" တစ်ခါလာလည်း ဒီမင်းသက်ထက်၊နောက်တစ်ခါလာလည်း ဒီမင်းသက်ထက်ပဲ။ အမြဲကို အူတိုနေတာ။ "
ကာရံညီညာက မရှင်းတာကြာသည့် အဝတ်ဗီရိုထဲက အဝတ်အစားတွေကို ကုတင်ပေါ်စုပုံချနေရင်းမှ ပြောလာသည်။စိုင်းစွမ်းထက်ပိုင်က ကုတင်ဘေးမှာ လက်တစ်ဖက်က ခါးကိုခပ်လျောလျောထောက်ထားရင်း မတ်တပ်ရပ်နေသည်။
" ကိုယ်ဘယ်တုန်းကများ ခဏခဏသဝန်တိုဖူးလို့လဲ။ "
ကာရံညီညာက ကျောပေးကာ ကုတင်ပေါ် ထိုင်နေရာမှ ဖြတ်ခနဲလှည့်ကြည့်ပြီး စိုင်းစွမ်းထက်ပိုင်ဆီ တည့်တည့် ဂျင်းအကျီနဲ့ပစ်သည်။ရန်ဖြစ်စိတ်ဆိုးနေပေမယ့် လက်မှာအားမထည့်ထားဘူး။မရှောင်ရင် စိုင်းစွမ်းထက်ပိုင် နာသွားမှာစိုးလို့။
" ဘာကို သဝန်မတိုရမှာလဲ။ကိုးတန်းကတည်းက မင်းသက်ထက်ကို အမြဲအူတိုနေတာ ဒီအရွယ်ထိပဲ။ရင့်ကျက်ပါဦးလား။ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းမှန်း သိလျက်နဲ့ သဝန်တိုတာ လွန်လွန်းတယ်။ "
မင်းသက်ထက်က ကာရံညီညာ့၏ ရင်းနှီးရတဲ့ သူငယ်ချင်းဆိုတာ စိုင်းစွမ်းထက်ပိုင် သိပါသည်။သို့ပေမယ့် ကာရံညီညာ့ကို ကိုယ်မသိခင်အချိန်ကရော၊ ကိုယ်နဲ့စသိတဲ့ အရွယ်အပါအဝင် အခုချိန်ထိ မင်းသက်ထက်နဲ့ ကာရံညီညာက ကျောင်းတူ၊အလုပ်အတူရှိနေတာကို အူတိုနေတာ ဖြစ်သည်။ အခြားကျောင်းမှာ တာဝန်ကျတဲ့ မင်းသက်ထက်က အခုမန္တလေးကျောင်းကို ပြန်ပြောင်းလာရတာမို့ ကြည့်မရဖြစ်နေတာ။
" ကိုယ်လည်း ထိန်းချုပ်လို့မှမရတာ။ သဝန်တိုတာကို ဘယ်လိုထိန်းရမလဲ။ နှစ်ယောက်လုံးကို စွပ်စွဲနေတာလည်း မဟုတ်ဘူး။ယုံလည်းယုံကြည်တယ်။ သူ့ဘာသာ သဝန်တိုနေပြီး မင်းသက်ထက်ကို ကြည့်မရဖြစ်နေတာပဲ။ရှင်းရှင်းလေး။ "
" ဘာလို့ကြည့်မရတာလဲ။ သူ့ဘာသာနေတဲ့ဟာ။ "
" မသိဘူးဗျာ ... ရှင်းမပြတတ်တော့ဘူး။ အစ်ကို့ သူငယ်ချင်းကို ကြည့်မရတာက မရတာပဲ။ "
ကာရံညီညာက နောက်ထပ်အဝတ်တစ်ဆုပ်နဲ့ ထပ်ပေါက်သည်။ စိုင်းစွမ်းထက်ပိုင်က ကြမ်းပေါ်ကျသွားတဲ့ အဝတ်တစ်ချို့ကိုပါ ကောက်လိုက်ပြီးမှ လက်ထဲမှာ လုံးကိုင်ကာ ကုတင်အဖျားမှာထိုင်သည်။ပြီးနောက် အဝတ်အစားကို ညီနေအောင် ခေါက်သည်။
" သူ့ဘာသာ အလုပ်ကိစ္စနဲ့လာတာကို မင်းကမျက်မုန်းကျိုးနေတာ။ငယ်ငယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်း။ ငါသာ သူ့ကိုကြိုက်ရင် မင်းတောင် အခွင့်အရေးမရှိဘူး။ "
"သိတယ်လို့ ... နှစ်ယောက်လုံး ရိုးသားမှန်းသိတယ်။ ဒါပေမယ့် ကိုယ့်ကိုလည်း နားလည်ပေးလေ။ ကိုယ်လည်း ကိုယ်ချစ်တဲ့သူကို သဝန်တိုတာလေ။ ကိုယ် သူ့ကို ပြသနာသွားရှာနေတာလည်း မဟုတ်ဘူးလေ။"
" သိနေပါလျက်နဲ့ သဝန်တိုနေတာကို မကြိုက်တာ။"
ကာရံညီညာက နောက်တစ်ခေါက် လှည့်လာပြီး အဝတ်နဲ့ပေါက်မလို့ ပြင်ပြီးမှ စိုင်းစွမ်းထက်ပိုင်က အနားရောက်နေမှန်းသိတော့ လက်ထဲပဲ ပစ်ထည့်ပေးသွားသည်။ စိုင်းစွမ်းထက်ပိုင်က ခေါက်ပြီး အဝတ်တွေကို တူရာ၊တူရာ ထပ်ထားသည်။ရန်ဖြစ်နေတာနှင့်မတူဘဲ စကားပြောရင်း အဝတ်ရှင်းနေသည်နှင့် ပိုတူသည်။
" သူက ကိုယ့်ထက်အရင် အစ်ကိုနဲ့သိကျွမ်းခဲ့တာကို မနာလိုတာဗျာ။ "
" အကြောင်းမရှိအကြောင်းရှာပြီး သဝန်တိုတာ။ "
" ကိုယ့်ကို အဲ့လိုတော့ မပြောနဲ့။ တကယ််ချစ်တဲ့သူတွေက ကိစ္စအသေးအဖွဲလေးကစ ဂရုတစိုက်ရှိတတ်ကြတယ်။ "
" စိုင်းစွမ်းထက်ပိုင် "
ကာရံညီညာက လူပါလှည့်လာပြီးမှ စိုင်းစွမ်းထက်ပိုင်လို့ ခေါ်လိုက်သည်။ဒီနေရာကို လည်နေတာ တစ်နာရီလောက်ရှိပြီမို့ စိတ်မရှည်တော့ဘူး။ကာရံညီညာက ပြောဖို့ ပါးစပ်ပြင်လိုက်ပြီးမှ တံခါးခေါက်သံကြောင့် ရပ်လိုက်သည်။လော့မချထားတာမို့ စိုင်းရတုဟန်က ဝင်လာခဲ့သည်။
" ရန်ဖြစ်နေကြတာလား။ "
စိုင်းရတုဟန်က အံ့သြတကြီးမေးတော့ စိုင်းစွမ်းထက်ပိုင်က ကုတင်ပေါ်မှ ထ,လာသည်။
" မင်းပြောထားတဲ့ အလုပ်ကိစ္စမလား။ သွားမယ် ... လာ။ "
စိုင်းစွမ်းထက်ပိုင်က မှန်တင်ခုံပေါ်တင်ထားတဲ့ ဖုန်းကို ဘောင်းဘီရှေ့အိတ်ကပ်ထဲ ထည့်ပြီး ကာရံညီညာ့ဘေးက ခေါင်းအုံးပေါ် ဖြစ်သလို တင်ထားတဲ့ ဂျင်းဖျော့ရောင်လက်ရှည်ကို ကောက်ဝတ်သည်။
" အာ ... ရန်ဖြစ်နေတာဆို အရင်ပြေလည်အောင်ရှင်းကြလေ။ ခဏနေမှသွားလည်းရတာပဲ။ မင်းတို့ အရင်ရှင်းကြ။ "
စိုင်းရတုဟန်က ပြောတော့ ကာရံညီညာက ချက်ချင်းပြောလာသည်။
" ခေါ်သွား ... ရတယ် စိုင်းရတု။ ဘာမှမဟုတ်ဘဲ ရစ်နေတာ။ ခေါ်သွားတော့ မျက်စိနောက်သက်သာတယ်။ "
စိုင်းစွမ်းထက်ပိုင်က ဂျင်းလက်ရှည်၏ လက်ကို နှစ်ချက်လောက် ခေါက်တင်ပြီးမှ ပြောသည်။
" ပြီးတာပဲ။ နှင်လွှတ်တာနော် ... နောက်မှပြန်လိုက်မခေါ်နဲ့။ "
" ဝေးပါသေးတယ်။ "
ကာရံညီညာက ပြောလိုက်ပြီးမှ ခေါင်းလေးစောင်းငဲ့ကာ စိုင်းစွမ်းထက်ပိုင်၏ မျက်နှာကို ကြည့်သည်။တကယ်စိတ်ဆိုးသွားမှာတော့ ကြောက်ပုံပဲ။ စိုင်းစွမ်းထက်ပိုင်ကလည်း ကာရံညီညာ့ကို ကြည့်နေတာမို့ မျက်လုံးချင်းဆုံသွားတော့ ကာရံညီညာက ခပ်သွက်သွက် မျက်နှာလွှဲသွားသည်။စိုင်းစွမ်းထက်ပိုင်က ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီးမှ ကာရံညီညာ့၏ လက်ဘေးက walletကို ကောက်ယူသည်။လူကြီးလေးဘက်က ချော့လာတာ ခံရမယ့်အလှည့်ရောက်ပြီပဲ။
" သွားမယ် စိုင်းရတု။ "
စိုင်းရတုဟန်က ကာရံညီညာကို တစ်ချက်ကြည့်ပြီးမှ ပြောသည်။
" ညခုနှစ်နာရီထက် နောက်မကျစေရဘူးနော် အစ်ကိုကာရံ။ "
စိုင်းရတုဟန်ကို အခန်းအပြင် တွန်းပို့ကာ စိုင်းစွမ်းထက်ပိုင်လည်း ထွက်လာသည်။
" ဟုတ်လှချည်လား။ ခါတိုင်း အစ်ကိုကာရံ စိတ်ဆိုးရင် ပြာနေတဲ့သူက ဒီတိုင်းထွက်လာရဲတယ်ပေါ့။ "
လှေကားကို ဆင်းနေရင်းမှ စိုင်းစွမ်းထက်ပိုင်က ပြောသည်။
" ငါလည်း စိတ်ဆိုးတတ်တာပဲ။ ခုနက သူ ငါ့ကို ဘယ်လိုခေါ်လိုက်လည်းသိလား။ စိုင်းစွမ်းထက်ပိုင်တဲ့။ "
" အဲ့ဒါ မင်းနာမည်လေ ခွေးကောင်ရဲ့။ "
စိုင်းရတုဟန်က ပြောတော့ စိုင်းစွမ်းထက်ပိုင်က ချက်ချင်းဖြေသည်။
" စိုင်းစွမ်းလို့ ခေါ်တာပဲ လိုချင်တယ်။ "
" တကယ်စိတ်ဆိုးနေတာလား။
စိုင်းစွမ်းထက်ပိုင်က ဘာမှထပ်မပြောတော့ဘဲ အောက်ထပ်မြန်မြန်ဆင်းသွားကာ ကားသွားထုတ်သည်။ကားစက်နှိုးသံကြားတော့ ကာရံညီညာက အပေါ်ကနေ ခန်းစီးစကွယ်ကာ တိတ်တိတ်လေး ခိုးကြည့်ပါသည်။
..............................
ခုနှစ်နာရီကျော်တော့ စိုင်းရတုဟန်၏ ဖုန်းကို ကာရံညီညာက ဆက်လာသည်။စားသောက်ဆိုင်မှာ ညစာစားနေတာမို့ ဘေးမှာ စိုင်းစွမ်းထက်ပိုင်လည်း ရှိသည်။
" နောက်ဆုံးတော့ ဖုန်းခေါ်ခဲ့ပြီပဲ။ ကျေးဇူးကြီးမားလိုက်တာ။ "
အချော့ခံချင်နေတဲ့ စိုင်းစွမ်းထက်ပိုင်၏ ဒဏ်ကိုတော်တော်လေး သည်းခံလိုက်ရတာမို့ ထီဆုကြီး ပေါက်သလိုပင်။သူ့ယောကျ်ားက ပြန်မချော့တာကို အကုန်ပတ်ရမ်းနေသော စိုင်းစွမ်းထက်ပိုင်ကို တော်တော်ကြီး စိတ်ကုန်နေပြီ။ ကားParkingထိုးတာက စပြီး ရစ်တဲ့အပြင် အရသာကောင်းနေတဲ့ ဟင်းပွဲကိုေတာင် သုံးကြိမ် ပြန်ပြင်ခိုင်းသည်။
' ဟုတ်ကဲ့ အစ်ကိုကာရံ '
' စိုင်းစွမ်းရှိနေတယ်မလား။ ဘယ်အချိန်ပြန်လာမလဲ မေးပေးပါဦး။နောက်ကျနေရင် တံခါးဆင်းမဖွင့်ပေးဘူးလို့ ပြောပေးပါ့လား။ '
စိုင်းရတုဟန်က စိုင်းစွမ်းထက်ပိုင် အနားဖုန်းထိုးပေးတော့လည်း စိုင်းစွမ်းထက်ပိုင်က မယူဘူး။
' သူစိတ်ဆိုးနေတုန်းလား။ '
' ဟိုလေ ... အစ်ကိုကာရံ '
စိုင်းရတုဟန်က ပြောရခက်နေတုန်း ကာရံညီညာက ဖုန်းချသွားသည်။စိုင်းစွမ်းထက်ပိုင်က ချက်ချင်းပင် စားပွဲပေါ်က ကားသော့ဆွဲယူပြီး မတ်တပ်ရပ်သည်။
" ပြန်တော့မလို့လား။ "
" အင်း ... အချော့ခံချင်လို့ ငါစိတ်ဆိုးတာက အရေးမကြီးဘူး။ဖုန်းထဲမှာ သူ့အသံသိပ်မကောင်းဘူး။သူ့မိဘတွေနဲ့လည်း အရမ်းကြီး အဆင်ပြေတာ မဟုတ်သေးတော့ သူ့မှာ ငါပဲရှိတာ။ တော်ကြာ စိတ်အားငယ်နေမှာစိုးလို့။ "
" မင်းပဲ အစ်ကို့ကာရံ့ကို ပြောတော့ လိုက်မခေါ်နဲ့ဆို။ "
စိုင်းစွမ်းထက်ပိုင်က ပိုက်ဆံရှင်းဖို့ Walletထဲက တစ်သောင်းတန်ခြောက်ရွက်လောက် ထုတ်နေရင်းမှ ပြောသည်။
" အေးလေ ... ငါ့ဘာသာ ပြန်တတ်နေတာကို ဘာလို့ ငါတို့လူကြီးလေးက အပင်ပန်းခံပြီး လိုက်ခေါ်ရမှာလဲ။ ကိုယ့်ဘာသာပြန်တတ်တယ်။ "
စိုင်းရတုဟန်က ဘာမှကို မပြောချင်တော့ဟန် အရှေ့မှ ထွက်သွားသည်။
................................
