21

56.2K 4.3K 422
                                    

ကာရံညီညာ ​ဆေးရုံကို ​ရောက်သွား​တော့ ဦးမြတ်သာက ​ခေါင်းမှာပတ်တီးဖြင့် ကုတင်​ပေါ်မှာ ငုတ်တုတ်ထိုင်​နေသည်။​ဘေးမှာ​တော့ သမီးနှစ်​ယောက်က လိုအပ်တာ​တွေ ဂရုတစိုက် လုပ်​ပေး​​နေသည်။

" အ​ဖေ သက်သာရဲ့လား။ ​ခေါင်းက ..."

ကာရံညီညာက လက်ညှိုး​​လေး ထိုးကာ ​မေး​တော့ ဦးမြတ်သာက အနားလာခဲ့ခိုင်းသည်။

" ​​ခြောက်ချက်ချုပ်လိုက်ရတာ။ ​နှစ်ဆယ့်​လေးနာရီ​စောင့်ကြည့်ရမယ်​ပြောတယ်။ နှစ်ဆယ့်​လေးနာရီအတွင်း ​ခေါင်းမူးတာ၊အန်တာမရှိရင် မစိုးရိမ်ရဘူးတဲ့။အခု​လော​လောဆယ် ဓါတ်မှန်လည်း ရိုက်ထားတယ်။ "

" ဟုတ်ကဲ့ "

ကာရံညီညာလည်း ညီမ​​လေးနှစ်​​ယောက်နဲ့အတူ ဦးမြတ်သာ​ဘေးမှာသာ ထိုင်​နေ​ပေးလိုက်သည်။ခဏမျှကြာ​တော့ အခန်းထဲ ​ဒေါ်ခင်ချိုက ဝင်လာသည်။လက်ထဲမှာ ​ဆေးစာရွက်​တွေနဲ့ ​ဆေးအချို့လည်းပါလာသည်။

" အ​ဖေဖြစ်တဲ့သူက ဒီ​လောက်ဖြစ်​​နေတာကို အကြီးဆုံးဖြစ်တဲ့ နင်က ဘယ်သွား​နေတာလဲ။ ​​သေ​​လောက်မယ့် ဒဏ်ရာဆိုရင် နင့်​စောင့်​နေတာနဲ့ ​သေပြီ။ ​သားယောကျ်ား​လေး တစ်​ယောက်ပါလာတယ် အသုံးမကျဘူး။ "

အမြဲလိုလို ကာရံညီညာနဲ့ အဆင်​ပြေကာ ​ချော့​မော့​​ပြော​​တတ်​သော ​ဒေါ်ခင်ချိုက အပြစ်တင်လာ​တော့ ကာရံညီညာလည်း စိတ်မ​ကောင်း ဖြစ်မိသည်။ ​ဒေါ်ခင်ချိုက ခင်မီ​​ဇော့်ကို ​နေရာဖယ်ခိုင်းလိုက်ပြီး သူမဝင်ထိုင်ကာ ဦးမြတ်သာကို အိပ်ယာ​ပေါ် လှဲလို့ အဆင်​ပြေ​အောင် ကူညီ​ပေးသည်။ကာရံညီညာက တစ်ဖက် ကူညီ​ပေး​တော့လည်း ဘာမှ​တော့မ​ပြောပါ။

" နင့်​အတွက်နဲ့ နင့်အ​ဖေ ဒီလိုဖြစ်တာ။ စိတ်နဲ့လူနဲ့ မကပ်ဖြစ်ပြီး အသီးခြင်း​တွေ ပြိုတာ​တောင် သတိမထားမိတာ။ ​ဘေးက လူ​တွေ ​​အော်​နေတာ​တောင် အသိမဝင်တဲ့ထိ အ​တွေးလွန်​နေတာတဲ့။ ကံကြီးလို့ ​ခေါင်းနဲ့ ​ခြေ​​ထောက်ပဲ ထိသွားတာ။ ဒီလိုသာ မိဘစိတ်ဆင်းရဲ​အောင်လုပ် ... ​နောင်ဒီထက်ဆိုး ... "

" အ​မေကလည်း အစ်ကို့ကို တအားမဆူပါနဲ့။ "

ခင်မီ​ကျော်ကပါ မျက်နှာမ​ကောင်းစွာဖြင့် ဝင်​ပြောသည်။​​ဒေါ်ခင်ချိုက ​လျော့မည့်ပုံမ​​ပေါ်ပါ။

First Love , Perfect Love (Completed)Where stories live. Discover now