နောင်တတို့ပါဝင်နေသောချစ်ခြင်း...
Galing kay LinnLinn438
4.9K 116 0
မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... Higit pa
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️
Part-59
58 3 0
Galing kay LinnLinn438
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-59
ညကို သူ့နောက်မှာ ရပ်ခိုင်းထားပြီး သူ့ဆီပြေးလာသည့် ဇော်ကြီးအား အရှိန်ပြင်းစွာ စောင့်ကန်ချလိုက်သည်
သူ့ရဲ့ကန်ချက်ကြောင့် နောက်ပြန်လဲကျကာ တော်တော်နှင့်မထနိုင်ဘဲဖြစ်ရသည်......
ဇော်ကြီးလဲကျသွားတာကိုမြင်သည့် နောက်ပါခွေးတွေက တစ်ယောက်ပြီးတစ်ယောက် သူ့ဆီပြေးလာကာ တိုက်ခိုက်လေသည်
သံတုတ်တွေနဲ့တိုက်နေတာကြောင့် သတိထားကာရှောင်နေရသည်....သူလဲကျသွားလို့မဖြစ်ဘူး
မဟုတ်ရင် ညကိုထိခိုက်စေလိမ့်မည်
"ဒိုင်း.......ဒိုင်း....."
"မောင့် သတိထား ""
"လက်ထဲကဘာလဲဆိုတာသိတယ်မဟုတ်လား
မျက်စိတမှိတ်အတွင်းမှာပဲ ရှင်နဲ့ရှင့်ချစ်သူရဲ့အသက်ဇီဝိန်ကို ခြွေသွားလို့ရတယ်နော်......ရှင့်လက်ထဲကတုတ်ကိုချထားလိုက်....နေဂုဏ်ရှိန်လင်း
မဟုတ်ရင် ကျွန်မလက်ထဲကသေနတ်ရဲ့ကျည်ဆန်က ရှင့်နောက်မှာရပ်နေတဲ့ ညသံသရာခွင်းရဲ့ခေါင်းထဲကို ရောက်သွားလိမ့်မယ်......
ခွမ်း.....ခွမ်း......"(သံတုတ်ပြုတ်ကျသံ)
"သည်လိုမှပေါ့....ညသံသရာခွင်း နင်ကဒီဘဝမှာတော့အရမ်းကံကောင်းတာပဲနော်
နင့်ကိုလုံးဝအထိခိုက်မခံတဲ့ချစ်သူကိုပိုင်ဆိုင်ထားရတာ.....ဒါပေမယ့် စိတ်မကောင်းဘူး ဘာလို့ဆို နင်တို့ကို ဒီဘဝမှာ ပေါင်းစည်းခွင့်မပေးနိုင်လို့ပဲ........
နင့်ချစ်သူလက်ချက်ကြောင့် ငါ့လူတွေအားလုံး ဒဏ်ရာကိုယ်စီနဲ့မထနိုင်တော့ဘူး
အဲ့တော့ နင့်ကိုဖျက်စီးလို့မရတော့ဘူး
ဒီတော့ ငါကပဲ နင့်ကိုသတ်ရတော့မှာပေါ့......"
"နေဦး အားလုံး သေနတ်သံကြားလိုက်တယ်နော်
ဒီအသံက အဆောက်အဦးရဲ့အပေါ်ဆုံးထပ်ကလာတာဖြစ်နိုင်တယ်......
အားလုံး ခြေသံလုံလုံနဲ့ငါ့နောက်ကလိုက်ခဲ့.....
ဟုတ်ကဲ့ စခန်းမှူး "
"မေသက်လွင် မင်း ညကိုသတ်လိုက်တော့ရော မင်းအတွက် ဘာရမှာမို့လို့လဲ.......
ပျော်ရွှင်မှုလေ......
ညသံသရာခွင်း သေသွားရင် အားလုံး ပြီးပြီလေ
သူသာသေသွားရင် ရှင့်အတွက် ပျော်ရွှင်မှုဆိုတာလည်းမရှိတော့ဘူး...ရှင့်ဘဝသေသွားမှာလေ....ရှင့်ရဲ့အသိစိတ်က ညသံသရာခွင်းပဲမဟုတ်လား...သူသာမရှိတော့ရင် ရှင်ဟာအသိမဲ့တဲ့လူတစ်ယောက် ဘဝကိုအရှုံးပေးလိုက်တဲ့လူတစ်ယောက်ဖြစ်သွားမှာလေ....
ရှင်အဲ့လိုဖြစ်နေရင် ရှင့်မိဘတွေစိတ်ဆင်းရဲရမယ်...စိတ်ထိခိုက်ရမယ်....မိသားစုဝင်ရဲ့အဖြစ်ကြောင့် ရှင်တို့လုပ်ငန်းတွေထိခိုက်လာမယ်.....နောက်ဆုံး ရှင်တို့အားလုံးပျက်စီးသွားမှာလေ.....
ဒါကျွန်မလိုချင်တဲ့အရာပဲ.......