စိုင်းစွမ်းထက်ပိုင် အခန်းထဲ ဝင်လာတော့ ကာရံညီညာက မင်္ဂလာဆွမ်းကပ်တုန်းက ဝတ်ခဲ့သည့် ဝတ်စုံကို မီးပူထိုးနေသည်။
" ကိုယ်သွားကတည်းက အဝတ်ရှင်းနေတာ အခုထိ မပြီးသေးတာလား။ တစ်ကိုယ်လုံး ညောင်းကိုက်နေတော့မှာပဲ။ ကျန်တာ ကိုယ်ဆက်လုပ်လိုက်မယ် ... နားလေ။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ လက်ထဲက မီးပူကို လက်လွှဲယူတော့ ကာရံညီညာက လက်ရှောင်လိုက်သည်။စိုင်းစွမ်းထက်ပိုင် ထွက်သွားကတည်းက အချိန်အတော်ကြာ ထိုင်နေပြီး အခုမှ မီးပူထိုးတာ ငါးမိနစ်လောက်ပဲရှိသေးသည်။
" ကိုယ်စိတ်ဆိုးရမယ့် အလှည့်ကို မရောက်ဘူး။ "
စိုင်းစွမ်းထက်ပိုင်က ခပ်တိုးတိုးပြောပြီး ကာရံညီညာ့လက်ထဲက အကျီကို ဆွဲယူပြီး သေသပ်နေအောင် ခေါက်ပေးသည်။
" မူးလာတာလား။ "
စိုင်းစွမ်းထက်ပိုင်ဆီက အနံ့ရနေတာမို့ ကာရံညီညာက မေးလိုက်သည်။
" ဟမ် ... မဟုတ်ပါဘူး။ "
" အနံ့ရနေတာ။ "
" Beer ပါ။ တစ်ခွက်ပဲသောက်လာတာကို အနံ့ထွက်နေတာလား။ "
" အဲ့တစ်ခွက်က Beerထည့်တဲ့ဖန်ဂျားနဲ့ တစ်ခွက်မလား။"
" မဟုတ်ပါဘူး။ အလုပ်ကိစ္စပြောရင်းမို့ ငြင်းလို့မကောင်းလို့ တစ်ခွက်ပဲသောက်လာတာ။ ဝန်ခံပါတယ် ... ကိုယ်သောက်တဲ့ခွက်က ငါးကြင်းခွက်။ "
ကာရံညီညာက ပေစောင်းစောင်းနဲ့ ကြည့်လာတော့ စိုင်းစွမ်းထက်ပိုင်က ရယ်ပြသည်။
" မင်းသက်ထက်က ငါ့ငယ်သူငယ်ချင်း ဖြစ်နေတော့ ငါက ဘယ်လိုလုပ်ပြီးစိတ်ကောင်းပါ့မလဲ။အဲ့ဒါကြောင့် မင်းခံစားချက်ကို နားမလည်ပေးသလို ဖြစ်သွားတာ။"
" အင်း ... ကိုယ်သိပါတယ်။"
"စိတ်မဆိုးနဲ့တော့။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့လက်ထဲက မီးပူကို လက်လွှဲယူလိုက်ပြီးမှ ကာရံညီညာ့၏ ပုဆိုးကို မီးပူတိုက်ပေးရင်း ဖြေသည်။
" အင်း "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ပခုံးတစ်ဖက်ပေါ် လက်တင်ကာ အားယူပြီးမှ စိုင်းစွမ်းထက်ပိုင်၏ ပါးကို နှာခေါင်းရော၊နှုတ်ခမ်းနဲ့ပါ ပွတ်ဆွဲ နမ်းလိုက်သည်။
" ငါချော့ပြီးပြီနော်။ "
စိုင်းစွမ်းထက်ပိုင် ခပ်သာသာပြုံးရင်း ခေါင်းငြိမ့်သည်။ ကာရံညီညာက ချက်ချင်းပင် တင်ပလ္လင်ခွေ ပြောင်းထိုင်ပြီး စိုင်းစွမ်းထက်ပိုင်၏ လက်မောင်းကို ခပ်ကြမ်းကြမ်းရိုက်သည်။
" ငါတို့ မင်္ဂလာဆွမ်းကပ်နေ့က မင်း ငါ့ကိုဘာကတိပေးထားလဲ။"
စိုင်းစွမ်းထက်ပိုင်က နာသွားတဲ့ လက်မောင်းကို လက်နဲ့ ခပ်ဖွဖွပွတ်နေရင်းမှ ကာရံညီညာနည်းတူ တင်ပလ္လင်ခွေပြောင်းထိုင်သည်။ မီးပူတိုက်ပြီးပြီမို့ စကားအေးအေးဆေးဆေး ပြောတော့မည့်ဟန်အပြည့်။
" ကိုယ်ဘာလုပ်နေလို့လဲ။ "
" မမှတ်မိလောက်အောင်ကို မူးနေတာလား။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်မောင်းကို ဆွဲစိပ်ပြန်သည်။
" မှတ်မိပါတယ်။ "
" အဲ့ဒါဆို ပြော "
" ဆေးလိပ်သောက်ရင်တောင် တစ်ပတ်မှာ သုံးခါထက်မပိုစေရဘူး။ မဖြစ်မနေ အရက်သောက်ရမယ်ဆိုရင်တောင် အရင်ဆုံး ခွင့်ပြုချက် တောင်းမယ်။ "
" အဲ့ဒါကို ငါ့မပြောဘဲ ဘာလို့ သောက်လဲ ။ "
" Beerနဲ့အရက် မတူဘူးထင်လို့လေ။ "
" ငါ မင်းကို ချုပ်ခြယ်နေတာမဟုတ်ပါဘူး။ ငါလည်းယောကျ်ားလေးမို့ အသောက်အစားမကင်းတာ သိပါတယ်။ အပေါင်းအသင်းစုံတာပဲ ဖြစ်ဖြစ်၊ အလုပ်ကိစ္စပဲ ဖြစ်ဖြစ် တခါတလေတော့ သောက်မိမှာပဲလေ။ စွဲသွားမှာစိုးလို့ တားနေတာ။ "
" စွဲသွားရအောင် လူကြီးလေးမှ မဟုတ်တာ။ "
စိုင်းစွမ်းထက်ပိုင်က ပြောရင်း ကာရံညီညာကို ဆွဲဖက်ပြီး ရင်ခွင်ထဲ ထည့်ထားသည်။
" ဘယ်သူက မင်းနဲ့ပြေလည်ပါပြီ ပြောလို့ လူကို လာဖက်နေတာလဲ။ "
စိုင်းစွမ်းထက်ပိုင်က ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ကာရံညီညာ့၏ မျက်တောင်ရှည်ရှည် ကော့ကော့လေးတွေကို နမ်းသည်။
" မေးစရာလိုလို့လား။ အထာနပ်နေပြီ ။ "
" လူလည် ..."
" သြော် ... ဒါနဲ့ ... "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို ဖက်ထားရာမှ လက်တစ်ဖက်လွှတ်လိုက်ပြီး walletထုတ်ကာ ထိုအထဲမှ ATMကဒ်ကို ကာရံညီညာ့ကို ပေးသည်။
" Passwordကို ကိုယ်တို့ မင်္ဂလာဆွမ်းကပ်တဲ့နေ့ ပြောင်းထားတယ်။ ကိုယ်တို့ အိမ်ဆောက်စရိတ်ကုန်ထားသေးတာမို့ တစ်ထောင်ကျော်တော့ ကျန်ဦးမှာ။ လူကြီးလေးပဲ သိမ်းထားပေးလေ။ "
" မင်းပဲ သိမ်းထားပါ။အဲ့လိုမဟုတ်လည်း မင်းမိဘတွေကို ပေးထားလေ။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ လက်ထဲပဲ ထည့်ပေးသည်။
" အိမ်ထောင်သည်ဖြစ်နေပြီ။ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ပဲလေ။ လူကြီးလေးပဲ သိမ်းထားလိုက်။လူကြီးလေးက အကြီးလေ ... ကိုယ်လိုအပ်တာရှိမှ တောင်းသုံးမယ်။ "
" အင်း "
ကဒ်လိုက်အပ်လို့ ပျော်တာမျိုး မဟုတ်ဘဲ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် ချစ်မြတ်နိုးတာအပြင် လေးစားမှုပါရှိတော့ ပျော်တာမျိုး ဖြစ်သည်။ကာရံညီညာက ခန္ဓာကိုယ်ကို လျောလိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ မျက်နှာကို မြင်အောင်ကြည့်ကာ စိုင်းစွမ်းထက်ပိုင်၏ နှာခေါင်းကို လက်ညှိုးလေးနဲ့ တို့ထိရင်း ပြောသည်။
" နောက်နှစ်ကျရင် ဒေါက်တာဘွဲ့ ဝင်ဖြေမလို့။အဲ့ကနေ ကထိက ၊ပါမောက္ခအထိပေါ့။ "
" ကောင်းသားပဲ။ နယ်ဝေးမကျရင် ပြီးတာပဲ။ ဝင်ဖြေလေ။ "
" လစာလည်း များမယ်ထင်တယ်။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ ဆံပင်လေးကို ခပ်ဖွဖွလေး ပွတ်ပေးနေရင်းမှ ခပ်ပြုံးပြုံးနဲ့ ပြောသည်။
" လူကြီးလေးက တော်တာပဲ။ "
" လစာကအရေးမကြီးပါဘူး။ အဓိကက ဝါသနာပါတာ။မင်းက ဒီလောက်ငွေရှာနိုင်တဲ့ဟာလေ နော် ... "
" အင်း ... စိတ်ချမ်းသာရင် ပြီးတာပဲ။ "
ကာရံညီညာက ပြုံးလိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ခေါင်းကို လက်နှစ်ဖက်နဲ့ နှိမ်ချပြီး နှုတ်ခမ်းချင်းထိကပ်စေသည်။ ပြီးနောက် ခပ်ဖွဖွလေး နမ်းသည်။ခဏကြာသွားတော့ စိုင်းစွမ်းထက်ပိုင်က ခေါင်းကို တိမ်းရှောင်လိုက်သည်။
" Beerအနံ့ထွက်နေတာမလား။ အရင် သန့်စင်လိုက်ဦးမယ်။ ရေလည်းမချိုးရသေးတော့ နုံးနေတာ။ "
စိုင်းစွမ်းထက်ပိုင်က ကုတင်ပေါ်က ထ, လိုက်သည်။ ကာရံညီညာက ချက်ချင်းပင် ထ, လိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ကျောပေါ် တက်လာတာမို့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ခန္ဓာကိုယ်ကို တစ်ချက်ထိန်းကာ ကျောပိုးလိုက်သည်။
" ငါလည်း ကိုယ်လက်မသန့်စင်ရသေးဘူး။ "
" အင်း ... ကျောင်းဆရာသာ ဖြစ်နေတာ ကလေးလိုပဲ တော်တော်ချွဲတယ်နော်။ "
စိုင်းစွမ်းထက်ပိုင်က ရေချိုးခန်းဆီ သွားတော့ ကျောပေါ်က ကာရံညီညာက ရေချိုးခန်းတံခါး ဖွင့်ပေးသည်။
" မင်းပဲ ငါ့ရဲ့ ကိုကိုလုပ်မှာဆို။ "
စိုင်းစွမ်းထက်ပိုင်က မဖြေတော့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ နားရွက်လေးကို ကိုက်ရင်း အတင်းလိုက်မေးသည်။
" ဟင် ... ဖြေလေ။ "
" အသည်းယားတယ်ကွ။ ချွဲခဲတဲ့ လူကြီးလေးက လာချွဲရင် တကယ်ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်တယ်ကွ။ ပြုတ်ကျနေမယ် ... သေချာကိုင်ထား။ "
ကာရံညီညာက သဘောတကျ ရယ်ရင်း စိုင်းစွမ်းထက်ပိုင် ရှောင်တိမ်းနေသည့်ကြားမှ ဘယ်ဘက်နားရွက်ကို နမ်းလိုက်၊ညာဘက်နားရွက်ကို နှာခေါင်းဖျားလေးနဲ့ ထိလိုက်လုပ်ကာ စ, နေသည်။ ကိုယ့်အပြုအမူ သေးသေးလေးကစ တုံ့ပြန်လွယ်တဲ့ စိုင်းစွမ်းထက်ပိုင်ကို ကြည့်ကာ အူမြူးနေတော့သည်။
.......................
