သာယာလှပတဲ့ မနက်ခင်းသည် changmin အတွက်အကျည်းတန်သွားသည် မမျှော်လင့်ထားသောအရာတွေသည် သူ့အတွက် အမြဲဖြစ်လေ့ရှိသည် မနေ့ညက yunho ပြန်မလာခင်အထိ yunho အချစ်ကိုရမယ်လို့သူမမျှော်လင့်မိခဲ့
ဒီမနက် yunho မနိုးခင်အထိ သူသာယာတဲ့ချစ်သူဘဝကိုပိုင်ဆိုင်လိမ့်မယ်လို့မျှော်လင့်မိသည်
သူ့မျက်ဝန်းက မျက်ရည်တွေစီးကျလာသည် မနေ့ညက သူငိုမိသည် ပျော်လွန်းလို့ အခုတော့သူငိုနေပြီဝမ်းနည်းလွန်းလို့
yunho ထွက်သွားပြီးကတည်းက သူငိုနေမိသည် ဘာကြောင့်လဲ yunho ဆီက ဘာမှမမျှော်လင့်ခဲ့ဘူးမလား ဘာကြောင့်ငိုမိတာလဲ အချစ်ကလောဘကိုဖြစ်စေတယ် သူyunho ကိုပိုပိုပြီးချစ်မိလာလေ သူလောဘတက်လာလေလေ အရင်က yunho အဝေးမှာ သူနေနိုင်တယ် အခုတော့ yunho နဲ့ တစ်စက္ကန့်တောင်မဝေးလိုပါ
အရင်က သူ yunho မချစ်လည်းဖြစ်တယ်လို့တွေးခဲ့ဖူးသည် အခုတော့ သူ yunho အချစ် ကိုမရရင် မဖြစ်တော့ သူ့နှလုံးသားအကွဲကြေ ဆုံးက yunho ပြောတဲ့ gay မှမဟုတ်တာဆိုတဲ့စကားသည် သူနဲ့ yunho ကိုတံတိုင်းခြားလိုက်သလိုပင် ပြီးတော့ အဲ့ဒီတံတိုင်းသည် yunho ကိုယ်တိုင် ဖြိုပစ်မှဖြစ်မှာ သူ့အတွက်တတ်နိုင်တာဘာမှမရှိ
နှင်းတွေကျမနေပါ တောက်ပတဲ့နေရောင်တွေက အခန်းပြတင်းကိုဖြတ်ပြီးဝင်လာဆဲ သာယာမှုဆိုတာဟာ ရင်ထဲက အပူသောကကြောင့် ဘယ်လိုကြည့်ကြည့် အကျည်းတန်နေသည်
Yunho အိမ်မပြန်ပါ
changmin ကိုသူရင်မဆိုင်နိုင်ပါ ဒီတစ်ခါရင်ဆိုင်မိရင် သူ စိတ်ထိန်းနိုင်မှာမဟုတ်တော့ အခုတောင်သူရူးချင်နေပြီ သူမဖြစ်သင့်ဘူးလို့ထင်ထားတဲ့အရာတွေ သူ တစ်ခါမှမမျှော်လင့်မိတဲ့ကိစ္စတွေဖြစ်နေပြီ
သူရင်မဆိုင်ချင်ပါ ရှောင်ပြေးတာကသာသူ့အတွက်အမှန်ဆုံးဖြစ်နေမည် သူမျက်လုံးမှိတ်လိုက်တိုင်းသူအပေါ် ဝမ်းနည်းကြေကွဲတဲ့အကြည့်နဲ့ကြည့်နေတဲ့ changmin ကိုမြင်ယောင်ဆဲ သူ ညတိုင်း အိပ်မပျော်ပါ ဖုန်းမဆက်မိအောင် ဖုန်းကို မန်နေဂျာ လက်ထဲ အပ်ထားသည် ချုပ်ထိန်းထားတာက သူ့ကိုပိုပင်ပန်းစေသည် သူ changmin ကိုနမ်းမိသည် changmin ကကော သူနမ်းတာလက်ခံတာက ခဏတာစိတ်လွတ်နေလို့လား ဒါမှမဟုတ်သူ့ကိုချစ်လို့လား
