Part-60

76 3 0
                                    

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-60

""မောင်......မေသက်လွင် ဒီနေ့တရားခွင်နောက်ဆုံးမလား

ညသွားကြည့်ချင်လို့လား....

အင်း ကြည့်မလို့....သူ့ရဲ့ကျဆုံးခန်းကိုအားရပါးရသွားကြည့်မလို့လေ"

>>>>>>>>>>> >>>>>>>>> >>>>>>>> >>>>>>>>>

"တရားခံမမေသက်လွင်သည် ကားမတော်တဆမှုအားစေခိုင်းမှု၊ငွေစင်သွန်း ပန်းချီသင်တန်းအား မီးရှို့မှု၊ မညသံသရာခွင်းအား ပြန်ပေးဆွဲ၍ အိန္ဒြေပျက်ပြားစေသည့်အထိ အနိုင့်ကျင့်စော်ကားရန်စေခိုင်းမှု၊ လူသတ်ရန်ကြိုးပမ်းမှု၊ ပြစ်မှုအားလုံးကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် ထောင်ဒဏ်အနှစ်နှစ်ဆယ်ချမှတ်လိုက်သည်..............."

ဟားဟား နောက်ဆုံးတော့ သူမပြန်ရလိုက်တာက ငယ်ရွယ်သေးတဲ့ဘဝသက်တမ်းကို ထောင်ထဲမှာ ကုန်ဆုံးဖို့လား
အခုမှ နောင်တရနေတော့ရော ငါ့ဘဝကအကောင်းအတိုင်း ပြန်ဖြစ်မှာမို့လို့လား

"သမီးလေး မာမီ့သမီးလေးရယ်.....
သမီးအခုလိုဖြစ်တာ မာမီတို့အမှားတွေပါ....."

ခွင်းတွေ့နေရတာ...မေသက်လွင်မိဘတွေမှာ မျက်ရည်တွေနဲ့ သမီးဖြစ်သူကို ကြည့်ရင်းဖြည်မဆည်နိုင်ဖြစ်နေတာ မေသက်လွင်ပုံစံကတော့ အခုထိ အသိတရားမရသေးတဲ့ပုံစံပါလား

ရဲမေတွေလက်ထဲမှာ လက်ထိပ်တန်းလန်းနဲ့ပါလာသည့် မေသက်လွင်ရှေ့သို့သွားကာ...."Hi Lady

နင့်.........

ထောင်ဒဏ်ကနှစ်နှစ်ဆယ်တောင်ဆိုတော့ နင်အရမ်းဝမ်းနည်းနေမှာပဲနော်....
နင်ပြန်လွတ်လာရင် အသက်လေးဆယ်ကျော်နေလောက်ပြီ........စိတ်မကောင်းစရာပဲ......

နင်.........နင့်ပါးစပ်ပိတ်ထား....အရာအားလုံးက မပြီးဆုံးသေးဘူးနော်....."

မျက်နှာတစ်ချက်မဲ့လိုက်ကာ.........."ငါပြောခဲ့တာကိုနင်မှတ်မိလား......ငါနာကျင်ခဲ့ရသလို သေချာပေါက် နင်နာကျင်စေရမယ်ဆိုတာလေ......

အဟား ဘာလဲ နင်ကငါ့ကိုနာကျင်အောင်လုပ်မလို့လား

အဟွန်း စောင့်ကြည့်နေလေ....ငါပြောပြီးရင် ပြန်မရုပ်သိမ်းတတ်ဘူးမေသက်လွင်.....နင်မကြာခင်သိလာရမှာပါ.....

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now