နင်ကအတ္တသမားပဲ.....နင့်ရဲ့ဘဝကိုအရေးမပါတဲ့အရာအတွက်ကုန်ဆုံးနေခဲ့တာပဲ....
နင့်မှာ ငါ့ကိုမုန်းရတဲ့အကြောင်းအရင်းတိတိကျကျရှိရဲ့လား
သိပ်ရှိတာပေါ့
ငါရင်ခုန်တတ်စအရွယ်မှာ ချစ်ခဲ့ရတဲ့နေဂုဏ်ရှိန်လင်းကို ပိုင်ဆိုင်နိုင်ဖို့ မရမကကြိုးစားခဲ့ရတဲ့အချိန်မှာ နင်ကလွယ်လွယ်ကူကူနဲ့ သူ့အချစ်ကိုပိုင်ဆိုင်ခွင့်ရခဲ့တယ်လေ
ငါနဲ့တရားဝင်စေ့စပ်ဖို့လုပ်တဲ့အချိန်မှာ နင်နဲ့အတူ သူကထိုင်းကိုထွက်သွားပြီးကျောင်းတက်ခဲ့တယ်လေ
အဲ့အချိန်မှာ ငါဘယ်လောက်အထိဝေဖန်ခံခဲ့ရလဲဆိုတာနင်တို့သိရဲ့လား
အသိုင်းအဝိုင်းအားလုံးကသိပြီးသားမို့ စေ့စပ်ပွဲ မလုပ်ဖြစ်ခဲ့တဲ့အချိန်မှာ ငါ့ကိုဝေဖန်အပြစ်တင်ခဲ့ကြတယ်
နောက်ပြီး ငါကစိတ်သောကရောက်နေတဲ့အချိန်မှာ နင်တို့နှစ်ယောက်ကပျော်ပါးပြီး ပျော်ရွှင်နေကြတာ မတရားဘူးမလား
အဲ့တာမင်းဘာ့သာလုပ်ယူခဲ့တဲ့အရာတွေပဲ
ငါ့ဘက်ကလက်မခံပါဘူးပြောခဲ့တာကို မင်းတို့ဘာသာရှေ့ဆက်လုပ်ခဲ့လို့ခံစားရတဲ့အရာတွေပဲ
မင်း ငါတို့ကိုအပြစ်တင်ပိုင်ခွင့်မရှိဘူး...နားလည်လား
ဟားဟား
ဟုတ်တယ် ကျွန်မစိတ်ကိုရှေ့ဆက်တိုးဖို့ဖိအားပေးခဲ့လို့ဆိုတာမှန်တယ်
ဒါပေမယ့် အဲ့တာ ကျွန်မရှင့်ကိုချစ်လို့ဆိုတာရော ရှင်တစ်ခါလေးတောင်အသိအမှတ်ပြုပေးခဲ့ရဲ့လား.....
ရှင်အမြဲတမ်းကြည့်နေခဲ့တာ ညသံသရာခွင်းကိုပဲ
ကျွန်မဘက် ရှင်တစ်ချက်လေးတောင်ငဲ့မကြည့်ခဲ့ဘူး
ကျွန်မလုပ်သမျှအရာတိုင်းကို ရှင်အပြစ်တင်ခဲ့တယ်...လျစ်လျူရှုခဲ့တယ်...ပစ်ပယ်ထားခဲ့တယ်
မင်းလုပ်တာတွေကရောသိပ်မှန်တယ်ထင်နေတာလား
ညအပေါ်လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းက လူမဆန်တဲ့လုပ်ရပ်တွေချည်းပဲ......မင်းကိုယ်မင်းမှန်တယ်ထင်နေတာလား
မှန်တယ် ကျွန်မ မှန်တယ်
ရှင်းလား "
မေသက်လွင်ပုံစံက စိတ်လွတ်နေသည့်လူတစ်ယောက်နှင့်တူနေသည်
သူမဘက်ကိုသေနတ်ချိန်ထားတာမို့ လှုပ်မရပြုမရအခြေအနေမှာ....သတိထားနေရသည်
"အဆောက်အဦးက ၈ထပ်တိုက်ပျက်ကြီးမို့ အပေါ်ဆုံးထပ်ကိုရောက်ဖို့ လှေကားအတက်အဆင်းတွေနဲ့ကြာနေသည်
သေနတ်သံနှစ်ချက်ကြားရပြီးနောက်မှာ ထပ်မကြားရတော့ပေမယ့် တိတ်ဆိတ်သွားသည့်အခြေအနေက စိုးရိမ်ရသည် "
"ငါ့အဘွားကို သေစေခဲ့တာရောမှန်တယ်ထင်နေတာလား
ဟားဟား နင်ကသေခါနီးလူဆိုတော့...ငါပြောရဦးမယ်.....
နေဂုဏ်ရှိန်လင်း ရှင်ရှေ့ဆက်တိုးဖို့မကြံနဲ့နော်....ကျွန်မလက်ကွေးလိုက်တာနဲ့ ရှင့်ဟာမသေမှာနော်....
