယ်ရေ၏ အနံ့အနည်းငယ်တောင်ရနေ၏။
စုလုရီက သူ့ရဲ့ (shooting team) group chat ဆီသို့ ပို့ရန် ဖုန်းကို ထုတ်ကာ ဓာတ်ပုံတွေ ရိုက်နေလိုက်သည်။
ပျင်းစရာကောင်းတဲ့ မိသားစု စုဝေးပွဲမှာ ရောက်နေတဲ့ စွင်းဟဲ့ယွီကတော့ အားကျစွာနဲ့ သံပုရာသီး စားနေတဲ့ အီမိုဂျီတွေ ပြန်ပို့လာခဲ့၏။
ကျိုးချင်းချန်ကတော့ စက္ကန့်ပိုင်းအတွင်း ထိုနေရာကို မှတ်မိကာ စာပြန်လိုက်သည်။
(ကျိုးချင်းချန်) ; "အဲ့တာ နမ်းဂန်က သစ်တော ဥယာဥ်လေ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သွားခဲ့တာ
ပျော်စရာကြီး။ အဲ့မှာ မှန်တံတားလည်း ရှိတယ်၊ ပျော်စရာကြီး"
(စုလုရီ); "သိတယ်လို့" (ကလေးလေး ကြောက်နေတဲ့ပုံ.jpg)
(ကျိုးချင်းချန်) ; "ကြောက်လို့လား။ ဟားဟားဟား...သတိထားနော်၊ မင်း။ မနှစ်တုန်းက အဲ့မှန်တံတားပေါ်မှာ မတော်တဆမှု ဖြစ်ခဲ့သေးတယ်။ မှန်တစ်ချက် အက်ပြီး လူတွေတောင် ပြုတ်ကျတော့မလို့"
(ကျိုးချင်းချန်) ; (snap.gif)
သေစမ်း၊ စုလုရီ ကြောက်သွားကာ ဂရုချက်ထဲကချက်ချင်းထွက်ပြီး ဖုန်းကို ပိတ်လိုက်သည်။
နဂိုထဲက မရှိတဲ့ သူ့ရဲ့သတ္တိတွေတွေ အခုတော့ အစကို ရှာလို့ မရတော့ဘူး။
မှန်တံတားက တောင်တွေဘက်မှာ ရှိပြီး ရင်သပ် ရှုမောဖွယ်ပင်။ သူတို့အုပ်စု အဝင်ဝကနေ လမ်းပေါ်က မြင်ကွင်းကျယ်ကို တွေ့လိုက်ရသည်။
ယုရှင်းရန်က အလယ် ပလက်ဖောင်းပေါ်က စက်ဝိုင်းပုံကို ပြပြီး "အဲ့တာ နာမည်ကြီးနေရာပဲ။
တစ်ဝက်က မိုးသစ်တောဘက်မှာ ရှိပြီး တစ်ဖက်က တောင်တွေ အပြင်ဖက်မှာ။ အဲ့သွားပြီး ဓာတ်ပုံ
ရိုက်ရအောင်"
တကယ်လည်း အဲ့နေရာမှာ လူငယ်တွေ tripod ကိုယ်ဆီနဲ့ ဓာတ်ပုံတွေ ရိုက်နေကြ၏။ ပြီးတော့
အင်တာနက်ပေါ်က ဆယ်လီတစ်ချို့ live လွှင့်နေကြသည်။
စုလုရီက သူ့ကို ဘယ်သူမှ အာရုံ မရှိတာကို အခွင့်ကောင်းယူပြီး စုချီ အနားကို ခိုးကပ်လိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော် ခေါင်းမူးနေသလိုပဲ" လို့တိုးတိုး ကပ်ပြောလိုက်၏။
စုချီ ; "အဲ့တာဆို ခြေထောက် အောက်ကို မကြည့်နဲ့"
မှန်တံတားပေါ်မှာ ခရီးသည်ဦးရေ ကန့်သတ်ထားတာမို့ တစ်သုတ်ချင်းသာ လွှတ်နေ၏။ ယုရှင်းရန်နဲ့
စုကျစ်ထုံကတော့ နောက်မှာ ပြတ်ကျန်နေခဲ့ရသည်။ သူတို့က ညီအစ်ကိုလေးယောက်ကို လက်ပြလိုက်ပြီး ...
"အရှေ့ခုံမှာ ပြန်တွေ့ကြမယ်"
စုယွီကတော့ "အင်း" လို့သာ အသံပြုလိုက်သည်။
စုလုရီနဲ့ ကျန်တဲ့သူတွေ ဝင်ဖို့ သိပ်တော့ မစောင့်လိုက်ရပါ။
သည်နေရာက ကြိုးတံတားထက် စာရင်တော့ ကျယ်သည်။ ခရီးသည်တွေ ကျယ်ကျယ်လွတ်လွတ် လျှောက်လို့ရ၏။
စုလုရီရဲ့ခေါင်းထဲမှာတော့ ကျိုးချင်းချန် ပြောတဲ့မတော်တဆ အကြောင်းသာ ခေါင်းထဲရောက်နေပြီး
သူ နင်းလိုက်တဲ့ မှန်တိုင်းက ပျော့ဝင်သွားတယ်လို့ခံစားနေရသည်။
သူ စုချီရဲ့အဝတ်စားကို ထပ်ဆွဲဖို့တော့ သတ္တိ မရှိပါ။ အဲ့တာကြောင့် သူ့ ယုန်နားရွက်ကို စုကျန်းချန်
လက်ထဲသို့ ထိုးထည့်လိုက်သည်။
စုယွီကလည်း ပါဝင်ချင်၏။ "ဘာတွေ ဆော့နေတာလဲ။ ငါ့လည်း တစ်ဖက်ပေး"
စုကျန်းချန်ရဲ့ လက်တွေက ကြီးမားလွန်းတာကြောင့် နားရွက်တွေကို လက်တစ်ဖက်ထဲနဲ့ ကိုင်ထားနိုင်၏။
သူက စုယွီကို တားလိုက်ပြီး "တစ်ယောက်တစ်ဖက်ကိုင်နေရင် လမ်းလျှောက်ရခက်တယ်"
"ဘာလို့လဲ။ တစ်ဖက် ပေးပါဆို"
စုလုရီရဲ့ခြေထောက်တွေက ရှေ့ကို တစ်လှမ်း လှမ်းတိုင်းတုန်နေသည်။ လွယ်အိတ်အနောက်က လူနှစ်ယောက်ကတော့ မကြီးမငယ်နှင့် ယုန်နားရွက်အတွက် ရန်ဖြစ်နေတုန်း။
