Part-65

54 2 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-65

"ကဲ ပုဝါလေးဖြည်လို့ရပါပြီခင်ဗျာ........."

မောင့်ရဲ့စကားသံအဆုံးမှာ ပုဝါလေးကိုဖြည်လိုက်တော့ သူမမြင်နေရသည့်အရာအားလုံးက လှပလွန်းသည်
မီးသီးလှလှလေးတွေရယ်...ဖယောင်းတိုင်လေးတွေကို အသည်းပုံစံထွန်းညှိထားပြီး ထိုအသည်းပုံစံ စည်းဝိုင်းထဲမှာ သူမနှင့်မောင်ကအတူရှိနေသည်

မျက်လုံးအရောင်တောက်တောက်လေးနဲ့ မြင်နေရသမျှအရာအားလုံးကို တစ်ခုချင်းလိုက်ကြည့်နေပါသော သူ့ရဲ့သက်လျာ

"မောင့်မိန်းကလေး သဘောကျရဲ့လားဗျ

အင်း အရမ်းသဘောကျတယ်
မောင် ဘယ်တုန်းက ပြင်ဆင်လိုက်တာလဲဟင်

ရှေ့အပတ်ထဲကပြင်ဆင်နေတာ.....
ဒီနေရာလေးက ကိုယ်တို့နှစ်ယောက်အတွက် အမှတ်တရတွေများစွာရှိခဲ့တာကြောင့် နောက်ထပ်အမှတ်တရတစ်ခုကိုလည်း ဒီနေရာမှာပဲထပ်ပြီး ဖန်တီးမလို့လေ

ဟင် ဘာကိုပြောတာလဲမောင်

အသည်းပုံ ဖယောင်းတိုင်စည်းဝိုင်းလေးထဲမှာ ထိုင်ခုံပုလေးနှစ်ခုံထားထားတာကြောင့် ညအား ထိုင်ခုံတစ်ခုံမှာထိုင်စေပြီး နောက်ထိုင်ခုံတစ်ခုံမှာ သူထိုင်လိုက်ပြီး ဘေးမှာ ချထားသည့် ဂစ်တာလေးကိုကောက်ယူလိုက်ကာ သံစဥ်တို့အား စတင်တီးခတ်လိုက်သည်
သူ့ရှေ့က ညက သူလုပ်သမျှအရာတိုင်းကို မျက်တောင်မခတ်စတမ်းလိုက်ငေးကြည့်နေသည်....

"Don't the water grow the tree?
ရေတွေကအပင်တွေကိုမရှင်သန်စေဘူးလား

Don't the moon pull the tide?
လက ဒီရေတက်အောင် မဆွဲငင်ဘူးလား

Don't the stars like the sky?
ကြယ်တွေက ကောင်းကင်ကိုမထွန်းလင်းစေဘူးလား

Like you need to light my life
ကိုယ့်ဘဝကို အလင်းပေးဖို့မင်းကိုလိုအပ်သလိုပေါ့

If you need me anytime
မင်းကိုယ့်ကိုလိုအပ်တဲ့ဘယ်အချိန်မဆို.......

Yoy know I'm always right by your side
မင်းအနားမှာ ကိုယ်အမြဲတမ်းရှိနေတယ်ဆိုတာသိထားပေးပါ

And see...I never felt this love
ပြီးတော့ သိလား ကိုယ်သည်လိုအချစ်မျိုးတစ်ခါမှ မခံစားဖူးဘူး

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now