မင်းတစ်ခါတည်းပဲ ငါတို့နှစ်ယောက်စလုံးကိုပစ်သတ်လိုက်ပါလား
သောက်စကားရှည်နေတာနဲ့ ဇာတ်ကားတွေထဲကလို မင်းသေနတ်ပစ်ခါနီးမှရဲတွေရောက်လာလို့ ငါတို့ကို မသတ်လိုက်ရပဲနေနေဦးမယ်.....
မပူပါနဲ့ ကျွန်မက သတ်မှာပါ
"ဒိုင်း......
သေနတ်ကိုအောက်ချပြီး လက်မြှောက်ထားပါ....မေသက်လွင်....
ဟားဟား ရှင်သိနေလို့ခုနကစကားကိုပြောတာမလား နေဂုဏ်ရှိန်လင်း
မင်းလိုယုတ်ညံ့တဲ့လူတစ်ယောက်ကို လောကကြီးက ဆန္ဒတွေဖြည့်စည်းပေးမယ်လို့ထင်နေတာလား
သူမဖြည့်စည်းပေးလည်း ကျွန်မကဖြစ်အောင်လုပ်မှာ...
ဒိုင်း
အ......"
အဖြစ်အပျက်ကမြန်ဆန်လွန်းသည်....ရဲတွေ လက်နက်ချခိုင်းတာကိုမချဘဲ...အမိန့်လွန်ဆန်ကာ သူကာကွယ်ပေးထားသည့်ကြားကနေ ညကို သေနတ်နဲ့ ထိမှန်အောင်ပစ်သွားခဲ့သည်
"ည......သွေးတွေ....သွေးတွေ.....
ဟင့်အင်း ဒါကအစောတည်းကထွက်နေတဲ့သွေးတွေပါ....ညကိုသေနတ်မမှန်ဘူး မောင်....
တော်သေးတာပေါ့ ကိုယ် ကိုယ့်မှာ စိုးရိမ်သွားတာပဲ
ညကိုသာမှန်ခဲ့ရင် ကိုယ်ရဲတွေရှိနေလည်းဂရုမစိုက်ဘူး...ကိုယ်အဲ့မိန်းမကိုသတ်တော့မှာ......
အဟင်း "
တစ်ကယ်တမ်းသေနတ်မှန်သွားခဲ့သည့်သူက မေသက်လွင် ဖြစ်သည်
ရဲတွေဘက်က ပစ်လိုက်သည့်ကျည်ဆန်က သူမခြေထောက်အားမှန်သွားစေခဲ့သည်....
"ထူးနိုင် ရဲဇော် တရားခံကိုလက်ထိပ်ခတ်ပြီး တွဲခေါ်လာခဲ့....
လူနာတင်ကားခေါ်ထားတယ်မလား....
ဟုတ်ကဲ့ခေါ်ထားပါတယ်စခန်းမှူး
ဒီကောင်တွေကိုပါခေါ်သွား....သူတို့အားလုံးက တရားခံတွေချည်းပဲ....တစ်ယောက်မှမလွတ်စေနဲ့.....
ဟုတ်ကဲ့ အမိန့်နာခံလျက်ပါ စခန်းမှူး"
"ခွင်း...နေလင်း
ခွင်းကဒဏ်ရာရထားတာအများကြီးပဲ....ငါတို့ဆေးရုံပို့မှဖြစ်မယ်.....
နေလင်း မင်းလက်က....
ငါရတယ်...ညကပိုအရေးကြီးတယ်....
မောင့်လက် သွေးတွေထွက်နေတယ်....နောက်ပြီး မောင်လည်း ဒဏ်ရာတွေရထားတာ ညကိုမပွေ့ချီနဲ့....
ကိုနေဂုဏ်ရှိန်လင်း ကျွန်တော်တို့ရောက်လာတာနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ဗျာ
အချိန်မီ ရောက်လာတာပါပဲ....တောင်းပန်ဖို့မလိုပါဘူးဗျာ
အခုလိုကျွန်တော်တို့ စခန်းမှူးတို့ကိုဆက်သွယ်လို့မရတဲ့အခြေအနေမှာ ကျွန်တော်တို့ရှိနေတဲ့နေရာကို ရောက်အောင်စုံစမ်းပြီးလာကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ခင်ဗျားရော ဒဏ်ရာတွေရထားတာ မညသံသရာခွင်းကိုပွေ့ချီသွားလို့မရလောက်ဘူးထင်တယ်
ရတယ် ကျွန်တော့်ချစ်သူကို တခြားသူထိတာမကြိုက်လို့ပါ....
မောင့်.....
အဟမ်း ဟုတ်ကဲ့ နားလည်ပါပြီ"
နေလင်း ဒီကောင်ကတော့ စခန်းမှူးရှေ့လည်းမရှောင်ဘူး....စကားကိုတည့်တိုးပြောချလိုက်တာ....နေလင်းစကားကြောင့် စခန်းမှူးခင်မျာ ချောင်းသာဟန့်နိုင်တော့သည်....