ခေါင်းမူးတဲ့ ခံစားချက်ကြီးက တိုးပွားလာ၏။
အဓိပ္ပာယ်မရှိတဲ့ ပြဿနာတွေကြား အရှေ့မှအေးစက်စက် အသံထွက်ပေါ်လာသည်။ "ဘာလို့ ယုန်နားရွက်အတွက် ရန်ဖြစ်နေကြတာလဲ။ ဘာလဲ၊ လကမ္ဘာပေါ် ယုန်စီးသွားမလို့လား"
"..." ညီအစ်ကို နှစ်ယောက်လုံး လွှတ်လိုက်ကြသည်။
စုလုရီ အကယ်ဆယ် ခံလိုက်ရသလို ခံစားရ၏။
ခဏလောက် လမ်းလျှောက်ပြီးနောက်မှာတော့ စုချီက သူ့ကို "မင်း တကယ်ကို မလုပ်နိုင်ဘူးဆိုရင်
ဓာတ်ပုံ နည်းနည်းရိုက်ပြီး လာတဲ့ လမ်းအတိုင်း ပြန်လှည့်လိုက်။ အဲ့မှာ တံတားထိပ်ကို ပို့ပေးမယ့် ကေဘယ်ကား ရှိတယ်"
စုလုရီက သူ့ ခေါင်းကို လေးလံစွာ ယမ်းလိုက်သည်။ ယောင်္ကျားဆိုတာ အရှုံးမပေးဘူး။
သူတို့ ပလက်ဖောင်းပေါ် ရောက်အောင် ဆယ်မိနစ်လောက် လျှောက်လိုက်ရသည်။
အုပ်စုလိုက် ဓာတ်ပုံရိုက်နေကြတဲ့ ခရီးသွား အချို့ရှိနေ၏။ စုလုရီရဲ့အာရုံ အလုံးစုံကတော့
သူ့ဘေးပတ်ပတ်လည် တစ်ဝိုက်မှာပင် ဘယ်နားမှာများ မှန်အက်နေမလည်း ဆိုပြီး လိုက်ကြည့်နေရတာနဲ့တင် သူများတွေ ဘာလုပ်နေမလဲ မသိ။
ယုရှင်းရန်က ညီအစ်ကိုတွေနဲ့အတူ မိသားစု ဓာတ်ပုံရိုက်လိုက်၏။ သူမ လှည့်ကြည့်တော့ သူမ သားအငယ်ဆုံးရဲ့ မအီမသာ အပြုံးကို မြင်လိုက်ရသည်။ သူမ လန့်သွားကာ ဂရုတစိုက် မေးလိုက်၏ "အမြင့် ကြောက်လို့လား"
စုလုရီက အိ ခနဲ အသံ ပြုလိုက်သည်။
"အမေနဲ့ အဖေကို ဘာလို့ မပြောတာလဲ" ယုရှင်းရန်က မြန်မြန်ဖက်လိုက်ကာ မေးလာ၏။ သူမ သားက
အမြင့် မကြောက်တတ်တာ သူမ သေချာပေါက်မှတ်မိ၏။ သူ သည်လိုမျိုး တည်ဆောက်ထားတဲ့
စားသောက်ဆိုင်တောင် တက်စားသေးတာပဲဟာ၊ သူ စားလို့လည်း ဝင်ပါသည်။
စုလုရီက အသံသေးသေးဖြင့် "ရုတ်တရက်ကြီးဆိုတော့..."
ယုရှင်းရန် "... ..."
သူမ ချက်ချင်းပဲ စုလုရိကို ကေဘယ်ကားဆီ ပြန်စေလိုက်၏။ စုလုရီ ငြင်းဖို့ ကြိုးစားပေမယ့် စုကျစ်ထုံရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်။ "ကိုယ့်ကိုကိုယ် ဖိအားမပေးနဲ့၊ ရီလေးကို ဘယ်သူ ပြန်လိုက်ပို့ပေးမလဲ"
စုယွီက သူကိုယ်တိုင်တောင် မသိလိုက်ပဲ စုချီကိုလှမ်းကြည့်မိတော့ စုချိကလည်း သူ့ကို လှမ်းကြည့်နေသည်။
စုလုရီက ပါးစပ်ဖွင့်မလို့ကြံသေး၊ စုယွီက သူ့ဘေးခုန်ရောက်လာကာ "ညီလေး၊ တတိယ အစ်ကိုကြီး
လိုက်ပို့ပေးမယ်"
ပြီးတော့ ယုန်နားရွက်လည်း အဖမ်းခံလိုက်ရ၏။
စုလုရီက သူ သည်အတိုင်း ယုန်ကို လိုချင်နေတာလို့တွေးလိုက်သည်။
သည် စု ညီအစ်ကိုတွေက ဘာလို့ အရုပ်ဆို အသည်းအသန် ဖြစ်နေကြမှန်း မသိ။
စုလုရီက စုယီနဲ့အတူ ငါးမီတာ၊ ခြောက်မီတာလောက် အတူလျှောက်ပြီးမှ စုချီ နှုတ်ခမ်းတွေခြောက်နေတာကို ရုတ်တရက် သတိရလာသည်။ သူ ရေမှ ယူလာရဲ့လား မသိ။
စုလုရီက ရပ်လိုက်ပြီး "အစ်ကိုကြီး...ရေ"
သူ့ စကားလုံးတွေ ပြတ်ကျသွားသည်။
စုချီ ခြေထောက်အောက်က မှန်တွေက ပင့်ကူမျှင်လို အက်သွားခဲ့ပြီး သူ့ ဘေးနားမှာ တောက်လျှောက် အက်လိုက်သွားခဲ့၏။
စုလုရီရဲ့ စိတ်တွေ လွတ်သွားခဲ့ရသည်။
အဲ့မှာ မတော်တဆမှု ရှိခဲ့၏။ မှန်တစ်ချက် အက်သွားပြီး လူတွေ ပြုတ်ကျတော့မလိုတောင် ဖြစ်ခဲ့တာတဲ့။
သူ ဘယ်ကနေ သတ္တိတွေ ရလာလည်း မသိ၊ ကြမ်းတမ်းစွာ စုချီ အပေါ်ကို ခုန်အုပ်လိုက်ပြီး ဘေးကို ဆွဲလိုက်သည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး..."
