နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3

101 1 0
                                    

နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား
Part-3
အဋ္ဌမတန်း၊နဝမတန်း၊ဒဿမတန်း အတန်းလိုက် နိုင်ငံတော်အလံကိုအလယ်မှာထားပြီး လေးဖက်လေးတန် တန်းစီပြီးနောက်မှာ ဒဿမတန်းမှကျောင်းသားလေးယောက်က နိုင်ငံတော်အလံရှေ့၌နေရာယူပြီး

"အားလုံး သတိ

နိုင်ငံတော်အလံအား အလေးပြု
(၅မိနစ်ခန့်ငြိမ်သက်)

နေမြဲ

ကျဆုံးသွားလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ရဲဘော်အပေါင်းအား အလေးပြု
(၅မိနစ်ခန့်ငြိမ်သက်)

နေမြဲ

နိုင်ငံတော်သီချင်းစဆို "

နိုင်ငံတော်သီချင်းဆိုပြီးနောက်မှာ
"မြန်မာ့ကျောင်းသားသီချင်းစဆို"

နိုင်ငံတော်သီချင်းနှင့်မြန်မာ့ကျောင်းသားသီချင်းတို့အား ဆိုပြီးနောက်မှာ ကျောင်းအုပ်ဆရာကြီးက ဆုံးမသြဝါဒပြောကြားပါတယ်။

ဆရာကြီး ပြောချင်တာကတော့ ဒီလောက်ပါပဲ
အားလုံး အတန်းသို့ပြန်ဝင်လို့ရပါပြီ

"မဂ်လာပါ ဆရာကြီး
ကျေးဇူးတင်ပါတယ် ဆရာကြီး "

**************************%*************************%

နိုင်ငံတော်အလံအား အလေးပြုပြီးနောက်မှာ အတန်းထဲရောက်လျှင် ဘုရားရှိခိုးရပါတယ်။

ဘုရားရှိခိုးပြီးနောက်မှာ ဆရာမတစ်ယောက်အတန်းထဲသို့ဝင်လာပါတယ်။

" အားလုံးပဲမင်္ဂလာပါ ဆရာမကတော့ မင်းတို့အတန်းရဲ့အတန်းပိုင် ဒေါ်ခင်သက်လွင်ဖြစ်ပါတယ်။

ဆရာမသင်ကြားမယ့်ဘာသာရပ်ကတော့ Mathematics ပါ။
သူတို့အားလုံး မတ်တပ်ရပ်၍ " မဂ်လာပါ ဆရာမ "

မဂ်လာပါကွယ် အခုဆရာမ စာမသင်ခင်မှာ အတန်းကိုစီမံခန့်ခွဲမှုလုပ်ပါမယ်။

ပထမဆုံး အတန်းမှူးခန့်မယ်။
သမီး ညသံသရာခွင်း

"ရှင် ဆရာမ

သမီးက Monitressလုပ်ရမယ်။

ဟုတ်ကဲ့ပါဆရာမ

သား ခန့်ညားဘုန်း
ဗျာ ဆရာမ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now