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"သမီးလေး ကြည့်ပါဦး တီခိုင့်သမီးလေးထပ်ပြီးနာကျင်ရပြန်ပြီ
သမီး သက်သာပါတယ် နောက်ရက်ဆိုဆေးရုံကဆင်းလို့ရပြီလေ
ထဝီ တီခိုင့်ကိုငါမရှိတဲ့အချိန်ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်နော်
မလိုပါဘူး ငါကအစောကြီးတည်းကလာချင်နေတာ
ငါ့အမေကိစ္စနဲ့ဆိုတော့မလာဖြစ်ဘူး....အခုလိုနင့်ကိုပြန်တွေ့ရတာပဲငါကဝမ်းသာနေတာ
နင်တို့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကြီးက တစ်ကယ်ကြောက်စရာကောင်းတယ်
သမီး နေဂုဏ်ရှိန်လင်းနဲ့ထပ်မပက်သက်နဲ့တော့
ရှင်
ဟုတ်တယ် ဒီကောင်လေးကသမီးအတွက် လက်တွဲဖော်မဖြစ်နိုင်ဘူး
သူ့ကြောင့် သမီးမှာအေးအေးချမ်းချမ်းနေရတယ်ဆိုတာကိုမရှိဘူး
သမီးအမြဲတမ်းထိခိုက်ခဲ့ရတာချည်းပဲ.....
တီခိုင် မောင်ကလေ သမီးကိုကယ်ပေးခဲ့တာပါ
သမီးဖျက်စီးခံရတော့မယ့်အခြေအနေမှာ မောင်ကကာကွယ်ပေးခဲ့လို့ သမီးအန္တရာယ်ကင်းခဲ့တာပါ
ဒါသူနဲ့ပက်သက်ပြီးကြုံရတဲ့ကိစ္စမလို့ သူဝင်ကယ်ပေးရမှာသဘာဝပဲ....သမီး
တီခိုင်ကလည်း
သမီး အနားယူဖို့လိုအပ်တယ်....သမီးစားချင်တာရှိလား....တီခိုင်အခုအိမ်ခဏပြန်မလို့ သမီးစားချင်တာရှိရင် ချက်ခဲ့ပေးမယ်
ငါးကြော်နှပ်နဲ့ကင်မွန်းချဥ်ရွက်အချဥ်ဟင်းစားချင်တယ်
ဟုတ်ပြီ တီခိုင် ညနေစောင်းလောက်ပြန်လာခဲ့မယ်
ထဝီ သမီးက ခွင်းလေးဘေးနားမှာနေပေးပါဦးနော်
ဟိုကောင်လေးကို သမီးခွင်းအနားမလာစေနဲ့နော်
ဟုတ်ကဲ့ စိတ်ချပါ တီခိုင်....
အေးအေး ဒါဆို တီခိုင်ပြန်မယ်ကွယ်
ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါနော် တီခိုင်
အေးအေး သမီး "
"ကဲ ခွင်းရေ အရာအားလုံးက အဆင်ပြေသွားပြီဆိုပေမယ့် နင့်အဒေါ်က နေဂုဏ့်ကိုလုံးဝသဘောမကျတော့ဘူးနော်
အင်း ငါလည်း စိတ်ညစ်နေတာ
အဒေါ်ဖြစ်သူကအရမ်းတွေအားရှိတော့မှာပဲ
သဘောမတူအမြင်မကြည်ဘူးဆိုမှ တူမဖြစ်သူက သူ့ချစ်သူဘက်ပါနေတာသိရင် သွေးတိုးလောက်တယ်
ဟားဟား နင်ကတော့လေ
ဒေါက် ဒေါက်
ဝင်ခဲ့ပါ
မောင်
အယ် ခုနလေးတင် တီခိုင်ကမှာသွားတာ
နင့်ကိုခွင်းအနားမလာစေနဲ့လို့ပြောသွားတာကို နင်ကအခုအခန်းထဲတောင်ရောက်နေပြီ
တီခိုင်က ဟိုကောင်လေးကိုမလာစေနဲ့လို့ပြောတာလေ
မောင့်နာမည်ကိုပြောသွားတာမှမဟုတ်တာ
အမလေးနော် ခွင်းစုတ် ဖြစ်နေတာကိုက ငါတီခိုင်ပြန်လာရင်တိုင်မှာ
ထဝီ ကိုယ်တို့ခဏရှောင်ပေးရအောင်
နေဂုဏ်နဲ့ခွင်းတို့ အေးဆေးစကားပြောပါစေ
ပြဿနာပြီးသွားတည်းက သူတို့အေးဆေးမတွေ့ရသေးဘူးလေ
အင်းပါ ဒါပေမယ့် ခဏလေးပဲနော်
အချိန်အကြာကြီးမရဘူး
ထိရာ မင်းခေါ်သွားလိုက်တော့
နေဂုဏ့် နင်
လာပါထဝီရယ်"