စုချီက အဖက်ခံလိုက်ရလို့ ကြောင်နေပေမယ့် တွန်းတော့ မထုတ်ပါ။
သူ့ အရှေ့က ကောင်လေးက ဖြူဖျော့နေပြီး နှုတ်ခမ်းတွေ တုန်နေပေမယ့် သူ ရောက်လာတဲ့အမြန်နှုန်းက မှန်းလို့တော င်မရဘူး။
ဒါ သူ့ မသိစိတ်ကနေ လုပ်မိတာ စုကျစ်ထုံကို မိုးရွာထဲ သွားခေါ်တာပြီးရင် ဒုတိယအကြိမ်ပဲ။
သူတို့နှစ်ယောက်က ဘေးကို မီတာ အနည်းငယ်လောက် ယိုင်သွားတာကြောင့် တခြား ခရီးသွားတွေကိုတောင် တိုက်မိတော့မလို့။ စုလုရီရဲ့ခြေထောက်တွေက အားမရှိတာကြောင့် စုချီရဲ့ လက်မောင်းတွေကို မှီချပစ်လိုက်ရတော့မလို ဖြစ်နေပေမယ့်လည်း သူ စုချီကို တစ်ဖက်သို့ ရအောင် ဆွဲခေါ်သွားနိုင်၏။
"မှန်၊ မှန်တွေ အက်နေပြီ..."
စုလုရီတစ်ယောက် သူ့ ပါးစပ်က ထွက်လာမယ့် စကားတွေ အကုန်ရပ်တန့်သွားခဲ့ရသည်။ ကြီးမားတဲ့ လက်တစ်စုံက စုလုရီရဲ့နောက်ကျောကို ကိုင်ကာ သူတို့နှစ်ယောက်ကို ပြန်တည့်မတ်ပေးလိုက်သည်။
သူက သူ့ကို ပုတ်ပေးလိုက်၏။ "ဘာမှမဖြစ်ဘူး၊ အဲ့တာ effect တွေ"
ဝီ.....
စုလုရီရဲ့ ဦးနှောက် သေးသေးလေးက ပုံမှန် အနေအထားသို့ ပြန်ရောက်သွားကာ သူအထိတ်တလန့်ဖြင့် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ ဘာ...
စုကျစ်ထုံနဲ့ ကျန်တဲ့လူတွေက အနားကို ရောက်လာကြပြီး သူတို့ မျက်နှာတွေကို မြင်ကာ ရယ်တော့၏။
"ရီလေး၊ တကယ် ထင်သွားတယ်မလား။ ဒီက အက်ရာတွေက နာမည်ကြီးတယ်လေ၊ မသိဘူးလား"
စုလုရီ ကြောင်သွားသည်။
သူ မသိဘူးလေ။ အခုမှ ရောက်ဖူးတာ၊ ဘယ်လိုလုပ်ပြီး သိမှာလဲလို့။
လျှောက်လမ်းက ခရီးသည်တွေလည်း ဝိုင်းရယ်ကြသည်။ မိန်းကလေး ငယ်ငယ်လေးကဆို သူ့အမျိုးသားဘက်ကို လှည့်ပြီး "ကြည့်ဦး။ ကျွန်မ အဲ့လို ပြုတ်ကျရင်ရော၊ ရှင် ကယ်မှာလား"
သူမ အမျိုးသားက ချက်ချင်းပဲ "ဒါပေါ့၊ ကယ်မှာပေါ့"
"ဒါမှ ငါ့ယောင်္ကျား"
စုလုရီ ရှိသမျှ သတ္တိတွေ အကုန် ထုတ်သုံးလိုက်ရတာမို့ ပင်ပန်းပြီး တစ်ကိုယ်လုံး ဗလာကျင်းလိုက်သလို ခံစားလိုက်ရသည်။
သူ့ ခြေထောက်တွေ ပျော့ခွေကာ ခေါက်ဆွဲဖက်ကလေးလို သူ့ ဒူးခေါင်းသူ ဖက်ရင်း ကျုံ့ထားလိုက်သည်။
ကျိုးချင်းချန်၊ ခွေးသူခိုးကောင်။ သည်လိုဖြစ်အောင် သူ လုပ်တာ၊ အား ...
စုကျစ်ထုံက ခေါက်ဆွဲဖက်လေးကို သနားသွားကာ "စုယွီ၊ ညီလေးကို ထိုင်ဖို့ ပြန်ခေါ်သွားလိုက်ဦး"
စုယွီ "သွားမယ်၊ လာ။ တတိယ အစ်ကိုကြီးနဲ့ပြန်သွားစို့"
စုလုရီ စိတ်လျှော့ဖို့ ကြိုးစားပေမယ့် မရပါ။ "ခဏလေး၊ ခဏလောက် နေဦးမယ်"
အရိပ်တစ်ခု သူ့ အရှေ့ကို ကျလာပြီး လက်တစ်ဖက်က သူ့ လက်မောင်းကို ကိုင်ကာ အရှေ့သို့ မ,လိုက်သည်။
ခေါင်းပေါ်ကနေ စုချီ အသံကို ကြားလိုက်ရ၏။ "လာ၊ ငါ ချီမယ်"
Zawgyi
CHAPTER 19
- အလိုလိုသိစိတ္ -
စုလုရီ ေတာ္ေတာ္ ရွက္သြားခဲ့သည္။
စုခ်ီက သူ ေျပာလာတာကို ေစာင့္ေနတယ္လို႔ ခံစားရ၏။
စုလုရီက သူ႕အား လွမ္းေနတဲ့ လက္ကို လွမ္းေလ့လာလိုက္သည္။ လက္ေခ်ာင္းေတြက တုတ္ခိုင္ၿပီး လက္က အေရးအေၾကာင္းေတြက ယွက္သန္းေနသည္မွာ သူ႕ကို တစ္စို႔စို႔ ခံစားခ်က္ႀကီး ျဖစ္ေပၚေစ၏။ ခံစားခ်က္ေၾကာင့္ပဲ ျဖစ္ျဖစ္၊ အေၾကာင္းျပခ်က္ေတြေၾကာင့္ပဲ ျဖစ္ျဖစ္ သူ မျငင္းသင့္ဘူး။
စုက်န္းခ်န္က သူ႕ အေရွ႕မွာ ရပ္လာသည္။ အရပ္ရွည္ ေခ်ာေမာတဲ့ သူကေတာ့ လူအုပ္ႀကီးထဲမွာ
ထင္းလင္းထြက္ေန၏။ အခု သူက မတ္မတ္ႀကီး ရပ္ၿပီး လက္ကို လွမ္းေနေတာ့ ေဘးက လူေတြကပါ
လွမ္းၾကည့္ကုန္ၿပီ။
စုခ်ီလည္း သူ႕ကို လွမ္းၾကည့္လာ၏။ ေဘာင္းဘီအိတ္ေထာင္ထဲက ထုတ္ခဲ့တဲ့ လက္ႏွစ္ဖက္ကေတာ့
ေဘးမွာ ခ်ထားလွ်က္။ လွမ္းလည္း မလာသလို ျပန္လည္း မထည့္ပါ။
ေနကေတာ့ ေခါင္းေပၚမွာ သာေနၿပီး စုလုရီကေတာ့ နဖူးမွာ ေခြၽးေတြပါ စို႔လာသည္။
"အမေလး...." စုလုရီ ခ်င့္ခ်ိန္လိုက္သည္။ 'ဒီတိုင္း စုက်န္းခ်န္လက္ကိုဆြဲၿပီး "သြားစို႔" လို႔ သာသာေလး
ေျပာၿပီး အစ္ကိုႀကီးကို ခ်န္ထားလိုက္ရမလား။ ဒါေပမယ့္ စုက်န္းခ်န္ကို ျငင္းၿပီး စုခ်ီဆီကို တကူးတကႀကီး လွည့္သြားဖို႔ရာ ၾကေတာ့လည္း ရွက္စရာႀကီး'
စုလုရီ မဝံ့မရဲနဲ႕ပဲ စုက်န္းခ်န္ရဲ႕ လက္ေကာက္ဝတ္ကို လွမ္းဆြဲလိုက္၏။ ၿပီးေတာ့ သူ႕ ေက်ာပိုးအိတ္က
ယုန္နား႐ြက္ ႏွစ္ဖက္ေပၚ တင္ေပးလိုက္သည္။
စုက်န္းခ်န္ : "... ... ..."
