" စိုင်းစွမ်း "
ဦးစွမ်းထက်သူ၏ ဆောက်လုပ်ရေး ကုမ္ပဏီက မန်နေဂျာ၏ ရုံးခန်းတံခါးကို ကာရံညီညာက နှစ်ချက်လောက်ခေါက်ကာ အသံပြုပြီး တန်းဝင်လာလိုက်သည်။ဆုံလည်ထိုင်ခုံမှာ စိုင်းစွမ်းထက်ပိုင်က ထိုင်နေရင်း လေးထပ်အမြင့်ရှိတဲ့ Hotel၏ ပုံကြမ်းကို စားပွဲပေါ်မှာ တင်ကာ ကြည့်နေသည်။ စိုင်းစွမ်းထက်ပိုင်၏ ဘေးမှာ လင်းဖြာဦးက ခါးကိုင်းလျက် အနေအထားနှင့် ရှိနေသည်။ကာရံညီညာ့ကို မြင်မှ လင်းဖြာဦးက ခါးကိုပိုနှိမ့်ချလိုက်ပြီး စိုင်းစွမ်းထက်ပိုင်နဲ့ ပါးချင်းနီးကပ်သွားသည်။
" လူကြီးလေး "
စိုင်းစွမ်းထက်ပိုင်က အံ့သြသွားပြီးမှ ဝမ်းသာစွာဖြင့် ခေါ်လာသည်။လူကလည်း ထိုင်ခုံမှ ထ,လာကာ ကာရံညီညာ့အနားရောက်လာသည်။
" ဘယ်လိုရောက်လာတာလဲ။ အကြောင်းမကြားဘဲ ... "
" ကျောင်းက Major Welcomeရှိလို့ နေ့လယ်ပိုင်း အတန်းချိန်မရှိဘူးလေ။ ဦးလေးက အန်တီ့ကို Hair Saloonက သွားကြိုရင်း ဒီဘက်က သွားရမှာမို့ လိုက်ခဲ့မလားမေးလို့ လိုက်လာတာ။ကျောင်းကပြန်ရောက်ရောက််ချင်း လိုက်လာတာ။ "
စိုင်းစွမ်းထက်ပိုင်က ပါးချိုင့်လေး တစ်ဖက်ထင်းနေအောင် ပြုံးလိုက်ပြီး ကာရံညီညာ့၏ လက်ဖျားလေးကို ဆွဲကာ ခုံမှာ ထိုင်စေသည်။
" ပင်ပန်းသွားမှာပဲ။ အအေးသောက်မလား။ မှာပေးမယ်။ "
ကာရံညီညာက မျက်စံဝိုင်းဝိုင်းနက်နက်လေးကို အပေါ်မော့ကာ စဥ်းစားသလိုလေး လုပ်ပြီးမှ ဖြေသည်။
" ငချိပ်ဒိန်ချဥ်သောက်မယ်။အရင်တစ်ခါ မင်းဝယ်လာတာ သောက်လို့ ကောင်းတယ်။ "
" ကိုယ်မှာပေးမယ်နော်။ လင်းဖြာဦးရော... ဘာသောက်မလဲ။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို ပြောရင်း မတ်တပ်ရပ်နေတဲ့ လင်းဖြာဦးကိုပါ မေးလာသည်။
" ဟိုအစ်ကို့လိုပဲ မှာပေးလေ။ "
" အိုကေ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ နားသယ်စပ်က မွှေးညင်းနုလေးတွေကို လက်ညှိုးလေးနဲ့ သပ်တင်ပေးရင်းမှ ထပ်မေးလာသည်။
" အဲ့ဒီဆိုင်မှာ ကိတ်တွေလည်းရှိတယ်။စားချင်သေးလား။ "
" ကျောင်းမှာ စားထားတာ ဗိုက်တင်းနေပြီ။ "
" အိမ်အတွက် ဝယ်သွားလိုက်မယ်လေ။ ညလယ်ကျရင် ဗိုက်ဆာတော့ စားပေါ့။ "
ကာရံညီညာက ခေါင်းတဆက်ဆက်ငြိမ့်ရင်းမှ 'အိုကေ' လို့ပြောသည်။မုန့်ဆိုင်က အလုပ်နဲ့ သိပ်မဝေးတာမို့ စိုင်းစွမ်းထက်ပိုင်က ဖုန်းဆက်ပြီး မှာလိုက်သည်။
လင်းဖြာဦးက ခုံတစ်ခုကို ဆွဲထိုင်လိုက်ပြီး ပုံကြမ်းတွေကိုပဲ ကြည့်နေသည်။ကာရံညီညာက လင်းဖြာဦးကို တစ်ချက်ကြည့်လိုက်ပြီးမှ စိုင်းစွမ်းထက်ပိုင်၏ Style pantအနက်ရောင်က ဘေးအိတ်ကပ်လေးကို လက်ညှိုးလေးနဲ့ ဆွဲကာ ပြောစရာရှိဟန် အနားတိုးခိုင်းသည်။
စိုင်းစွမ်းထက်ပိုင်က ကြည့်လက်စ laptopမှ အကြည့်လွှဲလိုက်ပြီး မတ်တပ်ရပ်အနေအထားဖြင့် ကာရံညီညာ့အနား ခါးကိုင်းပေးသည်။ကာရံညီညာက လေသံခပ်တိုးတိုးလေးဖြင့် မေးသည်။
" သူက တောင်ကြီးဆိုက်မှာ မဟုတ်ဘူးလား။ "
" ဟုတ်တယ် ... အခုက အဲ့ဒီဆိုက်က အလုပ်သမားတော်တော်များများက သူတို့ဒေသရဲ့ပွဲတော်ရက်မို့ ငါးရက်လောက်ခွင့်ယူထားတာ။Hotelပိုင်ရှင်ကလည်း အပေါ်ရေကန်ကို နေရာပြောင်းချင်တယ်ပြောလို့ သူလည်းဟိုမှာ ထွေထွေထူးထူးအလုပ်မရှိလို့ မန္တလေး ဆင်းလာပြီး ကိုယ်နဲ့လာတိုင်ပင်တာ။ "
" သြော် ... "
" ဘာလို့လဲ။ "
ကာရံညီညာက ခေါင်းလေးရမ်းပြသည်။ဒီတစ်ယောက်ကို မြင်တိုင်း စိတ်ထဲလေးနေပြီး ကိုယ့်အပေါ် အမြင်မကြည်ဘူးလို့ ခံစားရသည်။သို့ပေမယ့် ကိုယ်တိုင်က ကလေးမဟုတ်၊တက္ကသိုလ်ဆရာတစ်ယောက် ဖြစ်နေတာမို့ ကိုယ့်ကိုယ်ကိုယ် သတိထားကာ အပြုံးနဲ့သာ ဆက်ဆံသည်။
" ဒါနဲ့လေ ... တက္ကသိုလ်မှာတုန်းက မင်းတို့ချင်း ခင်ကြလား။ "
" သိပ်မရင်းနှီးဘူး။ မေးထူးခေါ်ပြောလောက်ပေါ့။ "
" အင်းပါ။ "
ကာရံညီညာက ထပ်မမေးတော့ဘူး။ လုပ်ငန်းကို နားမလည်ပေမယ့် စိုင်းစွမ်းထက်ပိုင် သွားထိုင်သည့် ခုံဘေးမှာ ခုံလေးဆွဲကာ ထိုင်ရင်း စိုင်းစွမ်းထက်ပိုင် ပုံဆွဲတာကို ကြည့်နေသည်။
" ခဲတံနဲ့ဆွဲတာလား။ "
" အင်း ... ကိုယ်စိတ်တိုင်းကျမှ Digital ပြန်ကူးမှာ။ ဖျတ်လိုက်ဆွဲလိုက်ဆို အဆင်မပြေလို့ ကိုယ်က ဒီနည်းလမ်းပဲ သုံးတာ။ "
ကာရံညီညာက အခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ လင်းဖြာဦးက ကာရံညီညာ့ကို ကြည့်နေတာနဲ့ မျက်လုံးချင်း ဖြတ်ခနဲဆုံသွားသည်။ သို့ပေမယ့် လင်းဖြာဦးက ချက်ချင်းပင် အကြည့်လွှဲသွားသည်။
" ကိုယ်ဆွဲတာ မြင်ရရဲ့လား။ လက်နဲ့ကွယ်နေလား"
ကာရံညီညာက အပျင်းပြေ ကြည့်နေတာတောင် စိုင်းစွမ်းထက်ပိုင်က ဂရုတစိုက်မေးလာသည်။
" လှနေတာကို ဘာလို့ဖျတ်တာလဲ။ "
"တိုင်စောင်းနေတယ်ကွ။"
" မသိသာဘဲနဲ့။ "
စိုင်းစွမ်းထက်ပိုင်က ခပ်တိုးတိုးရယ်လိုက်ပြီးမှ
" ဆယ်တန်းတုန်းက လူကြီးလေး ယုန်ပုံဆွဲတာ ပြန်သတိရသွားလို့။ အဲ့တုန်းက မြေကြွက်ကြီးနဲ့ တူတယ်ဆိုတာ ကိုယ့်Crushမို့ မြောက်ပင့်ပြောပေးတာ။ တကယ်က ရှဥ့်လိုလို ကြောင်လိုလိုနဲ့။ယုန်ရဲ့ မျက်နှာကလည်း မျက်နှာငယ်လေး ဖြစ်နေသေးတာ။ " လို့ပြောသည်။
" အရူး ... ငါ့ကို မစနဲ့။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ရှက်သွားတဲ့မျက်နှာလေးကို ခေါင်းစောင်းငဲ့ကာ ကြည့်လိုက်သေးသည်။
" အော ... ဖုန်းလာနေပြီ ... မုန့်လာပို့ပြီ ထင်တယ်။ ကိုယ်သွားယူလိုက်ဦးမယ်။ "
" အင်း "
ကာရံညီညာက ဆောင့်အောင့်ပြီး 'အင်း' လိုက်တော့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ဆံပင်လေးကို လက်နဲ့အသာလေး ဆွဲဖွသွားသေးသည်။စိုင်းစွမ်းထက်ပိုင် , ကာရံညီညာ့ကို ဘယ်လောက်ထိ ချစ်သလဲဆိုတာ အသိသာကြီး။
" စိုင်းစွမ်းက Romaticဆန်တယ်နော်။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင် ပုံဆွဲခဲ့သည့် 4Bခဲတံလေးကို လက်နဲ့လှည့်ကာ ကစားနေတုန်း လင်းဖြာဦးက ပြောလာသည်။
" အင်း ...သူက အဲ့ဒီလိုပဲ။ အမြဲစနောက်နေပြီး လူအရမ်းကပ်တာ။ တခါတလေဆိုရင် ကြောင်ထက်တောင် ချွဲသေးတယ်။ "
" ကျောင်းမှာတုန်းက သူက အနေတည်တယ်။ သူ့ရဲ့ ဒီလိုပျော်တတ်တာမျိုးကို စိုင်းရတုဟန်နဲ့မှ ရံဖန်ရံခါ တွေ့ဖူးတာ။ စိုင်းစွမ်းက ကောင်မလေးလည်း ကြည်တယ်။ Gayလို့ လုံးဝထင်မထားဘူး။ "
ကာရံညီညာလည်း စိတ်ကို အတတ်နိုင်ဆုံးလေး လျော့ထားသည်။ ဒီလူနဲ့ပတ်သတ်ပြီး ခံစားချက် သိပ်မကောင်းတော့ ကိုယ်တိုင်က ရန်လိုနေမိမှာစိုးသည်။
" သူက မရင်းနှီးတဲ့သူတွေနဲ့ဆို အနေတည်တယ်။ "
ကာရံညီညာက စကားဖြတ်ချင်ကြောင်း တမင်ပြကာ စားပွဲပေါ်က တိုက်မှာသုတ်သည့်ဆေးတွေရဲ့ Catalogueစာအုပ်ကိုသာ လှန်ကြည့်နေလိုက်သည်။
" ကျွန်တော်လည်း Gayပဲ။ စိုင်းစွမ်းကို အဲ့ဒီတုန်းက Straightထင်ခဲ့တာဗျ။နှမြောစရာကောင်းလိုက်တာ။ အနည်းဆုံးတော့ ကိုယ်သဘောကျတဲ့သူကို ကြိုးစားခဲ့သင့်တာ။ "
