4

69K 5.6K 672
                                    

စိုင်းစွမ်းထက်ပိုင် အခန်းထဲ ဝင်လာတာ မြင်သည်နှင့် ခင်မီ​ဇော်တို့ ညီအစ်မနှစ်​​​ယောက်က စာကြည့်ချင်ဟန်​ဆောင်​တော့သည်။ စိုင်းစွမ်းထက်ပိုင်က  အ​ပေါ်က ရှပ်အကျီအဖြူလက်ရှည်ကို လက်အနား​တွေမှာ နှစ်ချက်​လောက်​ခေါက်ထားသည်။ဘယ်ဘက်လက်​ကောက်ဝတ်မှာ ပလက်တီနမ် ဟန်းချိန်းကြိုး​လေးဝတ်ထားပြီး အဲ့ဒီလက်မှာပဲ နာမည်ကြီးတံဆိပ် နာရီအညို​ရောင်​လေး ပတ်ထားသည်။အထင်တန်းစား သခင်​လေးပုံစံအပြည့်ပင်။

" နင်တို့အစ်ကို ငါ့ရဲ့ကာရံ​​လေးက ဒီ​နေ့​ကျောင်းမလာဘူးလား။ ငါက အိပ်​ရေးပျက်ခံပြီး နှစ်လမ်း​ကျော်မှာ ရပ်​စောင့်​နေတာ အကြာကြီးပဲ။ "

သူမတို့ နှစ်​ယောက်​ဘေးမှာ နံရံကို ခပ်​လျော​လျော မှီကာ ခုံကို ​ခြေ​​ထောက်နဲ့ ​ထောက်ကန်ထားရင်း စိုင်းစွမ်းထက်ပိုင်က ​မေးလိုက်သည်။

" အင်း ... "

" ဘာလို့လဲ။ ​နေမ​​ကောင်းဘူးလား။ အရမ်းဖျား​​နေတာလား။ သက်​ရောသက်သာရဲ့လား။ "

ခင်မီ​​ဇော်က မျက်​မှောင်ကုပ်ကာ ကြည့်လာသည်။ ​မေးခွန်း​တွေ များသည်ကို။

" အဘွားနှစ်နှစ်ပြည့်မို့။ "

"နင်တို့ အဘွားက ငယ်​သေးတယ်​နော်။ "

" ဟဲ့ ... "

ခင်မီ​ဇော်က စားပွဲခုံကို ရိုက်လိုက်ပြီး ​​အော်လိုက်သည်။

" စတာပါ။ နင်တို့က ငါဝင်လာထဲက ​ကောင်း​ကောင်းမှ စကားမ​ပြောတာ။ "

ခင်မီ​ဇော်နဲ့ ရုပ််ချင်းတူတဲ့  ခင်မီ​ကျော်က နှုတ်ခမ်းရွဲ့သည်။

"  နင့်မြင်ရင်ကို ငါတို့ကရင်ခုန်​နေပြီ။ ဘာများ ​​ချောက်တွန်းဦးမလဲလို့။ "

မ​နေ့က စိုင်းစွမ်းထက်ပိုင် ချွန်​ပေးလိုက်လို့ အိမ်မှာ အတိုင်ခံရကာ အ​ဖေ​ရောအ​မေပါ သူမတို့ကို ဝိုင်းဆူ​ငေါက်ကြသည်။ ဒီ​နေ့​တောင် အဘွားနှစ်နှစ်ပြည့်မှာ မနက်ပိုင်း ဘုန်းကြီး တရားနာပြီး​သည်နှင့် ကျောင်းလာရသည်။ စာမလိုက်နိုင်မှာ စိုးရိမ်လို့တဲ့။

First Love , Perfect Love (Completed)Where stories live. Discover now