"ေရွ႕ေနာက္ ေလွ်ာက္ရေအာင္ အဲ့တာမွ အေနာက္က လူေတြကို မပိတ္မွာ" လို႔ စုလုရီက ေျပာလိုက္၏။
သူ႕ရဲ႕ဥာဏ္နီ ဥာဏ္နက္ေတြေၾကာ င့္အံ့ၾသယူရသည္။
စုခ်ီရဲ႕ ႏႈတ္ခမ္းအစြန္းေတြ ေကြးတတ္သြားခဲ့ၿပီး ေနာက္ဆုံးမွာ "ေလာဘႀကီး လိုက္တာ" လို႔ ေျပာခဲ့၏။
စုက်န္းခ်န္က ခဏေလာက္ တြန႔္ဆုတ္ၿပီးေတာ့ေနာက္ဆုံးမွာေတာ့ "အိုေခ" လို႔ ေျပာခဲ့သည္။ လက္ကိုင္တာမ်ိဳးကို သူ မႏွစ္မ်ိဳ႕ေပမယ့္ စုလုရီ မေလွ်ာက္ရဲတာ ျမင္လို႔ အႀကံျပဳလိုက္ခ်င္းပင္။ ရွက္တာကို ဖုံးကြယ္ဖို႔ နား႐ြက္ေတြကို ပြတ္ေနလိုက္သည္။
စုလုရီက စုခ်ီရဲ႕အေနာက္ကို ဝင္လိုက္ၿပီး စုခ်ီရဲ႕ ရွပ္အေနာက္ကို ဆြဲကာ နားဖားႀကိဳး ကိုင္သလို ဆြဲၿပီး ...
"သြားစို႔ အစ္ကိုႀကီး"
စုခ်ီကေတာ့ လွည့္ေတာင္ မၾကည့္လာပါ။
စတိုင္အမ်ိဳးမ်ိဳးနဲ႕ ေခ်ာေမာတဲ့ ေယာကၤ်ားသုံးေယာက္ တံတားေပၚမွာ လမ္းေလွ်ာက္လာတာဟာ
လွပတဲ့ ျမင္ကြင္း ျဖစ္ခဲ့သင့္သည္။
အခုေတာ့ သူတို႔က လွပတဲ့ မ်ဥ္းေၾကာင္းႀကီး ျဖစ္ေနၿပီ။
ေဘးနားက ခရီသြားေတြကေတာ့ စုလုရီကို ေၾကာင္ေနတဲ့ အၾကည့္ေတြနဲ႕ ၾကည့္လာၾက၏။
ေခ်ာေပမယ့္လည္း ဦးေႏွာက္က ျပႆနာရွိေနတာ ႏွျမႇောစရာဟယ္။
စုလုရီကေတာ့ ဒါေတြ သတိမထားမိပါ။ စုက်န္းခ်န္ကို ဆြဲကာ စုက်န္းခ်န္နဲ႕အတူ အေရွ႕ကို ဆယ္လွမ္းေလာက္ တိုးလိုက္သည္။ သူ႕ ေနာက္ေက်ာကေခြၽးေတြပါ ျပန္ေနၿပီး သူ႕ ေဘးပတ္ဝန္းက်င္
ကိုလည္း လွည့္မၾကည့္ရဲပါ။
စုက်န္းခ်န္က သူ႕ကို ယုန္နား႐ြက္ကေန ဆြဲမလိုက္ကာ "အဲ့ေလာက္ေတာက္ ေၾကာက္တာလား။
တုန္ေတာင္ တုန္ေနၿပီ"
တစ္ခါတေလ သူ႕ ဒုတိယ အစ္ကိုႀကီးက တည့္တိုး ေျပာတတ္ၿပီး ေယာကၤ်ားမာနေတြ ဘာေတြ ထည့္မတြက္ဘူးလို႔ စုလုရီ ေတြးမိသည္။
"မဟုတ္ပါဘူး။ လြယ္အိတ္က လႈပ္တာေနမွာပါ၊ ေလတိုက္လို႔"
႐ုတ္တရက္ တစ္ေယာက္ေယာက္က မ်က္ႏွာေျပာင္စြာ ႀကိဳးတံတားကို လႈပ္ရမ္းလာခဲ့၏။
စုလုရီတစ္ေယာက္ ရွယ္တုန္လႈပ္ကာ စုခ်ီရဲ႕အကၤ်ီစကို ၾကမ္းတမ္းစြာ လွမ္းဆြဲလိုက္မိသည္။
စုက်န္းခ်န္ "... ..."