" အရင်နှစ်တွေတုန်းက ကလေးတွေနွေရာသီ ကျောင်းပိတ်ရက်ဆိုရင် လူရှုပ်လို့တရားစခန်းမဝင်ဘူးဆို။ဒီနှစ်မှ ဘာလို့ တရားစခန်းဝင်တာလဲ။ "
ဒေါ်နန်းခမ်းလွင်က သူမ၏မိခင်ဖြစ်သူ စိုင်းစွမ်းထက်ပိုင်၊စိုင်းရတုဟန်တို့၏ အဘွားဖြစ်သူရဲ့ Luggageကို ဆွဲထားပြီး အောက်ထပ်ဆင်းလာရင်းမှ မေးလာသည်။ အဘွားက မီးဖိုချောင်ဘက်က ဖြတ်သွားရင်းမှ မီးဖိုချောင်ထဲ မေးငေါ့ပြသည်။
" ငါ့ဘာသာ တရားစခန်းသွားနေတာမှ လူရှုပ်ပေမယ့် တရားရသေးတယ်။ အိမ်မှာနေရတာ မျက်စိရှုပ်၊နားရှုပ်လွန်းလို့။ "
" အမေကလည်း ကလေးတွေကို ... "
" ငါကတစ်ဖက်ကလေးတွေကို ပြောတာမှ မဟုတ်တာ။တစ်ဖက်ကလေးတွေက ခပ်အေးအေးတွေ။ညည်းသားရော၊ ညည်းတူရောကို မျက်စိနောက်တာ။ ဟိုဘက်အိမ်သွားနေရင် စိုင်းရတုရဲ့ ငွေလသာကို ကလေးလေးခေါ်သံက ဆူညံလို့။ ဒီဘက်အိမ်မှာ နေပြန်တော့လည်း ညည်းသားရဲ့ လူကြီးလေးခေါ်သံက ပဲ့တင်ထပ်လို့။ ကလေးလေးနဲ့လူကြီးလေးတွေကို နားငြီးစိတ်ရှုပ်လို့ တရားစခန်းသွားနေမှာ။ "
ဒေါ်နန်းခမ်းလွင်က မီးဖိုချောင်ထဲက လေးယောက်ကိုကြည့်ပြီး ပြုံးလိုက်သည်။
" ကလေးတွေ ချစ်ချစ်ခင်ခင်ရှိနေတာ ကောင်းပါတယ် အမေရယ်။ "
" အစောကြီးရှိသေးတာကို အဘွားကတရားစခန်းသွားတော့မှာလား။ကျွန်တော်တို့လိုက်ပို့ပေးမယ်လေ။ "
စိုင်းစွမ်းထက်ပိုင်က Apronကိုချွတ်လိုက်ရင်း ပြောတော့ အဘွားက အသည်းအသန်ငြင်းသည်။
" မင်းအမေလိုက်ပို့ပေးပါလိမ့်မယ်။ကိုယ့်ဘာသာပဲ ပျော်ပျော်ရွှင်ရွှင်နေကြပါ။ "
" ဟုတ်ကဲ့ပါ။ "
အဘွားနဲ့အတူ ဒေါ်နန်းခမ်းလွင်ပါ ထွက်သွားသည်။
" ကိုယ်လှီးလိုက်မယ်။ ကြက်သွန်နီတွေက အသစ်တွေဆိုတော့ နှာမွှန်တယ်။ "
စိုင်းရတုဟန်က ငွေလသာလှီးနေတဲ့ ကြက်သွန်နီကို လက်လွှဲယူလိုက်ပြီး ကိုယ်တိုင်လှီးသည်။ငွေလသာက စပ်နေတဲ့ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေတော့ စိုင်းရတုဟန်က အနားကပ်ကာ ခပ်ဖွဖွလေး မှုတ်ပေးသည်။
" လက်ဖမိုးနဲ့ ပွတ်မပစ်နဲ့။ မျက်လုံးတွေ နာသွားမယ်။ "
စိုင်းရတုဟန်က Wet tissueနဲ့လက်ကို ပြောင်စင်နေအောင် သုတ်ပြီးမှ ငွေလသာ၏ မျက်နှာလေးကို ကိုင်ကာ ခပ်ဖွဖွလေး သေချာမှုတ်ပေးသည်။
" သက်သာလား။ "
" ဟုတ် "
ကာရံညီညာက အုန်းနို့ခေါက်ဆွဲထဲ ထည့်မည့် ကြက်သားတွေကို အမျှင်သေးသေးလေးတွေ ရအောင် ခွာနေရင်း ဘေးမှာထိုင်နေသည်။
" ကိုယ်ဆက်လုပ်လိုက်မယ်။ "
" စိုင်းစွမ်း ... ငါမင်းကို အကူအညီတောင်းစရာရှိလို့။ "
" ပြောလေ ...Wet Tissueယူမှာမလား။ "
စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန်နဲ့ စကားပြောနေရင်းမှ ကာရံညီညာက စကားမပြောဘဲ မျက်ခုံးပင့်ပြကာ လုပ်ခိုင်းသည့် အမူအယာအားလုံးကို နားလည်စွာ လုပ်ပေးသည်။
" မနက်ဖြန်ကျရင် ငွေလသာရဲ့ အဖေနဲ့တွေ့ရမှာ။ အဲ့ဒါကြောင့် ဘာတွေ ပြင်ဆင်သင့်လဲ။ "
" ရေ ... ဝိုင်ပုလင်းကောင်းကောင်းလေး လက်ဆောင်ယူသွားပေါ့။စီးပွားရေးသမားတော်တော်များများ သဘောကျမယ့်လက်ဆောင်လေ။ "
ကာရံညီညာ့ပါးစပ်က ပြောတာ မဟုတ်ဘဲ စိုင်းစွမ်းထက်ပိုင်က နားလည်မှုရှိစွာ ရေဘူးထဲမှ ရေကို ဖန်ခွက်ထဲထည့်ပေးပြီး ကာရံညီညာ့ကို ပေးရင်း စိုင်းရတုဟန်နဲ့လည်း စကားပြောနေသည်။
" အင်း ... နောက်ထပ်ရော ဘာတွေပြင်ဆင်သင့်လဲ။ "
" ရည်ရည်မွန်မွန် ဖြစ်အောင် ရှပ်လက်ရှည်နဲ့ ပုဆိုးပဲ ဝတ်သွားလေ။မင်းMullet Hairနဲ့ ဆိုးထားတဲ့ ဆံပင်အရောင်ကြောင့် အဝတ်အစားတော့ မြန်မာဝတ်စုံသာ ဝတ်သွား။ "
ကာရံညီညာက ကြက်သားမျှင်တွေကို ဇလုံအသစ်ထဲ ဇွန်းနဲ့ကော်ကာ ပြောင်းထည့်တော့ စိုင်းစွမ်းထက်ပိုင်က စကာားပြောနေရင်းမှ ကာရံညီညာ့၏ အကျီလက်လေး ရှည်နေတာကို နှစ်ချက်လောက်ခေါက်ပေးသည်။
" အင်း ... မင်းက ယောက္ခထီးဆီက အရိုက်ခံရတဲ့ အတွေ့အကြုံရှိတော့ မင်းလို အရိုက်မခံရအောင် ကြိုတင်ကာကွယ်တဲ့ သဘော ကြိုမေးထားတာ။ "
စိုင်းစွမ်းထက်ပိုင်က စားပွဲအောက်မှ စိုင်းရတုဟန်၏ ခြေထောက်ကို လှမ်းကန်သည်။စိုင်းရတုဟန်ကလည်း ရယ်ရင်းမှ ပြန်ကန်သည်။ကာရံညီညာက တစ်ချက်ကြည့်လိုက်ရုံနဲ့ စိုင်းစွမ်းထက်ပိုင်က ထပ်ကန်ဖို့ ပြင်ထားတဲ့ ခြေထောက်ကို ရပ်လိုက်သည်။
" ဒါမျိုးကျ အစ်ကိုကာရံ ပြောစရာမလိုဘဲ တန်းသိတယ်နော်။ ခုနလည်း ပါးစပ်ကတောင် ပြောစရာမလိုဘူး။ အကုန်အလိုက်တသိလုပ်ပေးတာနော် ကြောက်လိုက်တာ လွန်ရော။ "
" ချစ်တာလို့ ခေါ်တယ်ကွ။ "
စိုင်းရတုဟန်က ရယ်ကြဲကြဲနဲ့ ဝေဖန်သည်။
" မင်းပုံစံက နာနီကျနေတာပဲ။အခမဲ့နာနီပေါ့။ "
" မင်းတို့ညီအစ်ကိုနှစ်ယောက်ထဲ ဘယ်သူက အကြီးလဲ။ငါတစ်ခါမှ မမေးဖြစ်ခဲ့ဘူး။ "
ကာရံညီညာက မေးလိုက်တော့ စိုင်းရတုဟန်က ဖြေသည်။
" ကျွန်တော်က လပိုင်းပိုကြီးတယ်။ ဒီအရိုင်းအစိုင်းက နည်းနည်းငယ်တယ်။ မထင်ထားဘူးမလား။ "
" အင်း ... စိုင်းစွမ်းကို ပိုကြီးမယ်ထင်နေတာ။ "
" ခွေးလိုနွားလို ထွားကြိုင်းနေတာလေ။လူကပဲ ငယ်တာပါ။ တဏှာကိစ္စဆိုလည်း သူက အရင် တတ်သိနားလည်တာ။ ကိုးတန်း၊ဆယ်တန်းကတည်းက တဏှာကိစ္စလုံးပန်းနေတာ။ဒီကောင့်ပုံစံ ကြည့်ပြီးများ ရိုးရိုးအေးအေးလေး မထင်လိုက်နဲ့။ ကုပ်ကမြင်း။ "
စိုင်းစွမ်းထက်ပိုင်က ခြေထောက်ဖြင့်လှမ်းတော့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ခြေထောက်ကို လက်နဲ့ပိတ်ရိုက်သည်။
" ငါမေးချင်နေတာကြာပြီ။အခုမှ စကားဆက်မိလို့ မေးရဦးမယ်။ နောင်ချိုမှာတုန်းက သူ့မှာ ဘာဘာညာညာ ဇာတ်လမ်းတွေရှိဖူးလား။ကိုးတန်းတုန်းကတောင် အသွက်လွန်ပြီး ငါ့နောက်လိုက်တာဆိုတော့ သိချင်လို့။ "
ကာရံညီညာက မေးလိုက်တော့ ငွေလသာကပါ ခေါင်းထောင်လာသည်။ လက်အရှေ့က ကော်ဖီဗန်းကို ဘေးတွန်းပို့လိုက်ပြီးမှ စားပွဲပေါ် လက်ထောက်ကာ စိုင်းစွမ်းထက်ပိုင်ကို ကြည့်ပြီး မေးလာသည်။
" အစ်ကိုစိုင်းစွမ်း ... ကိုကိုလေးကရော နောင်ချိုမှာ ဇာတ်လမ်းတွေ ရှိဖူးလား။သူက တက္ကသိုလ်မှ ရည်းစားစထားတာလို့ ပြောလို့။ "
စိုင်းစွမ်းထက်ပိုင်ရော စိုင်းရတုဟန်ကပါ ပြိုင်တူ ခေါင်းရမ်းပြီး ပြိုင်တူဖြေသည်။
" ဘာဇာတ်လမ်းမှမရှိဘူး။ "
နှစ်ယောက်လုံး ပြိုင်တူဖြေလိုက်တော့ ကာရံညီညာရော ငွေလသာကပါ သေချာကြည့်လာသည်။ ပုံမှန်ဆို တစ်ယောက်တစ်ခွန်း ဆန့်ကျင်ဘက် ထွက်တဲ့ ညီအစ်ကိုက တစ်သံထဲ ထွက်ကတည်းက တစ်ခုခုရှိတာ သေချာပြီ။
" ကိုကိုခေါ်တုန်း ဗျာထူးထားနော်။ ကောင်းကောင်းမေးနေတုန်းဖြေ။ "
ကာရံညီညာ့၏ လက်က စိုင်းစွမ်းထက်ပိုင် ကျောပေါ်ရောက်ပြီးသား။
" ခင်ဗျားနော် ... ညာထားလို့ကတော့ ကျွန်တော် အတည်စိတ်ဆိုးမှာ။ "
ငွေလသာက ပြောတော့ စိုင်းရတုဟန်က မညာထားကြောင်း ခေါင်းရမ်းပြသည်။ပြီးနောက် ကာရံညီညာ့ကို ပြောလာသည်။
" အဲ့ဒီကိစ္စနဲ့ပတ်သတ်ရင် စိတ်ချ အစ်ကိုကာရံ။ဒီကောင်က နောင်ချိုမှာတုန်းက စာပဲ။ဒီရောက်မှ အစ်ကိုကာရံနဲ့တွေ့မှသာ စာရော၊တဏှာရော ဖြစ်သွားတာ။ "
စိုင်းစွမ်းထက်ပိုင်က 'ပြောသားပဲလေ' ဆိုတဲ့ပုံစံနဲ့ ကာရံညီညာ့ကို ယုံကြည်မှုရှိစွာ မေးငေါ့ပြသည်။
" စိုင်းရတုလည်း နောင်ချိုမှာတုန်းက သူ့ကို ကြိုက်တဲ့သူတွေ များပေမယ့် ဘယ်သူ့မှ ပြန်မကြိုက်ခဲ့သလို ဘာဇာတ်လမ်းမှမရှိဖူးဘူး ငွေလသာ။ "
" ကိုယ်ပြောသားပဲ။ "
ကာရံညီညာရော ငွေလသာရောက ခေါင်းငြိမ့်လိုက်သည်။ ပြီးနောက်နှစ်ယောက်လုံး ထ,သွားကာ အုန်းနို့ခေါက်ဆွဲ ထည့်ဖို့ ပန်းကန်လုံးတွေ သွားထုတ်သည်။
" ညီအစ်ကို ကောင်းပဲ။ မဟုတ်ရင် ကျောပုတ်အောင် ရိုက်ခံရမှာ။ "
စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန်ကို လက်ဖဝါးမြောက်ပြလိုက်တော့ ထိုလက်ကို စိုင်းရတုဟန်က လက်ဖဝါးချင်းရိုက်ကာ လူချင်းနီးကပ်ပြီးမှ ပခုံးချင်းတိုက်လိုက်သည်။
" ငါရောပဲ ... မဟုတ်ရင် ရှင်းလို့ရမှာ မဟုတ်ဘူး။ ငွေလစိတ်ဆိုးရင် ရက်နဲ့ချီပြီးကြာတာ။ "
နောင်ချိုမှာတုန်းက နှစ်ယောက်လုံး ဇာတ်လမ်းလေးတွေရှိဖူးသည်။လူပျိုဖြစ်ခါစလေးတွေမို့ ကောင်မလေးတွေနဲ့ ရုပ်ရှင်အတူသွားကြည့်၊မုန့်အတူစား လုပ်ဖူးသည်။သို့ပေမယ့် အီစီကလီအဆင့်လောက်သာ ဖြစ်သည်။ နှစ်ယောက်လုံး စိတ်တူကိုယ်တူမို့ ဘယ်သူ့ဘယ်သူမှ ဖော်ကောင်မလုပ်ကြဘူး။လက်ရှိ လက်တွဲထားသူတွေကသာလျှင် အချစ်ဦးနှင့် အချစ်ဆုံးတွေ ဖြစ်ကြသည်။
...........................