ကာရံညီညာ့၏ စာရွက်အထူသားကို ကိုင်ထားသည့်လက်က အားပါသွားတာမို့ စာရွက်ကြေသံတောင် ကြားနေရသည်။
" စတာပါဗျာ။ "
လင်းဖြာဦးက ထပ်ပြောလာတော့ ကာရံညီညာက လင်းဖြာဦးကို ကြည့်သည်။
" စတာဆိုတော့ တော်သေးတာပေါ့။ကြိုးစားလည်း စိုင်းစွမ်းက လုံးဝတုံ့ပြန်မှာမဟုတ်ဘူး။ အစ်ကိုတို့က စိုင်းစွမ်း ဆယ်တန်းပြီးကတည်းက တွဲလာကြတာ။ ကျေးဇူးပြုပြီး ငါတို့ စိုင်းစွမ်းကို စိုင်းစွမ်းထက်ပိုင်လို့ပဲ နာမည်အပြည့်အစုံခေါ်ပေးလို့ရမလား။ အစ်ကိုက နည်းနည်းသဝန်တိုတတ်လို့ပါ။ ပြီးပြည့်စုံတဲ့သူကို ချစ်သူတော်ထားတဲ့သူတွေရဲ့ ဒုက္ခလို့ပဲ ပြောရမှာပေါ့။ "
ပြုံးပြုံးလေးနဲ့ စကားပြောနေကြပေမယ့် နှစ်ယောက်လုံး စိတ်ထဲမှာ မကျေနပ်ချက် ကိုယ်စီရှိသည်။ကာရံညီညာက ကိုယ့်ကိုယ်ကိုယ် စင်ပေါ်ကလူဆိုတာ သိတာမို့ သတိထားပေမယ့်လည်း ဒီတစ်ယောက်ပြောလာတာတွေကို သည်းမခံနိုင်ဖြစ်နေသည်။
" ဟုတ်ကဲ့ပါ ... ကျွန်တော် ဆင်ခြင်လိုက်ပါ့မယ်။ "
လင်းဖြာဦးကနှုတ်ခမ်းက ပြုံးနေပေမယ့် မျက်လုံးတွေမှာ ရယ်မြူးရိပ်မျိုး မရှိပေ။ တတိယနှစ်မှ စိုင်းစွမ်းထက်ပိုင်ကို သိခဲ့တာဆိုပေမယ့် စသတိထားမိကတည်းက စိုင်းစွမ်းထက်ပိုင်ကို သဘောကျခဲ့တာဖြစ်သည်။ရယ်ခဲပေမယ့် ရယ်လိုက်တိုင်း ထင်းနေတဲ့ ညာဘက်ကပါးချိူင့်လေးကိုလည်း သဘောကျသည်။ပြေပြစ်တဲ့ရုပ်ရည်နဲ့ လိုက်ဖက်တဲ့ အရပ်အမောင်း အသားအရည်ကိုလည်း သဘောကျခဲ့သည်။
စိုင်းစွမ်းထက်ပိုင်၏ Facebook Accကို မရမက ရှာအပ်တာတောင် စိုင်းစွမ်းထက်ပိုင်က လက်မခံပေ။Instagramမှာလည်း Privateလုပ်ထားတာမို့ ဘာမှ ဝင်ကြည့်လို့မရဘူး။စိုင်းစွမ်းထက်ပိုင်က သာမန်မေးထူးခေါ်ပြောလောက်သာ လုပ်တာမို့ ရင်းနှီးချင်၍ စိုင်းရတုဟန်တတ်သည့် Modelသင်တန်းတွေပါ လိုက်တတ်ကာ စိုင်းရတုဟန်နဲ့ ရင်းနှီးအောင် အရင် ကြိုးစားခဲ့သည်။သို့ပေမယ့် စိုင်းစွမ်းထက်ပိုင်နဲ့ အခြေအနေက အချည်းနှီးသာ။ စိုင်းစွမ်းထက်ပိုင်တို့ ကုမ္ပဏီမှာလည်း အလုပ်လျှောက်ဖူးပေမယ့် လူပြည့်သွားတာမို့ အလုပ်မရခဲ့ဘူး။စိုင်းရတုဟန်က ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်ငန်းထဲ သိပ်မပါဝင်တာမို့ လင်းဖြာဦး အကူအညီတောင်းတာတောင် ကိုယ်တိုင်အလုပ်လျှောက်ပါလို့ ပြောခဲ့သည်။
အခုအခွင့်အရေးရကာ ဒီလူနဲ့ နီးကပ်တော့မယ်ဆိုခါမှ ရုတ်တရက်ကြီး ထင်မထားတဲ့ ချစ်သူ၊လက်တွဲဖော်က ပေါ်လာသည်။
ကျောင်းတုန်းက စိုင်းစွမ်းထက်ပိုင်ကို Straightထင်ပြီး မေးထူးခေါ်ပြောခွင့်လေးတောင် မရမှာ ကြောက်၍ ချဥ်းကပ်ဖို့ မရဲခဲ့တာကို နောင်တရသည်။
အခု ဖွင့်ပြောဖို့ သတ္တိရှိနေပြီဆိုတဲ့အချိန်ရောက်တော့ ထာဝရဆုံးရှုံးရတော့မည့် အဖြစ်မျိုး။အနည်းဆုံးတော့ ကြိုးစားကြည့်ချင်သည်။ အစထဲကရှုံးပြီးသားမို့ ထပ်ရှုံးရလည်း ကိစ္စတော့မရှိပါ။
" ဒါနဲ့... စိုင်းစွမ်းထက်ပိုင်ရဲ့ လက်တွဲဖော်ကို အစ်ကို့လို ပုံစံမျိုးတော့ မထင်ထားဘူးဗျ။ သူ့ထက်မတော်တောင် အနည်းဆုံးတော့ သူနဲ့ရင်ဘောင်တန်းနိုင်လောက်မယ့်သူမျိုး ထင်ထားတာ။ "
ကာရံညီညာက စားပွဲခုံကို လက်နဲ့ရိုက်ချလိုက်သည်။
" ဘာပြောတယ် "
" ကျွန်တော့်အမြင် အစ်ကိုတို့နှစ်ယောက် မလိုက်ဖက်ဘူးလို့ ။"
" ဘာ ... "
ကာရံညီညာ့၏ စိတ်ထဲ၌ လင်းဖြာဦးကို နစ်နစ်နာနာတွေ အများကြီး ပြောပစ်ပြီးပြီဆိုပေမယ့် နှုတ်မကြမ်းတဲ့သူမို့ လက်တွေ့ကျ ဘာမှ ထွက်မလာဘူး။
" စတာပါဗျာ။ ဒေါသ မထွက်ပါနဲ့။ "
ကျန်တာသည်းခံနိုင်သည်။ စိတ်ထိခိုက်အောင် ပြောပြီးမှ ကြာပန်းဖြူမျက်နှာနဲ့ ' စိတ်မရှိပါနဲ့။ စလိုက်တာပါ'လို့ပြောတာကို သည်းမခံနိုင်။ ကာရံညီညာက ဝုန်းခနဲ ထရပ်ပြီး လက်ထဲက Catalogueကို ကြမ်းပေါ် အားပါပါနဲ့ ပစ်ချလိုက်သည်။
" လူကြီးလေး ... ဒိန်ချဥ်က ... "
စိုင်းစွမ်းထက်ပိုင်၏ လက်နှစ်ဖက်လုံးက ကိတ်မုန့်ထုပ်နဲ့အအေးဘူးဆွဲလာတာမို့ တံခါးကို ကိုယ်နဲ့ တွန်းတိုက်ကာ ဖွင့်ရသည်။
" ဘာဖြစ်ကြတာလဲ။ "
ကာရံညီညာ့၏ မျက်စံတစ်ဝိုက်မှာ မျက်ရည်တွေ ဝိုင်းနေတာမို့ စိုင်းစွမ်းထက်ပိုင်က အံ့သြသွားပြီးမှ မေးလိုက်သည်။
" ဆောရီး စိုင်းစွမ်း။ ငါ , အစ်ကို့ကို နည်းနည်းစလိုက်တာ။ "
" မဟုတ်ဘူး။ သူခုနက ပြောနေတာတွေက စတာနောက်တာနဲ့ နည်းနည်းမှ မတူဘူး။ "
ကာရံညီညာ့၏ အသံက ဒေါသကြောင့် အနည်းငယ် တုန်နေသည်။စိုင်းစွမ်းထက်ပိုင်က လက်ထဲက ပစ္စည်းတွေကို စားပွဲပေါ်ချကာ ကာရံညီညာ့၏ ကျောလေးကို ခပ်ဖွဖွလေး ပွတ်ပေးသည်။
" သူမကြိုက်ရင် မစပါနဲ့။ နောက်တစ်ခါ ဆင်ခြင်ပေးပါ။ "
လင်းဖြာဦးက ခေါင်းငြိမ့်လိုက်သည်။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်ထဲမှ ရုန်းကာ ပြောသည်။
" သူ စနေတာ မဟုတ်ဘူးလို့ ငါပြောနေတယ်လေ။ ဘာလဲ ... ငါက Sensitive ဖြစ်တယ် ထင်နေတာလား။ "
" ဟုတ်ပါပြီကွာ... လူကြီးလေးက အကြီးပဲ။ စိတ်လျော့လိုက်ပါ။ "
ကာရံညီညာက ခေါင်းကို အတင်းရမ်းသည်။
" ငါက ဘာလို့လျော့ရမှာလဲ။ဒီတစ်ယောက် မင်းအပေါ် ဘယ်လိုသဘောထားနေလဲသိလား။ထားလိုက်တော့ ... ငါကပဲ သဘောထားသေးသိမ်သွားတယ်ထားလိုက်။ "
ကာရံညီညာက ကျောပိုးအိတ်ကို ကောက်ဆွဲပြီး အခန်းထဲက ထွက်သည်။စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ လက်ကောက်ဝတ်ကို ဆွဲထားလိုက်ရင်း ပြောသည်။
" ကိုယ်က အဲ့ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူးကွာ။"
" မသိဘူး။ မင်း ငါပြောတာ နားမထောင်သလို ငါလည်း မသိချင်ဘူး။ရှင်းမပြနဲ့။ ငါ့အနောက်က လိုက်မလာနဲ့နော်။ "
ကာရံညီညာက ထွက်သွားပြီ ဖြစ်သည်။စိုင်းစွမ်းထက်ပိုင်က သက်ပြင်းခပ်လေးလေး ချလိုက်သည်။
" သူက ပုံမှန်ဆိုရင် Warm Personalityရှိတဲ့သူမျိုးပါ။ သူစိတ်ထိခိုက်လောက်အောင် ပြောလိုက်တာမဟုတ်ရင် ဒီလောက်ထိတုံ့ပြန်မှာ မဟုတ်ဘူး။ခုနက သူ့စိတ်အခြေအနေ ပိုဆိုးသွားမှာစိုးလို့ စ,နောက်နေတယ်လို့ အလိုက်သင့်ပြောပေးလိုက်တာ။ မင်းနဲ့ငါက လုပ်ငန်းသဘောအပြင် ဘာပတ်သတ်မှုမှ မရှိတာ မင်းစိတ်ထဲရှင်းရှင်းလင်းလင်းသိမှာပါ။ဒီတော့ အလုပ်ကိစ္စပဲ စိတ်ဝင်စားပါ။ အခြားပြသနာတွေ သယ်မလာပါနဲ့။ သူစိတ်ထိခိုက်အောင် လုပ်ရဲရင် ဒီအတိုင်း ကျော်သွားပေးမှာ မဟုတ်ဘူးဆိုတာ နားလည်ထားပါ။ "
စိုင်းစွမ်းထက်ပိုင်လည်း လင်းဖြာဦးရဲ့ စိတ်သဘောထားကို အနည်းအကျဥ်းတော့ ရိပ်မိပါသည်။ကိုယ်က အနေအထိုင်မှန်တာမို့ စိတ်သန့်သည်။ လက်တွဲထားတဲ့ ဆိုက်က ပထမတစ်ခါ ပြသနာဖြစ်ထားတာမို့ လင်းဖြာဦးနဲ့ နောက်ထပ်ပြသနာမဖြစ်ချင်တာမို့ လုပ်ငန်းသဘောအရ ပြောဆိုဆက်ဆံနေရသည်။အခုလိုဆိုရင် ကျန်တဲ့လုပ်ငန်းကို ဦးစွမ်းထက်သူကိုပဲ လွှဲပေးတော့မည်။ကာရံညီညာ စိတ်ချမ်းသာဖို့သာ အရေးကြီးသည်။
" ကောင်းပါပြီ။ "
...............................