စုခ်ီရဲ႕ေလသံက ေအးစက္ေနသည္။ "စုလုရီ"
စုခ်ီရဲ႕အကၤ်ီစက အဆြဲခံရတာေၾကာင့္ V ပုံစံဟကာ သူ႕ရဲ႕ခါး ေပၚသြားတာကို စုလုရီ ျမင္လိုက္ရသည္။
ေလတစ္ခ်က္အေဝ့မွာ စုခ်ီရဲ႕ေလသံက ပိုမို ေအးစက္လာကာ "ငါ့ ခါးေအးေနၿပီ" လို႔ ေျပာလာခဲ့၏။
စုလုရီက ရိုက်ိဳးစြာ ကိုယ္ကို ကိုင္းလိုက္ၿပီး ထိုအမ်ိဳးသားရဲ႕ ခါးကို ေလပူနဲ႕ မႈတ္ေပးလိုက္သည္။
ေႏြးေထြးၿပီး ႏူးညံ့တဲ့ ေလက တစ္ခါမွ အထိခံဖူးေလ့ မရွိတဲ့ အသားေပၚ က်ေရာက္လာေတာ့
ယားက်ိက်ိ ခံစားခ်က္ကို ျဖစ္ေပၚေစ၏။
စုလုရီ ေလမႈတ္လို႔ မၿပီးေသးခင္ လက္ေကာက္ဝတ္ကေန ဆြဲေခၚတာ ခံလိုက္ရသည္။
စုက်န္းခ်န္က သူ႕ လြယ္အိတ္ကို ဆုပ္ကိုင္ထားၿပီး သူ႕ လက္ေကာက္ဝတ္ကေတာ့ စုခ်ီရဲ႕လက္ဖဝါးထဲမွာျဖစ္ကာ သူ႕ကို အေရွ႕အေနာက္ ဆြဲေနၾကသည္။ သူ႕ ဆံပင္ေတြကေတာ့ စစ္ပြဲထဲက ႀကိဳးတစ္ေခ်ာင္းလိုပဲ အလယ္ထဲမွာ တစ္လႊင့္လႊင့္နဲ႕ေပါ့။
"အေနအထိုင္၊ အေျပာအဆို ဆင္ျခင္စမ္း"
စုလုရီက ရိုက်ိဳးစြာ ပါးစပ္ေလးပိတ္ကာ ေခါင္းေလး ညိတ္ျပလိုက္သည္။
စုခ်ီ ျပန္လွည့္သြားတာ ျမင္မွ စုလုရီက စုက်န္းခ်န္အနားကပ္ကာ ေလသံတိုးတိုးျဖင့္ "ဒုတိယ အစ္ကိုႀကီး၊ အခုနက ကြၽန္ေတာ္ လုပ္လိုက္တဲ့ အျပဳအမႈက အထက္တန္းလႊာေတြအတြက္ မသင့္ေတာ္ဘူးလား"
သူ႕အစ္ကို အႀကီးဆုံးက စတိုင္မိတဲ့ လူယဥ္ေက်းေလးဆိုတာ စုလုရီ သိ၏။
စုက်န္းခ်န္ ေဝခြဲမရတဲ့ မ်က္ဝန္းေတြနဲ႕ သူ႕ကို ၾကည့္ကာ "အဲ့တာက ျပႆနာ မဟုတ္ဘူးေလ" လို႔ ေျပာလာသည္။
သူ ႀကိဳးတံတားေပၚကေန ခက္ခက္ခဲခဲနဲ႕ ဆင္းၿပီးမွ စုက်စ္ထုံနဲ႕ ယုရွင္းရန္တို႔ ႏွစ္ေယာက္မွာ ေဘးလမ္း
မွာ ေရာက္ႏွင့္ၿပီး ေစာင့္ေနၾကတာကို ေတြ႕လိုက္ရသည္။ ယုရွင္းရန္ကေတာ့ လက္ဖက္ရည္ေသာက္ေန၏။
စုလုရီက စုက်စ္ထုံရဲ႕ပြင့္ေနတဲ့ လြယ္အိတ္ကို လွမ္းၾကည့္လိုက္သည္။ လက္ေတြ႕က်တဲ့ ပစၥည္းေတြ
အမ်ားႀကီးရွိ၏။ တစ္ရႉးတို႔၊ သဘက္တို႔၊ မိုးကာအကၤ်ီတို႔ စုံေနတာပဲ။
စုက်န္းခ်န္က စုလုရီရဲ႕ယုန္နား႐ြက္ကို လႊတ္လိုက္ၿပီး စုလုရီကလည္း စုခ်ီရဲ႕အကၤ်ီစကို လႊတ္လိုက္သည္။
စုယြီက သူတို႔ကို ျမင္ကာ ႏွာေခါင္းရႈံ႕လိုက္၏။ "တယ္လည္း ေႏွးတဲ့ဟာေတြ"
စုခ်ီကေတာ့ သူ႕အကၤ်ီစကို ျပန္ျဖန႔္လိုက္ၿပီး ဘာမွမေျပာလာပါ။
ႀကိဳးတံတားကေန မွန္တံတားကို ေရာက္ဖို႔ ဆယ္မိနစ္ေလာက္ ေလွ်ာက္လိုက္ရသည္။ လမ္းတစ္ဖက္က မိုးသစ္ေတာကလည္း ေကာင္းကင္တစ္ဝက္ေလာက္ကို ဖုံးအုပ္ေနကာ ေက်ာက္လမ္းကို အရိပ္က်ေန၏။ ေလတိုက္တဲ့အခါမွာေတာ့ လမ္းမွာအလင္းေတြ၊ အရိပ္ေတြ အမ်ားႀကီးက်သည္။
ေန႕လည္ ေရာက္ေလေလ၊ ပိုပူလာေလေလပါပဲ။
စုလုရီက လူအုပ္ေနာက္ကို လိုက္ရင္း လိုက္ရင္းနဲ႕ သူ႕ေက်ာပိုးအိတ္က ပိုေလးလာသလို ခံစားရသည္။
သူေကာ္လာကို မၾကည့္လိုက္ေတာ့ သူ႕ ပုခုံးမွာ အနီရာေတြ ရွိေနတာကို ေတြ႕လိုက္ရ၏။
"ဘာၾကည့္ေနတာလဲ" စုယြီက သူ႕ဘက္ကို႐ုတ္တရက္ ေခါင္းလွည့္လာခဲ့သည္။
သူ႕ မိဘေတြေရာ၊ အစ္ကိုေတြပါ သူ႕ကို ဝိုင္းၾကည့္ေနတာ သိလိုက္ရ၍ ေကာ္လာေပၚက လက္ကို
ျဖည္းျဖည္းခ်င္း ဖယ္လိုက္သည္။
စုလုရီ "....ဟို ေျမဆြဲအားက ေပးတဲ့ အမွတ္ေတြကိုၾကည့္ေနတာ"
က်န္တဲ့သူမ်ား "... ... ..."
