13

61.7K 5K 261
                                    

အတန်းချိန် ပြီးစီးသွား​နောက် Silentလုပ်ထားတဲ့ ဖုန်းကို စိုင်းစွမ်းထက်ပိုင်က ထုတ်ကြည့်လိုက်သည်။မကိုင်ဖြစ်လိုက်တဲ့ ဖုန်းအကြိမ် ရှစ်ခါဆိုတာ​လေး ​တွေ့တာ​ကြောင့် ကာရံညီညာ့ဆီ ချက်ချင်း ဖုန်း​ခေါ်လိုက်သည်။ တစ်ဖက်က ဖုန်း​​စောင့်​နေဟန် ချက်ချင်း ကိုင်ပါသည်။

' စိုင်းစွမ်း '

ဝမ်းသာအားရ ​ခေါ်သံ​နောက်မှာ ရှိုုက်သံက အိခနဲ ထွက်လာ​တော့ စိုင်းစွမ်းထက်ပိုင်က မျက်ခုံး​​တွေကြုံသွားသည်။

' အင်း ... ကိုယ်​လေ ... ဘာဖြစ်လို့လဲ။ '

နှစ်သိမ့်သလိုမျိုး ​လေသံတိုးတိုး​လေးနဲ့ ​နွေး​ထွေးစွာ ​​မေးလိုက်​တော့ တစ်ဖက်က မ​ဖြေ​​သေးဘဲ နှာရှုံ့သံ တရူူးရူူး ထွက်လာပြန်သည်။လူကြီး​လေးက သိပ်ဆိုးတာပါပဲ။ ​​ချက်ချင်း​တွေ့လို့ မရ​သေးတာ သိရက်နဲ့ ပိုပြီး စိတ်ပူရ​အောင် လုပ်ပြန်ပါသည်။

'ဘာလို့လဲ ... အခုဘယ်မှာလဲ'

စိုင်းစွမ်းထက်ပိုင်ဆီက ယုယသည့်အသံ ခပ်​နွေး​နွေးကို ထပ်မံကြားရကာမှ ကာရံညီညာက ​ဖြေလာသည်။

' သူငယ််ချင်းအ​ဖေ ​အသည်းအသန်ဖြစ်​နေလို့ မတ္တရာဘက်ကိုသွားတာ။ ရပ်​နေတဲ့ကားကို ဆိုင်ကယ်နဲ့ ဝင်တိုက်မိသွားတယ်။ အပြစ်​​ပြောတဲ့ လူ​တွေက အရမ်းများတာပဲ။​လျော်​ပေးရမယ် ထင်တယ်။ အိမ်ကိုလည်း ဖုန်းမဆက်ရဲဘူး။ '

' အင်း ကိုယ့်ဆီ ဖုန်းဆက်တာမှန်တယ်။ လူ​ရော ဘာဖြစ်သွား​သေးလဲ။ '

ကာရံညီညာ့က သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း စိုင်းစွမ်းထက်ပိုင် မမြင်​သော်ငြား ​ခေါင်းရမ်းပြရင်း ​ဖြေသည်။

'ဟင့်အင်း ... နည်းနည်းပွန်းပဲ့သွားရုံ​လောက်ပါပဲ။'

' လန့်သွားမှာပဲ။ကားပိုင်ရှင်ကို ဖုန်း​ပေးလိုက်​လေ။ ကိုယ် သူနဲ့​အရင် ညှိထားပြီး ချက်ချင်းလာခဲ့မယ်။ အခု အစ်ကိုလုပ်ရမှာက အနီးအနားမှာ ရှိတဲ့ ဆိုင်တစ်ဆိုင်မှာ စိတ်ငြိမ်​အောင် ​အေး​အေး​ဆေး​ဆေး​လေး ထိုင်​နေ​နော်။'

ကိုယ်တိုင်က အကြီးဖြစ်​​သော်ငြားလည်း အ​ရေးကြုံလာ​တော့ စိုင်းစွမ်းထက်ပိုင်အ​ပေါ် အလုံးစုံ မှီခို​နေမိသည်။ တစ်ဖက်က ​နွေး​ထွေးတဲ့ အခါ စိတ်နှလုံးထဲက ထိတ်လန့်စိတ်​တွေလည်း တဖြည်းဖြည်း ​​လျော့ပါးသွားခဲ့ရသည်။

First Love , Perfect Love (Completed)Where stories live. Discover now