" ငွေလသာ "
ကျောင်းထဲက ထွက်လာတဲ့ ငွေလသာ၏ လက်ကို စိုင်းရတုဟန်က လာတွဲကာ ပိုင်စိုးပိုင်နင်းဖြင့် ခေါ်ထုတ်သွားသည်။
" အစ်ကို ... ဘာဖြစ်နေတာလဲ။ ကျွန်တော့်ကို လွှတ်ဦး။"
ငွေလသာ ရုန်းနေတာ သိသော်လည်း ကားparkingနားအထိ ဆွဲခေါ်သွားပြီးမှ စိုင်းရတုဟန်က လွှတ်ပေးလိုက်သည်။ ငွေလသာက ပခုံးပေါ်မှလျောကျလာတဲ့ ကျောပိုးအိတ်ကိုင်းလေးကို နေရာတကျ ပြန်တင်ပြီး စိုင်းရတုဟန် ဆွဲခေါ်သွားလို့ အနည်းငယ် နာသွားတဲ့ လက်ကောက်ဝတ်လေးကို အခြားလက်တစ်ဖက်နဲ့ ပွတ်နေသည်။
" ကိုယ် မင်းကိုဖုန်းဆက်တယ်။ သဘောက မင်းနဲ့ ဒီနေ့တွေ့လို့ရမလား ကိုယ်ခွင့်တောင်းတာ။ မင်းက မအားဘူးပြောတယ်။ ဒီကောင်နဲ့ကျ ဘာလို့ အတူတူ အပြင်သွားမယ့်ပုံစံဖြစ်နေတာလဲ။ "
ငွေလသာက စိုင်းရတုဟန်နဲ့ အနည်းငယ် ခွာကာရပ်သည်။
" စာမေးပွဲအတွက် ပြင်ဆင်မလို့။နားမလည်တဲ့ စာကို ဆရာမအိမ်မှာ သွားမေးမလို့။ ကျွန်တော် မအားလို့ မအားဘူးပြောနေတာ။ လိမ်တာမဟုတ်ဘူး။"
" မင်း ကိုယ့်ကို မေးလို့မရဘူးလား။ အရင်ကလည်း မင်း ကျောင်းစာတွေကို ကိုယ့်ကိုပဲ မေးနေကျလေ။ "
ငွေလသာက စိုင်းရတုဟန်ကို သေချာကြည့်သည်။
" အစ်ကိုပဲ မလိုချင်ခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော် စာမေးတိုင်း အစ်ကိုပဲ ကျောင်းမှာထဲက သေချာလိုက်ကြည့်ဖို့နဲ့ မအားတာမို့ အလုပ်မရှုပ်ပါနဲ့လို့ အမြဲပြောခဲ့တာမဟုတ်ဘူးလား။ အစ်ကိုက အမြဲတမ်း အစ်ကို့စိတ်၊ အစ်ကို့သဘောချည်းပဲ။ ကျွန်တော် ပင်ပန်းနေပြီ။အစ်ကို့အနားက ထွက်လာတာတောင် အစ်ကိုက ကျွန်တော့်ကို ပင်ပန်းနေစေတုန်းပဲ။ "
အရင်က စိုင်းရတုဟန် ငြင်းခဲ့တာမှန်သည်။
" ကိုယ် အရင်က မှားခဲ့တယ်။မှားပါတယ်လို့လည်း ကိုယ်ဝန်ခံပြီးသား။ ကိုယ်နဲ့မင်းကြားမှာ မင်းစိတ်ဆိုးတာ၊စိတ်နာတာကို ကိုယ်ဘယ်လောက်ကြာကြာ စိတ်ရှည်ရှည်နဲ့ ချော့နိုင်တယ်။ကိုယ့်ရှေ့မှာ အခြားတစ်ယောက်နဲ့ တွဲပြပြီး လာတော့ အရွဲ့တိုက်မပြနဲ့နော်။ ကိုယ် သည်းခံမှာ မဟုတ်ဘူး။ "
" လူတိုင်းက အမြဲတမ်း အစ်ကို့အတွက်ပဲ ဖြစ်တည်ပေးနေမှာ မဟုတ်ဘူး။ကျွန်တော်လည်း အရင်က ခင်ဗျားတစ်မျက်နှာထဲနဲ့ အပျော်ရည်းစားဘဝလည်း နေခဲ့တယ်။ခင်ဗျားက လှည့်တောင် ကြည့်ခဲ့လို့လား။
အမြဲတမ်း အသစ်၊အသစ်တွေနဲ့ သွားလာပျော်ပါးနေတာမလား။ အခုအခြေအနေမှာ ကျွန်တော်တို့ကြားက ဆက်ဆံရေးက ပြတ်တောက်နေပြီ။ ဒါကို ခင်ဗျားက နေရာတကာ လိုက်ချုပ်ချယ်ချင်နေလို့မရဘူး။ "
စိုင်းရတုဟန်က ငွေလသာ၏ လက်ကောက်ဝတ်ကို ဆွဲကာ ကားBodyမှာ ကပ်လိုက်ပြီးမှ ကားနဲ့လူကြား ငွေလသာကို ညှပ်ထားကာ ပြောသည်။
" ကိုယ်သဝန်တိုတယ်။ မင်းကို အရင်ကတည်းက ချစ်မှန်းမသိချစ်နေပြီး သဝန်တိုနေခဲ့တာပါ။ ကိုယ်စကားပြောမကောင်းဘူး။ မင်း နားဝင်ချိုလောက်အောင် မပြောပြတတ်ပေမယ့် မင်းကိုချစ်နေတာ ကိုယ့်ရဲ့အစစ်အမှန်ပါ။ယုံပေးစမ်းပါ ငွေလရယ်။ "
ငွေလသာကလည်း တစ််ခွန်းမကျန် ပြန်ပက်သည်။အရင်က သည်းခံခဲ့သမျှ အခုမှ ဆတိုးနဲ့ ကလဲ့စားချေနေသလိုပင်။
" ဟုတ်မှာပါ။ရည်းစားတွေ ထည်လဲတွဲခဲ့တဲ့သူက စကားပြောမကောင်းဘူး။ "
" ငွေလသာ ... "
စိုင်းရတုဟန်က ငွေလသာ၏ မျက်နှာနား တိုးလာသည်။
" မင်း မကျေနပ်ရင် ကိုယ့်ကိုရိုက်လိုက်ပါ။ ပြီးရင် ကိုယ်တို့ စကားအေးအေးဆေးဆေး ပြောရအောင်။ကိုယ့်ကို ဒီလိုအငေါ်တူးနဲ့ စကားမပြောပါနဲ့။ကိုယ်တကယ်မခံစားနိုင်လို့ပါ။ ကိုယ် မင်းကို ချစ်ကြောင်း မင်းယုံသည်အထိ သက်သေပြမှာမို့ မင်းဘက်က စောင့်ကြည့်ပေးဖို့ပဲ ကိုယ်တောင်းဆိုပါတယ်။ကိုယ်က လွဲပြီး အခြားသူနဲ့ မပတ်သတ်ပါနဲ့ အဲ့ဒါပါပဲ။ "
ငွေလသာက ဘာမှမဖြေဘူး။ မျက်နှာက အခြားဖက်ကို အကြည့်လွှဲထားသည်။ လည်ပင်ကျိုးကြေလုမတတ် အကြည့်လွှဲထားတာမို့ စိုင်းရတုဟန်က ငွေလသာကို ချုပ်ထားရာမှ လွှတ်လိုက်သည်။
" မင်း ကိုယ့်ကို စိတ်နာမယ်ဆိုလည်း နာလောက်ပါတယ်။ အဲ့ဒါအတွက်နဲ့တော့ အရွဲ့မတိုက်ပါနဲ့။ အရင်က မင်းဘယ်လိုခံစားရလဲ ကိုယ်နားလည်နေပြီမို့ ကျေးဇူးပြုပြီး အရွဲ့မတိုက်လို့ရမလား။"
" အစ်ကိုက အဲ့လောက်ထိ အရေးမပါဘူး။"
ငွေလသာက စိုင်းရတုဟန်၏ ရင်ဘတ်ကို တွန်းကာ အနားက ထွက်လာသည်။ နံနက်တိုင်း စိုင်းရတုဟန် လာပို့ပေးတတ်တဲ့ နှင်းဆီပွင့်တစ်ပွင့်နဲ့ တောင်းပန်စာရေးထားတဲ့ ပို့စကတ် လှလှလေးတွေကြောင့် ငွေလသာ စိတ်ပျော့သွားတတ်သည်။ ဒီလူ့ကို ဘယ်လောက်တောင် ချစ်ခဲ့ရတာမို့လဲ။ မြို့မလင်းက ရှင်းပြလို့လည်း စိုင်းရတုဟန်ဘက်က မြို့မလင်းကို မချစ်ကြောင်း သိသည်။သို့ပေမယ့် နောက်ထပ် ခံစားရမှာ ကြောက်သည်။စိုင်းရတုဟန်၏ Playboyပုံရိပ်ကို အခုထိ စွဲမြဲစွာ မှတ်မိနေတုန်းပင်။
' အငယ်လေးရယ် ... ကိုယ်ကလည်း ချစ်နေတုန်း၊ သူကလည်း ချစ်မိနေပါပြီဆိုမှတော့ ဘာလို့များ သူပြောင်းလဲလာမှာတွေကို စောင့်ကြည့်မပေးနိုင်ရမှာလဲ။ဒီတစ်ကြိမ်တော့ သူ တကယ််ချစ်တာပါ။ ' တဲ့။ မြို့မလင်းက ပြောပေမယ့်လည်း ငွေလသာကကိုယ်တိုင် ခံစားခဲ့ရတာမို့ လွယ်လွယ်နဲ့ စိတ်မလျော့လိုက်နိုင်ပေ။
...........................
စိုင်းစွမ်းထက်ပိုင်၏ Porscheကားလေးက ခြံထဲမှာ ဖြစ်သလို ထိုးရပ်လိုက်သည်။ကားပေါ်မှ စိုင်းစွမ်းထက်ပိုင်က ခပ်မြန်မြန်ဆင်းလာကာ အိမ်ထဲ ခပ်သွက်သွက်ဝင်သည်။ ဧည့်ခန်းမှာ ဦးစွမ်းထက်သူက ဒေါ်နန်းခမ်းလွင်၏ လက်မှာ လက်သည်းနီ ဆိုးပေးနေသည်။ခပ်ခွာခွာမှာ စိုင်းရတုဟန်က စိတ်ပျက်လက်ပျက် ထိုင်နေသည်။
စိုင်းစွမ်းထက်ပိုင် အိမ်ထဲဝင်လာတာ မြင်သည်နှင့် စိုင်းရတုဟန်က လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ပြောလာသည်။
" စိုင်းစွမ်း ... ငါမင်းကို တိုင်ပင် ... "
စိုင်းစွမ်းထက်ပိုင် ခေါင်းတရမ်းရမ်း လက်တခါခါနဲ့ ပြောလာသည်။
" ခဏလေး ... ငါမအားသေးဘူးကွ။ "
ကာရံညီညာ ပြန်ရောက်နေတာ ဆယ်မိနစ်လောက်ရှိပြီ။ မျက်နှာလည်း မကောင်းတာမို့ စိုင်းစွမ်းထက်ပိုင်နဲ့ စကားများလာတာ သိသာသည်။ ခဏကြာတော့ စိုင်းရတုဟန်က စိတ်ပျက်လက်ပျက်နဲ့ ရောက်ချလာသည်။ပြောသံကြားတာတော့ ဒီကောင်လေးလည်း အချစ်ရေးမှာ အထိနာနေပြီတဲ့။ စိုင်းစွမ်းထက်ပိုင်ဆီက အကြံဥာဏ်လာတောင်းပုံပဲ။သူတို့ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဆရာတင်နေကျ ဖြစ်သည်။ရှေ့ဆင့်နောက်ဆင့်ဆိုသလို စိုင်းစွမ်းထက်ပိုင်က သူ့အိမ်သားကို ချော့ဖို့ ပြာပြာသလဲ ရောက်လာသည်။ လူကြီးနှစ်ယောက်က အားလုံး သတိထားမိပေမယ့် မသိချင်ဟန်ဆောင်နေသည်။
" ငါ အရေးကြီးနေတာကွ။ "
" ငါလည်း အရေးကြီးနေတာပဲ။လူကြီးလေးက အရမ်းစိတ်ဆိုးနေတာ။ "
စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန်ကို ဖြေရင်း ရှပ်အကျီလက်ရှည်အနက်က အကျီလက်ကို ဆွဲခေါက်ရင်း
အိမ်ပေါ်တက်သည်။ ဦးစွမ်းထက်သူက သားဖြစ်သူနဲ့ စိုင်းရတုဟန်ကို တစ်လှည့်စီကြည့်ကာ ပြောလာသည်။