အကုန်လုံး အားလပ်ရပ် ဖြစ်တာမို့ ခရီးတိုလေး ထွက်ဖြစ်ကြသည်။သုံးညအိပ်ခရီး။ထွေထွေထူးထူးလည်း မစဥ်းစားကြဘဲ အရမ်းမဝေးတဲ့ ထိုင်းနိုင်ငံက ဖူးခတ်ကိုသာ သွားလိုက်ကြသည်။
စိုင်းစွမ်းထက်ပိုင်က လူငယ်မို့ သောက်စားထားကို ကာရံညီညာက မတားဘူး။ ဒီအချိန်အတွင်းလွတ်လပ်ခွင့်ပေးထားသည်။ငွေလသာကလည်း ထိုနည်းအတူပါပဲ။
" ထိုင်းမလေးတွေကို ငမ်းကောင်းနေတယ်မလား။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ နားရွက်ကို ဆွဲကာ မေးလိုက်တော့ သောင်ပြင်ပေါ် ဖြစ်သလို ထိုင်နေရင်းမှ စိုင်းစွမ်းထက်ပိုင်က ပြုံးပြသည်။
"မငမ်းပါဘူး။အချိုးအဆစ်ကျလို့ အလှအပကို အသိအမှတ်ပြုတဲ့ အနေနဲ့ကြည့်တာပါ။ "
ကာရံညီညာကလည်း စိုင်းစွမ်းထက်ပိုင်ဘေးမှာ လာထိုင်သည်။ပြီးနောက် လှိုင်းတွေဘက်ကို မျက်နှာမူထားရင်း ပြောသည်။
" အနီနဲ့တစ်ယောက်က ပိုကြည့်ကောင်းတယ်နော်။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ မျက်လုံးကို လက်နဲ့အုပ်ပြီး " မကြည့်နဲ့တော့" လို့ပြောသည်။
" ငါလည်း ဘာစိတ်မှမရှိပါဘူး။ အလှအပကို အသိအမှတ်ပြုတဲ့အနေနဲ့ကြည့်တာပါ ... လက်ဖယ်။ "
" ကိုယ်တစ်ယောက်လုံး ရှိနေတာ။ ကိုယ့်ကိုပဲကြည့်။"
စိုင်းစွမ်းထက်ပိုင်က အပေါ်က ရှပ်အကျီအဖြူကို ချွတ်လိုက်ပြီး Sixpacksတွေနဲ့ ချပ်ရပ်နေတဲ့ သူ့ခန္ဓာကိုယ်ပေါ် ကာရံညီညာ့၏ လက်ကိုတင်ပေးသည်။
" မင်းကိုကြည့်ရတာရိုးအီနေပြီ။"
ကာရံညီညာက တမင်သက်သက် စ,လိုက်တော့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို ချုပ်ကာ ဖက်ထားရင်း မျက်နှာကို ရင်ဘတ်နဲ့ ကပ်ထားသည်။
" ကိုယ့်လူကျ သိတတ်လိုက်တာ။ ခွေးဆိုးကိုက်နေတဲ့ အတိုင်းပဲ။ "
စိုင်းရတုဟန်က အနားက ဖြတ်သွားရင်းမှ စိုင်းစွမ်းထက်ပိုင်ကို ပြောသွားသည်။ သဲပြင်ပေါ် ငုတ်တုတ်လေး ထိုင်ကာ တုတ်လေးနဲ့ ဟိုဒီဆွဲနေတဲ့ ငွေလသာအနား စိုင်းရတုဟန်က လိုက်သွားသည်။
" ကလေးလေး ရေကူးရင် အကျီမချွတ်နဲ့နော်။ ဒီအတိုင်းပဲကူး။"
" ယောကျ်ားလေး အပေါ်ပိုင်းချွတ်တာ ဘာဖြစ်လို့လဲ။ စည်းကမ်းချက်တွေ လာထုတ်မနေနဲ့။ ကိုယ့်ဘာသာ ပျော်သလိုနေမှာ။ "
ငွေလသာက ပက်ခနဲပြန်ပြောပေမယ့် အကျီတော့ မချွတ်ဖြစ်ပါဘူး။ခပ်ပါးပါး ရှပ်အကျီနဲ့ ရေထဲဆင်းလိုက်တော့ အဝတ်အစားက ကပ်သွားတာမို့ စိုင်းရတုဟန်က ငွေလသာ ဘေးမှာ မတ်တပ်ရပ်ကာ ငွေလသာကို အခြားသူတွေ လွယ်လွယ်မမြင်ရအောင် ကွယ်ထားသည်။
" ခွေးဆိုးကိုက်မနေနဲ့ ။အေးဆေးပေါ့။ "
သူများကျ ပြောပြီး ကိုယ့်လူမှ သိတတ်နေတဲ့ စိုင်းရတုဟန်ကို စိုင်းစွမ်းထက်ပိုင်က ခြေထောက်နဲ့ ကန်သွားသည်။
မိုးချုပ်ခါနီးမို့ လူလည်းနည်းသွားပြီမို့ ခရီးပန်းနေကြတဲ့ ကိုယ့်လူကို ကိုယ်စီ ကျောပိုးလိုက်ကြပြီး Hotelကို ပြန်ကြသည်။
" စိုင်းစွမ်း မင်းနဲ့ငါနဲ့ လောင်းမလား။ဒီကနေ ဟိုးHotelထိ ကျောပိုးပြီးပြန်ဖို့ ဘယ်သူပိုပြီး တောင့်ခံနိုင်လဲ ပြိုင်မလား။ငါက Gymကစားနေကြမို့ သန်မာပြီးသားနော်။ "
" လောင်းကြေးပြော "
" ခရီးအတွက် ကုန်ကျစရိတ် အကုန်ခံကြေး။ "
" သဘောတူတယ်။ မင်းကGymကစားထားတာပဲရှိတာ။ ငါက အလေးအကျင့်ပါရှိပြီးသား။ အိမ်မှာဆို လူကြီးလေးကို ဒီလိုပွေ့နေကြ၊ကျောပိုးနေကြ။ "
တကယ်ပြိုင်ကြတော့ ပုံမှန်ဆို ကျောပိုးနိုင်ပေမယ့် ခရီးပန်းထားတာအပြင် ရေထဲနေထားတာတွေရောကြောင့် တကယ်တမ်းကျ နှစ်ယောက်လုံး လက်ပန်းကျသည်။ Hotelနဲ့တော်တော်ဝေးဝေးမှာ ရောက်နေတာမို့ ပိုပင်ပန်းသည်။
" ဘာမဟုတ်တာလေးကို ပြိုင်မနေကြပါနဲ့။ တအားပန်းသွားလိမ့်မယ်။ ကျွန်တော်ဆင်းလိုက်မယ်။ "
ငွေလသာက ပြောလာတော့ စိုင်းရတုဟန်က ငြင်းသည်။
" ဒါမျိုးကို Boyfriend Powerလို့ခေါ်တယ်ကွ။ မဆင်းနဲ့။"
စိုင်းစွမ်းထက်ပိုင်က လှောင်သလို ရယ်လိုက်ပြီးမှ စိုင်းရတုဟန်ကို ကြည့်ကာပြောသည်။
" ပင်ပန်းလွန်းလို့ မင်းမျက်နှာကြီး ဒီလောက်နီနေတာကွာ။ အရှုံးပေးလိုက်စမ်းပါ။ "
" ကိုယ့်အသံ ကိုယ်လည်းပြန်နားထောင်ဦး။ ဟောဟဲ လိုက်နေတာ။ "
စိုင်းရတုဟန်က ပြန်ပြောလိုက်မှ စိုင်းစွမ်းထက်ပိုင်က တံတွေးမြိုချပြီး ရှေ့မှ ခပ်သွက်သွက်ထွက်သွားသည်။
လမ်းတစ်ဝက်လောက်ရောက်တော့ နှစ်ယောက်လုံး မဟန်တော့ပေ။ကာရံညီညာနဲ့ ငွေလသာက ဘယ်လောက်ပဲ ပိန်တယ်ပြောပြော ယောကျ်ားလေးတွေမို့ အလေးချိန်က နစ်နေသည်။
" သဘောတူလား။ "
စိုင်းရတုဟန်က မေးလာတော့ စိုင်းစွမ်းထက်ပိုင်က ချက်ချင်းပင် ခေါင်းတဆက်ဆက်ငြိမ့်သည်။
" တူတယ် ... လောင်းကစားက ဘယ်သူ့အတွက်မှ မကောင်းဘူး။ "
ကာရံညီညာရော၊ငွေလသာရောက ဆင်းပေးလိုက်မှ နှစ်ယောက်လုံး ခါးကိုင်းကာ အသက်ရူူနေရသည်။
" ခါးနာသွားတာလား။ "
စိုင်းရတုဟန်က စိုင်းစွမ်းထက်ပိုင်၏ ခါးကို နှိပ်ပေးရင်း မေးသည်။
" အင်း ... အဝတ်တွေက ရေစိုထားတော့ ရေအလေးချိန်ပါ ပါနေတာ။ ကျောပိုးစက မသိသာပေမယ့် အချိန်ကြာတော့ ဆန်အိတ်ထမ်းရသလိုပဲ။ "
စိုင်းရတုဟန်က သွားတွေ ပေါ်အောင်ရယ်သည်။
" ငါရောပဲ ... ကျောက်တုံးနဲ့ဖိထားသလိုကို ဖြစ်နေတာ။ ကျောနာသွားတာ။ "
" ဘယ်နေရာလဲ။ ငါနှိပ်ပေးမယ်။"
စိုင်းရတုဟန်က နေရာပြလိုက်တော့ စိုင်းစွမ်းထက်ပိုင်က နှိပ်ပေးသည်။ ပြီးနောက် ညီအစ်ကို နှစ်ယောက် တစ်ယောက်ကို တစ်ယောက်မှီကာ ရှေ့က သွားကြသည်။
" လူကြီးလေး နောက်ကလိုက်ခဲ့တော့နော်။"
" ကလေးလေး နောက်ကလိုက်ခဲ့တော့နော်။ "
အသံနှစ်ခုက တစ်ပြိုင်တည်း။ကာရံညီညာက ငွေလသာကို မေးငေါ့ပြရင်း ခပ်ပြုံးပြုံးနဲ့ပြောလာသည်။
" ရိုးသားလှတဲ့ ရှမ်းလေးပဲ ကြားဖူးပါတယ်။ဒီရှမ်းတွေက ဘာရှမ်းတွေလဲ။ "
" မသိပါဘူး အစ်ကိုရယ်။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ခပ်လေးလေးဖိနပ်ကြီးကို ကိုင်ထားပြီး ငွေလသာက စိုင်းရတုဟန်၏ ခပ်လေးလေးဖိနပ်ကို ကိုင်ထားရင်းမှ အနောက်က လိုက်လာကြသည်။ ရှေ့ကနှစ်ယောက်ကတော့ မြန်မြန်ကျောခင်းချင်တာမို့ Hotelကို ရောက်အောင် ခပ်သွက်သွက်သွားနေကြသည်။
..............THE END..................