မောင်က သူမကုတင်ဘေးကခုံမှာထိုင်ပြီး သူမလက်ကိုကိုင်ကာ သတိရနေသည့်မျက်ဝန်းတို့နှင့်အကြည့်ချင်းဆုံလာလေသည်
၁၀စက္ကန့်အကြာမှ မောင့်နှုတ်က စကားသံကိုဖွင့်ဟလာသည်
"ကိုယ်လွမ်းနေတာ......တီခိုင်က ကိုယ့်ကိုမင်းအနားလာခွင့်မပေးဘူး....မင်းဆီလာတိုင်း ကိုယ်အခန်းတံခါးဝရှေ့ကနေလှည့်ပြန်ခဲ့ရတာချည်းပဲ
ဒါပေမယ့် မင်းကိုတွေ့ချင်တာမို့ ကိုယ်မင်းဆီနေ့တိုင်းလာခဲ့တာ....ဒီနေ့တော့ မင်းကိုတွေ့ခွင့်ရတဲ့အပြင် မင်းလက်လေးကိုပါ ထိတွေ့ခွင့်ရခဲ့ပြီ.....ကိုယ်တစ်ကယ်ပျော်တယ်သိလား ည
အဟင်း မောင့်လက်တွေရောသက်သာရဲ့လား
အင်း ကောင်းသွားပါပြီ
သိပ်မထိခိုက်တာမို့ ညမစိုးရိမ်နဲ့နော်
မေသက်လွင်ကဘယ်လိုဖြစ်သွားလဲ မောင်
သူ့ကို တရားစွဲဖို့ပြင်ဆင်နေတယ်
ကိုယ်တို့အပေါ်သူလုပ်ခဲ့တဲ့လုပ်ရပ်တွေအားလုံးအတွက် သက်သေရှိတာမို့ သူဘယ်လောက်ပဲရှေ့နေကောင်ကောင်းငှားထားပါစေ....တရားဥပဒေလက်ကနေဘယ်လိုမှမလွတ်စေရဘူး....သူ့မိဘအရှိန်အဝါနဲ့တောင် အပြစ်ကနေလွတ်မြောက်ခွင့်မရစေရဘူး
အခုကိုယ်တို့ကိုဘယ်သူမှအန္တရာယ်ပေးလို့မရတော့ဘူး
ဘယ်သူမှလည်းခွဲလို့မရစေရဘူး
အကယ်၍ ကိုယ်တို့နှစ်ယောက်ကိုထပ်ပြီးခွဲဦးမယ်ဆိုရင် ကိုယ်ဘယ်သူ့ကိုမှငဲ့ညာမနေတော့ဘူး
မင်းကိုခေါ်သွားပြီး အဝေးဆုံး တစ်နေရာမှာ မိသားစုဘဝလေးကိုတည်ဆောက်မယ်
အဟင်း မောင်ကလည်း ညတို့ကိုဘယ်သူမှမခွဲပါဘူး
မောင်အစိုးရိမ်လွန်နေပြီ
မင်းအဲ့လိုပြောရင် မောင့်ကိုအချစ်လျော့သွားပြီလို့ခံစားရတယ်
မောင့်ကိုညကသိပ်ချစ်တာ.....အချစ်မလျော့ပါဘူးနော်
ဝေးခဲ့ရတဲ့နှစ်တွေမှာ မောင့်ကိုလွမ်းလို့ အလုပ်တွေပဲဖိလုပ်နေခဲ့တာ မောင်သိလား
ကိုယ်လည်းအတူတူပဲ
မင်းကိုလွမ်းလွန်းလို့ မင်းရှိတဲ့ နေရာဆီအပြေးလာချင်တာ
ဒါပေမယ့် ကိုယ့်ကိုတွေ့ခဲ့ရင်မင်းစိတ်ထိခိုက်ရမှာစိုးလို့ ကိုယ်အဝေးကနေပဲငေးကြည့်နေခဲ့ရတာ
မောင်ရောက်လာခဲ့သေးတာလား
အင်း
ကိုယ်ပြောပြချင်တာရှိတယ်...နားထောင်ပေးနိုင်မလားမောင့်သက်လျာ
အဟင်း မောင်အဲ့လိုခေါ်ရင် အသည်းယားတယ်
အဟက်
ကိုယ် နယ်သာလန်မှာ ရှိနေတုန်းက Construction Company တစ်ခုထောင်ခဲ့ဖူးတယ်
Company Nameက "N2"လို့အမည်ပေးထားတယ်
"N2"ဟုတ်လား
အဲ့တာ ဘာအဓိပ်ပါယျလဲ ညသိလား
ဟင့်အင်း
မင်းနဲ့ကိုယ်ရဲ့နာမည်အစ စကားလုံး နေနဲ့ည ရဲ့N အက္ခရာကို အစွဲပြုပြီးပေးထားတာ
တစ်ကယ်လား
အင်း
ဒါပေမယ့် အခုCompanyကမရှိတော့ဘူး
မေမေ့အကြွေးတွေဆပ်ပေးဖို့ကိုယ်ရောင်းလိုက်ပြီ
မောင်ဝမ်းနည်းနေမှာပဲ
အင်းကိုယ်ဝမ်းနည်းပေမယ့် မတတ်နိုင်ဘူးလေ
ဒါပေမယ့် အဆင်ပြေပါတယ် မေသက်လွင်တို့မိသားစုနဲ့ပက်သက်စရာဘာအကြောင်းမှမရှိတော့ဘူးလေ
မောင်လေ မင်းကိုမဆုံးရှုံးချင်ဘူး....