" တောင်မင်းကို မြောက်မင်းမကယ်နိုင်တွေ ဖြစ်နေပြီ။ "
" စိုင်းရတု ... "
ဒေါ်နန်းခမ်းလွင်က ခေါ်တော့ စိုင်းရတုဟန်က ချက်ချင်းထူးသည်။ ကိုယ်မှ စိတ်ညစ်ရတဲ့ထဲ လင်မယားတွေ ကြည်နူးနေတာကို ငါးမိနစ်လောက် Live ကြည့်လိုက်ရတာမို့ အဒေါ်ဆိုပေမယ့် သိပ်ကြည်တာ မဟုတ်ဘူး။
" ဗျာ ... ဒေါ်လေး ... "
" မင်းတကယ် မေတ္တာရှိတဲ့သူ ရှိနေပြီဆို။ "
" ဟုတ်ကဲ့ ... အခုလောလောဆယ်တော့ သူ, ကျွန်တော့်ကို စိတ်ဆိုးနေတယ်။ "
" ဘယ့်နှယ့်ရှိစ ... "
စိုင်းရတုဟန်က ခေါင်းငုံ့သွားသည်။
" အိမ်ကို လိုက်လာဖူးတဲ့ ကလေးမလား။ရည်ရည်မွန်မွန်လေးပါ။ မင်းဘက်က သေချာရင် မင်းအမေနဲ့ငါ လိုက်ပြောပေးမယ်။
စိုင်းရတုဟန်က ဝမ်းသာသွားကာ ချက်ချင်းပင်မေးသည်။
" တကယ်လား ဒေါ်လေး။"
" အင်း ... အခုလောလောဆယ်တော့ မင်းလည်း ခံစားဖူးတယ်ရှိအောင် ကိုယ်ချင်းစာတတ်အောင် နေနှင့်ဦးပေါ့။နောက်တော့ လိုက်ပြောပေးမယ်။ "
" ဒေါ်လေးကဗျာ "
ကလေးဆိုးကြီးလို လုပ်နေတဲ့ စိုင်းရတုဟန်ကို ကြည့်ကာ ဦးစွမ်းထက်သူက ပြောလာသည်။
" မင်းတို့ညီအစ်ကိုတွေ တစ်ပုံစံထဲပဲ။ သမီးရည်းစားကိစ္စလေးကို အဖေကယ်ပါ၊ အမေကယ်ပါ။ အရပ်ကူပါ လူဝိုင်းပါနဲ့။အိမ်ပေါ်ကတစ်ယောက်လည်းအတူတူပဲ။ ယောကျ်ားနဲ့ ပြသနာဖြစ်ရင် တစ်အိမ်လုံး လူမိုက်အကြည့်နဲ့ အကုန်လိုက်ကြည့်တာ။ "
စိတ်ညစ်နေတဲ့ကြားမှ စိုင်းရတုဟန်မှာ ပြုံးရသေးသည်။
" စိုင်းစွမ်းပြောနေကျလိုပေါ့။ မချစ်ရင်လည်း မချစ်ဘူး။ချစ်ရင်လည်း ဆေးဖြစ်ဝါးဖြစ်မဟုတ်ဘူး။ခွေးဖြစ်နွားဖြစ် ချစ်တယ်ဆိုတာမျိုး။ ဦးလေးသားကတော့ ကျွန်တော့်ထက် နည်းနည်းအခြေအနေပိုဆိုးတယ်။ "
" သိတယ်လေ ... သူပြောနေကျလေ။ နွားဖြစ်ရင်တောင် နွားလားဥသပ၊ သမိုင်းဝင်နွားကြီးမလား။ "
စိုင်းရတုဟန်က ခေါင်းငြိမ့်ပြပြီး ရယ်သည်။ ဦးစွမ်းထက်သူကလည်း စိုင်းစွမ်းထက်ပိုင်အကြောင်း ပြန်တွေးရင်း မရယ်ဘဲ မနေနိုင်ပါ။
စိုင်းစွမ်းထက်ပိုင်က အခန်းတံခါးလေးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်သည်။ ကာရံညီညာက အိပ်ယာပေါ်ထိုင်နေရင်း အတန်းတက်စာရွက်မှာ ပျက်ကွက်တဲ့ကျောင်းသားတွေကို မင်နီနဲ့ အတုံးလေးတွေ လိုက်ချနေရင်းမှ စိုင်းစွမ်းထက်ပိုင်ကို မြင်တော့ မျက်နှာချင်းဆိုင် အနေအထားမှ ကျောပေးသွားသည်။
မွေ့ယာက အိကျသွားတာမို့ ဘေးမှာ စိုင်းစွမ်းထက်ပိုင် ဝင်ထိုင်လိုက်မှန်း ကာရံညီညာ သိပါသည်။
" လူကြီးလေး "
စိုင်းစွမ်းထက်ပိုင်က ခပ်တိုးတိုးလေး နူးညံ့စွာ ခေါ်လိုက်တော့ကာရံညီညာ့၏ ကျောလေးက အနည်းငယ် မတ်သွားသည်။သို့ပေမယ့် နောက်ကို လှည့်မကြည့်ဘူး။
အရှေ့ကို ခါးလေးကိုင်းပြီး ကျောပေးထားတဲ့ ကာရံညီညာ့အနားကို စိုင်းစွမ်းထက်ပိုင်က ခပ်ဖြည်းဖြည်းချင်းလေး တရွတ်တိုက်ကာ တိုးလာသည်။
" ကိုယ်က လူကြီးလေးကို မယုံလို့မဟုတ်ပါဘူး။ သူစိမ်းနဲ့ ဖြစ်တဲ့ ပြသနာမို့ မကြီးထွားအောင် စိတ်လျော့စေချင်တဲ့သဘောပါ။ "
ကာရံညီညာ၏ ကျောပြင်လေးက အနည်းငယ်လှုပ်နေတာမို့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ လက်ကိုဆွဲကာ လူကို ချက်ချင်းဆွဲလှည့်သည်။ ထင်ထားသလိုပင် ကာရံညီညာက ငိုနေခဲ့သည်။
" အရမ်းစိတ်မကောင်းဖြစ်သွားတာလား။ ဒီကို လာပါဦး။ "
စိုင်းစွမ်းထက်ပိုင်က ကလေးကို ပွေ့သလို ကာရံညီညာ့ကို နူးညံ့စွာ ပွေ့သိမ်းဖက်လိုက်တော့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ရင်ခွင်ထဲ မျက်နှာလေးကပ်ကာ လက်တစ်ဖက်က စိုင်းစွမ်းထက်ပိုင်၏ အကျီရင်ဘတ်နားကို ဆုပ်ခြေမွကာ အသံတိတ်ငိုနေသည်။
" အများကြီး စိတ်မကောင်း ဖြစ်သွားရအောင် လုပ်မိသွားတာပဲ။တောင်းပန်ပါတယ်ကွာ။ ငိုတော့မငိုပါနဲ့။ "
" မင်းကြောင့်မဟုတ်ဘူး။ မင်းကြောင့်မဟုတ်ဘူးလို့။ ဘာလို့မင်းက အမြဲတောင်းပန်နေမှာလဲ။"
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်မောင်းကို လက်နဲ့ကုပ်ဖဲ့ရင်း ပြောသည်။ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ စိတ်ကျေနပ်သည်အထိ ငြိမ်ခံပေးနေပြီး လွတ်နေတဲ့ လက်လေးက ကာရံညီညာ့၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးနေသည်။
"လင်းဖြာဦး ပြောတာမှန်တယ်။ မှန်လို့ ငါဒေါသထွက်သွားတာ။မှန်တာပြောရင် နာတတ်ကြတာပဲ။ မင်းကငါ့ကို အရာအားလုံးပေးနိုင်ပြီး ငါက ဘာမှမပေးနိုင်ဘူး။ မင်းအလုပ်မှာလည်း မကူညီနိုင်ဘူး။ အနည်းဆုံးတော့ သူပြောသလို ငါက မင်းထက်မတော်ရင်တောင် မင်းနဲ့ ရင်ဘောင်တန်းနိုင်သင့်တယ်။ "
စိုင်းစွမ်းထက်ပိုင်က အရမ်းချစ်ပေးပြီး လိုအပ်တာမရှိရလေအောင် ဂရုစိုက်ပေးတော့ စိုင်းစွမ်းထက်ပိုင်ကို ဘာမှမကူညီနိုင်တာကို တွေးမိတိုင်း ကာရံညီညာ စိတ်ညစ်နေတတ်သည်။အခုလို အခြားတစ်ယောက်က ထောက်ပြလာတော့ ကိုယ့်ကိုယ်ကိုယ် အားမရတွေဖြစ်ပြီး ဒေါသထွက်လာသည်။
" အခြားသူက Judgeလုပ်တာကို ဘာလို့ခံစားနေရတာလဲ။ ဘာမှမပေးနိုင်ဘူးလို့ ဘာလို့ထင်ရတာလဲ။ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတွေမှာတော့ လင်းဖြာဦးပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဓိက အရာဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာမှာ လူကြီးလေးက ကိုယ့်ကို အပြည့်အဝထောက်ပံ့ပေးနိုင်တယ်။ ကိုယ်အခုလို ကြိုးစားချင်စိတ်ရှိတာလည်း လူကြီးလေးကြောင့်လေ။ကိုယ်နောက်ကို လှည့်ကြည့်လိုက်တိုင်း လူကြီးလေး ရှိနေတယ်ဆိုတဲ့အသိနဲ့ ကြိုးစားဖို့အတွက် တွန်းအားဖြစ်လာတာ။ ကိုယ်က လူကြီးလေး မရှိလို့မရဘူး။ လူကြီးလေးသာ မရှိရင် ပြိုလဲသွားမှာ။"
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို မော့ကြည့်သည်။ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ မျက်လုံးနှစ်ဖက်လုံး ပိတ်ကျသွားသည်အထိ မျက်ခွံတွေကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းကာ မျက်ရည်တွေကို လျှာဖျားလေးနဲ့သပ်ကာ သုတ်ပေးသွားသည်။
" မင်းကို စချစ်မိကတည်းက ကိုယ့်အနာဂတ် တိုးတက်ခြင်းတွေက မင်းအပေါ်ပဲ မှီတည်နေတာမို့မင်းက ကိုယ့်ကို အများကြီးထောက်ပံ့ပေးထားတာပါ။အခြားအရာတွေ လျှောက်မတွေးနဲ့တော့နော်။ "
ကာရံညီညာက ခေါင်းငြိမ့်သည်။ ပြီးနောက် စိုင်းစွမ်းထက်ပိုင်၏ လည်တိုင်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ လူက ကွေးကွေးလေးလုပ်ပြီး စိုင်းစွမ်းထက်ပိုင် ရင်ခွင်ထဲ ခွေနေသည်။အကြီးဖြစ်တဲ့ကိုယ်တိုင်က ရင့်ကျက်လာရမည့်အစား စိုင်းစွမ်းထက်ပိုင်ကို အခုလို တွယ်ကပ်နေချင်မိသည်။
" အဝတ်အစားလဲရအောင်။ ကျောင်းအဝတ်တွေ အခုထိ မလဲရသေးတော့ လူကနုံးနေလိမ့်မယ်။ "
" အင်း "
စိုင်းစွမ်းထက်ပိုင်က ထ,ဖို့ပြင်ပေမယ့် ကာရံညီညာက လူကိုမခွာသေးတာကြောင့် စိုင်းစွမ်းထက်ပိုင်က နူးညံ့စွာ ပြုံးလိုက်ပြီး ကာရံညီညာ့ကို ပွေ့ပိုက်ထားရင်း ဗီရိုဆီသွားသည်။ဗီရိုတံခါးကို ခက်ခက်ခဲခဲ ဖွင့်ပြီးမှ အဝတ်အစားထုတ်ရသည်။