ဘာပဲဖြစ်ဖြစ် changmin နဲ့ သူက မဖြစ်နိုင်ပါဘူးလို့သူကိုယ်သူ ပြန်ဖျောင်းဖျနေသည် ညတိုင်းအိပ်မရ ရေးသမျှ သီချင်းတိုင်း ကအဆွေးသီချင်းတွေ
မှန်တွေကိုလည်း သူမမြင်ချင်ပါ
မှန်တွေကို ကြည့်မိတိုင်း မျှော်လင့်ချင်မဲ့တဲ့မျက်ဝန်းတွေနဲ့သူ့ကိုယ်သူ ပြန်မြင်နေရတယ် အရာရာတိုင်းကစိတ်တိုစရာကောင်းနေတယ်
ဘာလုပ်လုပ် သူအဆင်မပြေ သူ့စိတ်ထဲကကွဲလွဲချက်တွေကို သူပြန်ညှိနှိုင်းလို့မရ သူ အချစ်ဆိုတာကို ခံစားဖူးတယ် ဒါပေမယ့် ဒီလောက်အထိ နာကျင်ရမယ်ဆိုတာမျိုးသူမထင်ထားခဲ့ ဘဝရယ် မိသားစုရယ် ဂုဏ်သိက္ခာဆိုတာတွေရယ် က အချစ်ဆိုတဲ့အရာရဲ့အလေးသာခြင်းကိုမမီပါ သူအခုတော့ သူ့ဆုံးဖြတ်ချက်မှန်ပါတယ်လို့ မပြောနိုင်တော့ သူထိန်းချုပ်တာမှတ်တယ်လို့သူမယုံချင်တော့ ညတိုင်းသူ changmin ဆီသွားချင်သည် ပြီးတော့ မသွားဖြစ်အောင် တားနေပြန်သည် စိတ်လွန်ဆွဲမှုအောက်မှာ သူ့အတွက်အဖော်ကတော့ အရက်ပဲဖြစ်သည် သူအရက်သောက်သည် အခုဆို ညဘက်တင်မက နေ့ဘက်မှာပါမူးနေတတ်သောသူ့ကို မန်နေဂျာက ဖျောင်းဖျနေရသည် agency ကလူကြီးတွေက ဒီပုံစံအတိုင်းဆက်နေရင် အရင် ထက်တောင်ပိုကျရှုံးလိမ့်မယ်လို့ပြောနေပြီ
ဒါပေမယ့် သူဂရုမစိုက်ချင်ပါ ဦးနှောက်ထဲမှာရှုပ်ထွေးနေသည်
နှလုံးသားကတော့ နာကျင်နေသည်
အခုနောက်ပိုင်းသူ့ဘဝက အဓိပ္ပါယ်မရှိတော့ဘူးလို့သူတွေးမိနေပြီ ဒါပေမယ့် သူ changmin ဆီ မသွားဖြစ်ပါ
နှစ်ပါတ်ခန့်အကြာ
တံခါးခေါက်သံကြောင့် yunho နိုးလာသည် တံခါးကိုဖွင့်ကြည့်လိုက်တော့
Y.H: yoona
Y.N: ခဏလောက်စကားပြောချင်တယ် အဆင်ပြေမယ်ဆိုရင်ပေါ့
Y.H: ခဏစောင့် အကျီင်္လဲလိုက်မယ်
yunho နဲ့ yoona နဲ့ ဆိုင်ကိုရောက်သော်
Y.N: yunho ဖြစ်နိုင်ရင် အိမ်ကနေထွက်သွားစေချင်တယ် အခုလည်း ကိုယ်ပိုင်သီးသန့်ခန်းငှားနေနိုင်ပြီပဲ
Y.H: ဘာလို့လဲ စိတ်တော့မရှိနဲ့နော် ကိုယ်သိရသလောက်ဆို yoona အနေနဲ့ကိုယ့်ကိုပြောဖို့ဘာအခွင့်အရေးမှမရှိဘူး
