10

63.9K 5.2K 564
                                    

ကာရံညီညာ စာ​မေးပွဲ​ဖြေတဲ့ရက်​တွေမှာ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ခြံတံခါးမှာ မနက်တိုင်း နံနက်စာ​လေး​တွေ လာထား​ပေးသည်။ လူကိုယ်တိုင်​တော့ ထွက်မပြဘဲ နံနက်စာ​လေး​​တွေ ထားပြီး ပြန်သွားသည်။ခပ်​စော​စော စာထကြည့်တဲ့ ကာရံညီညာ​တောင် ဒီ​ကောင်​​လေး ဘယ်အချိန်မှာ ဘယ်လို​ရောက်လာမှန်း မသိလိုက်ဘူး။

' ဒီ​နေ့အတွက် ကြိုးစားလိုက်ပါဦးဗျ။
အသား​ပေါက်ဆီနဲ့နှပ်​ကော်ဖီ ဝယ်ထား​ပေးခဲ့တယ်။
​ကောင်း​ကောင်းမွန်မွန် ​ဖြေနိုင်ပါ​​စေ​နော်။ '

' ဒုတိယ​နေ့​ရောက်ခဲ့ပြီ​နော်။
အ​ကောင်းဆုံး ကြိုးစားခဲ့တာ သိတာမို့ ​နောက်ထပ်ကျန်တဲ့ ဘာသာ​တွေအတွက်ပဲ အာရုံစိုက်ထား​နော်။
ဒုတိယ​နေ့အတွက် Menuက ကြက်ဆီထမင်းနဲ့Coca Colaဗျ။ တွဲစားကြည့်ရင် အရမ်းမိုက်တယ်။အစ်ကိုနဲ့ကျွန်​တော့်လိုပဲဗျ။ '

' စာ​မေးပွဲ တစ်ဝက်​တောင်ကျိုးသွားပြီ​နော်။
ဒီ​နေ့အတွက်လည်း တာဝန်​ကျေလိုက်ပါဦးဗျ။
သင်္ချာ​ဖြေတဲ့​နေ့မို့ ​ခေါင်းကြည်ပြီး စာတွက်လို့ အဆင်​ပြေ​အောင် အိမ်လုပ် လက်ဖက်ထမင်းချဥ်စပ်နဲ့ ကြက်ရင်အုပ်​ကြော် ဗျ။ ကျွန်​တော့်ရင်အုပ်လို Six Packs​တွေနဲ့ မိုက်မ​နေပေမယ့်လည်း အသားများလို့ စား​ကောင်းမှာပါဗျ။ '

' ​လေးဘာသာ​မြောက် ​ရောက်သွားပြီ​နော်။
​ရှေ့ရက်​တွေလိုပဲ ​ဖြေနိုင်ပါ​စေဗျ။
Stawberry CupCake​လေး​တွေကို နံနက်စာMenuအဖြစ် ပို့​ပေးလိုက်တာဗျ။ ဒီအချိန်မှာ ​ပေါ်တဲ့ Stawberry​တွေက ချဥ်​နေပြီမို့ ချို​နေ​အောင် ကျွန်​တော့်အချစ်​တွေ ထည့်​ပေးလိုက်တယ်ဗျ။ ​ကောင်း​​ကောင်းသုံး​ဆောင်ပါ။'

' လူကြီး​လေး ​ကြောက်တဲ့ဘာသာ ​ဖြေရမယ့်​နေ့​နော်။
​သေချာအာရုံစိုက်ပြီး အ​ကောင်းဆုံး​ဖြေပါဗျ။ စိတ်​တွေမညစ်ညူး​စေချင်လို့ သားသတ်လွတ် ဂျုံ​ခေါက်ဆွဲနဲ့လိ​မ္မော်ရည် ပြင်ဆင်​ပေးထားတယ်ဗျ။ စာရဲ့​နောက်​ကျောမှာ Vitaminအပြည့်ပါတဲ့ ချိုသာတဲ့ အပြုံး​လေးနဲ့ ကျွန်​တော့်ပုံ​လေး ထည့်​ပေးလိုက်တယ်ဗျ။ အ​မော​ပြေဖို့။ '
'Congratulations!!! ​နောက်ဆုံးဘာသာ ​ရောက်ခဲ့ပြီ။ပုံဆွဲရင် ခဲဖျတ်ကို ခပ်ဖွဖွပဲ သုံးဗျ။ စာရွက်မှာ အရာထင်သွားပြီး မသပ်မရပ် ဖြစ်မှာဆိုးလို့ သုံးလို့​ကောင်းတဲ့ ခဲဖျတ်​လေး ထည့်​ပေးလိုက်တယ်ဗျ။ဒီ​နေ့အတွက်က​တော့ ဝက်သားအစုံထမင်း​ပေါင်းနဲ့ ကီဝီသီး​ဖျော်ရည်ဗျ။ စာ​မေးပွဲ​ဖြေပြီးရင် အိပ်လို့ရပြီမို့ ​စားလို့​ကောင်းတာ​လေး စီစဥ်​ပေးလိုက်တယ်ဗျ။ကျွန်​တော် စီမံခန့်ခွဲတာ ​တော်တယ်မလားဗျ။ အားကိုးချင်စရာ​လေးမို့ ရဲရဲကြီးသာ အားကိုးလိုက်ပါဗျ။ စာ​မေးပွဲ​ဖြေပြီးရင် ​ကောင်း​ကောင်း အနားယူပါဗျ။ '

First Love , Perfect Love (Completed)Where stories live. Discover now