Zawgyi
" တစ္ခါလာလည္း ဒီမင္းသက္ထက္၊ေနာက္တစ္ခါလာလည္း ဒီမင္းသက္ထက္ပဲ။ အၿမဲကို အူတိုေနတာ။ "
ကာရံညီညာက မရွင္းတာၾကာသည့္ အဝတ္ဗီရိုထဲက အဝတ္အစားေတြကို ကုတင္ေပၚစုပုံခ်ေနရင္းမွ ေျပာလာသည္။စိုင္းစြမ္းထက္ပိုင္က ကုတင္ေဘးမွာ လက္တစ္ဖက္က ခါးကိုခပ္ေလ်ာေလ်ာေထာက္ထားရင္း မတ္တပ္ရပ္ေနသည္။
" ကိုယ္ဘယ္တုန္းကမ်ား ခဏခဏသဝန္တိုဖူးလို႔လဲ။ "
ကာရံညီညာက ေက်ာေပးကာ ကုတင္ေပၚ ထိုင္ေနရာမွ ျဖတ္ခနဲလွည့္ၾကည့္ၿပီး စိုင္းစြမ္းထက္ပိုင္ဆီ တည့္တည့္ ဂ်င္းအက်ီနဲ႕ပစ္သည္။ရန္ျဖစ္စိတ္ဆိုးေနေပမယ့္ လက္မွာအားမထည့္ထားဘူး။မေရွာင္ရင္ စိုင္းစြမ္းထက္ပိုင္ နာသြားမွာစိုးလို႔။
" ဘာကို သဝန္မတိုရမွာလဲ။ကိုးတန္းကတည္းက မင္းသက္ထက္ကို အၿမဲအူတိုေနတာ ဒီအ႐ြယ္ထိပဲ။ရင့္က်က္ပါဦးလား။ငါ့ရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းမွန္း သိလ်က္နဲ႕ သဝန္တိုတာ လြန္လြန္းတယ္။ "
မင္းသက္ထက္က ကာရံညီညာ့၏ ရင္းႏွီးရတဲ့ သူငယ္ခ်င္းဆိုတာ စိုင္းစြမ္းထက္ပိုင္ သိပါသည္။သို႔ေပမယ့္ ကာရံညီညာ့ကို ကိုယ္မသိခင္အခ်ိန္ကေရာ၊ ကိုယ္နဲ႕စသိတဲ့ အ႐ြယ္အပါအဝင္ အခုခ်ိန္ထိ မင္းသက္ထက္နဲ႕ ကာရံညီညာက ေက်ာင္းတူ၊အလုပ္အတူရွိေနတာကို အူတိုေနတာ ျဖစ္သည္။ အျခားေက်ာင္းမွာ တာဝန္က်တဲ့ မင္းသက္ထက္က အခုမႏၲေလးေက်ာင္းကို ျပန္ေျပာင္းလာရတာမို႔ ၾကည့္မရျဖစ္ေနတာ။
" ကိုယ္လည္း ထိန္းခ်ဳပ္လို႔မွမရတာ။ သဝန္တိုတာကို ဘယ္လိုထိန္းရမလဲ။ ႏွစ္ေယာက္လုံးကို စြပ္စြဲေနတာလည္း မဟုတ္ဘူး။ယုံလည္းယုံၾကည္တယ္။ သူ႕ဘာသာ သဝန္တိုေနၿပီး မင္းသက္ထက္ကို ၾကည့္မရျဖစ္ေနတာပဲ။ရွင္းရွင္းေလး။ "
" ဘာလို႔ၾကည့္မရတာလဲ။ သူ႕ဘာသာေနတဲ့ဟာ။ "
" မသိဘူးဗ်ာ ... ရွင္းမျပတတ္ေတာ့ဘူး။ အစ္ကို႔ သူငယ္ခ်င္းကို ၾကည့္မရတာက မရတာပဲ။ "
ကာရံညီညာက ေနာက္ထပ္အဝတ္တစ္ဆုပ္နဲ႕ ထပ္ေပါက္သည္။ စိုင္းစြမ္းထက္ပိုင္က ၾကမ္းေပၚက်သြားတဲ့ အဝတ္တစ္ခ်ိဳ႕ကိုပါ ေကာက္လိုက္ၿပီးမွ လက္ထဲမွာ လုံးကိုင္ကာ ကုတင္အဖ်ားမွာထိုင္သည္။ၿပီးေနာက္ အဝတ္အစားကို ညီေနေအာင္ ေခါက္သည္။
" သူ႕ဘာသာ အလုပ္ကိစၥနဲ႕လာတာကို မင္းကမ်က္မုန္းက်ိဳးေနတာ။ငယ္ငယ္ကတည္းက ခင္လာတဲ့ သူငယ္ခ်င္း။ ငါသာ သူ႕ကိုႀကိဳက္ရင္ မင္းေတာင္ အခြင့္အေရးမရွိဘူး။ "
"သိတယ္လို႔ ... ႏွစ္ေယာက္လုံး ရိုးသားမွန္းသိတယ္။ ဒါေပမယ့္ ကိုယ့္ကိုလည္း နားလည္ေပးေလ။ ကိုယ္လည္း ကိုယ္ခ်စ္တဲ့သူကို သဝန္တိုတာေလ။ ကိုယ္ သူ႕ကို ျပသနာသြားရွာေနတာလည္း မဟုတ္ဘူးေလ။"
" သိေနပါလ်က္နဲ႕ သဝန္တိုေနတာကို မႀကိဳက္တာ။"
ကာရံညီညာက ေနာက္တစ္ေခါက္ လွည့္လာၿပီး အဝတ္နဲ႕ေပါက္မလို႔ ျပင္ၿပီးမွ စိုင္းစြမ္းထက္ပိုင္က အနားေရာက္ေနမွန္းသိေတာ့ လက္ထဲပဲ ပစ္ထည့္ေပးသြားသည္။ စိုင္းစြမ္းထက္ပိုင္က ေခါက္ၿပီး အဝတ္ေတြကို တူရာ၊တူရာ ထပ္ထားသည္။ရန္ျဖစ္ေနတာႏွင့္မတူဘဲ စကားေျပာရင္း အဝတ္ရွင္းေနသည္ႏွင့္ ပိုတူသည္။
" သူက ကိုယ့္ထက္အရင္ အစ္ကိုနဲ႕သိကြၽမ္းခဲ့တာကို မနာလိုတာဗ်ာ။ "
" အေၾကာင္းမရွိအေၾကာင္းရွာၿပီး သဝန္တိုတာ။ "
" ကိုယ့္ကို အဲ့လိုေတာ့ မေျပာနဲ႕။ တကယ္္ခ်စ္တဲ့သူေတြက ကိစၥအေသးအဖြဲေလးကစ ဂ႐ုတစိုက္ရွိတတ္ၾကတယ္။ "
" စိုင္းစြမ္းထက္ပိုင္ "
ကာရံညီညာက လူပါလွည့္လာၿပီးမွ စိုင္းစြမ္းထက္ပိုင္လို႔ ေခၚလိုက္သည္။ဒီေနရာကို လည္ေနတာ တစ္နာရီေလာက္ရွိၿပီမို႔ စိတ္မရွည္ေတာ့ဘူး။ကာရံညီညာက ေျပာဖို႔ ပါးစပ္ျပင္လိုက္ၿပီးမွ တံခါးေခါက္သံေၾကာင့္ ရပ္လိုက္သည္။ေလာ့မခ်ထားတာမို႔ စိုင္းရတုဟန္က ဝင္လာခဲ့သည္။
" ရန္ျဖစ္ေနၾကတာလား။ "
စိုင္းရတုဟန္က အံ့ၾသတႀကီးေမးေတာ့ စိုင္းစြမ္းထက္ပိုင္က ကုတင္ေပၚမွ ထ,လာသည္။
" မင္းေျပာထားတဲ့ အလုပ္ကိစၥမလား။ သြားမယ္ ... လာ။ "
စိုင္းစြမ္းထက္ပိုင္က မွန္တင္ခုံေပၚတင္ထားတဲ့ ဖုန္းကို ေဘာင္းဘီေရွ႕အိတ္ကပ္ထဲ ထည့္ၿပီး ကာရံညီညာ့ေဘးက ေခါင္းအုံးေပၚ ျဖစ္သလို တင္ထားတဲ့ ဂ်င္းေဖ်ာ့ေရာင္လက္ရွည္ကို ေကာက္ဝတ္သည္။
" အာ ... ရန္ျဖစ္ေနတာဆို အရင္ေျပလည္ေအာင္ရွင္းၾကေလ။ ခဏေနမွသြားလည္းရတာပဲ။ မင္းတို႔ အရင္ရွင္းၾက။ "
စိုင္းရတုဟန္က ေျပာေတာ့ ကာရံညီညာက ခ်က္ခ်င္းေျပာလာသည္။
" ေခၚသြား ... ရတယ္ စိုင္းရတု။ ဘာမွမဟုတ္ဘဲ ရစ္ေနတာ။ ေခၚသြားေတာ့ မ်က္စိေနာက္သက္သာတယ္။ "
စိုင္းစြမ္းထက္ပိုင္က ဂ်င္းလက္ရွည္၏ လက္ကို ႏွစ္ခ်က္ေလာက္ ေခါက္တင္ၿပီးမွ ေျပာသည္။
" ၿပီးတာပဲ။ ႏွင္လႊတ္တာေနာ္ ... ေနာက္မွျပန္လိုက္မေခၚနဲ႕။ "
" ေဝးပါေသးတယ္။ "
ကာရံညီညာက ေျပာလိုက္ၿပီးမွ ေခါင္းေလးေစာင္းငဲ့ကာ စိုင္းစြမ္းထက္ပိုင္၏ မ်က္ႏွာကို ၾကည့္သည္။တကယ္စိတ္ဆိုးသြားမွာေတာ့ ေၾကာက္ပုံပဲ။ စိုင္းစြမ္းထက္ပိုင္ကလည္း ကာရံညီညာ့ကို ၾကည့္ေနတာမို႔ မ်က္လုံးခ်င္းဆုံသြားေတာ့ ကာရံညီညာက ခပ္သြက္သြက္ မ်က္ႏွာလႊဲသြားသည္။စိုင္းစြမ္းထက္ပိုင္က ဟက္ခနဲ တစ္ခ်က္ရယ္လိုက္ၿပီးမွ ကာရံညီညာ့၏ လက္ေဘးက walletကို ေကာက္ယူသည္။လူႀကီးေလးဘက္က ေခ်ာ့လာတာ ခံရမယ့္အလွည့္ေရာက္ၿပီပဲ။
" သြားမယ္ စိုင္းရတု။ "
စိုင္းရတုဟန္က ကာရံညီညာကို တစ္ခ်က္ၾကည့္ၿပီးမွ ေျပာသည္။
" ညခုႏွစ္နာရီထက္ ေနာက္မက်ေစရဘူးေနာ္ အစ္ကိုကာရံ။ "
စိုင္းရတုဟန္ကို အခန္းအျပင္ တြန္းပို႔ကာ စိုင္းစြမ္းထက္ပိုင္လည္း ထြက္လာသည္။
" ဟုတ္လွခ်ည္လား။ ခါတိုင္း အစ္ကိုကာရံ စိတ္ဆိုးရင္ ျပာေနတဲ့သူက ဒီတိုင္းထြက္လာရဲတယ္ေပါ့။ "
ေလွကားကို ဆင္းေနရင္းမွ စိုင္းစြမ္းထက္ပိုင္က ေျပာသည္။
" ငါလည္း စိတ္ဆိုးတတ္တာပဲ။ ခုနက သူ ငါ့ကို ဘယ္လိုေခၚလိုက္လည္းသိလား။ စိုင္းစြမ္းထက္ပိုင္တဲ့။ "
" အဲ့ဒါ မင္းနာမည္ေလ ေခြးေကာင္ရဲ႕။ "
စိုင္းရတုဟန္က ေျပာေတာ့ စိုင္းစြမ္းထက္ပိုင္က ခ်က္ခ်င္းေျဖသည္။
" စိုင္းစြမ္းလို႔ ေခၚတာပဲ လိုခ်င္တယ္။ "
" တကယ္စိတ္ဆိုးေနတာလား။
စိုင္းစြမ္းထက္ပိုင္က ဘာမွထပ္မေျပာေတာ့ဘဲ ေအာက္ထပ္ျမန္ျမန္ဆင္းသြားကာ ကားသြားထုတ္သည္။ကားစက္ႏွိုးသံၾကားေတာ့ ကာရံညီညာက အေပၚကေန ခန္းစီးစကြယ္ကာ တိတ္တိတ္ေလး ခိုးၾကည့္ပါသည္။
..............................
ခုႏွစ္နာရီေက်ာ္ေတာ့ စိုင္းရတုဟန္၏ ဖုန္းကို ကာရံညီညာက ဆက္လာသည္။စားေသာက္ဆိုင္မွာ ညစာစားေနတာမို႔ ေဘးမွာ စိုင္းစြမ္းထက္ပိုင္လည္း ရွိသည္။
" ေနာက္ဆုံးေတာ့ ဖုန္းေခၚခဲ့ၿပီပဲ။ ေက်းဇူးႀကီးမားလိုက္တာ။ "
အေခ်ာ့ခံခ်င္ေနတဲ့ စိုင္းစြမ္းထက္ပိုင္၏ ဒဏ္ကိုေတာ္ေတာ္ေလး သည္းခံလိုက္ရတာမို႔ ထီဆုႀကီး ေပါက္သလိုပင္။သူ႕ေယာက်္ားက ျပန္မေခ်ာ့တာကို အကုန္ပတ္ရမ္းေနေသာ စိုင္းစြမ္းထက္ပိုင္ကို ေတာ္ေတာ္ႀကီး စိတ္ကုန္ေနၿပီ။ ကားParkingထိုးတာက စၿပီး ရစ္တဲ့အျပင္ အရသာေကာင္းေနတဲ့ ဟင္းပြဲကိုေတာင္ သုံးႀကိမ္ ျပန္ျပင္ခိုင္းသည္။
' ဟုတ္ကဲ့ အစ္ကိုကာရံ '
' စိုင္းစြမ္းရွိေနတယ္မလား။ ဘယ္အခ်ိန္ျပန္လာမလဲ ေမးေပးပါဦး။ေနာက္က်ေနရင္ တံခါးဆင္းမဖြင့္ေပးဘူးလို႔ ေျပာေပးပါ့လား။ '
စိုင္းရတုဟန္က စိုင္းစြမ္းထက္ပိုင္ အနားဖုန္းထိုးေပးေတာ့လည္း စိုင္းစြမ္းထက္ပိုင္က မယူဘူး။
' သူစိတ္ဆိုးေနတုန္းလား။ '
' ဟိုေလ ... အစ္ကိုကာရံ '
စိုင္းရတုဟန္က ေျပာရခက္ေနတုန္း ကာရံညီညာက ဖုန္းခ်သြားသည္။စိုင္းစြမ္းထက္ပိုင္က ခ်က္ခ်င္းပင္ စားပြဲေပၚက ကားေသာ့ဆြဲယူၿပီး မတ္တပ္ရပ္သည္။
" ျပန္ေတာ့မလို႔လား။ "
" အင္း ... အေခ်ာ့ခံခ်င္လို႔ ငါစိတ္ဆိုးတာက အေရးမႀကီးဘူး။ဖုန္းထဲမွာ သူ႕အသံသိပ္မေကာင္းဘူး။သူ႕မိဘေတြနဲ႕လည္း အရမ္းႀကီး အဆင္ေျပတာ မဟုတ္ေသးေတာ့ သူ႕မွာ ငါပဲရွိတာ။ ေတာ္ၾကာ စိတ္အားငယ္ေနမွာစိုးလို႔။ "
" မင္းပဲ အစ္ကို႔ကာရံ႕ကို ေျပာေတာ့ လိုက္မေခၚနဲ႕ဆို။ "
စိုင္းစြမ္းထက္ပိုင္က ပိုက္ဆံရွင္းဖို႔ Walletထဲက တစ္ေသာင္းတန္ေျခာက္႐ြက္ေလာက္ ထုတ္ေနရင္းမွ ေျပာသည္။
" ေအးေလ ... ငါ့ဘာသာ ျပန္တတ္ေနတာကို ဘာလို႔ ငါတို႔လူႀကီးေလးက အပင္ပန္းခံၿပီး လိုက္ေခၚရမွာလဲ။ ကိုယ့္ဘာသာျပန္တတ္တယ္။ "
စိုင္းရတုဟန္က ဘာမွကို မေျပာခ်င္ေတာ့ဟန္ အေရွ႕မွ ထြက္သြားသည္။
................................