မောင် မင်းနဲ့ဝေးခဲ့ရတဲ့အချိန်တွေမှာ အမြဲ ဆိုဖြစ်တာ ဦးစိုင်းရဲ့ "နေရာတိုင်းမှာ "ဆိုတဲ့ သီချင်းကိုပဲ
အဲ့သီချင်းကလေ ကိုယ်တို့အဖြစ်နဲ့ဆင်တူတယ်...ကိုယ် မင်းနဲ့ဝေးပေမယ့် ကိုယ့်နှလုံးသားမှာ မင်းကနေရာအပြည့်ယူထားတာ
ကိုယ့်ကိုအပိုစကားပြောတယ်ထင်ချင်လည်းထင်နိုင်တယ်
"နေရာတိုင်းမှာ "ဆိုတဲ့ သီချင်းသံကိုကြားရင် ကိုယ်ငိုချင်လာတယ်
အခုညက မောင့်ကိုပြန်လက်ခံနေပြီပဲ
မငိုပါနဲ့နော် ညကမောင့်ကိုအများကြီးချစ်ပေးမှာ.....အရာအားလုံးက သူ့နေရာနဲ့သူ အကုန်အဆင်ပြေသွားပြီပဲလေ....ညတို့နှစ်ယောက်ရဲ့အချစ်ကထပ်ပြီးဝေးဖို့အကြောင်းဆိုတာ မရှိတော့ပါဘူး
ကိုယ် မင်းကိုကျေးဇူးတင်ပါတယ်.....ကိုယ့်ကိုမင်းရဲ့ဘဝထဲနောက်တစ်ကြိမ်ဝင်ခွင့်ပေးခဲ့လို့
ကိုယ့်ဘဝမှာ တန်ဖိုးအထားရဆုံးနဲ့အမြတ်နိုးရဆုံးက ညသံသရာခွင်း ဆိုတဲ့ မင်းပါ......
ညရဲ့နေဝင်ချိန်ထိ အမြဲအတူမခွဲပဲရှိသွားချင်တဲ့သူက မောင်ပါ....မောင်ကညမြတ်နိုးရတဲ့အမျိုးသားလေး
ညနော် ကိုယ့်ကိုအသည်းယားအောင်မလုပ်နဲ့
ကိုယ်မင်းပါးလေးတွေကို အနမ်းခြွေချင်နေတာ....စိတ်ထိန်းထားရတယ်....
မောင်နော်
ဒါပေမယ့် ညနေကောင်းသွားမှပါ....အဲ့ကျရင်တော့ စတော်ဘယ်ရီရောင်လေးသန်းတဲ့အထိနမ်းပစ်မှာ
မောင့်.....
ဟားဟား"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"သမီးခွင်း
အန်တီခက်......
သမီးအဒေါ်မရှိတုန်း လာခဲ့ရတာ....
အဟင်း...စဥ်းစားကြည့်ရင် အန်တီဝဋ်ပြန်လည်တာ
သမီးကိုမလိုလားခဲ့တော့ သမီးအဒေါ်က အန်တီ့သားနဲ့အန်တီတို့ကို အမြင်မကြည်တော့ဘူး
သမီးကြိုက်တာလေးတွေဝယ်လာခဲ့တယ်......
ကျေးဇူးပါအန်တီ
သမီးအခုလိုဖြစ်ရတာအန်တီ့ကြောင့်လည်းပါပါတယ်
အန်တီသာ သားနဲ့မေသက်လွင်ကို စေ့စပ်ပေးဖို့မလုပ်ခဲ့ဘူးဆိုရင် ဒီပြဿနာတွေ အခုလိုပြန်ပေးဆွဲခံရတာတွေ သမီးဒုက္ခပေးခံရတာတွေမကောင်းကြံခံရတာတွေ ဖြစ်လာမှာမဟုတ်ဘူး
အခုလို အန်တီ့အပေါ်မှာ သမီးအနေနဲ့အရင်လို မဆက်ဆံတော့တာကိုကျေးဇူးတင်ပါတယ်ကွယ်
သမီးကြောင့်သာ သားငယ်က အန်တီ့ကို အဆက်အသွယ်ပြန်လုပ်တာ
အန်တီကသားအပေါ်မှာ မိခင်မပီသခဲ့သလို သားငယ်ချစ်ရတဲ့သမီးအပေါ်မှာလည်း မကောင်းတာတွေလုပ်ခဲ့မိတယ်
အတိတ်ကိုပြန်ပြီးမတူးဆွပဲ လက်ရှိပစ္စုပ္ပန်ကာလမှာ အန်တီ့စိတ်ထားကို ကောင်းအောင်နေပေးရင်ရပါပြီ
အဘွားနဲ့ပက်သက်ပြီး ကျွန်မစိတ်ထဲမှာ အနာတရဖြစ်ပေမယ့် မောင့်ကိုချစ်တဲ့အတွက် အန်တီနဲ့ပက်သက်တဲ့ကိစ္စကို မေ့ပျောက်ထားပြီးပြီ........"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"မေသက်လွင် ဧည့်သည်လာတွေ့တယ်...."
