6

64K 5.4K 576
                                    

Double Updateပါ

" ဒီဖိနပ် ​တော်လား စီးကြည့်။ "

ကာရံညီညာက အိမ်ထဲက ဖိနပ်ဗူး​လေး ယူလာပြီး ဖိနပ်ထုတ်​ပေးသည်။ စိုင်းစွမ်းထက်ပိုင်၏ ​ခြေ​​ထောက်က အလျားရှည်ပြီး ​ခြေ​ချောင်း​တွေကလည်း ရှည်ရှည်သွယ်သွယ် ​ဖွေး​ဖွေး​လေး​တွေ။

" ဟင်း... ကြက်​ပေါင်ဖိနပ်ကြီး "

စိုင်းစွမ်းထက်ပိုင်က နှုတ်ခမ်းဆူကာ ​ပြောလာ​တော့ကာရံညီညာက ပြုံးလိုက်သည်။

" စီးမလား ။ မစီးဘူးလား။ ဖိနပ်အပိုက ဒါနဲ့ ​ရေချိုးစီးဖိနပ်ပဲရှိတယ်။ "

" ကပ်​စေးနဲလိုက်တာ။ "

စိုင်းစွမ်းထက်ပိုင်က အပြာ​ရောင် ဖိနပ်သဲကြိုးနဲ့ ထိုကြက်​ပေါင်ဖိနပ်ကိုပဲ စီးလိုက်သည်။​ခြေစွပ်ဖိနပ်​ကြောင့် ​ခြေသန်း​တွေမှာ ပွန်းထားတာမို့ ဒီဖိနပ်နဲ့မှ သက်​တောင့်သက်သာ ဖြစ်သွားသည်။

" သူငယ်ချင်းကို အိမ်ထဲ​​​ခေါ်ခဲ့​လေ။ "

​ဒေါ်ခင်ချိုက ဟင်းချက်​နေရင်းမှ လှမ်း​အော်သည်။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ပြန်ခိုင်းမလို့​ပေမယ့် ဒင်းက အိမ်ထဲ​တောင် ဝင်သွားပြီ။

" ​ကော်ဖီ​လေး ဘာ​လေး ​ဖျော်တိုက်လိုက်​လေ သားရယ်။ "

" သူအခုမှ အသီး​ဖျော်ရည်​သောက်လာတာ။ "

​ဧည့်ခန်းနဲ့ မီးဖို​ချောင်က အတန်းလိုက်ကို တံခါးချပ်​လေးသာ ကွာခြားတာ​ကြောင့် အကုန်မြင်​နေ၊ကြား​နေရသည်။​ဒေါ်ခင်ချိုက သ​ဘော​ကောင်းပုံပါပဲ။ ခပ်​ချော​ချောပင်။ကာရံညီညာနဲ့ ဆင်သည်။

" သား ဘာ​ကော်ဖီ​​သောက်မလဲ။ ဘာ​သောက်မလဲသာ ​​မေးရတာ အိမ်မှာ​တော့ ဆန်း​​​ဌေးပဲရှိတာ။ "

" ဆန်း​ဌေးက ဘယ်သူလဲ။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို ​မေးလာသည်။အိမ်မှာ ခိုင်းဖို့​ခေါ်ထားတဲ့လူလား ဘာလား​ပေါ့။

" Sundayကို​ပြောတာ။အ​မေက စ,​​နောက်ပြီး အဲ့လို​ခေါ်​တာ။ငါ့အ​​မေက မင်းနဲ့တူတယ်။ ​ပျော်တတ်တယ်။ "

First Love , Perfect Love (Completed)Where stories live. Discover now