Y.N: ဟုတ်တယ်အခွင့်အရေးတော့မရှိဘူး ဒါပေမယ့် ရှင့်အနေနဲ့သိသင့်တာလေးတွေရှိတယ် အဲ့အကြောင်းအရာတွေကိုရှင်သိရင် ထွက်သွားဖို့ဆုံးဖြတ်မိမှာပဲ
Y.H: ဘယ်လိုအကြောင်းအရာတွေလဲ ပြောကြည့်လေ ကိုယ်နားထောင်နေတယ်
yoona က စာအုပ်တစ်ချို့ကိုသူရှေ့ကိုချပေးသည် တချို့စာအုပ်က ပန်းချီရေးတဲ့စာအုပ်ပုံစံတွေ
Y.H: ဘာတွေလဲ
Y.N: ကြည့်ကြည့်လိုက်လေ
yunho စာအုပ်တစ်အုပ်ကိုဆွဲယူကြည့်လိုက်လျှင် basketball ဆော့နေတဲ့ကောင်လေးတစ်ယောက်ပုံကိုတွေ့ရသည်
ထို့နောက်
နောက်တစ်မျက်နှာ ဖွင့်ကြည့်တော့ ထိုကောင်လေး ရယ်မောနေပုံ
သူတစ်မျက်နှာပြီးတစ်မျက်နှာဖွင့်ကြည့်တယ် ထိုကောင်လေးပုံတွေသာ ပြီးတော့သေချာကြဘ့်လေ ထိုကောင်လေးပုံတွေက သူ့ပုံတွေမှန်းပိုသိသာလာသည်
Y.H: ဒါဘယ်သူ့စာအုပ်လဲ ဘယ်သူ့စာအုပ်လဲ
yunho အသံတွေအနည်းငယ်တုန်လှုပ်နေသည် ပုံတွေကိုတစ်ပုံပြီးတစ်ပုံအပြေးအလွှားကြည့်နေမိသည် ပုံများရဲ့အောက်ခြေတွင် date တွေပါသည် date တွေအရဆို ဒီပုံတွေကသူအထက်တန်းကျောင်းသားဘဝကတည်းကပင်
Y.N: changminရဲ့စာအုပ်တွေပါ oppa က ရှင့်အပေါ်မရိုးသားဘူး
yoona ပြောလိုက်တဲ့ခဏမှာ သူ့ရင်တွေခုန်နေသည်
Y.N: oppa က ရှင့်အပေါ်သူ့စိတ်တွေမရိုးသားတဲ့အတွက် ကျမတို့စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်တာ
ထိုစကားပြောအပြီးမှာတော့ yunho မျက်ဝန်းမှာ မျက်ရည်တွေဝေဝါးနေပြီ သူမှားပြီပေါ့ သူကသာ ပတ်ဝန်းကျင်တွေ မိသားစုတွေအစစအရာရာထည့်တွက်နေတာ ချမ်းမင် ကတော့ သူ့အတွက်အရာရာစွန့်လွှတ်ထားတာပဲ ပြန်ရမယ်မရမယ် ဘာမှမသေချာပေမယ့် changmin ကတော့ သူအပေါ်အရာအားလုံးပေးခဲ့တာပဲ
Y.N: အဲ့ဒါကြောင့် oppa အိမ်ပြောင်းလိုက်ရင် အစစအရာရာ ပြန်အဆင်ပြေလာနိုင်တယ် ဘာပဲဖြစ်ဖြစ် ဒါကမဖြစ်သင့်တဲ့ကိစ္စတစ်ခုဆိုတာ ရှင်လည်းသိနေတာပဲ