စုခ်ီကေတာ့ နားလည္သြားကာ "ဟ" ခနဲ အသံျပဳလာသည္။ စုလုရီက သူ႕ရဲ႕ေယာကၤ်ားမာန တစ္ခါ
ျပန္ထလာတာကို ခံစားလိုက္ရ၏။
လမ္းတစ္ေလွ်ာက္မွာေတာ့ ေတာင္ေတြ၊ သူတို႔ရဲ႕ႀကီးမားတဲ့ အရိပ္ေတြက ဘယ္ဘက္မွာရွိၿပီး
ညာဘက္မွာေတာ့ ပင္လယ္ကမ္းေျခ ရွိသည္။ ေလေတြက ကမ္းေျခဘက္က တိုက္ခတ္ေနၿပီး ပင္လယ္ေရ၏ အနံ႕အနည္းငယ္ေတာင္ရေန၏။
စုလုရီက သူ႕ရဲ႕ (shooting team) group chat ဆီသို႔ ပို႔ရန္ ဖုန္းကို ထုတ္ကာ ဓာတ္ပုံေတြ ရိုက္ေနလိုက္သည္။
ပ်င္းစရာေကာင္းတဲ့ မိသားစု စုေဝးပြဲမွာ ေရာက္ေနတဲ့ စြင္းဟဲ့ယြီကေတာ့ အားက်စြာနဲ႕ သံပုရာသီး စားေနတဲ့ အီမိုဂ်ီေတြ ျပန္ပို႔လာခဲ့၏။
က်ိဳးခ်င္းခ်န္ကေတာ့ စကၠန႔္ပိုင္းအတြင္း ထိုေနရာကို မွတ္မိကာ စာျပန္လိုက္သည္။
(က်ိဳးခ်င္းခ်န္) ; "အဲ့တာ နမ္းဂန္က သစ္ေတာ ဥယာဥ္ေလ။ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က သြားခဲ့တာ
ေပ်ာ္စရာႀကီး။ အဲ့မွာ မွန္တံတားလည္း ရွိတယ္၊ ေပ်ာ္စရာႀကီး"
(စုလုရီ); "သိတယ္လို႔" (ကေလးေလး ေၾကာက္ေနတဲ့ပုံ.jpg)
(က်ိဳးခ်င္းခ်န္) ; "ေၾကာက္လို႔လား။ ဟားဟားဟား...သတိထားေနာ္၊ မင္း။ မႏွစ္တုန္းက အဲ့မွန္တံတားေပၚမွာ မေတာ္တဆမႈ ျဖစ္ခဲ့ေသးတယ္။ မွန္တစ္ခ်က္ အက္ၿပီး လူေတြေတာင္ ျပဳတ္က်ေတာ့မလို႔"
(က်ိဳးခ်င္းခ်န္) ; (snap.gif)
ေသစမ္း၊ စုလုရီ ေၾကာက္သြားကာ ဂ႐ုခ်က္ထဲကခ်က္ခ်င္းထြက္ၿပီး ဖုန္းကို ပိတ္လိုက္သည္။
နဂိုထဲက မရွိတဲ့ သူ႕ရဲ႕သတၱိေတြေတြ အခုေတာ့ အစကို ရွာလို႔ မရေတာ့ဘူး။
မွန္တံတားက ေတာင္ေတြဘက္မွာ ရွိၿပီး ရင္သပ္ ရႈေမာဖြယ္ပင္။ သူတို႔အုပ္စု အဝင္ဝကေန လမ္းေပၚက ျမင္ကြင္းက်ယ္ကို ေတြ႕လိုက္ရသည္။
ယုရွင္းရန္က အလယ္ ပလက္ေဖာင္းေပၚက စက္ဝိုင္းပုံကို ျပၿပီး "အဲ့တာ နာမည္ႀကီးေနရာပဲ။
တစ္ဝက္က မိုးသစ္ေတာဘက္မွာ ရွိၿပီး တစ္ဖက္က ေတာင္ေတြ အျပင္ဖက္မွာ။ အဲ့သြားၿပီး ဓာတ္ပုံ
ရိုက္ရေအာင္"
တကယ္လည္း အဲ့ေနရာမွာ လူငယ္ေတြ tripod ကိုယ္ဆီနဲ႕ ဓာတ္ပုံေတြ ရိုက္ေနၾက၏။ ၿပီးေတာ့
အင္တာနက္ေပၚက ဆယ္လီတစ္ခ်ိဳ႕ live လႊင့္ေနၾကသည္။
စုလုရီက သူ႕ကို ဘယ္သူမွ အာ႐ုံ မရွိတာကို အခြင့္ေကာင္းယူၿပီး စုခ်ီ အနားကို ခိုးကပ္လိုက္သည္။
"အစ္ကိုႀကီး၊ ကြၽန္ေတာ္ ေခါင္းမူးေနသလိုပဲ" လို႔တိုးတိုး ကပ္ေျပာလိုက္၏။
စုခ်ီ ; "အဲ့တာဆို ေျခေထာက္ ေအာက္ကို မၾကည့္နဲ႕"
မွန္တံတားေပၚမွာ ခရီးသည္ဦးေရ ကန႔္သတ္ထားတာမို႔ တစ္သုတ္ခ်င္းသာ လႊတ္ေန၏။ ယုရွင္းရန္နဲ႕
စုက်စ္ထုံကေတာ့ ေနာက္မွာ ျပတ္က်န္ေနခဲ့ရသည္။ သူတို႔က ညီအစ္ကိုေလးေယာက္ကို လက္ျပလိုက္ၿပီး ...