" ကိုယ်လဲပေးရမှာလား။ "
ကာရံညီညာက ခေါင်းရမ်းသည်။ လူကတော့ ခွာမသွားသေးတာကြောင့် စိုင်းစွမ်းထက်ပိုင်မှာ ကာရံညီညာ့သဘောကျ ပွေ့ထားလျက်နဲ့ပဲ ခေါင်းအုံးကို ခပ်လျောလျော မှီကာထိုင်နေရသည်။
ဆက်ရန်
Zawgyi
" စိုင္းစြမ္း "
ဦးစြမ္းထက္သူ၏ ေဆာက္လုပ္ေရး ကုမၸဏီက မန္ေနဂ်ာ၏ ႐ုံးခန္းတံခါးကို ကာရံညီညာက ႏွစ္ခ်က္ေလာက္ေခါက္ကာ အသံျပဳၿပီး တန္းဝင္လာလိုက္သည္။ဆုံလည္ထိုင္ခုံမွာ စိုင္းစြမ္းထက္ပိုင္က ထိုင္ေနရင္း ေလးထပ္အျမင့္ရွိတဲ့ Hotel၏ ပုံၾကမ္းကို စားပြဲေပၚမွာ တင္ကာ ၾကည့္ေနသည္။ စိုင္းစြမ္းထက္ပိုင္၏ ေဘးမွာ လင္းျဖာဦးက ခါးကိုင္းလ်က္ အေနအထားႏွင့္ ရွိေနသည္။ကာရံညီညာ့ကို ျမင္မွ လင္းျဖာဦးက ခါးကိုပိုႏွိမ့္ခ်လိဳက္ၿပီး စိုင္းစြမ္းထက္ပိုင္နဲ႕ ပါးခ်င္းနီးကပ္သြားသည္။
" လူႀကီးေလး "
စိုင္းစြမ္းထက္ပိုင္က အံ့ၾသသြားၿပီးမွ ဝမ္းသာစြာျဖင့္ ေခၚလာသည္။လူကလည္း ထိုင္ခုံမွ ထ,လာကာ ကာရံညီညာ့အနားေရာက္လာသည္။
" ဘယ္လိုေရာက္လာတာလဲ။ အေၾကာင္းမၾကားဘဲ ... "
" ေက်ာင္းက Major Welcomeရွိလို႔ ေန႕လယ္ပိုင္း အတန္းခ်ိန္မရွိဘူးေလ။ ဦးေလးက အန္တီ့ကို Hair Saloonက သြားႀကိဳရင္း ဒီဘက္က သြားရမွာမို႔ လိုက္ခဲ့မလားေမးလို႔ လိုက္လာတာ။ေက်ာင္းကျပန္ေရာက္ေရာက္္ခ်င္း လိုက္လာတာ။ "
စိုင္းစြမ္းထက္ပိုင္က ပါးခ်ိဳင့္ေလး တစ္ဖက္ထင္းေနေအာင္ ၿပဳံးလိုက္ၿပီး ကာရံညီညာ့၏ လက္ဖ်ားေလးကို ဆြဲကာ ခုံမွာ ထိုင္ေစသည္။
" ပင္ပန္းသြားမွာပဲ။ အေအးေသာက္မလား။ မွာေပးမယ္။ "
ကာရံညီညာက မ်က္စံဝိုင္းဝိုင္းနက္နက္ေလးကို အေပၚေမာ့ကာ စဥ္းစားသလိုေလး လုပ္ၿပီးမွ ေျဖသည္။
" ငခ်ိပ္ဒိန္ခ်ဥ္ေသာက္မယ္။အရင္တစ္ခါ မင္းဝယ္လာတာ ေသာက္လို႔ ေကာင္းတယ္။ "
" ကိုယ္မွာေပးမယ္ေနာ္။ လင္းျဖာဦးေရာ... ဘာေသာက္မလဲ။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ေျပာရင္း မတ္တပ္ရပ္ေနတဲ့ လင္းျဖာဦးကိုပါ ေမးလာသည္။
" ဟိုအစ္ကို႔လိုပဲ မွာေပးေလ။ "
" အိုေက "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ နားသယ္စပ္က ေမႊးညင္းႏုေလးေတြကို လက္ညွိုးေလးနဲ႕ သပ္တင္ေပးရင္းမွ ထပ္ေမးလာသည္။
" အဲ့ဒီဆိုင္မွာ ကိတ္ေတြလည္းရွိတယ္။စားခ်င္ေသးလား။ "
" ေက်ာင္းမွာ စားထားတာ ဗိုက္တင္းေနၿပီ။ "
" အိမ္အတြက္ ဝယ္သြားလိုက္မယ္ေလ။ ညလယ္က်ရင္ ဗိုက္ဆာေတာ့ စားေပါ့။ "
ကာရံညီညာက ေခါင္းတဆက္ဆက္ၿငိမ့္ရင္းမွ 'အိုေက' လို႔ေျပာသည္။မုန့္ဆိုင္က အလုပ္နဲ႕ သိပ္မေဝးတာမို႔ စိုင္းစြမ္းထက္ပိုင္က ဖုန္းဆက္ၿပီး မွာလိုက္သည္။
လင္းျဖာဦးက ခုံတစ္ခုကို ဆြဲထိုင္လိုက္ၿပီး ပုံၾကမ္းေတြကိုပဲ ၾကည့္ေနသည္။ကာရံညီညာက လင္းျဖာဦးကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ စိုင္းစြမ္းထက္ပိုင္၏ Style pantအနက္ေရာင္က ေဘးအိတ္ကပ္ေလးကို လက္ညွိုးေလးနဲ႕ ဆြဲကာ ေျပာစရာရွိဟန္ အနားတိုးခိုင္းသည္။
စိုင္းစြမ္းထက္ပိုင္က ၾကည့္လက္စ laptopမွ အၾကည့္လႊဲလိုက္ၿပီး မတ္တပ္ရပ္အေနအထားျဖင့္ ကာရံညီညာ့အနား ခါးကိုင္းေပးသည္။ကာရံညီညာက ေလသံခပ္တိုးတိုးေလးျဖင့္ ေမးသည္။
" သူက ေတာင္ႀကီးဆိုက္မွာ မဟုတ္ဘူးလား။ "
" ဟုတ္တယ္ ... အခုက အဲ့ဒီဆိုက္က အလုပ္သမားေတာ္ေတာ္မ်ားမ်ားက သူတို႔ေဒသရဲ႕ပြဲေတာ္ရက္မို႔ ငါးရက္ေလာက္ခြင့္ယူထားတာ။Hotelပိုင္ရွင္ကလည္း အေပၚေရကန္ကို ေနရာေျပာင္းခ်င္တယ္ေျပာလို႔ သူလည္းဟိုမွာ ေထြေထြထူးထူးအလုပ္မရွိလို႔ မႏၲေလး ဆင္းလာၿပီး ကိုယ္နဲ႕လာတိုင္ပင္တာ။ "
" ေၾသာ္ ... "
" ဘာလို႔လဲ။ "
ကာရံညီညာက ေခါင္းေလးရမ္းျပသည္။ဒီတစ္ေယာက္ကို ျမင္တိုင္း စိတ္ထဲေလးေနၿပီး ကိုယ့္အေပၚ အျမင္မၾကည္ဘူးလို႔ ခံစားရသည္။သို႔ေပမယ့္ ကိုယ္တိုင္က ကေလးမဟုတ္၊တကၠသိုလ္ဆရာတစ္ေယာက္ ျဖစ္ေနတာမို႔ ကိုယ့္ကိုယ္ကိုယ္ သတိထားကာ အၿပဳံးနဲ႕သာ ဆက္ဆံသည္။
" ဒါနဲ႕ေလ ... တကၠသိုလ္မွာတုန္းက မင္းတို႔ခ်င္း ခင္ၾကလား။ "
" သိပ္မရင္းႏွီးဘူး။ ေမးထူးေခၚေျပာေလာက္ေပါ့။ "
" အင္းပါ။ "
ကာရံညီညာက ထပ္မေမးေတာ့ဘူး။ လုပ္ငန္းကို နားမလည္ေပမယ့္ စိုင္းစြမ္းထက္ပိုင္ သြားထိုင္သည့္ ခုံေဘးမွာ ခုံေလးဆြဲကာ ထိုင္ရင္း စိုင္းစြမ္းထက္ပိုင္ ပုံဆြဲတာကို ၾကည့္ေနသည္။
" ခဲတံနဲ႕ဆြဲတာလား။ "
" အင္း ... ကိုယ္စိတ္တိုင္းက်မွ Digital ျပန္ကူးမွာ။ ဖ်တ္လိုက္ဆြဲလိုက္ဆို အဆင္မေျပလို႔ ကိုယ္က ဒီနည္းလမ္းပဲ သုံးတာ။ "
ကာရံညီညာက အခန္းထဲကို မ်က္လုံးေဝ့ၾကည့္လိုက္ေတာ့ လင္းျဖာဦးက ကာရံညီညာ့ကို ၾကည့္ေနတာနဲ႕ မ်က္လုံးခ်င္း ျဖတ္ခနဲဆုံသြားသည္။ သို႔ေပမယ့္ လင္းျဖာဦးက ခ်က္ခ်င္းပင္ အၾကည့္လႊဲသြားသည္။
" ကိုယ္ဆြဲတာ ျမင္ရရဲ႕လား။ လက္နဲ႕ကြယ္ေနလား"
ကာရံညီညာက အပ်င္းေျပ ၾကည့္ေနတာေတာင္ စိုင္းစြမ္းထက္ပိုင္က ဂ႐ုတစိုက္ေမးလာသည္။
" လွေနတာကို ဘာလို႔ဖ်တ္တာလဲ။ "
"တိုင္ေစာင္းေနတယ္ကြ။"
" မသိသာဘဲနဲ႕။ "
စိုင္းစြမ္းထက္ပိုင္က ခပ္တိုးတိုးရယ္လိုက္ၿပီးမွ
" ဆယ္တန္းတုန္းက လူႀကီးေလး ယုန္ပုံဆြဲတာ ျပန္သတိရသြားလို႔။ အဲ့တုန္းက ေျမႂကြက္ႀကီးနဲ႕ တူတယ္ဆိုတာ ကိုယ့္Crushမို႔ ေျမာက္ပင့္ေျပာေပးတာ။ တကယ္က ရွဥ့္လိုလို ေၾကာင္လိုလိုနဲ႕။ယုန္ရဲ႕ မ်က္ႏွာကလည္း မ်က္ႏွာငယ္ေလး ျဖစ္ေနေသးတာ။ " လို႔ေျပာသည္။
" အ႐ူး ... ငါ့ကို မစနဲ႕။ "
စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ရွက္သြားတဲ့မ်က္ႏွာေလးကို ေခါင္းေစာင္းငဲ့ကာ ၾကည့္လိုက္ေသးသည္။
" ေအာ ... ဖုန္းလာေနၿပီ ... မုန့္လာပို႔ၿပီ ထင္တယ္။ ကိုယ္သြားယူလိုက္ဦးမယ္။ "
" အင္း "
ကာရံညီညာက ေဆာင့္ေအာင့္ၿပီး 'အင္း' လိုက္ေတာ့ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ဆံပင္ေလးကို လက္နဲ႕အသာေလး ဆြဲဖြသြားေသးသည္။စိုင္းစြမ္းထက္ပိုင္ , ကာရံညီညာ့ကို ဘယ္ေလာက္ထိ ခ်စ္သလဲဆိုတာ အသိသာႀကီး။
" စိုင္းစြမ္းက Romaticဆန္တယ္ေနာ္။ "
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ ပုံဆြဲခဲ့သည့္ 4Bခဲတံေလးကို လက္နဲ႕လွည့္ကာ ကစားေနတုန္း လင္းျဖာဦးက ေျပာလာသည္။
" အင္း ...သူက အဲ့ဒီလိုပဲ။ အၿမဲစေနာက္ေနၿပီး လူအရမ္းကပ္တာ။ တခါတေလဆိုရင္ ေၾကာင္ထက္ေတာင္ ခြၽဲေသးတယ္။ "
" ေက်ာင္းမွာတုန္းက သူက အေနတည္တယ္။ သူ႕ရဲ႕ ဒီလိုေပ်ာ္တတ္တာမ်ိဳးကို စိုင္းရတုဟန္နဲ႕မွ ရံဖန္ရံခါ ေတြ႕ဖူးတာ။ စိုင္းစြမ္းက ေကာင္မေလးလည္း ၾကည္တယ္။ Gayလို႔ လုံးဝထင္မထားဘူး။ "
ကာရံညီညာလည္း စိတ္ကို အတတ္နိုင္ဆုံးေလး ေလ်ာ့ထားသည္။ ဒီလူနဲ႕ပတ္သတ္ၿပီး ခံစားခ်က္ သိပ္မေကာင္းေတာ့ ကိုယ္တိုင္က ရန္လိုေနမိမွာစိုးသည္။
" သူက မရင္းႏွီးတဲ့သူေတြနဲ႕ဆို အေနတည္တယ္။ "
ကာရံညီညာက စကားျဖတ္ခ်င္ေၾကာင္း တမင္ျပကာ စားပြဲေပၚက တိုက္မွာသုတ္သည့္ေဆးေတြရဲ႕ Catalogueစာအုပ္ကိုသာ လွန္ၾကည့္ေနလိုက္သည္။