စိုင္းစြမ္းထက္ပိုင္ အခန္းထဲ ဝင္လာေတာ့ ကာရံညီညာက မဂၤလာဆြမ္းကပ္တုန္းက ဝတ္ခဲ့သည့္ ဝတ္စုံကို မီးပူထိုးေနသည္။
" ကိုယ္သြားကတည္းက အဝတ္ရွင္းေနတာ အခုထိ မၿပီးေသးတာလား။ တစ္ကိုယ္လုံး ေညာင္းကိုက္ေနေတာ့မွာပဲ။ က်န္တာ ကိုယ္ဆက္လုပ္လိုက္မယ္ ... နားေလ။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ လက္ထဲက မီးပူကို လက္လႊဲယူေတာ့ ကာရံညီညာက လက္ေရွာင္လိုက္သည္။စိုင္းစြမ္းထက္ပိုင္ ထြက္သြားကတည္းက အခ်ိန္အေတာ္ၾကာ ထိုင္ေနၿပီး အခုမွ မီးပူထိုးတာ ငါးမိနစ္ေလာက္ပဲရွိေသးသည္။
" ကိုယ္စိတ္ဆိုးရမယ့္ အလွည့္ကို မေရာက္ဘူး။ "
စိုင္းစြမ္းထက္ပိုင္က ခပ္တိုးတိုးေျပာၿပီး ကာရံညီညာ့လက္ထဲက အက်ီကို ဆြဲယူၿပီး ေသသပ္ေနေအာင္ ေခါက္ေပးသည္။
" မူးလာတာလား။ "
စိုင္းစြမ္းထက္ပိုင္ဆီက အနံ႕ရေနတာမို႔ ကာရံညီညာက ေမးလိုက္သည္။
" ဟမ္ ... မဟုတ္ပါဘူး။ "
" အနံ႕ရေနတာ။ "
" Beer ပါ။ တစ္ခြက္ပဲေသာက္လာတာကို အနံ႕ထြက္ေနတာလား။ "
" အဲ့တစ္ခြက္က Beerထည့္တဲ့ဖန္ဂ်ားနဲ႕ တစ္ခြက္မလား။"
" မဟုတ္ပါဘူး။ အလုပ္ကိစၥေျပာရင္းမို႔ ျငင္းလို႔မေကာင္းလို႔ တစ္ခြက္ပဲေသာက္လာတာ။ ဝန္ခံပါတယ္ ... ကိုယ္ေသာက္တဲ့ခြက္က ငါးၾကင္းခြက္။ "
ကာရံညီညာက ေပေစာင္းေစာင္းနဲ႕ ၾကည့္လာေတာ့ စိုင္းစြမ္းထက္ပိုင္က ရယ္ျပသည္။
" မင္းသက္ထက္က ငါ့ငယ္သူငယ္ခ်င္း ျဖစ္ေနေတာ့ ငါက ဘယ္လိုလုပ္ၿပီးစိတ္ေကာင္းပါ့မလဲ။အဲ့ဒါေၾကာင့္ မင္းခံစားခ်က္ကို နားမလည္ေပးသလို ျဖစ္သြားတာ။"
" အင္း ... ကိုယ္သိပါတယ္။"
"စိတ္မဆိုးနဲ႕ေတာ့။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့လက္ထဲက မီးပူကို လက္လႊဲယူလိုက္ၿပီးမွ ကာရံညီညာ့၏ ပုဆိုးကို မီးပူတိုက္ေပးရင္း ေျဖသည္။
" အင္း "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ပခုံးတစ္ဖက္ေပၚ လက္တင္ကာ အားယူၿပီးမွ စိုင္းစြမ္းထက္ပိုင္၏ ပါးကို ႏွာေခါင္းေရာ၊ႏႈတ္ခမ္းနဲ႕ပါ ပြတ္ဆြဲ နမ္းလိုက္သည္။
" ငါေခ်ာ့ၿပီးၿပီေနာ္။ "
စိုင္းစြမ္းထက္ပိုင္ ခပ္သာသာၿပဳံးရင္း ေခါင္းၿငိမ့္သည္။ ကာရံညီညာက ခ်က္ခ်င္းပင္ တင္ပလႅင္ေခြ ေျပာင္းထိုင္ၿပီး စိုင္းစြမ္းထက္ပိုင္၏ လက္ေမာင္းကို ခပ္ၾကမ္းၾကမ္းရိုက္သည္။
" ငါတို႔ မဂၤလာဆြမ္းကပ္ေန႕က မင္း ငါ့ကိုဘာကတိေပးထားလဲ။"
စိုင္းစြမ္းထက္ပိုင္က နာသြားတဲ့ လက္ေမာင္းကို လက္နဲ႕ ခပ္ဖြဖြပြတ္ေနရင္းမွ ကာရံညီညာနည္းတူ တင္ပလႅင္ေခြေျပာင္းထိုင္သည္။ မီးပူတိုက္ၿပီးၿပီမို႔ စကားေအးေအးေဆးေဆး ေျပာေတာ့မည့္ဟန္အျပည့္။
" ကိုယ္ဘာလုပ္ေနလို႔လဲ။ "
" မမွတ္မိေလာက္ေအာင္ကို မူးေနတာလား။ "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္ေမာင္းကို ဆြဲစိပ္ျပန္သည္။
" မွတ္မိပါတယ္။ "
" အဲ့ဒါဆို ေျပာ "
" ေဆးလိပ္ေသာက္ရင္ေတာင္ တစ္ပတ္မွာ သုံးခါထက္မပိုေစရဘူး။ မျဖစ္မေန အရက္ေသာက္ရမယ္ဆိုရင္ေတာင္ အရင္ဆုံး ခြင့္ျပဳခ်က္ ေတာင္းမယ္။ "
" အဲ့ဒါကို ငါ့မေျပာဘဲ ဘာလို႔ ေသာက္လဲ ။ "
" Beerနဲ႕အရက္ မတူဘူးထင္လို႔ေလ။ "
" ငါ မင္းကို ခ်ဳပ္ျခယ္ေနတာမဟုတ္ပါဘူး။ ငါလည္းေယာက်္ားေလးမို႔ အေသာက္အစားမကင္းတာ သိပါတယ္။ အေပါင္းအသင္းစုံတာပဲ ျဖစ္ျဖစ္၊ အလုပ္ကိစၥပဲ ျဖစ္ျဖစ္ တခါတေလေတာ့ ေသာက္မိမွာပဲေလ။ စြဲသြားမွာစိုးလို႔ တားေနတာ။ "
" စြဲသြားရေအာင္ လူႀကီးေလးမွ မဟုတ္တာ။ "
စိုင္းစြမ္းထက္ပိုင္က ေျပာရင္း ကာရံညီညာကို ဆြဲဖက္ၿပီး ရင္ခြင္ထဲ ထည့္ထားသည္။
" ဘယ္သူက မင္းနဲ႕ေျပလည္ပါၿပီ ေျပာလို႔ လူကို လာဖက္ေနတာလဲ။ "
စိုင္းစြမ္းထက္ပိုင္က ၿပဳံးလိုက္ၿပီး ေခါင္းငုံ႕ကာ ကာရံညီညာ့၏ မ်က္ေတာင္ရွည္ရွည္ ေကာ့ေကာ့ေလးေတြကို နမ္းသည္။
" ေမးစရာလိုလို႔လား။ အထာနပ္ေနၿပီ ။ "
" လူလည္ ..."
" ေၾသာ္ ... ဒါနဲ႕ ... "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ဖက္ထားရာမွ လက္တစ္ဖက္လႊတ္လိုက္ၿပီး walletထုတ္ကာ ထိုအထဲမွ ATMကဒ္ကို ကာရံညီညာ့ကို ေပးသည္။
" Passwordကို ကိုယ္တို႔ မဂၤလာဆြမ္းကပ္တဲ့ေန႕ ေျပာင္းထားတယ္။ ကိုယ္တို႔ အိမ္ေဆာက္စရိတ္ကုန္ထားေသးတာမို႔ တစ္ေထာင္ေက်ာ္ေတာ့ က်န္ဦးမွာ။ လူႀကီးေလးပဲ သိမ္းထားေပးေလ။ "
" မင္းပဲ သိမ္းထားပါ။အဲ့လိုမဟုတ္လည္း မင္းမိဘေတြကို ေပးထားေလ။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ လက္ထဲပဲ ထည့္ေပးသည္။
" အိမ္ေထာင္သည္ျဖစ္ေနၿပီ။ ကိုယ့္အိမ္ေထာင္နဲ႕ကိုယ္ပဲေလ။ လူႀကီးေလးပဲ သိမ္းထားလိုက္။လူႀကီးေလးက အႀကီးေလ ... ကိုယ္လိုအပ္တာရွိမွ ေတာင္းသုံးမယ္။ "
" အင္း "
ကဒ္လိုက္အပ္လို႔ ေပ်ာ္တာမ်ိဳး မဟုတ္ဘဲ ကိုယ္ခ်စ္တဲ့သူက ကိုယ့္အေပၚ ခ်စ္ျမတ္နိုးတာအျပင္ ေလးစားမႈပါရွိေတာ့ ေပ်ာ္တာမ်ိဳး ျဖစ္သည္။ကာရံညီညာက ခႏၶာကိုယ္ကို ေလ်ာလိုက္ၿပီး စိုင္းစြမ္းထက္ပိုင္၏ မ်က္ႏွာကို ျမင္ေအာင္ၾကည့္ကာ စိုင္းစြမ္းထက္ပိုင္၏ ႏွာေခါင္းကို လက္ညွိုးေလးနဲ႕ တို႔ထိရင္း ေျပာသည္။
" ေနာက္ႏွစ္က်ရင္ ေဒါက္တာဘြဲ႕ ဝင္ေျဖမလို႔။အဲ့ကေန ကထိက ၊ပါေမာကၡအထိေပါ့။ "
" ေကာင္းသားပဲ။ နယ္ေဝးမက်ရင္ ၿပီးတာပဲ။ ဝင္ေျဖေလ။ "
" လစာလည္း မ်ားမယ္ထင္တယ္။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ ဆံပင္ေလးကို ခပ္ဖြဖြေလး ပြတ္ေပးေနရင္းမွ ခပ္ၿပဳံးၿပဳံးနဲ႕ ေျပာသည္။
" လူႀကီးေလးက ေတာ္တာပဲ။ "
" လစာကအေရးမႀကီးပါဘူး။ အဓိကက ဝါသနာပါတာ။မင္းက ဒီေလာက္ေငြရွာနိုင္တဲ့ဟာေလ ေနာ္ ... "
" အင္း ... စိတ္ခ်မ္းသာရင္ ၿပီးတာပဲ။ "
ကာရံညီညာက ၿပဳံးလိုက္ၿပီး စိုင္းစြမ္းထက္ပိုင္၏ ေခါင္းကို လက္ႏွစ္ဖက္နဲ႕ ႏွိမ္ခ်ၿပီး ႏႈတ္ခမ္းခ်င္းထိကပ္ေစသည္။ ၿပီးေနာက္ ခပ္ဖြဖြေလး နမ္းသည္။ခဏၾကာသြားေတာ့ စိုင္းစြမ္းထက္ပိုင္က ေခါင္းကို တိမ္းေရွာင္လိုက္သည္။
" Beerအနံ႕ထြက္ေနတာမလား။ အရင္ သန့္စင္လိုက္ဦးမယ္။ ေရလည္းမခ်ိဳးရေသးေတာ့ ႏုံးေနတာ။ "
စိုင္းစြမ္းထက္ပိုင္က ကုတင္ေပၚက ထ, လိုက္သည္။ ကာရံညီညာက ခ်က္ခ်င္းပင္ ထ, လိုက္ၿပီး စိုင္းစြမ္းထက္ပိုင္၏ ေက်ာေပၚ တက္လာတာမို႔ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ခႏၶာကိုယ္ကို တစ္ခ်က္ထိန္းကာ ေက်ာပိုးလိုက္သည္။
" ငါလည္း ကိုယ္လက္မသန့္စင္ရေသးဘူး။ "
" အင္း ... ေက်ာင္းဆရာသာ ျဖစ္ေနတာ ကေလးလိုပဲ ေတာ္ေတာ္ခြၽဲတယ္ေနာ္။ "
စိုင္းစြမ္းထက္ပိုင္က ေရခ်ိဳးခန္းဆီ သြားေတာ့ ေက်ာေပၚက ကာရံညီညာက ေရခ်ိဳးခန္းတံခါး ဖြင့္ေပးသည္။
" မင္းပဲ ငါ့ရဲ႕ ကိုကိုလုပ္မွာဆို။ "
စိုင္းစြမ္းထက္ပိုင္က မေျဖေတာ့ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ နား႐ြက္ေလးကို ကိုက္ရင္း အတင္းလိုက္ေမးသည္။
" ဟင္ ... ေျဖေလ။ "
" အသည္းယားတယ္ကြ။ ခြၽဲခဲတဲ့ လူႀကီးေလးက လာခြၽဲရင္ တကယ္ေျခမကိုင္မိ၊လက္မကိုင္မိျဖစ္တယ္ကြ။ ျပဳတ္က်ေနမယ္ ... ေသခ်ာကိုင္ထား။ "
ကာရံညီညာက သေဘာတက် ရယ္ရင္း စိုင္းစြမ္းထက္ပိုင္ ေရွာင္တိမ္းေနသည့္ၾကားမွ ဘယ္ဘက္နား႐ြက္ကို နမ္းလိုက္၊ညာဘက္နား႐ြက္ကို ႏွာေခါင္းဖ်ားေလးနဲ႕ ထိလိုက္လုပ္ကာ စ, ေနသည္။ ကိုယ့္အျပဳအမူ ေသးေသးေလးကစ တုံ႕ျပန္လြယ္တဲ့ စိုင္းစြမ္းထက္ပိုင္ကို ၾကည့္ကာ အူျမဴးေနေတာ့သည္။
.......................
