25

67K 4.5K 299
                                    

​နံနက်​လေးနာရီ​ကျော်မှာပဲ စိုင်းစွမ်းထက်ပိုင်က အိပ်ယာက ထလိုက်သည်။ ​ဘေးက ကာရံညီညာက အိပ်​ပျော်​နေတုန်းမို့ ​ရေချိုးခန်း​တံခါးကို ငြင်သာစွာ ဖွင့်လိုက်သည်။ ညတုန်းက တစ်ညလုံး လှုပ်စိလှုပ်စိနဲ့ ကာရံညီညာက ညဥ့်နက်မှ အိပ်​ပျော်သွားသည်။

ကိုယ်လက်သန့်စင်ပြီး အဝတ်အစား လဲပြီး​နောက် စိုင်းစွမ်းထက်ပိုင်က ပစ္စည်း​တွေ ပြန်စစ်သည်။လိုင်စင်​တွေ၊ မှတ်ပုံတင် အပါအဝင် စာချုပ်စာတမ်း​တွေပါ တစ်​ခေါက်ပြန်ကြည့်ပြီးမှ ကာရံညီညာ​ဘေးမှာ ခပ်သာသာ​လေး ဝင်ထိုင်သည်။ တစ်ပတ်​လောက်​လေးဆို​ပေမယ့် လွမ်း​နေရ​တော့မှာပဲ။

ကာရံညီညာ၏ မျက်​တောင်​ကော့​ကော့​​လေး​​တွေကို စိုင်းစွမ်းထက်ပိုင်က လက်မနဲ့ ခပ်ဖွဖွ ဖိပွတ်​​​နေပြီးမှ ခါးကိုင်းလိုက်ကာ နဖူးကို အသာအယာနမ်းသည်။ နှုတ်ခမ်းကို နမ်းချင်​​ပေမယ့် နိုးသွားမည်ဆိုးတာ​ကြောင့် နှုတ်ခမ်းအနားကပ်လိုက်ပြီးမှ ခပ်တိုးတိုး အသက်ရူူ​နေတဲ့ ကာရံညီညာ၏ ​နှုတ်ခမ်းက ​လေ​ငွေ့​​​နွေး​နွေး​လေးကိုသာ ရှိုုက်သွင်းသွားသည်။

" လွမ်း​နေ​ရ​တော့မှာပဲ။ "

ကာရံညီညာ၏ ​ဘေးမှာ ခဏဝင်လှဲလိုက်ပြီးမှ ကာရံညီညာ၏ ဆံပင်​လေးကို နမ်းသည်။ ခပ်ရှည်ရှည် ဆံပင်​လေးကို ​ဘေးခွဲ ခွဲထားတာမို့ ​ပေါ်လွင်​နေတဲ့ နဖူး​ပြေ​ပြေ​လေး​တွေရယ်၊ နဖူးထိပ်ဖျားက ​မွေးညှင်းနုနု​လေး​တွေရယ်ကိုပါ နမ်းသွားသည်။

စိုင်းစွမ်းထက်ပိုင် အိပ်ယာ​​ပေါ်က ထသွားပြီး အခန်းအပြင် ထွက်သွားမှ ကာရံညီညာက မျက်လုံး ဖွင့်ကြည့်သည်။ မ​နေ့ကလို ငို​နေမိရင် ခရီးသွားမည့်သူ စိတ်မ​ဖြောင့်မှာ ဆိုးလို့ အိပ်​ပျော်​နေဟန်​ဆောင်ခဲ့တာ။ ပုံမှန်ဆို ကာရံညီညာက ဒီ​လောက် စိတ်မ​ပျော့​ပေမယ့် မိသားစုနဲ့ အဆင်မ​​ပြေ​သေးတဲ့ အချိန်မှာ အနားမှာ စိုင်းစွမ်းထက်ပိုင်ပဲ ရှိတာမို့ အဲ့ဒီလူကပါ ခရီးသွားမယ်ဆို​တော့ ခံစားလွယ်​နေတာ။

အိမ်​ပေါ်က​နေ ခန်းစီးစကို ဖွင့်ကာ ကြည့်လိုက်​တော့ စိုင်းစွမ်းထက်ပိုင်က ​အောက်မှာ ကားအ​နောက်ခန်းထဲ ပစ္စည်း​တွေ ထည့်​နေသည်။ ခြံတံခါးကို ကိုယ်တိုင်ဖွင့်ပြီး ကားထုတ်ပြီးမှ တစ်​ခေါက်ပြန်ပိတ်ကာ ထွက်သွားသည်။နံနက်လင်းခါစ အချိန်မို့ Porscheကားက မီးဖွင့်ထားသည်ကို အလင်း​ရောင် ရှိသည်အထိ မျက်စိတစ်ဆုံး ကာရံညီညာက လိုက်ကြည့်​​နေမိသည်။
.............................

First Love , Perfect Love (Completed)Where stories live. Discover now