" ကြၽန္ေတာ္လည္း Gayပဲ။ စိုင္းစြမ္းကို အဲ့ဒီတုန္းက Straightထင္ခဲ့တာဗ်။ႏွေျမာစရာေကာင္းလိုက္တာ။ အနည္းဆုံးေတာ့ ကိုယ္သေဘာက်တဲ့သူကို ႀကိဳးစားခဲ့သင့္တာ။ "
ကာရံညီညာ့၏ စာ႐ြက္အထူသားကို ကိုင္ထားသည့္လက္က အားပါသြားတာမို႔ စာ႐ြက္ေၾကသံေတာင္ ၾကားေနရသည္။
" စတာပါဗ်ာ။ "
လင္းျဖာဦးက ထပ္ေျပာလာေတာ့ ကာရံညီညာက လင္းျဖာဦးကို ၾကည့္သည္။
" စတာဆိုေတာ့ ေတာ္ေသးတာေပါ့။ႀကိဳးစားလည္း စိုင္းစြမ္းက လုံးဝတုံ႕ျပန္မွာမဟုတ္ဘူး။ အစ္ကိုတို႔က စိုင္းစြမ္း ဆယ္တန္းၿပီးကတည္းက တြဲလာၾကတာ။ ေက်းဇူးျပဳၿပီး ငါတို႔ စိုင္းစြမ္းကို စိုင္းစြမ္းထက္ပိုင္လို႔ပဲ နာမည္အျပည့္အစုံေခၚေပးလို႔ရမလား။ အစ္ကိုက နည္းနည္းသဝန္တိုတတ္လို႔ပါ။ ၿပီးျပည့္စုံတဲ့သူကို ခ်စ္သူေတာ္ထားတဲ့သူေတြရဲ႕ ဒုကၡလို႔ပဲ ေျပာရမွာေပါ့။ "
ၿပဳံးၿပဳံးေလးနဲ႕ စကားေျပာေနၾကေပမယ့္ ႏွစ္ေယာက္လုံး စိတ္ထဲမွာ မေက်နပ္ခ်က္ ကိုယ္စီရွိသည္။ကာရံညီညာက ကိုယ့္ကိုယ္ကိုယ္ စင္ေပၚကလူဆိုတာ သိတာမို႔ သတိထားေပမယ့္လည္း ဒီတစ္ေယာက္ေျပာလာတာေတြကို သည္းမခံနိုင္ျဖစ္ေနသည္။
" ဟုတ္ကဲ့ပါ ... ကြၽန္ေတာ္ ဆင္ျခင္လိုက္ပါ့မယ္။ "
လင္းျဖာဦးကႏႈတ္ခမ္းက ၿပဳံးေနေပမယ့္ မ်က္လုံးေတြမွာ ရယ္ျမဴးရိပ္မ်ိဳး မရွိေပ။ တတိယႏွစ္မွ စိုင္းစြမ္းထက္ပိုင္ကို သိခဲ့တာဆိုေပမယ့္ စသတိထားမိကတည္းက စိုင္းစြမ္းထက္ပိုင္ကို သေဘာက်ခဲ့တာျဖစ္သည္။ရယ္ခဲေပမယ့္ ရယ္လိုက္တိုင္း ထင္းေနတဲ့ ညာဘက္ကပါးခ်ိဴင့္ေလးကိုလည္း သေဘာက်သည္။ေျပျပစ္တဲ့႐ုပ္ရည္နဲ႕ လိုက္ဖက္တဲ့ အရပ္အေမာင္း အသားအရည္ကိုလည္း သေဘာက်ခဲ့သည္။
စိုင္းစြမ္းထက္ပိုင္၏ Facebook Accကို မရမက ရွာအပ္တာေတာင္ စိုင္းစြမ္းထက္ပိုင္က လက္မခံေပ။Instagramမွာလည္း Privateလုပ္ထားတာမို႔ ဘာမွ ဝင္ၾကည့္လို႔မရဘူး။စိုင္းစြမ္းထက္ပိုင္က သာမန္ေမးထူးေခၚေျပာေလာက္သာ လုပ္တာမို႔ ရင္းႏွီးခ်င္၍ စိုင္းရတုဟန္တတ္သည့္ Modelသင္တန္းေတြပါ လိုက္တတ္ကာ စိုင္းရတုဟန္နဲ႕ ရင္းႏွီးေအာင္ အရင္ ႀကိဳးစားခဲ့သည္။သို႔ေပမယ့္ စိုင္းစြမ္းထက္ပိုင္နဲ႕ အေျခအေနက အခ်ည္းႏွီးသာ။ စိုင္းစြမ္းထက္ပိုင္တို႔ ကုမၸဏီမွာလည္း အလုပ္ေလွ်ာက္ဖူးေပမယ့္ လူျပည့္သြားတာမို႔ အလုပ္မရခဲ့ဘူး။စိုင္းရတုဟန္က ေဆာက္လုပ္ေရး အင္ဂ်င္နီယာလုပ္ငန္းထဲ သိပ္မပါဝင္တာမို႔ လင္းျဖာဦး အကူအညီေတာင္းတာေတာင္ ကိုယ္တိုင္အလုပ္ေလွ်ာက္ပါလို႔ ေျပာခဲ့သည္။
အခုအခြင့္အေရးရကာ ဒီလူနဲ႕ နီးကပ္ေတာ့မယ္ဆိုခါမွ ႐ုတ္တရက္ႀကီး ထင္မထားတဲ့ ခ်စ္သူ၊လက္တြဲေဖာ္က ေပၚလာသည္။
ေက်ာင္းတုန္းက စိုင္းစြမ္းထက္ပိုင္ကို Straightထင္ၿပီး ေမးထူးေခၚေျပာခြင့္ေလးေတာင္ မရမွာ ေၾကာက္၍ ခ်ဥ္းကပ္ဖို႔ မရဲခဲ့တာကို ေနာင္တရသည္။
အခု ဖြင့္ေျပာဖို႔ သတၱိရွိေနၿပီဆိုတဲ့အခ်ိန္ေရာက္ေတာ့ ထာဝရဆုံးရႈံးရေတာ့မည့္ အျဖစ္မ်ိဳး။အနည္းဆုံးေတာ့ ႀကိဳးစားၾကည့္ခ်င္သည္။ အစထဲကရႈံးၿပီးသားမို႔ ထပ္ရႈံးရလည္း ကိစၥေတာ့မရွိပါ။
" ဒါနဲ႕... စိုင္းစြမ္းထက္ပိုင္ရဲ႕ လက္တြဲေဖာ္ကို အစ္ကို႔လို ပုံစံမ်ိဳးေတာ့ မထင္ထားဘူးဗ်။ သူ႕ထက္မေတာ္ေတာင္ အနည္းဆုံးေတာ့ သူနဲ႕ရင္ေဘာင္တန္းနိုင္ေလာက္မယ့္သူမ်ိဳး ထင္ထားတာ။ "
ကာရံညီညာက စားပြဲခုံကို လက္နဲ႕ရိုက္ခ်လိဳက္သည္။
" ဘာေျပာတယ္ "
" ကြၽန္ေတာ့္အျမင္ အစ္ကိုတို႔ႏွစ္ေယာက္ မလိုက္ဖက္ဘူးလို႔ ။"
" ဘာ ... "
ကာရံညီညာ့၏ စိတ္ထဲ၌ လင္းျဖာဦးကို နစ္နစ္နာနာေတြ အမ်ားႀကီး ေျပာပစ္ၿပီးၿပီဆိုေပမယ့္ ႏႈတ္မၾကမ္းတဲ့သူမို႔ လက္ေတြ႕က် ဘာမွ ထြက္မလာဘူး။
" စတာပါဗ်ာ။ ေဒါသ မထြက္ပါနဲ႕။ "
က်န္တာသည္းခံနိုင္သည္။ စိတ္ထိခိုက္ေအာင္ ေျပာၿပီးမွ ၾကာပန္းျဖဴမ်က္ႏွာနဲ႕ ' စိတ္မရွိပါနဲ႕။ စလိုက္တာပါ'လို႔ေျပာတာကို သည္းမခံနိုင္။ ကာရံညီညာက ဝုန္းခနဲ ထရပ္ၿပီး လက္ထဲက Catalogueကို ၾကမ္းေပၚ အားပါပါနဲ႕ ပစ္ခ်လိဳက္သည္။
" လူႀကီးေလး ... ဒိန္ခ်ဥ္က ... "
စိုင္းစြမ္းထက္ပိုင္၏ လက္ႏွစ္ဖက္လုံးက ကိတ္မုန့္ထုပ္နဲ႕အေအးဘူးဆြဲလာတာမို႔ တံခါးကို ကိုယ္နဲ႕ တြန္းတိုက္ကာ ဖြင့္ရသည္။
" ဘာျဖစ္ၾကတာလဲ။ "
ကာရံညီညာ့၏ မ်က္စံတစ္ဝိုက္မွာ မ်က္ရည္ေတြ ဝိုင္းေနတာမို႔ စိုင္းစြမ္းထက္ပိုင္က အံ့ၾသသြားၿပီးမွ ေမးလိုက္သည္။
" ေဆာရီး စိုင္းစြမ္း။ ငါ , အစ္ကို႔ကို နည္းနည္းစလိုက္တာ။ "
" မဟုတ္ဘူး။ သူခုနက ေျပာေနတာေတြက စတာေနာက္တာနဲ႕ နည္းနည္းမွ မတူဘူး။ "
ကာရံညီညာ့၏ အသံက ေဒါသေၾကာင့္ အနည္းငယ္ တုန္ေနသည္။စိုင္းစြမ္းထက္ပိုင္က လက္ထဲက ပစၥည္းေတြကို စားပြဲေပၚခ်ကာ ကာရံညီညာ့၏ ေက်ာေလးကို ခပ္ဖြဖြေလး ပြတ္ေပးသည္။
" သူမႀကိဳက္ရင္ မစပါနဲ႕။ ေနာက္တစ္ခါ ဆင္ျခင္ေပးပါ။ "
လင္းျဖာဦးက ေခါင္းၿငိမ့္လိုက္သည္။ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္ထဲမွ ႐ုန္းကာ ေျပာသည္။
" သူ စေနတာ မဟုတ္ဘူးလို႔ ငါေျပာေနတယ္ေလ။ ဘာလဲ ... ငါက Sensitive ျဖစ္တယ္ ထင္ေနတာလား။ "
" ဟုတ္ပါၿပီကြာ... လူႀကီးေလးက အႀကီးပဲ။ စိတ္ေလ်ာ့လိုက္ပါ။ "
ကာရံညီညာက ေခါင္းကို အတင္းရမ္းသည္။
" ငါက ဘာလို႔ေလ်ာ့ရမွာလဲ။ဒီတစ္ေယာက္ မင္းအေပၚ ဘယ္လိုသေဘာထားေနလဲသိလား။ထားလိုက္ေတာ့ ... ငါကပဲ သေဘာထားေသးသိမ္သြားတယ္ထားလိုက္။ "
ကာရံညီညာက ေက်ာပိုးအိတ္ကို ေကာက္ဆြဲၿပီး အခန္းထဲက ထြက္သည္။စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ လက္ေကာက္ဝတ္ကို ဆြဲထားလိုက္ရင္း ေျပာသည္။
" ကိုယ္က အဲ့ဒီသေဘာနဲ႕ ေျပာတာမဟုတ္ပါဘူးကြာ။"
" မသိဘူး။ မင္း ငါေျပာတာ နားမေထာင္သလို ငါလည္း မသိခ်င္ဘူး။ရွင္းမျပနဲ႕။ ငါ့အေနာက္က လိုက္မလာနဲ႕ေနာ္။ "
ကာရံညီညာက ထြက္သြားၿပီ ျဖစ္သည္။စိုင္းစြမ္းထက္ပိုင္က သက္ျပင္းခပ္ေလးေလး ခ်လိဳက္သည္။
" သူက ပုံမွန္ဆိုရင္ Warm Personalityရွိတဲ့သူမ်ိဳးပါ။ သူစိတ္ထိခိုက္ေလာက္ေအာင္ ေျပာလိုက္တာမဟုတ္ရင္ ဒီေလာက္ထိတုံ႕ျပန္မွာ မဟုတ္ဘူး။ခုနက သူ႕စိတ္အေျခအေန ပိုဆိုးသြားမွာစိုးလို႔ စ,ေနာက္ေနတယ္လို႔ အလိုက္သင့္ေျပာေပးလိုက္တာ။ မင္းနဲ႕ငါက လုပ္ငန္းသေဘာအျပင္ ဘာပတ္သတ္မႈမွ မရွိတာ မင္းစိတ္ထဲရွင္းရွင္းလင္းလင္းသိမွာပါ။ဒီေတာ့ အလုပ္ကိစၥပဲ စိတ္ဝင္စားပါ။ အျခားျပသနာေတြ သယ္မလာပါနဲ႕။ သူစိတ္ထိခိုက္ေအာင္ လုပ္ရဲရင္ ဒီအတိုင္း ေက်ာ္သြားေပးမွာ မဟုတ္ဘူးဆိုတာ နားလည္ထားပါ။ "
စိုင္းစြမ္းထက္ပိုင္လည္း လင္းျဖာဦးရဲ႕ စိတ္သေဘာထားကို အနည္းအက်ဥ္းေတာ့ ရိပ္မိပါသည္။ကိုယ္က အေနအထိုင္မွန္တာမို႔ စိတ္သန့္သည္။ လက္တြဲထားတဲ့ ဆိုက္က ပထမတစ္ခါ ျပသနာျဖစ္ထားတာမို႔ လင္းျဖာဦးနဲ႕ ေနာက္ထပ္ျပသနာမျဖစ္ခ်င္တာမို႔ လုပ္ငန္းသေဘာအရ ေျပာဆိုဆက္ဆံေနရသည္။အခုလိုဆိုရင္ က်န္တဲ့လုပ္ငန္းကို ဦးစြမ္းထက္သူကိုပဲ လႊဲေပးေတာ့မည္။ကာရံညီညာ စိတ္ခ်မ္းသာဖို႔သာ အေရးႀကီးသည္။
" ေကာင္းပါၿပီ။ "
...............................