yoona ရဲ့စကားသံတွေက Yunho အတွက်တော့ ဘာသက်ရောက်မှုမှမရှိတော့ပေ yunho အတွေးတွေမှာ changmin ကသာကြီးစိုးနေပြီ ပုံတွေထဲက တစ်ပုံကတော့ သူ ငိုနေတဲ့ပုံ အဲ့ဒီပုံကိုကြည့်ရင်း yunho အတွေးတွေက
Y.H-thought: ဟင် ဒါငါငိုနေတာပဲ ဘယ်တုန်းကလဲ ပြီးတော့ပုံဘေးနားက မုန့်တစ်ခုရယ် လက်ကိုင်ပုဝါ ဟာ ဒါငါ့အဘွားဆုံးတုန်းကပဲ ဒါဆို သူပေါ့ ငါ့ကိုအသံတိတ်လာနှစ်သိမ့်တာ
yunho အတွေးတွေရပ်တန့်သွားပြီ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကတော့ အသေအချာချပြီးပြီ
Y.H: yoona စိတ်မကောင်းပါဘူး မင်းပြောသလို ငါမလုပ်ပေးနိုင်ဘူး တောင်းပန်ပါတယ်
yunho စကားသံအဆုံးမှာ စာအုပ်တွေဆွဲယူပြီးဆိုင်ထဲကပြေးထွက်လာတယ် သူခြေလှမ်းတွေအရမ်းမြန်နေပေမယ့် သူ့စိတ်ထဲမှာတော့ သူခြေလှမ်းတွေကမလုံလောက်ပေ
အပြေးတပိုင်းနဲ့ သူနဲ့Changmin နေထိုင်တဲ့အိမ်ရှေ့အရောက်မှာ သူအရမ်းကိုမောပန်းနေပြီ ဒါပေမယ့်သူဘာကိုမှဂရုမပြုနိုင်ပါဘူး သူ တံခါး bell ကိုခပ်သွက်သွက်တီးလိုက်တယ် တံခါးက မပွင့်ပေ သူတံခါးကိုတဒုန်းဒုန်းထုလိုက်ချိန်တွင် အခန်းတံခါးပွင့်လာသည်
သူအရမ်းလွမ်းနေတဲ့မျက်နှာမျက်ဝန်ညိုပိုင်ရှင်ကသူ့ကိုအားဖျော့တော့စွာကြည့်သည် changmin ပုံစံကတကယ်ကိုစိတ်လေနေပုံနဲ့တူတယ် မျက်နှာတွေချောင်ကျနေသည် မရိတ်ထားတဲ့မုတ်ဆိတ်မွေးတစ်စွန်းတစ်စက သူ့ကိုညင်းသိုးသိုးဖြစ်စေသည်
yunho changmin ကိုပွေ့ဖက်ထားသည် သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်နှစ်ခုထိကပ်နေသလို သူတို့နှစ်ယောက်ရဲ့နှလုံးသားချင်းဟာလည်းအနီးကပ်ဆုံးပင် ဘယ်စကားတစ်ခွန်းကိုမှမဆိုနိုင်ခင်မှာ သူတို့နှစ်ယောက်ရဲ့ မျက်ဝန်းက မျက်ရည်တွေစီးကျလာသည်
yunho ကသူကိုယ်တိုင်ကာထားတဲ့တံတိုင်းကို သူကိုယ်တိုင်ဖြိုဖျက်လိုက်ပြီ
သူတို့နှစ်ယောက်ရင်ထဲတွင် တစ်ယောက်ကိုတစ်ယောက်အပြည့်အဝနားလည်လိုက်ပြီ
အခုအချိန်မှာ အချစ်ရဲ့အရသာသည် သူတို့နှစ်ယောက်အတွက်တော့နှိုင်းစရာပင်မရှိတော့ပေ အချစ်ကအရာရာကိုလွှမ်းမိုးနေခဲ့သည် အချစ်က သူတို့နှစ်ယောက်ဘဝအားချည်နှောင်လိုက်သည်