3

72.1K 5.9K 1.5K
                                    

စာ​မေးပွဲကြီးက နီး​နေပြီမို့ အမှတ်ပြည့်လိုချင်တဲ့ က​လေး​တွေအတွက် အပိုကြည့်သင့်တဲ့ စာ​လေး​တွေကို ​ကျောင်းကဆရာမ​တွေက ည၁ဝနာရီ​လောက်မှ Chat Boxကတစ်ဆင့် နည်းနည်းချင်းဆီ ပို့​ပေးသည်။ကျန်တဲ့အချိန်​တွေက အ​ရေးကြီးတဲ့ ဂုဏ်ထူးမှတ်စာ​တွေ ကြည့်ချိန်​ပေးထားသည်။ ကာရံညီညာက ဖုန်းကို ဒီအချိန်​လေးပဲ အချိန်ပိုင်းကိုင်တာ။ မနက်က ​မေ့ပြီး ​ကျောင်းကို ဖုန်းပါလာခြင်းသာ။

အိပ်ယာ​ပေါ် ပက်လက်​လေးလှန်ပြီး ဆရာမပို့​ပေးလာတဲ့ သင်္ချာကို ကြည့်​နေတုန်း message ဝင်လာသည်။ Friend လည်း မဟုတ်ပါဘဲ messageပို့​နေတာ။

' Hi '

User Nameမှာ စိုင်းစွမ်းထက်ပိုင်လို့ ပါလာမှ​တော့ ချက်ချင်း Blockပစ်လိုက်သည်။ Friend​တောင် မဖြစ်ရ​သေးဘဲ Blockခံလိုက်ရ​သော စိုင်းစွမ်းထက်ပိုင်ပါပဲ။

' စိမ်းကား( ခါး)  တယ်​နော် ကြက်ဟင်းခါးသီးပဲ'

​နောက်Accတစ်ခုနဲ့ လာပို့ပြန်သည်။ ဒါလည်း ကာရံညီညာက ထပ်Blockလိုက်တယ်။

' Account နှစ်ခု၊သုံးခုပဲ ရှိတယ်ထင်​နေတာလား။ '

Block​နေလည်း ​နောက်ထပ် account​ပေါင်းများစွာနဲ့ လာ​နေဦးမှာ သိလို့ စာအပုဒ်မှတ်တာ အ​နှောက်အယှက်ဖြစ်မှာ စိုး၍ ကာရံညီညာက စာပြန်လိုက်သည်။

' Hi '

' ပြန်Hi တယ်​ပေါ့​လေ။ ​နောက်သုံးနှစ်​လောက်​နေရင် ဒီအ​ကြောင်းပြန်​ပြောရမယ်။ Chat boxမှာ Hiတစ်လုံးက​နေ စ,လိုက်တဲ့ ဇာတ်လမ်းက​နေ အတွဲ​တွေ ဖြစ်သွားကြတာ​ပေါ့။ အခု​တော့ ရည်းစားသက်တမ်း နှစ်နှစ်​တောင် ရှိခဲ့ပြီ ဆိုပြီး​လေ။ '

ကာရံညီညာက စာကို ဖတ်လိုက်ရင်း လှစ်ခနဲ ပြုံးမိသွားသည်။ ဒီ​​ကောင်စုတ်​လေး မဟုတ်တာ​​တွေ ​​ပြောမယ်ဆို ထိပ်ဆုံးကပဲ။

' မင်း ငါ့ကို လာ​နှောက်ယှက်​နေမှာ သိလို့ စာပြန်တာ။ '

'ခုနက Account​တွေက အခု​လေးမှ ဖွင့်ထားတဲ့ Spam Account​တွေ။ Blockခံရမှာမှန်းသိလို့ အဲ့ဒီAccount​တွေနဲ့ ​သေချာ မျှားထားတာ။ ဒါကမှ Real Account'

တတ်လည်းတတ်နိုင်ပါ​ပေတယ်လို့ ကာရံညီညာ့စိတ်ထဲမှ ​ပြောလိုက်သည်။ စိုင်းစွမ်းထက်ပိုင်ဘက်က Typing​ပေါ်​နေ​တော့ ကာရံညီညာက စာကို ခပ်သွက်သွက် ရိုက်ပို့လိုက်သည်။

First Love , Perfect Love (Completed)Where stories live. Discover now