သူမကအခုတရားရင်ဆိုင်ရတုန်းပဲရှိသေးသည်....
တရားခွင်နှစ်ခါတက်ပြီးပြီဖြစ်ပေမယ့် သူမတို့ဘက်က ခုခံချေပနေတာမို့ ပြစ်ဒဏ်မကျနိုင်သေးတာကြောင့် တရားခွင်ဆက်လက်ရင်ဆိုင်နေရသည်
သူမခိုင်းထားသည့်လူများကတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတာမို့ ထောင်ဒဏ်ဆယ်နှစ်စီကျသွားကြသည်
"သြော်....နင်ပဲ.....ဘာကိစ္စ ငါ့ကိုလာတွေ့တာလဲ
အချုပ်ထဲမှာ ဘယ်လိုပုံစံဖြစ်နေလဲသိချင်လို့ပါ.....
ဘယ်လိုလဲ အချုပ်ထဲနေရတဲ့ခံစားချက်လေး.....ငါ့ကိုမပြောပြချင်ဘူးလား.......
နင်မပြောပြချင်လည်း ငါမြင်ရသလောက်တော်တော်လေးအဆင်မပြေပုံပဲ.....ကျွတ် ကျွတ်
နင်.....ငါ့ကိုလာလှောင်မနေနဲ့.....ငါပြန်လွတ်လာရင်နင့်ကိုအရင်သတ်မှာ
ဟားဟား နင်ပြန်လွတ်ဖို့ဆိုတာမသေချာတဲ့အရာကို နင်ကပြန်လွတ်လာမယ်လို့ထင်နေတာလား
ငါ့မိဘတွေကသေချာပေါက်ငါ့ကိုလွတ်အောင်လုပ်ပေးမှာ
ဒါပေမယ့် ဘယ်လိုလုပ်မလဲ နင့်အပြစ်တွေကပြစ်မှုထင်ရှားနေတာဆိုတော့....လွတ်မှာမဟုတ်ဘူး
အဟက်
ကောင်မ...ငါ့ရှေ့ကနေအခုထွက်သွား
နင့်ပုံစံကသိပ်လှနေတာပဲနော်.....အခုပုံစံနဲ့သိပ်လှတာပဲ...အချုပ်ခန်းဝတ်စုံလေးနဲ့လေ.....ဟားဟား
ညသံသရာခွင်း "
အနောက်ကနေဒေါသတကြီးအော်နေတဲ့ မေသက်လွင်အသံက အားရစရာပါပဲ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဟေ့ရောင်တွေ ကားပေါ်တက်....
ခန့်ထူး....မင်းသေချာစောင့်ကြည့်နေ...
ဝဏ္ဏ လူစာရင်းကိုသေချာစစ်ထား.......
ဟုတ်ကဲ့ စခန်းမှူး......."
"ဆရာ......ဒီကောင်တွေကို အင်းစိန်ထောင်ကိုသွားပို့ရမှာ...အချုပ်ခန်းကားမောင်းမယ့်သူတွေကမရောက်သေးဘူး
ကျွန်တော်တို့ရောက်ပါပြီစခန်းမှူး
အေး.....
မင်းတို့ကားကိုသေချာစစ်ထားတယ်နော်.....
ဟုတ်ကဲ့
ဝဏ္ဏ လူပြည့်ပြီလား
ဟုတ်ကဲ့ ပြည့်ပြီစခန်းမှူး
မင်းတို့ကားထွက်လို့ရပြီ
လမ်းခရီးမှာ ဂရုစိုက်ပါ အချုပ်သားတွေပါတာမို့ သတိဝိရိယရှိပါ
ဟုတ်ကဲ့ အမိန့်နာခံလျက်ပါ စခန်းမှူး
အလေးပြု
တာဝန်ဆက်လက်ထမ်းဆောင်ပါ
အလေးပြု"
"ဟဲလို Boss
မင်းတို့အဲ့ကိုရောက်နေပြီလား
ဟုတ်ကဲ့ ကျွန်တော်တို့အခုပဲကားစထွက်တော့မှာပါ
မင်းတို့တာဝန်ကျေပါစေ......