" အရင္ႏွစ္ေတြတုန္းက ကေလးေတြေႏြရာသီ ေက်ာင္းပိတ္ရက္ဆိုရင္ လူရႈပ္လို႔တရားစခန္းမဝင္ဘူးဆို။ဒီႏွစ္မွ ဘာလို႔ တရားစခန္းဝင္တာလဲ။ "
ေဒၚနန္းခမ္းလြင္က သူမ၏မိခင္ျဖစ္သူ စိုင္းစြမ္းထက္ပိုင္၊စိုင္းရတုဟန္တို႔၏ အဘြားျဖစ္သူရဲ႕ Luggageကို ဆြဲထားၿပီး ေအာက္ထပ္ဆင္းလာရင္းမွ ေမးလာသည္။ အဘြားက မီးဖိုေခ်ာင္ဘက္က ျဖတ္သြားရင္းမွ မီးဖိုေခ်ာင္ထဲ ေမးေငါ့ျပသည္။
" ငါ့ဘာသာ တရားစခန္းသြားေနတာမွ လူရႈပ္ေပမယ့္ တရားရေသးတယ္။ အိမ္မွာေနရတာ မ်က္စိရႈပ္၊နားရႈပ္လြန္းလို႔။ "
" အေမကလည္း ကေလးေတြကို ... "
" ငါကတစ္ဖက္ကေလးေတြကို ေျပာတာမွ မဟုတ္တာ။တစ္ဖက္ကေလးေတြက ခပ္ေအးေအးေတြ။ညည္းသားေရာ၊ ညည္းတူေရာကို မ်က္စိေနာက္တာ။ ဟိုဘက္အိမ္သြားေနရင္ စိုင္းရတုရဲ႕ ေငြလသာကို ကေလးေလးေခၚသံက ဆူညံလို႔။ ဒီဘက္အိမ္မွာ ေနျပန္ေတာ့လည္း ညည္းသားရဲ႕ လူႀကီးေလးေခၚသံက ပဲ့တင္ထပ္လို႔။ ကေလးေလးနဲ႕လူႀကီးေလးေတြကို နားၿငီးစိတ္ရႈပ္လို႔ တရားစခန္းသြားေနမွာ။ "
ေဒၚနန္းခမ္းလြင္က မီးဖိုေခ်ာင္ထဲက ေလးေယာက္ကိုၾကည့္ၿပီး ၿပဳံးလိုက္သည္။
" ကေလးေတြ ခ်စ္ခ်စ္ခင္ခင္ရွိေနတာ ေကာင္းပါတယ္ အေမရယ္။ "
" အေစာႀကီးရွိေသးတာကို အဘြားကတရားစခန္းသြားေတာ့မွာလား။ကြၽန္ေတာ္တို႔လိုက္ပို႔ေပးမယ္ေလ။ "
စိုင္းစြမ္းထက္ပိုင္က Apronကိုခြၽတ္လိုက္ရင္း ေျပာေတာ့ အဘြားက အသည္းအသန္ျငင္းသည္။
" မင္းအေမလိုက္ပို႔ေပးပါလိမ့္မယ္။ကိုယ့္ဘာသာပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကပါ။ "
" ဟုတ္ကဲ့ပါ။ "
အဘြားနဲ႕အတူ ေဒၚနန္းခမ္းလြင္ပါ ထြက္သြားသည္။
" ကိုယ္လွီးလိုက္မယ္။ ၾကက္သြန္နီေတြက အသစ္ေတြဆိုေတာ့ ႏွာမႊန္တယ္။ "
စိုင္းရတုဟန္က ေငြလသာလွီးေနတဲ့ ၾကက္သြန္နီကို လက္လႊဲယူလိုက္ၿပီး ကိုယ္တိုင္လွီးသည္။ေငြလသာက စပ္ေနတဲ့ မ်က္လုံးကို ပုတ္ခတ္ပုတ္ခတ္လုပ္ေနေတာ့ စိုင္းရတုဟန္က အနားကပ္ကာ ခပ္ဖြဖြေလး မႈတ္ေပးသည္။
" လက္ဖမိုးနဲ႕ ပြတ္မပစ္နဲ႕။ မ်က္လုံးေတြ နာသြားမယ္။ "
စိုင္းရတုဟန္က Wet tissueနဲ႕လက္ကို ေျပာင္စင္ေနေအာင္ သုတ္ၿပီးမွ ေငြလသာ၏ မ်က္ႏွာေလးကို ကိုင္ကာ ခပ္ဖြဖြေလး ေသခ်ာမႈတ္ေပးသည္။
" သက္သာလား။ "
" ဟုတ္ "
ကာရံညီညာက အုန္းနို႔ေခါက္ဆြဲထဲ ထည့္မည့္ ၾကက္သားေတြကို အမွ်င္ေသးေသးေလးေတြ ရေအာင္ ခြာေနရင္း ေဘးမွာထိုင္ေနသည္။
" ကိုယ္ဆက္လုပ္လိုက္မယ္။ "
" စိုင္းစြမ္း ... ငါမင္းကို အကူအညီေတာင္းစရာရွိလို႔။ "
" ေျပာေလ ...Wet Tissueယူမွာမလား။ "
စိုင္းစြမ္းထက္ပိုင္က စိုင္းရတုဟန္နဲ႕ စကားေျပာေနရင္းမွ ကာရံညီညာက စကားမေျပာဘဲ မ်က္ခုံးပင့္ျပကာ လုပ္ခိုင္းသည့္ အမူအယာအားလုံးကို နားလည္စြာ လုပ္ေပးသည္။
" မနက္ျဖန္က်ရင္ ေငြလသာရဲ႕ အေဖနဲ႕ေတြ႕ရမွာ။ အဲ့ဒါေၾကာင့္ ဘာေတြ ျပင္ဆင္သင့္လဲ။ "
" ေရ ... ဝိုင္ပုလင္းေကာင္းေကာင္းေလး လက္ေဆာင္ယူသြားေပါ့။စီးပြားေရးသမားေတာ္ေတာ္မ်ားမ်ား သေဘာက်မယ့္လက္ေဆာင္ေလ။ "
ကာရံညီညာ့ပါးစပ္က ေျပာတာ မဟုတ္ဘဲ စိုင္းစြမ္းထက္ပိုင္က နားလည္မႈရွိစြာ ေရဘူးထဲမွ ေရကို ဖန္ခြက္ထဲထည့္ေပးၿပီး ကာရံညီညာ့ကို ေပးရင္း စိုင္းရတုဟန္နဲ႕လည္း စကားေျပာေနသည္။
" အင္း ... ေနာက္ထပ္ေရာ ဘာေတြျပင္ဆင္သင့္လဲ။ "
" ရည္ရည္မြန္မြန္ ျဖစ္ေအာင္ ရွပ္လက္ရွည္နဲ႕ ပုဆိုးပဲ ဝတ္သြားေလ။မင္းMullet Hairနဲ႕ ဆိုးထားတဲ့ ဆံပင္အေရာင္ေၾကာင့္ အဝတ္အစားေတာ့ ျမန္မာဝတ္စုံသာ ဝတ္သြား။ "
ကာရံညီညာက ၾကက္သားမွ်င္ေတြကို ဇလုံအသစ္ထဲ ဇြန္းနဲ႕ေကာ္ကာ ေျပာင္းထည့္ေတာ့ စိုင္းစြမ္းထက္ပိုင္က စကာားေျပာေနရင္းမွ ကာရံညီညာ့၏ အက်ီလက္ေလး ရွည္ေနတာကို ႏွစ္ခ်က္ေလာက္ေခါက္ေပးသည္။
" အင္း ... မင္းက ေယာကၡထီးဆီက အရိုက္ခံရတဲ့ အေတြ႕အႀကဳံရွိေတာ့ မင္းလို အရိုက္မခံရေအာင္ ႀကိဳတင္ကာကြယ္တဲ့ သေဘာ ႀကိဳေမးထားတာ။ "
စိုင္းစြမ္းထက္ပိုင္က စားပြဲေအာက္မွ စိုင္းရတုဟန္၏ ေျခေထာက္ကို လွမ္းကန္သည္။စိုင္းရတုဟန္ကလည္း ရယ္ရင္းမွ ျပန္ကန္သည္။ကာရံညီညာက တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႕ စိုင္းစြမ္းထက္ပိုင္က ထပ္ကန္ဖို႔ ျပင္ထားတဲ့ ေျခေထာက္ကို ရပ္လိုက္သည္။
" ဒါမ်ိဳးက် အစ္ကိုကာရံေျပာစရာမလိုဘဲ တန္းသိတယ္ေနာ္။ ခုနလည္း ပါးစပ္ကေတာင္ ေျပာစရာမလိုဘူး။ အကုန္အလိုက္တသိလုပ္ေပးတာေနာ္ ေၾကာက္လိုက္တာ လြန္ေရာ။ "
" ခ်စ္တာလို႔ ေခၚတယ္ကြ။ "
စိုင္းရတုဟန္က ရယ္ႀကဲႀကဲနဲ႕ ေဝဖန္သည္။
" မင္းပုံစံက နာနီက်ေနတာပဲ။အခမဲ့နာနီေပါ့။ "
" မင္းတို႔ညီအစ္ကိုႏွစ္ေယာက္ထဲ ဘယ္သူက အႀကီးလဲ။ငါတစ္ခါမွ မေမးျဖစ္ခဲ့ဘူး။ "
ကာရံညီညာက ေမးလိုက္ေတာ့ စိုင္းရတုဟန္က ေျဖသည္။
" ကြၽန္ေတာ္က လပိုင္းပိုႀကီးတယ္။ ဒီအရိုင္းအစိုင္းက နည္းနည္းငယ္တယ္။ မထင္ထားဘူးမလား။ "
" အင္း ... စိုင္းစြမ္းကို ပိုႀကီးမယ္ထင္ေနတာ။ "
" ေခြးလိုႏြားလို ထြားႀကိဳင္းေနတာေလ။လူကပဲ ငယ္တာပါ။ တဏွာကိစၥဆိုလည္း သူက အရင္ တတ္သိနားလည္တာ။ ကိုးတန္း၊ဆယ္တန္းကတည္းက တဏွာကိစၥလုံးပန္းေနတာ။ဒီေကာင့္ပုံစံ ၾကည့္ၿပီးမ်ား ရိုးရိုးေအးေအးေလး မထင္လိုက္နဲ႕။ ကုပ္ကျမင္း။ "
စိုင္းစြမ္းထက္ပိုင္က ေျခေထာက္ျဖင့္လွမ္းေတာ့ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ေျခေထာက္ကို လက္နဲ႕ပိတ္ရိုက္သည္။
" ငါေမးခ်င္ေနတာၾကာၿပီ။အခုမွ စကားဆက္မိလို႔ ေမးရဦးမယ္။ ေနာင္ခ်ိဳမွာတုန္းက သူ႕မွာ ဘာဘာညာညာ ဇာတ္လမ္းေတြရွိဖူးလား။ကိုးတန္းတုန္းကေတာင္ အသြက္လြန္ၿပီး ငါ့ေနာက္လိုက္တာဆိုေတာ့ သိခ်င္လို႔။ "
ကာရံညီညာက ေမးလိုက္ေတာ့ ေငြလသာကပါ ေခါင္းေထာင္လာသည္။ လက္အေရွ႕က ေကာ္ဖီဗန္းကို ေဘးတြန္းပို႔လိုက္ၿပီးမွ စားပြဲေပၚ လက္ေထာက္ကာ စိုင္းစြမ္းထက္ပိုင္ကို ၾကည့္ၿပီး ေမးလာသည္။
" အစ္ကိုစိုင္းစြမ္း ... ကိုကိုေလးကေရာ ေနာင္ခ်ိဳမွာ ဇာတ္လမ္းေတြ ရွိဖူးလား။သူက တကၠသိုလ္မွ ရည္းစားစထားတာလို႔ ေျပာလို႔။ "
စိုင္းစြမ္းထက္ပိုင္ေရာ စိုင္းရတုဟန္ကပါ ၿပိဳင္တူ ေခါင္းရမ္းၿပီး ၿပိဳင္တူေျဖသည္။
" ဘာဇာတ္လမ္းမွမရွိဘူး။ "
ႏွစ္ေယာက္လုံး ၿပိဳင္တူေျဖလိုက္ေတာ့ ကာရံညီညာေရာ ေငြလသာကပါ ေသခ်ာၾကည့္လာသည္။ ပုံမွန္ဆို တစ္ေယာက္တစ္ခြန္း ဆန့္က်င္ဘက္ ထြက္တဲ့ ညီအစ္ကိုက တစ္သံထဲ ထြက္ကတည္းက တစ္ခုခုရွိတာ ေသခ်ာၿပီ။
" ကိုကိုေခၚတုန္း ဗ်ာထူးထားေနာ္။ ေကာင္းေကာင္းေမးေနတုန္းေျဖ။ "
ကာရံညီညာ့၏ လက္က စိုင္းစြမ္းထက္ပိုင္ ေက်ာေပၚေရာက္ၿပီးသား။
" ခင္ဗ်ားေနာ္ ... ညာထားလို႔ကေတာ့ ကြၽန္ေတာ္ အတည္စိတ္ဆိုးမွာ။ "
ေငြလသာက ေျပာေတာ့ စိုင္းရတုဟန္က မညာထားေၾကာင္း ေခါင္းရမ္းျပသည္။ၿပီးေနာက္ ကာရံညီညာ့ကို ေျပာလာသည္။
" အဲ့ဒီကိစၥနဲ႕ပတ္သတ္ရင္ စိတ္ခ် အစ္ကိုကာရံ။ဒီေကာင္က ေနာင္ခ်ိဳမွာတုန္းက စာပဲ။ဒီေရာက္မွ အစ္ကိုကာရံနဲ႕ေတြ႕မွသာ စာေရာ၊တဏွာေရာ ျဖစ္သြားတာ။ "
စိုင္းစြမ္းထက္ပိုင္က 'ေျပာသားပဲေလ' ဆိုတဲ့ပုံစံနဲ႕ ကာရံညီညာ့ကို ယုံၾကည္မႈရွိစြာ ေမးေငါ့ျပသည္။
" စိုင္းရတုလည္း ေနာင္ခ်ိဳမွာတုန္းက သူ႕ကို ႀကိဳက္တဲ့သူေတြ မ်ားေပမယ့္ ဘယ္သူ႕မွ ျပန္မႀကိဳက္ခဲ့သလို ဘာဇာတ္လမ္းမွမရွိဖူးဘူး ေငြလသာ။ "
" ကိုယ္ေျပာသားပဲ။ "
ကာရံညီညာေရာ ေငြလသာေရာက ေခါင္းၿငိမ့္လိုက္သည္။ ၿပီးေနာက္ႏွစ္ေယာက္လုံး ထ,သြားကာ အုန္းနို႔ေခါက္ဆြဲ ထည့္ဖို႔ ပန္းကန္လုံးေတြ သြားထုတ္သည္။
" ညီအစ္ကို ေကာင္းပဲ။ မဟုတ္ရင္ ေက်ာပုတ္ေအာင္ ရိုက္ခံရမွာ။ "
စိုင္းစြမ္းထက္ပိုင္က စိုင္းရတုဟန္ကို လက္ဖဝါးေျမာက္ျပလိုက္ေတာ့ ထိုလက္ကို စိုင္းရတုဟန္က လက္ဖဝါးခ်င္းရိုက္ကာ လူခ်င္းနီးကပ္ၿပီးမွ ပခုံးခ်င္းတိုက္လိုက္သည္။
" ငါေရာပဲ ... မဟုတ္ရင္ ရွင္းလို႔ရမွာ မဟုတ္ဘူး။ ေငြလစိတ္ဆိုးရင္ ရက္နဲ႕ခ်ီၿပီးၾကာတာ။ "
ေနာင္ခ်ိဳမွာတုန္းက ႏွစ္ေယာက္လုံး ဇာတ္လမ္းေလးေတြရွိဖူးသည္။လူပ်ိဳျဖစ္ခါစေလးေတြမို႔ ေကာင္မေလးေတြနဲ႕ ႐ုပ္ရွင္အတူသြားၾကည့္၊မုန့္အတူစား လုပ္ဖူးသည္။သို႔ေပမယ့္ အီစီကလီအဆင့္ေလာက္သာ ျဖစ္သည္။ ႏွစ္ေယာက္လုံး စိတ္တူကိုယ္တူမို႔ ဘယ္သူ႕ဘယ္သူမွ ေဖာ္ေကာင္မလုပ္ၾကဘူး။လက္ရွိ လက္တြဲထားသူေတြကသာလွ်င္ အခ်စ္ဦးႏွင့္ အခ်စ္ဆုံးေတြ ျဖစ္ၾကသည္။
...........................
