နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9

69 0 0
                                    

"သွင်ထက်ရေ........"

သူတို့အုပ်စုက သွင်ထက်တို့ခြံထဲက စကားပင်အောက်မှာ စာစုလုပ်နေရင်း ခေါ်သံကြားတာမို့

"ဟဲ့ သွင်ထက်နာမည်ခေါ်တာ ကြားလိုက်ကြတယ်မလား

အင်းကြားတယ်....ခြံဝကိုကြည့်လိုက်သမု"

အယ် သန့်ညီကိုနဲ့ရွှန်းရည်မိုးတို့ပါလား

ဟုတ်လားသမု.....

အေး......

ဒါဆို ခြဲထဲဝင်ခိုင်းလိုက်လေ......

ဝင်လာခဲ့ သူငယ်ချင်းတို့ တံခါးစေ့ထားတယ် ပိတ်မထားဘူး

အေးအေး...... "

နင်တို့နောက်ကျတယ်နော်.....

အေးဟ.....ကျူရှင်က အချိန်ပိုခေါ်နေတာနဲ့ အခုမှ ရောက်လာတာ....

မင်းတို့စာလုပ်နေတာ ဘယ်ဘာသာပြီးသွားပြီလဲ

ငါတို့က English Grammarတွေ လေ့ကျင့်ပြီးသွားပြီ
အခုသိပ္ပံမေးခွန်းတိုတွေပြန်နွှေးမလို့.........

အင်း ဒါဆို ငါတို့လည်း သိပ္ပံမေးခွန်းတိုပြန်နွှေးမယ်.......ပြီးမှ သမိုင်းအပုဒ်ရှည်တွေကျက်ကြတာပေါ့.....

အိုကေ ရော့ မင်းတို့မုန့်စားကြဦး

အင်း.....ကောင်းသားပဲ နင့်အမေလုပ်တာလားသွင်ထက်

အေး နင်ကြိုက်သွားပြီမလား ရွှန်းရည်မိုး

အေး ထပ်စားဦးမယ်

မင်းလည်းစားလေ သန့်ညီ

အေး....ငါစာအုပ်လေးထုတ်နေလို့ပါ"

^^^^^^ ^^^^^ ^^^^^ ^^^^^ ^^^^^ ^^^^^ ^^^^ ^^^^ ^^^^^^

Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ခင်ပွန်းဖြစ်သူအနား သွားပြီး

"ကိုရေ......

ဟင် ပြောလေခက်.......

အလုပ်ကိုခဏရပ်ပါဦး
ခက်ပြောစရာရှိလို့

ခက် ပြောမှာ သားအကြောင်းမလား

အဟင်း ဟုတ်တယ် ကို

သားကို အေးဆေးလွှတ်ထားပေးလိုက်ပါလားခက်
အခုလို အတင်းအကြပ်ပြောပါများရင် သားက ကိုယ်တို့နားကနေ ဒီထက်ပိုဝေးသထက်ဝေးသွားလိမ့်မယ်.......စား ကျောင်းအေးဆေးတက်ပါစေခက်ရယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now