" ေငြလသာ "
ေက်ာင္းထဲက ထြက္လာတဲ့ ေငြလသာ၏ လက္ကို စိုင္းရတုဟန္က လာတြဲကာ ပိုင္စိုးပိုင္နင္းျဖင့္ ေခၚထုတ္သြားသည္။
" အစ္ကို ... ဘာျဖစ္ေနတာလဲ။ ကြၽန္ေတာ့္ကို လႊတ္ဦး။"
ေငြလသာ ႐ုန္းေနတာ သိေသာ္လည္း ကားparkingနားအထိ ဆြဲေခၚသြားၿပီးမွ စိုင္းရတုဟန္က လႊတ္ေပးလိုက္သည္။ ေငြလသာက ပခုံးေပၚမွေလ်ာက်လာတဲ့ ေက်ာပိုးအိတ္ကိုင္းေလးကို ေနရာတက် ျပန္တင္ၿပီး စိုင္းရတုဟန္ ဆြဲေခၚသြားလို႔ အနည္းငယ္ နာသြားတဲ့ လက္ေကာက္ဝတ္ေလးကို အျခားလက္တစ္ဖက္နဲ႕ ပြတ္ေနသည္။
" ကိုယ္ မင္းကိုဖုန္းဆက္တယ္။ သေဘာက မင္းနဲ႕ ဒီေန႕ေတြ႕လို႔ရမလား ကိုယ္ခြင့္ေတာင္းတာ။ မင္းက မအားဘူးေျပာတယ္။ ဒီေကာင္နဲ႕က် ဘာလို႔ အတူတူ အျပင္သြားမယ့္ပုံစံျဖစ္ေနတာလဲ။ "
ေငြလသာက စိုင္းရတုဟန္နဲ႕ အနည္းငယ္ ခြာကာရပ္သည္။
" စာေမးပြဲအတြက္ ျပင္ဆင္မလို႔။နားမလည္တဲ့ စာကို ဆရာမအိမ္မွာ သြားေမးမလို႔။ ကြၽန္ေတာ္ မအားလို႔ မအားဘူးေျပာေနတာ။ လိမ္တာမဟုတ္ဘူး။"
" မင္း ကိုယ့္ကို ေမးလို႔မရဘူးလား။ အရင္ကလည္း မင္း ေက်ာင္းစာေတြကို ကိုယ့္ကိုပဲ ေမးေနက်ေလ။ "
ေငြလသာက စိုင္းရတုဟန္ကို ေသခ်ာၾကည့္သည္။
" အစ္ကိုပဲ မလိုခ်င္ခဲ့တာ မဟုတ္ဘူးလား။ ကြၽန္ေတာ္ စာေမးတိုင္း အစ္ကိုပဲ ေက်ာင္းမွာထဲက ေသခ်ာလိုက္ၾကည့္ဖို႔နဲ႕ မအားတာမို႔ အလုပ္မရႈပ္ပါနဲ႕လို႔ အၿမဲေျပာခဲ့တာမဟုတ္ဘူးလား။ အစ္ကိုက အၿမဲတမ္း အစ္ကို႔စိတ္၊ အစ္ကို႔သေဘာခ်ည္းပဲ။ ကြၽန္ေတာ္ ပင္ပန္းေနၿပီ။အစ္ကို႔အနားက ထြက္လာတာေတာင္ အစ္ကိုက ကြၽန္ေတာ့္ကို ပင္ပန္းေနေစတုန္းပဲ။ "
အရင္က စိုင္းရတုဟန္ ျငင္းခဲ့တာမွန္သည္။
" ကိုယ္ အရင္က မွားခဲ့တယ္။မွားပါတယ္လို႔လည္း ကိုယ္ဝန္ခံၿပီးသား။ ကိုယ္နဲ႕မင္းၾကားမွာ မင္းစိတ္ဆိုးတာ၊စိတ္နာတာကို ကိုယ္ဘယ္ေလာက္ၾကာၾကာ စိတ္ရွည္ရွည္နဲ႕ ေခ်ာ့နိုင္တယ္။ကိုယ့္ေရွ႕မွာ အျခားတစ္ေယာက္နဲ႕ တြဲျပၿပီး လာေတာ့ အ႐ြဲ႕တိုက္မျပနဲ႕ေနာ္။ ကိုယ္ သည္းခံမွာ မဟုတ္ဘူး။ "
" လူတိုင္းက အၿမဲတမ္း အစ္ကို႔အတြက္ပဲ ျဖစ္တည္ေပးေနမွာ မဟုတ္ဘူး။ကြၽန္ေတာ္လည္း အရင္က ခင္ဗ်ားတစ္မ်က္ႏွာထဲနဲ႕ အေပ်ာ္ရည္းစားဘဝလည္း ေနခဲ့တယ္။ခင္ဗ်ားက လွည့္ေတာင္ ၾကည့္ခဲ့လို႔လား။
အၿမဲတမ္း အသစ္၊အသစ္ေတြနဲ႕ သြားလာေပ်ာ္ပါးေနတာမလား။ အခုအေျခအေနမွာ ကြၽန္ေတာ္တို႔ၾကားက ဆက္ဆံေရးက ျပတ္ေတာက္ေနၿပီ။ ဒါကို ခင္ဗ်ားက ေနရာတကာ လိုက္ခ်ဳပ္ခ်ယ္ခ်င္ေနလို႔မရဘူး။ "
စိုင္းရတုဟန္က ေငြလသာ၏ လက္ေကာက္ဝတ္ကို ဆြဲကာ ကားBodyမွာ ကပ္လိုက္ၿပီးမွ ကားနဲ႕လူၾကား ေငြလသာကို ညွပ္ထားကာ ေျပာသည္။
" ကိုယ္သဝန္တိုတယ္။ မင္းကို အရင္ကတည္းက ခ်စ္မွန္းမသိခ်စ္ေနၿပီး သဝန္တိုေနခဲ့တာပါ။ ကိုယ္စကားေျပာမေကာင္းဘူး။ မင္း နားဝင္ခ်ိဳေလာက္ေအာင္ မေျပာျပတတ္ေပမယ့္ မင္းကိုခ်စ္ေနတာ ကိုယ့္ရဲ႕အစစ္အမွန္ပါ။ယုံေပးစမ္းပါ ေငြလရယ္။ "
ေငြလသာကလည္း တစ္္ခြန္းမက်န္ ျပန္ပက္သည္။အရင္က သည္းခံခဲ့သမွ် အခုမွ ဆတိုးနဲ႕ ကလဲ့စားေခ်ေနသလိုပင္။
" ဟုတ္မွာပါ။ရည္းစားေတြ ထည္လဲတြဲခဲ့တဲ့သူက စကားေျပာမေကာင္းဘူး။ "
" ေငြလသာ ... "
စိုင္းရတုဟန္က ေငြလသာ၏ မ်က္ႏွာနား တိုးလာသည္။
" မင္း မေက်နပ္ရင္ ကိုယ့္ကိုရိုက္လိုက္ပါ။ ၿပီးရင္ ကိုယ္တို႔ စကားေအးေအးေဆးေဆး ေျပာရေအာင္။ကိုယ့္ကို ဒီလိုအေငၚတူးနဲ႕ စကားမေျပာပါနဲ႕။ကိုယ္တကယ္မခံစားနိုင္လို႔ပါ။ ကိုယ္ မင္းကို ခ်စ္ေၾကာင္း မင္းယုံသည္အထိ သက္ေသျပမွာမို႔ မင္းဘက္က ေစာင့္ၾကည့္ေပးဖို႔ပဲ ကိုယ္ေတာင္းဆိုပါတယ္။ကိုယ္က လြဲၿပီး အျခားသူနဲ႕ မပတ္သတ္ပါနဲ႕ အဲ့ဒါပါပဲ။ "
ေငြလသာက ဘာမွမေျဖဘူး။ မ်က္ႏွာက အျခားဖက္ကို အၾကည့္လႊဲထားသည္။ လည္ပင္က်ိဳးေၾကလုမတတ္ အၾကည့္လႊဲထားတာမို႔ စိုင္းရတုဟန္က ေငြလသာကို ခ်ဳပ္ထားရာမွ လႊတ္လိုက္သည္။
" မင္း ကိုယ့္ကို စိတ္နာမယ္ဆိုလည္း နာေလာက္ပါတယ္။ အဲ့ဒါအတြက္နဲ႕ေတာ့ အ႐ြဲ႕မတိုက္ပါနဲ႕။ အရင္က မင္းဘယ္လိုခံစားရလဲ ကိုယ္နားလည္ေနၿပီမို႔ ေက်းဇူးျပဳၿပီး အ႐ြဲ႕မတိုက္လို႔ရမလား။"
" အစ္ကိုက အဲ့ေလာက္ထိ အေရးမပါဘူး။"
ေငြလသာက စိုင္းရတုဟန္၏ ရင္ဘတ္ကို တြန္းကာ အနားက ထြက္လာသည္။ နံနက္တိုင္း စိုင္းရတုဟန္ လာပို႔ေပးတတ္တဲ့ ႏွင္းဆီပြင့္တစ္ပြင့္နဲ႕ ေတာင္းပန္စာေရးထားတဲ့ ပို႔စကတ္ လွလွေလးေတြေၾကာင့္ ေငြလသာ စိတ္ေပ်ာ့သြားတတ္သည္။ ဒီလူ႕ကို ဘယ္ေလာက္ေတာင္ ခ်စ္ခဲ့ရတာမို႔လဲ။ ၿမိဳ႕မလင္းက ရွင္းျပလို႔လည္း စိုင္းရတုဟန္ဘက္က ၿမိဳ႕မလင္းကို မခ်စ္ေၾကာင္း သိသည္။သို႔ေပမယ့္ ေနာက္ထပ္ ခံစားရမွာ ေၾကာက္သည္။စိုင္းရတုဟန္၏ Playboyပုံရိပ္ကို အခုထိ စြဲၿမဲစြာ မွတ္မိေနတုန္းပင္။
' အငယ္ေလးရယ္ ... ကိုယ္ကလည္း ခ်စ္ေနတုန္း၊ သူကလည္း ခ်စ္မိေနပါၿပီဆိုမွေတာ့ ဘာလို႔မ်ား သူေျပာင္းလဲလာမွာေတြကို ေစာင့္ၾကည့္မေပးနိုင္ရမွာလဲ။ဒီတစ္ႀကိမ္ေတာ့ သူ တကယ္္ခ်စ္တာပါ။ ' တဲ့။ ၿမိဳ႕မလင္းက ေျပာေပမယ့္လည္း ေငြလသာကကိုယ္တိုင္ ခံစားခဲ့ရတာမို႔ လြယ္လြယ္နဲ႕ စိတ္မေလ်ာ့လိုက္နိုင္ေပ။
...........................
စိုင္းစြမ္းထက္ပိုင္၏ Porscheကားေလးက ၿခံထဲမွာ ျဖစ္သလို ထိုးရပ္လိုက္သည္။ကားေပၚမွ စိုင္းစြမ္းထက္ပိုင္က ခပ္ျမန္ျမန္ဆင္းလာကာ အိမ္ထဲ ခပ္သြက္သြက္ဝင္သည္။ ဧည့္ခန္းမွာ ဦးစြမ္းထက္သူက ေဒၚနန္းခမ္းလြင္၏ လက္မွာ လက္သည္းနီ ဆိုးေပးေနသည္။ခပ္ခြာခြာမွာ စိုင္းရတုဟန္က စိတ္ပ်က္လက္ပ်က္ ထိုင္ေနသည္။
စိုင္းစြမ္းထက္ပိုင္ အိမ္ထဲဝင္လာတာ ျမင္သည္ႏွင့္ စိုင္းရတုဟန္က လႈပ္လႈပ္ရွားရွား ျဖစ္သြားကာ ေျပာလာသည္။
" စိုင္းစြမ္း ... ငါမင္းကို တိုင္ပင္ ... "
စိုင္းစြမ္းထက္ပိုင္ ေခါင္းတရမ္းရမ္း လက္တခါခါနဲ႕ ေျပာလာသည္။
" ခဏေလး ... ငါမအားေသးဘူးကြ။ "
ကာရံညီညာ ျပန္ေရာက္ေနတာ ဆယ္မိနစ္ေလာက္ရွိၿပီ။ မ်က္ႏွာလည္း မေကာင္းတာမို႔ စိုင္းစြမ္းထက္ပိုင္နဲ႕ စကားမ်ားလာတာ သိသာသည္။ ခဏၾကာေတာ့ စိုင္းရတုဟန္က စိတ္ပ်က္လက္ပ်က္နဲ႕ ေရာက္ခ်လာသည္။ေျပာသံၾကားတာေတာ့ ဒီေကာင္ေလးလည္း အခ်စ္ေရးမွာ အထိနာေနၿပီတဲ့။ စိုင္းစြမ္းထက္ပိုင္ဆီက အႀကံဥာဏ္လာေတာင္းပုံပဲ။သူတို႔ညီအစ္ကိုႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ဆရာတင္ေနက် ျဖစ္သည္။ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို စိုင္းစြမ္းထက္ပိုင္က သူ႕အိမ္သားကို ေခ်ာ့ဖို႔ ျပာျပာသလဲ ေရာက္လာသည္။ လူႀကီးႏွစ္ေယာက္က အားလုံး သတိထားမိေပမယ့္ မသိခ်င္ဟန္ေဆာင္ေနသည္။
" ငါ အေရးႀကီးေနတာကြ။ "
" ငါလည္း အေရးႀကီးေနတာပဲ။လူႀကီးေလးက အရမ္းစိတ္ဆိုးေနတာ။ "
စိုင္းစြမ္းထက္ပိုင္က စိုင္းရတုဟန္ကို ေျဖရင္း ရွပ္အက်ီလက္ရွည္အနက္က အက်ီလက္ကို ဆြဲေခါက္ရင္း
အိမ္ေပၚတက္သည္။ ဦးစြမ္းထက္သူက သားျဖစ္သူနဲ႕ စိုင္းရတုဟန္ကို တစ္လွည့္စီၾကည့္ကာ ေျပာလာသည္။
" ေတာင္မင္းကို ေျမာက္မင္းမကယ္နိုင္ေတြ ျဖစ္ေနၿပီ။ "
" စိုင္းရတု ... "
