Part-57

50 1 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-57

"သူအမြန်ရှောင်လိုက်နိုင်လို့တော်သေးသည်
မီးလောင်နေသည့်သစ်သားတန်းက အိမ်အဝင်တံခါးဝမှာပိတ်နေတာမို့ အနောက်ဘက်တံခါးကနေထွက်ဖို့လုပ်ရသည်.....

အစ်ကိုတို့ဒီဘက်ကနေထွက်ခဲ့ပါ...ကျွန်တော်တို့လမ်းကြောင်းရှင်းပေးထားတယ်......

ဟုတ်ကဲ့ "

အနောက်ဘက်တံခါးနားမှာ ကယ်ဆယ်ရေးသမားတို့နဲ့တွေ့တာကြောင့် သူတို့အန္တရာယ်မှလွတ်ကင်းခဲ့ပါသည်

"လူနာတင်ကားရောက်ပြီလား.....

ရောက်ပြီ အစ်ကိုရေ

ဒီမှာ သတိမေ့နေတဲ့လူတစ်ယောက်ရှိတယ်....ဆေးရုံပို့ဖို့အမြန်လုပ်ပါ....
လူနာရှင်အနေနဲ့ကဘယ်သူလိုက်မှာလဲ

ကျွန်တော်ပါ...."

ညကိုဆေးရုံပို့ဖို့ လူနာတင်ကားဆီအသွားမှာ.....သွင်ထက်တို့ရောက်လာသည်.......
"နေလင်း ခွင်းရော....ဘယ်မှာလဲ

ခွင်းက လူနာတင်ကားထဲမှာ...အခုပဲငါလူနာတင်ကားနဲ့ဆေးရုံလိုက်သွားမလို့.....

ခွင်းထိခိုက်မိသွားတာလား

မီးခိုးငွေ့တွေကြောင့် အသက်ရှုကြပ်ပြီးသတိမေ့သွားတာ

ကြီးကြီးမားမားထိခိုက်မိတာမျိုးမရှိဘူးမလား

မရှိဘူး

မင်းရောထိခိုက်မိတာမရှိဘူးမလား

ငါကအဆင်ပြေတယ်...ညကိုပဲစိတ်ပူတာ

အစ်ကိုရေ မြန်မြန်လေးလာပေးပါ

သွားတော့ နေလင်း ငါတို့နောက်ကလိုက်ခဲ့မယ်
မင်းကားရော

ဟိုမှာ ရပ်ထားတာ

ငါမောင်းလာခဲ့မယ်

ကျေးဇူးပဲ
ငါသွားပြီ

အေးအေး...."

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ကိုနေမင်းရေ

ဘာလဲ ခက်

သမီးခွင်း ဖွင့်ထားတဲ့ငွေစင်သွန်းပန်းချီသင်တန်းမီးလောင်တဲ့သတင်းဒီမှာ သတင်းတက်လာတယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now