ငါခိုင်းထားတာကိုသေချာလုပ်ခဲ့
ဟုတ်ကဲ့ Boss"
အချုပ်သားတွေကိုပို့ဆောင်ရမည့်ကားဖြစ်တာကြောင့် မြို့ထဲကနေသွားတာမဟုတ်ဘဲ မြို့ပြင်ကနေတဆင့်သွားတာကြောင့် သူတို့အတွက် Bossပေးသည့်တာဝန်ကိုလုပ်ဆောင်ရသည်မှာ အခက်အခဲမရှိပါ
"ဟေ့ရောင် ဗုံးက တစ်နာရီသတ်မှတ်ထားတာမလား
အေးဟုတ်တယ် ငါတို့ လမ်းခွဲရောက်တာနဲ့ကားရပ်ပြီး ရှောင်နေမှရမယ်.....မကြာခင် အချိန်ပြည့်တော့မှာမလား
ဟုတ်တယ်
Bossကသွေးအေးပြီးရက်စက်တတ်တာပဲကွ
ဒါကတော့ သူ့ချစ်သူကိုသွားထိတာကို
ကိုယ့်မိုက်ပြစ်နဲ့ကိုယ်ပဲလေ.....
ဒါနဲ့ ငါတို့ကို မရိပ်မိလောက်ပါဘူးနော့
ရဲတွေအယောင်ဆောင်ပြီးအချုပ်ကားမောင်းတာကို
စခန်းမှူး ငါတို့မျက်နှာတွေကိုမမှတ်မိဘူး
မပူနဲ့
နောက်ပြီး Bossကငါတို့အတွက်နောက်ကြောင်းရှင်းလင်းပေးထားပြီးသား
ဟုတ်သားပဲ ငါမေ့နေတာ"
အချုပ်ကားနှစ်စီးသည် အရှိန်ဖြင့် ကားလမ်းမပေါ်၌သွားနေရင်း ရပ်သွားသည်
ထိုကားများပေါ်မှ ကားမောင်းသူနှစ်ဦးက ဆင်းလာပြီး အချုပ်ကားနှင့်ခပ်လှမ်းလှမ်းမှာရပ်နေကာ ထိုကားအား ကြည့်နေကြသည်
"1 2 3 4 5 6 7 8 9 10"
"ဝုန်း "
ဆယ်စက္ကန့်အကြာမှာ
အချုပ်ကားနှစ်စီးသည် ကျယ်လောင်သည့်အသံဖြင့် ပေါက်ကွဲကာမီးလောင်လျက်ရှိသည်ကိုမြင်တွေ့ရသည်
အချုပ်ကားထဲမှ အချုပ်သားအယောက်၂၀သည်ကားတွင်တပ်ဆင်ထားသည့် ဗုံးပေါက်ကွဲတာကြောင့် မီးလောင်ကာသေဆုံးကုန်ကြသည်
"ကဲငါတို့တာဝန်ကျေပြီ.....ဖြစ်စဥ်အစအဆုံးViedoလည်းရိုက်ပြီးပြီဆိုတော့ BossကိုဒီViedoပို့ပေးဖို့ပဲကျန်တော့တယ်"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မကြာခင် TV Channel တိုင်းမှာ အကျဥ်းသားတွေကို ပို့ဆောင်သည့်ကားနှစ်စီးမှာ ဗုံးဖောက်ခွဲခံရပြီး အကျဥ်းသားအားလုံးမှာ သေဆုံးသွားကြောင်းသတင်းများကြေညာလျက်ရှိသည်"
မောင် ဒီလူတွေက ဘယ်သူတွေနဲ့ ရန်ငြိုးရှိထားလည်းမသိဘူးနော်
အကျဥ်းချခံရတာကို ဗုံးဖောက်ခွဲခံရပြီးသေသွားတယ်
ကားမောင်းတဲ့သူတွေကရဲအစစ်တွေမဟုတ်ပဲ အတုတွေဆိုတော့ သေချာအကွက်ကျစီစဥ်ထားတာပဲနော်
ရဲတွေဘက်ကအခုထိစုံစမ်းနေတာ တရားခံမမိသေးဘူး
အဲ့တာကိုဂရုမစိုက်နဲ့ည
ကိုယ့်ချစ်လေး....အာရုံနောက်တယ်
ဒီနေ့ညနေဘာစားချင်တာရှိလဲ....ကိုယ်ချက်ကျွေးမယ်....
ဟော့ပေါ့အစပ်ဟင်းစားချင်တယ်......
အိုကေ....ကိုယ်တို့အခုစျေးဝယ်ထွက်ကြမယ်.....
မုန့်စားချင်တယ်....မုန့်လည်းဝယ်ကျွေး
အိုကေဗျာ "
ဂုဏ့်ရဲ့အပြုံးဟာခန့်မှန်းရခက်သည်......
ဒီကိစ္စကိုတော့ ညအားသူလျှို့ဝှက်ထားရမည်
သူ့မိန်းကလေးဟာ ဘယ်သူမှထိပါးလို့မရတဲ့သူဆိုတာ ထိုလူတွေ တမလွန်ဘဝမှာ နောင်တတွေနဲ့အသိတရားရနေလောက်ပြီ
ညကိုထိပါးလာတဲ့သူမှန်သမျှ မထင်ထားတဲ့ ဖြစ်ရပ်တွေနဲ့အသက်ဇီဝိန်ချုပ်ငြိမ်းရမည်မှာ အသေအချာပဲ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Part-60မျှော်
Author Ester Linn
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
366K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
291K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
364K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 58.1K 48