"အေရွ႕ခုံမွာ ျပန္ေတြ႕ၾကမယ္"
စုယြီကေတာ့ "အင္း" လို႔သာ အသံျပဳလိုက္သည္။
စုလုရီနဲ႕ က်န္တဲ့သူေတြ ဝင္ဖို႔ သိပ္ေတာ့ မေစာင့္လိုက္ရပါ။
သည္ေနရာက ႀကိဳးတံတားထက္ စာရင္ေတာ့ က်ယ္သည္။ ခရီးသည္ေတြ က်ယ္က်ယ္လြတ္လြတ္ ေလွ်ာက္လို႔ရ၏။
စုလုရီရဲ႕ေခါင္းထဲမွာေတာ့ က်ိဳးခ်င္းခ်န္ ေျပာတဲ့မေတာ္တဆ အေၾကာင္းသာ ေခါင္းထဲေရာက္ေနၿပီး
သူ နင္းလိုက္တဲ့ မွန္တိုင္းက ေပ်ာ့ဝင္သြားတယ္လို႔ခံစားေနရသည္။
သူ စုခ်ီရဲ႕အဝတ္စားကို ထပ္ဆြဲဖို႔ေတာ့ သတၱိ မရွိပါ။ အဲ့တာေၾကာင့္ သူ႕ ယုန္နား႐ြက္ကို စုက်န္းခ်န္
လက္ထဲသို႔ ထိုးထည့္လိုက္သည္။
စုယြီကလည္း ပါဝင္ခ်င္၏။ "ဘာေတြ ေဆာ့ေနတာလဲ။ ငါ့လည္း တစ္ဖက္ေပး"
စုက်န္းခ်န္ရဲ႕ လက္ေတြက ႀကီးမားလြန္းတာေၾကာင့္ နား႐ြက္ေတြကို လက္တစ္ဖက္ထဲနဲ႕ ကိုင္ထားနိုင္၏။
သူက စုယြီကို တားလိုက္ၿပီး "တစ္ေယာက္တစ္ဖက္ကိုင္ေနရင္ လမ္းေလွ်ာက္ရခက္တယ္"
"ဘာလို႔လဲ။ တစ္ဖက္ ေပးပါဆို"
စုလုရီရဲ႕ေျခေထာက္ေတြက ေရွ႕ကို တစ္လွမ္း လွမ္းတိုင္းတုန္ေနသည္။ လြယ္အိတ္အေနာက္က လူႏွစ္ေယာက္ကေတာ့ မႀကီးမငယ္ႏွင့္ ယုန္နား႐ြက္အတြက္ ရန္ျဖစ္ေနတုန္း။
ေခါင္းမူးတဲ့ ခံစားခ်က္ႀကီးက တိုးပြားလာ၏။
အဓိပၸာယ္မရွိတဲ့ ျပႆနာေတြၾကား အေရွ႕မွေအးစက္စက္ အသံထြက္ေပၚလာသည္။ "ဘာလို႔ ယုန္နား႐ြက္အတြက္ ရန္ျဖစ္ေနၾကတာလဲ။ ဘာလဲ၊ လကမာၻေပၚ ယုန္စီးသြားမလို႔လား"
"..." ညီအစ္ကို ႏွစ္ေယာက္လုံး လႊတ္လိုက္ၾကသည္။
စုလုရီ အကယ္ဆယ္ ခံလိုက္ရသလို ခံစားရ၏။
ခဏေလာက္ လမ္းေလွ်ာက္ၿပီးေနာက္မွာေတာ့ စုခ်ီက သူ႕ကို "မင္း တကယ္ကို မလုပ္နိုင္ဘူးဆိုရင္
ဓာတ္ပုံ နည္းနည္းရိုက္ၿပီး လာတဲ့ လမ္းအတိုင္း ျပန္လွည့္လိုက္။ အဲ့မွာ တံတားထိပ္ကို ပို႔ေပးမယ့္ ေကဘယ္ကား ရွိတယ္"
စုလုရီက သူ႕ ေခါင္းကို ေလးလံစြာ ယမ္းလိုက္သည္။ ေယာကၤ်ားဆိုတာ အရႈံးမေပးဘူး။
သူတို႔ ပလက္ေဖာင္းေပၚ ေရာက္ေအာင္ ဆယ္မိနစ္ေလာက္ ေလွ်ာက္လိုက္ရသည္။
အုပ္စုလိုက္ ဓာတ္ပုံရိုက္ေနၾကတဲ့ ခရီးသြား အခ်ိဳ႕ရွိေန၏။ စုလုရီရဲ႕အာ႐ုံ အလုံးစုံကေတာ့
သူ႕ေဘးပတ္ပတ္လည္ တစ္ဝိုက္မွာပင္ ဘယ္နားမွာမ်ား မွန္အက္ေနမလည္း ဆိုၿပီး လိုက္ၾကည့္ေနရတာနဲ႕တင္ သူမ်ားေတြ ဘာလုပ္ေနမလဲ မသိ။
ယုရွင္းရန္က ညီအစ္ကိုေတြနဲ႕အတူ မိသားစု ဓာတ္ပုံရိုက္လိုက္၏။ သူမ လွည့္ၾကည့္ေတာ့ သူမ သားအငယ္ဆုံးရဲ႕ မအီမသာ အၿပဳံးကို ျမင္လိုက္ရသည္။ သူမ လန႔္သြားကာ ဂ႐ုတစိုက္ ေမးလိုက္၏ "အျမင့္ ေၾကာက္လို႔လား"
စုလုရီက အိ ခနဲ အသံ ျပဳလိုက္သည္။
"အေမနဲ႕ အေဖကို ဘာလို႔ မေျပာတာလဲ" ယုရွင္းရန္က ျမန္ျမန္ဖက္လိုက္ကာ ေမးလာ၏။ သူမ သားက
အျမင့္ မေၾကာက္တတ္တာ သူမ ေသခ်ာေပါက္မွတ္မိ၏။ သူ သည္လိုမ်ိဳး တည္ေဆာက္ထားတဲ့
စားေသာက္ဆိုင္ေတာင္ တက္စားေသးတာပဲဟာ၊ သူ စားလို႔လည္း ဝင္ပါသည္။
စုလုရီက အသံေသးေသးျဖင့္ "႐ုတ္တရက္ႀကီးဆိုေတာ့..."
ယုရွင္းရန္ "... ..."
သူမ ခ်က္ခ်င္းပဲ စုလုရိကို ေကဘယ္ကားဆီ ျပန္ေစလိုက္၏။ စုလုရီ ျငင္းဖို႔ ႀကိဳးစားေပမယ့္ စုက်စ္ထုံရဲ႕ တားဆီးျခင္းကို ခံလိုက္ရသည္။ "ကိုယ့္ကိုကိုယ္ ဖိအားမေပးနဲ႕၊ ရီေလးကို ဘယ္သူ ျပန္လိုက္ပို႔ေပးမလဲ"
စုယြီက သူကိုယ္တိုင္ေတာင္ မသိလိုက္ပဲ စုခ်ီကိုလွမ္းၾကည့္မိေတာ့ စုခ်ိကလည္း သူ႕ကို လွမ္းၾကည့္ေနသည္။
စုလုရီက ပါးစပ္ဖြင့္မလို႔ႀကံေသး၊ စုယြီက သူ႕ေဘးခုန္ေရာက္လာကာ "ညီေလး၊ တတိယ အစ္ကိုႀကီး
လိုက္ပို႔ေပးမယ္"
ၿပီးေတာ့ ယုန္နား႐ြက္လည္း အဖမ္းခံလိုက္ရ၏။
စုလုရီက သူ သည္အတိုင္း ယုန္ကို လိုခ်င္ေနတာလို႔ေတြးလိုက္သည္။
သည္ စု ညီအစ္ကိုေတြက ဘာလို႔ အ႐ုပ္ဆို အသည္းအသန္ ျဖစ္ေနၾကမွန္း မသိ။
စုလုရီက စုယီနဲ႕အတူ ငါးမီတာ၊ ေျခာက္မီတာေလာက္ အတူေလွ်ာက္ၿပီးမွ စုခ်ီ ႏႈတ္ခမ္းေတြေျခာက္ေနတာကို ႐ုတ္တရက္ သတိရလာသည္။ သူ ေရမွ ယူလာရဲ႕လား မသိ။
စုလုရီက ရပ္လိုက္ၿပီး "အစ္ကိုႀကီး...ေရ"
သူ႕ စကားလုံးေတြ ျပတ္က်သြားသည္။
စုခ်ီ ေျခေထာက္ေအာက္က မွန္ေတြက ပင့္ကူမွ်င္လို အက္သြားခဲ့ၿပီး သူ႕ ေဘးနားမွာ ေတာက္ေလွ်ာက္ အက္လိုက္သြားခဲ့၏။
စုလုရီရဲ႕ စိတ္ေတြ လြတ္သြားခဲ့ရသည္။
အဲ့မွာ မေတာ္တဆမႈ ရွိခဲ့၏။ မွန္တစ္ခ်က္ အက္သြားၿပီး လူေတြ ျပဳတ္က်ေတာ့မလိုေတာင္ ျဖစ္ခဲ့တာတဲ့။
သူ ဘယ္ကေန သတၱိေတြ ရလာလည္း မသိ၊ ၾကမ္းတမ္းစြာ စုခ်ီ အေပၚကို ခုန္အုပ္လိုက္ၿပီး ေဘးကို ဆြဲလိုက္သည္။
"အစ္ကိုႀကီး၊ အစ္ကိုႀကီး..."