ေဒၚနန္းခမ္းလြင္က ေခၚေတာ့ စိုင္းရတုဟန္က ခ်က္ခ်င္းထူးသည္။ ကိုယ္မွ စိတ္ညစ္ရတဲ့ထဲ လင္မယားေတြ ၾကည္ႏူးေနတာကို ငါးမိနစ္ေလာက္ Live ၾကည့္လိုက္ရတာမို႔ အေဒၚဆိုေပမယ့္ သိပ္ၾကည္တာ မဟုတ္ဘူး။
" ဗ်ာ ... ေဒၚေလး ... "
" မင္းတကယ္ ေမတၱာရွိတဲ့သူ ရွိေနၿပီဆို။ "
" ဟုတ္ကဲ့ ... အခုေလာေလာဆယ္ေတာ့ သူ, ကြၽန္ေတာ့္ကို စိတ္ဆိုးေနတယ္။ "
" ဘယ့္ႏွယ့္ရွိစ ... "
စိုင္းရတုဟန္က ေခါင္းငုံ႕သြားသည္။
" အိမ္ကို လိုက္လာဖူးတဲ့ ကေလးမလား။ရည္ရည္မြန္မြန္ေလးပါ။ မင္းဘက္က ေသခ်ာရင္ မင္းအေမနဲ႕ငါ လိုက္ေျပာေပးမယ္။
စိုင္းရတုဟန္က ဝမ္းသာသြားကာ ခ်က္ခ်င္းပင္ေမးသည္။
" တကယ္လား ေဒၚေလး။"
" အင္း ... အခုေလာေလာဆယ္ေတာ့ မင္းလည္း ခံစားဖူးတယ္ရွိေအာင္ ကိုယ္ခ်င္းစာတတ္ေအာင္ ေနႏွင့္ဦးေပါ့။ေနာက္ေတာ့ လိုက္ေျပာေပးမယ္။ "
" ေဒၚေလးကဗ်ာ "
ကေလးဆိုးႀကီးလို လုပ္ေနတဲ့ စိုင္းရတုဟန္ကို ၾကည့္ကာ ဦးစြမ္းထက္သူက ေျပာလာသည္။
" မင္းတို႔ညီအစ္ကိုေတြ တစ္ပုံစံထဲပဲ။ သမီးရည္းစားကိစၥေလးကို အေဖကယ္ပါ၊ အေမကယ္ပါ။ အရပ္ကူပါ လူဝိုင္းပါနဲ႕။အိမ္ေပၚကတစ္ေယာက္လည္းအတူတူပဲ။ ေယာက်္ားနဲ႕ ျပသနာျဖစ္ရင္ တစ္အိမ္လုံး လူမိုက္အၾကည့္နဲ႕ အကုန္လိုက္ၾကည့္တာ။ "
စိတ္ညစ္ေနတဲ့ၾကားမွ စိုင္းရတုဟန္မွာ ၿပဳံးရေသးသည္။
" စိုင္းစြမ္းေျပာေနက်လိဳေပါ့။ မခ်စ္ရင္လည္း မခ်စ္ဘူး။ခ်စ္ရင္လည္း ေဆးျဖစ္ဝါးျဖစ္မဟုတ္ဘူး။ေခြးျဖစ္ႏြားျဖစ္ ခ်စ္တယ္ဆိုတာမ်ိဳး။ ဦးေလးသားကေတာ့ ကြၽန္ေတာ့္ထက္ နည္းနည္းအေျခအေနပိုဆိုးတယ္။ "
" သိတယ္ေလ ... သူေျပာေနက်ေလ။ ႏြားျဖစ္ရင္ေတာင္ ႏြားလားဥသပ၊ သမိုင္းဝင္ႏြားႀကီးမလား။ "
စိုင္းရတုဟန္က ေခါင္းၿငိမ့္ျပၿပီး ရယ္သည္။ ဦးစြမ္းထက္သူကလည္း စိုင္းစြမ္းထက္ပိုင္အေၾကာင္း ျပန္ေတြးရင္း မရယ္ဘဲ မေနနိုင္ပါ။
စိုင္းစြမ္းထက္ပိုင္က အခန္းတံခါးေလးကို ခပ္ျဖည္းျဖည္းဖြင့္လိုက္သည္။ ကာရံညီညာက အိပ္ယာေပၚထိုင္ေနရင္း အတန္းတက္စာ႐ြက္မွာ ပ်က္ကြက္တဲ့ေက်ာင္းသားေတြကို မင္နီနဲ႕ အတုံးေလးေတြ လိုက္ခ်ေနရင္းမွ စိုင္းစြမ္းထက္ပိုင္ကို ျမင္ေတာ့ မ်က္ႏွာခ်င္းဆိုင္ အေနအထားမွ ေက်ာေပးသြားသည္။
ေမြ႕ယာက အိက်သြားတာမို႔ ေဘးမွာ စိုင္းစြမ္းထက္ပိုင္ ဝင္ထိုင္လိုက္မွန္း ကာရံညီညာ သိပါသည္။
" လူႀကီးေလး "
စိုင္းစြမ္းထက္ပိုင္က ခပ္တိုးတိုးေလး ႏူးညံ့စြာ ေခၚလိုက္ေတာ့ကာရံညီညာ့၏ ေက်ာေလးက အနည္းငယ္ မတ္သြားသည္။သို႔ေပမယ့္ ေနာက္ကို လွည့္မၾကည့္ဘူး။
အေရွ႕ကို ခါးေလးကိုင္းၿပီး ေက်ာေပးထားတဲ့ ကာရံညီညာ့အနားကို စိုင္းစြမ္းထက္ပိုင္က ခပ္ျဖည္းျဖည္းခ်င္းေလး တ႐ြတ္တိုက္ကာ တိုးလာသည္။
" ကိုယ္က လူႀကီးေလးကို မယုံလို႔မဟုတ္ပါဘူး။ သူစိမ္းနဲ႕ ျဖစ္တဲ့ ျပသနာမို႔ မႀကီးထြားေအာင္ စိတ္ေလ်ာ့ေစခ်င္တဲ့သေဘာပါ။ "
ကာရံညီညာ၏ ေက်ာျပင္ေလးက အနည္းငယ္လႈပ္ေနတာမို႔ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ လက္ကိုဆြဲကာ လူကို ခ်က္ခ်င္းဆြဲလွည့္သည္။ ထင္ထားသလိုပင္ ကာရံညီညာက ငိုေနခဲ့သည္။
" အရမ္းစိတ္မေကာင္းျဖစ္သြားတာလား။ ဒီကို လာပါဦး။ "
စိုင္းစြမ္းထက္ပိုင္က ကေလးကို ေပြ႕သလို ကာရံညီညာ့ကို ႏူးညံ့စြာ ေပြ႕သိမ္းဖက္လိုက္ေတာ့ ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ရင္ခြင္ထဲ မ်က္ႏွာေလးကပ္ကာ လက္တစ္ဖက္က စိုင္းစြမ္းထက္ပိုင္၏ အက်ီရင္ဘတ္နားကို ဆုပ္ေျခမြကာ အသံတိတ္ငိုေနသည္။
" အမ်ားႀကီး စိတ္မေကာင္း ျဖစ္သြားရေအာင္ လုပ္မိသြားတာပဲ။ေတာင္းပန္ပါတယ္ကြာ။ ငိုေတာ့မငိုပါနဲ႕။ "
" မင္းေၾကာင့္မဟုတ္ဘူး။ မင္းေၾကာင့္မဟုတ္ဘူးလို႔။ ဘာလို႔မင္းက အၿမဲေတာင္းပန္ေနမွာလဲ။"
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ လက္ေမာင္းကို လက္နဲ႕ကုပ္ဖဲ့ရင္း ေျပာသည္။ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ စိတ္ေက်နပ္သည္အထိ ၿငိမ္ခံေပးေနၿပီး လြတ္ေနတဲ့ လက္ေလးက ကာရံညီညာ့၏ ေခါင္းေလးကို ခပ္ဖြဖြ ပုတ္ေပးေနသည္။
"လင္းျဖာဦး ေျပာတာမွန္တယ္။ မွန္လို႔ ငါေဒါသထြက္သြားတာ။မွန္တာေျပာရင္ နာတတ္ၾကတာပဲ။ မင္းကငါ့ကို အရာအားလုံးေပးနိုင္ၿပီး ငါက ဘာမွမေပးနိုင္ဘူး။ မင္းအလုပ္မွာလည္း မကူညီနိုင္ဘူး။ အနည္းဆုံးေတာ့ သူေျပာသလို ငါက မင္းထက္မေတာ္ရင္ေတာင္ မင္းနဲ႕ ရင္ေဘာင္တန္းနိုင္သင့္တယ္။ "
စိုင္းစြမ္းထက္ပိုင္က အရမ္းခ်စ္ေပးၿပီး လိုအပ္တာမရွိရေလေအာင္ ဂ႐ုစိုက္ေပးေတာ့ စိုင္းစြမ္းထက္ပိုင္ကို ဘာမွမကူညီနိုင္တာကို ေတြးမိတိုင္း ကာရံညီညာ စိတ္ညစ္ေနတတ္သည္။အခုလို အျခားတစ္ေယာက္က ေထာက္ျပလာေတာ့ ကိုယ့္ကိုယ္ကိုယ္ အားမရေတြျဖစ္ၿပီး ေဒါသထြက္လာသည္။
" အျခားသူက Judgeလုပ္တာကို ဘာလို႔ခံစားေနရတာလဲ။ ဘာမွမေပးနိုင္ဘူးလို႔ ဘာလို႔ထင္ရတာလဲ။႐ုပ္ပိုင္းဆိုင္ရာ ပစၥည္းေတြမွာေတာ့ လင္းျဖာဦးေျပာတာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ အဓိက အရာျဖစ္တဲ့ စိတ္ပိုင္းဆိုင္ရာမွာ လူႀကီးေလးက ကိုယ့္ကို အျပည့္အဝေထာက္ပံ့ေပးနိုင္တယ္။ ကိုယ္အခုလို ႀကိဳးစားခ်င္စိတ္ရွိတာလည္း လူႀကီးေလးေၾကာင့္ေလ။ကိုယ္ေနာက္ကို လွည့္ၾကည့္လိုက္တိုင္း လူႀကီးေလး ရွိေနတယ္ဆိုတဲ့အသိနဲ႕ ႀကိဳးစားဖို႔အတြက္ တြန္းအားျဖစ္လာတာ။ ကိုယ္က လူႀကီးေလး မရွိလို႔မရဘူး။ လူႀကီးေလးသာ မရွိရင္ ၿပိဳလဲသြားမွာ။"
ကာရံညီညာက စိုင္းစြမ္းထက္ပိုင္ကို ေမာ့ၾကည့္သည္။ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ မ်က္လုံးႏွစ္ဖက္လုံး ပိတ္က်သြားသည္အထိ မ်က္ခြံေတြကို ႏႈတ္ခမ္းျဖင့္ ဖိကပ္နမ္းကာ မ်က္ရည္ေတြကို လွ်ာဖ်ားေလးနဲ႕သပ္ကာ သုတ္ေပးသြားသည္။
" မင္းကို စခ်စ္မိကတည္းက ကိုယ့္အနာဂတ္ တိုးတက္ျခင္းေတြက မင္းအေပၚပဲ မွီတည္ေနတာမို႔မင္းက ကိုယ့္ကို အမ်ားႀကီးေထာက္ပံ့ေပးထားတာပါ။အျခားအရာေတြ ေလွ်ာက္မေတြးနဲ႕ေတာ့ေနာ္။ "
ကာရံညီညာက ေခါင္းၿငိမ့္သည္။ ၿပီးေနာက္ စိုင္းစြမ္းထက္ပိုင္၏ လည္တိုင္ကို လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္ကာ လူက ေကြးေကြးေလးလုပ္ၿပီး စိုင္းစြမ္းထက္ပိုင္ ရင္ခြင္ထဲ ေခြေနသည္။အႀကီးျဖစ္တဲ့ကိုယ္တိုင္က ရင့္က်က္လာရမည့္အစား စိုင္းစြမ္းထက္ပိုင္ကို အခုလို တြယ္ကပ္ေနခ်င္မိသည္။
" အဝတ္အစားလဲရေအာင္။ ေက်ာင္းအဝတ္ေတြ အခုထိ မလဲရေသးေတာ့ လူကႏုံးေနလိမ့္မယ္။ "
" အင္း "
စိုင္းစြမ္းထက္ပိုင္က ထ,ဖို႔ျပင္ေပမယ့္ ကာရံညီညာက လူကိုမခြာေသးတာေၾကာင့္ စိုင္းစြမ္းထက္ပိုင္က ႏူးညံ့စြာ ၿပဳံးလိုက္ၿပီး ကာရံညီညာ့ကို ေပြ႕ပိုက္ထားရင္း ဗီရိုဆီသြားသည္။ဗီရိုတံခါးကို ခက္ခက္ခဲခဲ ဖြင့္ၿပီးမွ အဝတ္အစားထုတ္ရသည္။
" ကိုယ္လဲေပးရမွာလား။ "
ကာရံညီညာက ေခါင္းရမ္းသည္။ လူကေတာ့ ခြာမသြားေသးတာေၾကာင့္ စိုင္းစြမ္းထက္ပိုင္မွာ ကာရံညီညာ့သေဘာက် ေပြ႕ထားလ်က္နဲ႕ပဲ ေခါင္းအုံးကို ခပ္ေလ်ာေလ်ာ မွီကာထိုင္ေနရသည္။
ဆက္ရန္