အကုန္လုံး အားလပ္ရပ္ ျဖစ္တာမို႔ ခရီးတိုေလး ထြက္ျဖစ္ၾကသည္။သုံးညအိပ္ခရီး။ေထြေထြထူးထူးလည္း မစဥ္းစားၾကဘဲ အရမ္းမေဝးတဲ့ ထိုင္းနိုင္ငံက ဖူးခတ္ကိုသာ သြားလိုက္ၾကသည္။
စိုင္းစြမ္းထက္ပိုင္က လူငယ္မို႔ ေသာက္စားထားကို ကာရံညီညာက မတားဘူး။ ဒီအခ်ိန္အတြင္းလြတ္လပ္ခြင့္ေပးထားသည္။ေငြလသာကလည္း ထိုနည္းအတူပါပဲ။
" ထိုင္းမေလးေတြကို ငမ္းေကာင္းေနတယ္မလား။ "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ နား႐ြက္ကို ဆြဲကာ ေမးလိုက္ေတာ့ ေသာင္ျပင္ေပၚ ျဖစ္သလို ထိုင္ေနရင္းမွ စိုင္းစြမ္းထက္ပိုင္က ၿပဳံးျပသည္။
"မငမ္းပါဘူး။အခ်ိဳးအဆစ္က်လိဳ႕ အလွအပကို အသိအမွတ္ျပဳတဲ့ အေနနဲ႕ၾကည့္တာပါ။ "
ကာရံညီညာကလည္း စိုင္းစြမ္းထက္ပိုင္ေဘးမွာ လာထိုင္သည္။ၿပီးေနာက္ လွိုင္းေတြဘက္ကို မ်က္ႏွာမူထားရင္း ေျပာသည္။
" အနီနဲ႕တစ္ေယာက္က ပိုၾကည့္ေကာင္းတယ္ေနာ္။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ မ်က္လုံးကို လက္နဲ႕အုပ္ၿပီး " မၾကည့္နဲ႕ေတာ့" လို႔ေျပာသည္။
" ငါလည္း ဘာစိတ္မွမရွိပါဘူး။ အလွအပကို အသိအမွတ္ျပဳတဲ့အေနနဲ႕ၾကည့္တာပါ ... လက္ဖယ္။ "
" ကိုယ္တစ္ေယာက္လုံး ရွိေနတာ။ ကိုယ့္ကိုပဲၾကည့္။"
စိုင္းစြမ္းထက္ပိုင္က အေပၚက ရွပ္အက်ီအျဖဴကို ခြၽတ္လိုက္ၿပီး Sixpacksေတြနဲ႕ ခ်ပ္ရပ္ေနတဲ့ သူ႕ခႏၶာကိုယ္ေပၚ ကာရံညီညာ့၏ လက္ကိုတင္ေပးသည္။
" မင္းကိုၾကည့္ရတာရိုးအီေနၿပီ။"
ကာရံညီညာက တမင္သက္သက္ စ,လိုက္ေတာ့ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ခ်ဳပ္ကာ ဖက္ထားရင္း မ်က္ႏွာကို ရင္ဘတ္နဲ႕ ကပ္ထားသည္။
" ကိုယ့္လူက် သိတတ္လိုက္တာ။ ေခြးဆိုးကိုက္ေနတဲ့ အတိုင္းပဲ။ "
စိုင္းရတုဟန္က အနားက ျဖတ္သြားရင္းမွ စိုင္းစြမ္းထက္ပိုင္ကို ေျပာသြားသည္။ သဲျပင္ေပၚ ငုတ္တုတ္ေလး ထိုင္ကာ တုတ္ေလးနဲ႕ ဟိုဒီဆြဲေနတဲ့ ေငြလသာအနား စိုင္းရတုဟန္က လိုက္သြားသည္။
" ကေလးေလး ေရကူးရင္ အက်ီမခြၽတ္နဲ႕ေနာ္။ ဒီအတိုင္းပဲကူး။"
" ေယာက်္ားေလး အေပၚပိုင္းခြၽတ္တာ ဘာျဖစ္လို႔လဲ။ စည္းကမ္းခ်က္ေတြ လာထုတ္မေနနဲ႕။ ကိုယ့္ဘာသာ ေပ်ာ္သလိုေနမွာ။ "
ေငြလသာက ပက္ခနဲျပန္ေျပာေပမယ့္ အက်ီေတာ့ မခြၽတ္ျဖစ္ပါဘူး။ခပ္ပါးပါး ရွပ္အက်ီနဲ႕ ေရထဲဆင္းလိုက္ေတာ့ အဝတ္အစားက ကပ္သြားတာမို႔ စိုင္းရတုဟန္က ေငြလသာ ေဘးမွာ မတ္တပ္ရပ္ကာ ေငြလသာကို အျခားသူေတြ လြယ္လြယ္မျမင္ရေအာင္ ကြယ္ထားသည္။
" ေခြးဆိုးကိုက္မေနနဲ႕ ။ေအးေဆးေပါ့။ "
သူမ်ားက် ေျပာၿပီး ကိုယ့္လူမွ သိတတ္ေနတဲ့ စိုင္းရတုဟန္ကို စိုင္းစြမ္းထက္ပိုင္က ေျခေထာက္နဲ႕ ကန္သြားသည္။
မိုးခ်ဳပ္ခါနီးမို႔ လူလည္းနည္းသြားၿပီမို႔ ခရီးပန္းေနၾကတဲ့ ကိုယ့္လူကို ကိုယ္စီ ေက်ာပိုးလိုက္ၾကၿပီး Hotelကို ျပန္ၾကသည္။
" စိုင္းစြမ္း မင္းနဲ႕ငါနဲ႕ ေလာင္းမလား။ဒီကေန ဟိုးHotelထိ ေက်ာပိုးၿပီးျပန္ဖို႔ ဘယ္သူပိုၿပီး ေတာင့္ခံနိုင္လဲ ၿပိဳင္မလား။ငါက Gymကစားေနၾကမို႔ သန္မာၿပီးသားေနာ္။ "
" ေလာင္းေၾကးေျပာ "
" ခရီးအတြက္ ကုန္က်စရိတ္ အကုန္ခံေၾကး။ "
" သေဘာတူတယ္။ မင္းကGymကစားထားတာပဲရွိတာ။ ငါက အေလးအက်င့္ပါရွိၿပီးသား။ အိမ္မွာဆို လူႀကီးေလးကို ဒီလိုေပြ႕ေနၾက၊ေက်ာပိုးေနၾက။ "
တကယ္ၿပိဳင္ၾကေတာ့ ပုံမွန္ဆို ေက်ာပိုးနိုင္ေပမယ့္ ခရီးပန္းထားတာအျပင္ ေရထဲေနထားတာေတြေရာေၾကာင့္ တကယ္တမ္းက် ႏွစ္ေယာက္လုံး လက္ပန္းက်သည္။ Hotelနဲ႕ေတာ္ေတာ္ေဝးေဝးမွာ ေရာက္ေနတာမို႔ ပိုပင္ပန္းသည္။
" ဘာမဟုတ္တာေလးကို ၿပိဳင္မေနၾကပါနဲ႕။ တအားပန္းသြားလိမ့္မယ္။ ကြၽန္ေတာ္ဆင္းလိုက္မယ္။ "
ေငြလသာက ေျပာလာေတာ့ စိုင္းရတုဟန္က ျငင္းသည္။
" ဒါမ်ိဳးကို Boyfriend Powerလို႔ေခၚတယ္ကြ။ မဆင္းနဲ႕။"
စိုင္းစြမ္းထက္ပိုင္က ေလွာင္သလို ရယ္လိုက္ၿပီးမွ စိုင္းရတုဟန္ကို ၾကည့္ကာေျပာသည္။
" ပင္ပန္းလြန္းလို႔ မင္းမ်က္ႏွာႀကီး ဒီေလာက္နီေနတာကြာ။ အရႈံးေပးလိုက္စမ္းပါ။ "
" ကိုယ့္အသံ ကိုယ္လည္းျပန္နားေထာင္ဦး။ ေဟာဟဲ လိုက္ေနတာ။ "
စိုင္းရတုဟန္က ျပန္ေျပာလိုက္မွ စိုင္းစြမ္းထက္ပိုင္က တံေတြးၿမိဳခ်ၿပီး ေရွ႕မွ ခပ္သြက္သြက္ထြက္သြားသည္။
လမ္းတစ္ဝက္ေလာက္ေရာက္ေတာ့ ႏွစ္ေယာက္လုံး မဟန္ေတာ့ေပ။ကာရံညီညာနဲ႕ ေငြလသာက ဘယ္ေလာက္ပဲ ပိန္တယ္ေျပာေျပာ ေယာက်္ားေလးေတြမို႔ အေလးခ်ိန္က နစ္ေနသည္။
" သေဘာတူလား။ "
စိုင္းရတုဟန္က ေမးလာေတာ့ စိုင္းစြမ္းထက္ပိုင္က ခ်က္ခ်င္းပင္ ေခါင္းတဆက္ဆက္ၿငိမ့္သည္။
" တူတယ္ ... ေလာင္းကစားက ဘယ္သူ႕အတြက္မွ မေကာင္းဘူး။ "
ကာရံညီညာေရာ၊ေငြလသာေရာက ဆင္းေပးလိုက္မွ ႏွစ္ေယာက္လုံး ခါးကိုင္းကာ အသက္႐ူူေနရသည္။
" ခါးနာသြားတာလား။ "
စိုင္းရတုဟန္က စိုင္းစြမ္းထက္ပိုင္၏ ခါးကို ႏွိပ္ေပးရင္း ေမးသည္။
" အင္း ... အဝတ္ေတြက ေရစိုထားေတာ့ ေရအေလးခ်ိန္ပါ ပါေနတာ။ ေက်ာပိုးစက မသိသာေပမယ့္ အခ်ိန္ၾကာေတာ့ ဆန္အိတ္ထမ္းရသလိုပဲ။ "
စိုင္းရတုဟန္က သြားေတြ ေပၚေအာင္ရယ္သည္။
" ငါေရာပဲ ... ေက်ာက္တုံးနဲ႕ဖိထားသလိုကို ျဖစ္ေနတာ။ ေက်ာနာသြားတာ။ "
" ဘယ္ေနရာလဲ။ ငါႏွိပ္ေပးမယ္။"
စိုင္းရတုဟန္က ေနရာျပလိုက္ေတာ့ စိုင္းစြမ္းထက္ပိုင္က ႏွိပ္ေပးသည္။ ၿပီးေနာက္ ညီအစ္ကို ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္မွီကာ ေရွ႕က သြားၾကသည္။
" လူႀကီးေလး ေနာက္ကလိုက္ခဲ့ေတာ့ေနာ္။"
" ကေလးေလး ေနာက္ကလိုက္ခဲ့ေတာ့ေနာ္။ "
အသံႏွစ္ခုက တစ္ၿပိဳင္တည္း။ကာရံညီညာက ေငြလသာကို ေမးေငါ့ျပရင္း ခပ္ၿပဳံးၿပဳံးနဲ႕ေျပာလာသည္။
" ရိုးသားလွတဲ့ ရွမ္းေလးပဲ ၾကားဖူးပါတယ္။ဒီရွမ္းေတြက ဘာရွမ္းေတြလဲ။ "
" မသိပါဘူး အစ္ကိုရယ္။ "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ခပ္ေလးေလးဖိနပ္ႀကီးကို ကိုင္ထားၿပီး ေငြလသာက စိုင္းရတုဟန္၏ ခပ္ေလးေလးဖိနပ္ကို ကိုင္ထားရင္းမွ အေနာက္က လိုက္လာၾကသည္။ ေရွ႕ကႏွစ္ေယာက္ကေတာ့ ျမန္ျမန္ေက်ာခင္းခ်င္တာမို႔ Hotelကို ေရာက္ေအာင္ ခပ္သြက္သြက္သြားေနၾကသည္။
..............THE END..................