နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6

64 0 0
                                    

သမုတို့အိမ်မှာ သူငယ်ချင်းတွေအားလုံးရောက်နေကြပြီး ဂိမ်းတွေဆော့၊မုန့်တွေစားရင်း စာမေးပွဲ နောက်ဆုံးရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါတယ်။

"အန်တီ သုတ်ပေးတဲ့ငါးဖယ်သုတ်လေးက စားလို့ကောင်းလိုက်တာ...........

နောက်ကျရင် အန်တီသုတ်ကျွေးမယ်၊သမီးပျင်းရင် အန်တီတို့ဆီလာခဲ့၊သမီးသူငယ်ချင်းသမုလည်းအိမ်မှာရှိတယ်

ဟုတ်ကဲ့ အန်တီ

သမုက ဘွားနွယ်တို့ဆီမသွားဘူးလား သီတင်းကျွတ် ကျောင်းပိတ်ရက်ကိုလေ

မသွားဘူးတဲ့ သမီးရေ
ဒီမှာပဲနေမှာ အမေတို့က ဒီကိုလာလည်မယ်ပြောထားတယ်လေ

သြော် ဒီကနေဘွားနွယ်တို့ကိုစောင့်မယ်ပေါ့

ဟီးဟီး ဟုတ်တယ် ခွင်း

လင်းကတော့ သွင်ထက်တို့နဲ့ Chessထိုးနေတာ၊ရန်ကုန်အိမ်မှာကတည်းက သူဝါသနာပါတဲ့ကစားနည်းတစ်ခုပဲလေ။
ပြိုင်ပွဲတွေလည်းဝင်ပြိုင်ဖို့စိတ်ကူးထားတယ်။

""""ခွင်းရေ

ရှင်အန်တီ

သမီးအဘွားအတွက် အန်တီသစ်သီးတွေထည့်ပေးလိုက်မယ် ပြန်ရင်ယူသွားနော်

ဟာ......ရပါတယ် အန်တီရယ်.....အိမ်မှာလည်းရှိပါတယ်။ဘွားဘွားက ယူလာရင် သမီးကိုဆူမှာ

မဆူစေရပါဘူးရှင်၊အန်တီတို့လည်း ခြံအလုပ်တွေနဲ့မအားတာနဲ့ အန်တီနံ့သာဆီကိုမရောက်ဖြစ်ဘူး၊အဲ့တာကြောင့် အန်တီ့အတွက် လက်ဆောင်ထည့်ပေးလိုက်တာ။

သမီးတို့စပျစ်ခြံက ဒီနှစ် အထွက်များတယ်၊အသီးတွေကလည်း ချိုနေတာပဲ အန်တီတို့တောင် အိမ်အတွက် မှာထားသေးတယ်

ဟုတ်ကဲ့ ဘွားဘွားက သူငယ်ချင်းတွေအတွက် လိုချင်ရင်လာယူလို့သမီးကိုပြောထားသေးတယ်
နောက်ရက်တွေ တစ်အိမ်ဆီလာပို့ပေးမလို့

အန်တီတို့ဆီမပို့နဲ့တော့ ဝယ်ထားပြီးပြီကို

မရပါဘူး ဝယ်တာကဝယ်တာ လက်ဆောင်ပေးတာကပေးတာ အန်တီတို့ဆီလာပို့ပေးမယ်

အဟင်း ကဲ ပြောမရရင်လည်း သမီးသူငယ်ချင်းသမုကိုလှမ်းခေါ်ပြီးလာယူခိုင်းလိုက်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜जहाँ कहानियाँ रहती हैं। अभी खोजें