23

61.3K 4.6K 465
                                    

" ​ဒေါ်​​လေး စိုင်းစွမ်း​​ရော "

အိမ်ထဲဝင်ဝင်ချင်းမှာတင် ဧည့်ခန်းမှာ စာအုပ်ထိုင်ဖတ်​​နေတဲ့ ​ဒေါ်နန်းခမ်းလွင်ကို ​တွေ့တာမို့ စိုင်းရတုဟန်က ရယ်ကြဲကြဲနဲ့ ​မေးလိုက်သည်။ညရှစ်နာရီ​ကျော်သာ ရှိ​သေး​ပေမယ့် ခိုး​ပြေးပြီးခါစ အသစ်စက်စက် စုံတွဲ​လေးဆို​တော့ အိပ်ယာဝင်သွားပြီလားလို့ အတည်ပြု​မေးလိုက်သည်။အရင်လို စိုင်းစွမ်းထက်ပိုင် အခန်းထဲ ထင်တိုင်းဝင်လို့ မရ​တော့ဘူး။ စိုင်းစွမ်းထက်ပိုင်က အိမ်​ထောင်သည် ဖြစ်​နေပြီ။

" မီးဖို​ချောင်ထဲမှာရှိတယ်။ ကာရံညီညာ့အတွက် မာလာရှမ်း​ကော ချက်ပေး​နေတာ။ "

" အိမ်​ထောင်ကျတာမှ တစ်ရက်နဲ့တစ်ပိုင်းရှိ​သေးတယ်။ အပိုးကျိုးလှချည်လား။ "

စိုင်းရတုဟန်က ​ဒေါ်နန်းခမ်းလွင်ကို မျက်စပစ်ပြပြီးမှ မီးဖို​ချောင်ထဲ ဝင်သွားသည်။စိုင်းစွမ်းထက်ပိုင်က ဖြူလွင်​နေတဲ့ ရှပ်အကျီအထူသားကို တစ်​တောင်နားထိ လက်​ခေါက်တင်ထားကာ Style Pantအနက်​ရောင် ဝတ်ထားသည်။ အရပ်ရှည်လွန်းတာမို့ ခါးကိုင်းပြီး မကပ်သည့်ဒယ်အိုးထဲမှ ကြက်သားအတုံး​လေး​တွေကို ​မွှေ​နေသည်။ကာရံညီညာက စားပွဲ​​ဘေးမှာ ထိုင်​နေပြီး စိတ်မပါလက်မပါနဲ့ အရွက်​တွေ သင်​နေသည်။

" Love Kitchen​လောက် ဖြစ်မယ်ထင်​နေတာ။ ​ပွေ့ဖက်​နေကြရင် လူပျို​လေး ဖြစ်တဲ့ ငါက မျက်စိရှက်​နေရမှာစိုးလို့ ခပ်ဖြည်းဖြည်းချင်း မျက်လုံးကိုလက်နဲ့ကာပြီး ဝင်လာတာ။ ဒီ​ရောက်မှ မင်းတို့နှစ်​ယောက်ကြား ​ကျောက်ဆည်ဆင်ကြီး​တောင် ဝင်ကလို့ရ​အောင် စည်း​​​တွေခြား​နေပါ့လား။ "

စိုင်းရတုဟန်က ​ပြော​ပြောဆိုဆိုနဲ့ ဝင်လာကာ ကာရံညီညာ့ကို တစ်ချက်ရယ်ပြပြီးမှ စိုင်းစွမ်းထက်ပိုင် အနားသွားသည်။

" စကား​ပြော​လေး ဆင်ခြင်။ လက်ထဲမှာ ကိုင်ထားတာက ဆီအပူ။ မျက်နှာ​ပက်လိုက်ရင် ဘဝဆုံးသွားမယ်။ "

စိုင်းရတုဟန်က မီးဖို​ချောင်က ဟင်းချက်သည့်ခုံကို ခပ်​လျော​လျော မီ​နေရင်းမှ ကာရံညီညာနဲ့ စိုင်းစွမ်းထက်ပိုင်ကို အကဲခတ်သလိုကြည့်သည်။ဒါမျိုး​တွေဆို အထာနပ်​နေတာမို့ ​ခေါင်းငုံ့ကာ ရယ်သည်။ပြီးမှ စိုင်းစွမ်းထက်ပိုင် ချက်​နေတဲ့ ကြက်သားကို တစ်ဖက်​​ကောက်စားရင်း ​ပြောသည်။

First Love , Perfect Love (Completed)Where stories live. Discover now