စုခ်ီက အဖက္ခံလိုက္ရလို႔ ေၾကာင္ေနေပမယ့္ တြန္းေတာ့ မထုတ္ပါ။
သူ႕ အေရွ႕က ေကာင္ေလးက ျဖဴေဖ်ာ့ေနၿပီး ႏႈတ္ခမ္းေတြ တုန္ေနေပမယ့္ သူ ေရာက္လာတဲ့အျမန္ႏႈန္းက မွန္းလို႔ေတာ င္မရဘူး။
ဒါ သူ႕ မသိစိတ္ကေန လုပ္မိတာ စုက်စ္ထုံကို မိုး႐ြာထဲ သြားေခၚတာၿပီးရင္ ဒုတိယအႀကိမ္ပဲ။
သူတို႔ႏွစ္ေယာက္က ေဘးကို မီတာ အနည္းငယ္ေလာက္ ယိုင္သြားတာေၾကာင့္ တျခား ခရီးသြားေတြကိုေတာင္ တိုက္မိေတာ့မလို႔။ စုလုရီရဲ႕ေျခေထာက္ေတြက အားမရွိတာေၾကာင့္ စုခ်ီရဲ႕ လက္ေမာင္းေတြကို မွီခ်ပစ္လိုက္ရေတာ့မလို ျဖစ္ေနေပမယ့္လည္း သူ စုခ်ီကို တစ္ဖက္သို႔ ရေအာင္ ဆြဲေခၚသြားနိုင္၏။
"မွန္၊ မွန္ေတြ အက္ေနၿပီ..."
စုလုရီတစ္ေယာက္ သူ႕ ပါးစပ္က ထြက္လာမယ့္ စကားေတြ အကုန္ရပ္တန႔္သြားခဲ့ရသည္။ ႀကီးမားတဲ့ လက္တစ္စုံက စုလုရီရဲ႕ေနာက္ေက်ာကို ကိုင္ကာ သူတို႔ႏွစ္ေယာက္ကို ျပန္တည့္မတ္ေပးလိုက္သည္။
သူက သူ႕ကို ပုတ္ေပးလိုက္၏။ "ဘာမွမျဖစ္ဘူး၊ အဲ့တာ effect ေတြ"
ဝီ.....
စုလုရီရဲ႕ ဦးေႏွာက္ ေသးေသးေလးက ပုံမွန္ အေနအထားသို႔ ျပန္ေရာက္သြားကာ သူအထိတ္တလန႔္ျဖင့္ ျဖည္းျဖည္းခ်င္း ေမာ့ၾကည့္လိုက္သည္။ ဘာ...
စုက်စ္ထုံနဲ႕ က်န္တဲ့လူေတြက အနားကို ေရာက္လာၾကၿပီး သူတို႔ မ်က္ႏွာေတြကို ျမင္ကာ ရယ္ေတာ့၏။
"ရီေလး၊ တကယ္ ထင္သြားတယ္မလား။ ဒီက အက္ရာေတြက နာမည္ႀကီးတယ္ေလ၊ မသိဘူးလား"
စုလုရီ ေၾကာင္သြားသည္။
သူ မသိဘူးေလ။ အခုမွ ေရာက္ဖူးတာ၊ ဘယ္လိုလုပ္ၿပီး သိမွာလဲလို႔။
ေလွ်ာက္လမ္းက ခရီးသည္ေတြလည္း ဝိုင္းရယ္ၾကသည္။ မိန္းကေလး ငယ္ငယ္ေလးကဆို သူ႕အမ်ိဳးသားဘက္ကို လွည့္ၿပီး "ၾကည့္ဦး။ ကြၽန္မ အဲ့လို ျပဳတ္က်ရင္ေရာ၊ ရွင္ ကယ္မွာလား"
သူမ အမ်ိဳးသားက ခ်က္ခ်င္းပဲ "ဒါေပါ့၊ ကယ္မွာေပါ့"
"ဒါမွ ငါ့ေယာကၤ်ား"
စုလုရီ ရွိသမွ် သတၱိေတြ အကုန္ ထုတ္သုံးလိုက္ရတာမို႔ ပင္ပန္းၿပီး တစ္ကိုယ္လုံး ဗလာက်င္းလိုက္သလို ခံစားလိုက္ရသည္။
သူ႕ ေျခေထာက္ေတြ ေပ်ာ့ေခြကာ ေခါက္ဆြဲဖက္ကေလးလို သူ႕ ဒူးေခါင္းသူ ဖက္ရင္း က်ဳံ႕ထားလိုက္သည္။
က်ိဳးခ်င္းခ်န္၊ ေခြးသူခိုးေကာင္။ သည္လိုျဖစ္ေအာင္ သူ လုပ္တာ၊ အား ...
စုက်စ္ထုံက ေခါက္ဆြဲဖက္ေလးကို သနားသြားကာ "စုယြီ၊ ညီေလးကို ထိုင္ဖို႔ ျပန္ေခၚသြားလိုက္ဦး"
စုယြီ "သြားမယ္၊ လာ။ တတိယ အစ္ကိုႀကီးနဲ႕ျပန္သြားစို႔"
စုလုရီ စိတ္ေလွ်ာ့ဖို႔ ႀကိဳးစားေပမယ့္ မရပါ။ "ခဏေလး၊ ခဏေလာက္ ေနဦးမယ္"
အရိပ္တစ္ခု သူ႕ အေရွ႕ကို က်လာၿပီး လက္တစ္ဖက္က သူ႕ လက္ေမာင္းကို ကိုင္ကာ အေရွ႕သို႔ မ,လိုက္သည္။
ေခါင္းေပၚကေန စုခ်ီ အသံကို ၾကားလိုက္ရ၏။ "လာ၊ ငါ ခ်ီမယ္"